Part 95
ပုံမှန်ဆိုလျှင်အလုပ်သင်ဝန်ထမ်းအသစ်လေးများက စီအီးအိုစုန့်နှင့်တွေ့စရာအကြောင်းမရှိပေ။သို့သော်လည်း ငွေကြေးစီမံခန့်ခွဲမှုဌာန၌ အတည်ပြုစရာရှိသည့်အချက်လက် များစာရွက်စာတမ်းများအမြဲလိုလိုရှိနေတတ်သည်။
ထိုကဲသို့ အချိန်မျိုးတိုင်း လီကျင်းက လည်းစိတ်အားထက်သန်စွာဖြင့်ကူညီလေ့ရှိသည်။ထို့ပြင် ဌာနမှဝန်ထမ်းများကပင်သူတို့၏ စီအီးအိုနှင့်သူမကြားထဲ၌ ဆက်နွယ်မှုတစ်ခုရှိသည်ဟုသိထားကြလေသည်။ ထို့ကြောင့်ပင် အရေးမကြီးသည့်သာမန်စာရွက်စာတမ်းများဆိုလျှင် လီကျင်းကိုသာယူဆောင်သွားခိုင်းလိုက်သည်။
သို့သော်လည်း ပုံမှန်အားဖြင့် ထိုစာရွက်စာတမ်းများကို လီကျင်းက လက်ထောက်ချန်း၏လက်ထဲသို့သာလွဲပြောင်းပေးခဲ့ရခြင်းဖြစ်သည်။
ဆယ်ကြိမ်တွင် ခုနှစ်ကြိမ် ရှစ်ကြိမ်လောက်က စီအီးအိုစုန့်၏မျက်နှာကိုပင်တွေ့ဖို့အခွင့်အရေးမရခဲ့ပေ။
သို့သော်လည်း အချိန်အနည်းမျှစီအီးအိုစုန့်၏မျက်နှာကိုမြင်ရခြင်းက လည်း သူမအတွက်လုံလောက်သည်ဟု လီကျင်းခံစားရလေသည်။
ဤနေ့တွင်လည်း လက်ထောက်ချန်းက ရုံးခန်းထဲတွင်ရှိနေလေသောကြောင့် စီအိးအို စီ တိုက်ရိုက်သွားစရာမလိုပေ။
သာမန်နေ့များဆိုလျှင် လီကျင်းက မသိမသာလေးသာပြုမူတတ်လေသည်။အကယ်၍ သူမ လွန်လွန်ကျူးကျူး လုပ်လိုက်မိပါက တစ်ခြားသူများ၏အပြစ်တင်ဝေဖန်မှုကို ဆွဲဆောင်မိသွားမည်ကိုစိုးရိမ်မိ၏။
သို့သော်လည်း ယနေ့သည် ထူးခြားသောနေ့တစ်နေ့ဖြစ်နေသည်။ ထို့ကြောင့် လီကျင်းက ခဏမျှတွန့်ဆုတ်နေပြီး လက်ထောက်ချန်းကိုစကားဆိုလိုက်သည်။
"လက်ထောက်ချန်း ဒီနေ့ ကျွန်မရဲ့အကိုက စီအီးအိုစုန့်ဆီ တစ်စုံတစ်ခုပေးခိုင်းလိုက်တယ် အဲဒါ..."
မကြာမီအချိန်က လီကျင်းသည် လက်ထောက်ချန်း၏ရည်းစားအတွက် ဂျပန်မှနေ၍ လက်ဆောင်တစ်ခုဝယ်ပေးခဲ့ဖူးသည်။
လက်ထောက်ချန်းက ထိုကူညီမှုကိုအမှတ်ရနေဆဲဖြစ်သည်။ ထို့အပြင်ထပ်ပေါင်းပြောရလျှင် လီကျင်း၏အကိုက စီအီးအိုစုန့်နှင့် ရင်းနှီးသောသူငယ်ချင်းများဖြစ်ကြသည်။
ထို့ကြောင့်သူ ခဏမျှစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
" ဒါဆိုရင်လည်း မင်းယူသွားလိုက်လေ...
စီအီးအို စုန့်ကဒီချိန်အစည်အဝေးမရှိဘူး..."
လီကျင်း စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကိုချန်း
နိုင်ငံခြားကနေဝယ်လာတဲ့ make up set ကိုရော ရှင်ရဲ့ရည်းစားကသဘောကျရဲ့လား..."
ထိုအကြောင်းကို အစဖော်လိုက်နှင့် လက်ထောက်ချန်းတစ်ယောက် လီကျင်းကိုကျေးဇူးတင်စွာဖြင့်ကြည့်လာလေသည်။
"သူ တကယ်ကို ကြိုက်နေတာ ။သူကအဲဒီပစ္စည်းတွေကို လိုချင်ပေမဲ့ ဘယ်မှရှာရမှန်းမသိဘူး ဖြစ်နေတာလို့ပြောတယ်။ အော် ဟုတ်သားပဲ...တကယ်လို့မင်းမှာ အချိန်ရှိတယ်ဆိုရင် ထမင်းတစ်နပ်လောက် ဖိတ်ကျွေးပါရစေ..."
"ရပါတယ်...အဲလောက်လဲအပန်းမကြီးပါဘူး...ကျွန်မက ရှင်ရဲ့ကောင်မလေး အထင်လွဲသွားမှာကိုပဲ စိတ်ပူနေမိတာ...
ပြီးတော့ ကျွန်မရဲ့သူငယ်ချင်းက ကိုရီးယားနဲ့ဂျပန်ကိုလစဉ်လတိုင်းသွားနေတာလေ။
ဒါကြောင့် တစ်ခုခုလိုချင်တာရှိရင် ဘယ်ချိန်ပဲဖြစ်ဖြစ်ကျွန်မကိုသာပြောလိုက်..."
"မင်းက အရမ်းကိုပဲကြင်နာလွန်းနေပါပြီ။
ကောင်းပြီလေ...ဒါဆိုလည်း ငါရဲ့ကောင်မလေး ကုမ္ပဏီ လာတဲ့အချိနကျရင်အတူတူညစာစားကြတာပေါ့...
ဒါကိုတော့ မငြင်းရဘူးနော်..
ငါတို့ရဲ့ ကျေးဇူးတင်မှုကိုပြရမယ်လေ..."
လီကျင်းအပြုံးလေးဖြင့်ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့... ဒါဆိုရင် အကိုချန်း ကျွန်မ စီအီးအို စုန့်ကို သွားတွေ့လိုက်ဦးမယ်နော်..."
" ကောင်းပါပြီ..."
လီကျင်း အသက်ပြင်းပြင်းရှုသွင်း၍ကျောမတ်လိုက်သည်။ထို့နောက် မနှေးမမြန်သော ခြေလှမ်းများဖြင့် CEO ၏ ရုံးခန်းတံခါးဆီသို့လျှောက်လာလိုက်သည်။
သူမ တံခါးကိုခပ်ဖွဖွခေါက်လိုက်သည်။
"ဝင်လာခဲ့ပါ..."
အခန်းတွန်းမှ နှုက်ရှိုင်းဆွဲဆောင်မှုရှိသောအသံကိုကြားမှသာလျှင် သူမတံခါးကိုတွန်းဖွင့်လိုက်သည်။
သူမ၏ မျက်နာပေါ်တွင်လည်း အလွန်ပင်ချိုမြိန်လှသော အပြုံးလေးတစ်ခုကို ချိတ်ဆွဲထားသည်။
စုန့်ထင်ရှန်းက တံခါးခေါက်သည့်သူက လက်ထောက်ချန်းဟုသာ ထင်ထားသောကြောင့် ခေါင်းမော့မကြည့်ခဲ့ပေ။
သူ့၏ အကြည့်များက သူ့ရှေ့ရှိ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် အမျိုးမ်ျိုးပြောင်းလဲနေသော အချက်အလက်များကိုသာ စူးစိုက်နေ၏။
လီကျင်းက CEO ၏ စားပွဲရှေ့သို့ လျှောက်လာကာ ရပ်လိုက်ပြီး သူမ၏ သတ္တ်ိများကို ဆင့်ခေါ်ကာ ပြောလိုက်သည်။
"CEO စုန့် ကျွန်မ ရှင့်ဆီကို ပြီးခဲ့တဲ့အသုတ်က ငွေကြေးအစီရင်ခံစာတွေ ယူလာခဲ့ပါတယ်..."
စုန့်ထင်ရှန်း ခေါင်းမော့ကြည့်လ်ိုက်ပြီး လီကျင်းကို မြင်သည့်ခဏ၌ ခဏမျှ ရပ်တန့်သွားလေသည်။
"အဲ့ဒီအချက်အလက် စာရွက်စာတမ်းတွေကို လက်ထောက်ချန်းရဲ့လက်ထဲကိုပဲ လွှဲခဲ့လိုက်..."
လီကျင်း သူမ၏ အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကိုက်လိုက်ပြီး လက်ထဲမှ ဘူးတစ်ခုကို စားပွဲပေါ်တင်လိုက်သည်။ထိုဘူး၏ အပြင်ပန်းသွင်ပြင်အရ အထဲတွင် ဘာပါမည်ကို မည်သူမှ ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေ။
လီကျင်းဘူးကို ဖွင့်လိုက်ပြီး အထဲမှ ကိတ်မုန့်ဘူးအသေးလေးကို ထုတ်ယူလိုက်သည်။၎င်းက အလွန်ပင် သေးငယ်လှသော်လည်း သူမ၏ နှလုံးသားတစ်ခုလုံးကို အပ်နှံ၍ ပြုလုပ်ထားသော ချိုမြိန်သည့် အရာလေးဖြစ်သည်။
စုန့်ထင်ရှန်း အံ့အားတသင့်ဖြင့် ခဏမျှ အေးခဲသွားလေသည်။
လီကျင်းက အပြုံးလေးဖြင့် တ်ိုးညှင်းစွာ ဆိုလာလေသည်။
"ဒီနေ့က CEO စုန့်ရဲ့ မွေးနေ့လို့ ကျွန်မရဲ့ အကိုကြီး ပြောတာကြားမိတာလေ...ပြီးတော့ ရှင့်မှာလည်း ဘာလိုအပ်လဲဆိုတာ ကျွန်မမသိဘူး ဒါကြောင့် ဒီရှင့်ရဲ့ ဂရုစိုက်မှုတွေကို ကျေးဇူးတင်ဖို့အတွက် ဒီကိတ်မုန့်လေးကိုပဲ လုပ်လာခဲ့လိုက်တာ...CEO စုန့် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ..."
စုန့်ထင်ရှန်း လက်မြောက်၍ သူ့၏ နှာရိုးကို ဖိနှိပ်လိုက်သည်။ထို့နောက် သူပြုံးနေသော လီကျင်း၏ မျက်နာကို ကြည့်လိုက်ပြီး ခပ်နိမ့်နိမ့်အသံဖြင့် ပြောလိုက်သည်။
"လီကျင်း ကုမ္ပဏီမှာ အလုပ်သင်အနေနဲ့ ခန့်အပ်ခံရတာက HR ဌာနက မင်းရဲ့ အရည်အချင်းတွေကို သတိပြုမိလို့ပဲ...အဲ့ဒါက ငါနဲ့ဘာမှ မပတ်သတ်ဘူး...မင်းအကိုနဲ့ ငါနဲ့က သူငယ်ချင်းကောင်းတွေ ဆိုပေမယ့်လည်း စည်းရှိရမယ်လေ ...အလုပ်နဲ့ ကိုယ်ရေးကိုယ်တာတွေကြားမှာ ရောနှောဖို့ မဖြစ်နိုင်ဘူး...ပြီးတော့ မင်းရဲ့ စဉ်းစားပေးမှုကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါအချိုမကြိုက်ဘူး...ဒီကိတ်မုန့်ကို မင်းဘာသာမင်းပဲ စားလိုက်သင့်တယ်..."
လီကျင်း ကြောင်အမှင်သက်သွားပြီး သူမ၏ အပြုံးက တောင့်တင်းအေးခဲသွားလေသည်။
စုန့်ထင်ရှန်းက သူမကို အနည်းငယ်မျှပင် မျက်နာသာမပေးပဲငြင်းပယ်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။