အပိုင်း (၉၆)
Viewers 31k

Part 96


 မဟုတ်သေးဘူးလေ..

အစထဲက ဒီလိုမျိုးဖြစ်ရမှာမဟုတ်ဘူး။


လီကျင်း တုန်လှုပ်ခြောက်ခြားနေသော်လည်း သူမမျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခုကို ကြိုးစားအားထုတ်ရင်းပြုံးထားဆဲဖြစ်သည်။


စုန့်ထင်းရှန်း ကသူမကိုဘယ်ချိန်ထဲက ဒီလိုမျိုးအေးစက်စက်ဆက်ဆံတာလဲ...


လီကျင်းမမှတ်မိနိုင်တော့ချေ။


သူမ ငွေကြေးစီမံခန့်ခွဲမှုစာရွက်စာတမ်းတွေကို လက်ထောက်ချန်းအစားယူလာတဲ့အချိန်ကလား...


လီကျင်းမည်ကဲ့သို့ပြန်လည်တုန့်ပြန်ရမည်မသိပဲ ပြောစရာစကားများပျောက်ရှနေသည်။သူမက ဝမ်းနည်းကြေကွဲနေသော အသံတိုးတိုးဖြင့်ခေါ်လိုက်သည်။


"အစ်ကိုကြီးစုန့်...."


သို့သော်လည်း စုန့်ထင်ရှန်းက သူမကိုလျစ်လျူရှု၍ သူ၏ကွန်ပျူတာကိုပြန်လည်အာရုံစိုက်နေပြီဖြစ်သည်။


"မင်းသွားလို့ရပြီ..."


ထိုအခိုက်တန့်မှာပင် တံခါးခေါက်သံထွက်ပေါ်လာလေသည်။


လက်ထောက်ချန်းတစ်ယောက် ဧည့်ကြိုကောင်တာမှ ဖုန်းခေါ်ဆိုမှုရလိုက်သည်နှင့်အနည်းငယ်မျှပင်နှောင့်နှေးမနေပဲ ဖုန်းချပြီးပြီးချင်းရုံးခန်းဆီသို့လျှောက်လာပြီး တံခါးခောက်လိုက်သည်။


သူ စုန့်ထင်းရှန်း ၏တုန့်ပြန်သံကိုကြားသည်နှင့်ပြောလိုက်သည်။


"CEO စုန့် CEO ရဲ့ သားနဲ့ဇနီးနဲ့ ရောက်နေပါတယ်။ ဧည့်ကြိုကောင်တာမှာစောင့်နေပါတယ်..."


၄င်းက နှစ်ထောင်ပေါင်းများစွာအတွင်း တစ်ကြိမ်ဖြစ်ပွားသည့်အဖြစ်အပျက်လိုပင် လက်ထောက်ချန်းတစ်ယောက် အံသြမှင်သက်မှုမှ မလွတ်မြောက်နိုင်သေးပေ။


မစ္စစုန့်က ကုမ္ပဏီ ကိုလာတယ်။ ပြီးတော့သားလေးကိုလည်း အတူတူခေါ်လာတယ်။


 ယခုအချိန်၌ လက်ထောက်ချန်းတစ်ယောက် အံအားသင့်မှုထဲ နှစ်မြှပ်နေသောကြောင့် လီကျင်း၏အမူအရာမည်မျှပင် ပျက်ယွင်းနေသည်ကိုလုံးဝပင်သတိမပြုမိပေ။


စုန်ထင်းရှန်းကလက်မြှောက်၍ အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။


"အင်း.....သိပြီ..."


ထို့နောက် သူမတ်တပ်ထရပ်လိုက်ပြီး လီကျင်းဆီသို့တစ်ချက်မျှပင်မကြည့်ပဲ တံခါးဆီသို့ လျှောက်သွားလိုက်သည်။


သူ၏ပုံစံအရ ဇနီးနှင့်သားကိုသူကိုယ်တိုင်သွားကြိုမည့်ပုံပေါ်လေသည်။


လက်ထောက်ချန်းက CEO ၏နောက်မှလိုက်လာခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ရုံးခန်းထဲတွင် မတ်တပ်ရပ်ကျန်ခဲ့သော လီကျင်းကို လျစ်လျူရှုထားလေ၏။


လီကျင်းစားပွဲပေါ်မှ ကိတ်မုန့်အသေးလေးကိုပြန်ယူလိုက်ပြီး ဘူးထဲသို့ထည့်လိုက်သည်။သူမ မည်သည့်အမှတ်သားမှ မပါသောဘူးကိုသယ်ဆောင်၍ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ 


သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်အချိန်တွင် သူသားကိုခေါ်၍ပြန်လျှောက်လာသော စုန့်ထင်းရှန်း ကိုတွေ့လိုက်ရသည်။ ယွမ်ရှနှင့် လက်ထောက်ချန်းတို့က သူတို့သားအဖနှစ်ယောက်နောက်မှ နေ၍ စကားတစ်ပြောပြောဖြင့်လိုက်လာကြလေသည်။


လီကျင်းက သူတို့နှင့် မျက်နှာချင်းဆိုင်တွေ့မည့်အရေးမှ ရှောင်လွဲနိုင်ရန်အတွက် တစ်ဖက်ဆီသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။


ထို့နောက်သူမ၏ ငွေကြေးစီမံခန့်ခွဲမှုဌာနထဲ့သို့ လျှင်မြန်စွာဝင်သွားလိုက်သည်။

သူမ၏ နေရာတွင် ထိုင်လိုက်သည့်နှင့် အနားမှ လုပ်ဖော်ကိုင်ဖက်များပြောဆိူနေသည့်စကားကိုကြားလိုက်ရသည်။


"ငါခုနတုန်းက ဆူဆန်ဆီကကြားတာတော့ CEO စုန့်ရဲ့ ဇနီးရောက်နေတယ်တဲ့...အင်း...

ငါခုနလေးတင် ပစ္စည်းပို့သမားဆီက ပစ္စည်းသွားယူတာနည်းနည်းလေးစောသွားတယ်။

မဟုတ်လို့ရှိရင် ငါCEO ရဲ့ဇနီးနဲ့တွေ့ရင်တွေ့ရမှာ သူမက အရမ်းအရမ်းကိုချောတာတဲ့နော်

ငါကြားတာတော့နော် ဆယ်လီဘယ်ရီတစ်ယောက်လိုပဲတဲ့..."


"ဝန်ထမ်းတွေအများကြီးသူကိုမြင်လိုက်တာနော် ဒါပေမဲ့ဘယ်သူမှသူကိုဓာတ်ပုံမရိုက်ရဲကြဘူး။ ဘာပဲဖြစ်ဖြစ်လေ ဓာတ်ပုံရိုက်တုန်းတွေ့သွားမယ်ဆိုရင်လည်း အခြေနေက တော်တော်ကြီး ကို့ရို့ကားယားဖြစ်သွားမှာ သိတယ်မဟုတ်လား..."


"ဟဲ့ ဒါနဲ့ CEO ရဲ့ဇနီးကဘာလာလုပ်တာလဲ..."


စကားပြောနေကြသော ဝန်ထမ်းများထဲမှတစ်ယောက်က လီကျင်းကိုကြည့်ကာ တစ်ခစ်ခစ်ရယ်ရင်းမေးမြန်းလိုက်သည်။


"လီကျင်း ငါကြားတာကတော့ နင်ရဲ့ အကိုကြီးနဲ့ CEO စုန့်တို့က သူငယ်ချင်းအရင်းကြီးတွေဆို ဒါဆိုရင် နင် အပြင်မှာ CEO ရဲ့ဇနီးကိုမြင်ဖူးမှာပေါ့ဟုတ်လား...

သူက ဆယ်လီဘရီတွေထက်ချောတယ်ဆိုတာတကယ်ပဲလား..."


လီကျင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်သွားပြီးပြန်ဖြေလိုက်သည်။ 


"သူကအရမ်းလှတယ်"


" အဲဒီတော့ သူတို့ပြောသလိုပဲ ဧကရီရဲ့ ကြော်ကြားတဲ့အလှတရားအောက်မှာ ပြိုင်ဘက်တွေက နန်းတော်ကနေ ရှုံးန်ိမ့်စွာထွက်ခွာသွားရတယ်ဆိုတာအမှန်ပဲပေါ့..."


တစ်ခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း လီကျင်းကိုတစ်ချက်ကြည့်ကာပြောလာပြန်သည်။


"ဟဲ့...အရောင်းဌာနကဝန်ထမ်းတစ်ယောက်လေ သူနာမည်ကဘယ်သူ..."


"အေမီ...."


"အင်း..ဟုတ်တယ်...အေမီ သူကလေ သူရဲ့ငယ်ရွယ်မှုနှင့် အလှတရားက CEO နားကိုကပ်နိုင်ပြီးတော့ CEO ရဲ့ချစ်သူဖြစ်လာမယ်လို့ထင်နေတာလေ။ဒါပေမဲ့ CEO ကသူကိုတစ်စက်မှ စိတ်မဝင်စားတာ ကိုသူမသိဘူး။ဒါပေမဲ့ အဆုံးကျတော့ ဘာဖြစ်လဲ သူမက အမှီးကုပ်ပြီးတော့ ထွက်သွားရတာပဲလေ..."


"ငါကတော့ CEO စုန့်ရဲ့ ဖန်ဂဲဆိုပေမဲ့သူမှာ ဇနီးနဲ့သားနဲ့ရှိတာကို ငါသိထားပြီးသား။ဒါကြောင့်မို့သူကို တစ်ခြားဆယ်လီဘရီတွေကို အားပေးသလိုမျိုးပဲ ကြိုက်နှစ်သက်တာ သူက်ို ချီးကျူးဂုဏ်ပြုရတာကပဲ ငါအတွက်လုံလောက်နေပြီ...

အခြေခံ ကိုယ်ကျင့်တရား ကိုဖောက်ပြားစရာဘာအကြောင်းမှမရှိဘူးလေ..."


ငွေကြေး စီမံခန့်ခွဲမှုဌာနမှာ ဝန်ထမ်းများက အမျိုးသမီးများသာဖြစ်သောကြောင့် ပုံမှန်အားဖြင့်တစ်ယောက်ကို တစ်ယောက် ကောင်းစွာနားလည်ကြပေသည်။


ထိုဌာနမှ တစ်ခြားလုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအားလုံး က လီကျင်း၏ ရည်ရွယ်ချက်များကိုရိပ်မိနေလေသည်။


သူတို့က ထုတ်ဖော်မပြောသော်လည်းသူမ၏ အပြုအမှုနှင့်ရည်မှန်းချက်များကြောင့်မကျေမနပ်ဖြစ်နေကြသည်။


လီကျင်းက နားမကြားသလိုပြုမှုလိုက်ပြီး အမှုအရာကင်းမဲ့သောမျက်နှာသေဖြင့်ကိတ်မုန့်ဗူးကိုယူကာ အမှိုက်ပုံးထဲ့သို့ထည့်လိုက်သည်။