အပိုင်း ၆၉
Viewers 23k

Chapter 69


သူတို့ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို သိသည်နှင့် သားဖြစ်သူသည် အလွန်ပျော်သွားခဲ့သည်။ သူတို့သည် ပြောင်းဖူးရောင်းချဖို့ကို တစ်ပတ်ကျော်သည်အထိ စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျင် သူတို့ကို ကူညီဖို့အတွက် တီဗီရှိုးနှင့် နာမည်ကြီးသရုပ်ဆောင်များ ရောက်ရှိလာလေပြီဖြစ်သည်။ နောက်ဆုံးတော့ မျှော်လင့်ချက်ရရှိခဲ့လေပြီပင်ဖြစ်၏။


သူတို့အားလုံးသည် ခြံထဲရှိ ချိုမြိန်သောပြောင်းဖူးများကို ခူးဆွတ်လိုက်ကြပြီးဖြစ်သည်။ ထန်ချောင်းချောင်းသည် ပြောင်းဖူးများကို ကြည့်လိုက်သည်။ ပြောင်းဖူးများသည် အစေ့ပြည့်နှက်လျက် ရွှေရောင်သန်းကာ ကြည့်ကောင်း၏။ 

သူတို့သည် ပြောင်းဖူးများ ရောင်းချကြမည်ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်ရာမှာ ပြောင်းဖူးကို အတင်းအကျပ်ရောင်းနေခဲ့မည်ဆိုလျင် ငါးမိနစ်ထက်မကျော်စေပဲ ဘာမှပြောလို့ရမည်မဟုတ်ပေ။


ထန်ချောင်းချောင်းသည် ခေတ္တခဏစဥ်းစားပြီး ပြောလိုက်သည်။ “ကျွန်မ ပြောင်းဖူးနဲ့ ပက်သက်တဲ့ ဟင်းတွေကို ချက်ပေးလို့ရတယ်.. ဒါဆိုရင် ကြည့်တဲ့သူတွေလည်း ဒီ  တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ပြီးသွားကြရင် ပြောင်းဖူးဝယ်တဲ့အခါကျ တခြားနည်းလမ်းတွေနဲ့လည်း စားလို့ရတယ်ဆိုတာကို သိသွားကြမှာ” 


ထို့ကြောင့် “တောရိုင်းထဲမှ ရှင်သန်လွတ်မြောက်ခြင်း” ဆိုသည့် တီဗီရှိုးထဲတွင်  “လယ်သမားများကို ကူညီသည့် အထူးအစီအစဥ်” ဟူသော တိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်းစဥ် စတင်လေတော့သည်။ 


ထန်ချောင်းချောင်းသည် ခြံထဲမှာရှိသည့် မီးဖိုအသေးလေးကို အမိုးမဲ့နေရာတွင် ယူထားလိုက်သည်။


သူမသည် ကင်မရာရှေ့တွင်ထိုင်ပြီး ချိုသာသောအပြုံးဖြင့်ပြောသည်။


 “တိုက်ရိုက်ကြည့်နေတဲ့သူတွေအားလုံး ကျွန်မတို့က ပြောင်းဖူးရောင်းကြမယ်ဆိုတာ သိကြမယ်ထင်ပါတယ်.. တချို့လူတွေက ဒီပြောင်းဖူး အရည်အသွေးကောင်းမကောင်း စိုးရိမ်နေကြမယ်ထင်ပါတယ်.. ဒါကြောင့် ကျွန်မ ပြောင်းဖူးနဲ့ ပက်သက်တဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြမှာဖြစ်ပါတယ်ရှင့်.. ပြီးရင်တော့ ဒီက လူတွေကို အရသာ စမ်းမြည်းခိုင်းမှာဖြစ်ပါတယ်”


ဟုတ်သည်။ ကျန်သည့် လူငါးယောက်သည် အရသာမြည်းဖို့အတွက် ထားရှိခြင်းပင်ဖြစ်သည်။


ဘယ်သူမှ မှတ်ချက် မပေးကြပေ။


“ပြောင်းဖူးကို ချက်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ ပြုတ်ရမှာဖြစ်ပါတယ်.. အားလုံး သိကြမှာပါ.. ဒီနည်းလမ်းက ပြောင်းဖူးကို တကယ်အရသာရှိမရှိ သိရမှာဖြစ်ပါတယ်” ထန်ချောင်းချောင်းသည် သူမအရှေ့မှ ဒယ်အိုးကို ညွှန်ပြပြီး ပြောင်းဖူးတစ်ချို့ကို ထည့်သည်။


“ပြုတ်ထားတဲ့ ပြောင်းဖူးကို အရင်စမ်းကြည့်ရအောင်”


ထန်ချောင်းချောင်းသည် ပြောင်းဖူးအစိမ်းထဲမှ ပြောင်းဖူးစေ့တစ်ချို့ကို အရသာမြည်းကြည့်ပြီး အခုဆိုလျင် ပြောင်းဖူးသည် ကျက်သွားပြီဖြစ်၏။ သူမသည် ပြောင်းဖူးတစ်ခုကို ယူပြီး ကိုက်ကြည့်ကာ သေချာဂရုတစိုက် ဝါးစားလိုက်သောအခါ သူမ၏ မျက်လုံးများသည် ဝင်းထိန်သွားခဲ့သည်။ ပြောင်းဖူးသည် ကျက်သွားသည့်အခါ ပိုပြီး အရသာရှိ၏။


“ပြောင်းဖူးစေ့တွေက ကောင်းပြီး အရသာက ချိုတယ်.. တစ်ကိုက်ကိုက်ပြီး ပါးစပ်ထဲရောက်တာနဲ့ ပျော်ဝင်သွားမှာ” ထန်ချောင်းချောင်းသည် ကင်မရာရှေ့တွင် အရသာမြည်းစမ်းပြသည်။


အဖျားပိုင်းကနေ ကိုက်ဝါးနေတဲ့ ရှုယုယီလိုမဟုတ်ပဲ သူမသည် ပြောင်းဖူးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ 


ထန်ချောင်းချောင်း၏ အဖျားပိုင်းမှအရင်းထိ တတိတိကိုက်စားပြနေပုံကို အသံလွှင့်အခန်းထဲမှ သူများသည် မျက်ခြေမပြတ်တမ်းကြည့်နေကြသည်။ သူမသည် တစ်ဝက်လောက်ကို ကိုက်စားပြီး သူမ၏ လုံးဝန်းသောမျက်လုံးများသည် ကျေနပ်ခြင်းများနှင့် ပြည့်နှက်နေသည်။ 


( အာ အာ အာ အာ ချစ်စရာကောင်းလိုက်တာ.. ချောင်းပေါင် ပြောင်းဖူးစားပြနေတာက ရှဥ့်လေးတွေနဲ့ တူလိုက်တာ.. တစ်ခုမကျန် အကုန်စားပြနေတာ )


( အရသာရှိမယ့်ပုံပဲ.. ထန်ချောင်းချောင်းက အကုန်စားလိုက်တာပဲ.. အံ့သြစရာကြီး )


( ဝယ်ဖို့လုံလောက်ပြီမလား.. ငါအခုချက်ချင်း ဝယ်မယ် )

( ငါ့ပိုက်ဆံအိတ်က မထိန်းနိုင်တော့ဘူး )


ထန်ချောင်းချောင်းသည် ပြောင်းဖူးတစ်ခုကိုစားပြီး အခုထိ မဝနိုင်သေးပေ။ သို့သော်လည်း ဒါက မြည်းကြည့်ရုံသာဖြစ်ပြီး နောက်တစ်ခုက တကယ့် မီးမောင်းထိုးပြရမည့် နည်းလမ်းပင်ဖြစ်သည်။


“ပြောင်းဖူးကင်.. ပြောင်းဖူးစွပ်ပြုတ်.. ပြောင်းဖူးကြော်.. ပြောင်းဖူးပြုတ်.. ဒီသာမာန်ဟင်းတွေကတော့ အားလုံးသိကြမှာပါ.. ဒီနေ့မှာတော့ ကျွန်မက လွယ်ကူပြီး ရိုးရှင်းတဲ့ ပြောင်းဖူးနဲ့ ပက်သက်တဲ့ အချိုပွဲတွေကို ပြင်ဆင်ပြမှာပါဖြစ်ပါတယ်ရှင့်” 


“ပထမတစ်ခုကတော့ ပျားသလက်ပြောင်းဖူးဖြစ်ပါတယ်”


ထန်ချောင်းချောင်းသည် ပြောင်းဖူးစေ့များကို ခြွေပြီး ဆေးသည်။ ကြက်ဥနှစ်လုံးကိုထည့်ကာ ဂျုံမှုန့်၊ ကော်မှုန့်, ရေများဖြင့် ခလောက်မွှေသည်။ သူမသည် ရေအများကြီးမထည့်ပဲ အနည်းငယ်သာသုံး၏။


ထို့နောက် သူမသည် ဒယ်အိုးစောက်ထဲကို ဆီထည့်သည်။ ၇၀ ရာခိုင်နှုန်းလောက်ပူလာသည့်အချိန်မှာ ဒယ်အိုးထဲကို စောနက ကော်ရည်၊ ဂျုံမှုန့်များဖြင့် မွှေထားသော ပြောင်းဖူးအား ထည့်သည်။ 


အိုးထဲမှ ပြောင်းဖူး၏အသံသည် အရေးကြီးသည်။ သူမသည် အိုးထဲတွင် ပြောင်းဖူးစေ့များကို ပြန့်ကျဲအောင်လုပ်နေစဥ် တစ်ဖက်ကလည်း စက်ဝိုင်းပုံစံ မွှေနှောက်နေသည်။ ဒီနည်းလမ်းကသာ ပျားသလက်အလွှာများကို ပွင့်ထွက်စေခြင်းဖြစ်သည်။ 


အိုးထဲတွင် ပြောင်းဖူးမွှေသံများ ပေါ်ထွက်လာသည်နှင့် ဒယ်အိုးအပူပေါ်မှ တရှဲရှဲမြည်သံများသည် ခြံထဲတွင် ထွက်ပေါ်နေလေသည်။ အိုးထဲမှ တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာသည်နှင့် ပွဲကြည့်ပရိတ်သတ်များသည်လည်း အနောက်ဆုတ်သွားကြသည်။


သို့သော် ထန်ချောင်းချောင်းသည် မျက်နှာထားမပြောင်းလဲပဲ အိုးထဲမှ ပြောင်းဖူးစေ့များကို ဆက်လက်မွှေနေဆဲဖြစ်သည်။


တစ်မိနစ်မပြည့်ခင်မှာပင် အိုးထဲတွင် ဝိုင်းပြီး ရွှေရောင်သန်းနေသော ပျားသလက်ကဲ့သို့ အရာတစ်ခုပေါ်လာလေသည်။


ပုံစံအနည်းငယ်ပြင်ပြီးနောက်မှာတော့ မီးအပူ

ကိုလျှော့လိုက်ပြီး ပျားသလက်အရသာ ပြောင်းဖူးကို ကြွပ်ဆပ်ဆပ်လေးဖြစ်ပြီး ရွှေရောင်​သန်းတဲ့အထိ သုံးမိနစ် ခန့် ကြော်သည်။ နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ကြိုက်တဲ့ အရသာအတိုင်း သကြားနည်းနည်း၊ဆားနဲ့ ငရုပ်ကောင်းတို့ကို အချိူးအစားကျကျထည့်သည်။


ထန်ချောင်းချောင်းက ပန်းကန်ပြားတစ်ချက်ကိုင်ကာ ရွှေရောင် ပျားသလက်အရသာ ပြောင်းဖူးဖြင့် အင်တာနက်သုံးနေသော ကြည့်ရှုသူများရှေ့ပေါ်လာသည်။


( ဝိုး... အခုဘာဖြစ်သွားတာလဲ.. သာမန်အခြေအနေတစ်ခုကနေ ရုတ်တစ်ရက် ပန်းတွေပွင့်သလို ပြောင်းလဲသွားတယ် )


( ဒီအချိုပွဲက အရမ်းလှတာပဲ.. ရွှေဖြူရောင် မှို

ပွင့်ကြီးနဲ့တောင်တူလိုက်တာ )


( ဘုရားရေ... ငါဒါကိုတစ်ကယ်စားချင်လိုက်တာ )


ထန်ချောင်းချောင်းက ရှိုးပွဲကို အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုယုယီ၊ ဝေ့ရိချီနှင့် တစ်ခြားသူများမှာ မစောင့်နိုင်တော့ပဲ တူများကိုင်ကာ တဖွဲဖွဲ ရောက်လာကြသည်။ 


ပျားသလက်အရသာ ပြောင်းဖူးက ကြွပ်ရွနေပြီး သူမ ကိုင်လိုက်တာနှင့်ပင် တကျွတ်ကျွတ်နှင့် အသံထွက်နေသည်။ ပူ​ပူနွေးနွေးလေးဖြင့် ပွပွလေးဖြစ်နေပြီး

ကျွတ်ကျွတ်ရွရွဖြင့် စားချင်စဖွယ်ပေ။ ပထမဆုံးခံစားချက်မှာ ပြောင်းဖူး၏ မွှေးပျပျ သင်းရနံလေးဖြစ်သည်။ ပြောင်းဖူးစေ့များမှာ အပြင်ဘက်တွင် ကြွပ်ကြွပ်ရွရွဖြစ်ပီး အတွင်းထဲတွင်မူ အနှစ်များဖြင့် ပြည့်နေသည်။  ပါးစပ်ထဲထည့်လိုက်သည်နှင့်ပင် အလွှာများစွာဖြင့်​ပေါင်းစပ်ထားပီး အမှန်တကယ်အရသာရှိလှသည်။


"ဒါ အရမ်းအရသာရှိတာပဲ..ကောင်းလိုက်တာ"


ရှုယုယီက တစ်ပိုင်းကိုအမြန်စားလိုက်ပြီး နောက်ထပ် ထပ်စားရန် တူကိုယူလိုက်ရုံပင်ရှိသေး ဒီလောက်ကြီးမားလှတဲ့ ပန်းကန်ထဲက ပျားသလက်အရသာ ပြောင်းဖူးကြီးမှာ နောက်ဆုံးအပိုင်းလေးသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။


သူစိတ်လှုပ်ရှားစွာဖြင့်ပင် "မင်းလက်တွေကမြန်လိုက်တာကွာ.. ငါ့လက်ကိုမကိုင်နဲ့.. ဒီအပိုင်းကငါ့ဟာ" ဟုပြောသည်။


သူသည် နောက်ဆုံးအပိုင်းကိုဖြတ်ခနဲ ဆွဲယူလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာရှေ့သွားကာ ပရိတ်သတ်များကို ကြော်ငြာရန်လည်း မမေ့ပေ။ "မင်းတို့ဒါကို မြန်မြန်ဝယ်မှရမယ်နော်.. ဝယ်ပြီးရင် ကိုယ့်ဘာသာလုပ်စားကြည့်ကြ.. ဒါကတော်တော် အရသာရှိတယ်"


( ငါဝယ်ချင်တယ် )


( ဘုရားသခင်.... လင့်ကဘယ်မှာလဲ )


( ငါအော်ဒါတင်ဖို့ အတွက်လုပ်ပေးပီးပါပြီ.. ဒါက စူပါမားကတ်မှာ သွားဝယ်တာထက် အများကြီးစျေးသက်သာတယ်နော်.. မြန်မြန်လာဝယ်​ကြ... လူတွေများလာရင် ရမှာမဟုတ်တော့ဘူးနော် )


( အော်ဒါတင်ပြီးပြီ.. ပို့ပေးတာကို စောင့်နေပါတယ် )


ဒီဟင်းက မြန်မြန်ချက်လို့ရသည်။ ထန်ချောင်းချောင်းသည် နောက်ထပ်နှစ်ပွဲကို အမြန်ချက်လိုက်ပြီး ဒါရိုက်တာ အဖွဲ့နှင့် အဘိုးမိသားစုထံ ဝေပေးလိုက်သည်။


အဘိုးမှာ ပြောင်းဖူးများကိုနှစ်ပေါင်းများစွာ စိုက်ပျိုးလာခဲ့သော်လည်း ဤဟင်းကိုပထမဆုံးစားဖူးခြင်းဖြစ်သည်။ ဒီဟင်းက အရမ်းဆန်းသစ်ပြီး သူ့မြေးမလေးကလည်း အရမ်းအရသာရှိတယ်ပဲ ပြောနေသည်။


အဘိုးက မြေးမလေးရဲ့မျက်နှာကိုချစ်ခင်စွာထိလိုက်ပြီး "နောက်ဆိုအဘိုးတို့လည်း ကိုယ့်ဘာသာ လုပ်စားကြမယ်လေ"ဟုပြောသည်။


ထန်ချောင်းချောင်း နောက်တစ်ခါချက်ပြမည့် ဟင်းကတော့ ပြောင်းဖူးကိတ်ဖြစ်သည်။


ဒီဟင်းက အရမ်းရိုးရှင်းသည်။ ပြောင်းဖူးကိုကြေညက်သွားအောင်ဖိချေပြီးလျင် ကောက်ညှင်းမှုန့်နဲ့ သကြားကို ရေမထည့်ပဲ နှံ့အောင်မွှေသည်။


ရွေးထားတဲ့ ပြောင်းဖူးရွက်တွေကို ရေဆေးပြီးလျင် ပြောင်းဖူး အရည်နဲ့အရွက်တွေကို အိုးထဲထည့်ပြီး အပူပေးသည်။ 


အားလုံးပြီးသွားလျင် ပျားသလက်အရသာ ပြောင်းဖူးသည် အကျက်လွန်ကာ အများကြီးစားမိလျင် အီစိမ့်နိုင်သည်။ သို့သော် ဒီပြောင်းဖူးကိတ်က နူးညံပြီး ဖယောင်းအရသာရှိသည်။ ထို့အပြင် အထဲကပြောင်းဖူးစေ့တွေကိုလည်း အရသာရှိရှိ သုံးဆောင်နိုင်သည်။ လူကြီးလူငယ် မရွေး စားလို့ရတဲ့အပြင် အရသာရှိပြီး အာဟာရဓာတ် ကြွယ်ဝပါသည်။


ရှုယုယီတစ်ယောက် ပျားသလက်အရသာ ပြောင်းဖူးကို စွဲလမ်းနေပြီး နောက်တစ်ခေါက် လုစားခံရမှာတောင် ကြောက်နေသည်။ ဒါကြောင့် ပထမဆုံးအကြိမ်မှာကတည်းက ပြောင်းဖူးကိတ်က အကြီးဆုံး အပိုင်းနှစ်ခုကိုဖဲ့ယူလိုက်သည်။ ဒါမှပဲ သူ့စိတ်ထဲက ဆူပွက်နေတာတွေက ပြေလျော့သွားပါတော့သည်။


ဝမ်ရှင်းအာပင် ပြောင်းဖူးကိတ်မုန့်နှစ်လုံးကို မသိအောင်ယူသွားပြီး ဘေးမှာဝှက်ထားကာ စားလိုက်သည်။ 


ဒါရိုက်တာကတော့ရောင်းအားကိုသာ အာရုံစိုက်နေပြီး ရလဒ်ကိုမြင်တဲ့နောက်မှာတော့ အံအားသင့်စွာဖြင့် "ရလဒ်ကတော့ မိုးထိုးနေပီဟေ့" ဟု အော်ပြောသည်။


သူတို့တွေလိုက်ရတာက နှင်းကျသလို တဖွဲဖွဲ ရောက်လာသော အော်ဒါများကြောင့် ပေးထားသော လင့်ပင် ရပ်သွားတော့သည်။ ဂိုထောင်တစ်ဝက်ခန့် တစ်ခဏအတွင်း ရောင်းထွက်သွားသည်။


ဒါကို အဘိုးတို့မိသားစုတွေ့တော့ သူတို့အကုန်စိတ်လှုပ် ရှားသွားပြီး ဒါရိုက်တာနှင့် ထန်ချောင်းချောင်းကို ကျေးဇူးတင်မဆုံးဖြစ်နေသည်။ သူတို့ အကူအညီမပါပဲ ဒါကို နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းရင်တောင် ကြည့်မယ့်သူ မရှိလောက်ပေ။ ဒါတွေက စိုက်ခင်းထဲမှာတောင် ပုတ်ဆွေးသွားနိုင်သည်။ 


ထန်ချောင်းချောင်းကပြုံး၍ "ဒါကအဘိုးရဲ့ ပြောင်းဖူးတွေက အရမ်းအရသာရှိလို့ပါ.. ကျွန်မလုပ်ရတာဆိုလို့ ဘုရားပန်းကပ်ဖို့ ပန်းလေးချေးတာလောက်ပါပဲ" ဟုဆိုသည်။


အဘိုးက ထန်ချောင်းချောင်းကို သူသိသမျှ ကျေးဇူးတင်စကားတွေဖြင့် ကျေးဇူးတင်ခဲ့သည်။ ထန်ချောင်းချောင်းက မည်သည့်အဖိုးအခမှ တောင်းခံခြင်းမရှိသဖြင့် အဘိုးက ထန်ချောင်းချောင်း၊ ဧည့်သည်များနှင့် ရိုက်ကူးရေးတစ်ဖွဲ့လုံးကို ပြောင်းဖူးအမြောက်အများလက်ဆောင်ပေးခဲ့သည်။


ဒီလောက်အများကြီး ယူဖို့ကတော့ ခဲယဉ်းပေသည်။ ထန်ချောင်းချောင်းက လက်ဆောင်ထဲက ပြောင်းဖူး အချို့ကိုယူပြီး စားသောက်ပွဲတစ်ခုဖြစ်အောင်ပြင်ပေးခဲ့သည်။ အဘိုးအိမ်မှ မထွက်ခင်မှာတင် အကုန်လုံး ဗိုက်တင်းကုန်ကြသည်။


ထန်ချောင်းချောင်းက အဘိုးကို တိုက်ရိုက်လွှင့်နည်းသင်ပေးခဲ့ပြီး သူတို့ကလည်း လက်ရှိမှာ နာမည်ကြီးဖြစ်နေတာကြောင့် နောက်ဆိုသူတို့ ကောင်းကောင်းရောင်းရမည်ဟု သူမ ယုံကြည်နေသည်။ 


ထန်ချောင်းချောင်း တိုက်ရိုက်ထုတ်လွှင့်ပြီးသွားတဲ့နောက် မှတ်တမ်းတင်ခြင်းပါ နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပါသည်။ သူမ အဖွဲ့၏ "ငါတို့မိသားစု" အားလပ်ရက် ခရီးစဥ်က မပြီးသေးတာကြောင့် မြို့တော်ကိုသာ တန်းပြန်လာခဲ့သည်။


ထန်ချောင်းချောင်း ဒီတစ်ခေါက် သူမ ပြန်လာတာကို 

ရှန်းယွဲ့ကိုမပြောပဲ အံ​ဩသွားစေရန် ရည်ရွယ်ခဲ့သည်။


.......


အကျ်ီအနီဝတ်ထားသောမိန်းမသည် သူမအရှေ့မှယောကျ်ားကို ညာဘက်လက်နှင့်ထိုးကာ ဂုဏ်ယူဝင့်ကြွားစွာ အော်ပြောလိုက်သည်။ “နင်ပဲ.. နင်*** ငါ့ရဲ့ ကိုးယောက်မြောက်ညီမကို သွေးဆောင်ဖြားယောင်ခဲ့တာ”


“နားလည်မှုလွဲတာပါ.. ကျွန်တော်တို့ အမှန်တကယ်ချစ်ခဲ့ကြတာပါ” ဟု ထိုအမျိုးသားက ရှင်းပြသည်။


“လူထုံလူအပဲ” အကျ်ီအနီနဲ့မိန်းမသည် ထိုအမျိုးသားအား ပြောလိုက်သည်။ “နင်တို့ရဲ့ ဝံပုလွေမျိုးစုနဲ့ ငါတို့ရဲ့ မြေခွေးမျိုးစုက အလွန်မုန်းတီးကြတဲ့ ရန်သူတွေပဲ.. သူတို့က မတူညီတဲ့မျိုးစိတ်တွေဖြစ်ပြီး သီးသန့်မျိုးပွားဖို့ကို နားမလည်ကြဘူး.. နင်ငါ့ရဲ့ ကိုးယောက်မြောက်ညီမကို မြူဆွယ်ဖို့ လှည့်ကွက်မသုံးခဲ့ဘူးဆိုရင် သူမက ဘာလို့ နင့်ကိုကြိုက်ရမှာလဲ”


ထိုအမျိုးသားက ပြောသည်။ “ကျွန်တော် ကျွိမိန်းအပေါ်ကို တကယ်ရိုးသားတာပါ.. ပြီးတော့ ကျွန်တော်တို့ နေနဲ့လဆီကနေ သင်ယူလို့ရတယ်”


အကျ်ီအနီနဲ့ အမျိုးသမီး၏ လက်ညှိုးနှင့် ***သည် အတူတကွပေါင်းစည်းသွားခဲ့ပြီး ကျန်သည့်လက်တစ်ချောင်းနှင့် မီးလုံးကို အမျိုးသား၏ ခြေထောက်ထံသို့ ပစ်ပေါက်လိုက်သည်။ အမျိုးသားသည် နောက်သို့ဆုတ်သွားပေမယ့် ပြန်ပြီး မတိုက်ခိုက်ခဲ့။ 


“နင်က ကျွိမိန်းကို ချစ်တယ် ဟုတ်လား.. ဒါဆို သူမဗိုက်ထဲက ကလေးက နင့်ရဲ့ အယုတ်တမာမျိုးစေ့ပေါ့လေ”


အမျိုးသားသည် တုံ့ဆိုင်းသွားပြီး “ကျွန်တော် မသေချာဘူး.. အဲ့ဒီညက ကျွန်တော်အဲ့ဒီမှာ ရှိနေခဲ့တဲ့ပုံပဲ.. ပြီးတော့ ကျွန်တော်တစ်ယောက်တည်း မဟုတ်သလိုပဲနော်”


“ဘာ.. နင်က တကယ် အယုတ်တမာကောင်ပဲ” အကျ်ီအနီနဲ့ အမျိုးသမီးသည် ထိုအကြောင်းကိုကြားသည်နှင့် ပို၍စိတ်တိုသွားပြီး ထိုအမျိုးသားထံသို့ မီးလုံးကို လက်နှစ်ဖက်နှင့် တစ်ခုပြီးတစ်ခုပစ်လေတော့သည်။ 


ထိုအမျိုးသားသည် ပြန်လည်တိုက်ခိုက်နိုင်သော်လည်း ရှောင်သာရှောင်နေပြီး ပြောသည်။


 “ဒါပေမယ့် ကလေးရဲ့အဖေက ဘယ်သူပဲဖြစ်ဖြစ် အနာဂတ်မှာ ကလေးအဖေက ကျွန်တော်ပဲဖြစ်မှာ”


ရုပ်ရှင်မှန်သားပြင်ပေါ်မှ အနီရောင်အမျိုးသမီးသည် ထိုအမျိုးသားထံသို့ မန္တန်ရွတ်ဆိုရန် အဝါရောင်အမျိုးသမီး ကြားဝင်လာသည်အထိ မလိုလားစွာနှင့် ဆက်လိုက်နေလေသည်။


Xxxxxxx