အပိုင်း ၇၀
Viewers 24k

Chapter 70

 ဂဏန်းအစာသွတ်လိမ္မော် 


 


မှန်သားပြင်အရှေ့တွင် ရှန်းယွဲ့ထိုင်နေသည်။ အခန်းဟာ အလွန်အမင်း မှောင်မိုက်နေသော်လည်း မှန်သားပြင်ပေါ်မှ အလင်းရောင်သည် သူ့မျက်နှာအား ရိုက်ခတ်သည်နှင့် သူ၏မျက်နှာထက်မှ ဖော်ပြ၍မရသော အမူအရာကို ရှင်းလင်းစွာမြင်နိုင်လေသည်။ 


နောင်တရသည်။


အမှန်တကယ်ကို နောင်တရသည်။


ဒီမကောင်းတဲ့ “သုံးဆက်မြောက် ဒဏ္ဏာရီလာနတ်ဆိုးမရဲ့ အာဏာအချစ်” ဆိုသည့် ဇာတ်လမ်းရဲ့ တောရိုင်းသွေးနှင့် ကောင်းကင်က မျဥ်းကြောင်းများသည် သူ့မျက်လုံးနှင့် နားရွက်ကို အဆိပ်မိသွားသကဲ့သို့ ခံစားရသည်ဟု ဘာကြောင့်ထောက်ပြရမည်နည်း။


အဆိုးဆုံးကတော့ သူသည် ရှက်စရာကောင်းလောက်အောင်ပဲ ပြီးဆုံးသည်အထိ ကြည့်ချင်နေသည်။


အဘယ်ကြောင့်ဆိုသော် အနီရောင်အမျိုးသမီးဖြစ်သည့် ထန်ချောင်းချောင်းကြောင့်ပင်ဖြစ်သည်။


“သုံးဆက်မြောက် ဒဏ္ဏာရီလာနတ်ဆိုးမရဲ့ အာဏာအချစ်” ဆိုသည့်ဇာတ်လမ်းသည် ကြိုတင်အသိမပေးပဲ ရုတ်တရက်ပြသခဲ့ခြင်းဖြစ်သည်။ ဒါပေါ့၊ သတိမူမိကြတဲ့ ဘယ်သူမဆို ဒီဇာတ်လမ်းဟာ ထန်ချောင်းချောင်းရဲ့ စိတ်အားထက်သန်မှုကို ပြသချင်သည်ဆိုသည့်အချက်ကို သိမြင်နိုင်ကြသည်။


ရုပ်ရှင်ရိုက်ကူးနေစဥ်အတောအတွင်းမှာ ရိုက်ကွင်းထဲတွင် နာမည်ကြီးသည့်သူမပါခဲ့ချေ။ ယခုဆိုလျင် ထန်ချောင်းချောင်းသည် ဂယက်ရိုက်သွားခဲ့ပြီး တစ်နေ့မှာ သူမ အကယ်၍စိတ်တိုသွားခဲ့မည်ဆိုလျင် သူသည် အခွင့်အရေးကို ဖမ်းကိုင်ဖို့ အလျင်မလိုခဲ့ပေ။ 


ဒီဇာတ်လမ်းမှာ ပြရုပ်အစိတ်အပိုင်းများ များစွာရှိလေသည်။ ထန်ချောင်းချောင်း၊ အမျိုးသမီး N နံပါတ်သည် ကြော်ငြာတွင် အသက်ရှုမှားလောက်သည်အထိ ဒုတိယအမျိုးသမီးဇာတ်လိုက်နီးပါး အကျယ်ချဲ့မြင်နေရသည်။ ဇာတ်လိုက်မင်းသမီးနှင့် သူမသည် ယောကျ်ားတစ်ယောက်ကို လုယက်နေခဲ့ကြောင်းအား မသိခဲ့။


ဒါပေါ့၊ ပြပွဲက ဘယ်လောက်ပဲ စီစဥ်နေလည်း ကောင်းကင်ပေါ်က ယုန်သကြား ပြုတ်ကျလာသည်ဟာ သဘာဝကျပြီး နောက်ဆုံးတော့ ချောင်းပေါင်ရဲ့ လုပ်အားကို သူတို့တွေ့နိုင်ကြသည်။ အဖွဲ့ထဲမှ ပရိတ်သတ်များသည် ချောင်းပေါင်၏ နောက်ထပ်ဇာတ်ကားသစ်ကို မထွက်ခင်ကတည်းက စိတ်လှုပ်ရှားနေကြလေသည်။ အချိန်ကြပြီ။


ရှန်းယွဲ့သည် အမျိုးသမီး ဘယ်လိုသရုပ်ဆောင်မလဲဆိုတာကို တွေ့ချင်နေခဲ့သည်။


ရုပ်ရှင်စလိုက်သည်နှင့် ထန်ချောင်းချောင်း၏အခန်းတွေကို လွတ်မသွားစေရန် ဇာတ်လမ်းကို ကျော်မကြည့်နိုင်ခဲ့။ ပထမဆုံးအခန်းမှာတင် အပစ်မခံရအောင် ဦးဆောင်နိုင်ခဲ့သော်လည်း သူကတော့ ရုပ်ရှင်တစ်ခုလုံးကို အစအဆုံး ပြီးမြောက်အောင် ကြည့်ခဲ့သည်။


ငါ့မျက်လုံးကို ဆေးကြောဖို့အတွက် အလျင်လိုတယ်။


ဇာတ်လမ်းက သွေးသံရဲရဲတွေ ဆိုးရွားစွာပါပေမယ့် ထူးဆန်းတဲ့ပုံစံတွေနဲ့ မင်းသားတွေကြားမှာ ထန်ချောင်းချောင်းက ကြည့်အကောင်းဆုံးလို့ ပြောရပေမည်။ သူမ၏ အနီရောင်ဝတ်စုံသည် ဖြူဝင်းသောအသားအရည်ကို ပို၍တောက်ပစေပြီး သူမ၏ မျက်လုံးကို ခြယ်မှုန်းထားသော မိတ်ကပ်များသည် ဆွဲဆောင်မှုရှိ၍ သူမသည် ဘယ်ရှုထောင့်ကပဲကြည့်ကြည့် နှစ်လိုဖွယ်ကောင်းသည်။ သူမသည် အမှန်တကယ် သက်ရှိထင်ရှားရှိသော မြေခွေးမလေးလိုပင်ဖြစ်၏။ 


အကြောင်းပြချက်ကတော့ သူမ စကားမပြောနိုင်ခြင်းဖြစ်ပြီး သူမ၏စိတ်ပိုင်းဆိုင်ရာ ပုံသဏ္ဏာန်များဟာ ချီးကျူးဖို့အတွက် အလွန်ခဲယဥ်းသည်။ 


“ဝါး… တကယ် ခံစားလို့ကောင်းတာပဲ”


“ကြည့်လို့လည်း ကောင်းတယ်မလား.. ဇာတ်ညွှန်းရေးတဲ့သူက သူ့ခေါင်းထဲမှာ ဖုံးလွှမ်းနေတာတွေကြောင့် *** ဇာတ်လမ်းကို ရေးခဲ့သင့်တာ” ဟု ရှန်းယွဲ့သည် မသိစိတ်၏ စေ့ဆော်မှုအတိုင်း ပြန်ပြောလိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။


သူသည် ဇာတ်လမ်းကို audio-visual အခန်းထဲတွင် သူ့ဘာသာကြည့်နေခြင်းဖြစ်ပြီး အစေခံများသည် သာမန်ကာလျှံကာ ဝင်ထွက်သွားလာနိုင်ခြင်းမရှိသည့်အတွက် အခုပြောနေတာဟာ မည်သူဖြစ်မည်နည်း။


အသံသည် အနည်းငယ် ရင်းနှီးနေသည်။


ရှန်းယွဲ့သည် ဦးခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည့်အခါ ဝင်းပသောမျက်ဝန်းနှစ်စုံနှင့် ဆုံတွေ့လေသည်။ 


ထန်ချောင်းချောင်းသည် သူ၏ဘီးတပ်ကုလားထိုင်ဘေးတွင် ဆောင့်ကြောင့်ထိုင်နေပြီး ညာဘက်လက်ကိုမြှောက်ကာ သူ့အား ယမ်းပြကာ ပြုံး၍နှုတ်ဆက်စကားဆိုသည်။


“ဟိုင်း”


ရှန်းယွဲ့မျက်လုံးများသည် ပြူးကျယ်သွားရပြီး  သူမကြောင့် အံ့အားသင့်သွားရသည်။ ထန်ချောင်းချောင်း ဘယ်တုန်းက ဝင်လာတာများလဲ။


မဟုတ်သေးဘူး။ သူမ ဘယ်တုန်းက ပေကျင်းကို ပြန်လာခဲ့တာလဲ။


ထန်ချောင်းချောင်းသည် သူ၏ရှက်ရွံ့နေသောမျက်နှာအမူအရာကိုကြည့်ပြီး ပြုံးကာပြောသည်။


 “ကြောက်နေတာလား.. ရှင်အရမ်းအာရုံစိုက်နေလို့ ကျွန်မ မနှောင့်ယှက်ပဲနေနေတာ”


သူမသည် လေယာဥ်ပေါ်မှ ဆင်းသည်နှင့် အပန်းဖြေအိမ်ကို သွားခဲ့သော်လည်း သူမပြန်လာသောအခါ ရှန်းယွဲ့ကို မတွေ့ခဲ့ချေ။ 


ထန်ချောင်းချောင်းသည် သိချင်စိတ်နှင့် အပေါ်ထပ်သို့ အလျင်အမြန်တက်သွားသော်လည်း ရှန်းယွဲ့သည် သူမ ဝင်လာသည်ကိုတောင်မသိပဲ ရုပ်ရှင်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေခဲ့သည်။


အာရုံစိုက်နေတာလား။


ရှန်းယွဲ့သည် သူ ထန်ချောင်းချောင်း၏ရုပ်ရှင်အသစ်ကို ကြည့်နေကြောင်း သိသွားခဲ့ရသောအချိန်ဖြစ်သည်။ ဒီအချိန်မှာတော့ သူသည် ပိုင်ရှင်ဆီမှ အမိခံခဲ့ရပြီး လူမှုကွန်ယက်မှာ ပေါက်ကြားသည့်အခန်းလည်းဖြစ်ပေသည်။


သူ့မျက်နှာသည် အနည်းငယ် ပူလောင်သွားခဲ့ရပေမယ့် ကံကောင်းစွာနှင့် အခန်းက မှောင်နေသောကြောင့် သူမ မပြောနိုင်ခဲ့ပေ။


ရှန်းယွဲ့သည် တုံ့ဆိုင်းသွားကာ “ငါဒီတိုင်းနှိပ်လိုက်မိတာပဲ.. ပြီးတော့ website က စိတ်တိုစရာကြော်ငြာတွေကြီးပဲ တရပုံတက်နေတာ” 


“ဟမ်” ထန်ချောင်းချောင်းသည် သူ့ကိုကြည့်ကာ ပြောသည်။ “ရှင်ပြောတာ ကျွန်မရဲ့ဇာတ်လမ်းက အမှိုက်သာသာပဲလို့ပြောတာလား” 


ရှန်းယွဲ့သည် ချောင်းခြောက်ဟန့်လိုက်ပြီး “ကိုယ်ပြောတာက ကြော်ငြာအမှိုက်တွေကိုပြောတာပါ”


သေစမ်း။


သူဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။


ထန်ချောင်းချောင်းမျက်နှာပေါ်မှ သံသယအရိပ်အငွေ့ကို တွေ့သည်နှင့် ရှန်းယွဲ့သည် ဗီဒီယိုကို ပိတ်ချင်သွားပေမယ့် ရီမုကို ဘယ်မှာထားမိမှန်းမသိပေ။ 


ထန်ချောင်းချောင်းသည် သူမ၏ဘယ်ဘက်လက်ထဲမှ ရီမုကို ခါပြကာ “ဒါကိုရှာနေတာလား” 


ရှန်းယွဲ့သည် တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြောသည်။ “နောက်တစ်ခုပြောင်းလိုက်”


ထန်ချောင်းချောင်းသည် သူ့ဘေးမှာ ဝင်ထိုင်ပြီး “ဒါကိုပဲကြည့်.. တူတူကြည့်ရအောင်”


“တကယ်ကို ဆိုးရွားလိုက်တာ” ရှန်းယွဲ့က စိတ်မပါသလိုနှင့် “ကိုယ်က လူကြိုက်အများဆုံးရုပ်ရှင်ကို ကြည့်ချင်တာ”


ထန်ချောင်းချောင်းက “ဒါဆိုလည်း ကျွန်မနဲ့ တူတူကြည့်မယ်.. ဒါကိုကြည့်ဖို့ အခုထိ အချိန်မရပဲဖြစ်နေခဲ့တာ”


ရှန်းယွဲ့က ပြန်မပြောချေ။ ထန်ချောင်းချောင်းက သူ့ဘေးမှာ နီးနီးကပ်ကပ်ဝင်ထိုင်လိုက်သည်။ သူမဆီမှ ခပ်ဖျော့ဖျော့ရနံ့သည် သူ၏နှာခေါင်းထိပ်ဖျားတွင် ဗြုန်းခနဲ ဝင်ရောက်လာခဲ့သဖြင့် ဗီဒီယိုကို အာရုံမစိုက်နိုင်ခဲ့ပေ။


ထန်ချောင်းချောင်းသည် ခေတ္တခဏကြည့်ပြီးနောက် သူမ၏ဖုန်းကိုထုတ်ကာ “ဒီနေ့ ဘယ်အချိန် စပြမလဲဆိုတာတောင် မသိခဲ့ဘူး.. ကျွန်မ ကြော်ငြာလေးတော့ တင်သင့်တယ်” ဟု ပြောလိုက်သည်။ သူမသည် အမှန်တကယ်ကို တာဝန်သိတတ်သော မင်းသမီးဖြစ်ပေသည်။


သူမသည် ဝေ့ပေါ်မှာ ကြော်ငြာတင်လိုက်ပြီးမကြာမီပင် ရှန်းယွဲ့ဖုန်းလည်း တုန်ခါလာခဲ့သည်။


ထန်ချောင်းချောင်းက သူ့ကို သတိပေးသည်။ “ရှင့်ဖုန်းမြည်နေတယ်”


“အင်း” ရှန်းယွဲ့သည် တည်တည်ငြိမ်ငြိမ်ဖြင့် လှုပ်ရှားခြင်းမရှိ။


သို့သော် ဘာလဲဆိုတာကို သူသိနေသောကြောင့်ဖြစ်၏။ ဒါသည် ထန်ချောင်းချောင်း၏ ဝေ့ပေါ်မှ သတင်းတက်လာခြင်းဖြစ်သည်။ 


“ဘာလဲဆိုတာ မကြည့်ဘူးလား”


သူသည် မှန်သားပြင်ကိုသာ စိုက်ကြည့်နေပြီး “ကိုယ်ဗီဒီယိုကြည့်နေတဲ့အချိန်ဆိုရင် အပြင်ကဟာတွေနှောင့်ယှက်ခံရတာကို မကြိုက်ဘူး”


ထို့နောက် နှောင့်နှေးခြင်းမရှိပဲ နှစ်ယောက်သားသည် “သုံးဆက်မြောက် ဒဏ္ဏာရီလာနတ်ဆိုးမရဲ့ အာဏာအချစ်” ဆိုသည့်ရုပ်ရှင်၏ ပထမဆုံးလေးပိုင်းကို ထူးဆန်းစွာနှင့် အတွဲအဖက်ညီစွာကြည့်ကြလေသည်။ 


“အင်း.. အာ..”


ထန်ချောင်းချောင်းက သူ့မေးစေ့ကိုကိုင်ထားပြီး သူမသရုပ်ဆောင်သည့်အခန်းသိပ်မပါသော်လည်း ထိုသရုပ်ဆောင်မှုအပေါ်ကို ဝေဖန်ဖို့ ခေါင်းစားခိုင်းတော့သည်။ 


သို့သော်လည်း အဆုံးမှာတော့ ဝါကျတစ်ကြောင်းသာ ထွက်ပေါ်လာလေသည်။ “ဒီမန္တန်တွေရဲ့ အထူးအကျိုးသက်ရောက်ပုံက အရမ်းဖန်တီးနိုင်စွမ်းရှိတယ်.. အရောင်အသွေးစုံလင်ပြီးတော့ တိုင်းတစ်ပါးဆန်တယ်” ကျင့်ကြံခြင်းထဲတွင် တကယ့်မန္တန်ဟာ တတ်သိနားလည်မှုရှိပြီး ပြိုင်ဘက်ကင်းသည်။


“နောက်ကျရင် ဇာတ်ညွှန်းကို ယူသွားတဲ့အခါ စိတ်ကိုပါ တစ်ခါတည်းယူသွား.. ကြည့်ရှုသူတွေကို အဆိပ်မသင့်စေနဲ့” 


 ရှန်းယွဲ့က ဆိုးဝါးစွာဝေဖန်ပြောလိုက်သည်။ 


ထန်ချောင်းချောင်း နှုတ်ခမ်းကိုတွန့်လိမ်လိုက်ပြီး “ဒါပေမယ့် ရှင်ကြိုက်တာ သိသာနေတာပဲကို” 


“ဒီလိုဇာတ်လမ်းမျိုးကိုကြိုက်တာ ရှက်စရာမဟုတ်ပါဘူး.. ရှင့်အကြိုက်ကို ကျွန်မ မရယ်ပါဘူး.. နောက်ဆို ကျွန်မကို ပုန်းနေစရာတောင်မလိုတော့ဘူး”


ရှန်းယွဲ့ …


သူမ၏အဖွဲ့ထဲမှ  ထိုအခန်းကို သရုပ်ဆောင်သောသူတွေထဲကတစ်ယောက်က သူကြည့်လိုက်တဲ့လူတွေထဲမှာ ဘာခံစားချက်မှမပါဘူးဟုပြောသည်။ ဘယ်လိုလူက ဘာခံစားချက်မှမပါတာဖြစ်လိမ့်မလဲ။


တစ်ခါ “သုံးဆက်မြောက် ဒဏ္ဏာရီလာနတ်ဆိုးမရဲ့ အာဏာအချစ်” ပြသခဲ့စဥ်က ဇာတ်လမ်းသည် ကြည့်ရှုသူတွေကို ထိုးဖောက်မည်ဟု မျှော်လင့်ခဲ့သော်လည်း လူအုပ်ကြားထဲမှာ ထန်ချောင်းချောင်းသည် တစ်ယောက်တည်း ထွန်းလင်းတောက်ပနေသူဖြစ်ခဲ့လေသည်။ 


ဘယ်လောက်ပဲ ဇာတ်လမ်းထဲမှာ ဆွဲဆောင်မှုကောင်းနေသည်ဖြစ်စေ သူမသည် မီးကဲ့သို့ တောက်လောင်သည့် မြေခွေးမလေးအဖြစ် မြှုပ်နှံထားခဲ့ကာ မန္တန်ရွတ်ဆိုပုံသည်တောင်မှ ထန်ချောင်းချောင်းသည် တခြားသရုပ်ဆောင်တွေထက်အများကြီး ပိုကောင်း၍ တင့်တယ်ခဲ့လေသည်။ 


(ပထမဆုံးထန်ချောင်းချောင်းရဲ့ ဂန္တဝင်အလှကို သွားရောက်ရှုစားခဲ့တုန်းက တိုင်းပြည်နဲ့လူတွေအတွက် ကပ်ဆိုက်ခဲ့သလိုပင်။) 


ဝေ့ပေါ်မှ ထန်ချောင်းချောင်း၏ မြေခွေးဇာတ်ကောင်နဲ့ ပက်သက်ပြီး ဆွေးနွေးခြင်းများ အများကြီးရှိခဲ့သည်


 နတ်ဘုရားမ(ထန်ချောင်းချောင်း)သည် ရှန်းယွဲ့အား ဇာတ်လမ်းကြည့်ပြီးသည်နှင့် ဧည့်ခန်းကို ခေါ်ဆောင်လာခဲ့လေသည်။


“ရိုက်ကွင်းကို ပြန်မသွားပဲ ဘာလို့ရုတ်တရတ်ပြန်လာတာလဲ” ဟု ရှန်းယွဲ့က မေးသည်။


ထန်ချောင်းချောင်းသည် ပြုံး၍ “ရိုက်ကွင်းကို နှစ်ရက်နားပြီး ပြန်လာတာ ကောင်းတဲ့ အံ့အားသင့်ဖွယ်ပဲမဟုတ်ဘူးလား” 


ရှန်းယွဲ့သည် သူမအားကြည့်ကာ “ဘာပြန်လာလုပ်တာလဲ”


ထန်ချောင်းချောင်းသည် တဲ့တိုးစွာဖြင့် “ရှင့်ကိုတွေ့ဖို့” ဟု ပြောလိုက်သည်။


ရှန်းယွဲ့သည် ထိုစကားကိုကြားသည်နှင့် လန့်သွားပြီး “ကိုယ့်ကိုတွေ့ဖို့..” 


ထန်ချောင်းချောင်းသည် ပွင့်လင်းစွာဖြင့် “ရှင့်ခြေထောက်တွေ ဘယ်လိုလဲဆိုတာကြည့်ဖို့”


ရှန်းယွဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး “ဘာလို့ ကိုယ့်ခြေထောက်ကို အဲ့လောက်ဂရုစိုက်နေရတာလဲ”


“ရှင့်ကို မတ်တပ်ပြန်ရပ်နိုင်ဖို့ ကူညီပေးမယ်ပြောထားတယ်လေ.. အမျိုးကောင်းသားက မြင်းနောက်လိုက်ဖို့ဆိုရင် ခက်မယ်လို့ပြောခဲ့တာကို..”


“ဒီကတိအတွက်ကြောင့်လား” ရှန်းယွဲ့သည် အနည်းငယ် လမ်းပျောက်နေသကဲ့သို့ပင်။


“ဒါမှမဟုတ်ရင်..” 


ထန်ချောင်းချောင်းသည် သူ့အား ထူးဆန်းစွာကြည့်လိုက်ပြီး “ဒေါက်တာလျူက ဘာပြောလဲ”


ရှန်းယွဲ့သည် ရုတ်တရတ် မျက်နှာငိုက်စိုက်ကျသွားပြီး တောင့်တင်းစွာဖြင့် “သိပ်မကောင်းဘူး”


ထန်ချောင်းချောင်း အံ့သြသွားပြီး “မဟုတ်ဘူး.. ရှင့်ခြေထောက်မှာ နာကျင်မှုကိုခံစားနေရတယ်လေ.. အဓိပ္ပာယ်က အတွင်းထဲက အဂ်ါအစိတ်အပိုင်းတွေပြန်ဆက်နေတာ.. ဆိုတော့ အများကြီး သက်သာလာမှာ”


ရှန်းယွဲ့သည် သူမဘက်သို့ လှည့်လိုက်ပြီး အေးစက်စွာဖြင့် “မသိဘူး.. ဘယ်လိုပဲဖြစ်ဖြစ် အခုထိတော့ မသန်စွမ်းသေးတာပဲ”


ထန်ချောင်းချောင်းသည် သူ့ပုခုံးကိုပုတ်ပြီး “စိတ်မပူပါနဲ့.. ကျွန်မရှင့်ကို မနက်ဖြန်ကျရင် ကြည့်ပေးမယ်.. အခုတော့ ရေချိုးပြီးအိပ်တော့မလို့.. ပြီးတော့ ရိုက်ကွင်းပြီးတော့ လေယာဥ်စီးရသေးတယ်... အရမ်းပင်ပန်းတာပဲ” သူမက သန်းဝေပြီး သူ့အခန်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလေတော့သည်။


ရှန်းယွဲ့တစ်ယောက်သာ သုန်မှုန်၍ကျန်ခဲ့လေသည်။


နောက်တစ်နေ့ ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ခြေထောက်ကို ကုပေးဖို့ အချိန်ရနေစဥ်မှာ လီကျိရောက်လာပြီး ယောကျ်ားနှစ်ယောက်နှင့် မိန်းမတစ်ယောက်ကို ခေါ်လာလေသည်။ သူတို့သည် ရှန်းယွဲ့ကုမ္ပဏီရှိ လူယုံတော်များဖြစ်သည်။ ရှန်းယွဲ့လက်ထပ်သွားသည်ကို သိသည်နှင့် သူတို့၏မရီးကို ကြည့်ဖို့အတွက် ကျွက်ကျွက်ဆူနေခဲ့ကြလေသည်။


ထန်ချောင်းချောင်းသည် အရင်က တခြားနေရာမှာ ရိုက်ကူးနေခဲ့ပြီး လီကျိသည် သူမ ပေကျင်းကိုပြန်လာချိန်မှာ သိခဲ့လေသည်။ ယခုဆိုလျင် သူသည် သူမ၏ အချိန်ဇယားကို အနီးကပ်အာရုံစိုက်ကြည့်ရှုပေးခဲ့ခြင်းဟာ ထန်ချောင်းချောင်းသည် သူ့သူဌေးအတွက် အရေးပါခြင်းကို သိနေသည့်တစ်ချက်တည်းအတွက်ပင်မဟုတ်ပဲ ပိုပြီးအရေးကြီးသည်က သူတကယ့်ကို ထန်ချောင်းချောင်းချက်ပြုတ်သောဟင်းများကို စားချင်သောကြောင့်ဖြစ်သည်။


သူတို့လေးယောက်ကိုကြည့်ပြီး ရှန်းယွဲ့သည် စိတ်မကြည်လင်စွာနှင့် “ကုမ္ပဏီမှာ တကယ်အလုပ်မရှိဘူးလား.. အလုပ်ကိုလည်း သေချာမလာဘူး.. အရေပြားက ယားနေပြန်လို့လား”


လီကျိသည် ဟဟဟု ရယ်လိုက်ပြီး “ကျွန်တော်တို့ မရီးပြန်လာတယ်ကြားလို့ အပြေးလေးလာကြည့်တာ”


“ဟုတ်တယ်” ဟု ကျန်သည့်သုံးယောက်က သံယောင်လိုက်ပြောသည်။


ပေကျင်း၏ အချမ်းသာဆုံးစာရင်းဝင်သားတစ်ယောက်ဖြစ်သူ ရှန်းယွဲ့သည် ယခင်က မိန်းမတွေ မဝန်းရံခံခဲ့ရဖူးသည့်အတွက် လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုအပေါ်တောင်မှ သံသယဝင်ခံခဲ့ရဖူးသည်။ မည်သူသိမည်နည်း၊ ယခုဆိုလျင် အဆင့်တစ်နေရာကိုတောင်ရောက်ရှိပြီး လက်ထပ်ထိမ်းမြားခြင်းတောင် ပြီးဆုံးသွားခဲ့လေပြီပင်ဖြစ်သည်။ 


သူဌေးသည် သူဌေးဖြစ်ဖို့ ထိုက်တန်ပေသည်။


Xxxxxxx