အပိုင်း ၇၂
Viewers 24k

Chapter 72


ဒါသည် ထန်ချောင်းချောင်း၏ ကူညီထောက်ပံ့ပေးမှုကြောင်းဆိုတာကို ရှန်းယွဲ့သိသည်။

ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ ခြေထောက်ကိုဖိပြီး တည်ကြည်စွာ မေးသည်။


 “အခု ရှင့်ခြေထောက် ခိုင်လာပြီလို့ ခံစားရလား”


“မခံစားရဘူး” ရှန်းယွဲ့သည် ပြန်ပြောလိုက်ပြီး ဒါသည် အမှန်တရားပင်ဖြစ်၏။


ထန်ချောင်းချောင်းသည် နောက်ထပ်နည်းလမ်းတစ်ခုကို စဥ်းစားပြီး “ရှင်မတ်တပ်ရပ်ကြည့်ပြီး လမ်းလျှောက်ကြည့်လို့ရပြီလို့ ကျွန်မထင်တယ်.. သုံးလွှာမှာ ပြန်လည်ထူထောင်ဖို့ ပစ္စည်းတွေရှိတယ်.. အဲ့ဒါကို ကြိုးစားကြည့်ရအောင်”

အိမ်ကြီး၏ သုံးလွှာမှာ သီးသန့် audio-visual room တစ်ခုတည်းမဟုတ်ပဲ ကြီးမားသည့် အားကစားခန်းမလည်း ရှိပေသည်။ ရှန်းယွဲ့မတော်တဆမှုဖြစ်ပြီးမှ ရောက်လာသည့် ပစ္စည်းပစ္စယများအပါအဝင် ခန္ဓာကိုယ်အတွက် အသုံးအဝင်သည့် ကိရိယာများလည်းရှိသည်။ 


ထိုအချိန်က ရှန်းယွဲ့၏ခြေထောက်သည် အခြေအနေဆိုးရွားနေခဲ့ပြီး ထိုကရိယာများသည်လည်း တစ်ခါမှမသုံးဖြစ်ခဲ့ချေ။


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ငြင်းမှာကို မစောင့်တော့ပဲ ဓာတ်လှေကားနှင့် သုံးထပ်သို့ တွန်းပို့ခေါ်ဆောင်လာခဲ့သည်။ 


ပြန်လည်ကောင်းမွန်ရေးအတွက် ပစ္စည်းပစ္စယများနှင့် ထိပ်တိုက်တွေ့ပြီးနောက် ရှန်းယွဲ့ အနည်းငယ် သောကရောက်သွားသလိုခံစားရလေသည်။ သူ၏ခြေထောက်နှင့် ခြေဖဝါးတွင် နာကျင်မှုကို ခံစားရခဲ့ပြီးသော်လည်း မတ်တပ်ရပ်ရမည်မှာ ဖြုန်းတီးရာကျသည့်မျှော်လင့်ချက်ဖြစ်သဖြင့် ကြောက်ရွံ့နေဆဲဖြစ်သည်။ ကားအက်ဆီးဒင့်ဖြစ်ခဲ့ပုံကို အမှတ်ရပြီး သူ၏ခြေထောက်သည် မတ်တပ်ရပ်ရမည့်အကြောင်းကို တွေးလိုက်သည်နှင့် အားနည်းလာလေတော့သည်။ 


ရှန်းယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး “အချိန်မကျသေးဘူးလို့ထင်တယ်.. အပ်စိုက်ကုထုံးနဲ့ နှိပ်တာကို နည်းနည်းထပ်လုပ်ကြည့်ရအောင်” 


“နောက်ပြန်ဆုတ်လို့မရဘူး” ထန်ချောင်းချောင်းသည် မရမက ပြောသည်။ “အရာအားလုံးက အစမှာတော့ ခက်ခဲကြတာပဲ.. ဒီပထမဆုံးခြေလှမ်းကို မစတင်ဘူးဆိုရင် ဘယ်တော့မှ မတ်တပ်ရပ်နိုင်မလဲဆို သိမှာမဟုတ်ဘူး.. လေ့ကျင့်တာနဲ့ အပ်စိုက်ကုထုံးက အငြင်းပွားစရာမဟုတ်ဘူး.. လက်နှစ်ဖက်လုံးနဲ့ သေသေချာချာဆုပ်ကိုင်ပြီး ဆွဲထူရမယ်လို့ ပြောကြတာရှိတယ်” 


ရှန်းယွဲ့၏ မျက်ခုံးမွှေးသည် ပင့်တက်သွားခဲ့ပြီး ‘ဒီစကားက ဒီမှာသုံးလို့ရလား’ 


ပြင်းထန်စိတ်ဒဏ်ရာနှင့် ကြုံတွေ့ခဲ့ရသောလူနာများသည် PTSD ရှိနိုင်ကြသည်။ သူတို့၏ ခြေလက်အဂ်ါများ ပြန်လည်ကောင်းမွန်သွားသော်လည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာအားဖြင့် ရရှိခဲ့သော ဒဏ်ရာသည် မပျောက်ကင်းနိုင်ပေ။ 


ထန်ချောင်းချောင်းသည် ရှန်းယွဲ့တွင် PTSD ရှိလားဆိုတာ မသိခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာအားဖြင့်တော့ သိသိသာသာကို ခုခံနေခဲ့သည်။


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို တိုင်တစ်ခုဆီသို့ တွန်းပို့ခဲ့ပြီး စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ “ဒါကိုလုပ်ကြည့်”


ရှန်းယွဲ့သည် သူမ၏ မျှော်လင့်စောင့်စားသော အကြည့်အား ကြည့်လိုက်ပြီး သူ့အရှေ့မှ တိုင်နှစ်ခုအား ကြည့်လိုက်သည်။ သူသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။


ထို့နောက် သူသည် နှစ်ခါလောက် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး တိုင်နှစ်ဖက်လုံးကိုကိုင်ကာ အံကြိတ်၍ ခန္ဓာကိုယ်အောက်ပိုင်းကို ပင့်တင်လိုက်သည်။ 


ထန်ချောင်းချောင်းက ကူညီမပေးပဲ သူ့ဘေးမှာ ရပ်ကြည့်နေသည်။


ဒီအဆင့်ကို သူ့ဘာသာလုပ်ရမည်ဖြစ်သည်။


ရှန်းယွဲ့၏ ခြေထောက်သည် နှစ်တစ်ဝက်စာလောက် အသက်မဲ့နေခဲ့ရသည့်အတွက် အခုဒီအဆင့်ကို ထပ်လုပ်ဖို့အတွက် မလွယ်ကူပေ။ သူ့ခြေထောက်သည် သူ့အပိုင်မဟုတ်သလို ခံစားရပြီး ခွန်အားတွေလည်း လုံးဝ မသုံးနိုင်တော့ပေ။ မတ်တပ်ရပ်ဖို့ သူ့လက်တွေကိုသာ အားထည့်နိုင်ခဲ့သည်။ 


အချည်းနှီးဖြစ်သော်လည်း “မတ်တပ်ရပ်ခြင်း” သည် သူ့နဖူးကို စတင်၍ ချွေးထွက်လာစေသည်။ 


ထန်ချောင်းချောင်းက သူ့ကို အားပေးနေဆဲဖြစ်သည် “မကြောက်နဲ့.. ခြေထောက်ကို လှုပ်ဖို့ကြိုးစားကြည့်” 


သူမက ရှန်းယွဲ့၏ ဆန့်ကျင်ဘက်ဆီသို့ ခြေနှစ်လှမ်းဖြင့် ပြေးသွားလိုက်ပြီး ကိုယ်ကိုအနည်းငယ်ကိုင်ကာ  လက်ဝါးကို ရိုက်၍ “လာစမ်းပါ.. ထကြည့်”


ရှန်းယွဲ့၏မျက်နှာသည် မှောင်မည်းသွားသည်။ ‘ဘာလို့ သူမက ကလေးကို လမ်းလျှောက်ဖို့ ချော့မြူနေတဲ့ အမေတစ်ယောက်နဲံ့ တူတယ်လို့ ခံစားနေရတာလဲ’


တစ်ဖက်မှာတော့ ထန်ချောင်းချောင်းသည် အခုထိ အော်ဟစ်နေခဲ့သည်။ ရှန်းယွဲ့က အံကြိတ်လိုက်ပြီး တိုင်ပေါ်မှ သူ၏ညာလက်ကို အရှေ့သို့ လျှောဆင်းကာ အားကုန်သုံးပြီး ဘယ်ဘက်ခြေထောက်ကို စတင်လှမ်းလိုက်သည်။ 


သူ့ခြေထောက်ကို အရမ်းအမြင့်ကြီး မ,မနိုင်သေးပဲ တရွတ်တိုက်ဆွဲနေသလိုနှင့် တူပေမယ့် ဒါသည် စင်စစ် ပထမဆုံးခြေလှမ်းပင်ဖြစ်သည်။ 


ထန်ချောင်းချောင်းသည် အသံကျယ်ကျယ်ဖြင့် ချီးမွမ်းလိုက်သည်။ “တော်တယ်” 


ရှန်းယွဲ့ အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ “တခြားဟာပြောလို့မရဘူးလား” 


“တခြားဟာ” ထန်ချောင်းချောင်းသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ “အင်း.. ဒီကိုရောက်နိုင်ပြီဆိုရင် ရှင်စားချင်တာ ကျွန်မလုပ်ကျွေးမယ်”


ရှန်းယွဲ့သည် “ငါးကင်” ဟုပြောသည်။ သူသည် “တောအတွင်းရှင်သန်ခြင်း”  အစီအစဥ်ကြည့်ကတည်းက စားချင်နေခဲ့ခြင်းဖြစ်သည်။ 


ထန်ချောင်းချောင်း “ကောင်းပြီလေ” 


ရှန်းယွဲ့ နောက်ထပ်ခြေတစ်လှမ်းကို နှေးကွေးစွာ လှမ်းလိုက်သည်။ “ငရုတ်ကောင်းနဲ့လုပ်ထားတဲ့ စပျစ်ရည် ယုန်သား”


“ကိစ္စမရှိဘူး”


ဘာလို့ သူမ show မှာ ချက်ခဲ့တဲ့ ဟင်းတွေဖြစ်နေရတာလဲ။


သို့သော်လည်း အချိန်တစ်ခဏလေးနဲ့ သူမ အများကြီး မစီမံနိုင်ပေ။ ထန်ချောင်းချောင်းသည် ရှန်းယွဲ့ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဟင်းအမျိုးနာမည်များကို ကြားရသည်။


ရှန်းယွဲ့သည် လမ်းတစ်ဝက်လောက်ထိ လျှောက်ပြီး အနားယူလိုက်သည်။ ယခုဆိုလျှင် ရှန်းယွဲ့သည် သူမကို ကလေးလမ်းလျှောက်တတ်အောင် ချော့မြူပေးနေသည့် မိခင်လို မခံစားရတော့ပဲ မြည်းတစ်ကောင်အား အရှေ့သို့ ပိုလျှောက်အောင် မုန်လာဥနီနှင့် ဖြားယောင်းခေါ်ဆောင်နေသော လယ်သမားလို ခံစားရလေသည်။


သူတို့ ဘာလို့ အဲ့လောက်တောင် ထူးဆန်းနေရတာလဲ။


ရှန်းယွဲ့သည် ဖြည်းဖြည်းချင်းစီ ခြေလှမ်းသွားသည်။ သူ ၂မီတာခန့်ရှိသော တိုင်၏အဆုံးထိလျှောက်ပြီး နောက်တစ်တိုင်ဆီသို့ ဦးတည်နေချိန်မှာ ကြောင်အမ်းအမ်းဖြစ်သွားရသည်။


ထိုအချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးများနှင့် စိုရွှဲနေခဲ့ပြီး ခြေထောက်များသည် တုန်ယင်နေခဲ့သော်လည်း အလေးချိန်တစ်ချို့ကို သယ်ထားနိုင်သေးသောကြောင့် စိတ်သက်သာရာရသလို ခံစားရလေသည်။


“အာ.. ရှင်လုပ်နိုင်ခဲ့ပြီ” ထန်ချောင်းချောင်းသည် သူ့ထက်တောင်ပိုပြီး စိတ်လှုပ်ရှားနေပုံပေါ်သည်။ သူမ၏ မျက်နှာသည် တောက်ပသောအပြုံးနှင့်အတူ အရောင်ဖြန်းနေခဲ့သည်။


ရှန်းယွဲ့သည် သူမ၏တောက်ပသောအပြုံးဆီမှ ဖမ်းစားခံလိုက်ရပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်သည် ပျော့ပျောင်းသွားရကာ အရှေ့သို့ အလျင်စလိုတိုးလိုက်သည်။


“ဂရုစိုက်” ထန်ချောင်းချောင်းသည် အရှေ့သို့တိုးပြီး သူ့အား ဖက်လိုက်သည်။ နှစ်ယောက်သားသည် နှောင့်နှေးခြင်းမရှိပဲ ပွေ့ဖက်မိသွားကြသည်။


ထိုအချိန်တွင် နှစ်ယောက်လုံး၏မျက်နှာများသည် အလွန်နီးကပ်နေခဲ့သည်။ လေ့ကျင့်ခန်းလုပ်ထားမှုကြောင့် ရှန်းယွဲ့သည် အပူတပြင်းအသက်ရှုနေပြီး ဟောဟဲလိုက်ကာ ပူနွေးသောအသက်ရှုသံများသည် သူမ၏နားရွက်နောက်သို့ ဖျန်းပက်သလိုဖြစ်သွားသည်။ ချွေးစက်များက သူ၏ပါးပြင်ပေါ်မှ လည်ပင်းထိ ကျရောက်ပြီး ချွေးရွှဲရွှဲစိုနေသောအင်္ကျီသည်လည်း သူ့ခန္ဓာကိုယ်ပေါ်မှာ စွဲကပ်နေသည်။ ထန်ချောင်းချောင်းသည် သူ့ကို ဖက်ထားရင်းက အင်္ကျီအောက်မှ တင်းမာသောကြွက်သားများကိုပင် ခံစားမိသည်။


မျှော်လင့်မထားသော်လည်း တစ်နေ့လုံး ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ထိုင်နေရသော ရှန်းယွဲ့သည် အမှန်တကယ်တော့ ခန္ဓာကိုယ်အချိုးအစားကောင်းမွန်သောပုံစံဖြစ်နေခဲ့သည်။ 


ရှန်းယွဲ့သည် သူမ၏ အပေါ်တက်လိုက်အောက်ကျလိုက်လုပ်နေသောမျက်လုံးများကို မညှာမတာနှင့် မျက်မှောင်ကြုတ်ကြည့်လိုက်ကာ မေးလိုက်သည်


 “ဘာကြည့်နေတာလဲ” 


ထန်ချောင်းချောင်းသည် မျက်နှာကြက်ကိုမော့ကြည့်လိုက်ကာ ခြောက်သွေ့စွာဖြင့် ပြုံးလိုက်သည်။ “ဘာမှမဟုတ်ပါဘူး.. ပြန်ထိုင်ဖို့ ကူညီပေးမယ်” 


သူမသည် လှည့်ကြည့်လိုက်ကာ ဘီးတပ်ကုထားထိုင်သည် အခုထိ တိုင်လုံး၏အဆုံးမှာရှိနေကြောင်း တွေ့သွားခဲ့သော်လည်း ရှန်းယွဲ့သည် မတ်တပ်ရပ်နိုင်ဖို့ မစွမ်းသေးကြောင်း သိသာသည်။


ရှန်းယွဲ့က “အန်တီဝမ်းကို အထဲဝင်ဖို့ ခေါ်လိုက်လေ”


ထန်ချောင်းချောင်းက “ပြဿနာမရှာစမ်းပါနဲ့”


ရှန်းယွဲ့သည် စိတ်ထင့်သွားရပြီး “ဘာလုပ်ချင်လို့လဲ”


ထန်ချောင်းချောင်း အနည်းငယ်ပြုံးလိုက်ပြီး သူမ၏လက်ကို ရှန်းယွဲ့၏ခြေထောက်အနောက်သို့ပို့ကာ “ရှင့်ကို ကျွန်မ သယ်သွားမယ်” ဟုပြောသည်။


မင်းသမီးလေးရဲ့ သယ်ဆောင်ခြင်းဖြစ်ပြန်ပေသည်။


“ထန်ချောင်းချောင်း” ရှန်းယွဲ့သည် ပင်ပန်းနေခဲ့ပြီးဖြစ်သော်လည်း အခုတော့ ဘာစကားမှမပြောနိုင်သဖြင့် အလွန်စိတ်တိုနေမိသည်။ ဒီမိန်းကလေးသည် တကယ့်ကိုပင် သူ့အား ဒီလိုလုပ်ရဲခဲ့သည်။ 


“ဝိတ်တက်လာတယ်နော်.. ဘာမဟုတ်တာအတွက် ကျွေးခဲ့ရတာမဟုတ်ဘူးပဲ” သူ့ခန္ဓာကိုယ်သည် ယခင်ကထက်ပို၍ လေးပင်နေခဲ့သည်။


ရှန်းယွဲ့သည် ထိုင်ခုံပေါ်ပြန်ရောက်သည့်အခါ သူ၏မျက်နှာသည် အလွန့်အလွန်ဖျော့တော့နေခဲ့ပြီး သူမအား စိတ်ဆိုးစွာဖြင့် ကြည့်လိုက်သည်။ “မင်းကိုယ့်ကို နောက်တစ်ခေါက် ဒီလို ကူပေးစရာမလိုဘူး” သူ၏ ယောင်္ကျားပီသမှုတွေ ဘယ်ရောက်သွားပြီလဲ။


ထန်ချောင်းချောင်းက သူဘာကြောင့် ဒီလောက်ထိ စိတ်ဆိုးနေလဲဆိုတာ နားမလည်ခဲ့ချေ။ 


“မဖြစ်နိုင်တာ.. ကျွန်မကို ဒီလိုယောင်္ကျားကြီးကိုသယ်တဲ့ မင်းသမီးလေးလို့ ရှင်ထင်နေတာလား”


သူမသည် တတွတ်တွတ်ပြောသည်။ “အဲ့တော့ ရှင်မြန်မြန်ပြန်ကောင်းဖို့လိုတယ်..

ခြေထောက်ကို မြန်မြန်ပြန်ကောင်းအောင်လုပ်ပြီး မတ်တပ်ရပ်.. ဒါဆိုရင် မင်းသမီးလေးက ယောင်္ကျားကြီးကို သယ်ပေးတယ်ဆိုတာလည်း ဖြစ်စရာမလိုတော့ဘူး”


ရှန်းယွဲ့သည် မမျှော်လင့်ပဲနှင့် သူမအား အပြစ်တင်လိုက်သည်။ နည်းလမ်းတွေအများကြီးရှိသည့်အထဲမှာမှ သူမ ဘာလို့ ဒီတစ်ခုကို ရွေးရတာလဲ။


ရလဒ်အနေနှင့် ကောင်းမွန်စွာလေ့ကျင့်ခန်းလုပ်ခြင်းက ထန်ချောင်းချောင်း၏ မင်းသမီးလေးက ယောင်္ကျားကြီးအားသယ်ပေးခြင်းကြောင့် ပျက်စီးသွားခဲ့ရသည်။


ထို့ကြောင့် သူမသည် ရှန်းယွဲ့အား တန်ဖိုးကြီးသော ငါးကင်နှင့် ငရုတ်ကောင်းနဲ့လုပ်ထားသော စပျစ်ရည် 

ယုန်သားအား ဒဏ်ရာရသွားသော လူနာ၏ အသည်းနှလုံးကို နှစ်သိမ့်ပေးဖို့အတွက် ချက်ပြုတ်ပေးရတော့ပေမည်။


“နားရက်နှစ်ရက်ယူထားတယ်ဆိုပြီး အလျင်စလိုသွားဖို့ လိုလို့လား” ရှန်းယွဲ့သည် အပြင်သွားဖို့ အဆင်သင့်ဖြစ်နေသည့် ထန်ချောင်းချောင်းအား မကျေမနပ်ကြည့်ကာပြောလိုက်သည်။


ထန်ချောင်းချောင်းက “ကျွန်မ အရင်ကလုပ်ခဲ့တဲ့ ဖျော်ရည်ကြော်ငြာက ကောင်းကောင်းအလုပ်ဖြစ်ခဲ့တယ်.. ဖျော်ရည်က အရမ်းရောင်းရတယ်လို့လည်း ပြောကြတယ်.. အဖျော်ယမကာကုမ္ပဏီက ကျွန်မကို နောက်ထပ်ကြော်ညာအသစ်ဓာတ်ပုံရိုက်စေချင်နေကြတာ” ဟုပြောလိုက်သည်။


“ကျန်းကုန်းကျွီပဲလား”


ထန်ချောင်းချောင်း သူမ၏အိတ်ကိုယူကာ “ဟုတ်တယ်.. ရိုက်ကွင်းကို မပြန်ခင် အချိန်နည်းနည်းရလို့ သူက ဓာတ်ပုံရိုက်ဖို့ခေါ်ခဲ့တာ.. အဲ့တော့ သူတို့ ကြော်ငြာကိစ္စမနှောင့်နှေးဖို့အတွက် ကျွန်မ မြန်မြန်သွားမှရမယ်”


သူမသည် ဖိနပ်လဲပြီး သုတ်ခြေတင်ကာ ထွက်မသွားခင် “ရိုက်ကူးရေးက ကြာလောက်မှာဆိုတော့ ညစာအတွက် စောင့်မနေနဲ့တော့နော်” ဟု ပြောသွားသေးသည်။ 


ရှန်းယွဲ့သည် အေးစက်သောရောင်ဝါများအား ဖြန့်ထုတ်နေခဲ့၏။


ထန်ချောင်းချောင်း ရိုက်ကွင်းကိုပြေးသွားတဲ့အချိန်မှာ ကျန်းကုန်းကျွီက ရောက်နှင့်နေခဲ့သည်။ ကြော်ငြာဓာတ်ပုံသစ်အတွက် တောင်းဆိုမှုတွေက ပုံမှန်ဖြစ်ခဲ့ပြီး ရိုက်ကွင်းကလည်း ချောချောမွေ့မွေ့ပြီးခဲ့သည်။ ထန်ချောင်းချောင်းရဲ့အလုပ်လည်း မြန်မြန်ပြီးသွားခဲ့သည်။ 


ကျန်းကုန်းကျွီက ထန်ချောင်းချောင်းကို စောင့်နေခဲ့ပြီး နောက်တစ်ကြိမ်အပြင်မှာ အတူစားဖို့တောင်းဆိုခဲ့သည်။ 


ထန်ချောင်းချောင်းက ဒီတစ်ခါမှာတော့ မငြင်းခဲ့ပေ။ နောက်ဆုံးမှာတော့ ကျန်းကုန်းကျွီ.က ထန်ချောင်းချောင်းကို ကြော်ငြာတွေရိုက်ဖို့တောင်းဆိုခဲ့ပြီး သူမရဲ့ရိုက်ကွင်းကိုအလည်သွားခဲ့သည်။ သူကလည်း သူမရဲ့ အကြီးစား ပရိတ်သတ် တစ်ယောက်ပင်ဖြစ်သည်။ သူက သူမရဲ့ အစားသောက်နဲ့ အဝတ်အစားထောက်ပံ့ပေးတဲ့သူဖြစ်တာကြောင့် သူနဲ့အတူတူစားတာက အထင်လွဲစရာမရှိပါ။ 


သူမက သူ့ပရိတ်သတ်တွေအတွက်တော့ ကောင်းမွန်တဲ့ သရုပ်ဆောင်ဖြစ်လိမ့်မည်။

 

ထန်ချောင်းချောင်းက ရှန်းယွဲ့ဆီကို စာပို့ခဲ့သည်။ သူကတော့ "ဟမ်" လို့ပဲပြန်ပို့ခဲ့သည်။ 


“ဟမ်" ကလွဲပြီး တခြားဟာပို့ရင် သူ့လက်ကျိုးသွားမှာမို့လို့လား။ 


ကျန်းကုန်းကျွီက ထန်ချောင်းချောင်းကို CBD ရဲ့အလယ်မှာရှိတဲ့ အဆင့်မြင့်အနောက်တိုင်းစားသောက်ဆိုင်ကိုခေါ်သွားပြီး သီးသန့်ဓာတ်လှေကားကနေ private box ကိုသွားခဲ့သည်။


သူတို့နှစ်ယောက်က မြို့ရဲ့လှပပြီးစည်ကားတဲ့ ညရှုခင်းကိုကြည့်ရင်း ပြတင်းပေါက်ဘေးမှာထိုင်ခဲ့ကြသည်။ 


ကျန်းကုန်းကျွီအတွက်တော့ ထန်ချောင်းချောင်းနဲ့အတူ နှစ်ယောက်တည်းနီးနီးကပ်ကပ်နေရတာကပထမဆုံးအကြိမ်ပင်ဖြစ်၏။ သူ့ရဲ့လက်ကို ဘယ်နားထားရမယ်မှန်းမသိအောင် ရင်တွေအရမ်းခုန်နေခဲ့သည်။ အဲ့ဒါကြောင့် မီနူးကို သူမရှေ့ကို တွန်းပို့လိုက်သည်။


"မှာလိုက်ပါ"


"ဒါဆိုလည်းမှာပြီနော်" ထန်ချောင်းချောင်းက မီနူးကိုယူပြီး စားသောက်ဆိုင်ကနာမည်ကြီးဟင်းလျာတွေကိုမှာခဲ့သည်။ "အမဲသားကို ခရင်မ်ဆော့စ်နဲ့...'


သူမက စားသောက်ဆိုင်ရဲ့ နာမည်အကြီးဆုံးမိုဂျီတိုကော့တေးကိုလည်း မှာလိုက်သည်။


Xxxxxx