Chapter 74
ကျန်းကုန်းကျွီ၏ပုံကို မမြင်ပီးတဲ့နောက်မှာ ရှန်းယွဲ့က နည်းနည်းဒေါသထွက်သွားခဲ့သည်။ သို့သော် ကားက တိတ်ဆိတ်နေတာကို ရုတ်တရက်သတိထားမိသွား၏။ ထန်ချောင်းချောင်းက တစ်လုံးမှမပြောခဲ့။ သူမ ဘယ်တုန်းက အဲ့လောက်လိမ္မာသွားတာလဲ။ အိပ်ပျော်သွားတာလား။
ရှန်းယွဲ့က သူ့ရဲ့ခေါင်းကိုသတိထားလှည့်ပြီးတော့ မတ်မတ်ကြီးထိုင်ပြီး မျက်လုံးကြီးဖွင့်ကာအရှေ့ကို စိုက်ကြည့်နေတဲ့ ထန်ချောင်းချောင်းကို မြင်သွားသည်။
"မင်းဘာတွေကြည့်နေတာလဲ"
"ရှူး အခုပြောလို့မရသေးဘူး" လို့ ထန်ချောင်းချောင်းက တိုးတိုးလေးပြောသည်။
ဒါက သူမ ဘယ်လောက်မူးနေလဲဆိုတာပြနေတာပဲ။ အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောတဲ့အထိကို သူမမူးနေလေပြီ။
ရှန်းယွဲ့က ဒေါသသံမပါပဲ "ဘာ့ကြောင်မပြောနိုင်တာလဲ" လို့မေးလိုက်သည်။
ထန်ချောင်းချောင်းက ဘေးကိုပတ်ကြည့် ဟိုရွေ့ဒီရွေ့လုပ်ပြီး " ငါကလူသားမဟုတ်ဘူး.. အဲ့ဒါကြောင့်မပြောသင့်ဘူး" လို့ တိုးတိုးလေးပြောလိုက်သည်။
"မင်းကလူသားမဟုတ်ဘူး.. ဒါဆိုမင်းကဘာလဲ" ပုံမှန်ဆိုရင် အရမ်းသန်မာတဲ့အမျိုးသမီးက မူးပြီးဒီလိုပုံဖြစ်နေတာကိုကြည့်ကာ စိတ်ဝင်စားသွားခဲ့သည်။
ရှန်းယွဲ့က ရုတ်တရက်မကောင်းတဲ့အကြံအစည်တစ်ခုကိုစဥ်းစားမိပြီး ဖုန်းထုတ်ကာ သူမကိုချိန်ထားလိုက်သည်။
ထန်ချောင်းချောင်းက အောက်နှာခမ်းကိုကိုက်ပြီး ဘာခံစားချက်မှမရှိတဲ့မျက်နှာထားနဲ့ "ကျွန်မ ရှင့်ကိုပြောပြမယ်.. ဒါပေမယ့်ဘယ်သူ့ကိုမှမပြောနဲ့နော်”
“အိုခေ ဘယ်သူ့ကိုမှမပြောဘူး" ရှန်းယွဲ့က အခွင့်အရေးကိုအရယူခဲ့သည်။
"ငါကနတ်သမီးပဲ" ထန်ချောင်းချောင်းရဲ့ မျက်ခုံးတွေကသူမရဲ့ အားကောင်းတဲ့စွမ်းအင်ကိုဖော်ပြနေသည်။
ရှန်းယွဲ့က မေးလိုက်သည်။ "ဘာနတ်သမီးလဲ"
‘သူမရဲ့ကာရိုက်တာအကြောင်းပြောနေတာလား မြေခွေးလား’
“ဟုတ်တယ်...”
ထန်ချောင်းချောင်းက သူမပိတ်မိသလိုပုံစံမျိုးနဲ့ခဏလောက်ရပ်ခဲ့သည်။ အဲ့ဒီနောက် သူ့ကိုမေးလိုက်သည်။ "ဘာလို့ဒီအကြောင်းတွေကိုမေးနေတာလဲ.. လူဆိုးလား.. ရှင်ကျွန်မကို သုတေသနလုပ်ဖို့အတွက်ဖမ်းချင်နေတာလား.. TV shows တွေမှာလိုလေ"
ရှန်းယွဲ့က သက်ပြင်းချလိုက်၏။ "နတ်သမီးတွေအကုန်လုံးက သုတေသနလုပ်ဖို့မထိုက်တန်ဘူး.. အဲ့ဒါကမင်းရဲ့တန်ဖိုးပေါ်မှာမူတည်တယ်.. မင်းရဲ့တန်ဖိုးကနည်းနည်းလေးပဲရှိတာ"
ထန်ချောင်းချောင်းက အဲ့ဒါကိုကြားပြီးတဲ့နောက်မှာ ရုတ်တရက်စိတ်လှုပ်ရှားသွားခဲ့သည်။ "ဘယ်သူကငါ့ကိုတန်ဖိုးမရှိဘူးပြောတာလဲ.. ငါကအရမ်းတန်ဖိုးရှိတာ"
နောက်ဆုံးမှာတော့အရက်က သူမရဲ့ခေါင်းထဲထိရောက်သွားပုံပါပဲ။ ထန်ချောင်းချောင်းရဲ့ ပါးတွေကပန်းသီးအနီလိုနီရဲနေခဲ့သည်။ သူမရဲ့မျက်လုံးထောင့်တွေကလည်းနီနေ၏။
“ငါက ဘယ်လိုချက်ရမလဲဆိုတာသိတယ်.. ဟင်းအများကြီးကိုလည်းချက်နိုင်တယ်” ထန်ချောင်းချောင်းက သူမရဲ့လက်တွေကိုဆန့်ထုတ်ပြီး သူမရဲ့လက်ဖဝါးတွေကိုပန်းကန်လိုဖြန့်ကာ ဟင်းချက်တဲ့ပုံစံတွေလုပ်ပြသည်။
ရှန်းယွဲ့ကတော့ ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့၏။ သူမက မူးနေတာတောင် ဟင်းချက်နေတုန်းပဲ။ ဟင်းချက်တာကိုဘယ်လောက်တောင် သဘောကျလိုက်လဲ။
“ငါကသရုပ်လည်းဆောင်တတ်တယ် . ငါကပရော်ဖက်ရှင်နယ်သရုပ်ဆောင်တစ်ယောက်ပဲ.. ပရိသတ်တွေရှိတဲ့ သရုပ်ဆောင်” ထန်ချောင်းချောင်းက ဆက်ပြီးကနေခဲ့သည်။ ကားအမိုးကိုထိမတတ် သူမရဲ့လက်မောင်းတွေကိုမြှောက်ထားသေး၏။
"မလှုပ်နဲ့" ရှန်းယွဲ့က သူမရဲ့လက်တွေကိုဆွဲချပြီး သူမရဲ့ခန္ဓာကိုယ်တစ်ဝက်ကို ကိုင်ထားလိုက်သည်။ သူမရဲ့ ထူးဆန်းတဲ့အင်အားနဲ့ သူမသာမထိန်းချုပ်နိုင်ဘူးဆိုရင် သူတို့တွေကားပါမှောက်နိုင်သည်။
ကံကောင်းစွာနဲ့ပဲသူ ထန်ချောင်းချောင်းကို ထိန်းပြီးတဲ့နောက်မှာ သူမ နှစ်ခါတော့ရုန်းခဲ့သေး၏။ အဲ့ဒီနောက်မှာ သူမက ဆက်ပြီးမခုခံတော့ပဒ သူမရဲ့ သဘာဝကိုပြောင်းလိုက်သလို ချုုံ့လိုက်သည်။ ခေါင်းကိုချုံ့လိုက်ပီး ရှန်းယွဲ့ရဲ့ပုခုံးပေါ်မှာညင်သာစွာမှီလိုက်သည်။
“ငါက ရှန်းယွဲ့ရဲ့ခြေထောက်တွေကိုလည်း ကုပေးနိုင်တယ်.. သူမရဲ့ အသံကနူးညံ့ပြီး တိုးတိုးလေးပြောခဲ့တသည်။
ထန်ချောင်းချောင်းက သူ့ကို တင်းတင်းကျပ်ကျပ်မဆက်ဆံတာရှားသည်။ ဒါပေမယ့် သူ့ကို နာခံစွာမှီထား၏။ သူမရဲ့ ဆံပင်တွေက သူ့ရဲ့လည်ပင်းကို သွားထိနေပြီး သူမရဲ့ လက်တွေကလည်း သူ့ရဲ့ပေါင်ပေါ်မှာဖြစ်ကာ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကြောင်တစ်ကောင်လိုကွေးထားသေးသည်။
ရှေ့မှာရှိတဲ့ဒရိုင်ဘာက နားလည်မှုရှိရှိ အကာကိုဆွဲတင်လိုက်သည်။ ထို့ကြောင့် ကားနောက်ခန်းတစ်ခုလုံးက ကန့်သတ်နယ်မြေလိုဖြစ်သွား၏။
ရှန်းယွဲ့က သူမရဲ့ဆံပင်တွေကိုပွတ်ပေးရင်း "မင်းဘာလို့အဲ့လောက်တောင် ရှန်းယွဲ့ရဲ့ခြေထောက်တွေကို ကုပေးချင်ရတာလဲ” လို့ နူးညံတဲ့လေသံနဲ့မေးလိုက်သည်။ သူအခုထိ အဲ့ဒါကို နားမလည်သေးပါ။
ထန်ချောင်းချောင်းကတော့ တိတ်ဆိတ်နေခဲ့သည်။
ထန်ချောင်းချောင်းက သူမေးတာကိုနားမလည်နိင်လောက်အောင်မူးနေပြီလားလို့ သိချင်နေတဲ့အချိန်မှာပဲသူမရဲ့နူးညံတဲ့အသံတွေက သူ့ရဲ့နားထဲကိုရောက်လာခဲ့သည်။ “ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ခြေထောက်တွေကိုသာ ကုလိုက်ရင် အတူတူနေဖို့အကြောင်းပြချက်မရှိတော့ဘူး”
ရှန်းယွဲ့ရဲ့မျက်နှာက ရုတ်တရက်ပြောင်းသွားပြီး “မင်းဘာကိုဆိုလိုတာလဲ"
ထန်ချောင်းချောင်းက နှစ်ခါလောက်ညည်းညူပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။
ရှန်းယွဲ့ရဲ့ နှလုံးသားကတော့ တည်ငြိမ်မနေခဲ့ပေ။
........
"ခေါင်းကိုက်လိုက်တာ"
ထန်ချောင်းချောင်း နိုးနိုးချင်းမှာပင်ကြားလိုက်ရသည်က ဘေးနှစ်ဖက်မှ ဆူညံလှသောစကားပြောသံများပင်ဖြစ်သည်။
သူမရဲ့အသောက်စွမ်းရည်ကတော်တော်ဆိုးရွားနေပြီး ကော့တေးဖန်ခွက် အနည်းငယ်လောက်နဲ့ မှောက်သွားမယ်လို့တောင်မထင်ထားခဲ့ပေ။
သူမ ရေးတေးတေးမှတ်မိတာက ရှန်းယွဲ့ သူမကို သယ်လာပြီးတော့ကားပေါ်တက်ပြီးနောက်ပိုင်း မှတ်ညဏ်တွေက တစ်စစီဖြစ်ကုန်သည်။
ထန်ချောင်းချောင်းသည် ကိုယ့်ခေါင်းကို ခေါက်လိုက်ပြီး ထမင်းစားခန်းထဲကို လျှောက်လာလိုက်သည်။ ထိုအချိန်မှာ ရှန်းယွဲ့သည် ထမင်းစားပွဲမှာထိုင်နေပီး ကော်ဖီတစ်ခွက်ကို ကြော့ကြော့မော့မော့ ထိုင်သောက်နေသည်။
သူမသည် သူ့ဘေးက ခုံမှာဝင်ထိုင်လိုက်ကာ မျက်မှောင်ကျုတ်ပီး မေးလိုက်သည်။ "ကျွန်မ မနေ့ညက တော်တော်မူးသွားပုံရတယ်.. တစ်ခုခုပြောခဲ့သေးလား"
ရှန်းယွဲ့ကသူမကို တစ်ချက်ငဲ့ကြည့်လိုက်ပီး "မင်းဘာပြောနိုင်မယ်ထင်လဲ"
ထန်ချောင်းချောင်းသည် လည်ပင်းကို ပွတ်သတ်ပြီး ပြောလိုက်သည်။ "မဖြစ်နိုင်တာ.. ငါ့စပျစ်ဝိုင်က ဒီလောက်မဆိုးသင့်ပါဘူး"
ရှန်းယွဲ့က "မင်းသေချာလို့လား"
ထန်ချောင်းချောင်းက စိတ်မသက်မသာနှင့် “ဒါပေါ့.. ကျွန်မ ခန္ဓာကိုယ်အကြောင်း ကျွန်မသိပါတယ်" ဟု ပြောလိုက်သည်။
ရှန်းယွဲ့က ကော်ဖီခွက်ကိုချလိုက်ပြီး ဖုန်းကိုကိုင်ကာ သူ့လက်ချောင်းလေးများကို ရွှေ့ကာ စခရင်ကို ထန်ချောင်းချောင်းကိုပြလိုက်သည်။
ထန်ချောင်းချောင်းသည် သူမမျက်နှာကို စခရင်ပေါ်တွင်မြင်လိုက်ရသည်။
ရှန်းယွဲ့က ထန်ချောင်းချောင်းမူးနေတဲ့ ဗီဒီယို ကိုဖွင့်ပြလိုက်သည်။ "ငါက နတ်သမီးလေးတစ်ပါးပါ.. စကားမပြောသင့်ဘူး..”
“မင်းသုတေသတနလုပ်ပီး ခွဲခြားစိတ်ဖြာချင်လား”
“ငါက သရုပ်ဆောင် တစ်ယောက်.. ပရိသတ်တွေရှိတဲ့ အကောင်းဆုံးမင်းသမီးတစ်ယောက်..
“ငါကတန်ဖိုးရှိတယ်.. ငါထမင်းချက်တတ်တယ်"
ထန်ချောင်းချောင်းတစ်ယောက် သူမရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောလိုက်၊ ငိုကြွေးလိုက်၊ ကခုန်လိုက် လုပ်နေတဲ့ ဗီဒီယိုတစ်ခုလုံးကိုကြည့်ပြီးတဲ့နောက်မှာတော့ ထိတ်လန့်သွားပီး အနားမှာပုန်းလို့ရမယ့်အပေါက်တစ်ခုလောက်ပေါ်လာပါစေဟုသာ ဆုတောင်းနေမိသည်။
‘ဘုရားရေ’
သူမ အရက်မူးနေတဲ့နောက်မှာတော့ တကယ်ကို မိုက်မဲနေခဲ့သည်။
ထန်ချောင်းချောင်းက ရုတ်တစ်ရက် သူမလက်နဲ့အမြန် ဖုန်းကိုဆွဲယူလိုက်သည်။ သို့သော် ရှန်းယွဲ့သည် အသင့်ဖြစ်နေပီး ချက်ချင်းသူ့လက်ကို ရုတ်သိမ်းလိုက်သည်။
သူမဒေါသထွက်လာပြီး "ဒါကိုမှတ်တမ်းတင်ထားပြီး ဘာလုပ်ဖို့လဲ.. ဖျက်လိုက်တော့"
ရှန်းယွဲ့က ထန်ချောင်းချောင်းရဲ့ စိတ်ဆိုးပီး ရှက်ရမ်းရမ်းနေတဲ့ မျက်နှာလေးကိုကြည့်ကာ ပြုံးလိုက်သည်။ "ငါက ဘာလို့ ဒီလောက်ရယ်စရာကောင်းတဲ့ ဗီဒီယိုကို ဖျက်ပစ်ရမှာလဲ.. ငါကော်ပီတောင်ကူးထားသေးတယ်.. မင်းဒီဖုန်းကိုယူပြီး ဖျက်ပစ်လိုက်လည်း အလကားပဲ "
"ရှင်” ထန်ချောင်းချောင်း သူ့မျက်နှာကို မယုံနိုင်လောက်အောင်ကြည့်ပီးပြောလိုက်သည်။ "ဒါ မိန်းကလေးတစ်ယောက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အသုံးချနေတာ.. ရည်ရွယ်ချက်က ဘာလဲ”
ရှန်းယွဲ့က မျက်ခုံးပင့်လိုက်ပြီး “အခု အဖြေရှာဖို့ အရမ်း နောက်မကျသေးပါဘူး"
ထန်ချောင်းချောင်းက “ဒါကို ရှင်ဆက်သိမ်းထားလည်း အသုံးမဝင်ဘူး" ဟုပြောသည်။
ရှန်းယွဲ့က "ဒါအသုံးမဝင်ဘူးလို့ဘယ်သူပြောတာလဲ.. ဒီလိုခံစားချက်ကောင်းကောင်းလေးနဲ့ ဖျော်ဖြေပေးနေတာကို.. မင်းမှာ ဟာသပါရမီပါပါတယ်.. ဒါကမင်းလက်ရှိပုံစံထက်တောင် ပိုကောင်းလာမှာ” ဟု ပြောလေသည်။
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ ငြင်းဆန်ပုံကိုကြည့်ပြီး ပြောလိုက်သည်။ “ဆရာရှန်း ဖျက်လိုက်ပါ"
ဒီလိုဆိုးရွားတဲ့ အမဲစက်ကြီးရှိနေတာ သည်းမခံနိုင်စရာပဲ။
"စိတ်မပူပါနဲ့.. ဒီဗီဒီယိုက ငါတို့နှစ်ယောက်ကလွဲလို့ တစ်ခြားဘယ်သူမှ မသိစေရဘူး"
ဒါသည်လည်း ကျိုးကြောင်း မလျော်ကန်ပေ။ ရှန်းယွဲ့လို စိတ်ပုတ်သူတစ်ယောက်က ဘာတွေကြံစည်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ချေ။ တကယ်လို့ ဒီဗီဒီယိုသာ ပြန့်သွားရင် သူမရဲ့ ဂုဏ်သတင်းကတော့ပျက်တော့မှာဖြစ်သည်။ ကင်းကောင်ဘာဘီလို့ အခေါ်ခံရတာထက် ပိုကြောက်ဖို့ကောင်းမည်ပင်
"ဗီဒီယိုကို ဘာလို့ မဖျက်ချင်နေရတာလဲ"
ရှန်းယွဲ့က “ဖျက်ချင်ရင် ဖျက်လို့ရပါတယ်.. ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်” ဟူသော စကားကို စောင့်မျှော်နေသယောင်ရှိသည်။
ထန်ချောင်းချောင်းက တုံ့ဆိုင်းမနေပဲ ချက်ချင်းပြန်ဖြေလိုက်သည်။ “ပြောကြည့်"
"ငါသေချာတောင် အဖြေမရှာရသေးဘူး.. တကယ်လို့ စဥ်းစားမိရင်တော့ မင်းကိုပြန်ပြောမယ်လေ" ရှန်းယွဲ့က ဖြည်းဖြည်းချင်းပြောလိုက်သည်။
ထန်ချောင်းချောင်းတစ်ယောက် မခံမရပ်နိုင်ဖြစ်သွားပြီး “ရှင် သိုင်းပညာဝတ္ထုတွေ အများကြီးဖတ်ပြီး ဒီနည်းလမ်းကို ရလာခဲ့တာလား”
"ငါဖတ်တာကို ဂရုစိုက်မနေပါနဲ့.. အခု မင်းငါ့အပေါ် အကြွေးရှိတယ်နော်”
ထန်ချောင်းချောင်းသည် သူမ နဖူးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
ထန်ချောင်းချောင်းသည် စိတ်ပုတ်တဲ့ ရှန်းယွဲ့အတွက် ရိုက်ကွင်းဆီကိုသာ စိတ်ပျက်လက်ပျက်နှင့် ပြန်သွားခဲ့ရသည်။ ဒီတစ်ခေါက်မှာတော့ အဖွဲ့က နာမည်ကြီး တဟန်းနိုင်ငံဆိုသည့် အခန်းကို ကူးပြောင်းသွားပြီး အားလုံးနီးပါး တက်တက်ကြွကြွပါဝင်နေကြသည်။ အဖွဲ့သားတွေကလည်း ပတ်ပတ်လည်မှာ ဝန်းရံနေသည်။
ထန်ချောင်းချောင်းသည် မောက်လီလည်း
တဟန်းနိုင်ငံအခန်းကို ရိုက်ကူးနေပြီး သူမအဖွဲ့နှင့် မနီးမဝေးမှာရှိနေကြောင်းသိရှိခဲ့ရသည်။
သူမ မောက်လီအခန်းကို သွားလည်ချင်တာကြောင့်
ရိုက်ကွင်းရဲ့ အစောပိုင်းအဆုံးသတ်ကို အခွင့်ကောင်းယူကာ ဖန်းယွမ်နှင့်အတူ မောက်လီအဖွဲ့ဆီသို့ သွားခဲ့သည်။
အဖွဲ့ရဲ့ အစွန်းအဖျားလေးကို ချဥ်းကပ်မိတာနှင့််တောင် ဝန်ထမ်းတော်တော်များများ အလုပ်ရှုပ်နေတာကိုတွေ့လိုက်ရသည်။
ထန်ချောင်းချောင်းက "ဖန်းယွမ်ရေ.. နင်မြန်မြန်သွားပီး အစ်မလီ အခု ရိုက်ကူးရေးလုပ်နေလား ကြည့်ခဲ့ပေးပါ.. တကယ်လို့ ရိုက်ကူးရေးလုပ်နေတာဆိုရင်တော့ အဲ့ကိုသွားပြီး အနှောင့်အယှက်မပေးပဲ နေရအောင်”
ဖန်းယွမ်က ခေါင်းညိတ်ပြပြီး အဖွဲ့ဆီ ခပ်သုတ်သုတ် လျှောက်သွားသည်။
ထန်ချောင်းချောင်းတစ်ယောက်ထဲ လမ်းပေါ်မှာရပ်နေပြီး ပတ်ပတ်လည်ကို ပျင်းရိစွာဖြင့် ရပ်ကြည့်နေသည်။
"ကလေးမလေးတစ်ယောက်ကလည်း ကြယ်ပွင့်လေး
တွေကိုလိုက်ဖမ်းဖို့ ဒီနေရာကိုရောက်နေတာပဲ.. ဘယ်သူ့ကို လိုက်နေတာလဲ.. မောက်လီလား"
ထိုအချိန်မှာပဲ အမျိုးသမီးအသံက ရုတ်တစ်ရက်ထွက်ပေါ်လာသည်။
ထန်ချောင်းချောင်းက နောက်ပြန်လှည့်ကြည့်တော့
ဆံပင်ကောက်ကောက်နဲ့ လူလတ်ပိုင်းအရွယ် အဒေါ်တစ်ယောက်က စားသောက်ဆိုင်ရှေ့မှာ ရပ်နေတာကိုတွေ့လိုက်ရသည်။
ထန်ချောင်းချောင်းက လမ်းလျှောက်သွားပြီး ပြုံးပြလိုက်ကာ "ကျွန်မ ဒီမှာ ကြယ်ပွင့်တွေကိုရှာဖို့ ရောက်နေတယ်လို့ အန်တီဘယ်လိုသိတာလဲ"
အန်တီမှ နှစ်လိုဖွယ်ကောင်းသောအသံဖြင့် "အကြည့်တစ်ချက်နဲ့တင် ပြောနိုင်ပါတယ်ကွယ်.. မင်းအသက်အရွယ်နဲ့ အဖွဲ့နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေတာကိုကြည့်ရင် မင်းဟာ 100% ကြယ်ပွင့်လေးကို လာရှာနေတာပဲ.. မင်းလိုကောင်မလေးတွေအများကြီးကို တွေ့ဖူးပါတယ်.. ငါက အသက်ကြီးနေပြီဆိုပေမယ့် ဒီလောက်တော့နားလည်ပါသေးတယ်.. မင်းက ဓာတ်ပုံဆရာမလေးလား"
"မဟုတ်ဘူးပဲ.. မင်းမှာ ကင်မရာမယူလာဘူး" အဒေါ်က သူ့ဘာသာ ရေရွတ်သည်။
ထန်ချောင်းချောင်းက အံ့သြစွာနဲ့ “အန်တီက တော်တော်သိတာပဲနော်"
"ဟေး ငါက တဟန်း နိုင်ငံအတွက် အကြာကြီးအလုပ်လုပ်ခဲ့တာလေ" အန်တီကပြုံးပြီး ပြောသည်။
Xxxxxxx