အပိုင်း ၁၀၉
Viewers 14k

အခန်း(၁၀၉) - အကယ်၍ ဒီသတင်းတွေသာ ပျံ့နှံ့သွားရင် သူမ ဒီမှာ ဘယ်လိုမျိုး ရှင်သန်နေထိုင်ရမှာလဲ

 

ရှောင်သခင်မကြီး ပြောပြီးသည်နှင့် ရှောင်မိသားစုရဲ့ အကြီးဆုံးသားနှင့် တခြားလူတွေကလည်း သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖော်ပြခဲ့တာကြောင့် လူတွေက ဒီအကြောင်းကို စတင်ပြောဆိုကြလေသည်။

 

"ဒါတော့ အရမ်းလွန်သွားပြီ၊ ချွေးမက ယောက္ခကို ပြန်ပြောရုံသာမက သူ့မောင်လေးကလည်း သူ့ယောက်ဖတွေကိုလည်း ရိုက်ခဲ့သေးတယ်။"

 

"အရင်တုန်းကတော့ ကောချွန်းယီကို လူကြီးလူကောင်းလို့ ထင်ထားခဲ့တာ၊ ဒီလို အကျင့်စရိုက်မျိုးရှိမယ် မထင်ခဲ့မိဘူး။"

 

"ဟုတ်တယ်။ စစ်သူကြီးစံအိမ်မှာ နေပြီဆိုကတည်းက သူတို့က စစ်သူကြီးဇနီးနဲ့ စံအိမ်မှာ နေခဲ့ပြီး စစ်သူကြီးရဲ့ မိဘတွေကျတော့ ရွာမှာပဲ နေခဲ့ရတယ်။"

 

"စစ်သူကြီးရှောင်က သူ့ယောက်ဖကိုတော့ ကောင်းကောင်း ပျိုးထောင်ပေးခဲ့တယ်၊ သူကတော့ စစ်သူကြီးရဲ့ မိဘနဲ့ ညီအစ်ကိုတွေကိုကျ အနိုင်ကျင့်နေတယ်။"

 

"ကျေးဇူးကန်းလိုက်တဲ့လူ။"

 

"ငါကတော့ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ပျိုးထောင်တယ်ပဲ ကြားဖူးပါတယ်၊ ဒီလိုမျိုး မိန်းမရဲ့ ညီကိုမောင်နှမတွေကို ပျိုးထောင်ပေးတယ်ဆိုတာ ရှားမှ ရှားပဲ၊ စစ်သူကြီးရှောင်က တော်တော်လေး တမူထူးခြားတဲ့လူပဲ၊ ဒါကို သူ့မိန်းမရဲ့ မိသားစုက နားမလည်ဘူး။"

 

သူတို့စံအိမ် အနီးတစ်ဝိုက်မှာ နေထိုင်သည့်လူတွေက စစ်သူကြီးစံအိမ်က သူတို့ရဲ့ အခြေအနေကို အနည်းငယ် နားလည်သည်။

 

အရင်တုန်းက ကောချွန်းယီက ရုပ်ရည်ချောမောကာ သင်ယူလိုစိတ်ပြင်းပြသည်။

 

စစ်သူကြီးရှောင်က သူ့ကို မြို့တော်က အထူးပညာရပ်သင်ကျောင်းမှာ ပညာသင်ယူခွင့်ရအောင် လုပ်ပေးခဲ့သည်။

 

သူ့ရဲ့ လေးအတတ်ပညာဟာလည်း အလွန်ထူးချွန်ပြောင်မြောက်လှသည်။

 

သူ နောက်နှစ်မှာ တော်ဝင်စာမေးပွဲဖြေမည်ဖြစ်ကြောင်းလည်း ထင်ကြေးပေးနေကြသည်။

 

သူ တော်ဝင်စာမေးပွဲဝင်ဖြေပြီးလို့ ပထမနေရာ ရခဲ့ပါက အတွေ့အကြုံရအောင် စစ်တပ်ထဲဝင်မည်ဖြစ်သည်။

 

ထို့နောက် စစ်သူကြီးရှောင်ရဲ့ အဆက်အသွယ်ကို အသုံးပြုကာ မြို့တော်ကိုပြန်လာပြီး စစ်နှင့်တရားစီရင်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

 

သူ့ရဲ့ အနာအဂတ်က အကန့်အသတ်မဲ့နေသည်။

 

ထို့ကြောင့် မိသားစုတချို့က ကောချွန်းယီကို မျက်စိကျနေကာ သမက်တော်ချင်နေသည်။

 

သို့ပေမယ့် အခုလိုကိစ္စဖြစ်လာတော့ သူ့ရဲ့ ပင်ကိုယ်စရိုက်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့ကြလေသည်။

 

သူက စိတ်လိုက်မာန်ပါလုပ်တတ်ပြီး လူကြီးသူမကို ရိုသေးလေးစားခြင်း မရှိသလို ရိုက်လည်း ရိုက်ရဲပေသည်။ တော်တော်လေး ကြမ်းကြုတ်တာပဲ။

 

တကယ်လို့ အနာဂတ်မှာ သူ့ဇနီးကို ရိုက်နှက်နေရင် ဘယ်လိုလုပ်မလဲ။

 

ဒီကိစ္စကို တီးတိုးပြောနေသည့် လူအနည်းငယ် ရှိလေသည်။

 

ရှောင်သခင်မကြီးက အသက် ၅၀လောက်ရှိပြီဖြစ်သော်လည်း နားကတော့ ပါးလေသည်။

 

ထို့ကြောင့် ထိုစကားတွေကို သူမ ကြားသည်။

 

သူမက အလွန်ဒေါသထွက်နေသည်။ သူမရဲ့ ဒုတိယသားက မလုပ်သင့်တာတွေ လုပ်နေတာပဲ။

 

ဒီမြေခွေးမရဲ့ မောင်လေးကို အလွန်အကြူး ကာကွယ်ပေးနေခဲ့တာပဲ။

 

သူ့ရဲ့ ညီအစ်ကိုအရင်းနဲ့ တူလေးတွေကိုကျတော့ မကူညီပေးချင်ဘူး။

 

ကောချွန်းယီက တော်ဝင်စာမေးပွဲကို ပထမနေရာကိုယူပြီး စစ်တပ်မှာ လေ့ကျင့်ရေးဆင်းပြီး မြို့တော်မှာ အရာရှိ ပြန်လာလုပ်ချင်နေသေးတယ်။

 

ဒီလိုအရာမျိုးက သူမရဲ့ မြေးတွေ ပိုင်ဆိုင်သင့်သော်လည်း ထိုမျိုးမစစ်က ယူထားပြီးပြီဖြစ်သည်။

 

ရှောင်သခင်မကြီးက နာကျည်းမှုတွေ မခံမရပ်နိုင်မှုတွေ ပြည့်နှက်နေခဲ့သည်။ ဒီတစ်ခါတော့ သူမ အလွန် ဝမ်းနည်းကာ စိတ်ပျက်နေခဲ့သည်။

 

"ဘုရားရေ ငါ့ဘဝကြီးက ဘာလို့ ဒီလောက်ဆိုးရတာလဲ၊ ငါအသက်ဆက်မရှင်ချင်တော့ဘူး၊ ငါ့ထက် အငယ်တွေက ငါ့ကို အနိုင်ကျင့်နေတယ်၊ ငါ့ရဲ့ ချွေးမကြီး ငါ့အတွက် ကြိုးသွားရှာပေး၊ ငါ ဒီနေ့ ဒီနေရာမှာတင် ဆွဲကြိုးချသေပစ်မယ်။"

 

ရှောင်သခင်မကြီးရဲ့ စကားတွေကို ကြားတော့ ကောချွန်းရုနှင့် သူမ မောင်လေးက ထွက်လာခဲ့သည်။

 

ကောချွန်းရုသည် သူမကို လူတွေက ရွံရှာသလိုကြည့်နေပြီး ရှောင်သခင်မကြီးက သူမ မောင်လေးရဲ့ ထောင်လွှားမှု၊ ကျေးဇူးကန်းမှု၊ အကြီးကို မရိုမသေလုပ်မှုတွေကို လုပ်ကြံပြောဆိုနေတာကြောင့် ဒေါသထွက်ကာ မေ့လဲကျလုမတတ် ဖြစ်နေခဲ့သည်။

 

ဒီစောက်အဖွားကြီးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ။

 

သို့ပေမယ့် သူမက သူမရဲ့ ယောက္ခမ ဖြစ်သည်။

 

ကောချွန်းရုက သူမရဲ့ နီရဲရောင်ယမ်းနေသည့် မျက်နှာကို ဂရုမစိုက်အားဘဲ ထွက်သွားကာ ငိုယိုခဲ့သည်။

 

"အမေ ယောက်မတွေ ကျွန်မကို ဝိုင်းရိုက်နေလို့ ကျွန်မ မောင်လေးက ကျွန်မကို ကူညီတာပါ၊ သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။"

 

သူမ၏ မျက်နှာက အရိုက်ခံထားရတာက ထင်းနေသည်။

 

အမျိုးသမီးဝမ်က အားပြင်းလှတာကြောင့် မျက်နှာက ရောင်ကိုင်းနေပြီး ဒါက သက်သေ ဖြစ်သည်။

 

ဒီအခြေအနေကို မြင်လိုက်သည့် ပွဲကြည့်သူတွေက ကြက်သေ သေသွားခဲ့သည်။

 

လျှို့ဝှက်ဇာတ်လမ်းများ ရှိနေတာလား။

 

ရှောင်သခင်မကြီးက သူမ စကားကိုကြားတော့ ဒီမြေခွေးမက မကောင်းတာ တစ်ခုခု လုပ်တော့မယ်ဆိုတာကို သိလိုက်လေသည်။

 

အကယ်၍ သူတို့သာ စံအိမ်ထဲမှာသာဆိုပါက ထိုမြေခွေးမ အရိုက်ခံနေရပြီဖြစ်သည်။

 

သို့ပေမယ့် သူမက ရှစ်ချင်းလျို့ရဲ့ အကြံကို တွေးပြီးနောက် ချုပ်တည်းထားခဲ့သည်။

 

ကောချွန်းရုလို ဟန်ဆောင်တတ်သည့်လူကို ကိုင်တွယ်ဖြေရှင်းချင်ပါက ကောချွန်းရုထက် ပိုမိုဟန်ဆောင်တတ်ရမည်ဖြစ်ကြောင်း သင်ပေးခဲ့သည်။

 

မဟုတ်ပါက သူမက အခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မည်။

 

ရှောင်သခင်မကြီး ခေါင်းမော့ကြည့်လိုက်တော့ ကောချွန်းယီရဲ့ မျက်လုံးထဲက အမုန်းတရားနှင့် ဒေါသကို မြင်တွေ့ခဲ့လေသည်။

 

ထိုအခြင်းအရာက သူမရင်ထဲက ဒေါသတွေကို ဆွပေးခဲ့သည်။

 

သူတို့က ဒီမျိုးမစစ်လေးကို မကျေမနပ်ဖြစ်တာကို ဖော်တောင်မဖော်ပြရသေးတဲ့အချိန်မှာ ဒီမျိုးမစစ်လေးက သူတို့ကို စတင်မုန်းတီးနေပြီ။

 

နင်တို့ကို ဘယ်လိုရှင်းထုတ်မလဲဆိုတာ ကြည့်ကြတာပေါ့။

 

သူမက မျက်ရည်တွေအပြည့်ဖြင့် အားငယ်ပြီး ခိုကိုးရာမဲ့သည့် အမူအရာဖြင့် ပြောခဲ့သည်။ "အရင်ကတော့ ငါ့ကိုလက်ညှိုးထိုးပြီး ငါက စစ်သူကြီးစံအိမ်ကို အန္တရာယ်ပြုပါတယ်ဆိုပြီး ဆူဆဲခဲ့တယ်၊ ဒါကြောင့် နင့်ယောက်မတွေနဲ့ ချွေးမကောင်းဖြစ်အောင် သင်ပေးဖို့ ငါပြောခဲ့မိတာပါ၊ သူတို့က တကယ်ဒေါသထွက်ပြီး နင့်ကိုရိုက်မိလိမ့်မယ်လို့ မထင်မိခဲ့ဘူး။"

 

သူမက ရုတ်တရက် လက်မြှောက်ကာ ကိုယ့်ပါးကိုယ် ရိုက်ခဲ့လေသည်။ "ငါ တောင်းပန်ပါတယ်၊ ဒီအဖွားကြီးက စစ်သူကြီးရဲ့ ဇနီးကို တောင်းပန်ပါတယ်။"

 

ရှောင်သခင်မကြီး သူမကိုယ်သူမ ပြန်ရိုက်သည့် ရိုက်ချက်က ညှင်သာသည့် ရိုက်ချက် မဟုတ်တာကြောင့် လူတိုင်း အသံတောင် ကြားလိုက်ရလေသည်။

 

ဒီတိရိစ္ဆာန်နှစ်ကောင်က အလွန်ရက်စက်တာကြောင့် သူတို့ထက် ပိုရက်စက်ဖို့ ရှစ်ချင်းလျို့က သင်ကြားပေးခဲ့သည်။

 

ဒီမြေခွေးမက ဝတ္တရား မကျေပွန်ကြောင်းနှင့် မျိုးမစစ်လေးက မှားယွင်းကြောင်း သက်သေပြဖို့အတွက် အရင်ဆုံး သူမဘာသာသူမ ရက်စက်ပြရမည်ဖြစ်သည်။

 

ထို့သို့ပြောပြီးသည်နှင့် သူမက လက်မြှောက်ကာ နောက်ထပ် ပါးတစ်ဖက်ကို ထပ်ရိုက်ဖို့ ပြင်ခဲ့သည်။

 

ထိုမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေသလို ကောချွန်းရုလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

 

အကုန်လုံး ပြီးဆုံးသွားပြီ ဟူသော အတွေးတစ်ခုသာ သူမစိတ်ထဲ ရှိတော့သည်။

 

ဒီအဖွားကြီး ကိုယ့်ပါးကိုယ်ပြန်ရိုက်လိုက်တာက သူမ အစောပိုင်းက ပြောခဲ့တာတွေကို ဖြေရှင်းလိုက်ရုံတင်သာမက သူမ အပေါ် အကုန်အပြစ်တင်လိုက်ခြင်း ဖြစ်သည်။

 

ဒီမှာ လူတွေအများကြီးရှိသည်။

 

ဒီစကားသာ ပျံ့နှံ့သွားပါက သူမက ရွာက ယောက္ခမကို ဖိအားပေးပြီး ကိုယ့်ဘာသာကိုယ် ရိုက်ခိုင်းကာ တောင်းပန်ခိုင်းသည်ဟု လူတွေ ထင်ကုန်ကြလိမ့်မည်။

 

ဒီစောက်အဖွားကြီးက သူနဲ့သူ့မောင်လေးရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးဖို့ ကြိုးစားနေတာပဲ။

 

သူမက အလွန်ရက်စက်လွန်းလှသည်။

 

အမျိုးသမီးဝူက အလွန်ဉာဏ်ကောင်းသည်။

 

ရှောင်သခင်မကြီးက ကိုယ့်ဘာသာကိုယ် ပါးရိုက်ချင်ယောင်ဆောင်နေတာကြောင့် သူမက သွားဆွဲလိုက်သည်။

 

"အမေ မရိုက်ပါနဲ့တော့။ ကျွန်မတို့ရင်တွေ နာလှပါတယ်။"

 

သူမလည်း သူမဘာသာ အကြမ်းပတမ်း ပါးပြန်ရိုက်ခဲ့လေသည်။ "အမေ့အစား ကျွန်မ ကိုယ့်ဘာသာကိုယ် ရိုက်ပါ့မယ်၊ ကျွန်မကပဲ စစ်သူကြီးရဲ့ ဇနီးကို တောင်းပန်ပါ့မယ်။"

 

အမျိုးသမီးဝမ်က ဉာဏ်မထက်ပေမယ့် ဘယ်လို ရေလိုက်ငါးလိုက်နေရမလဲဆိုတာကို သိနားလည်သည်။

 

စောနက သူမခင်ပွန်းက ဒီမျိုးမစစ်လေးရဲ့ အကြိမ်ပေါင်းများစွာ အရိုက်ခံထားခဲ့ရတာကြောင့် သူမ ရင်တွေနာနေသည်။

 

ကိုယ့်ပါးကိုယ်ရိုက်တာက ဒီတိရိစ္ဆာန်နှစ်ကောင်ကို ရှင်းထုတ်နိုင်မည်ဆိုပါက သူမ လုပ်မည်။

 

ထို့ကြောင့် သူမက ရှောင်သခင်မကြီးရဲ့ လက်ကို ဆွဲခဲ့သည်။

 

သူမက ငိုယိုကာ ပြောလေသည်။ "အမေ ဒါတွေက ကျွန်မ အမှားတွေပါ၊ စစ်သူကြီးရဲ့ ဇနီးကို စကားပြောပါရစေ၊ ရွာက ချွေးမတွေက ယောက္ခမကို ခံမပြောပါဘူး၊ ဒါကြောင့် အရမ်းဒေါသထွက်ပြီး သူ့ကိုရိုက်ခဲ့မိတာပါ၊ စစ်သူကြီးရဲ့ ဇနီးကို တောင်းပန်ပါတယ်။" သူမလည်း ကိုယ့်ပါးကိုယ် ရိုက်ခဲ့လေသည်။

 

အမျိုးသမီးဝူရဲ့မျက်လုံးတွေက မြန်သည်။ သူမက ရှောင်သခင်မကြီးကို ကူတွဲပေးသလိုဖြင့် အမျိုးသမီဝမ်ကို တီးတိုးပြောခဲ့သည်။ "သူ့ကို ဒူးသွားထောက်လိုက်။"

 

အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူက ရွာကအိမ်မှာ မကြာခဏ ကတောက်ကဆဖြစ်သော်လည်း သူတို့က ဓာတ်တည့်သည်။

 

အခုက သူတို့ အတူတူ လက်တွဲရမည့်အချိန် ဖြစ်သည်။

 

သူမက အရှက်မရှိသည့်လူ ဖြစ်သည်။

 

အကျိုးအမြတ်သာရမည်ဆိုပါက တိရိစ္ဆာန်မကို ဒူးထောက်ရတာ ကိစ္စမရှိပေ။

 

သူ့ယောက််မက သူ့ရှေ့ဒူးထောက်ရင် ဒီတိရိစ္ဆာန်မ ဒေါသထွက်ဦးမလား ကြည့်ရသေးတာပေါ့။

 

ထို့ကြောင့် သူမက ရှောင်သခင်မကြီးကို လက်လွှတ်ကာ ကောချွန်းရုဆီသွားကာ ဒူးထောက်ခဲ့သည်။

 

သူမက ခေါင်းမော့ကာ သူ့မဘာသာသူမ ပါးနှစ်ချက်ရိုက်ခဲ့လေသည်။ "စစ်သူကြီးရဲ့ ဇနီး ဒါတွေက ငါ့အမှားပါ၊ အမေ့ကို အပြစ်မတင်ပါနဲ့၊ ချချင်ချ သတ်ချင်သတ် ငါ့ကိုပဲလုပ်ပါ၊ ငါ့ယောက်ျားကိုတော့ မရိုက်ပါနဲ့။"

 

ရွာက သိပ်တုံးအသည့် လူတွေက ဒီလို တိုက်ခိုက်လာလိမ့်မည်ဟု ကောချွန်းရု မထင်မိခဲ့ပေ။

 

သူမ မျက်နှာက ဖြူဖတ်လာကာ မေ့လဲပြိုကျမတတ်ဖြစ်နေသည်။

 

ဒီလူတွေက သူ့ဂုဏ်သိက္ခာကို လုံးဝ ဖျက်စီးပစ်ချင်နေတာပဲ။

 

သူမရဲ့ ယောက္ခမက ငိုယိုတောင်းပန်ခဲ့သည်။

 

သူမ ယောက်မကလည်း ဒူးထောက်ကာ ကိုယ့်ပါးကိုယ်ရိုက်ပြီး တောင်းပန်ခဲ့သည်။

 

အကယ်၍ ဒီသတင်းတွေသာ ပျံ့နှံ့သွားရင် သူမ ဒီမှာ ဘယ်လိုမျိုး ရှင်သန်နေထိုင်ရမှာလဲ။

 

ဒီလူတွေက မဟုတ်တာတွေ လျှောက်ပြောနေကြောင်း ကောချွန်းယီ သိလိုက်သည်။

 

သူတို့က သူ့အစ်မကို အနိုင်ကျင့်ရုံတင်မကဘဲ သူတို့ကပဲ ဒူးထောက်နေသေးသည်။

 

သူက ညှို့မှိုင်းသော မျက်နှာထားဖြင့် ပြောခဲ့သည်။ "ခင်ဗျားတို့ လွန်မလာနဲ့။"

 

ကောချွန်းရုက သူ့လက်မောင်းကို ချက်ချင်းဆွဲခဲ့သည်။ "အားယီ နင်မှားတာလေ၊ အမေနဲ့ နင့်အစ်ကိုတွေကို တောင်းပန်လိုက်။"

 

သူမ မောင်လေးက စိတ်လိုက်မာန်ပါလုပ်တတ်သည်။ ဒီလိုဆက်ဖြစ်ပါက သူမသာမက သူမ မောင်လေးရဲ့ ဂုဏ်သိက္ခာပါ ပျက်စီးနိုင်သည်။

 

ဒါပြီးမှ သူမ မောင်လေးကို ကောင်းကောင်းစုန်းမရမည်။