အခန်း(၁၁၂) - ထိပ်တိုက် တိုက်ခိုက်မှု အောင်မြင်ခြင်း
ရှောင်ယွမ်ရှစ်က မျက်လုံးတွေ ပြူးကျယ်သွားပြီး မဒမ်အိုကြီးကို
မယုံကြည်နိုင်စွာ ကြည့်ခဲ့သည်။
သူ့အမေက အလွန်ရက်စက်သည်။ သူမက တကယ် ပြောထွက်သည်။
တကယ်လို့ သူသာ အမေဖြစ်သူကို ထင်းတဲထဲပိတ်ပြီး အစာမကျွေးဘူးဟူသည့်
သတင်းသာ ပျံ့သွားပါက သူ ဘယ်လို ရှင်သန်ရတော့မည်နည်း။
သူမ ဘယ်ကတည်းက လွတ်လမ်း ချန်ထားခဲ့တာလဲ။
သူတွေးနေတုန်းမှာပဲ ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားက
ကတောက်ကဆတ် ပြောခဲ့သည်။ "ညီလေး မင်းများသွားပြီနော်၊ ငါတို့ကတော့ အိမ်နဲ့မြေကိုရောင်းပြီး
မြို့တော်မှာ မင်းကို လာတွေ့တာကို မင်းက ငါတို့နဲ့ မိဘတွေကို ဒီလိုဆက်ဆံတယ်၊ ငါတို့ကိုတောင်
အိမ်မှာ ပိတ်ထားချင်သေးတယ်လား၊ အိပ်မက်သာ ဆက်မက်နေလိုက်၊ ငါတို့က ငါတို့မိတ်ဆွေတွေနဲ့
အပြင်မှာတွေ့ဖို့ ချိန်းဆိုထားပြီးသားကွ၊ ငါတို့သာ စစ်သူကြီးစံအိမ်ကနေ နှစ်ရက်၊ သုံးရက်
အပြင်မထွက်ဘူးဆိုတာနဲ့ သူတို့က မင်းက မိဘတွေနဲ့ ညီအစ်ကိုတွေကို အိမ်ထဲ ပိတ်လှောင်ပြီး
နှိပ်စက်ပါတယ်ဆိုပြီး မြို့တော် တရားသူကြီးမင်းဆီ တိုင်ကြားစာ ပို့ပေးလိမ့်မယ်။"
ထိုအကြောင်းကို ရှစ်ချင်းလျို့ စာထဲမှာ အသိပေးခဲ့တာကို သူ
အလွန် ပျော်ရွှင်မိသည်။
ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားက ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးနှင့် ဒုတိယမြေးဖြစ်သူကို တိုင်ကြားစာကို အနည်းငယ် ကူးရေးခိုင်းခဲ့ပြီး
စာအိတ်တွေထဲ ထည့်ခဲ့သည်။
ထို့နောက် မကြာခင်က သူမိတ်ဆွေဖွဲ့ထားသည့် မိတ်ဆွေတွေနှင့်
စားသောက်ဆိုင်က စားပွဲထိုးလေးဆီ ဝေပေးခဲ့သည်။
သူတို့သာ စစ်သူကြီးစံအိမ်တော်ကနေ သုံးရက်အတွင်း အပြင်မထွက်ပါက
တိုင်ကြားစာကို မြို့တော် တရားသူကြီးမင်းဆီ ပို့ပေးဖို့ တောင်းဆိုခဲ့သည်။
အိမ်ထဲမှာ ပိတ်လှောင်ခံရပြီး နှိပ်စက်ခံရမှာကို သူတို့ကြောက်သည်။
ရှစ်ချင်းလျို့ ပြောသလို ရှောင်ယွမ်ရှစ်က ရူးသွားပြီး သူတို့ကို
သတ်ပစ်တာမျိုး ဖြစ်နိုင်သည်။
အချိန်ကျရင် စစ်သူကြီးစံအိမ်မှာ ပိတ်ခံရပြီး ဆေးခတ်ခံရနိုင်သည်။
သူတို့က တဖြည်းဖြည်း ဖျားနာပြီး သေသွားပါက သွားရောက် ငိုကြွေးစရာ
နေရာမရှိ ဖြစ်လိမ့်မည်။
ရှောင်ဟန်ကျန့်သည်လည်း ဆေးခတ်ခံခဲ့ရကာ အဖျားမကျ ဖြစ်ခဲ့ရသည်။
အကယ်၍ ရှစ်ချင်းလျို့သာ ချုံရှီပွဲတော် မလုပ်ပါက ပြန်နိုးထလာမည်
မဟုတ်ပေ။
ရှောင်မိသားစု၏ ဒုတိယသားနှင့် ကောချွန်းရုက ကြိုးကိုင်သူတွေဟု
ရှစ်ချင်းလျို့ပြောတော့ သူတို့ယုံကြည်သည်။
သူတို့က ဆေးဆရာကို ငွေတုံး ၁၀၀ပေးပြီး ရှောင်ဟန်ကျန့်ကို
သတ်ဖို့ထိ ကြိုးစားခဲ့ဖူးသည်။
ကျားတွေက ကိုယ့်ကလေးကို ပြန်မစားဘူးဟု ပြောကြပေမယ့် ဒီကောင်ကတော့
မဖြစ်နိုင်ပေ။
သူက အဲလိုရက်စက်တတ်မှတော့ အရမ်းမရင်းနှီးသည့် ညီအစ်ကိုတွေအပေါ်ဆိုရင်
ဘယ်လောက်တောင် အကြင်နာကင်းမဲ့လိုက်သလဲ။
ထို့ကြောင့် သူတို့က မြို့တော် တရားသူကြီးမင်းဆီ သွားမတိုင်ကြားခင်
ထိုစာတွေကို မျှဝေခဲ့တာ ဖြစ်သည်။
သူတို့ အန္တရာယ်များမှာစိုးလို့ လူတချို့ကို စာတွေ ပေးခဲ့သည်။
သေချာပေါက် ထိုလူတွေကို ငွေတချို့လည်း ပေးခဲ့သည်။
အခုတော့ သူတို့ရဲ့ ရွေးချယ်မှုက အလွန် မှန်ကန်သွားပုံပေါ်သည်။
အကယ်၍ သူတို့သာ ကြိုမပြင်ဆင်ထားပါက လှုပ်ရှားမှု အကုန် ပိတ်လှောင်ခံရနိုင်သည်။
ရှောင်ယွမ်ရှစ်ရဲ့ မျက်လုံးက နောက်တစ်ကြိမ် ထပ်ပြူးသွားကာ
ထိတ်လန့်သွားခဲ့သည်။
ရှောင်မိသားစုဟောင်းက လူတွေ မကောင်းဆိုးဝါးဝင်စီးခံနေရတာလား။
သူတို့က တကယ်ပဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့သည်။
ထိုအချင်းအရာက သူ့ကို မေ့လဲမတတ်ခံစားရစေသည်။
သူက အစက သူတို့ကို အိမ်ထဲ ပိတ်ထားပြီး အပြင်က သတင်းတွေ ငြိမ်သွားမှ
သူတို့ကို ရှင်းထုတ်ဖို့ ကြံစည်ထားခဲ့သည်။
သူတို့ကို ဆေးခတ်ဖို့တော့ သူ တစ်ခါမှ မတွေးဖူးပေ။
စစ်သူကြီးစံအိမ်မှာ ရှောင်မိသားစုဟောင်းက လူတွေက ဒါဇင်ကျော်
ရှိသည်။
အကယ်၍ သူတို့သာ အတူတူ တစ်ပြိုင်တည်း သေသွားပါက သံသယ ဝင်ခံရမည်
မဟုတ်ပါလား။
အခု လူတချို့က သူ့ရဲ့ စံအိမ်ကို စောင့်ကြည့်နေတာကြောင့် သူတို့ကို
အိမ်မှာ ပိတ်လှောင်ထားဖို့က မဖြစ်နိုင်ပေ။
သူတို့ရဲ့ အမူအရာတွေကို ကြည့်ရတာလည်း လိမ်ပြောနေဟန်မတူပေ။
"တော်တယ်။ မင်းတို့ သိပ်တော်တယ်။"
သူက အလွန်ဒေါသထွက်နေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
"မင်းတို့တွေ ကြပ်ကြပ် သတိထားနေကြ။"
ထိုသို့ပြောပြီးသည်နှင့် သူ ချက်ချင်း လှည့်ထွက်သွားခဲ့သည်။
သူသာ ဆက်နေပါက စိတ်မထိန်းနိုင်ဘဲ သူ့အစ်ကိုကြီးနှင့် တခြားလူတွေကို
သတ်ဖြတ်မိမှာ စိုးရိမ်သည်။
ထိုအချင်းအရာကိုမြင်တော့ ကောချွန်းရုလည်း သူ့မောင်လေးကို
ဆွဲခေါ်သွားခဲ့သည်။
ရှောင်မိသားစုဟောင်းရဲ့ ပြဿနာကောင်တွေက မြေပြင်ကို ဆောင့်အောင့်ခဲ့ကြပြီး
သူတို့ရဲ့ မျက်နှာထက်မှာ ရက်စက်သည့် အပြုံးကို ဆင်မြန်းထားခဲ့သည်။
"မြေးကြီး ရှစ်ချင်းလျို့ဆီ နှစ်ရက်အတွင်း စာရေးပြီး
ဖြစ်သမျှကို ပြောပြလိုက်၊ သူက တကယ့်အံ့ဖွယ်ပဲ၊ ဒီတိရိစ္ဆာန်နှစ်ကောင် ဘာလုပ်မလဲဆိုတာ
သူ ခန့်မှန်းနိုင်တယ်၊ သူတို့ကို နည်းမှန်လမ်းမှန် ကိုင်တွယ်ရမယ့် ဗျူဟာတွေလည်း ငါတို့ကို
သင်ပေးခဲ့တယ်၊ တကယ်ပဲ သူက မသေမျိုးဆရာသခင်ဆီက ရှေ့ဖြစ်ဟော ပညာရပ်တွေများ ရထားတာလား
မသိဘူး။"
ရှောင်သခင်မကြီးက အခု ရှစ်ချင်းလျို့ကို အလွန် အထင်ကြီးနေမိသည်။
တစ်ချိန်တည်းမှာပဲ ကြောက်လည်း ကြောက်နေမိသည်။
"ကောင်းပြီ။ နောက်နှစ်ရက်နေရင် သူ့ဆီ စာရေးလိုက်မယ်။"
ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကလည်း ထိုသို့ထင်သည်။
ထို့နောက် သူက ပြောခဲ့သည်။ "အဖွား နောက်ကျရင် သူတို့ပြဿနာမရှာရအောင်၊
သူ့က တော်တော် အန္တရာယ်များတဲ့ပုံပဲ။"
အရင်တုန်းကတော့ တာအိုဘုန်းတော်ကြီးက မသေမျိုးဟု သူ မယုံကြည်ခဲ့ပေ။
အခုတော့ စတင်ယုံကြည်လာပြီဖြစ်သည်။
ရှောင်မိသားစုရဲ့ ပြဿနာကောင်တွေအကုန် ထိုသို့ တူညီစွာ ခံစားခဲ့ရသည်။
ဒီတိရိစ္ဆာန်နှစ်ကောင်ကို ဆန့်ကျင်တာ ကိစ္စမရှိပေမယ့် ရှစ်ချင်းလျို့လို
အန္တရာယ်များသည့်လူကိုတော့ သွားရှုပ်လို့ မရဘူးဟု တွေးလိုက်ကြသည်။
ရှောင်သခင်မကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ အခု
သူနဲ့ ငါတို့က ဆက်ဆံရေး ကောင်းတာပဲ၊ ရန်သူ့ရဲ့ ရန်သူက ကိုယ့်မိတ်ဆွေလို့ နင်တို့ ပညာရှိတွေ
ပြောတဲ့စကားရှိတယ် မလား။"
ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ပြုံးကာ ပြောခဲ့သည်။
"အဖွားက အံ့သြစရာပဲ။ ဒီလိုစကားတွေတောင် သိနေပြီ။"
အခု အလွန်ဒေါသထွက်နေသည့် ရှောင်ယွမ်ရှစ်က ရှောင်သခင်မကြီးရဲ့
ဆန္ဒကို မသိသေးပေ။
အခုဆို ရှောင်သခင်မကြီးက သူ့ကို ရန်သူဟု သတ်မှတ်ထားလေသည်။
မဟုတ်ပါက သူ သိသွားရင် အလွန်ဒေါသထွက်ကာ သွေးအန်ထွက်ပါလိမ့်မည်။
ကောချွန်းရုက ရှေ့တိုးသွားကာ သူ့ကို နှစ်သိမ့်ခဲ့သည်။
သေချာပေါက် သူမ မျက်လုံးထဲမှာ ကွယ်ဝှက်ထားသည့် အမူအရာများ
ရှိနေသည်။
အရင်ကဆိုရင် ရှောင်ယွမ်ရှစ်က သေချာပေါက် သူ့ဇနီးကို နှစ်သိမ့်မည်ဖြစ်သည်။
သို့ပေမယ့် သူ့ဇနီးသည်ရဲ့ နီရဲနေသည့် မျက်လုံးနှင့် မျက်နှာကိုကြည့်ကာ
စိတ်တိုနေတာတွေ ပျောက်သွားခဲ့သည်။
သူက ပြောခဲ့သည်။ "ရှေ့လျှောက် ချွန်းယီကို အမေနဲ့ တခြားလူတွေရှေ့မှာ
ခဏခဏ မပေါ်လာစေနဲ့။"
ကောချွန်းရု ရင်တုန်သွားခဲ့သည်။ ရှောင်ယွမ်ရှစ်က သူမ မောင်လေးကို
မကျေမနပ်ဖြစ်နေတာ သူမ သိသည်။
သူမက ရန်စသည့် ရှောင်သခင်မကြီးကို စိတ်ထဲက ကျိန်ဆဲလိုက်ပေမယ့်
ခေါင်းငြိမ့်ပြခဲ့သည်။ "ချွန်းယီက ကျွန်မကို ကူညီဖို့ လုပ်ခဲ့တာပါ၊ သူက ငယ်သေးပြီး
စိတ်လိုက်မာန်ပါ လုပ်လွယ်တယ်၊ သူ့ကို အချိန်ယူ သင်ပြပေးလိုက်ပါ့မယ်။"
တစ်ချိန်တည်းမှာပဲ အမှားကိုဝန်ခံကာ တောင်းပန်ဖို့ မောင်ဖြစ်သူကို
အကြည့်တစ်ချက် ပေးလိုက်သည်။
ကောချွန်းယီက ရှောင်ယွမ်ရှစ်ကို အမြဲလေးစားပေမယ့် အခုတော့
ဒီကိစ္စနှင့် ပတ်သက်ပြီး သူ မကျေနပ်ပေ။
သူ့အစ်မက အနိုင်ကျင့်ခံရပြီး သူ့ဂုဏ်သိက္ခာ ဖျက်စီးခံရတာက
သိသာနေတာပဲ။ ဘာဖြစ်လို့ သူက တောင်းပန်ရမှာလဲ။
သို့ပေမယ့်လည်း မတတ်နိုင်စွာ ခေါင်းငုံ့တောင်းပန်ခဲ့ရလေသည်။
"ယောက်ဖ ကျွန်တော် စိတ်လိုက်မာန်ပါ မလုပ်ခဲ့သင့်ဘူး၊ အဲတုန်းက သူတို့က အစ်မကို
ပါးရိုက်နေတာတွေ့တော့ ဝင်ကူခဲ့မိတာပါ၊ ကျွန်ေတာ့်အမှားပါ။"
ရှောင်ယွမ်ရှစ်က လိမ္မာပါးနပ်သည်။
ကောချွန်းယီက သူ့ရှေ့မှာ နူးညံ့သလိုလုပ်ပြနေပေမယ့် သူရဲ့
မကျေနပ်မှုနှင့် မတောင်းပန်ချင်ဘဲ တောင်းပန်တာကို သူမြင်နေရသည်။
သူက မျက်လုံးကို မှေးကျဥ်းခဲ့သည်။ ကြည့်ရတာ ယောက်ဖကို အနာဂတ်မှာ
ဘယ်လိုပျိုးထောင်ရမလဲဆိုတာ စဥ်းစားရတော့မယ်ထင်တယ်။
သို့ပေမယ့် သူက မျက်နှာထက်မှာ မဖော်ပြခဲ့ပေ။ "မင်းကငယ်သေးတာပဲ၊
စိတ်လိုက်မာန်ပါလုပ်တာ ဖြစ်တတ်ပါတယ်၊ နောက်ဆိုရင် တစ်ခုခု မလုပ်ခင် ကိုယ့်အစ်မကို အရင်တွေးလိုက်။"
"ဟုတ်ကဲ့။" ကောချွန်းယီက အတည်မယူခဲ့ပေ။
ထိုအရာကို ရှောင်ယွမ်ရှစ် သိပေမယ့် သူ ဘာမှတော့ မပြောခဲ့ပေ။
သူက ကောချွန်းရုဖက်လှည့်ကာ ပြောခဲ့သည်။ "ပစ္စည်းတွေအကုန်
သိုလှောင်ခန်းထဲ ပြန်ထားလိုက်၊ အမေ့ကို တိုင်ကြားစာ ပြန်ရုတ်သိမ်းပေးဖို့ ထပ်ဖျောင်းဖျကြည့်လိုက်ဦးမယ်။"
ကောချွန်းရုနှင့် သူ ဆွေးနွေးပြီး ပစ္စည်းတွေကို သိုလှောင်ခန်းထဲက
ရွှေ့ခဲ့တာဖြစ်သည်။
ကောချွန်းရုမှာလည်း တူညီသည့် အတွေး ရှိသည်။ "ကောင်းပြီ။"
သူတို့နှစ်ယောက်က ဆွေးနွေးပြီး ပစ္စည်းတွ အမြန်ပြန်ထားဖို့
ပြင်ဆင်ခဲ့သည်။
သို့ပေမယ့် မမျှော်လင့်ထားစွာပင် မြို့တော် တရားသူကြီးမင်းရဲ့
လူတွေ ရောက်လာပြီဖြစ်ကြောင်း အစေခံက လာတင်ပြခဲ့လေသည်။
ကောချွန်းရုနှင့် ရှောင်ယွမ်ရှစ်က မကောင်းသည့် အငွေ့အသက်တွေ
ရနေလေသည်။
သူတို့က အမြန်လေး သွားကြိုဆိုခဲ့သည်။
ကောချွန်းရု ပစ္စည်းတွေ ပြန်ထားဖို့ ရှောင်ယွမ်ရှစ်က အချိန်ဆွဲထားဖို့
ကြံခဲ့သည်။
သို့ပေမယ့် ရုံးတော်ခေါင်းဆောင်က အချိန်ဆွဲမခံပေ။
စစ်သူကြီးစံအိမ်က ကိစ္စကို အတည်ပြုဖို့ လိုအပ်ကြောင်း အထက်က
အမိန့်ချခဲ့သည်။
သူတို့က နည်းဗျူဟာတွေဖြင့် အဆင့်ဆင့် စုံစမ်းမေးမြန်းခဲ့သည်။
စစ်သူကြီး စံအိမ်က ခေါ်သွားသည့် အစေခံတွေက အတွ့အကြုံ မရှိသဖြင့်
မကြာခင်မှာပဲ ဝန်ခံသွားခဲ့သည်။
"စစ်သူကြီးရှောင် လက်ဖက်ရည်တွေ ပြင်မနေပါနဲ့တော့၊ အခိုးခံလိုက်ရတဲ့
ငွေတွေနဲ့ အဖိုးတန်ပစ္စည်းတွေ ဘယ်မှာရှိလဲဆိုတာကို ကျွန်တော်တို့ သိပြီ၊ ကျွန်တော်တို့
တာဝန်တွေ နှောင့်နှေးအောင် မတားပါနဲ့။"
သူက ဘယ်သူ့ကိုမှ မျက်နှာသာပေးသည့်လူ မဟုတ်မှန်း ရှောင်ယွမ်ရှစ်
သိသည်။
ဒီလိုအင်အားကြီးနောက်ခံရှိအောင် သူ့ နောက်လိုက်တွေကို ဘယ်သူ
တောင်းဆိုခဲ့တာလဲ။
တရားစီရင်ရေးဝန်ကြီး၏ မြေးက အခု မြို့တော် တရားသူကြီးမင်း
လေ့ကျင့်ရေးထဲမှာ ရှိနေသည်။
အနာဂတ်မှာ သူက တရားစီရင်ရေးမှာ အလုပ်လုပ်ဖြစ်လာမှာဖြစ်သည်။
အခြေအနေကို ပြောင်းလဲဖို့ ခက်ခဲမှန်း သူနားလည်သည်။
"မတားမြစ်ပါဘူး၊ တစ်ခုခု နားလည်မှုလွဲမှာ စိုးရိမ်လို့ပါ။"
ရုံးတော် ခေါင်းဆောင်က ပြန်ဖြေခဲ့သည်။ "နားလည်မှုလွဲတာဖြစ်ဖြစ်
ဘာဖြစ်ဖြစ် စုံစမ်းစစ်ဆေးစရာရှိတာကိုတော့ အရင်ဆုံး လုပ်ရမှာပဲ။"
ရှောင်ယွမ်ရှစ်က ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ကြိတ်ကာ
ထပ်ကျိန်ဆဲလိုက်လေသည်။ "ကောင်းပါပြီ။ လုပ်စရာရှိတာ လုပ်ကြပါ။"