အခန်း(၁၁၃) - သွေးအန်မတတ် ဒေါသထွက်ခြင်း
ကောချွန်းရု၏ မျက်နှာက ထပ်မံ၍ ဖြူဖတ်သွားခဲ့သည်။ သူတို့နောက်ထပ်
ပြဿနာ တစ်ခု တက်ပေတော့မည်။
သိပ်မကြာခင်မှာပဲ ရုံးတော်ခေါင်းဆောင်က သူ့လူတွေကို ကောချွန်းယီရဲ့
အဆောင်ကို ရှာဖွေခိုင်းခဲ့သည်။
တစ်ချိန်တည်းမှာပဲ ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ခေါ်ခဲ့သည်။
ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ သေတ္တာတွေကို ထိုမျိုးမစစ်ရဲ့
အဆောင်ကနေ သယ်ထုတ်လာတာကိုတွေ့တော့ သူတို့ အလွန်ဒေါသထွက်သွားခဲ့သည်။
ကောချွန်းရုက စစ်သူကြီးရဲ့ ပိုင်ဆိုင်မှုတွေ၊ မြေယာတွေကို
သူ့မောင်အတွက် အလွဲသုံးစားလုပ်မှာကို သူတို့က ပိုသေချာသွားခဲ့သည်။
ရှစ်ချင်းလျို့ရဲ့ ခန့်မှန်းချက်က ထပ်မှန်ခဲ့သည်။
ထိုမိန်းမက စစ်သူကြီးရဲ့ ပိုင်ဆိုင်မှုတွေကို ကောမိသားစုထဲ
ယူသွင်းချင်နေတာ ဖြစ်သည်။
ရှောင်မိသားစုဟောင်းသည် သူတို့ရဲ့ ဒုတိယသား၏ တုံးအမှုကို
သူတို့ မယုံကြည်နိုင်ပေ။
ရှောင်သခင်မကြီးက ထိတ်လန့်ချင်ယောင်ဆောင်လိုက်သည်။
"ပစ္စည်းတွေက ချွေးမရဲ့ မောင်ဖြစ်သူရဲ့ အဆောင်မှာ ဘယ်လိုလုပ်ရှိနေတာလဲ။"
ရုံးတော်ခေါင်းဆောင်က မျက်နှာကြီးဖြူဖတ်နေသည့် စစ်သူကြီးရဲဲ့
ဇနီးကို ကြည့်လိုက်သည်။
ကောချွန်းယီက ကသိကအောက်ဖြစ်ကာ လမ်းပျောက်နေသည်။
ရုံတော်ခေါင်းဆောင်က အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "ဒါတော့
ကျွန်တော်တို့လည်း မသေချာပါဘူး၊ စစ်သူကြီးရှောင်နဲ့ စစ်သူကြီးရဲ့ ဇနီးက ရှင်းပြချင်လား၊
မဟုတ်ရင်တော့ ကောချွန်းယီကို ဖမ်းဆီးပြီး တရားစီရင်ရေးရုံးကို ခေါ်သွားရလိမ့်မယ်။"
ကောချွန်းယီက ချက်ချင်း ချေပခဲ့သည်။ "ကျုပ် မလုပ်ဘူး၊
ဒီပစ္စည်းတွေ ကျုပ် မခိုးဘူး။"
တကယ် သူ မလုပ်ခဲ့ပေ။
ထိုစကားကို သူပြောလိုက်တော့ ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။
ဒီကောင်စုတ်လေးက တကယ်ကြောက်တတ်တာပဲ။
သူက ဒီလိုဖြေလိုက်မှတော့ ဘယ်သူလုပ်တာဖြစ်သွားပြီလဲ။
သူက တကယ် ကျေးဇူးကန်းတတ်လိမ့်မည်ဟု မထင်ပေ။
ဒီနှစ်တွေထဲ သူ့ကို ပျိုးထောင်ပေးခဲ့တာ အလကားဖြစ်ကုန်ပြီ။
ကောချွန်းရုက နာကျည်းမှုနှင့် သောကတွေ ပြည့်နှက်နေပေမယ့်
သူမက ရှေ့တိုးလာခဲ့သည်။ "ကျွန်မ ထားခဲ့တာပါ၊ ဟိုတလောက ကျွန်မ ယောက္ခမက အိမ်တော်ရဲ့
တာဝန်ခံ လုပ်ချင်ခဲ့ပါတယ်၊ သူတို့က အခုမှ မြို့တော်ကို ရောက်ဖူးတာမလို့ စည်းမျဥ်းတွေကို
မသိဘဲ မတော်တဆ ဘုရင်ကြီး ချီးမြှင့်တဲ့ ပစ္စည်းတွေကို ဖျက်စီးပစ်မှာစိုးလို့ မောင်လေးရဲ့
အဆောင်ကို ရွှေ့ခဲ့တာပါ၊ ယောက္ခမက စံအိမ်တာဝန်ခံဖြစ်တာ ကျွမ်းဝင်သွားပြီဆိုရင် သိုလှောင်ခန်းထဲ
ပစ္စည်းတွေပြန်ထားဖို့ စီစဥ်ပြီးသားပါ၊ ဒါပေမဲ့ သူက ကျွန်မကို မမေးမမြန်းဘဲ ပစ္စည်းခိုးခံရတယ်လို့
ရုံးတော်ကို သွားတိုင်မယ်လို့ မထင်ခဲ့မိဘူး၊ သူက ရုံးတော်ကို သွားတိုင်ကြားခဲ့တာကြောင့်
ဒါက နားလည်မှုလွဲတာပါ။"
ဒီကိစ္စမှာ တကယ် သူမ ပါဝင်ခဲ့သည်။
အစေခံတွေ အကုန်လုံးက ဝန်ခံခဲ့မှတော့ သူမလည်း ဝန်ခံရုံသာ ရှိတော့သည်။
တကယ်လို့ သူမ ဝန်မခံခဲ့ရင် ရှောင်ယွမ်ရှစ်က ဝန်ခံပါ့မလား။
ဒီလိုဆိုရင် သူတို့လင်မယားကြားမှာ စည်းတစ်ခု ခြားသွားပါလိမ့်မည်။
အရာရှိတာဝန် ထမ်းဆောင်နေသည့် အရာရှိအနေနဲ့လည်း ဆိုးကျိုး
ဖြစ်နိုင်သလို သူမ မောင်လေးပါ ငြိစွန်းသွားနိုင်သည်။
သူမမောင်လေးကိုတော့ ခိုးယူမှု ပြစ်မှုကျူးလွန်သူအဖြစ် မခံနိုင်ပေ။
သူမ ဝန်ခံလိုက်တာ အကောင်းဆုံး ဖြစ်သည်။
သူမက ရှောင်သခင်မကြီးနှင့် တခြားလူတွေကို အစိမ်းလိုက် ဝါးစားပစ်ချင်နေသည်။
ထိုစကားကိုကြားတော့ ရှောင်သခင်မကြီးက ထိုမြေခွေးမကို ပါးတွေချည်း
လှိမ့်ရိုက်ပစ်ချင်နေသည်။
"နင့်အမှား မဟုတ်ပါဘူး၊ ယောက္ခမဖြစ်တဲ့ ငါ့အမှားပါ၊
စံအိမ်တာဝန်ခံဖြစ်ဖို့ နင်ငါ့ကို ရိုးရိုးသားသား တောင်းဆိုခဲ့တယ်လို့ ငါမထင်ခဲ့သင့်ဘူး။"
သူမက ချက်ချင်း မျက်ရည်သုတ်ခဲ့သည်။ "ပစ္စည်းတွေကို တိတ်တဆိတ်
ရွှေ့ပြောင်းခဲ့တာက ငါ့ကိုနာကျင်စေတယ်၊ နင်သာ ငါ့ကို စောစောပြောပြခဲ့ရင် ငါသွားမတိုင်ခဲ့ပါဘူး၊
နင်ငါ့ကို မယုံရင်လည်း ဘာလို့ စံအိမ်တာဝန်ခံလုပ်ဖို့ တောင်းဆိုခဲ့သေးလဲ။"
ရှောင်သခင်မကြီးက လူကောင်းယောင်ဆောင်ရတာ အလွန်နေသားကျနေပြီဖြစ်သည်။
"ငါတို့ နင့်ကို အထင်မှားခဲ့မိပါတယ်၊ ငါတို့ အခုပဲ ထွက်သွားပေးပါ့မယ်။"
ခြေတစ်လှမ်း နောက်ဆုတ်တာက ရှေ့ဆက်သွားဖို့ အကောင်းဆုံး နည်းလမ်း
ဖြစ်သည်။
ကောချွန်းရုက ဆွံ့အသွားခဲ့သည်။
ဟန်ဆောင်မျက်ရည်ကျပြနေသည့် ရှောင်သခင်မကြီးကို တကယ်ပဲ ဆွဲဖြဲပစ်ချင်သည်။
သူမကို မဆဲဆိုဘဲ အမှားကို ဝန်ခံလေလေ သူမကို ပိုပြီး ကသိကအောက်ဖြစ်စေသည်။
ရှောင်ယွမ်ရှစ်က ရှောင်သခင်မကြီးကို ဆက်ပြီး စကားမများစေချင်တော့ပေ။
"အမေ ဒါက ချွန်းရု အမှားပါ၊ အမေ့ကို တောင်းပန်ဖို့ သူ့ကို ခေါ်လာခဲ့တာ၊ အရင်က
အမေပဲ စံအိမ်ကို တာဝန်ယူကြီးကြပ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ၊ နောက်ကျတော့ လူတွေနဲ့ ဒီပစ္စည်းတွေကို
သိုလှောင်ခန်းထဲ ပြန်သိမ်းခိုင်းလိုက်မယ်၊ အဲ့တာတွေကို အမေပဲ စောင့်ရှောက်ပေးပါ၊ မဟုတ်ရင်
ကျွန်တော် စိတ်အေးရမှာ မဟုတ်ဘူး။"
အခု သူ အသံတိတ်ပြီး မနေနိုင်တော့ပေ။ တစ်ချိန်တည်းမှာပဲ ရုံးတော်တရားသူကြီးနှင့်
တခြားလူတွေအတွက် လုပ်ပြတာ ဖြစ်သည်။
သူမရဲ့ ဒုတိယသားက မြေခွေးမကို အလျှော့ပေးလိုက်တာကို တွေ့တော့
သူမ မပျော်ရွှင်တော့ပေ။
သူမက ပိုစိတ်တိုလာခဲ့သည်။
သို့ပေမယ့် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ သေတ္တာတွေကိုတွေ့တော့
ဒေါသ နည်းနည်း လျော့ပါးသွားခဲ့သည်။
ဒါတွေအကုန်လုံးက သူမ သားနှင့် မြေးတွေအတွက်ဖြစ်တာကြောင့်
ကောင်းကောင်း ထိန်းသိမ်းရမည်။
"အင်း သားက ဒီလိုပြောမှတော့လည်း တကယ် စိတ်ပူမိတယ်၊ သူခိုးတွေရန်က
ကာကွယ်ဖို့က ခက်တယ်လေ။"
သူမက တွန့်ဆုတ်စွာဖြင့် ပြောခဲ့သည်။ "ကောင်းပြီ။ အမေ
နင့်ကိုကူပြီး စံအိမ်ကိုကြီးကြပ်ပေးမယ်။"
ကောချွန်းရုနှင့် ကောချွန်းယွီက ဆွံ့အသွားခဲ့သည်။ အင်တင်တင်နဲ့
သဘောတူစရာ မလိုပါဘူး။
ဒါ့အပြင် သူခိုးတွေရန်က ကာကွယ်ဖို့ ခက်တယ် ဟူသော စကားက အလွန်ရွံဖို့ကောင်းသည်။
ရှောင်သခင်မကြီး သဘောတူပြီးသည်နှင့် ရှောင်ယွမ်ရှစ်က ရုံးတော်ခေါင်းဆောင်ကို
ပြောခဲ့သည်။ "ဒါတွေက နားလည်မှုလွဲတာပါ၊ ကျွန်တော်တို့ရဲ့ အိမ်တွင်းရေး ကိစ္စလေးပါ၊
သိုလှောင်ခန်းထဲက ပစ္စည်းကို ဘယ်သူမှ မခိုးယူခဲ့ပါဘူး၊ အားလုံးကို ဒုက္ခရှာမိပါပြီ။"
သူက မတ်တပ်ရပ်ပြီး ရုံးတော်ခေါင်းဆောင်နှင့် တခြားလူတွေရဲ့
လက်ထဲ ငွေအိတ် အနည်းငယ် ထိုးထည့်ပေးခဲ့သည်။
ဒါက တကယ့် မိသားစုကိစ္စ ဖြစ်သည်။ စစ်သူကြီးရဲ့ ဇနီးက စစ်သူကြီးစံအိမ်က
ပစ္စည်းတွေကို ခိုးယူတယ်လို့ ပြောလို့တော့ မရဘူးမလား။
တစ်နေ့လုံး အလုပ်တွေ ရှုပ်ခဲ့ပြီးနောက် ရုံးတော်ခေါင်းဆောင်ကလည်း
ဒီတိုင်း မထားပေ။
ရုံးတော်ခေါင်းဆောင်က ငွေအိတ်တွေကို ဦးဆောင် ယူလိုက်ပြီး
ပြောခဲ့သည်။ "ကောင်းပြီ။ စစ်သူကြီးရှောင် ရှေ့လျှောက် ကိုယ့်မိသားစုကိုယ် ကောင်းကောင်း
စောင့်ရှောက်ဖို့ မျှော်လင့်ပါတယ်။"
ရှောင်ယွမ်ရှစ်က ဂါရဝပြုသည့် လက်ဟန်ပြုလုပ်ပြကာ ပြောခဲ့သည်။
"အဲလို လုပ်လိုက်ပါ့မယ်။"
ရုံးတော်ခေါင်းဆောင်နှင့် တခြားလူတွေကို ပြန်ပို့ပြီးနောက်
ရှောင်သခင်မကြီးက ဘဏ္ဍာစိုးကိုကြည့်ပြီး ငွေတွေ အကုန် သိုလှောင်ခန်းထဲ ရွှေ့ခိုင်းခဲ့သည်။
သူမက ကောချွန်းရုကို သိုလှောင်ခန်း ငွေစာရင်းစာအုပ်ပါ လွှဲပေးဖို့
ဖိအားပေးခဲ့ရသည်။
ကောချွန်းရုလည်း မတတ်နိုင်စွာ လွှဲပေးခဲ့ရသည်။
ဒီလူတွေကို တိတ်တဆိတ် ဖြေရှင်းဖို့ နည်းလမ်း ရှာရမည်။
ကောချွန်းရုက တွေးလေလေ ပိုစိတ်တိုလာပြီး သူ့မျက်နှာက မည်းမှောင်နေခဲ့သည်။
သူမက ရှောင်သခင်မကြီးရဲ့ အမိန့်ပေးတာကို ရှောင်ဖို့ ဖျားနေကြောင်း
အကြောင်းပြကာ ညစာကို မပြင်ဆင်ပေးခဲ့ပေ။
ဒီတစ်ခါတော့ ရှောင်သခင်မကြီးလည်း သူမကို အတင်းမခေါ်ခဲ့ပေ။
သူတို့တွေက အားလပ်နေခဲ့သည်။
ကောချွန်းရုနှင့် ရှောင်ယွမ်ရှစ်က ဒီကိစ္စပြီးသွားတာကြောင့်
စံအိမ်က ခဏလောက်တော့ အေးချမ်းနေလိမ့်မည်ဟု သူတို့ ထင်ခဲ့လေသည်။
နောက်တစ်နေ့ကျရင် ရှောင်မိသားစုဟောင်းက ပြဿနာထပ်ရှာလိမ့်မည်ဟု
ဘယ်သူမှ မထင်ခဲ့ပေ။
ရှောင်သခင်မကြီးက ဘေးအိမ်က သခင်မကြီးနှင့် အပြင်ထွက်သွားမှ
ရှောင်ယွမ်ရှစ်က စိတ်အေးသွားခဲ့သည်။
သူမ မကောင်းတာတွေ မလုပ်လောက်ဘူးဟု သူထင်ခဲ့လေသည်။
သို့ပေမယ့် ညီလာခံပြီးသည့်အချိန်မှာ စံအိမ်က အစေခံက ရှောင်သခင်မကြီးနှင့်
တခြားလူတွေက မြို့တော် အထူးပညာရပ်သင်ကျောင်းမှာ ပြဿနာ သွားရှာကြောင်း လာတင်ပြခဲ့လေသည်။
တကယ်တော့ သူက မနက် ညီလာခံတက်ဖို့ အမိန့်ရခဲ့တာ ဖြစ်သည်။
သူက ဘုရင်ကြီးရဲ့ ဆဲဆိုကြိမ်းမောင်းမှုကို ခံခဲ့ရကာ ဒေါသကို
ချုပ်တည်းခဲ့ရသည်။
အစေခံလေးရဲ့ တင်ပြချက်ကိုကြားတော့ မေ့လဲလုမတတ် ဖြစ်သွားခဲ့သည်။
သူက အံကြိတ်ကာ မေးခဲ့သည်။ "ဘာပြဿနာရှာခဲ့တာလဲ။"
အစေခံလေးက အမှန်အတိုင်း ပြောခဲ့သည်။ "သခင်လေးက အကျင့်စာရိတ္တမကောင်းဘဲ
လူကြီးသူမကို မလေးစားဘူးလို့ ရှောင်သခင်မကြီးက ပြောခဲ့ပါတယ်၊ သူက မြို့တော်က အထူးပညာရပ်သင်ကျောင်းမှာ
ပညာသင်ဖို့ မထိုက်တန်ဘူးတဲ့၊ သခင်ကြီးနဲ့ တခြားလူတွေကလည်း မနေ့က ရိုက်ခံထားရတာကြောင့်
ဒဏ်ရာတွေက ရှိသေးတယ်၊ အဲတာကို သက်သေပြပြီး သခင်လေးရဲ့ ရိုက်နှက်တာ ခံခဲ့ရတဲ့အကြောင်း
ပြောခဲ့ပါတယ်၊ အထူးပညာရပ်သင်ကျောင်းကို သူတို့က ဖြေရှင်းပေးစေချင်နေပါတယ်။"
ရှောင်ယွမ်ရှစ် ရူးတော့မည်။ "နောက်ဆုံး ဘာဖြစ်သွားလဲ။"
"ရှောင်သခင်မကြီးနဲ့ တခြားလူတွေကို အထူးပညာရပ်သင်ကျောင်းက
ပြန်ပို့ပြီး စုံစမ်းပေးမယ့်အကြောင်း ပြောပေမယ့် သူတို့က လက်မခံခဲ့ဘူး၊ ရှောင်သခင်မကြီးက
နောက်ထပ် မိန်းမကြီး နှစ်ယောက်ကို အထူးပညာရပ်သင်ကျောင်းပေါက်ဝကို ခေါ်လာပြီး သူက သေအောင်
အနိုင့်ကျင့်ခံခဲ့ရတယ်လို့ ငိုယိုပြောဆိုခဲ့ပါတယ်၊ မြို့တော် အထူးပညာရပ်သင်ကျောင်းက
သခင်လေးကို အပြစ်မပေးရင် ကျောင်းပေါက်ဝမှာ ကိုယ့်ဘာသာကိုယ် ဆွဲကြိုးချသေမယ့်အကြောင်း
ရှောင်သခင်မကြီးက ပြောခဲ့တယ်။"
ရှောင်ယွမ်ရှစ်က အသံတိတ်နေခဲ့သည်။ ဒီဗျုဟာဟောင်းကို ထပ်သုံးပြန်ပြီ။
အစေခံက ဂရုတစိုက် ပြောခဲ့သည်။ "အထူးပညာရပ်သင်ကျောင်းက
မနေ့က စံအိမ်မှာ ဖြစ်သွားတဲ့ ကိစ္စကို သိကြပါတယ်၊ တရားသူကြီးမင်းရဲ့ လူတွေက သခင်လေးရဲ့
အဆောင်မှာ သွားရှာမှ ပစ္စည်းတွေ ပြန်ရတဲ့အကြောင်း သိခဲ့တယ်၊ အကြီးကို မလေးစားခြင်း၊
လူကြီးသူမတွေကို ရိုက်နှက်ခြင်း၊ အကျင့်စာရိတ္တမကောင်းခြင်းဆိုပြီး ကျောင်းက သူ့ကို
ထုတ်ပယ်ခဲ့ပါတယ်။"
"ဠီး" ရှောင်ယွမ်ရှစ်က ရင်ဘတ်မှာ ချွေးတွေ စို့လာကာ
သွေးအန်မတတ် ခံစားနေရသည်။
"သူတို့က ငါ့ကို ဖျက်စီးဖို့လာတာ၊ ငါသေမှ ကျေနပ်မယ့်ဟာတွေ။"
သူက အမှန်တကယ် ဒေါသထွက်နေပြီး သွေးပွက်ပွက်ဆူနေသည်။
သူ့ယောက်ဖကို သူ စိတ်ပျက်ပေမယ့် စွန့်လွှတ်ဖို့ထိ မတွေးထားပေ။
သူက သူ့ယောက်ဖကို မြို့တော် အထူးပညာရပ်သင်ကျောင်းမှာ တက်ရောက်ခွင့်ရအောင်
ပိုက်ဆံတွေ အများကြီး သုံးပြီး ကူညီထောက်ပံ့ခဲ့ရတာဖြစ်သည်။
အခုတော့ ယောက်ဖဖြစ်သူက သူ့ဘာသာသူ နာမည်ဆိုးဖြင့် ကျော်ကြားအောင်
လုပ်ခဲ့တာ ဖြစ်သည်။
သူက ယောက်ဖဖြစ်သူကို ကိုယ်တိုင် တိုက်ခိုက်ရေး ပညာကို သင်ကြားပေးခဲ့တာဖြစ်သည်။
သူသာ အေးအေးဆေးဆေး ဆက်နေပါက နောက်နှစ်မှာ ထိပ်တန်းစာသင်သားဖြစ်ဖို့
ခက်ခဲမည် မဟုတ်ပေ။
အခုတော့ ရှောင်မိသားစုဟောင်းက လူတွေ ဖျက်ဆီးပစ်လိုက်တာကြောင့်
သွေးအန်မတတ် ဒေါသထွက်နေရသည်။