အခန်း(၁၁၆) - သူက ဘာလို့ ဦးနှောက်အရမ်းကောင်းရတာလဲ
မော့ချင်းလင်က ဘုရင်ကြီး၏ အမိန့်စာကိုထုတ်လိုက်သည်နှင့် လူတွေအားလုံးက
မတ်တပ်ရပ်ပြီးနောက် ဒူးထောက်ခဲ့ကြသည်။
သူက ဘုရင့်အမိန့်စာကိုကိုင်ကာ ဖတ်ခဲ့သည်။
အမိန့်စာထဲမှာ ရှောင်ဟန်ကျန့်က ဘိလပ်မြေလုပ်နည်း ပေးခဲ့တာကြောင့်
ဆုချီးမြှင့်သည့်အနေဖြင့် ရှာ့ရှီရွာက တောင်ကို ချီးမြှင့်ကြောင်း ရေးထားသည်။
ဘုရင်ကြီး၏ အမိန့်စာထဲက ဆုံးဖြတ်ချက်ကြောင့် လူတိုင်းက အံ့သြသွားခဲ့သည်။
ဘုရင်ကြီးက ရှောင်ဟန်ကျန့်ကို ဘာလို့ အဲတောင်ကြီး ချီးမြှင့်တာလဲ။
မော့ချင်းလင်က အမိန့်စာကို ဖတ်ပြီးသည်နှင့် အမိန့်စာနှင့်
တောင်စာချုပ်ကို ရှောင်ဟန်ကျန့်ဆီ ပေးခဲ့လေသည်။
သူက ပြုံးကာ ပြောခဲ့သည်။ "မင်းနဲ့ မင်းရဲ့ဇနီးက အဲတောင်ကို
စိတ်ဝင်စားနေတာသိလို့ ဘုရင်ကြီးက ချီးမြှင့်လိုက်တယ်။"
ဆိုလိုရင်းက ဘုရင်ကြီးဆီကနေ တောင်းဆိုလိုက်သည့်အကြောင်းဖြစ်သည်။
ပိုအရေးကြီးတာက အခု ဘုရင်ကြီးက ရှောင်ဟန်ကျန့်ကို အာရုံစိုက်နေပြီဖြစ်ကာ
သူ့တွင် တောက်ပသည့် အနာဂတ်လမ်းကြောင်း ရှိနေပြီဖြစ်သည်။
မရူးသည့်လူတိုင်း ထိုအချက်ကို သိနိုင်သည်။
ရှောင်ဟန်ကျန့်ရဲ့ အတန်းဖော်တွေက အနည်းငယ် ကွဲလွဲခဲ့သည်။
သူတို့က အခြေခံစာသင်သား ဘဝသာ ရှိသေးသော်လည်း ဘုရင်ကြီးက ရှောင်ဟန်ကျန့်ရဲ့
နာမည်ကိုတောင် သိနေပြီဖြစ်သည်။
အရင်တစ်ခေါက်က ရွှေတွေချီးမြှင့်ခံခဲ့ရသလို အခုလည်း တောင်တစ်လုံး
ချီးမြှင့်ခံခဲ့ရတာကြောင့် ဘုရင်ကြီးက ရှောင်ဟန်ကျန့်အပေါ် အကောင်းမြင်နေပြီဖြစ်သည်။
ရှောင်ဟန်ကျန့်က တောင်ကိုလိုချင်ကြောင်း တောင်းဆိုခဲ့တော့
ဘုရင်ကြီးက ချီးမြှင့်ခဲ့သည်။
ဤအရာကို ကြည့်ခြင်းဖြင့် ဘုရင်ကြီးက ရှောင်ဟန်ကျန့်ကို မျက်နှာသာပေးမှန်း
သိသာသည်။
အားကျစရာပဲ။
ထို့နောက် လူတိုင်းက တစ်နေ့ တစ်နေ့ ပိုလှလာသည့် ရှစ်ချင်းလျို့ကို
ကြည့်ခဲ့သည်။
ရှောင်ဟန်ကျန့်က တကယ်ကံကောင်းသည့်လူ ဖြစ်သည်။
အိပ်ရာထဲမှာလဲကာ သတိလစ်နေသော်လည်း ချုံရှီပွဲကျင်းပကာ မသေမျိုးဘုန်းတော်ကြီးရဲ့
တပည့်ကို ယူနိုင်ခဲ့သည်။
အခုဆိုရင် ရှာ့ရှီရွာက မိသားစုတွေ ရှစ်ချင်းလျို့ကြောင့်
ပိုက်ဆံပိုရှိလာရုံသာမက ရှောင်မိသားစုရဲ့ ပြောင်းလဲမှုကို လူတိုင်း မြင်နိုင်သည်။
ရွာသားတွေက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့အစား ပျော်ပေးကြပြီး
အထူးသဖြင့် မသေမျိုးဘုန်းတော်ကြီး နေထိုင်ခဲ့သည့်တောင်ကို ရှစ်ချင်းလျို့ ပိုင်ခဲ့တာကြောင့်
ပိုပျော်နေကြသည်။
ဒါဟာ အကောင်းဆုံးဖြစ်ကြောင်း လူတိုင်း ခံစားမိခဲ့သည်။
ရှောင်ဟန်ကျန့်က ဘုရင်ကြီး၏ အမိန့်စာကို လက်နှစ်ဖက်နှင့်
ယူပြီးနောက် သေချာသွားသိမ်းထားခဲ့သည်။
ထို့နောက် ပြန်ထွက်လာပြီးမှ လူတိုင်းနှင့် အတူတူ စားသောက်ခဲ့သည်။
စားသောက်ပြီးနောက် ဆရာဟုန်၊ မော့ချင်းလင်၊ စီရင်စုကျောင်းက
ဆရာတွေ၊ ရှောင်ဟန်ကျန့်ရဲ့ အတန်ဖော်တွေနှင့် လာရောက်သည့် ဧည့်သည်တွေကိုခေါ်ကာ ရှောင်မိသားစုရဲ့
အိမ်အသစ်ကို သွားလည်ခဲ့ကြသည်။
ရှောင်မိသားစုရဲ့ အိမ်အသစ်ပုံစံက အခု လက်ရှိ အိမ်ဖွဲ့စည်းပုံတွေနှင့်
မတူပေ။
အလယ်က ဧည့်ခန်းဖြစ်ကာ ဘေးမှာက လက်ဖက်ရည်သောက်ဖို့နေရာနှင့်
ဧည့်သည်တွေကို ဧည့်ခံဖို့ အထူးနေရာတွေ ရှိသည်။
ဧည့်ခန်းကို ကြွေပြားခင်းထားခြင်းဖြစ်သည်။
သစ်တွေဖြင့်လုပ်ထားသည့် ပရိဘောကတွေဟာလည်း သစ်လွင်တောက်ပြောင်နေသည်။
ပုံစံတွေက ကြော့ရှင်းက ခေတ်မှီပြီး ရိုးရှင်းသလိုနှင့် ကျယ်ဝန်းသည်။
တခြားအိမ်တွေက သစ်သား ပရိဘောဂတွေနှင့် မတူပေ။
အောက်ခုံအထူနှင့် နောက်မှီပါသည့် ထိုင်ခုံတွေလည်းရှိသေးသည်။
အခင်းအရောင်က သစ်သားနှင့်လိုက်ဖက်ကာ သစ်လွင်ပြီး ရိုးရိုးယဥ်ယဥ်
ခံစားချက်ကို ရစေသည်။
ဤကဲ့သို့ ပရိဘောဂမျိုး အခုမှ သူတို့တွေ ပထမဆုံး တွေ့ဖူးတာဖြစ်သည်။
သူတို့က ထိုင်ကြည့်ပြီး ပြောလေသည်။ "ထိုင်ခုံက ကောင်းသားပဲ။"
ရှောင်ဟန်ကျန့် ပြုံးကာ ပြောခဲ့သည်။ "ဒီလိုမျိုးလုပ်ထားတဲ့
ထိုင်ခုံကို ဆိုဖာ လို့ခေါ်တယ်လို့ ကျွန်တော့်ဇနီးက ပြောတယ်။"
"ဆရာ သဘောကျရင် လက်သမားနဲ့ တစ်စုံ လုပ်ခိုင်းလိုက်မယ်လေ။"
သူတို့မိသားစုက ရွာထဲက သားဖနှစ်ယောက်ဖို့ ပရိဘောဂတွေ လုပ်ဖို့အတွက်
လက်ခံထားသည်။
သူက နေမကောင်းသည့် ဖခင်ဖြစ်သူအတွက် ဆေးလဝက်စာ ညွှန်းပေးခဲ့ပြီးနောက်တော့
နေပြန်ကောင်းသွားပြီဖြစ်သည်။
ထို့နောက် သူက ရှောင်မိသားစုဆီလာကာ အလုပ်လုပ်ဖို့ အရင်လာတောင်းဆိုခဲ့တာဖြစ်သည်။
သူတို့က အလွန်ကျွမ်းကျင်သည့် လက်သမားဆီက ပညာအမွေဆက်ခံထားကြောင်း
သူနှင့် သူ့ဇနီးက တွေ့ခဲ့သည်။
သူက အများအပြား သင်ယူခဲ့ပြီး သူ့လက်ရာတွေကလည်း အရမ်းကောင်းသည်။
ထို့ကြောင့် သူတို့သားဖကို နေရာထိုင်ခင်းနှင့် စားစရာတွေပေးကာ
လက်ခံခဲ့သည်။
အခု သူတို့သားအဖက သူတို့အရင်နေခဲ့သည့် အိမ်ဟောင်းမှာ နေထိုင်ကာ
ရှောင်မိသားစု၏ လက်သမား လုပ်မည့်အကြောင်း စာချုပ်ချုပ်ခဲ့သည်။
ဆရာဟုန်က သူ့တပည့်နှင့် စကားပြောသည့်အခါ အနည်းငယ် အရေထူသည်။
"ကောင်းပြီလေ။ ငါ ဒီဆိုဖာကို အရမ်းကြိုက်တယ်။"
သူက အသက်ကြီးပြီဖြစ်ကာ ခုံအမာတွေပေါ် နေ့တိုင်း ထိုင်ရသည်။
ရုတ်တရက်ကြီး ဆိုဖာခုံပေါ် ထိုင်လိုက်ရတော့ အလွန်သက်သောင့်သက်သာရှိကာ
အလွန်သဘောကျနေသည်။
မော့ချင်းလင်လည်း ဆွဲဆောင်ခံခဲ့ရသည်။
ရှောင်မိသားစုရဲ့ လက်သမားကို သူ့အတွက် ဒီလို ဆိုဖာခုံလေး
လုပ်ပေးဖို့ တောင်းဆိုရန် ပြင်ခဲ့လေသည်။
ပိုင်ရွှီလည်း ထိုအကြောင်းကို တွေးမိလိုက်ပြီး သူက စီးပွားရေး
အခွင့်အလမ်းကိုလည်း မြင်ခဲ့လေသည်။
ပိုင်မိသားစုအနေနဲ့ သစ်သားအလုပ်ရုံထောင်ကာ ပရိဘောဂ လုပ်ရောင်းရင်ကောင်းမလားလို့
စိတ်ထဲက တွေးလိုက်လေသည်။
ထို့နောက် သူက ဧည့်ခန်းနှင့် စာဖတ်ခန်းကို သွားကြည့်ခဲ့သည်။
ဧည့်ခန်းနှင့် ဆိုဖာကို သစ်သားခင်းထားကာ ဆိုဖာလည်းရှိပြီး
မတူညီသည့် ပုံစံလေးဖြစ်သည်။
ဧည့်ခန်းထဲမှာ ကုန်းဖူလက်ဖက်ရည်လုပ်ဖို့အတွက် သစ်သားဖြင့်
ထွင်းထားသည့် ပစ္စည်းတွေ ရှိသည်။
သူတို့က လက်ဖက်ရည်တင်ဖို့ အဆင့်ပါသည့် ဗီရိုလေးလည်း လုပ်ထားသေးသည်။
ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို ကျူးလစ်ပန်းထည့်ဖို့ သစ်သားပုလင်းလေး
ထွင်းခိုင်းခဲ့ပြီး အရောင်စုံဒေစီတွေ စိုက်ပျိုးဖို့ကိုလည်း လေးထောင့်သစ်သားဘူးလေးတွေလည်း
ထွင်းခိုင်းခဲ့သည်။
သစ်သားသေတ္တာတွေကို အစတွေဖြင့် အလှဆင်ထားကာ အလွန်တစ်မူထူးခြားနေသည်။
ဆိုဖာပေါ်မှာလည်း အနည်းငယ် ကြီးသည့် ခေါင်းအုံးတွေရှိသေးသည်။
လူတွေမှီဖို့အတွက် အလွန်သက်သောင့်သက်သာရှိသည်။
ကုန်းဖူလက်ဖက်ရည်သောက်သည့်အခါ အလွန်သက်သောင့်သာရှိစေသည်။
ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ အထူးပြုလုပ်ထားသည့် စန္ဒကူးနံ့လေးကို
ထွန်းညှိလိုက်သည်။
မွှေးရနံ့လေးက လေထဲပျံ့နေသည်။
ထိုအရာက လေထုကို နွေးထွေးကာ သက်သောင့်သက်သာဖြစ်စေသည်။
ဆရာဟုန်က ပြုံးကာ မေးခဲ့သည်။ "ဒါတွေကို မင်းရဲ့ ဇနီး
အလှဆင်ထားတာလား။"
တစ်ချက်ကြည့်ရုံဖြင့် သူ့တပည့်လုပ်ထားတာ မဟုတ်မှန်း သိနိုင်သည်။
ရှောင်ဟန်ကျန့်က ပြုံးကာ ပြောခဲ့သည်။ "ဟုတ်ပါတယ်၊ ဒါတွေအကုန်
ကျွန်တော့်ဇနီး အလှဆင်ထားတာပါ။"
ဒီလို ပုံစံမျိုးလေးကို သူပထမဆုံး တွေ့ဖူးပေမယ့် တစ်ချက်ကြည့်ရုံဖြင့်
သဘောကျသွားခဲ့သည်။
ဆရာဟုန်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒီလိုဇနီးကို ရထားတာ
မင်းကံကောင်းတာပဲ။"
သူ့တပည့်ရဲ့ ဇနီးအကြောင်းတွေ သူကြားထားဖူးသည်။
သူမအကြောင်းကို ပိုသိရလေလေ သူမက သာမာန်မဟုတ်တာကို ပိုခံစားမိလာခဲ့သည်။
မော့ချင်းလင်ကလည်း ပြုံးကာ ပြောခဲ့သည်။ "အင်း ကျွန်တော်လည်း
ကျင်းယွီကို အားကျသား။"
သူလည်း ဟိုးတုန်းက အိမ်ထောင်ကျခဲ့ဖူးပေမယ့် သူတို့ လက်ထပ်ပြီး
နှစ်နှစ်အကြာမှာ သူ့ဇနီးဖြစ်သူက မီးဖွားရင်း ဆုံးသွားခဲ့သည်။
အလောင်းတစ်ခုတည်းမှာပဲ အသက်နှစ်ချောင်း ပါသွားခဲ့သည်။
သူတို့က အချင်းချင်း လေးလေးစားစား ယဥ်ကျေးစွာ ဆက်ဆံခဲ့ပေမယ့်
သူ့ဇနီး၏ သေဆုံးမှုအတွက် သူ ဝမ်းနည်းမိနေဆဲ ဖြစ်သည်။
ဒါကြောင့်ပဲ နန်ရှီစီရင်စုမြို့ကို သူက တရားသူကြီးမင်းအဖြစ်
လာရောက်တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။
သတ္တုတွင်းကို အာရုံစိုက်ခြင်းအပြင် သူ့ဘာသာသူလည်း လာရောက်စိတ်ဖြေခြင်းဖြစ်သည်။
အချင်းချင်း သင့်မြတ်ကာ လိုက်ဖက်ညီသည့် ရှောင်ဟန်ကျန့်နှင့်
ရှစ်ချင်းလျို့ကို ကြည့်ပြီး သူတကယ် မနာလိုအားကျရသည်။
သူများတွေ သူ့ဇနီးကို ချီးကျူးကြတော့ ရှောင်ဟန်ကျန့်က ပြုံးကာ
ဝန်ခံခဲ့သည်။ "သူ့ကို ဇနီးအဖြစ် လက်ထပ်နိုင်ခဲ့တာ ကျွန်တော် တကယ် ကံကောင်းခဲ့တာပါ။"
သူတို့တွေက ထိုင်ကာ လက်ဖက်ရည် သောက်ခဲ့ကြသည်။
ထို့နောက် ဧည့်ခန်း၊ စာဖတ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်၊
အိမ်သာနှင့် ရေချိုးခန်းတွေကို လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
ရှောင်မိသားစုရဲ့ အိမ်အသစ်က ကောင်းကောင်း ဆောက်လုပ်ထားရုံတင်မကဘဲ
ထူးဆန်းသည့်ပစ္စည်းတွေလည်းပါတာကို သိလိုက်ရပြီး အထူးသဖြင့် အိမ်သာနှင့်ရေချိုခန်းမှာဖြစ်သည်။
အိမ်သာက ကြွေခွက်အဖြူဝိုင်းကြီးဖြစ်သည်။
လူတစ်ယောက်က သူ့ကိစ္စပြီးသည်နှင့် အနောက်က ခလုတ်လေးကိုနှိပ်လိုက်ပါက
ရေတွေ သူ့ဘာသာသူ ကျလာတာဖြစ်သည်။
သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည်။
ရှောင်မိသားစုက အိမ်သာသုံး တုတ်ချောင်း မသုံးဘဲ စက္ကူပျော့ပျော့လေးကို
သုံးကြသည်။
ဒါကလည်း သူတို့ကို သိချင်စိတ်ဖြစ်စေခဲ့သည်။
ဘယ်ကဝယ်တာလဲ စျေးကြီးလား အစရှိသဖြင့် မေးခဲ့ကြလေသည်။
ဒါက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့တို့ လပေါင်းများစွာ
ရှာဖွေခဲ့ရသည့် အသီးအပွင့်ဖြစ်သည်။
နောက်ဆုံးတော့ သူတို့က အိမ်သာသုံးစက္ကူကို စျေးနည်းနည်းဖြင့်
ထုတ်လုပ်နိုင်ခဲ့သည်။
မော်ဒန်ခေတ်လို အဖြူရောင်မဟုတ်ဘဲ အနည်းငယ်ဝါပေမယ့် သုံးလို့အဆင်ပြေသည်။
ဒီပစ္စည်းက သူတို့ကိုယ်တိုင်လုပ်ထားကြောင်း ရှောင်ဟန်ကျန့်က
ပြောပြီး လူတိုင်းကို နည်းနည်းစီ မျှဝေပေးခဲ့သည်။
ဒါ့အပြင် ရှောင်မိသားစုရဲ့ ရေချိုးခန်းဟာလည်း သူတို့ကို အံ့သြစေခဲ့သည်။
အပေါ်မှာ ရေစည်ပိုင်းပါရှိသည်။
ရေကိုအပူပေးပြီး ထိုအထဲလောင်းထည့်ထားပြီး ထိုအောက်မှာရပ်ကာ
ရေချိုးဆပ်ပြာလို့ခေါ်သည့်ဟာကို သုံးပြီးပါက အဖွင့်ခလုတ်ကိုနှိပ်ပြီး ချက်ချင်း ရေချိုးလို့ရသည်။
လှပရုံတင်မက တခြားဟာတွေနှင့်ယှဥ်ရင် နေရာမယူဘဲ ပိုပြီးလည်းနေရာကျယ်သည်။
ရှောင်ဟန်ကျန့်ရဲ့ဇနီးက ဒီလိုထူးချွန်ပြောင်မြောက်တဲ့အကြံကို
ဘယ်ကရခဲ့တာလဲ။ သူမ ဦးနှောက်က ဘာလို့ အဲလောက် ကောင်းနေတာလဲ။
ပိုင်ရွှီက အားကျနေရပြီး အနည်းငယ် ကသိကအောက်ဖြစ်နေသည်။
အိမ်အသစ်က သူ့ကို အံ့သြသွားစေလိမ့်မည်ဟု ရှစ်ချင်းလျို့ပြောခဲ့သည်။
အဲအချိန်တုန်းက သူလှောင်ပြောင်ခဲ့ပေမယ့် အခုတော့ တကယ်ကြီး အားကျကာ အလွန်သဘောကျနေပြီဖြစ်သည်။
ဒီအရာတွေကို သူ တကယ်ကြီး အရမ်းသဘောကျနေပြီဖြစ်သည်။