အခန်း(၁၁၇) - အရှက်မှ ကွဲရဲ့လား
ပိုင်ရွှီ က လေးလေးနက်နက် တွေးနေခဲ့သည်။
ရှစ်ချင်းလျို့က သူ့ကိုကြည့်ကာ ပြုံးကာ မေးသည်။ "ရှင်
တော်တော်မှ အရှက်ကွဲရဲ့လား။"
ပိုင်ရွှီက စကားမပြောနိုင်ပေ။ သူနဲ့ ကောင်းကောင်း လက်တွဲလို့ရနိုင်ပါ့မလား။
သို့သော် အမျိုးကောင်းသားသည် အမျိုးသမီးများနှင့် ရန်မဖြစ်ပေ။
သူက အရှက်မဲ့စွာ မေးလိုက်သည်။ "ဒီလို ပရိဘောဂအစုံ၊ အိမ်သာနဲ့
ရေချိုးခန်းထဲက အဲဒီပစ္စည်းတွေကို ငါရနိုင်မလား။"
ရှစ်ချင်းလျို့က သူ့ကို မျက်စောင်းထိုးလိုက်သည်။ “အိပ်မက်
မက်နေလိုက်။”
သူမနှင့် သူမရဲ့ခင်ပွန်းဖြစ်သူက ဒီပစ္စည်းတွေကို ကြိုးစားဖန်တီးခဲ့ရပြီး
သူတို့ ကောင်းကောင်းတောင် မသုံးကြည့်ရသေးပေ။
ဒီလူက ထိုပစ္စည်းတွေကို လိုချင်ပါက သူ ဆက်ပြီး စောင့်နိုင်ရမည်။
ထို့အပြင် သူမသည်လည်း မလုပ်ချင်ပေ။
ခင်ပွန်းဖြစ်သူ၏ ဆရာဖြစ်သူမှာ ရာထူးအဆင့်မြင့်သည်။
သူ့အတွက် တစ်စုံ ပေးလိုက်ရတာက ကိစ္စ မရှိပေ။
မော့ချင်းလင်ကို တစ်စုံပေးရတာလည်း အဆင်ပြေပါတယ်။
သူမ ခင်ပွန်းဖြစ်သူအတွက် ဤကဲ့သို့သော ခင်မင်ရင်းနှီးသည့်
ဆက်ဆံရေး တည်ဆောက်ရန် ရှားပါး အခွင့်အရေးတစ်ခု ဖြစ်သည်။
ဒါပေမယ့် သူများတွေပါ လိုချင်ပါက အဆင်မပြေပေ။
ပိုင်ရွှီက တောင်းဆိုလာပြီဆိုမှတော့ သူမဟာ ဒီအခွင့်အရေးကိုသုံးကာ
ငြင်းပယ်ပြီး တခြားသူတွေကို အလားတူ တောင်းဆိုမှုတွေ မတောင်းဆိုဖို့ တားဆီးခဲ့သည်။
ပိုင်ရွှီက ဆွံ့အမိသွားခဲ့ကာ တွေးမိခဲ့သည်။ တွန့်တိုလွန်းတယ်။
မျှော်လင့်ထားသလိုပင်၊ ပိုင်ရွှီ ငြင်းပယ်ခံရတာကို တွေ့လိုက်ရတဲ့အခါ
တခြားလူတွေလည်း သူတို့ တောင်းဆိုမည့် စကားတွေကို ပြန်မျိုချလိုက်ရသည်။
ရှောင်ဟန်ကျန့် ရဲ့ အတန်းဖော်တွေက သူ့ကို ပိုလို့တောင် အားကျနေကြသည်။
အစကတော့ သူက ရွာသူလေးတစ်ယောက်နဲ့ လက်ထပ်ဖို့ မထိုက်တန်ဘူးလို့
ယူဆခဲ့ကြသည်။
အခုတော့ သူက ကောင်းချီးပေးခံရတာပဲဟု သူတို့တွေ ခံစားမိကြလေသည်။
ဤကဲ့သို့သော ဇနီးသည်က အလွန်ကို အံ့သြစရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းသည်။
ရှောင်ဟန်ကျန့်က သူ့ဇနီးကိုကို သေသေချာချာ ကာကွယ်လည်း အံ့သြစရာ
မရှိတော့ပေ။
အရင်က စီရင်စုကျောင်းတွင် ရွာသူဖြစ်သည့် ဇနီးဖြစ်သူကို အထင်သေးသည့်
စာသင်သားတစ်ဦး ရှိခဲ့ဖူးသည်။
သူက ထိုလူကို သင်ခန်းစာတစ်ခု သင်ပေးပြီးနောက် သူတို့ အချင်းချင်း
အပြန်အလှန် ထပ်မနှောင့်ယှက်ကြတော့ပေ။
အချို့က ရှောင်ဟန်ကျန့်က ဘာမှအတွက် ဝင်ရှုပ်နေသည်ဟု ထင်နေခဲ့ကြသော်လည်း
ယခုဆိုလျှင် ရှောင်ဟန်ကျန့်က ထိုကဲ့သို့ စိတ်ဝင်စားစရာကောင်းပြီး စွမ်းဆောင်နိုင်သည့်
ဇနီးတစ်ဦးရှိခြင်းမှာလည်း မဆိုးလှပေ။
ထို့အပြင် ရှစ်ချင်းလျို့၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားအပြင်
သူမ၏ ကျက်သရေရှိကာ ရည်မွန်သည့် အမူအရာကြောင့် သူမသည် ရွာသူလေးတစ်ယောက်လို မတူပေ။
ကိုယ်အလေးချိန် အနည်းငယ် တက်လာပြီး အသားအရေ ထိန်းသိမ်းမှု
တစ်ခုခု လုပ်ရင် မင်းမျိုးမင်းနွယ်မိသားစုထဲက မိန်းမပျိုတွေကို ရှုံးမှာ မဟုတ်ပေ။
ပွဲအပြီးတွင် ရှောင်ဟန်ကျန့် သူ့ဆရာကို စီရင်စုမြို့သို့
ကိုယ်တိုင်ပြန်ပို့ပေးခဲ့သည်။
မော့ချင်းလင်လည်း သူ့နောက်က လိုက်သွားခဲ့သည် ။
ရွာသားများက ရှစ်ချင်းလျို့နှင့် သူမ၏ခင်ပွန်းကို အလွန်ကျေးဇူးတင်နေကြသည်။
သူတို့က နေရာကို သန့်ရှင်းရေး ကူညီရန်အတွက် ကိုယ့်ဆန္ဒနှင့်
ကိုယ် နေခဲ့ကြလေသည်။
ရှောင်မိသားစု၏ အိမ်သစ်အကြောင်း အိမ်ထဲက ကြမ်းခင်းကြွေပြားများ၊
သစ်သားကြမ်းခင်းများ၊ ဆိုဖာများ၊ အိမ်သာကြွေခွက်၊ အိမ်သာသုံးစက္ကူ၊ ရေချိုးခန်း အစရှိသည်
သတင်တို့က ပျံ့နှံ့သွားခဲ့သည်။
ဒါတွေအပြင် အိမ်ကိုစောင့်ရှောက်သည့် ရှောင်မိသားစုရဲ့ ရက်စက်ပြီး
အသိဉာဏ်ရှိတဲ့ ငန်းနက်ကြီးရဲ့ သတင်းဟာလည်း ဒဏ္ဍာရီလိုပဲ လူသိများခဲ့သည်။
ထို့နောက်တွင်တော့ လူတော်တော်များများက ရှောင်မိသားစုဆီ လာလည်ချင်ကြပေမယ့်
ရှောင်ဟန်ကျန့်ကတော့ ငြင်းဆိုခဲ့သည်။
ထိုညတွင် အမေရှောင်၊ ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်တို့သည်
ပျော်ရွှင်စွာ သူတို့အခန်းသို့ ပြန်ခဲ့ကြလေသည်။
ရှောင်ဟန်ကျန့်နှင့် သူ့ဇနီးသည်လည်း သူတို့ရဲ့ အိပ်ခန်းအသစ်ကို
ပြန်သွားခဲ့ကြသည်။
အိပ်ခန်းက အရမ်းကျယ်သည်။
ဟိုဘက်ဒီဘက် လျှောဖွင့်လို့ရသည့် တံခါးဗီရိုတစ်လုံး၊ အံဝှက်ပါသည့်
ဗီရိုနှင့် စာအုပ်စင်တစ်ခု ပါရှိခဲ့သည်။
အရေးကြီးဆုံးက အလယ်မှာ သစ်သားနဲ့ လုပ်ထားတဲ့ ကုတင်ကြီးတစ်ခု
ရှိသည်။
ရှစ်ချင်းလျို့က တစ်ယောက်ယောက်ကို နူးညံ့ပြီး ထူထဲတဲ့ မွေ့ရာတစ်ခု
လုပ်ခိုင်းကာ ကုတင်ပေါ်တင်ခိုင်းခဲ့သည်။
အခုအချိန်မှာတော့ ရှစ်ချင်းလျို့ ရဲ့ ဆံပင်တွေဟာ ရေချိုးပြီးလို့
ခြောက်သွားပြီဖြစ်သည်။
သူမက ညအိပ်ဝတ်စုံ ဝတ်ထားလျက် အိပ်ယာပေါ်တက်ပြီး ခေါင်းအုံးကြီးတစ်လုံးကို
ပွေ့ဖက်လိုက်သည်။ သူမသည် ပျင်းရိငြိမ့်ညောင်းစွာ လှဲနေလိုက်သည်။
ရှောင်ဟန်ကျန့်လည်း ညအိပ်ဝတ်စုံဖြင့် ကုတင်ပေါ်တက်သွားသည်။
"အရမ်းပျော်နေတာလား။"
ရှစ်ချင်းလျို့က သူ့လည်ပင်းမှာ လက်ကိုချိတ်ပြီး ပါးပြင်ကို
နမ်းလိုက်သည်။ "အင်း၊ ဒါက ကျွန်မတို့အိမ်ပဲလေ၊ ရှင် မပျော်ဘူးလား။"
သူ့လည်ပင်းကို ဖက်ခွင့်ပြုလိုက်ပြီး ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေက
မည်းနက်နေခဲ့သည်။ "ကိုယ်လည်း ပျော်ပါတယ်။"
သူက သူ့ဇနီးလေးကို စားချင်စိတ်ကို မျိုသိပ်ထားလိုက်သည်။
"ကိုယ်အထက်တန်းကျောင်းပြီးရင် မင်္ဂလာဆောင် ဧည့်ခံပွဲ အသစ် လုပ်ကြမလား။"
ဇနီးဖြစ်သူ ရှောင်မိသားစုထဲ လက်ထပ်ကာ ဝင်လာသည့်အချိန်တုန်းက
သူက သတိလစ်နေဆဲ ဖြစ်သည်။
ထိုနေ့က သူနိုးလာသော်လည်း အိပ်ရာမှ မထနိုင်တာကြောင့် မင်္ဂလာအခမ်းအနား၏
တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်သည့် ကောင်းကင်နှင့် မြေကြီးကို အရိုအသေ မပေးခဲ့ရပေ။
သင့်လျော်ကောင်းမွန်သည့် မင်္ဂလာပွဲ မရှိခဲ့သဖြင့် စိတ်မချမ်းမြေ့ဖွယ်
ကောင်းလှသည်။
သူ့ဇနီးကို အကောင်းဆုံးအရာတွေသာ ပေးချင်တာမို့ အထက်တန်းကျောင်းပြီးရင်
ကျင်းပတာ ပိုသင့်တော်သည်။
ဘဝရဲ့ ပျော်ရွှင်စရာ ၃ခုက တိုင်းတစ်ပါးမှာ သူငယ်ချင်းဟောင်းနဲ့
တွေ့ခြင်း၊ မင်္ဂလာဦးညနှင့် စာမေးပွဲဖြေဆိုနိုင်ခြင်းတို့ ဖြစ်သည်။
သူက နောက်ဆုံး ပျော်ရွှင်မှု နှစ်ခုကို အတူတကွ ဖြည့်ဆည်းပေးချင်သည်။
ရှစ်ချင်းလျို့သည် သူမ၏ ခင်ပွန်းက သူမကို မည်သို့ စားရမည်ကို
တွေးနေကြောင်း မသိခဲ့ပေ။
သူရဲ့ အလှတရားနဲ့ ရိုးရှင်းတဲ့ မိသားစုပုံစံကြောင့်သာ သူမ
သူ့ကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုအချိန်တုန်းက သူမက အခမ်းအနားတွေ၊ မင်္ဂလာပွဲအား
ဂရုမစိုက်ခဲ့ပေ။
သူမ ဆက်မနေနိုင်ရင် ကွာရှင်းမည်ဟူသည့် တစ်ခုတည်းသော အတွေးသာ
ရှိသည်။
ယခုဆိုလျှင်ဖြင့် သူမက ရှောင်ဟန်ကျန့်ကို အမှန်တကယ် နှစ်သက်ပြီး
သူနှင့် စစ်မှန်သော ဇနီးမောင်နှံ ဖြစ်လိုသည်။
သူ့အကြံပြုချက်ကိုကြားတော့ သူမသည် ပျော်ရွှင်သွားပြီး သူ့မျက်နှာကို
ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။ “ဒါပေါ့။”
သူမသည် လိမ္မာပါးနပ်သော အမျိုးသမီးတစ်ဦးမျှသာ ဖြစ်သည်။
ခင်ပွန်းဖြစ်သူက ရင်ခုန်စရာကောင်းသည့် မင်္ဂလာပွဲလေး ကျင်းပပေးချင်တာကြောင့်
သူမ တကယ် ပျော်ရွှင်နေခဲ့သည်။
တစ်နေကုန် အလုပ်များတဲ့နေ့ပြီးနောက် ရှစ်ချင်းလျို့လည်း မောပန်းနေခဲ့သည်။
သူမက ခေါင်းအုံးကြီးကြီးကို ပွေ့ဖက်ပြီး တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
ရှောင်ဟန်ကျန့်က ဤခေါင်းအုံးကြီးက မျက်စိစူးဖွယ်ကောင်းသည်ဟု
ခံစားနေရသည်။
ထို့ကြောင့် ဇနီးသည်၏ လက်နှစ်ဖက်ထဲက ခေါင်းအုံးကို ထုတ်ကာ
ကုတင်စွန်းတွင် ပစ်ချလိုက်သည်။
သူက ဖယောင်းတိုင်ကို မှုတ်ပြီး နူးညံ့ပြီး မွှေးကြိုင်တဲ့
ဇနီးဖြစ်သူကို သူ့ရင်ခွင်ထဲကို ဆွဲဖက်လိုက်သည်။
သူ ကောင်းကောင်း အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့တွင် ရှောင်ဟန်ကျန့်က စီရင်စုကျောင်းသို့ မသွားပေ။
ကျောင်းနှင့်ဆရာဟုန်က သူ့ကို နှစ်ရက်နားခိုင်းခဲ့သည်။
သူတို့မိသားစုက မနက်စာစားပြီးတော့ မြင်းရထားလုံး အနည်းအကျဉ်း
သူတို့အိမ်တံခါးဝကို ရောက်လာခဲ့သည်။
မြင်းရထားကို မောင်းသည့် အစေခံက မြင်းရထားတံခါးကို တလေးတစားနဲ့
ဖွင့်ပေးလိုက်သည်။
"သခင်ကြီး၊ ရှောင်မိသားစုရဲ့အိမ်ကို ရောက်ရောက်ပါပြီ။"
ဖေးယွီကျယ်က မြင်းရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။
ခုန်ထွက်ပြီးနောက်တွင် သူသည် အသက် ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်အရွယ်
လူငယ်တစ်ဦးကို ထွက်ရန် ကူပေးခဲ့သည်။
သူ့အစ်ကိုအကြီးဆုံးက သူ့ထက် ၁၀ နှစ်ကျော် ကြီးတဲ့အတွက် သူက
သူ့တူလေးထက် နှစ်အနည်းငယ်သာ ကြီးသည်။
ထို့နောက် ခေါက်ယပ်တောင် ကိုင်ထားသည့် လူငယ်တစ်ဦးက ဒုတိယရထားလုံးပေါ်မှ
ဆင်းလာခဲ့သည်။
သူသည် ချည်ပန်ထိုးပိုးထည်အဝတ်အစားကို ၀တ်ဆင်ထားပြီး ပြောင်လက်တောက်ပကာ
ကလက်တက်တက်ဖြစ်နေပုံပေါ်သည်။
လျန့်ယိုရှောင်က ခေါက်ယပ်တောင်ဖွင့်ပြီး သူ့ရှေ့က ခြံဝင်းကျယ်ကြီးနှင့်
အစိမ်းရောင်အုတ်ကြွပ်ပြားများ၊ ဘိလပ်မြေဖြင့် ပြုလုပ်ထားသော အိမ်ကြီးကို ကြည့်လိုက်သည်။
“ဒီခြံက ဒီဝါးတောကို တကယ်ကို ပြီးပြည့်စုံစေတယ်၊ မဆိုးပါဘူး။"
ထို့နောက် သူ၏မိန်းကလေးအချို့က သူ့နောက်က ရထားလုံးပေါ်မှ
ထွက်လာသည်။
ဖေးယွီကျယ်က ခေါင်းကိုက်သွားခဲ့သည်။ "ငါ့နောက်လိုက်ခဲ့၊
ရှောင်မိသားစုအိမ်ထဲရောက်တဲ့အခါ ရိုင်းစိုင်းပြီး အဓိပ္ပာယ်မရှိတဲ့ စကားမပြောပါနဲ့။”
လျန့်ယိုရှောင်က မြို့တော်က မင်းစိုးရာဇာမိသားစု၏ ကျော်ကြားပြီး
ပရောပရည် လုပ်ထားသော မြို့စားမင်း ဖြစ်ပြီး သူ၏ မိတ်ဆွေကောင်း တစ်ဦး ဖြစ်သည်။
မကြာသေးမီက သူသည် မြို့တော်၌ ကိစ္စတချို့ကို လုပ်ဆောင်ခဲ့သည်။
သူ့မိသားစုက အကြီးအကဲတွေသူ့ခြေထောကို ချိုးမှာကို ကြောက်နေခဲ့တယ်။
ဖေးယွီကျယ်က သူ၏ တူဖြစ်သူကို ဆရာဝန်နှင့် တွေ့ရန် ဤနေရာသို့
ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သူသိသောအခါ သူက တစ်ချိန်လုံး နားပူနာဆာလုပ်ပြီး ဒီကို
ခေါ်လာဖို့ပြောခဲ့သည်။
ဖေးယွီကျယ်လည်း သူ၏ အဆက်မပြတ် နှောင့်ယှက်မှုကြောင့် ရွေးချယ်စရာ
မရှိတော့ဘဲ သူ့ကို ခေါ်သွားရန်သာ သဘောတူခဲ့လိုက်ရသည်။
သို့ပေမယ့် ဤလူက ခရီးတစ်လျှောက်တွင် အစေခံအနည်းငယ်ကိုခေါ်လာပြီး
အစားအသောက်နှင့် အဝတ်အစားများကို မြင်းရထားလုံးတွဲနှစ်စီးပင် ယူဆောင်လာမည်ဟုတော့ မထင်မိခဲ့ပေ။
ထိုအရာက သူ့ကို အနည်းငယ် နောင်တရစေခဲ့သည်။
အများအားဖြင့်တော့ ထိုလူက ဘဝကို ပျော်ပျော်ရွှင်ရွှင်နေရတာ
ကြိုက်သည်။
ထိုလူက သူ့ထက်စာရင် စားရ၊ သောက်ရ၊ ပိုပြီး ပျော်မွေ့ရတာကို ကြိုက်နှစ်သက်သည်။
သူ့တွင် အစားအသောက် ဇီဇာကြောင်ပြီး ပါးစပ်က ထင်ရာပြောတတ်သည့်
အကျင့်ဆိုးတချို့လည်း ရှိသည်။
ဒီလူက ရွာက အရာအားလုံးကို ဝေဖန်မှာကို သူတကယ်ကြောက်နေသည်။
ပိုဆိုးတာက ထိုလူက သူ့ပါးစပ်ကို မထိန်းနိုင်ပေ။
သူသာ ရှောင်ဟန်ကျန့်ကို စိတ်တိုအောင်လုပ်ခဲ့မယ်ဆိုရင် သူ့တူလေးအတွက်
ဆေးကုသမှုကို ခံယူခွင့်မရနိုင်ပေ။
ထို့ကြောင့် အိမ်ထဲသို့ မဝင်ခင် ထပ်မံသတိပေးခဲ့ရသည်။
လျန့်ယိုရှောင်က ဆွံ့အ သွားခဲ့သည်။ "ငါသိပါတယ်၊ အရမ်းကြီး
ပြောမနေပါနဲ့၊ မြန်မြန်သာ တံခါးခေါက်လိုက်ပါ။"
“မင်းပြောတော့ ဒီလူက ဆွေးမြေ့နေတဲ့ ခြံဝင်းထဲမှာ နေပြီး လူနာတွေကို
ဆွေးနွေးပေးတာဆို၊ ဒါက တော်တော်ကြည့်ကောင်းတယ်၊ အပြင်ဘက်လမ်းကနေ ရွာသွားလမ်းတစ်လျှောက်လုံး ဘိလပ်မြေနဲ့ လမ်းခင်းထားတယ်၊
ခြံဝင်းကလည်း အရမ်းသစ်လွင်နေတယ်၊ ဘယ်မှာ ယိုယွင်းပျက်ဆီးနေလို့လဲ။”
ထို့နောက် သူက သံသယဖြစ်မိသွားခဲ့သည်။ "မင်း ငါ့ကို မလိုက်စေချင်လို့
လိမ်ခဲ့တာလား၊ မင်း မကောင်းဘူး။"
ငါက မင်းကို ဘာလို့ လိမ်ရမှာလဲဟု ဖေးယွီကျယ်က တွေးလိုက်သည်။
“သူတို့က ဒီအိမ်သစ်ကို မကြာခင်ကမှ ဆောက်ထားတာ၊ အရင်တုန်းက
ရောက်ခဲ့တဲ့ နေရာက ဒီမှာ မဟုတ်ဘူး။"
သူက သူ့သူငယ်ချင်းကို ရှင်းပြဖို့ စိတ်မရှည်တော့ဘဲ သူ့အစေခံလေးကို
တံခါးခေါက်ခိုင်းလိုက်သည်။
ရှောင်အာ့လန်က တံခါးကို ဖွင့်ပေးလိုက်ပြီး ဒမ်ဘီက သူ့နောက်ကနေ
လိုက်လာသည်။
သူစိမ်းတစ်ယောက်ကိုတွေ့တာနှင့် ဒမ်ဘီက ချက်ချင်းပဲ ခက်ထန်သည့်အကြည့်ဖြင့်
သူတို့ကို သတိထားကာ ကြည့်ခဲ့သည်။
လျန့်ယိုရှောင်က ဤမျှ ကြမ်းတမ်းသည့် ငန်းတစ်ကောင်ကို ပထမဆုံးအကြိမ်
တွေ့ဖူးခြင်း ဖြစ်သည်။
သူက ရုတ်တရက်ပြောလိုက်သည်။ “ဒီငန်းက တကယ်ကို ဝတုတ်နေတာပဲ၊
ပြုတ်စားလိုက်ရင်တော့ သေချာပေါက် အရသာရှိမှာပဲ။"