Chapter 89
ကျက်သရေရှိသောကိုယ်ရံတော် ရှောင်းရှောင်း
ရှန်းလျန့်သည် ဘာလုပ်လုပ် အပြစ်မလွတ်ဖြစ်နေသည်။
သို့သော် ထန်ချောင်းချောင်းကတော့ အလွန်လာဘ်ရွှင်ကာ ကြီးပွားနေပေသည်။ သူမ၏ အလုပ်သည် တိုးတက်နေကာ အဖွားကလည်း သူ့ချွေးမ ဘယ်လောက်တော်ကြောင်း ချီးကျူးနေသည်မှာ မပြီးတော့ချေ။ အလွန်ဝေဖန်တတ်၍ ကုမ္ပဏီ၌ ပြောဆိုရခက်သည် ဟု နာမည်ကြီးသော ရှန်းလျန့်၏ ဦးလေးသည်ပင် ထန်ချောင်းချောင်းကို ချွင်းချက်အဖြစ်ထားကာ "ကျစ်ရုံချုံချုံ" ရိုက်ကူးရန် ဟက်ပီးဗယ်လီကို ရိုက်ကူးရေးနေရာအဖြစ်ပင် ငှားလိုက်သေးသည်။
တစ်ခါက နိုင်ငံခြားမှ နာမည်ကြီးဒါရိုက်တာတစ်ယောက်သည် ဤနေရာ၌ ရုပ်ရှင်ရိုက်ချင်ခဲ့သော်လည်း ရှန်းယွဲ့က အပြတ်ငြင်းခဲ့သည်။
ဤရှိုး၏တာဝန်ခံများက ဟက်ပီးဗယ်လီကို ငှား၍ရသွားသည်ဟု ရှန်းလျန့်ကြားသောအခါ သူစဉ်းစားမိသည့် တစ်ခုတည်းသော အကြောင်းအရင်းသည် ထန်ချောင်းချောင်းပင်ဖြစ်သည်။
ရှန်းလျန့်၏အဖွားနှင့် ဦးလေးကို ရိုကျိုးစေရန် ထန်ချောင်းချောင်းတစ်ယောက် ဘာတွေများလုပ်လိုက်ပါသနည်း။
ထန်ချောင်းချောင်းကတော့ ရှန်းလျန့်တွေးနေသည်များကို မသိချေ။ သူမနှင့် ချမ်ချင်တို့သည် ရှိုးမှ အခြားဧည့်သည်များအကြောင်း ခပ်တိုးတိုးပြောဆိုနေကြသည်။ ချမ်ချင်သည် ရုပ်ရှင်လောကထဲသို့ စောစောဝင်လာသောကြောင့် ကျယ်ပြန့်သောကွန်ယက်ရှိသည်။ ယခု ဤရှိုး၌ ရှိနေသူများအားလုံးကိုလည်း ချမ်ချင်းသိနေသည်။ သူမသည် ထန်ချောင်းချောင်းကို တစ်ယောက်ချင်းစီအကြောင်းပြောပြ၍ ထိုသူများ၏ လတ်တလော အတင်းအဖျင်းသတင်းများကိုလည်း ပြောပြနေသေးသည်။ ချမ်ချင်သည် တရုတ်ပြည်၏ လမ်းလျှောက်တတ်သော အတင်းအဖျင်းစွယ်စုံကျမ်းကြီး ဖြစ်ပေသည်။
သို့သော် ထန်ချောင်းချောင်းသည် ဤရှိုးမှ ဧည့်သည်တော်တော်များများကို သိပြီးဖြစ်သည်။ သူမ မသိသည်မှာ ရှန်းလျန့်နှင့်စကားပြောနေသော မိန်းကလေးသာဖြစ်သည်။
ချမ်ချင်ကပြောသည်။
"အဲ့ကောင်မလေးက ဒီအသိုင်းအဝိုင်းကမဟုတ်ဘူးလေ...သူက ရှန်းလျန့်ရဲ့ ကုမ္ပဏီက ဥက္ကဌရဲ့ သမီး...နာမည်က ဖန်ထျန် တဲ့..."
ထန်ချောင်းချောင်းက သိချင်၍မေးလိုက်သည်။
"ဒါဆို သူက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ...ရှိုးကို ရိုက်ဖို့လား...ဒါမှမဟုတ် မင်းသမီးအဖြစ်နဲ့ ဒီမှာ ပထမဆုံးရိုက်မလို့လား..."
"မဟုတ်ဘူး..."
ချမ်ချင်က ခေါင်းခါလိုက်သည်
"သူက နိုင်ငံခြားမှာ ကျောင်းတက်နေတာ...တရုတ်မှာတောင် သိပ်နေတာမဟုတ်ဘူး...အခုက ရှန်းလျန့်ရှိလို့ ရောက်နေတာဖြစ်မှာ...သူက ရှန်းလျန့်ရဲ့ အမာခံဖန်လေ..."
ထန်ချောင်းချောင်းသည် ဤအကြောင်းကို ယခုမှကြားဖူး၍ ရှန်းလျန့်က ဖန်ထျန်ကို ပြုံးရယ်နေသောမျက်နှာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ အတွေးတစ်ခုက သူမခေါင်းထဲရောက်လာသည်။
"ရှန်းလျန့်က သူ့အလုပ်မှာ ပြန်အဆင်ပြေဖို့ သူ့သူဌေးရဲ့သမီးနဲ့ တမင်အချိတ်အဆက်ရှိအောင် အတင်းလိုက်ကပ်နေတာလား..."
ထန်ချောင်းချောင်းက ချမ်ချင်းကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
ချမ်ချင်းက ထန်ချောင်းချောင်းကို ရယ်ချင်သည့်ပုံဖြင့် လှမ်းကြည့်လိုက်သည်။
"နင်ရူးနေပြီလား...ရှန်းလျန့်ကိုယ်တိုင်က သူဌေးသားပဲကို...ခေါင်းဆောင်နေရာရဖို့အတွက်နဲ့ သူ့ကိုယ်သူတော့ အဲ့လောက်ထိမလုပ်လောက်ပါဘူး..."
"ဟုတ်ပါတယ်လေ..."
ရှန်းလျန့်သည် မူရင်းဝတ္ထု၏ အဓိကဇာတ်ကောင်ဖြစ်နေသေးသည်ကို ထန်ချောင်းချောင်း မေ့တော့မလို ဖြစ်သွားသည်။ ရှန်းယွဲ့ကဲ့သို့ပင် ရှန်းလျန့်သည် ချမ်းသာသောအသိုင်းအဝိုင်း၏ ဂုဏ်သရေရှိ သားတစ်ယောက်ပင်ဖြစ်သည်။
မဖြစ်နိုင်ပါ။ ရှန်းလျန့်၏ဂုဏ်သိက္ခာနှင့် မကိုက်ညီမည့်အလုပ်ကို မည်သူကမျှ လုပ်ခိုင်းမည်မဟုတ်ချေ။ ထိုသို့သာလုပ်လိုက်လျှင် ရှန်းလျန့်အတွက် အလွန်သိက္ခာကျစရာဖြစ်သွားလိမ့်မည်။
ချမ်ချင်က ဆက်ပြောနေသည်။
"သူနဲ့ ဖန်ထျန်တို့က မြို့တော်ရဲ့ သူဌေးအသိုင်းအဝိုင်းကပဲဆိုတော့ ငယ်ငယ်တည်းက သိကြတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့..."
ထိုအချိန်တွင် ဖန်ထျန်ကလည်း ထန်ချောင်းချောင်းကို ကြည့်ရန် လှည့်လာသည်။ အမျိုးသမီးနှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ ဖန်ထျန်က မေးစေ့ကို ပင့်ကာ ထန်ချောင်းချောင်းကို နှာခေါင်းရှုံ့ပြလိုက်၍ မျက်နှာလွှဲသွားသည်။
မာနကြီးနေလိုက်တာ...
ရိုက်ကူးခါနီးသောအခါ ဒါရိုက်တာက လူတိုင်းကိုခေါ်လိုက်၍ ရှိုးသည် တရားဝင်စတင်တော့သည်။
"ပထမဆုံးအနေနဲ့ ဒီနေ့ရဲ့ ဧည့်သည်သရုပ်ဆောင်တွေကို နွေးထွေးစွာ ကြိုဆိုလိုက်ရအောင်...ချမ်ချင် ရှန်းလျန့် ဖန်ထျန်နဲ့ ထန်ချောင်းချောင်းတို့ပဲ ဖြစ်ပါတယ်..."
လူတိုင်းက ရှေ့သို့ထွက်ကာ ရိုးရိုးရှင်းရှင်းပင် ကိုယ့်ဘာသာကိုယ် မိတ်ဆက်လိုက်ကြသည်။
ဒါရိုက်တာက အလွန်ပင်စိတ်လှုပ်ရှားနေသည်။
"မင်းတို့ထဲက ဒီဟက်ပီးဗယ်လီကို ကစားဖို့ ရောက်ဖူးကြတဲ့လူရှိလား..."
ဧည့်သည်တော်တော်များများက လက်များထောင်လိုက်ကြကာ ရှန်းလျန့်လည်း တစ်ယောက် အပါအဝင်ဖြစ်သည်။
ဒါရိုက်တာ: "ငါတို့က ဒီကို ပထမဆုံးဝင်ခွင့်ရတဲ့ ရိုက်ကူးရေးအဖွဲ့ပဲ...ငါတို့ အရမ်းကံကောင်းတယ်...ကစားကွင်းက ငါတို့အတွက် နေရာတစ်နေရာကိုလည်း လူရှင်းပေးထားတယ်..."
ရိုက်ကူးရေးသည် နေ့လယ်၌စကာ ညနေအထိ ဆက်သွားသည်။ ကစားကွင်းကလည်း ရှိုးရိုက်ကူးရန်အတွက် ယနေ့ ပိတ်ပေးထားသည်။
ဒါရိုက်တာသည် လက်လျှော့လိုက်ရပြီထင်ပြီးမှ ဤကစားကွင်းကို အောင်မြင်စွာရသွားသောကြောင့် အလွန်ပျော်ရွှင်နေဆဲရှိနေသည်။ သူသည် ခံစားချက်များစွာနှင့် ပြောပြနေသည်။
"ငါတို့ရှိုးရဲ့ ရိုးသားမှုက ကစားကွင်းပိုင်ရှင်ကို အရမ်းရိုက်ခတ်သွားတယ်ထင်တယ်...အဲ့ဒါကြောင့် ငါတို့ကို ကစားကွင်းကို ငှားပေးလိုက်တာနေမှာ...ငါတို့လည်း ဒီကနေ ဟက်ပီးဗယ်လီကစားကွင်းကို သေသေချာချာ ကျေးဇူးတင်ကြောင်း ပြောရမယ်..."
ရှန်းလျန့်သည် မျက်နှာပေါ်၌ ဘာခံစားမှုမှ ရှိအနေသော ထန်ချောင်းချောင်းကို လှမ်းကြည့်လိုက်သည်။ သူမသည် စိတ်ထဲ၌တော့ ကျိတ်၍ ဂုဏ်ယူနေလိမ့်မည်ဟု ရှန်းလျန့် တွေးလိုက်သည်။
ထန်ချောင်းချောင်းက ရှန်းလျန့်၏အကြည့်ကို ခံစားမိကာ မျက်ခုံးများကိုပင့်၍ ပြန်ကြည့်နေလိုက်သည်။
ဘာတွေကြည့်နေတာလဲ...
ဖန်ထျန်သည် ဒါရိုက်တာ၏မပြီးနိုင်တော့သော ကျေးဇူးတင်နေမှုကို သည်းမခံနိုင်တော့ကာ မထိန်းနိုင်ပဲ ပြောလိုပ်သည်။
"ဒါရိုက်တာကြီး...ဒီနေ့ရှိုးရဲ့အပြင်အဆင်ကို မြန်မြန်ပြောလို့မရဘူးလား..."
"စိတ်မပူပါနဲ့...ငါ့စကားဆုံးအောင်နားထောင်ပါဦး..."
ဒါရိုက်တာက ပြောလိုက်သည်။
"ဒီနေ့အပိုင်းရဲ့ ကစားရမယ့်အပြင်အဆင်က ဟက်ပီးဗယ်လီရဲ့ မင်းသမီးလေး..."
ရိုက်ကွင်း၌ရှိသော ဧည့်သည်များအားလုံး၏ မျက်နှာများသည် ကြောင်အကုန်ကြသည်။
"???"
ဒါရိုက်တာက အနည်းငယ်ရှက်သွားသည်။
"လူတိုင်းနားလည်ကြတယ်မလား...ဒါက ဘာကိုဆိုလိုချင်လဲဆိုတာ လူတိုင်းသဘောပေါက်ကြတယ်မဟုတ်လား..."
ဒါရိုက်တာ ၏လေသံသည် အားပျော့၍ အောက်ကျို့နေသည်။ Disney ၏မင်းသမီးဇာတ်ကောင်များကို ယူသုံး၍မရသည်ကတော့ ထင်ရှားသည်။ Disney ၏ မူပိုင်ခွင့်စည်းမျဉ်းများက အချဉ်မဟုတ်ချေ။ ဤရှိုးကသာ Disney ပိုင်သော ဇာတ်ကောင်များကိုယူသုံးလိုက်ပါက ရှိုး၏ ဥပဒေရေးရာအဖွဲ့သည် မိနစ်တိုင်း တရားရင်ဆိုင်နေရတော့မည်ဖြစ်သည်။ သို့သော် "ဟက်ပီးဗယ်လီ" တွင်တော့ မင်းသမီးဇာတ်ကောင်မရှိချေ။ ရှိုး၌ ကစားကွင်းအကြောင်းကိုလည်း တစ်ချိန်လုံးပြောနေစရာမလိုပေ။ ထို့ကြောင့် ဟက်ပီးဗယ်လီရဲ့မင်းသမီးလေး သည် ဘယ်ကနေ ပေါ်ထွက်လာပါသနည်း။
....
ဒါရိုက်တာရဲ့လက်ထဲတွင် ရောင်စုံသေတ္တာတစ်လုံးကိုင်ထားသည်။သူက အဲ့သေတ္တာကိုပုတ်ကာ ပြောလိုက်သည်။
" ဒီထဲမှာ အရောင်လေးရောင်ခွဲထားတဲ့ဘောလုံးရှစ်လုံးရှိတယ် : အနီ အပြာ အဝါ နဲ့အဖြူရောင်တွေပဲ အရောင်အတူတူနှိုက်မိတဲ့သူတွေ တစ်ဖွဲ့တည်းကျမယ် "
ပုံမှန်ဆိုရင် " ကျစ်ရုန်ချုံချုံ " မှာ အမြဲတမ်းအဖွဲ့ဝင်ခြောက်ယောက်ရှိလေ့ရှိပေမဲ့ ဒီတစ်ခါမှာတော့ နှစ်ယောက်က ထွက်ဖို့တောင်းဆိုခဲ့သည်။စတားဧည့်သည်လေးယောက်နဲ့ဆို စုစုပေါင်းလူရှစ်ဦးရှိပြီး အဖွဲ့တစ်ဖွဲ့ချင်းဆီမှာ အဖွဲ့ဝင်နှစ်ယောက်ရှိလိမ့်မည်။
အမြဲတမ်းအဖွဲ့ဝင်တွေက နှိမ့်ချတဲ့အနေနဲ့ ဧည့်သည်လေးယောက်ကိုအရင်နှိုက်ဖို့ဦးစားပေးလိုက်သည်။
" အဲ့တာဆို ကျွန်မအရင်နှိုက်လိုက်မယ် "
ဖန်ထျန်က အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်သည်။ပြောကြတဲ့အတိုင်းပဲ နောက်ပေါက်လေးတွေက ကျားကိုတောင်မကြောက်ကြပေ။သူမက အရင်နှိုက်လိုက်ပြီး အနီရောင်ဘောလုံးလေးရလိုက်သည်။
သူမက အောင်ပွဲခံသလိုလှည့်ကြည့်လိုက်ပြီး ရှန်းလျန့်ဘေးပြေးသွားလိုက်သည်။
" အစ်ကိုရှန်းလျန် မြန်မြန်လေး တကယ်လို့ အစ်ကိုအနီရောင်ရခဲ့ရင် ကျွန်မတို့အဖွဲ့အတူတူကျမှာ စောစောနှိုက်လိုက်တာက အခွင့်အရေးပိုရတယ် "
" အဲ့တာဖြစ်နိုင်တယ် "
ရှန်းလျန့်က ဘေးကိုစိုက်ကြည့်လိုက်သည်။တကယ်လို့ သူစောစောနှိုက်လိုက်လို့ ထန်ရှောင်းရှောင်းနဲ့တစ်ဖွဲ့တည်းကျနိုင်ဖို့အခွင့်အရေးမရှိတာကလည်း ကောင်းတာပဲ။
ထန်ရှောင်းရှောင်းက သူတို့စကားပြောနေတာကြားနေရပြီး စောစောနှိုက်တာပဲဖြစ်ဖြစ် နောက်ကျမှနှိုက်တာပဲဖြစ်ဖြစ် အတူတူပဲပြောလိုက်ချင်သည်။
ဒါပေမဲ့ ရှန်းလျန့်က အဝါရောင်ဘောလုံးနှိုက်မိပြီး ဖန်ထျန်က စိတ်ရှုပ်စွာ ခြေကိုဆောင့်လိုက်သည်။
အဲ့နောက် ချက်ချင်းပဲ ချမ်ချင်က ထန်ရှောင်းရှောင်းကိုဆွဲကာ သေတ္တာဆီလျှောက်လာတော့သည်။
ချမ်ချင် အရင်နှိုက်လိုက်ပြီး အပြာရောင်ဘောလုံးရလေသည်။
ထန်ရှောင်းရှောင်းနှိုက်တဲ့အလှည့်မှာတော့ ချမ်ချင်က ဘေးနားကနေ အားပေးနေလေသည်။
" အပြာ! အပြာ! ဒီနေ့ ငါတို့က ပရိသတ်တွေကိုအပြတ်အသတ်အနိုင်ယူမဲ့ စွမ်းအားရှင်ညီအစ်မတွေဖြစ်ရမယ် "
ချမ်ချင်းက စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေသလိုမျိုး ထန်ရှောင်းရှောင်းလည်း သူမအပြာရောင်ဘောလုံးကိုနှိုက်မိဖို့မျှော်လင့်နေသည်။ပြောရမယ်ဆိုရင် သူမလည်း ရှန်းလျန့်နဲ့တစ်ဖွဲ့တည်းမကျချင်ပေ။အဲ့အစား သူမက ရှန်းလျန့်နဲ့ယှဉ်ပြိုင်ချင်နေသည်။
ထန်ရှောင်းရှောင်းက သေတ္တာထဲနှိုက်လိုက်ပြီး ဘောလုံးသေးသေးလေးကိုထုတ်လာကာ သူမလက်ဖဝါးကိုဖြေးဖြေးချင်းဖွင့်မကြည့်ခင်ထိ တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
အခုချိန်မှာတော့ သူမနှလုံးသားပါအပေါ်မြှောက်သွားရုံပါမက ရှန်းလျန့်ကလည်း သူမကိုချက်ချင်းပဲ စိတ်ရှုပ်စွာကြည့်လိုက်လေသည်။
သူတို့က သူမလက်ဖဝါးထဲမှာ အနီရောင်ဘောလုံးကို တွေ့လိုက်ရသည်။
ထန်ရှောင်းရှောင်းတိတ်တဆိတ်ပဲ လည်နင်သွားရသည်။
သူမက ရှန်းလျန့်နဲ့အဖွဲ့မဖွဲ့ချင်ပေမဲ့ ဖန်ထျန်နဲ့အတူရှိဖို့လည်း ခံစားချက်မကောင်းပေ။ဖန်ထျန်က သူ့မကို ပြင်းထန်တဲ့ရန်လိုမှုတွေစိုက်ကြည့်နေလေသည်။
ရှန်းလျန့် တကယ့်ကိုစိတ်သက်သာရာရသွားရသည်။
အရင်အချိန်တုန်းက သူက နယ်ကိုရောက်နေတာကြောင့် ပတ်ဝန်းကျင်ကိုမရင်းနှီးပေမဲ့ အခုတစ်ခါကျတော့ ဒါကကျေးလက်ဒေသမဟုတ်ပေ။ဒီမှာ ဝက်တွေ အဖြူရောင်ဘဲငန်းကြီးတွေ မရှိလို့ သူအရင်တစ်ခါကလို ထန်ရှောင်းရှောင်းကို ရှုံးမှာမဟုတ်ဘူး။
ဖန်ထျန့်ရဲ့မျက်နှာက မကောင်းပေ။သူမက အခုလိုထန်ရှောင်းရှောင်းနဲ့တစ်ဖွဲ့တည်းကျမယ်လို့မထင်ထားပေ။ဒါပေမဲ့ သူမတွေးသလိုသာဆိုရင် သူမအစ်ကိုရှန်းလျန့်အတွက် သူမရဲ့ဒေါသတွေကို ထန်ရှောင်းရှောင်းဆီပုံချလို့ရတာပဲ။
ချမ်ချင်းက ထန်ရှောင်းရှောင်းကိုဖက်လိုက်ပြီး ဝမ်းနည်းနေတဲ့လေသံနဲ့ပြောလိုက်သည်။
" ဒါက ငါတို့နှစ်ယောက်ကြားက နောက်ဆုံးပွေ့ဖက်ခြင်းပဲ အခုချိန်ကစပြီး ငါတို့နှစ်ယောက်က ရန်သူတွေဖြစ်သွားကြပြီ ငါညင်သာမှာမဟုတ်ဘူးနော်..."
ထန်ရှောင်းရှောင်း : .....
ဒါရိုက်တာက ပျော်ရွှင်နေတဲ့မျက်နှာနဲ့ ဒီနေ့ရဲ့အထူးဧည့်သည်လေးယောက်ကိုကြည့်လိုက်သည်။သူရဲ့ပါးစပ်က အပေါ်ကိုမြှောက်တက်နေလေသည်။စိတ်ဝင်စားစရာပဲ!!အကုန်လုံးက အံ့ဩစရာကောင်းတယ်!! အဆင့်တွေအတွက် သူစိတ်ပူစရာမလိုတော့ပေ။
အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ နာမည်ကြီးသရုပ်တောင် မကျန့်က အပြာရောင်နှိုက်မိပြီး ချမ်ချင်းနဲ့ အသင်းသားဖြစ်လာကာ ရှန်းလျန့်ကတော့ အခြားအမျိုးသမီအမြဲတမ်းအဖွဲ့ဝင်နဲ့တစ်ဖွဲ့တည်းကျလေသည်။
အဖွဲ့လေးဖွဲ့ထဲမှာ ထန်ရှောင်းရှောင်းရဲ့အဖွဲ့ကသာ မိန်းကလေးနှစ်ယောက်ဖြစ်နေသည်။ကျန်တဲ့အဖွဲ့သုံးခုက မိန်းကလေးနဲ့ယောကျာ်းလေးတစ်တွဲဆီဖြစ်သည်။
အကုန်လုံးအဖွဲ့ခွဲပြီးနောက် ဒါရိုက်တာက လက်တွေကိုပွတ်ကာ ပြောလိုက်သည်။
" ဒီတစ်ကြိမ် ငါတို့မှာ ကဏ္ဍနှစ်ခုပဲရှိတယ် : မင်းသမီးတစ်ပါးနဲ့ ကိုယ်ရံတော်တစ်ယောက် ။ ဘယ်သူမင်းသမီးလုပ်မယ် ဘယ်သူကိုယ်ရံတော်လုပ်မယ်ဆိုတာကတော့မင်းတို့ဘာသာဆုံးဖြတ်ကြ "
ကျန်တဲ့အဖွဲ့သုံးဖွဲ့က ဆုံးဖြတ်စရာမလိုပေ။သူတို့က မိန်းကလေးကမင်းသမီးလုပ်ပြီး ယောကျာ်းလေးက ကိုယ်ရံတော်လုပ်မယ်လို့ဆုံးဖြတ်လိုက်တော့သည်။ထန်ရှောင်းရှောင်းနဲ့ဖန်ထျန်ကသာ တိတိဆိတ်နေလေသည်။သူမတို့နှစ်ယောက်စလုံးက မိန်းကလေးတွေဖြစ်ကြသည်။သူတို့ထဲက တစ်ယောက်ယောက်ကတော့ ယောကျာ်းလေးနေရာမှာသရုပ်ဆောင်ရမယ်လို့ပြောတာမဟုတ်ဘူးမလား။ပရိုဂရမ်အဖွဲ့က တော်တော်လေးတော်လှသည်။သူမသာ ပိန်ကပ်နေတဲ့ယောကျာ်းလေးအနေနဲ့သရုပ်ဆောင်ရမယ်ဆိုရင် ထန်ရှောင်းရှောင်းနှလုံသားထဲကနေကို 10000 % လောက်ကို မလုပ်ချင်ပေ။
ဖန်ထျန်လည်း အဲ့လိုမျိုးစဉ်းစားမိသည်။သူမက ပေကျင်းက မင်းသမီးလေးပဲလေ။သူမသာ မင်းသမီးမလုပ်ရင် ဘယ်သူက မင်းသမီးလုပ်ဖို့အရည်အချင်းပြည့်မှာလဲ။
ချမ်ချင်းက သူတို့မရွေးနိုင်တာမြင်တော့အကြံပေးလာသည်။
" စုံစံစိဆော့ပြီးရွေးလိုက်ပါ့လား နိုင်တဲ့သူက မင်းသမီးလုပ်လေ "
ထန်ရှောင်းရှောင်းရော ဖန်ထျန်ရောက အဲ့အကြံကိုမငြင်းကြပေ။
သူတို့က လက်သီးဆုပ်လိုက်ပြီး စကစားတော့သည်။
သုံးခါကစားပြီးနောက်မှာတော့ ထန်ရှောင်းရှောင်းက လှပစွာပဲ.....ရှုံးသွားရတော့သည်။
" အဲ့တာဆို နင်ကယောကျာ်းလုပ်ရမှာပေါ့ "
ချန်ချမ်က အကျယ်ကြီးရီလိုက်ပြီးပြောလိုက်တာကြောင့် အခြားသူတွေလည်း မနေနိုင်ဘဲ လိုက်ရီမိကြတော့သည်။
Xxxxxxx