အပိုင်း ၉၀
Viewers 23k

Chapter 90


ထန်ရှောင်းရှောင်းနှုတ်ခမ်း တွန့်သွားရသည်။ဒီလို သူငယ်ချင်းဆက်ဆံရေးကြီးက မြန်မြန်နဲ့ပြီးသွားတာပဲ။


ဖန်ထျန်က ဂုဏ်ယူစွာပြုံးလိုက်သည်။သူမကသာ မင်းသမီးဖြစ်ဖို့အသင့်တော်ဆုံးမှန်း သူမသိလေသည်။


ကဏ္ဍတစ်ခုချင်းခွဲပြီးတာနဲ့ ဒါရိုက်တာက ပြောလိုက်သည်။


" အခု ကိုယ့်ကဏ္ဍကိုယ်သိသွားကြပြီနော် ‌ဒီတစ်ကြိမ် ငါတို့ဂိမ်းရဲ့ပုံစံက ပျော်ရွှင်စရာတောင်ကြားရဲ့မင်းသမီးပဲ။ ကိုယ်ရံတော်ရဲ့တာဝန်က နန်းတော်ဖြစ်တဲ့ ပျော်ရွှင်စရာတောင်ကြားရဲ့ဇိမ်အရှိဆုံးအဆောက်အဦးဆီ မင်းသမီးကို ပို့ပေးရမှာ။ကြားထဲမှာ စမ်းသပ်မှုတွေနည်းနည်းရှိလိမ့်မယ်။မင်းသမီးကို သူ့နန်းတော်ဆီအရင်ရောက်အောင်ပို့နိုင်တဲ့သူက အနိုင်ပဲ "


ဒါရိုက်တာက လက်ခုပ်တီးလိုက်ပြီး


" အခု အဝတ်အစားတွေသွားလဲတော့ ပြီးရင် ပျော်ရွှင်စရာတောင်ကြားမင်းသမီးခရီးကိုစမယ် "


ဂရိုဂရမ်အဖွဲ့က ရှိုးကိုလေးနက်စွာလုပ်ထားလေသည်။သူတို့က ကဏ္ဍတစ်ခုချင်းဆီအတွက် အထူးဝတ်စုံတွေကိုတောင်လုပ်ထားကြသည်။


ထန်ရှောင်းရှောင်းက သူမကိုယ်သူမ ပိန်လှီနေတဲ့ယောကျာ်းကြီးဖြစ်မှာဆိုးနေပေမဲ့ သူမလက်ထဲကို ကိုယ်ရံတော်ဝတ်စုံရောက်တော့ သူမနှလုံးသားထဲစိုးရိမ်မှုတွေက ချက်ချင်းပဲပျောက်ကွယ်သွားတော့သည်။


ကိုယ်ရံတော်ဝတ်စုံက အမဲရောင်ဖြစ်သည်။နက်ခ်တိုင်နဲ့လက်ပတ်တွေကို အနက်ရောင်ပုံစံခြယ်ထားသည်။ပခုံးမှာက ငွေရောင်ချိန်းကြိုးတွေက တွဲကျနေပြီး ရင်ဘတ်မှာအဖြူရောင်အစင်းကြောင်းတွေရှိကာ ခါးမှာလည်း ဓားကိုချိတ်ဆွဲထားသေးသည်။အဲ့တာက ဈေးကြီးမည့်ပုံစံပင်။


" ကျစ်ရုန်ချုံချုံ "ကတော့ နာမည်ကြီးရှိုးတစ်ခုဖြစ်ဖို့ထိုက်တန်ပါတယ်။သူတို့မှာ စပွန်ဆာအများကြီးရှိပြီး ရင်းနှီးမြုပ်နှံ့ငွေကလည်းမြင့်သည်။အပိုင်းတစ်ပိုင်းချင်ဆီရဲ့ဝတ်စုံတိုင်းက အရမ်း‌ဆန်းပြားလှသည်။


ထန်ရှောင်းရှောင်းကနောက်ထပ်တွေးမနေတော့ဘဲ အမြန်ကိုယ်ရံတော်ဝတ်စုံကိုလဲဝတ်ကာ ဆံပင်ကိုခေါင်းနောက်မှာ သပ်သပ်ရပ်ရပ်နဲ့တင်းကျပ်စွာ စည်းနှောင်ထားလိုက်သည်။


သူမ ဝတ်လို့ပြီးတာနဲ့ အခန်းအပြင်ကိုထွက်လာတော့ လူတိုင်းက တုန့်ဆိုင်းသွားပြီး မနေနိုင်တော့ဘဲ သူတို့ရဲ့အံ့ဩနေတဲ့အမူအရာတွေပေါ်လာတော့သည်။


" ကိုယ်ရံတော်ဝတ်စုံအတူတူချင်းပဲကို ဘယ်လိုလုပ် ထန်ရှောင်းရှောင်းနဲ့မှကြည့်ကောင်းနေရတာပါလိမ့် "


ထန်ရှောင်းရှောင်းက အနက်ရောင်ကိုယ်ရံတော်ဝတ်စုံကိုဝတ်ထားပြီး သူမ့ခါးမှာလည်းဓားကိုဆွဲထားကာ အနက်ရောင်ဘွတ်ဖိနပ်တစ်စုံကိုစီးထားသေးသည်။ဝတ်စုံက သူမရဲ့သွယ်လျတဲ့ခါးနဲ့ရှည်လျားတဲ့ခြေထောက်တွေကိုဖော်ပြနေလေသည်။


သူမမျက်လုံးတွေကတောက်ပနေပြီး ပါးစပ်ကိုလည်းတင်းတင်းစေ့ထားသည်။သူမဆံပင်ကိုလည်း သပ်ရပ်စွာစည်းထားကာ သူမနဖူးကို ရှင်းလင်းသပ်ရပ်စွာဖော်ထားလေသည်။သူမရဲ့သူရဲကောင်းဆန်တဲ့ပုံစံနဲ့ဆွဲဆောင်မှုရှိတဲ့ပုံက ဝတ်စုံနဲ့လိုက်ဖက်နေတော့သည်။


ပုံမှန်လမ်းလျှောက်တာကို ရပ်လိုက်ရုံလေးနဲ့တင် ထန်ရှောင်းရှောင်းရဲ့ကျက်သေရေရှိတဲ့ကိုယ်ရံတော်ပုံစံက သေမင်းလိုမျိုးဖြစ်သွားလေသည်။


' ဆွဲဆောင်မှုရှိလိုက်တာ '


' ချောလိုက်တာ '


' သူမ မြင်းဖြူကြီးစီးမှာကိုမစောင့်နိုင်တော့ဘူး '


ဖန်ထျန် စိတ်ရှုပ်ထွေးသွားရသည်။သူမ ထန်ရှောင်းရှောင်းကိုမြင်တဲ့ခဏမှာ အံ့ဩသွားပြီး ရှန်းလျန့်တောင်မှ အခုလိုကိုယ်ရံတောင်ဝတ်စုံနဲ့ သူမစိတ်လှုပ်ရှားအောင်မလုပ်နိုင်ပေ။


မဖြစ်ဘူး...ထန်ချောင်းချောင်းက အစ်ကိုရှန်းလျန့်နဲ့ အဆင်မပြေဘူးလေ...


ဖန်အသိုင်းအဝိုင်းတွင်တော့ ထန်ချောင်းချောင်းသည် သူမ၏ ရန်သူသာဖြစ်လေသည်။


ရန်သူကို ကြိုက်နှစ်သက်ရန်မှာ လုံးဝမဖြစ်နိုင်ပါ။


ဘယ်လိုမှမဖြစ်ဘူး...


ဖန်ထျန်က သူမကိုယ်သူမ သတိပေးလိုက်သည်။


ဧည့်သည်များအားလုံး ဝတ်စုံများလဲပြီးသောအခါ အတားအဆီးများကိုကျော်၍ ခရီးဆက်ကြလေတော့သည်။


"ကျစ်ရုံချုံချုံ" သည် တိုက်ရိုက်ထုတ်လွှင့်သော အစီအစဉ်မဟုတ်သော်လည်း ရိုက်ကူးသည့်အခါတိုင်း netizen များစွာကို ဆွဲဆောင်နိုင်လေသည်။


ယခုတစ်ခေါက်တော့ ရှိုးကို ဟက်ပီးဗယ်လီတွင် ရိုက်ကူးခြင်းဖြစ်သည်။ ကစားကွင်းသည် သာမာန်ဧည့်သည်များအဖို့ ပိတ်ထားသော်လည်း ကစားကွင်းမှဝန်ထမ်းအများအပြားက ကြည့်နေကြသောကြောင့် ရှိုးသို့လာသော ဧည့်သည်များအကြောင်းသည် Weibo ပေါ်သို့ ချက်ချင်းရောက်သွားကြတော့သည်။


【ဒီတစ်ခေါက်တော့ ကျစ်ရုံချုံချုံမှာ cosplay ဆော့ကြတယ်... ချမ်ချင်း ရှန်းလျန့် မကျန့် တို့ မင်းသမီးနဲ့သူရဲကောင်းဝတ်စုံတွေ ဝတ်ထားကြတဲ့ပုံတွေကို ငါဓာတ်ပုံရိုက်ထားတယ်...ဘယ်သူက ဘယ်သူဆိုတာ မှန်းနိုင်ကြမလား ကြည့်ရအောင်...】


ရှိုး၏ နောက်ဆုံးထွက် ရိုက်ကွင်းနောက်မှ အခန်းများကိုမြင်ရသောအခါ ကောမန့်နေရာ၌ netizen များဖြင့် ပြည့်နှက်သွားတော့သည်။


【ချမ်ချင်းက လှလိုက်တာ...အဝါရောင်မင်းသမီးအင်္ကျီလေးနဲ့ လှနေရော...အား...တကယ့်ကို Disney မင်းသမီးလေးပြေးနေသလိုပဲ...】


【ရှန်းလျန့်ကချောလိုက်တာ...ငါ့အိပ်မက်ထဲက မင်းသားလေးအတိုင်းပဲ...】


【ဖန်ထျန်လည်း ရောက်နေတာလား...ဥက္ကဌဖေဖေရဲ့ သမီးလေး မြို့တော်ရဲ့ မင်းသမီးလေးဖြစ်ရတာ တကယ်ကောင်းတာပဲ...မင်းသား မင်းသမီးတွေနဲ့လည်း တွေ့ရတယ် ရှိုးလည်း တူတူရိုက်ခွင့်ရတယ်...】


【လက ရေနဲ့နီးရာကို အရင်ဆုံးလာတာပဲလေ...】


[T/N: "လသည် ရေနှင့်နီးရာသို့ အရင်ဆုံးလာသည်၊ နေရောင်ရသော ပန်းနှင့်သစ်ပင်များသည် အရင်ဆုံးဖူးပွင့်ကြသည်" ဆိုသည်မှာ စုန့်မင်းဆက်လက်ထက်မှ ကဗျာတစ်ပုဒ်ဖြစ်သည်။ ဆိုင်ရာပိုင်ရာများနှင့် အဆက်အသွယ်ရှိသောလူများက လိုချင်သည်ကို လွယ်လွယ်နှင့်ရနိုင်သည်ဆိုသော အဓိပ္ပာယ်ဖြစ်သည်။ ကဗျာ၏ ဆိုလိုရင်းမှာ ရေနှင့်နီးသောနေရာများသည် သစ်ပင်များနှင့် အုပ်မနေသောကြောင့် လ၏အရိပ်ကို ထင်ရှားစွာမြင်ရသည်။ ထို့အတူ နေကိုမျက်နှာမူသော သစ်ပင်များနှင့် ပန်းပင်များသည် သဘာဝအလင်းရောင်ကို ကောင်းစွာရသောကြောင့် စောစီးစွာ ဖူးပွင့်နိုင်ကြသည် ဟူ၍ဖြစ်သည်။]


【နေပါဦး...အလယ်က အမည်းရောင်သူရဲကောင်းဝတ်စုံနဲ့ အမျိုးသမီးက ဘယ်သူလဲ...ဆံပင်ကို အနောက်မှာ စည်းထားတယ်...】


【ဟားဟားဟား မင်းက မြင်တတ်သားပဲ...အဲ့ဒါ ထန်ချောင်းချောင်းလေ...】


【ဟင်?????...】


ထန်ချောင်းချောင်းက သူရဲကောင်းကဲ့သို့ ဝတ်ဆင်ထားသည်ကို netizen များမြင်သောအခါ ရယ်ရသည့်အကြောင်းများကို အရင်တင်လိုက်ကြပြီးမှ ထန်ချောင်းချောင်း၏ပုံကို သေချာကြည့်လိုက်ကြသည်။ ထို့နောက် လေသံများက ပြောင်းကုန်ကြတော့သည်။


【ထန်ချောင်းချောင်းက အနက်ရောင်သူရဲကောင်းဝတ်စုံနဲ့ အရမ်းကို မိုက်တယ်...ငါတော့ကြိုက်တယ်...】


【ငါသာ မင်းသမီးလေးဖြစ်ပြီး အဲ့ဒီလို သူရဲကောင်းမျိုးနဲ့သာတွေ့ရရင်တော့ သူ့နောက်ကို ကမ္ဘာဆုံးတဲ့အထိ လိုက်သွားမှာ...】


【ဘယ်သူကရော မလိုက်ပဲနေမှာလဲ...လှလွန်းလို့ ငါအော်တာ မရပ်နိုင်တော့ဘူး...ရှိုးကို အရမ်းကြည့်ချင်နေပြီ...】


【ချောင်းပေါင်ရေ...မင်းအလှတွေကို ပေါက်ကွဲထွက်ကုန်ပြီ...ကျေးဇူးပြု၍ ငါ့ကို လက်ထပ်ပါ!!!!!...】


သကြားယုန်လေးများကလည်း အော်ဟစ်၍ ထန်ချောင်းချောင်း၏ပုံများကို အလျင်အမြန် သိမ်းနေကြသည်။ သူတို့သည် ထန်ချောင်းချောင်း၏ သူရဲကောင်းဝတ်စုံ‌နေရာ၌ သူမ ယခင်က ဝတ်ခဲ့သည့် မင်းသမီးဝတ်စုံကို ထည့်၍ တည်းဖြတ်လိုက်ကြသောကြောင့် ထိုပုံများကလည်း နာမည်ကြီးသွားကြလေသည်။


"ကျစ်ရုံချုံချုံ" ၏ပထမဆုံးအဆင့်မှာ ရိုလာကိုစတာပေါ်၌ သီချင်းဆိုရန်ဖြစ်သည်။


ဟက်ပီးဗယ်လီမှ ရိုလာကိုစတာ၏ အမြင့်ဆုံးနေရာသည် မြေပြင်ပေါ်မှ မီတာ ၉၀ ခန့်မြင့်၍ အောက်သို့ လျှောကျသည့် နေရာမှာလည်း ၉၀° ခန့် ထောင်မတ်နေလေသည်။ ရိုလာကိုစတာသည် အလွန် မြင့်မားကာ အလယ်၌လည်း အကွေ့အဝိုက်များ အလွန်များသောကြောင့် သီချင်းဆိုရန်မှာ အလွန်ခက်ခဲမည်ဖြစ်လေသည်။


ပရိုဂရမ်အဖွဲ့သည် တကယ်ပင် မလွယ်၍ ညှာတာမှုလည်း မရှိကြပါချေ။ သူတို့သည် ရှိုးစစချင်းမှာပင် ဧည့်သည်များအခက်တွေ့အောင် လုပ်လိုက်ကြပြီဖြစ်သည်။


ဒါရိုက်တာကလည်း အပြုံးလေးဖြင့် ပြောလိုက်သည်။


"ဒီဂိမ်းကတော့ ဦးနှောက်သုံးစရာမလိုပါဘူး...ဒါက လူတိုင်းရဲ့ သီချင်းဆိုနိုင်စွမ်းနဲ့ အဆုတ်အားကို စစ်ဆေးရုံပါ..."


လူတိုင်းက ဒါရိုက်တာအား မျက်စောင်းထိုးလိုက်ကြသည်။


ဒါရိုက်တာကတော့ မထုံတတ်တေး‌ပင်။


"အဖွဲ့တိုင်းက သူတို့ဆိုချင်တဲ့သီချင်းကို သူတို့ကိုယ်တိုင်ရွေးကြရပါမယ်...ကျွန်တော်တို့ ရိုလာကိုစတာပေါ်မှာ အမှတ်ပေးတဲ့စက်ကိုတပ်ထားပါတယ်...နောက်ဆုံးမှာ အမှတ်တွေအရ အမှတ်အများဆုံးရတဲ့အဖွဲ့က နောက်တစ်ဆင့်ကို တခြားအဖွဲ့တွေထက် မိနစ် ၃၀ စောပြီး ထွက်လို့ရပါမယ်..."


ထန်ချောင်းချောင်းက ဖန်ထျန်ဆီသို့ လျှောက်သွားကာ မေးလိုက်သည်။


"နင့်ရဲ့ သီချင်းဆိုတဲ့အသံက ဘယ်လိုလဲ..."


ဖန်ထျန်က ရိုလာကိုစတာကို ကြည့်ကာ အနည်းငယ် ကြောက်နေမိသည်။ ထန်ချောင်းချောင်း၏ မေးခွန်းကိုကြားပြီးသောအခါတွင်တော့ ဖန်ထျန်က ကျေနပ်စွာဖြေလိုက်သည်။


"ကျွန်မက နိုင်ငံခြားမှာကျောင်းတက်ခဲ့ပြီး ကျောင်းရဲ့ သီချင်းဆိုပြိုင်ပွဲမှာ ပထမရခဲ့တာ..."


ထန်ချောင်းချောင်းက မျက်နှာတည်တည်ဖြင့် ဆက်မေးလိုက်သည်။


"တရုတ်သီချင်းတွေရော ဆိုနိုင်လား..."


ဖန်ထျန်က ရပ်သွားသည်။ သူမ နိုင်ငံခြားမှာနေခဲ့သည့် တစ်လျှောက်လုံးတွင် အင်္ဂလိပ်သီချင်းများကိုတော့ ကောင်းစွာဆိုနိုင်သော်လည်း တရုတ်သီချင်းများနှင့်တော့ သိပ်မရင်းနှီးပေ။


ဖန်ထျန်က နှုတ်ခမ်းစူသွားသည်။


"ဒါဆို အစ်မရဲ့ အသံကရော..."


"သိပ်မကောင်းဘူး..."


ထန်ချောင်းချောင်းက ရိုးရိုးသားသားပင် ဖြေလိုက်သည်။


ဤသည်မှာ အမှန်ကိုပြောနေခြင်းဖြစ်သည်။ ထန်ချောင်းချောင်းသည် သီချင်းဆိုရသည်ကို ကြိုက်သော်လည်း သူမ၏အသံက သိပ်မကောင်းပေ။


ဖန်ထျန်က ထန်ချောင်းချောင်း ဤမျှ ပွင့်ပွင့်လင်းလင်းပြောလိမ့်မည်ဟု မထင်ထား၍ မေးလိုက်သည်။


"ဒါဆို အစ်မက ကျွန်မကို မုန်းဖို့ ဘာများအဆင့်ရှိနေလို့လဲ..."


"ငါနင့်ကို မမုန်းပါဘူး..."


ထန်ချောင်းချောင်းက ဖန်ထျန်အား ကြောင်တောင်တောင်ကြည့်လိုက်သည်။


"သီချင်းရွေးလို့ရအောင်လို့ ငါတို့နှစ်ယောက်ရဲ့ အခြေအနေကို သေချာသိချင်လို့လေ..."


ဖန်ထျန်: "ဒါဆို အစ်မက ဘာသီချင်းရွေးချင်လဲ..."


ထန်ချောင်းချောင်းက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်သည်။


"ရိုလာကိုစကာပေါ်မှာ လေအားက အရမ်းပြင်းမှာဆိုတော့ အသံကို ထိန်းရတာ ခက်လိမ့်မယ်...အဲ့ဒါကြောင့် မှတ်ရလွယ်ပြီး ဆိုလို့လည်းကောင်းတဲ့ သီချင်းမျိုးရွေးရင်ကောင်းမယ်...အသံအောင်အောင်နဲ့ ပြင်းပြင်းဆိုလို့ရမယ့် သီချင်းမျိုး..."


ဖန်ထျန်သည် ထန်ချောင်းချောင်းအား မကြိုက်သော်လည်း ထန်ချောင်းချောင်းပြောသည်မှာ မှန်နေသည်ကိုတော့ ဝန်ခံရပေမည်။


ထန်ချောင်းချောင်းက ဖန်ထျန်နားကပ်ကာ တိုးတိုးပြောလိုက်သည်။ ဖန်ထျန်ကလည်း ခေါင်းငြှိမ့်လိုက်သည်။ ဖန်ထျန်၏အဖေသည် ဤသီချင်းကိုအလွန်ကြိုက်၍ အိမ်၌ အမြဲဖွင့်နေသောကြောင့် ဖန်ထျန်လည်း ထိုသီချင်းကို ကြားဖူးနေသည်။


"ကျွန်မတော့ ပြောစရာမရှိပါဘူး...ဒါပဲရွေးလိုက်ကြမလား..."


"အိုကေလေ..."


ဖန်ထျန်သည် အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေမိသည်။ ထန်ချောင်းချောင်းသည် အဘယ်ကြောင့် သူမ အား ပြိုင်ဖက်တစ်ယောက်ကဲ့သို့ မဆက်ဆံပါသနည်း။ ထန်ချောင်းချောင်းသည် ပြဿနာရှာတတ်သော မိန်းမ ဖြစ်သည်မဟုတ်လား။ ဖန်ထျန်သည် ဤရှိုးကိုလာရန် လက်ခံလိုက်သောအခါ ထန်ချောင်းချောင်းနှင့် ပွဲကြီးပွဲကောင်းရန်ဖြစ်ရန် ပြင်ဆင်လာခဲ့သောကြောင့် ဤကဲ့သို့ တစ်ဖွဲ့တည်း တူတူကျသွားမည်ဟု မမျှော်လင့်ထားမိခဲ့ချေ။ ယခုတွင်တော့ သူတို့နှစ်ယောက်သည် ခေါင်းချင်းဆိုင်၍ သီချင်းရွေးနေရတော့သည်။


ဖန်ထျန်သည် သူ့ကိုယ်သူ အပြစ်မရှိ အပြစ်ရှာနေသူကဲ့သို့ ခံစားလာရသည်။


ထားလိုက်ပါတော့။ ယခုလောလောဆယ်တော့ ထန်ချောင်းချောင်း၏စကားကိုသာ နားထောင်နေလိုက်မည် ဟု ဖန်ထျန်ဆုံးဖြတ်လိုက်သည်။ ထန်ချောင်းချောင်း၏ စိတ်ရင်းအမှန်များသည် မကြာခင်တွင် ပေါ်လာမည်မှာသေချာသောကြောင့် ထိုအခါမှပင် သူမ အား ဖန်ထျန် အလဲထိုးလိုက်တော့မည်။


ရှန်းလျန့်၏အဖွဲ့က အရင်သွားရမည်ဖြစ်၍ ရှန်းလျန့်ကိုကြည့်ရသည်မှာ ယုံကြည်မှုအပြည့်နှင့် ဖြစ်နေသည်။


ဖန်ထျန်က ရှန်းလျန့်ကို အားပေးလိုက်သည်။ ထန်ချောင်းချောင်းနားမှ ဖြတ်သွားသောအခါ ရှန်းလျန့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


"ခင်ဗျား အရမ်းကြောက်နေရင် နှုတ်ထွက်လိုက်လို့ရတယ်နော်...ကျွန်တော် မရယ်ပါဘူး..."


ထန်ချောင်းချောင်းကလည်း ‌ရှန်းလျန့်အား အေးစက်စွာ ကြည့်လိုက်သည်။


"နင့်ဘာသာနင်သာ ဂရုစိုက်ပါ...ဘောင်းဘီထဲ သေးထွက်မကျစေနဲ့..."


ရှန်းလျန့်က တိုးတိတ်စွာ လှောင်ရယ်ရယ်လိုက်၍ သူ၏ အမျိုးသမီးအဖွဲ့သားနှင့်တူတူ ရိုလာကိုစတာပေါ်သို့ တက်လိုက်သည်။


ဤကဲ့သို့ ရိုလာကိုစတာလေးက ရှန်းလျန့်အား မတားဆီးနိုင်ပါ။


ရိုလာကိုစတာသည် အပေါ်သို့ ဖြည်းညှင်းစွာ တက်သွားသည်။ စတက်စဉ်တွင်တော့ အရာရာက အဆင်ပြေနေသကဲ့သို့ ထင်ရသည်။


ရှန်းလျန့်နှင့် သူ့အဖွဲ့သားအမျိုးသမီးတို့သည် အလွန် စိတ်ကူးယဉ်ဆန်သော အချစ်သီချင်းကို ဆိုကြသည်။ ပထမတွင်တော့ ကြည့်ရသည်မှာ အလွန် လှပနေသည်။ သို့သော် ရိုလာကိုစတာက အပေါ်သို့ရောက်ရန် နီးလာသောအခါတွင်တော့ ရှန်းလျန့်သည် မကောင်းသည့်အရာနှင့် ကြုံရတော့မလို အနည်းငယ် ထိတ်လန့်လာမိသည်။


ထိပ်သို့ရောက်သွားပြီး ချက်ချင်းပင် ရိုလာကိုစတာသည် အောက်သို့ အရှိန်နှင့် ဆင်းသွားတော့သည်။ အလွန်ပြင်းထန်သောလေအားက ရှန်းလျန့်၏မျက်နှာသို့ လာရိုက်သောကြောင့် မျက်နှာက ရှုံ့မဲ့သွားရသည်။


ထိုအချိန်၌ ရှန်းလျန့်သည် သီချင်းဆိုရန် ကြိုးစားလိုက်သော်လည်း လေများက ပါးစပ်ထဲသို့ ပြင်းထန်စွာဝင်လာကြကာ ရှန်းလျန့်၏ပါးစပ်အား တြိဂံပုံဖြစ်သွားစေသည်။ ပါးမှအသားများက ဘေးသို့ လွင့်နေကြသည်။ ရှန်းလျန့်၏လှပသော ရှေ့ဆံပင်များကလည်း လွင့်ကုန်၍ ထိပ်ပြောင်ခါနီးဖြစ်နေသော ဆံစပ်ကိုပေါ်သွားစေသည်။


ရှန်းလျန်း၏ ပြည့်စုံလှပသော ပုံစံလေး ပျက်စီးသွားရလေပြီ။


အခြားဧည့်သည်များသည်လည်း စင်ပေါ်ရှိ တီဗီစကရင်ကြီးမှ တစ်ဆင့် ကြည့်နေကြသည်။ ရှန်းလျန့်၏ပုံကို မြင်သောအခါ ရှေ့နောက်ယိမ်းထိုး၍ ရယ်နေကြတော့သည်။


ဖန်ထျန်သည် ရှန်းလျန့်၏ ယခုကဲ့သို့‌သောပုံကို တစ်ခါမှ မမြင်ဖူးချေ။ ရှန်းလျန့်သည် အမြဲပင် ချောမော၍ သပ်ရပ်သန့်ပြန့်နေသည်မဟုတ်လား။ သို့သော် ယခု‌တွင်တော့ ဖန်ထျန်လည်း မထိန်းနိုင်‌ပဲ ရယ်လိုက်မိတော့သည်။


တောင်းပန်ပါတယ် အစ်ကိုရှန်းလျန့်ရေ...


ရယ်ရလိုက်တာ...


ရှန်းလျန့် ပြန်ဆင်းလာသောအခါ မျက်နှာတစ်ခုလုံးတောင့်တင်း၍ ပါးစပ်များသည်လည်း နာကျင်နေတော့သည်။ ဒုတိယတစ်ဝက်၌ သူ့ကိုယ်သူ ဘာဆိုမိမှန်းတောင် ရှန်းလျန့် မသိတော့ချေ။


ထန်ချောင်းချောင်းသည် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်၍ ပြုံးလိုက်ကာ ရှန်းလျန့်ဆီသို့ လျှောက်သွား၍ ညင်သာစွာပြောလိုက်သည်။


"ဝိတ်လေးဘာလေးလည်း လျှော့ဦးပေါ့...နင့်မျက်နှာပေါ်မှာ အဆီတွေများနေပြီ..."


ရှန်းလျန့်: ...


သတ်ပစ်ပြီး နှလုံးသားကို ဆွဲထုတ်ပစ်ရမယ်...


---


[T/N: "သတ်ပစ်ပြီး နှလုံးသားကိုဆွဲထုတ်ပစ်ရမယ်" ဆိုသည်မှာ ရန်သူအား စိတ်ဂယောင်ခြောက်ခြားဖြစ်၍ ရူးသွပ်သွားစေရန် စိတ်ဓာတ်အားဖြင့် နှိပ်စက်ကာ ခုခံမှုများကို ရှင်းထုတ်ခြင်းဖြစ်သည်။ ထိုသို့ လုပ်လိုက်သောအခါ ရန်သူသည် အာမခံရဲတော့ပဲ ပြောသမျှကို နာခံလာမည်ဖြစ်ပေသည်။]


Xxxxxxx