Chapter 91
နောက်တစ်ဖွဲ့မှာ ထန်ချောင်းချောင်းနှင့် ဖန်ထျန်တို့၏အလှည့်ဖြစ်သည်။ ဖန်ထျန်သည် ခုနကပင် ပျော်ရွှင်စွာ ပြုံးနေခဲ့သော်လည်း ယခု သူမ အရှက်ရမည့် အလှည့်သို့ ရောက်လာပြီ ဖြစ်လေသည်။
ဖန်ထျန်ရဲ့မျက်နှာက ဖြူဖျော့သွားပြီး နှလုံးခုန်တွေလည်းမြန်လာလေသည်။
ထန်ချောင်းချောင်းက သူမကိုစိုက်ကြည့်လိုက်တော့ သူမရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုတွေ့သွားသည်။သူမက သူမ့(ဖန်ထျန်)ရဲ့လက်ကို ညင်သာစွာကိုင်လိုက်ပြီး ဝိဉာဉ်စွမ်းအားအချို့ကို သူမခန္ဓာကိုယ်ထဲ လျှို့ဝှက်စွာလွှဲပြောင်းပေးလိုက်သည်။
ထန်ချောင်းချောင်း သူမ့လက်ကိုကိုင်လိုက်ပြီးတာနဲ့ ဖန်ထျန် ရုတ်တရက်စိတ်အေးသွားရကာ သူမ့နှလုံးခုန်နှုန်းကလည်း အရင်ကလောက်မမြန်တော့ပေ။
" ရှောင်ရှန်ရှန် ထိန်းထားစမ်း ငါတို့ရဲ့ကျောက်မိသားစုကိုအရှုံးတွေသယ်မလာရဘူး "
ချမ်ချင်းက ပြောလိုက်ပေမဲ့ သူမဖုန်းကိုထုတ်လိုက်ပြီး ထန်ချောင်းချောင်းရဲ့စနက်ပုံတွေကိုရိုက်ရင်အဆင်သင့်ဖြစ်အောင်လုပ်ထားလိုက်သည်။
ရှန်းလျန့် ရိုလာကိုစတာထဲကထွက်ပြီးဘေးကိုလှဲချလိုက်သည်။သူ့ကြည့်ရတာ အဆင်ပြေနေပုံမရပေ။
သူက အဲ့တာကို ယောကျာ်းတစ်ယောက်လိုတွေးထားပေမဲ့ သည်းမခံနိုင်ခဲ့ပေ။ ထန်ချောင်းချောင်းကိုတစ်ယောက်ထဲပဲလွှတ်ထားရအောင်။
ထန်ချောင်းချောင်းက အခု သူ့ကိုတကယ် လှောင်ရီနေခဲ့သည်။ဘယ်သူက ပိုပြီးအရှက်ကွဲမလဲဆိုတာ သူတွေ့ချင်သေးသည်။
ဒါက ထန်ချောင်းချောင်းရဲ့ပထမဆုံးရိုလာကိုစတာစတာဖြစ်ပြီး အဲ့တာကအလွန်ဆန်းကြယ်တယ်လို့ခံစားလိုက်ရသည်။ဒီခံစားချက်ကို တာအိုပညာရှင်တစ်ယောက်ဓားနဲ့လေထဲမှာပျံသန်းနေတဲ့ခံစားချက်လိုမျိုး သူမစိတ်ကူးယဉ်လိုက်သည်။
သူမက မြေပြင်ကိုအေးဆေးစွာကြည့်လိုက်တော့သူမအောက်ကအရာတွေက သေးသထက်သေးသွားလေသည်။
ဖန်ထျန်က သူမခေါင်းကိုမြှောက်ထားပြီး အောက်ကိုတတ်နိုင်သမျှမကြည့်မိအောင်ထိန်းချုပ်ထားလေသည်။
အဲ့အချိန်မှာပဲ သီချင်းစလာပြီး သူတို့နားကြပ်တွေထဲ ရင်းနှီးနေတဲ့တီးလုံးအစကိုကြားလိုက်ရသည်။
ချမ်ချင်း မျက်နှာပြင်ပေါ်မှာပေါ်လာတဲ့သီချင်းကိုတွေ့တော့ ခဏလောက်ကြောင်သွားပေမဲ့ အသိပြန်ဝင်လာတဲ့အခါမှာတော့ သူမအကျယ်ကြီးအော်ရီမိလေသည်။
ထန်ချောင်းချောင်းရွေးလိုက်တဲ့သီချင်းက "သူရဲကောင်းသီချင်း " ဖြစ်သည်။
' သူမဦးနှောက်က ဘယ်လိုအလုပ်လုပ်တာလဲ '
ဒါပေမဲ့ သူမက ယောကျာ်းတစ်ယောက်နေရာ သရုပ်ဆောင်နေရတာမို့ အခြေအနေအရ သူမက ဒီသီချင်းကိုရွေးလိုက်တာဖြစ်သည်။
အဲ့အချိန်မှာပဲ ရိုလာကိုစတာပေါ်ကလူတွေက သီချင်းဆိုနေကြပြီဖြစ်သည်။
" ဝိုး မြစ်တွေကအရှေ့ကိုစီးဆင်းတယ် ကောင်းကင်ကကြယ်တွေကရေတံခွန်ကြီးနဲ့တူတယ် ဝိုး "
" မင်းသွားလို့ပြောရင်သွားမယ် ဝိုး မင်းမှာငါရှိတယ် ငါမှာအကုန်လုံးရှိတယ် ဝိုး "
[သီချင်းစာသားတွေပါ]
သူတို့က နားကြပ်တပ်ပြီးဆိုနေတာကြောင့် သူတို့အသံကို သူတို့ပြန်မကြားနိုင်ပေမဲ့ အောက်မှာရှိတဲ့လူတိုင်းကတော့ ရှင်းလင်းစွာကြားနေရလေသည်။
လူတိုင်း ရှုပ်ထွေးသွားရသည်။
' ထန်ချောင်းချောင်းရဲ့ပါးစပ်က ကီးချောင်နေတာလား '
ဒါပေမဲ့ သူမရဲ့သူရဲကောင်းဆန်ဆန် အပြင်းအထန်ကြိုးစားနေတဲ့ပုံရိပ်က ပရိသတ်တွေကို အစစ်အမှန်လိုခံစားစေရသည်။
အဲ့တာက တကယ့်ကိုအသံထွက်နေတာပဲ။
ဖန်ထျန်ရဲ့အသံကတော့ ပြတ်တောင်းပြတ်တောင်းဖြစ်နေလေသည်။သူမဘာလို့ ထန်ချောင်းချောင်းက ဒီလိုအခြေအနေမှာတောင် တည်ငြိမ်နေနိုင်ရတာလဲ နားမလည်တော့ပေ။
ထန်ချောင်းချောင်းက ရပ်လိုက်ပြီး သူမရဲ့စာလုံးအမှားတွေကိုတောင်ပြင်ပေးလိုက်သေးတယ်။
" အချိန်က လှုပ်ရှားခိုင်းတဲ့အခါ လှုပ်ရှားလိုက်ပါ ကျုံ့ကျိုးကိုဖြတ်ပြီး သူ့နောက်ကိုလိုက် ဟေး ရေးး ရေးး ဟေး ရေး ဟေး ရေး "
" ငါဘာဆိုလိုက်တာလဲ "
ဖန်ထျန်က သူမတို့ရှေ့က အမြင့်ဆုံးနေရာကိုကြည့်ပြီး ကြောက်ရွံ့စွာမေးလိုက်သည်။
" မင်း အို ရေးး လို့ဆိုခဲ့တာ တစ်လုံးလွတ်သွားတယ် "
ဖန်ထျန် : ???
သူမ မျက်လုံးတွေကိုတင်းကျပ်စွာပိတ်လိုက်သည်။
' အစ်မကြီး အတည်ကြီးလား အခုချိန်မှာ စာလုံးတစ်လုံးနှစ်လုံးလေးကို ဂရုစိုက်မနေနိုင်တော့ဘူး အမြင့်ဆုံးနေရာရောက်နေပြီလေ!! '
' အမေ ကယ်ပါ '
အဲ့အချိန်မှာပဲ ရိုလာကိုစတာက အောက်ကိုဆင်းသွားတော့သည်။ဖန်ထျန် သူမ့နှလုံးက လည်ပင်းထိရေုက်လာတယ်လို့ခံစားပြီး ရုတ်တရက်ပဲ သူမက ထန်ချောင်းချောင်းရဲ့လက်ကိုဆုပ်ကိုင်လိုက်တော့သည်။
ထန်ချောင်းချောင်းကတော့ အမြင့်ဆုံးနေရာမှာ ခံစားလို့ကောင်းနေတော့သည်။ပြောရမယ်ဆိုရင် မီတာကိုးဆယ်က အထပ်သုံးဆယ်ရှိတဲ့ အဆောက်အဦးလောက်မြင့်လေသည်။ဒါပေမဲ့ သူမက အပေါ်ဆုံးရောက်သည်ထိစောင့်ပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။
' ဒါပဲလား '
' စိတ်ပျက်စရာပဲ '
ရှန်းလျန့်က ထန်ချောင်းချောင်းရဲ့တုံ့ပြန်မှုကိုဂရုတစိုက်လိုက်ကြည့်နေပြီး သူမ မျက်နှာပြောင်းသွားမဲ့အချိန်ကိုကြည့်ဖို့စောင့်နေလိုက်သည်။
ဒါပေမဲ့ ထန်ချောင်းချောင်းက လေပြင်းတာကြောင့်မျက်လုံးလေးကိုသာအနည်းငယ်မှေးလိုက်လေသည်။သူမအမူအရာက လွယ်လွယ်ပြောင်းမသွားဘဲ သူမမျက်နှာကပြုံးနေပြီး ကောင်းကင်ကနေတဟုန်ထိုးပြုတ်ကျနေတဲ့အခြေအနေကိုပျော်မြူးနေလေသည်။
ဒီဂိမ်းကို ကစားကြတဲ့လူအများစုက ရုပ်ဆိုးတဲ့ဓာတ်ပုံများစွာကိုချန်ထားခဲ့ကြသည် _____ သူတို့ကြွက်သားတွေက တွန့်ကွေးနေမယ် ဒါမှမဟုတ် သူတို့အမူအရာတွေကို ထိန်းမရဖြစ်နေမယ်။ ဒါပေမဲ့ ထန်ချောင်းချောင်းမှာတော့ အဲ့တာတွေတစ်ခုမှမဖြစ်ခဲ့ပေ။
ရှန်းလျန့် ဆွံ့အသွားရသည်။
' ဒီမိန်းမက လူမဖြစ်နိုင်ဘူး '
တကယ်လို့ ထန်ချောင်းချောင်းသာ သူ့စကာလုံးတွေကိုကြားတယ်ဆိုရင် သူမကပြောလိမ့်မည်။
' ဘင်ဂို မင်းမှန်သွားပြီ '
90° အကွေ့ပြီးတော့ ကြီးမားတဲ့အလှည့်အပြောင်းတွေကြောင့် ဖန်ထျန်က သီချင်းဆိုတာကို အရှုံးပေးလိုက်သည်။သူမက အော်ပြီးရင်းသာ အော်နေမိတော့သည်။
ထန်ချောင်းချောင်းက ဦးဆောင်တဲ့အသံရှင်ဖြစ်လာပြီး ဆက်ဆိုနေလေသည်။
" ဝိုးး ကျုံ့ကျိုးကိုသွားပါ '
သူမ သီချင်းဆိုလေ အားအင်ပြည့်လာလေဖြစ်နေလေသည်။
ရိုလာကိုစတာအောက်ကိုရောက်တဲ့အခါမှာတော့ ဖန်ထျန်က ထုံထိုင်းနေပြီဖြစ်သည်။အကြိမ်အနည်းငယ်လောက် အသက်ပြင်းပြင်းရူပြီးမှ သူမနှလုံးခုန်သံက ဖြေးဖြေးချင်းတည်ငြိမ်လာလေသည်။သူမကစားခဲ့ဖူးတဲ့ရိုလာကိုစတာတွေက သူမရှေ့ကဟာနဲ့ယှဉ်ရင် အရုပ်တွေလိုပဲ။ကြောက်စရာကောင်းလိုက်တာ
အဲ့နောက် သူမက ထန်ချောင်းချောင်းရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်ဆိုတာကို တွေ့လိုက်ရသည်။
ဖန်ထျန်က သူမ့လက်ကို ရုတ်လိုက်လေသည်။ ထန်ချောင်းချောင်းရဲ့လက်က သူမကြောင့်နီရဲနေပေမဲ့ သူမကဘာမှမပြောပေ။
ဖန်ထျန် အဆင်မပြေသလိုခံစားလာရပြီး တိုးညှင်းစွာပြောလိုက်သည်။
" ကျေးဇူးပါ "
ထန်ချောင်းချောင်း ပါးစပ်ထောင့်တွေမြှောက်သွားရပြီး
" ရပါတယ် "
ဖန်ထျန်ရှက်သွားရသည်။ပထမဆုံးအနေနဲ့ ထန်ချောင်းချောင်းက မဆိုးဘူးလို့ သူမခံစားရလေသည်။အနည်းဆုံးတော့ သူမက လုံခြုံမှုပေးသည်။
ချမ်ချင်းက ထန်ချောင်းချောင်းအောက်ဆင်းလာတာလည်းမြင်ရော လက်မနှစ်ချောင်းထောင်လိုက်ပြီး
" ငါ နင့်ကိုအစ်မကြီးလို့ပဲခေါ်တော့မယ် စောနက အရမ်းလန်းတာပဲ နင်မကြောက်ဘူးလား "
ထန်ချောင်းချောင်းက သူမနဖူးက မရှိတဲ့ဆံပင်ကိုခါယမ်းလိုက်ပြီး အပြုံးလေးနဲ့ပြောလိုက်သည်။
" ဒါမျိုးက အသေးအဖွဲ့လေးတွေပဲလေ "
ရှန်းလျန့် : "..."
ထန်ချောင်းချောင်းက 82 မှတ်နဲ့အမြင့်ဆုံးအမှတ်ကိုရသွားသည်။သူမက အစပိုင်းမှာ ကီးချော်နေပေမဲ့ သူရဲကောင်းသီချင်းကို အစအဆုံးသီဆိုနိုင်ခဲ့သည်။
ပရိုဂရမ်အဖွဲ့က ပရိုဂရမ်တွေအများကြီးလုပ်ဖူးသည်။ဒါက စတားတွေကို လေထဲမှာ သီချင်းဆိုခိုင်းတဲ့ပထမဆုံးအကြိမ်မဟုတ်ပေ။ဘယ်သရုပ်ဆောင်ကမှ သီချင်းကို အစအဆုံးဖြောင့်ဖြောင့်ဖြူးဖြူးမဆိုနိုင်ဘူး။ပုံမှန်ဆို သူတို့က သီချင်းကို စာသားအနည်းငယ်ပဲဆိုပြီးရပ်လိုက်လေ့ရှိကြသည်။
ထန်ချောင်းချောင်းကသာ သူမသီချင်းကိုပြီးအောင်ဆိုနိုင်တဲ့ပထမဆုံးလူဖြစ်သည်။
အဲ့နောက် အခြားအသင်းနှစ်သင်းကလည်း ကြောက်လန့်တကြားအော်ဟစ်ကာပြီးဆုံးသွားတော့သည်။
အဆုံးမှာတော့ ထန်ချောင်းချောင်းနဲ့ ဖန်ထျန်ရဲ့အသင်းကနိုင်သွားပြီး အခြားအသင်းတွေထက် မိနစ်သုံးဆယ်စောပြီး ဆော့ရမဲ့အခွင့်အရေးရသွားလေသည်။
" သွားစို့ "
ဒါရိုက်တာက သူတို့နိုင်ကြောင်းကြေညာပြီးတာနဲ့ ထန်ချောင်းချောင်းက မြှားတစ်စင်းလိုမျိုးပြေးထွက်သွားကာ ဖန်ထျန်ကတော့ လေအရှိန်ကြောင့် အံ့ဩသွားရသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် လေအရှိန်ကပြန်ရောက်လာကာ သူမလက်ကိုဆွဲပြီး နောက်တစ်ကြိမ်ပြေးသွားပြန်လေသည်။
" ရူးကြောင်ကြောင်နဲ့ဘာရပ်လုပ်နေတာလဲ သွားမယ် "
မိနစ်သုံးဆယ်က အချိန်အများကြီးဆိုပေမဲ့ ပျော်ရွှင်စရာတောင်ကြားလိုနေရာမျိုးမှာတော့ မစ်ရှင်တစ်ခုနဲ့တစ်ခုကြားအကွာအဝေးက ဝေးလွန်းလှသည်။ဒါရိုက်တာက သူမတို့ကို မြေပုံမပေးတာကိုတောင်ထည့်မပြောရသေးဘူး။နောက်မစ်ရှင်နေရာကို သူမတို့ဘာသာရှာရမှာဖြစ်သည်။
မြန်မြန်မှမသွားလျှင် မည်သို့ လုပ်မည်နည်း။
ဖန်ထျန်သည် ထန်ချောင်းချောင်း၏ဆွဲခေါ်သွားခြင်းကို ခံလိုက်ရ၍ အနည်းငယ်မျှ ပြေးလွှားလိုက်ရသည်။
"မရတော့ဘူး...ဆက်မပြေးနိုင်တော့ဘူး..."
ဖန်ထျန်သည် မခံနိုင်တော့ပဲ ထန်ချောင်းချောင်း၏လက်ကို လွှတ်ချလိုက်ကာ လမ်းပေါ်၌ ကုန်း၍ အမောဖောက်နေလေတော့သည်။
ဖန်ထျန်သည် ဤသို့လာခြင်းမှာ မင်းသမီးလေးလုပ်ဖို့သာဖြစ်၍ အပြေးပြိုင်ပွဲ၌ ပြိုင်ရန်မဟုတ်ချေ။
ထန်ချောင်းချောင်းက နောက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်
"ခဏနေရင် သူတို့တွေ မှီလာကြတော့မယ်..."
"မှီရင်လည်း မှီပစေ...ကျွန်မက မင်းသမီးလေ...သူရဲကောင်းအနေနဲ့ ကျွန်မပြောတာကို အစ်မ နားထောင်ရမယ်..."
ဖန်ထျန်က မျက်မှောင်ကျုံ့လိုက်သည်။ သူမ၏ဆံပင်များသည် ရှုပ်ပွနေ၍ မိတ်ကပ်များလည်း ပျက်ကာ အစ်ကိုရှန်းလျန့်ကလည်း မရှိတော့ချေ။ ဤရှိုးသို့ ဖန်ထျန်လာရသည်မှာ ဘာအကျိုးများရှိပါတော့သနည်း။
ဖန်ထျန်သည် စဉ်းစားလေလေ စိတ်တိုလာလေလေ ဖြစ်နေသည်။
ထန်ချောင်းချောင်းက ခဏမျှ စဉ်းစားလိုက်သည်။
"အင်းလေ...ဒါဆိုလည်း ဖြည်းဖြည်း သွားကြတာပေါ့..."
ဖန်ထျန်သည် ခေါင်းကိုမော့ကာ ခေါင်းငြှိမ့်ပြလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ကာ ယိုင်နေသောခြေထောက်များကြောင့် ပြန်၍ လဲကျမလိုဖြစ်သွားသည်။ ထန်ချောင်းချောင်းက ကူ၍ ထူပေးလိုက်ရသည်။
"မင်းသမီးလေးထျန်ထျန်...ဒီက သူရဲကောင်း ချောင်းက ကူညီပေးပါမယ်..."
ဖန်ထျန်က ထန်ချောင်းချောင်းအား လှမ်းကြည့်ကာ နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။
"ကျွန်မ ခြေထောက်တွေလည်းနာတယ်...ဗိုက်လည်း အရမ်းဆာနေပြီ...အစ်မက သူရဲကောင်းပဲ...မင်းသမီးရဲ့ အမိန့်ကို နာခံပြီး စားစရာတစ်ခုခုသွားရှာပေးသင့်တယ်..."
ထန်ချောင်းချောင်းက အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။
"နင့်အစ်ကို ရှန်းလျန့် နိုင်အောင်လို့ နင် တမင်အချိန်ဆွဲနေတာလား..."
ထိုသို့ အပြောခံလိုက်ရသောကြောင့် ဖန်ထျန်မျက်နှာက နီရဲသွားသည်။ သူမသည် ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့်ကာ ပြောလိုက်သည်။
"အစ်မက မဟုတ်တာတွေ ပြောနေတာပဲ...ကျွန်မက အဲ့ဒီလို လူမျိုးမဟုတ်ဘူး..."
"ပြီးတော့ အစ်ကိုရှန်းလျန့်က ဒီလိုကြားဖြတ်နည်းနဲ့ နိုင်မှာမဟုတ်ဘူး...အစ်ကိုက တရားမျှမျှတတနဲ့ နိုင်မှာ..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ဟုတ်ပါပြီ...အဲ့ဒါ နင်ပြောတာနော်...နင့်စကားနင် မှတ်ထားလိုက်..."
ဖန်ထျန်က အားမာန်အပြည့်နှင့် ခေါင်းငြှိမ့်ပြလိုက်သည်။
"မှတ်ထားမှာပေါ့..."
"ဒါပေမယ့်..."
ဖန်ထျန်က ဆက်ပြောလိုက်သည်။
"ကျွန်မ တကယ် ဗိုက်အရမ်းဆာနေပြီ...ကျွန်မက အသက်တောင်ပြည့်သေးတာမဟုတ်ဘူး...ဒီလို ဖွံ့ဖြိုးနေတဲ့အရွယ် လူတွေက အခုလို ဗိုက်ဆာမနေသင့်ဘူး..."
ထန်ချောင်းချောင်းက မကြိုက်ဖြစ်သွားသည်။
"နင်က အသက်မပြည့်သေးတာတောင်မှ ဒီကို တက်တက်ကြွကြွလာပြီး ရှိုးရိုက်လို့ရတယ်ပေါ့..."
"အသက်မပြည့်တာနဲ့ပဲ ရသစုံရှိုးတွေမှာ မပါရဘူးလို့ ဘယ်သူပြောထားလို့လဲ...အစ်မက ခွဲခြားခွဲခြားလုပ်နေတာပဲ..."
ဖန်ထျန်က ထိုနေရာ၌ပင် ပေကပ်၍ ရပ်နေသည်။
"ဘာပဲဖြစ်ဖြစ် ဒီမင်းသမီးလေးက အရမ်းဗိုက်ဆာနေပြီ...ကျွန်မ တစ်ခုခု စားချင်နေပြီ..."
ကစားကွင်းထဲ၌ မည်သူမှမရှိ၍ စားသောက်ဆိုင်များကလည်း ပိတ်ထားကြသည်။ ထန်ချောင်းချောင်းတစ်ယောက် ဘယ်က စားစရာသွားရှာမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
ဖန်ထျန်သည် မရသည်ကို အတင်းတောင်းဆိုနေ၍ ပြဿနာရှာနေခြင်းတော့မဟုတ်ပေ။ ပရိုဂရမ်အဖွဲ့ကလည်း မင်းသမီးအား သူရဲကောင်းကို ခိုင်းစေနိုင်သော အခွင့်အရေးပေးထားသည် မဟုတ်လား။
---
[Translator Note: ]
ဒီအပိုင်းမှာ ထန်ချောင်းချောင်းက "Water Margin" ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ သီချင်း၊ လျှိုဟွမ်သီဆိုထားတဲ့ "Heroic Song"(သူရဲကောင်း၏တေးသံ) ဆိုတဲ့သီချင်းကို ဆိုထားပါတယ်။ အဲ့ဒီသီချင်းဟာ ရှန်းတုံ၊ ဟယ်နန်၊ ဟယ်ပေနယ်တစ်ဝိုက်မှာ ကျော်ကြားတဲ့ ရှေးသောင်းသီချင်းတွေကို ပေါင်းစပ်ပြီး သီဆိုထားတာဖြစ်ပါတယ်။
ဘာသာပြန်သူလည်း အဓိပ္ပာယ်ကိုနားမလည်ပေမယ့် ခေတ်ဟောင်းဆန်ပြီး ရယ်စရာကောင်းတယ်လို့ ထင်မိပါတယ်။
Xxxxxx