အပိုင်း ၉၃
Viewers 24k

Chapter 93


ထန်ချောင်းချောင်းရဲ့အသံက ရှင်းလင်းနေပြီး သူမရဲ့တခစ်ခစ်ရယ်သံကြီးရယ် သူမရဲ့သား‌ရေဘွတ်ဖိနပ်နဲ့ကြမ်းပြင်နဲ့ထိတဲ့ " တဒ် တဒ် တဒ် တဒ် " ဆိုတဲ့အသံတွေက အခန်းကြီးထဲမှာ ပျံ့လွင့်နေလေသည်။


ဖန်ထျန်က တံထွေးမျိုချလိုက်ပြီး ပြောလိုက်သည်။


" အခု နင်က ဖုတ်ကောင်ထက်ပိုကြောက်ဖို့ကောင်းတယ်လို့ခံစားနေရတယ် "


ယခုချိန်၌ ဖုတ်ကောင်က ခေါင်းတလားထဲ လှဲနေတာဖြစ်သည်။


ပုံမှန်အတိုင်း ခရီးသွားတွေကိုခြောက်လှန့်ပြီးတာနဲ့ သူက သူရဲ့အသိုက်ဖြစ်တဲ့ ခေါင်းတလားဆီပြန်လာကာ အားပြန်ဖြည့်လေ့ရှိသည်။အဲ့နှစ်ယောက်က လိုက်လာလိမ့်မယ်လို့ဘယ်သူထင်မှာလဲ။


ဒီအလုပ်မှာပထမဆုံးအကြိမ် အဲ့လို ရဲရဲတောက်ဧည့်သည်မျိုး သူတွေ့ဖူးတာပဲ။


ဘာကပိုထူးဆန်းလဲဆိုတော့ ထန်ချောင်းချောင်းရဲ့အသံနီးလာတာနဲ့အမျှ သူက နှလုံးခုန်တွေမြန်လာတာပဲ။


ဖုတ်ကောင်က ခရီးသွားတွေကိုကြောက်နေတာလား။ဒါက သရဲအိမ်ဖြစ်နေတုန်းပဲဆိုတာ သူ့ကိုဘယ်သူပြောပေးနိုင်မလဲ။


" ဒီမှာလား "


ထန်ချောင်းချောင်းက ခေါင်းတလားတစ်ခုကိုဆွဲဖွင့်လိုက်သည်။


" ဒီမှာမဟုတ်ဘူးပဲ ဒါဆိုနောက်တစ်ခု "


မစ္စတာဖုတ်ကောင်ကတော့ အခေါင်းထဲပုန်းနေရင်း သူ့ရင်ဘတ်ပေါ်ကလက်တင်ထားကာ သူ့မျက်နှာလေးကိုပြန်ဆယ်ဖို့ ဒီမိန်းမကြီးကို တစ်ခုခုက ခြောက်လွှတ်လိုက်ရန် ဆုတောင်းနေတော့သည်။


" အို့ ! ဒီမှာလည်းမဟုတ်ဘူးပဲ "


ထန်ချောင်းချောင်းက သနားစဖွယ် သက်ပြင်းချလိုက်သည်။


" နောက်ဆုံးတစ်ခုပဲကျန်တော့တယ် တကယ်လို့ သူအဲ့မှာမှ မရှိရင် ပြန်သွားကြတာပေါ့ "


ထန်ချောင်းချောင်းရဲ့အသံက မစ္စတာဖုတ်ကောင်ရဲ့အခေါင်းပေါ်ကနေထွက်လာ‌လေသည်။


အသံက ပြောပြီးပြီးချင်းမှာပင် ထန်ချောင်းချောင်းက ခေါင်းတလား၏အဖုံးကို တွန်းဖွင့်လိုက်သည်။


မစ္စတာဖုတ်ကောင်သည် တိုက်ခိုက်ရန် လက်များကို ဆန့်တန်းလိုက်သော်လည်း မထင်မှတ်ပဲ အဖြူရောင်အရိုးခေါင်းတစ်ခုကို ကိုင်မိလျက်သားဖြစ်သွားသည်။ အရိုးခေါင်းသည် အစိမ်းရောင်မီးရောင်အောက်၌ ကြည့်ရသည်မှာ ခြောက်ခြားဖွယ်ဖြစ်နေသည်။


"ငါနင့်ကို တွေ့ပြီ..."


အရိုးခေါင်းက မစ္စတာဖုတ်ကောင်အား ထူးဆန်းစွာ ပြုံးပြလိုက်သည်။


"သရဲ!!..."


မစ္စတာဖုတ်ကောင်က ကြောက်လန့်စွာ အော်လိုက်သည်။ သူသည် ချက်ချင်းထထိုင်၍ အရိုးခေါင်းအားတွန်းပစ်ကာ ခေါင်းတလားထဲမှ ချက်ချင်း ထထိုင်လိုက်သည်။


"ဟားဟားဟား..."


ဖန်ထျန်က လက်ခုပ်လက်ဝါးတီး၍ ရယ်လိုက်သည်။ ထန်ချောင်းချောင်းသည် ဤအခန်းထဲသို့ မလာမှီလေးမှာပင် ဘေးခန်းမှ အရိုးခေါင်းမျက်နှာဖုံးကို ယူလာခြင်းဖြစ်သည်။ ထိုမျက်နှာဖုံးသည် ဤမျှ အသုံးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။


ထန်ချောင်းချောင်းသည် သရဲအိမ်ထဲ၌ သရဲနှင်သူ ဖြစ်နေလေသည်။ သူမသည် သရဲကိုပင် ကြောက်လန့်အောင်လုပ်နိုင်သည့် ရက်စက်သူဖြစ်သည်။


အခြားမိန်းကလေး၏ရယ်သံကို ကြားလိုက်သောအခါ မစ္စတာဖုတ်ကောင်သည် သူအလှည့်စားခံလိုက်ရပြီကို သတိလိုက်၍ မျက်နှာက ချက်ချင်းရှုံ့မဲ့သွားသည်။


ထန်ချောင်းချောင်းက အရိုးခေါင်းမျက်နှာဖုံးကို ဖြုတ်ကာ ပြုံးလိုက်သည်။


"မကြောက်ပါနဲ့...ကျွန်မက ဒီ ပျင်းစရာအခြေအနေကြီးကို နည်းနည်းပေါ့ပါးသွားအောင် စလိုက်တာပါ..."


ပျင်းစရာကောင်းတယ်တဲ့လား...


မစ္စတာဖုတ်ကောင်သည် ဤသရဲအိမ်၌ နာမည်အကြီးဆုံးသရဲတစ်ကောင်ဖြစ်ပေသည်။


မစ္စတာဖုတ်ကောင်သည် အလွန်စိတ်ဓာတ်ကျသွား၍ လျှာကြီးက ပါးစပ်ထဲမှ တွဲလောင်းထွက်ကျနေတော့သည်။


ထန်ချောင်းချောင်းက မေးလိုက်သည်။


"ညပုလဲ ဘယ်နေရာမှာရှိလဲဆိုတာ ရှင်သိလားလို့ မေးမလို့..."


"မသိဘူး..."


မစ္စတာဖုတ်ကောင်၏အသံက သူ့ပါးစပ်ထဲမှ လျှာအတုကြီးကြောင့် ဗလုံးဗထွေးဖြစ်နေသည်။


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ရှင်က ညပုလဲက ဘာလဲဆိုတာတောင်မမေးပဲ မသိဘူး တန်းပြောတော့တာပဲ...အဲ့ဒါ ရှင်သိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."


မစ္စတာဖုတ်ကောင် နောင်တရသွားမိသည်။ သူသည် စကားကို အမြန်ပြောလိုက်၍ သူသိသည်ကို ထုတ်ဖော်မိသွားသည် မဟုတ်ပါလား။


ဖန်ထျန်ကလည်း ယခု၌ သိပ်မကြောက်တော့ပဲ မေးလိုက်သည်။


"မြန်မြန်ဖြေနော်...မဟုတ်ရင် သူက ရှင့်ကို ထပ်ခြောက်နေဦးမှာ..."


မစ္စတာဖုတ်ကောင်၏မျက်လုံးများက အနည်းငယ်လှုပ်သွားသော်လည်း ဘာမှမပြောတော့ပေ။


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ဒီအခန်းထဲမှာပဲ ရှိမှာပဲ...လိုက်ရှာကြည့်လိုက်..."


ဖန်ထျန်က စကားနားထောင်၍ အခန်းကို လှည့်ပတ်ရှာနေလိုက်သည်။ ထန်ချောင်းချောင်းကတော့ ဖုတ်ကောင်၏အမူအရာကိုသာ သေချာ စိုက်ကြည့်နေသည်။ ဖုတ်ကောင်က ခေါင်းတလားဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ ထန်ချောင်းချောင်းသည် ခေါင်းတလားဆီသို့ ချက်ချင်းပင်ပြေးသွားလိုက်သည်။


ဖန်ထျန်က ရွံရှာစွာ ပြောလိုက်သည်။


"ရှိုးက ပုလဲကို အခေါင်းထဲမှာ ဝှက်ထားရလောက်တဲ့အထိတော့ မကြောင်လောက်ပါဘူး..."


ထန်ချောင်းချောင်းသည် ခေါင်းတလားများကို ဖွင့်၍ မှောက်ချလိုက်သည်။ ပထမနှစ်ခု၌ ဘာမှမရှိ‌သောကြောင့် မစ္စတာဖုတ်ကောင် လှဲလျောင်းနေသော အခေါင်းဆီသို့ လျှောက်သွားလိုက်သည်။


"မလေးမစားနဲ့ ရိုင်းစိုင်းလိုက်တာ...ငါ့ပစ္စည်းတွေကို ရွှေ့မနေကြနဲ့..."


ဖုတ်ကောင်သည် လန့်လာ၍ ထန်ချောင်းချောင်းကို တားလိုက်သည်။


ထန်ချောင်းချောင်းက ဘေးဘက်နံရံမှ အဝါရောင်အဆောင်ကိုယူ၍ ဖုတ်ကောင်၏နဖူး၌ ကပ်လိုက်လေသည်။


"တိုးတိုးနေစမ်းပါ..."


ဖန်ထျန်နှင့် မစ္စတာဖုတ်ကောင်: ???


ထိုအချိန်၌ မော်နီတာအခန်းတွင် စောင့်ကြည့်နေကြသော ဝန်ထမ်းများကလည်း ကြောင်သွားကြသည်။


ထန်ချောင်းချောင်းက ဒီလိုမျိုး တကယ်ကြီး လုပ်လိုက်တာလား...


မစ္စတာဖုတ်ကောင်သည်လည်း ထိုနေရာ၌ တောင့်တောင့်ကြီးရပ်နေမိသည်။ သူ့အား မည်သူကမှ ယခုကဲ့သို့ မလုပ်ဖူးသောကြောင့် လှုပ်ရမည်လား ရပ်နေရမည်လား မသိချေ။ သရဲအိမ်၌ ဤအကြောင်းနှင့်ပတ်သတ်၍ စည်းကမ်းချက်ထုတ်ထားခြင်းလည်း မရှိချေ ။


ထန်ချောင်းချောင်းက အခေါင်းထဲသို့ သေချာစွာကြည့်လိုက်သောအခါ အောက်ပျဉ်ပြား၌ အံဝှက်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထန်ချောင်းချောင်းက ထိုအံဝှက်ကို ဖွင့်လိုက်သည်။ ဖန်ထျန်ကလည်း စပ်စုချင်စိတ်ဖြင့် ကုန်းကြည့်လိုက်ပြီးမှ အသံကုန် အော်ဟစ်လိုက်သည်။


ခေါင်းတလား၏အောက်ခြေ၌ အရိုးစုတစ်ခုက လှဲလျောင်းနေကာ ညပုလဲက အရိုးစု၏ပါးစပ်ထဲ၌ ရှိနေလေသည်။


ထိုအရိုးစုသည် ထန်ချောင်းချောင်၏မျက်နှာဖုံးထက် ပို၍ သဘာဝဆန်နေသည်။


ထန်ချောင်းချောင်းသည် အလွန်ပျော်သွား၍ တလက်လက်တောက်ပနေသော ပုလဲလုံးတစ်လုံးသာဖြစ်သည့် ညပုလဲကို လှမ်းယူလိုက်သည်။


"ပရိုဂရမ်အဖွဲ့က တကယ်ထူးဆန်းတာပဲ...လူသေပါးစပ်ထဲကို ရတနာထည့်ပေး‌တဲ့ အလေ့အထကို တကယ်သုံးသွားတယ်..."


ပရိုဂရမ်အဖွဲ့: ကျွန်တော်တို့ထက် ထန်ချောင်းချောင်းက ပိုထူးဆန်းနေတာပါ...


ထန်ချောင်းချောင်းသည် ညပုလဲကို သိမ်းဆည်းလိုက်၍ မစ္စတာဖုတ်ကောင်၏မျက်နှာမှ အဝါရောင်အဆောင်စက္ကူကို ဖယ်ပေးလိုက်သည်


မစ္စတာဖုတ်ကောင်လည်း ညပုလဲ ပါသွားပြီကို မြင်လိုက်သောအခါ သူ၏မစ်ရှင် ကျရှုံးသွားပြီကို သိလိုက်ရ၍ စိတ်ဓာတ်ကျသွားသည်။


ထန်ချောင်းချောင်းက မေးလိုက်သည်။


"ရှင် ဒီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ..."


ဖုတ်ကောင်က ပြန်ဖြေသည်။


"၆လကျော်လောက်ရှိပြီ..."


"ရှင်ဘာဖြစ်လို့ ရှုံးသွားလဲသိလား...ကြောက်စရာမကောင်းလို့...လင်ကျန်းယင်းရဲ့ ရုပ်ရှင်တွေကြည့်ဖူးလား..."


ဖုတ်ကောင်က ခေါင်းခါပြလိုက်သည်။ ထိုရုပ်ရှင်များသည် အလွန်အိုဟောင်းနေသော ရုပ်ရှင်များဖြစ်သည်။


"ရှင်သွားကြည့်သင့်တယ်...အဲ့ဒီရုပ်ရှင်တွေက တကယ့် ဂန္ထဝင်တွေ...အဲ့ဒီကားတွေကနေ ဖုတ်ကောင်တွေက ဘယ်လိုကြောက်စရာကောင်းလဲဆိုတာ ရှင်လေ့လာကြည့်...ဒီလိုအလုပ်မျိုးဆိုတာ တစ်ခါတစ်လေမှာ ကြာကြာလုပ်ခွင့်ရဖို့အတွက် ပြောင်းလဲသင့်တာကို ပြောင်းလဲရတယ်..."


မစ္စတာဖုတ်ကောင်က ကြောင်အနေမိသည်။


ဖန်ထျန်သည်လည်း ဆွံအနေမိသည်။ ထန်ချောင်းချောင်းကို အရင်မပထုတ်လိုက်မိသည်မှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်သွားသည်။ မဟုတ်လျှင် ဖန်ထျန်တစ်ယောက် ဤသရဲအိမ်ထဲ၌ အလွန်အခက်တွေ့နေမည်ဖြစ်လေသည်။


ထန်ချောင်းချောင်းသည် ဖန်ထျန်အား အထဲမှထွက်ကြရန် အချက်ပြလိုက်သည်။ သို့သော် ခြေနှစ်လှမ်းမျှ လျှောက်ပြီးသောအခါ ထန်ချောင်းချောင်းသည် ဖုတ်ကောင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။


"ရှင် စိတ်ဓာတ်မကျပါနဲ့...မကြာခင်မှာ အရပ်ရှည်ရှည်နဲ့လူတစ်ယောက်လာလိမ့်မယ်...သူ့ကိုတော့ ရှင် ကြောက်အောင်ခြောက်နိုင်မှာပါ..."


ထို့နောက် ထန်ချောင်းချောင်းသည် ဖုတ်ကောင်အား ရှန်းလျန့်ကို မည်သို့ခြောက်ရမည်ကို သင်ပေးနေတော့သည်။ ဖန်ထျန်ကလည်း ဝင်မတားပဲ သူမကိုယ်တိုင်က ကြည့်‌ချင်နေမိသည်။


ပျော်စရာကြီး...


ပရိုဂရမ်အဖွဲ့: သွားပြီ...ရိုးသားတဲ့ဖန်ထျန်လေးက လမ်း‌ကြောင်းလွဲပြီး ထန်ချောင်းချောင်းနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားနေပြီ...


ထန်ချောင်းချောင်းသည် ဖန်ထျန်အားခေါ်၍ ရှေ့သို့ ဆက်လျှောက်လာရာ တရုတ်သရဲများနေရာကိုကျော်၍ နိုင်ငံတကာသရဲများနေရာသို့ ရောက်လာသည်။


ကမ္ဘာကျော်သရဲမ ဆဒကိုသည် တီဗီထဲ၌ ကိုယ်တစ်ဝက် ဝင်နေလေသည်။ တစ်ယောက်ယောက်လာသည်ကို မြင်သောအခါ သူမ သည် တစ်စုံတစ်ယောက်က တီဗီခလုတ်ကို နှိပ်လိုက်သကဲ့သို့ တီဗီထဲမှာ တွားသွား၍ ထွက်လာလိုက်သည်။


[ဆဒကို ( Sadako ) သရဲမဆိုတာ ဂျပန် yokai (မကောင်းဆိုးဝါး) တစ်မျိုးပဲဖြစ်ပါတယ် သူမက ဆံပင်အရှည် ဂါဝန်အဖြူရောင်ဝတ်လေ့ရှိပြီး တီဗွီတွေထဲကနေ ကိုယ်တစ်ပိုင်းထွက်ကာ လူတွေကိုခြောက်လှန့်လေ့ရှိပါတယ် ]


ဆဒကို၏မျက်နှာကို မည်းနက်သော ဆံပင်ရှည်များက ထူထပ်စွာဖုံးအုပ်‌နေကြ၍ လက်များကလည်း တွန့်လိမ်နေကြသည်။


ဖန်ထျန်သည် ထန်ချောင်းချောင်းအနောက်၌ ပုန်း၍ စူးရှသောအသံဖြင့် အော်ဟစ်ကာ ကိုယ်လုံးကလည်း ကောက်ရိုးကဲ့သို့ တဆတ်ဆတ်တုန်နေလေသည်။


ဆဒကိုက ခြေစုံရပ်လိုက်ကာ 'ဒီမိန်းမနှစ်ယောက် ဘာလို့ထွက်မပြေးသေးပါလိမ့်' ဟုတွေးနေသည်ကို ထန်ချောင်းချောင်းက ရပ်ကြည့်နေမိသည်။


ထို့နောက် ဆဒကိုသည် သူမရှေ့မှ အမျိုးသမီး၏ ခြေထောက်ကို လှမ်းဆွဲရန် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူမ၏ဆံပင်ကို အဆွဲခံလိုက်ရလေသည်။


ထန်ချောင်းချောင်းက စပ်စုစွာ မေးလိုက်သည်။


"ရှင့်ရဲ့ ဆံပင်တုက တကယ့်အစစ်အတိုင်းပဲ..."


ဆံပင်ကို နှစ်ခါမျှ အဆွဲခံလိုက်ရသောအခါ ဆဒကိုသည် နာကျင်သောအသံဖြင့် အော်လိုက်တော့သည်။


"အယ်...ဒါဆံပင်အစစ်တွေလား...ကျွန်မတောင်းပန်ပါတယ်..."


ထန်ချောင်းချောင်းက ဆံပင်များကို ချက်ချင်းလွှတ်ချလိုက်သည်။


ဆဒကိုသည် သူမ၏ဦးခေါင်းကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။


နာလိုက်တာ...


ထို့နောက် ထန်ချောင်းချောင်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်၍ ဆံပင်များဖြင့်ပြည့်နေသော မျက်နှာတည့်တည့်ကို မေးလိုက်သည်။


"ရှင့်ဆံပင်တွေကို ဒီလောက် မည်းနက်‌ပြီး ထူနေအောင် ဘယ်လိုများ ထိန်းသိမ်းထားတာလဲဟင်..."


ဆဒကို: ??


မော်နီတာရှေ့မှာတော့ ပရိုဂရမ်အဖွဲ့ကလူတွေအားလုံး ထန်ချောင်းချောင်းရဲ့ ပူးပေါင်းရေးနည်းလမ်းကြောင့် အံ့ဩကုန်ကြသည်။


' ဒါကဘယ်လိုအလုပ်ဖြစ်မှာလဲ '


သူတို့က သရဲအိမ်ကို ဧည့်သည်တွေ ကြောက်နေတဲ့ပုံတွေ သူတို့ခုန်လိုက်လို့ဖြစ်သွားတဲ့ရီစရာပုံ‌တွေရိုက်လို့ကအောင်လို့ ထည့်ထားတာဖြစ်သည်။ဒါပေမဲ့ အခုတော့ ဒါက ဧည့်သည်ကနေ တစ္ဆေမလေးကိုဆွဲထားပြီး စကားပြောတာကိုပြောင်းလဲသွားသည်။


သရဲအိမ်ထဲမှာ ထန်ချောင်းချောင်းရယ် ဖန်ထျန်ရယ်က ဖြူဖျော့နေတဲ့ညီမလေး ဆဒကို ကိုညှပ်ထိုင်‌ထားလေသည်။သူတို့သုံးယောက်က တဂျစ်ဂျစ်မြည်နေတဲ့ တီဗွီရှေ့က ဆိုဖာဟောင်းပေါ်ကြီးမှာထိုင်နေကြတာဖြစ်သည်။


ညီမလေ ဆဒကိုရဲ့မျက်နှာက ဆံပင်ရှည်တွေနဲ့ဖုံးထားဆဲဖြစ်သည်။ထန်ချောင်းချောင်းနဲ့ဖန်ထျန်က သူ့မဆံပင်တွေကိုလက်ဖဝါးထဲအပြည့်ကိုင်ထားပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြသည်။ဒီပုံရိပ်က ဘယ်လိုလုပ် လိုက်ဖက်ညီပြီး ထူးဆန်းနေသလိုမျိုးဖြစ်နတာပါလိမ့်။


" နင့်ဆံပင်က တော်တော်လေးကောင်းတာပဲ နက်မှောင်တယ် နူးညံ့ပြီး ချောမွေ့နေတာပဲ နင် ဆံပင်မော်ဒယ်တစ်ယောက်တောင်လုပ်လို့‌ရနေပြီ "


ထန်ချောင်းချောင်းက အတည်ပေါက်ကြီး ပြောလိုက်သည်။ဖန်ထျန်ကလည်း နောက်ထပ်မကြောက်တော့ပေ။သူက ဆဒကိုရဲ့ဆံပင်ကိုကိုင်လိုက်ပြီး 


" နင့်ဆံပင်ရဲ့ပမာဏက တကယ်အံ့ဩစရာပဲ။အရမ်းလည်းမထူသလို အရမ်းလည်းမပါးဘူး ငါ့သာဆိုကြည့် အရမ်းနူးညံ့လွန်းတော့ ငါ့ဆံပင်စတိုင်က ဘယ်လိုပဲဖြစ်နေပါစေ ပျက်ဆီးဖို့အရမ်းလွယ်တယ် "


" အို အဲ့တာက အဲ့လောက်ကြီးလည်းမကောင်းပါဘူး "


..


Translator Notes:


ဒီအခန်းမှာပါတဲ့ မစ္စတာဖုတ်ကောင်က အနောက်တိုင်းက ဖုတ်ကောင်မျိုးမဟုတ်ပဲ "ကျန်းရှစ်" ဖြစ်ပါတယ်။


တရုတ်ခုန်ဆွသရဲ လို့လည်း သိကြတဲ့ ကျန်းရှစ် တွေက တရုတ်ဒဏ္ဍာရီနဲ့ ပုံပြင်တွေထဲမှာပါလေ့ရှိတဲ့ အသက်ဝင်လာတဲ့ အလောင်းကောင်တွေပါ။ သူတို့တွေကို ချင်မင်းဆက်လက်ထက်က အရာရှိဝတ်စုံကိုဝတ်ဆင်ထားတဲ့ တောင့်တင်း‌နေတဲ့အလောင်း တွေလို့ဖော်ပြလေ့ရှိကြပါတယ်။ ကျန်းရှစ်တွေဟာ တစ်နေရာနဲ့တစ်နေရာကိုသွားဖို့ လက်တွေကို ဆန့်တန်းပြီး ခုန်သွားကြပါတယ်။


ကျန်းရှစ်တွေရဲ့ခန္ဓာကိုယ်ဟာ တောင့်တင်းလွန်းလို့ ခန္ဓာကိုယ်နဲ့ ခြေလက်တွေကို‌ ကွေးလို့မရပဲ ကိုယ်ကိုဟန်ချက်ထိန်းဖို့ လက်တွေကို ဆန့်တန်းပြီး ခုန်ပေါက်၍သာသွားနိုင်ပါတယ်။ ကျန်းရှစ်တွေဟာ များသောအားဖြင့် သူတို့ရဲ့နဖူးတွေမှာ အဝါရောင်အဆောင်စက္ကူ(ထိန်းချုပ်တဲ့ဂါထာပါပြီး) တစ်ခုကို တွဲလောင်းကပ်ထားခံရလေ့ရှိပါတယ်။ အဲ့ဒီ အဝါရောင်အဆောင်စက္ကူတွေဟာ ကျန်းရှစ်တွေကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားနိုင်ကြပါတယ်။


ဆဒကိုကတော့ "The Ring"(လက်စွပ်) ဆိုတဲ့ horror ဝတ္ထုနဲ့ ရုပ်ရှင်များထဲမှ အဓိက ဗီလိန်ဇာတ်ကောင်ဖြစ်ပါတယ်။ ရုပ်ရှင်တွေ များစွာ ထုတ်လုပ်ထားတာမို့လို့ ဆဒကိုရဲ့ ပုံစံက မူကွဲတွေရှိပေမယ့် အဓိကကတော့ ဆဒကိုဟာ အသတ်ခံရပြီး ရေတွင်းထဲပစ်ချခံလိုက်ရတဲ့ အကြားအမြင်ဆရာမတစ်ဦးရဲ့ လက်စားချေလိုစိတ်ပြင်းပြတဲ့ ဝိဉာဉ်သရဲဖြစ်ပါတယ်။


ဆဒကို ကို မျက်နှာမှာ ဆံပင်များဖုံးအုပ်၍ တီဗီထဲမှ တွားသွား၍ ထွက်လာကာ သူမ၏ပစ်မှတ် လူများကို သတ်ဖြတ်တတ်တဲ့ သရဲမ အနေနဲ့ ဖော်ပြကြပါတယ်။


Xxxxxxx