အပိုင်း ၉၄
Viewers 24k

Chapter 94

 ငါနဲ့လိုက်ခဲ့


ဖန်ထျန်ကလည်း နောက်ထပ်မကြောက်တော့ပေ။သူက ဆဒကိုရဲ့ဆံပင်ကိုကိုင်လိုက်ပြီး 


" နင့်ဆံပင်ရဲ့ပမာဏက တကယ်အံ့ဩစရာပဲ။အရမ်းလည်းမထူသလို အရမ်းလည်းမပါးဘူး ငါ့သာဆိုကြည့် အရမ်းနူးညံ့လွန်းတော့ ငါ့ဆံပင်စတိုင်က ဘယ်လိုပဲဖြစ်နေပါစေ ပျက်ဆီးဖို့အရမ်းလွယ်တယ် "


" အို အဲ့တာက အဲ့လောက်ကြီးလည်းမကောင်းပါဘူး "


ဆဒကိုက ရှက်ရွံ့နေပြီး သူ့ဘေးနာက အမျိုးသမီးနှစ်ယောက်ကြောင့် ပိုရှက်နေလေသည်။


" နင်ပုံမှန်ဆို အဲ့ဒါကိုဘယ်လိုဂရုစိုက်လဲ အဲ့ဒါကိုနေ့တိုင်းထိန်းသိမ်းရတာ ဒုက္ခများမဲ့ပုံပဲ "


 ထန်ချောင်းချောင်းက ဆဒကို ကို ချီးကျူးလိုက်ပြီး သူမဘာလုပ်ရမယ်ဆိုတာကို လုံးဝမေ့သွားခဲ့သည်။


" တစ်ပတ်ကို နှစ်ခါ သုံးခါလောက် ကုသမှုလုပ်တယ် သိတဲ့အတိုင်းပဲ သရဲအိမ်က မှောင်ပြီး စိုထိုင်းနေတော့ ဆံပင်အတွက်မကောင်းဘူးလေ အဲ့တာကြောင့် ငါက ဆံပင်တွေကိုပုံမှန်ဂရုစိုက်ပေးရတယ် အမြဲတမ်း ဆံပင်ကိုချထားပြီး ပိုနီတေးတွေ မြင့်မြင့်စီးလေ့မရှိဘူး "


ထန်ချောင်းချောင်းမေးလိုက်သည်။


" ဆံပင်ရော ဆေးဆိုးဖူးလား "


ဆဒကို : " ဟင့်အင်း ငါတစ်ခါမှ ဆံပင်ဆေးဆိုးတာမလုပ်ဖူးဘူး "


" ငါတို့လို ဆံပင်ကိုအမြဲ ဆေးဆိုးလိုက် ပြောင်းလိုက်လုပ်နေရတဲ့ သရုပ်ဆောင်တွေနဲ့မတူတာ အံ့ဩစရာမရှိတော့ပါဘူး  ငါတို့ဆို အမြဲပျက်ဆီးလွယ်တယ် "


" နင် ကိုယ်ဘာစားတယ်ဆိုတာရောဂရုစိုက်ဖူးလား "


ဆဒကိုက ပြောလိုက်သည်။


" နှမ်းနက်တို့ ထမင်းနက်တို့ ပဲနက်တို့ အဲ့လိုဟာတွေပိုစားပေး "


ထန်ချောင်းချောင်းက ရုတ်တရက်သိသွားပြီး သူမကို ဆံပင်ဂရုစိုက်မှုတွေနဲ့ပတ်သတ်ပြီး မေးခွန်းတွေအများကြီးမေးတော့သည်။ဆဒကိုက သူမရဲ့ဆံပင်ဂရုစိုက်တဲ့အကြောင်းတွေပြောရင်းတက်ကြွလာလေသည်။ဖြစ်နိုင်တာက သူမ ဒီနေရာမှအရမ်းအထီးကျန်လွန်းလို့များလား။သူမနဲ့အခုလို ထိုင်စကားပြောပေးမဲ့ ခရီးသွားမျိုးက ရှားသည်။တစ်ခါတစ်လေ ဘယ်သူမှမလာတာမျိုးတွေတောင်ရှိပြီး သူမက ခုနှစ်ရက် ခုနှစ်ညတိုင်အောင်စောင့်ခဲ့ရသည်။


" ညပုလဲက ဘယ်မှာလဲ "


ထန်ချောင်းချောင်းက စကားပြောနေရင်း မေးခွန်းထမေးလိုက်သည်။


" တီဗွီထဲမှာ... "


ဆဒကိုက ထန်ချောင်းချောင်းမေးခွန်းကိုယောင်ဖြေမိပြီး ချက်ချင်းပဲ စကားတစ်ဝက်မှာတင် သူမပါးစပ်ကိုအုပ်လိုက်ရသည်။


မကောင်းတော့ဘူး။ ပါးစပ်ချော်မိသွားပြီ ။


သူမဒီစကားတွေကိုကြားလိုက်တော့ ဖန်ထျန်ရဲ့ ထန်ချောင်းချောင်းအပေါ်လေးစားမှုတွေက မြင့်တက်သွားရသည်။သူမက မနေနိုင်တော့ဘဲ လက်မနှစ်ချောင်းထောင်ပြလိုက်သည်။


' အံ့ဩစရာပဲ '


သူမ အစက ဘာလို့ ထန်ချောင်းချောင်းက ဒီသရဲမနဲ့ထိုင်စကားပြောပြီး ဆံပင်အကြောင်းဆွေးနွေးနေတာလဲဆိုတာကို အံ့ဩခဲ့သေးသည်။ပြီးခါမှ သူမက သူမ(ဆဒကို ) ကို ဖြေးဖြေးချင်းမေးနေမှန်းသိလိုက်ရသည်။


ထန်ချောင်းချောင်းက ဆဒကိုရဲ့ခုံခံမှုကို စကားပြောရင်းလျော့ချလိုက်ကာ အခြားလူယောင်နေတုန်း သူမသိချင်တဲ့မေးခွန်းကိုမေးလိုက်သည်။နောက်ဆုံးတော့ ပြဿနာရဲ့သော့ချက်ကိုတစ်ချက်တည်းနဲ့မှန်သွားတာပဲ။


ထန်ချောင်းချောင်းနဲ့ ဖန်ထျန်က ဆဒကိုထွက်လာတဲ့ တီဗွီထဲကနေ ပုလဲကိုရှာတွေ့ခဲ့သည်။


ဆဒကိုက အံ့ဩနေလေသည်။တစ်ချိန်လုံး သူမက အချစ်တွေကို မှားယွင်းတဲ့သူဆီပေးခဲ့မိတာပဲ။


ထန်ချောင်းချောင်းက အုံ့မှိုင်းနေတဲ့ ဆဒကို ကိုစိုက်ကြည့်လိုက်သည်။


ထန်ချောင်းချောင်းက သူမပခုံးကိုပုတ်လိုက်ပြီး


" နင်က တကယ်ဆံပင်မော်ဒယ်ဖြစ်နိုင်တယ်လို့ငါထင်တယ် တစ်ချို့ ဆံပင်ကျိုးတို့ကျဲတဲနဲ့အမျိုးသား‌သရုပ်ဆောင်တွေတောင် မင်းယန်ခေါင်းလျှော်ရည်ရဲ့မော်ဒယ်ဖြစ်သေးတာပဲ နင့်ဆံပင်က ပိုကောင်းတယ် "


ဖန်ထျန်မျက်မှောင်ကြုပ်လိုက်သည်။ထန်ချောင်းချောင်းက ရှန်းလျန့်ကိုပြောချင်တယ်လို့ သူမခံစားလိုက်ရသည်။ရှန်းလျန်က အဲ့ခေါင်းလျှော်ရည်တံဆိပ်ရဲ့မော်ဒယ်ဖြစ်သည်။


ဒါပေမဲ့ ဖန်ထျန် အဲ့မေးခွန်းကိုမစဉ်းစားတော့ပေ။


ဒီသရဲအိမ်ထဲမှာ ထောင်ချောက်တွေအများကြီးရှိပြီး သူသာဂရုမစိုက်ရင် ရှုံးသွားမှာဖြစ်သည်။ထန်ချောင်းချောင်းအတွက် နောက်ဆုံးညပုလဲကိုရှာဖို့ အချိန်အတော်ကြာယူလိုက်ရသည်။အဲ့တာက စွန့်ပစ်ဆေးရုံနေရာမှာ ဖွက်ထားတာဖြစ်သည်။


ထန်ချောင်းချောင်းက အခုချိန်မှာ စိတ်ရှည်မနေပေ။အဓိကကတော့ ဒီမြင်ကွင်းက အရမ်းညစ်ပတ်နေတာကြောင့်ဖြစ်သည်။


နရံနဲ့ကြမ်းခင်းတွေက နေရာအနှံ့သွေးတွေနဲ့ပေပွနေသည်။သူမရပ်ဖို့နေရာမရှိဘူးလို့တောင် ခံစားလာရသည်။


 ' The Texas Chainsaw Massacre' ထဲကလို သွေးတွေပေနဲ့ဝတ်ဆုံကိုဝတ်ဆင်ထားပြီး အဖြူရောင်နှာခေါင်းစည်းတပ်ထားတဲ့ ယောကျာ်းတစ်ယောက်က လွှစက်ကြီးနဲ့ ခြေထောက်အတုကြီးကိုဖြတ်နေလေသည်။ထန်ချောင်းချောင်းက နောက်ထပ်အပိုတွေမပြောချင်တာကြောင့် တိုက်ရိုက်ပဲ လွှစက်ကြီးကို ဆုပ်ကိုင်လိုက်ပြီး ခြေတုလက်တုကြီးကို သူ့ရှေ့မှာပဲ လွှင့်ပစ်လိုက်သည်။


" လုံလောက်ပြီ နင် ငါ့အချိန်တွေကိုဘယ်လိုအကုန်သက်သာစေမလဲကြည့်ရအောင် အိုခေ "


ထန်ချောင်းချောင်းက လွှစက်ကြီးကိုမြှောက်ကာ အပြုံးတစ်ခုနဲ့မေးလိုက်သည်။


နှာခေါင်းစည်းနဲ့ယောကျာ်းက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး လက်နှစ်ဖက်နဲ့အတူ ညပုလဲကို ရိုရိုသေသေထုတ်ပေးလိုက်‌သည်။


' လူမိုက်ကြီး ကျေးဇူးပြုပြီး ဒါကိုလက်ခံပေးပါ '


နှာခေါင်းစည်းနဲ့လူက ခုခံဖို့တောင်မကြိုးစားပေ။ခုခံလည်းအပိုပဲလေ။ဖုတ်ကောင်အစ်ကိုကြီးနဲ့ ဆဒကိုအစ်မကြီးက ဂရုချက်ထဲမှာ အော်ငိုလိုက်ပြီး သရဲအိမ်ထဲ ကြောက်စရာကောင်းတဲ့စွမ်းအားရှင် ညီအစ်မနှစ်ယောက်ရောက်နေကြောင်းပြောထားသည်။သူတို့က တကယ်ကိုကြောက်ရွံ့နေပြီး အခြားသူတွေကိုလည်း မခုံခံဖို့အကြံပေးလိုက်ကြသည်။လက်နက်ချခြင်းနဲ့နောက်ဆုတ်ခြင်းက အမှန်ကန်ဆုံးနည်းလမ်းတွေပဲ။


သူ့ရဲ့ညပုလဲကို ချက်ချင်းတရိုတသေထုတ်ပေးလိုက်တဲ့အပြုအမူကိုကြည့်လိုက်စမ်း။ အဲ့တာက အကုန်လုံးအတွက်မကောင်းသွားဘူးလား။


ဖန်ထျန် သရဲအိမ်ထဲကထွက်လိုက်တာနဲ့ နေရောင်ကိုတွေ့လိုက်ရသည်။သူမက အဲ့ဒါ တစ်ကမ္ဘာစာလောက်ကြာတယ်လို့ ခံစားလိုက်ရသည်။


သူမနောက်ဆုံးတော့ လဲလိုက်ပြီး အနိုင်ယူဖို့အသယ်ခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲ ခံစားဖူးသွားပြီဖြစ်သည်။


" အစ်မ ငါ နင့်ကို အစ်မကြီးလို့ခေါ်လို့ရမလား "


ဖန်ထျန်က ပြောလိုက်သည်။


" အဲ့ဒါက အဆင်ပြေပါတယ် "


" ဒါဆို နင် ငါ့ကိုဘာလုပ်ရမလဲသာပြောလိုက် ဒီကအငယ်လေးက အကုန်လုပ်ပေးမယ် "


ဒါရိုက်တာက အခုဆိုရင် အတော်လေးရှုပ်ထွေးနေပြီဖြစ်သည်။သရဲအိမ်ထဲမဝင်ခင်ထိကို ဖန်ထျန်က ထန်ချောင်းချောင်းကို မင်းသမီးပုံစံနဲ့ဆက်ဆံနေဆဲပင်။အဲ့တာကို သူတို့လည်းထွက်လာရော သူမက အခြားသူကို


" အစ်မ " လို့တောင်ခေါ်လိုက်သေးသည်။ပြောင်းလဲတာမြန်လိုက်တာ ။


ဒီတာဝန်ပြီးတာနဲ့ ထန်ချောင်းချောင်းနဲ့ ဖန်ထျန်က ညပုလဲသုံးလုံးနဲ့အတူ အလယ်ကရဲတိုက်ဆီလာခဲ့သည်။တံခါးပွင့်ဖို့အတွက် သူတို့က ညပုလဲကို အပေါက်လေးတွေထဲထည့်ရမှာဖြစ်သည်။


ပြီးတော့ ဒါက အဆုံးမဟုတ်သေးပေ။နောက်ဆုံးအဆင့်က တစ်ယောက်နာမည်ကဒ်ကို တစ်ယောက်ခွာရမှာဖြစ်သည်။ဒီအဆင့်ပြီးတာနဲ့ ပထမအဆင့်နှစ်ခုက ရလဒ်တွေနဲ့ပေါင်းပြီး အနိုင်ရတဲ့အဖွဲ့ကိုဆုံးဖြတ်ပေးမှာဖြစ်သည်။


ပထမဆုံးရောက်တဲ့အသင်းအနေနဲ့ ထန်ချောင်းချောင်းနဲ့ ဖန်ထျန်က အခြားသုံးသင်းရောက်လာအောင်စောင့်လိုက်ရသည်။


အကုန်လုံးက ကတုန်ကယင်ဖြစ်နေပုံရပြီး အထူးသဖြင့် ဖုန်တွေနဲ့ ညစ်ပတ်နေကာ ရှက်နေတဲ့ ရှန်းလျန့်ပင်။ကြည့်ရတာ သရဲအိမ်ထဲမှာ သူအတော်ခံစားခဲ့ရပုံပဲ။


နောက်ဆုံးအဆင့်က တစ်ယောက်နာမည်ကဒ် တစ်ယောက်ခွာရမယ်ဆိုတာလည်းသိရော ထန်ချောင်းချောင်းနဲ့ ဖန်ထျန်က ချက်ချင်းပဲ ပစ်မှတ်‌ဖြစ်လာရတော့သည်။ဒီအဖွဲ့ထဲမှာ  သိမ်မွေ့နူးညံ့တဲ့ မိန်းကလေးနှစ်‌ယောက်နဲ့ပဲဖွဲ့စည်းထားတာဖြစ်သည်။


ပျော့‌နေသော တည်သီးများကို အရင်ခူးဆွတ်ရမည်မဟုတ်လား။


ချမ်ချင်းနှင့် ရှန်းလျန့်တို့သာလျှင် ထန်ချောင်းချောင်းက ယောင်္ကျားများထက်ကြောက်ဖို့ကောင်းသည်ကို သိကြလေသည်။


သို့သော်အခြားလူများက ကံဆိုးခြင်းကိုမယုံကြသောကြောင့် ဂိမ်းစသည်နှင့် ထန်ချောင်းချောင်းကို ပစ်မှတ်ထားလိုက်ကြသည်။ သို့သော် ရလဒ်အနေဖြင့် ထန်ချောင်းချောင်းသည် ထိုလူများ၏မျက်နှာဖြင့် ကြမ်းတိုက်(ဥပမာသုံးခြင်း) ပစ်လိုက်ကာ သူတို့၏ နာမည်ကဒ်များကို ဆွဲခွာပစ်လိုက်တော့သည်။


ချမ်ချင်းသည် သူမ ထန်ချောင်းချောင်းကို မနိုင်နိုင်မှန်းသိသည်။ ထို့ကြောင့် သူမ ကိုယ်တိုင်ပင် အရင်စ၍ ထန်ချောင်းချောင်းကို ကျောကုန်းလှည့်ပေးလိုက်သည်။


"ချောင်းချောင်း...ငါ့ကို ဖြည်းဖြည်းလုပ်နော်...ငါကြောက်တယ်..."


ချမ်ချင်းသည် ကလေးလေးတစ်ယောက်ကဲ့သို့ ပြုမူရန် ဘယ်တော့မှ မမေ့ပေ။


ထန်ချောင်းချောင်း: ...


နောက်ဆုံးတော့ ရှန်းလျန့်တစ်ယောက်သာ ကျန်တော့သည်။ ရှန်းလျန့် ကျန်နေခြင်းမှာလည်း သန်စွမ်းလွန်း၍ မဟုတ်ပဲ သူ့ဘက်က စ၍ မတိုက်ခိုက်ပဲ ငြိမ်နေသောကြောင့် ဖြစ်သည်။


သို့သော် ထန်ချောင်းချောင်းက အခြားလူများကို အနိုင်တိုက်လိုက်၍ ရှန်းလျန့်ဆီသို့ တိုးလာ‌တော့သည်။ ထို့ကြောင့် ရှန်းလျန့်သည် ထန်ချောင်းချောင်းနှင့် ဖန်ထျန်တို့၏ ဝိုင်းထားခြင်းကို ခံလိုက်ရသည်။


"အစ်မချောင်းချောင်း...အစ်မလုပ်မလား...ညီမ လုပ်ရမလား..."


ဖန်ထျန်လေးက အလွန် စိတ်တက်ကြွနေလေသည်။


"အစ်မ ချောင်းချောင်း ဟုတ်လား..."


ရှန်းလျန့်က အလွန်အံ့အားသင့်သွားသည်။


ရှိုးမစခင်က ဖန်ထျန်သည် ရှန်းလျန့်ဘက်၌နေ၍ ထန်ချောင်းချောင်း၏မကောင်းကြောင်းများကို သူမ၏ပါးစပ်မှ ပြောနေခဲ့ခြင်းဖြစ်သည်။ ဤဂိမ်းကို ရှန်းလျန့်အနိုင်ရစေရန် ကူညီမည်ဟုလည်း ဖန်ထျန်က ကတိပေးခဲ့လေသည်။


ထို့ကြောင့် ရှန်းလျန့်သည် ဖန်ထျန်က ထန်ချောင်းချောင်းဘေး၌နေကာ သူ့အတွက် စပိုင်ဖြစ်ပေးမည်ဟု ထင်ခဲ့သည်။ ယခုအချိန်တွင်မူ ဖန်ထျန်သည် သူ့ဘက်သို့ ပြန်လာတော့မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ ဖန်ထျန်က "အစ်မ" ဟု ချစ်ခင်မှုအပြည့်နှင့် အော်ဟစ်နေတော့သည်။ ကြားထဲ၌ ဘာတွေများ ဖြစ်ခဲ့ပါသနည်း။


"ကိုယ်က မင်းရဲ့ ဦးတည်ချက်ပဲလို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား...ကိုယ့်ရဲ့ ဦးတည်ချက်ကို ဒီလိုမျိုးဆက်ဆံတဲ့ ဖန်မျိုး ရှိလို့လား..."


ရှန်းလျန့်က ဖန်ထျန်ဝမ်းနည်းလာအောင် မျက်ရည်ချူလိုက်သည်။


ဖန်ထျန်က ခဏမျှ စဉ်းစား၍ ပြောလိုက်သည်။


"အစ်ကိုက ညီမရဲ့ ရည်မှန်းချက်မို့လို့ပဲ ဒီလို မျှမျှတတဖြစ်အောင် ဆော့ပေးခဲ့‌တာပေါ့...လေးစားမှုရှိ‌ပေးတာက အချစ်ရဲ့ အခြေခံပဲလေ..."


"ဒီကလေးမလေးဆီကနေ နင်ပြန်ပြီး သင်ယူသင့်တယ် ရှန်းလျန့်...အသက်မပြည့်သေးတဲ့ မိန်းကလေးကတောင် နင့်ထက်ပိုပြီး အသိဉာဏ်ရှိသေးတယ်..."


ထန်ချောင်းချောင်းက လက်များကို အကြောဆန့်လိုက်သည်။


"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့...မြန်မြန်လာ...ဒါကို မြန်မြန်အဆုံးသတ်လိုက်မှ ငါတို့တွေ အိမ်ပြန်ပြီး ကိုယ့်အမေတွေနဲ့ ပြန်တွေ့နိုင်မှာ..."


ရှန်းလျန့်သည် မလုပ်ချင်ပေ။ သို့‌သော် ထန်ချောင်းချောင်းက ယခုကဲ့သို့ ပြောလိုက်သောအခါတွင်တော့ ရှန်းလျန့်လည်း မညှာတာနေချင်တော့ပေ။


ရှန်းလျန့်သည် ခေါင်းကိုလှည့်၍ ထန်ချောင်းချောင်းရှိသည့်နေရာသို့ ပြေးဝင်သွားလိုက်သည်။


သို့သော် ငါးစက္ကန့်ပင်မကြာလိုက်ပဲ ထန်ချောင်းချောင်းက ရှန်းလျန့်အား နံရံ၌ ဖိကပ်ထားလိုက်တော့သည်။ ထန်ချောင်းချောင်း၏ အင်အားကြောင့် ရှန်းလျန့်သည် သူ့ပခုံးကိုဖိထားသည်မှာ အမျိုးသမီး၏လက် မဟုတ်ပဲ သံတုံးကြီးတစ်တုံးက ဖိထားသည်ဟု ခံစားနေမိသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ထန်ချောင်းချောင်းသည် တုံ့ဆိုင်းခြင်းမရှိပဲ ရှန်းလျန့်၏ နာမည်ကဒ်ကို ဆွဲခွာလိုက်တော့သည်။


ဖန်ထျန်က အဖြစ်အပျက်အားလုံးကို ကြည့်နေ၍ မနေနိုင်ပဲ ရှန်းလျန့်အား နှစ်သိမ့်ပေးလိုက်သည်။


"အစ်ကို အားတင်းထားပါနော်...အစ်ကို ဒီလောက်မြန်မြန်ကြီး ရှုံးသွားတာနဲ့ပဲ အစ်ကို့ရဲ့ ဖန်အဖြစ်ကနေ ညီမ မထွက်သွားပါဘူး..."


ရှန်းလျန့်သည် သူ့ဖန်မှ ဤကဲ့သို့ မျက်နှာချင်းဆိုင်၍ နှစ်သိမ့်ပေးခြင်းခံလိုက်ရသောကြောင့် ပို၍ပင် ဝမ်းနည်းသွားသည်။


ဖန်ထျန်သည် သူမ ဖြစ်ချင်ခဲ့သည့်အတိုင်း မင်းသမီးပလ္လင်ပေါ်၌ တက်ထိုင်လိုက်သည်။ သို့သော် ထန်ချောင်းချောင်းကိုလည်း ဆွဲခေါ်၍ အတူထိုင်ခိုင်းလိုက်ပြီး မင်းသမီးသရဖူကို ထန်ချောင်းချောင်း၏ခေါင်းပေါ်၌ ဆောင်းပေးလိုက်သည်။


"အစ်မက မင်းသမီးလေး လို့ ကျွန်မထင်တယ်...ဒီ သရဖူကို အစ်မပိုင်ပါတယ်..."


ထန်ချောင်းချောင်းက ဖန်ထျန်အား လှမ်းကြည့်လိုက်သည်။


"နင့်ဖို့ ဟမ်ဘာဂါတွေ ပိုလုပ်ပေးစေချင်နေတာမလား..."


"ဟီးဟီးဟီး..."


ဖန်ထျန်က အရူးမလေးလို ပြုံးလိုက်သည်။


ထန်ချောင်းချောင်းပြောလျှင်လည်း ဖန်ထျန်ခံရမည်သာဖြစ်သည်။ ဟမ်ဘာဂါများက အလွန်ပင် အရသာရှိနေသည်မဟုတ်လား။


"ကျစ်ရုံချုံချုံ" ရိုက်ကူးရေးပြီးသွားသည့်အခါတွင် ည ၁၁ နာရီပင် ထိုးနေပြီဖြစ်သည်။ ဧည့်သည်များက ကားများဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။ ဖန်ထျန်သည် မထွက်ခင်၌ ထန်ချောင်းချောင်း၏လက်ကိုဆွဲကာ လုပ်ပေးမည်ဟုကတိပေးထားသော ဟမ်ဘာဂါများကို မမေ့ရန် အထပ်ထပ်အခါခါ သတိပေးသွားသည်။


ရှန်းလျန့်ကြားသောအခါ မျက်လုံးများ တွန့်သွားရသည်။


သူ့ကို နှစ်ပေါင်းများစွာအားပေးခဲ့သော အမာခံဖန်လေး၊ ပေကျင်းမြို့၏မင်းသမီးလေးသည် ရှန်းလျန့်အား ဟမ်ဘာဂါအနည်းငယ်အတွက်နှင့် ရောင်းစားသွားခဲ့လေသည်။


ကြား၍ပင်မကောင်းပါ...


အခြားလူများက အသီးသီးပြန်သွားကြပြီဖြစ်၍ ထန်ချောင်းချောင်းနှင့် ရှန်းလျန့်တို့သာ လာကြိုမည့်ကားများကို စောင့်၍ ကျန်နေကြတော့သည်။


ရှန်းလျန့်သည် ကောင်းကင်သို့မော့ကြည့်၍ ပြောလိုက်သည်။


"ခင်ဗျားက တကယ်တော်ပါတယ်...ဟက်ပီးဗယ်လီတစ်ခုလုံးကို ကိုင်တွယ်ထားနိုင်တဲ့အထိ အရည်အချင်းရှိသားပဲ..."


ထန်ချောင်းချောင်းက နားမလည်ဖြစ်သွားသည်။


"နင် ဘာပြောတာလဲ..."


ရှန်းလျန့်ကပြောလိုက်သည်။


"ခင်ဗျား အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်...ဟန်ဆောင်မနေပါနဲ့တော့..."


"ဘယ်သူက ဟန်ဆောင်နေလို့လဲ..."


Xxxxxxx