အပိုင်း ၉၅
Viewers 23k

Chapter 95

ဆယ့်နှစ်နာရီမင်းသမီး


"ခင်ဗျား အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်...ဟန်ဆောင်မနေပါနဲ့တော့..."


"ဘယ်သူက ဟန်ဆောင်နေလို့လဲ..."

ထန်ချောင်းချောင်းက ရယ်ချင်သွားသည်။


"နင့်မှာ ပြောစရာတစ်ခုခုရှိတယ်ဆိုရင်လည်း နင်ယောင်္ကျားမဟုတ်ဘူးလား...ဘာဖြစ်လို့ ကွေ့ပတ်ပြီး ပြောနေတာလဲ..."


"ဦးလေးအငယ်က ခင်ဗျားကို အနောက်က ထောက်ပံ့ပေးနေလို့ အကုန်လုံးကို အနိုင်ရတော့မယ်လို့ ထင်မနေနဲ့..."


ရှန်းလျန့်က ပြောလိုက်သည်။


"ဦးလေးက ခင်ဗျားအတွက် ဟက်ပီးဗယ်လီကို ငှားပေးထားတယ်ဆိုရင်တောင်မှ အဲ့ဒါက တခြားဘာအဓိပ္ပာယ်မှမရှိဘူး...ဟက်ပီးဗယ်လီက ရှန်းမိသားစုရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်နေဦးမှာ...ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး..."


ထန်ချောင်းချောင်းသည် ရှန်းလျန့်၏ အဓိပ္ပာယ်မရှိသောစကားများထဲမှ အရေးကြီးသောအချက်ကို ဖမ်းဆုပ်မိသွားသည်။


"ဟက်ပီးဗယ်လီက ရှန်းယွဲ့ငှားပေးတာလို့ နင်ပြောလိုက်တာလား..."


"ခင်ဗျားမသိဘူး လို့မပြောပါနဲ့..."


ထန်ချောင်းချောင်း တကယ်ပင်မသိပါ။


ရှန်းယွဲ့သည် သူမ ကို ရှိုးက မည်သည့်နေရာ၌ ရိုက်ကူးမည်လဲဟု မေးခဲ့သည်ကို ထန်ချောင်းချောင်းသတိရသွားသည်။ ထိုစဉ်က ထန်ချောင်းချောင်း မည်သို့ ဖြေခဲ့မိပါသနည်း။


ထန်ချောင်းချောင်းသည် ထိုနေ့က ဖြစ်ခဲ့သည်များကို ထပ်ခါ ထပ်ခါ တွေးနေမိသည်။ ထိုအချိန်က ထန်ချောင်းချောင်းက ပရိုဂရမ်အုပ်စုသည် ဟက်ပီးဗယ်လီကို ငှား၍မရ ဟုပြောနေသည်ကို ရှန်းယွဲ့ကြားသွား၍ စိတ်ပြောင်းပြီး ငှားရန် သဘောတူလိုက်ခြင်းများလား။


ရှန်းယွဲ့သည် အဘယ်ကြောင့်များ ဤသို့ လုပ်ခဲ့ပါသနည်း။


ရှန်းလျန့်က ခပ်တိုးတိုး လှောင်ရယ်ရယ်၍ ပြောလိုက်သည်။


"ခင်ဗျားက တကယ်ဘာမှမသိဘူးပဲ...အဲ့ဒါနဲ့ ဘယ်လိုများ ရှန်းမိသားစုရဲ့ ဇနီးဖြစ်လာရတာလဲ...နောက်ခံက အဆင်ပြေမနေရင် ဘယ်တော့မှ ဝင်ဆန့်လာမှာမဟုတ်ဘူး...ခင်ဗျားက ဒီမိသားစုနဲ့ တကယ်ကို မသင့်တော်တာပဲ..."


"မင်း ဘာတွေပြောနေတာလဲ..."


ထိုအချိန်၌ သူတို့နောက်မှ အေးစက်သော အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။


ထန်ချောင်းချောင်းတို့ နှစ်ယောက်လုံးသည် ခေါင်းကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသောအခါ သက်တော်စောင့်တစ်ယောက်က ရှန်းယွဲ့အား ဖြည်းညှင်းစွာ တွန်းလာသည်ကို တွေ့လိုက်ကြရသည်။


ရှန်းယွဲ့သည် အမည်းရောင်ကုတ်အင်္ကျီနှင့် အရောင်တူ သားရေလက်အိတ်များကို ဝတ်ဆင်ထားသည်။ ရှန်းယွဲ့သည် အမှောင်ထဲမှ ထွက်လာသော်လည်း သူ့ကိုယ်မှ အရောင်အဝါများကြောင့် အကြည့်မလွှဲနိုင် ဖြစ်နေကြသည်။


ရှန်းလျန့်သည် ရှန်းယွဲ့၏ရှေ့၌ ကြောင်နှင့် ပက်ပင်းတိုးမိသော ကြွက်ကဲ့သို့ ဖြစ်နေသည်။ ရှန်းလျန့်သည် ချက်ချင်းပင် ကုပ်ဝင်သွား၍ ရိုသေစွာခေါ်လိုက်သည်။


"ဦးလေး..."


ရှန်းယွဲ့က ရှန်းလျန့်အား အေးစက်စွာကြည့်၍ ပြောလိုက်သည်။


"ဘယ်သူက မသင့်တော်ဘူးလို့ မင်းပြောနေတာလဲ..."


ရှန်းလျန့်က ဘာမှပြန်မဖြေရဲပဲ နှုတ်ခမ်းများသာ တရွရွ လှုပ်နေသည်။


"တခြားလူတွေအတွက် သင့်တော် မတော် စဉ်းစားဖို့ အချိန်ပိုတွေ ရှိနေတယ်ဆိုရင် အရင် ကိုယ့်ဘာသာကိုယ် ထိန်းထိန်းသိမ်းသိမ်းနေဦးပေါ့..."


ရှန်းယွဲ့က မျက်နှာသေဖြင့် ပြောနေသည်။


"အစကတော့ မင်းက မိသားစုလုပ်ငန်းတွေကို လွှဲပြောင်းမယူချင်ပဲ အနုပညာအလုပ်တွေကိုပဲ လုပ်ချင်နေတယ်...အဲ့ဒီအလုပ်တွေလုပ်တော့လည်း ဒီလောက်နှစ်တွေကြာနေတာတောင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်လာသေးဘူး..."


ရှန်းလျန့်က ပြန်ခံပြောချင်နေမိသည်။ သူသည် နာမည်အကြီးဆုံးမင်းသားများထဲမှ တစ်ယောက် ဖြစ်နေပြီမဟုတ်လား။


ရှန်းယွဲ့က ဆက်ပြောလိုက်သည်။


"မင်းက နာမည်လေးနည်းနည်းကြီးနေပါပြီ လို့ ပြန်ပြောဖို့ မစဉ်းစားနဲ့...အဲ့ဒါက တကယ် နာမည်ကြီးတာမှမဟုတ်တာ...အခုအချိန်အထိ မင်းကိုယ်မင်း ဂုဏ်ယူရလောက်တဲ့ ရုပ်ရှင်မရှိသေးဘူး...ငါ့အစ်ကိုကလည်း သူ့သားက မင်းသားတစ်ယောက်ဆိုတာ ပြောဖို့ တော်တော်ရှက်နေမှာပဲ...မင်းကြောင့် ရှန်းမိသားစုထဲမှာ သူအရမ်းမျက်နှာပျက်ခဲ့ရတာ..."


ရှန်းယွဲ့သည် ရှန်းလျန့်အား ပြင်းထန်စွာဝေဖန်လိုက်၍ ရှန်းလျန့်အား အရှက်ရသွားစေသည်။


ထန်ချောင်းချောင်းသည် ထိုနေရာ၌ပင် လက်ခုပ်လက်ဝါးတီး၍ အားပေးလိုက်ချင်တော့သည်။ ရှန်းယွဲ့သည် သူ့တူ၏ အပြစ်များကို ပြောဆိုသည့်အခါ လုံးဝ ညှာတာမှုမရှိချေ။


ကြည့်လို့ကောင်းလိုက်တာ...


ရှန်းယွဲ့က ဆက်ပြောနေသေးသည်။


"မင်း ဘာဖြစ်လို့ ဒီမှာ ရှိနေသေးရတာလဲ...မြန်မြန်အိမ်ပြန်ပြီး မင်းရဲ့ မင်းသားဘဝလေးအကြောင်း စဉ်းစားမနေချင်ဘူးလား...မင်း လုပ်ရတာ အဆင်မပြေရင်လည်း ငါဆရာတစ်ယောက် ငှားပေးလို့ရတယ်...နောက်တစ်ခေါက် ငါ တီဗီဖွင့်မိလို့ မင်းရဲ့ ရုပ်ရှင်ကိုတွေ့ရင် ထမင်းမစားနိုင်လောက်တဲ့အထိ မဖြစ်သွားဖို့ ငါမျှော်လင့်ပါတယ်..."


အလွန်အမင်း အံ့အားသင့်နေပြီးသောအခါ ရှန်းလျန့်သည် ငယ်စဉ်တည်းက သူနှင့် သူ့ဦးလေးကို အမြဲအနှိုင်းခံခဲ့ရသော နာကျည်းဖွယ် အတိတ်များကို ပြန်သတိရလာမိသည်။ ရှန်းလျန့်၏ နှလုံးသားလေးသည် အေးစက်နေပြီဖြစ်သည်။ ထို့နောက် ရှန်းလျန့်သည် လာကြိုသည့်ကားပေါ်သို့ အမြန်တက်၍ ထွက်ခွာသွားတော့သည်။


ထိုအချိန်၌ ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းသာ ကျန်ခဲ့တော့သည်။ သက်တော်စောင့်များကလည်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြပြီဖြစ်သည်။


ထန်ချောင်းချောင်းက မေးလိုက်သည်။


"ရှင်ဘာဖြစ်လို့ ဒီကိုလာတာလဲ..."


ရှန်းယွဲ့: "ဒါက ငါပိုင်တဲ့နေရာပဲလေ...ငါလာချင်တဲ့အချိန် လာမှာပေါ့..."


ထန်ချောင်းချောင်းက နှုတ်ခမ်းများကို မဲ့လိုက်သည်။


ရှန်းယွဲ့: "ငါနဲ့ တစ်နေရာကို လိုက်ခဲ့..."


ထန်ချောင်းချောင်း: "ဘယ်ကိုလဲ..."


.......


ညနက်နက် အပန်းဖြေဥယျာဉ်ထဲမှာ အကုန်လုံးက တိတ်ဆိတ်နေလေသည်။


ထန်ချောင်းချောင်းက ရှန်းယွဲ့ကို မှောင်နေတဲ့ မိုးပျံလှေရဲ့အောက်ကိုတွန်းလိုက်သည်။


သူမက မော့ကြည့်ပြီးပြောလိုက်သည်။


" မှောင်မဲနေတာပဲ ဒီကို ဘာလို့လာတာလဲ "


ရှန်းယွဲ့က ထန်ရှောင်းရှောင်းရဲ့အကြည့်တစ်ချက်မှာ ဆွံ့အကာလည်နင်သွားပြီး သူကလက်ခုပ်တီးလိုက်လေသည်။


ချက်ချင်းပဲ ချားရဟတ်က မီးရောင်စုံတွေနဲ့တောက်ပလာကာ ကောင်းကင်ကြီးပါလင်းထိန်သွားတော့သည်။


ထန်ရှောင်းရှောင်းက အံ့ဩသွားပြီး


" ဝိုး "


" ရဟတ်ရဲ့မီးတွေက အသံစနစ်နဲ့လည်းအလုပ်လုပ်တာပဲ "


ရှန်းယွဲ့ကပြောလိုက်သည်


" မင်းဦးနှောက်ကလည်း အသံစနစ်နဲ့အလုပ်လုပ်တယ်လို့ ငါထင်တယ် "


သူ့နောက်မှာတော့ ထန်ချောင်းချောင်းက မျက်နှာကိုမဲ့လိုက်သည်။


" ရှင် ဟာသကိုနားလည်လား "


" ငါကအမြဲ ဟာသဉာဏ်ရွှင်တယ်လေ "


ရှန်းယွဲ့ပြောလိုက်သည်။


ထန်ချောင်းချောင်း "...."


မေ့လိုက်ပါတော့။ ဒီအပန်းဖြေဥယျာဉ်ကြီးက သူပိုင်တာ။စောင့်ကြည့်ရေးအခန်ကလည်း သူပြောတာပဲနားထောင်တာ။တကယ်လို့ သူသာမီးဖွင့်ချင်ရင် ဖွင့်လို့ရတယ်။သူက ယောကျာ်းကြီးပဲ သူ‌လုပ်တာအကုန်မှန်ပါတယ်လေ။


ထန်ရှောင်းရှောင်း ရဟတ်ရဲ့အခန်းထဲထိုင်လိုက်တော့ အဲ့တာက တော်တော်လေးအလှဆင်ထားတယ်ဆိုတာ သူမသတိထားမိလိုက်သည်။မြင်ကွင်းကြည့်အခန်းက ကျယ်ပြန့်တဲ့မြင်ကွင်းနဲ့မြင်ကွင်းကြည့်စရာအစုံရှိကာ ကောင်းမွန်လှသည်။ဒါပေမဲ့ အလယ်မှု ကိတ်မုန့်တစ်လူံတင်ထားတဲ့ စားပွဲကြီးရှိနေလေသည်။


" ကိတ်မုန့်က ဘာအတွက်လဲ "


‌ထန်ချောင်းချောင်း အံ့ဩသွားကာ စိတ်ထဲ အလင်းတစ်ချက်‌ဖြတ်ပြေးသွားသည်။


" ဒီနေ့က ရှင့်မွေးနေ့လား "


သေစမ်း သူမ ဘာလက်ဆောင်မှမပြင်ထားမိဘူး။


ရှန်းယွဲ့ပြောလိုက်သည်။


" မဟုတ်ဘူး "


" အို့ အဲ့တာတော်သေးတာပေါ့ "


ထန်ချောင်းချောင်း စိတ်သက်သာရာရသွားသည်။


ရှန်းယွဲ့တိတ်သွားရသည်။


ဒီအမျိုးသမီးက သူ့မွေးနေ့ကိုမမှတ်မိပေ။ဒါပေမဲ့ သူက အဆင်ပြေတယ်လို့ပြောလိုက်မိသည်။


သူတို့နှစ်ယောက်ထိုင်လိုက်တာနဲ့ ချားရဟတ်ကဖြေးဖြေးချင်းလည်လာလေသည်။


ထန်ချောင်းချောင်း ပထမဆုံးအကြိမ် ချားရဟတ်စီးဖူးတာဖြစ်သည်။ဒီခံစားချက်က ရိုလာကိုစတာစီးရတာနဲ့တော်တော်လေးကွာလှသည်။ရိုလာကိုစတာပေါ်မှယ ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးခံစားဖို့အချိန်မရှိပေမဲ့ ချားရဟတ်ကတော့ ဖြေးဖြေးချင်းရွေ့လေသည်။အပြင်မြင်ကွင်းကလည်းဖြည်းဖြည်းချင်းပေါ်လာပြီး သူမကိုမြင်ကွင်းကျယ်ကျယ်တွေပေးလေသည်။


အခုက ညဉ့်နက်ဖြစ်နေပေမဲ့ ကစားကွင်းတစ်ခုလုံးကတော့ တောက်ပနေဆဲဖြစ်သည်။


ထန်ချောင်းချောင်းက မှန်နားကိုကပ်ကာ အဝေးကနေ မြင်ကွင်းကိုကြည့်ရင်းပြောလိုက်သည်။


" အရမ်းလှတာပဲ "


ရှန်းယွဲ့က နူးညံ့စွာပြောလိုက်သည်။


" မင်းက ဒီရဟတ်ရဲ့ပထမဆုံးဧည့်သည်ပဲ "


" ကျွန်မက ပထမဆုံးလား "


ထန်ချောင်းချောင်း အံ့ဩသွားသည်။


ရှန်းယွဲ့ရဲ့မျက်နှာက ပြောနေတုန်း မှန်မှာထင်ဟပ်နေလေသည်။


" ဒီရဟတ်က နောက်ထပ် မီတာရှစ်ဆယ်လောက်ထပ်တိုးဖို့ဆိုပြီး ပိတ်ထားတာ တစ်နှစ်တောင်ကျော်တော့မယ် အခု အဲ့တာက မီတာ နှစ်ရာ့ငါးဆယ်နဲ့ ကမ္ဘာ့အရှည်ဆုံးဖြစ်သွားပြီ "


" ဒိီလိုအမြင့်ဆုံးနေရာကြီးမှာ ရှင် ပေကျင်းမြို့တစ်မြို့လုံးကို စီးမြင်ရမှာပေါ့ "


အဲ့ဒါက ပြောစရာတောင်မလိုပေ။ထန်ချောင်းချောင်း ရုတ်တရက် ထူးဆန်းတဲ့ခံစားချက်ခံစားလိုက်ရသည်။


ရှန်းယွဲ့ကပြောလိုက်သည်။


" ဒီရဟတ်ကို နောက်အပတ်မတိုင်ခင်ထိ ဖွင့်မှာမဟုတ်ဘူး အဲ့တော့ မင်းက အဲ့ဒါကို ပြန်ပြင်ပြီးကတည်းက ပထမဆုံးဧည့်သည်ပဲ "


" ဘာလို့ ကျွန်မလဲ "


ထန်ချောင်းချောင်းက ရှန်းယွဲ့ကိုကြည့်ဖို့လှည့်လိုက်ကာ အလင်းရောင်တွေက သူမနောက်မှာတောက်ပနေလေသည်။သူ့မျက်လုံးထဲတော့ သူမမျက်နှာက အလင်းရောင်နဲ့တောက်ပနေလေသည်။


ရှန်းယွဲ့က ထန်ချောင်းချောင်းကိုတည့်တည့်ကြည့်လိုက်ပြီး 

" ဘာပြောတာလဲ "


ထန်ချောင်းချောင်း ရုတ်တရက်ကြီး ပူလာတယ်လို့ခံစားလိုက်ရသည်။သူမက ခေါင်းကိုလှည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကြည့်လိုက်သည်။သူမအသံက နည်းနည်းလေး တုန်နေပြီး


" အဲ့ဒါက ကျွန်မက ဒီကိုရှိုးပွဲရိုက်နေတာမလို့ဖြစ်ရမယ် ရှင်က ဒီအတိုင်း ကျွန်မကို ဂီနီဝက်လိုမျိုး စမ်းကြည့်ရအောင်ခေါ်လာတာပဲ "


[  ဂီနီဝက်( guinea pig) ဆိုတာက Cavy မိသားစုက မွေးမြူထားတဲ့ တောင်အမေရိကအမြှီးမဲ့ကြွက်တစ်မျိုးဖြစ်ပြီး အစာအတွက်မွေးမြူခံထားရပြီး တောရိုင်းထဲမှာ မရှိတော့ဘဲ အိမ်မွှေးတိရစ္ဆာန် ဒါမှမဟုတ် ဓာတ်ခွဲခန်း စမ်းသပ်ခံအဖြစ် မွေးထားသည်။


ပြီးတော့ ဂီနီဝက်ကို ဗန်းစကားအနေနဲ့ စမ်းသပ်ခံရတဲ့လူတွေကိုသုံးနှုန်းလေ့ရှိပါတယ် အစမ်းသပ်ခံလူတွေပါ ]


" တကယ်လို့ ရဟတ်သာတစ်ခုခုဖြစ်ခဲ့ရင် ပထမဆုံးခံရသူက ကျွန်မဖြစ်မှာပဲ ဟမ့် ယုတ်မာရက်စက်တဲ့ အရင်းရှင်ကြီးပဲ "


ရှန်းယွဲ့ မျက်လုံးတွေမှေးသွားရသည်။


" ဟုတ်တယ် ငါက ယုတ်မာရက်စက်တဲ့အရင်းရှင်ကြီး အဲ့ဒါကြောင့် မင်းကို စမ်းသပ်တဲ့အနေနဲ့ခေါ်လာပြီး ငါ့ကိုယ်ငါပါ  ဒီထဲထည့်လိုက်တာ "


ထန်ချောင်းချောင်းပြန်ဖြေလိုက်သည်။


" ဘယ်သူက ရှင်ဘာတွေးနေမှန်းသိမှာလဲ "


သာမာန်လူတွေက နှာဘူးလူသတ်သမားတွေရဲ့အတွေးတွေကို မခန့်မှန်းနိုင်ကြဘူးလေ။


" အခု ဆယ့်နှစ်နာရီရှိနေပြီ အောက်ငုံ့ကြည့်မနေနဲ့ အပေါ်ကိုကြည့်လိုက် "


ရှန်းယွဲ့ရုတ်တရက်ပြောလိုက်သည်။


ထန်ချောင်းချောင်းက သူမမျက်လုံးတွေပင့်လိုက်ချိန် ရဲတိုက်ကနေ ဘန်းဆိုတဲ့အသံနဲ့အတူ မီးပန်းတွေလွှတ်လိုက်တာ တွေ့လိုက်ရသည်။


ကြီးမားပြီး လှပတဲ့ မီးပန်းတွေကောင်းကင်ပေါ်မှာ ပေါ်ကွဲသွားတော့ ထန်ချောင်းချောင်း အံ့ဩသွားရလေသည်။အရောင်စုံနေတဲ့မီးပန်းတွေအောက်က ရဲတိုက်ကြီးကကြည့်ရတာ နတ်သမီးပုံပြင်တွေထဲနဲ့တောင်တူလေသည်။


ထန်ချောင်းချောင်းက ပျော်ရွှင်နေပြီး သူမနှလုံးကလည်း ကျယ်လောင်စွာခုန်နေတော့သည်။


မီး‌ပန်းတွေက ဘဝလိုပဲ လှပလှသည်။သူတို့က အချိန်တိုတောင်းပေမဲ့ အရမ်းပဲ ချိုမြိန်လေသည်။


ထန်ချောင်းချောင်းက မီးပန်းတွေအကုန်လွှတ်လို့မပြီးမချင်း အကြည့်မလွဲခဲ့ပေ။


" ဒီနေ့ကဘာနေ့လဲ ကိတ်မုန့်တွေရော မီးပန်းတွေရော ဒီပန်းခြံထဲခရီးသွားလည်းမရှိပါဘူး ဘာလို့မီးပန်းလွှတ်တာလဲ "


ရှန်းယွဲ့ရဲ့အသံက ပျင်းရိနေပြီးပြောလိုက်သည်။


" ဘာလို့ အထူးနေ့တွေမှာပဲ အဲ့လိုလုပ်ရမှာလဲ "


ထန်ချောင်းချောင်းက ရှန်းယွဲ့နဲ့ဆန့်ကျင်ဘက်မှာထိုင်လိုက်သည်။


" ရှင်တို့လူသားတွေက အဲ့လိုပဲမဟုတ်ဘူးလား ဘယ်ပွဲတော်ပဲဖြစ်ဖြစ် နှစ်ပတ်လည်ပဲဖြစ်ဖြစ် ဓလေ့ထုံးတမ်းကအရေးပါတယ်လေ "


ရှန်းယွဲ့က သူမကိုထူးဆန်းစွာကြည့်လိုက်ပြီး


" ဘာကို ငါတို့လူသားတွေလဲ မင်းကရော လူသားမဟုတ်ဘူးလား "


ထန်ချောင်းချောင်း မျက်လုံးတွေက တောက်ပနေလေသည်။


" ဘယ်လိုလုပ် သေမျိုးတွေက ကျွန်မနဲ့ယှဉ်နိုင်မှာလဲ "


ရှန်းယုက ထန်ချောင်းချောင်း ခဏခဏပြောလေ့ရှိတဲ့အရှက်မရှိတဲ့စကားတွေကို လျစ်လျူရှုကာ ကိတ်ဘူးကိုညွှန်ပြလိုက်ပြီး


" ဒါကို ဖွင့်ရအောင် "


" ဟုတ်သားပဲ ကျွန်မဗိုက်ဆာနေပြီ "


ထန်ချောင်းချောင်းက ညည်းလိုက်သည်။


" ကျွန်မ ရိုက်ကူးရေးတစ်ချိန်လုံး ဟမ်ဘာဂါတစ်ဝက်ပဲစားရသေးတယ် "


ရှန်းယုကတော့ သူမ ရိုက်ကွင်းကိုမလာခင် အမဲသားခေါက်ဆွဲပွဲကြီးတစ်ပွဲ ဖက်ထုပ်ကြော်တစ်ဒါဇင်မက အိမ်မှာစားခဲ့တယ်ဆိုတာပြောဖို့ပျင်းတာကြောင့် ဒီတိုင်းပဲထားလိုက်တော့သည်။


ပြောနေရင်းနဲ့ ထန်ချောင်းချောင်းက ပါဆယ်အိတ်ကိုဖယ်လိုက်ပြီး ‌ဘူးလေးကိုဖြေးညှင်းစွာဖွင့်လိုက်သည်။


ဘူးထဲမှာတော့ ချစ်စရာကောင်းပြီး ရွေရောင်စကပ်ကားကားလေးဝတ်ထားပြီး မျက်လုံးပြူးပြူးလေးနဲ့ ချယ်ရီသီးပါးစပ်လေးပါတဲ့အရုပ်လေးကို အပေါ်မှာတပ်ထားတဲ့ ပန်းရောင်နှစ်ထပ်ကိတ်ရှိလေသည်။


အရုပ်လေးကိုကြည့်နေရင်းနဲ့ ထန်ချောင်းချောင်း အဲ့အရုပ်လေးက ရင်းနှီးနေတယ်လို့ခံစားရလေသည်။အဲ့ဒါက သူမ အရင်တစ်ခေါက်ကဝတ်ခဲ့တဲ့ဂါဝန်မဟုတ်ဘူးလား။


သူမ အတည်ပေါက်ပြောလိုက်သည်။


" ဘာလို့ ဒီအရုပ်က စတားတစ်ယောက်နဲ့တူရတာပါလိမ့် "


ရှန်းယွဲ့ကနှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး


" ဒီကိတ်က ဆိုင်ရဲ့ နမူနာပုံကိုကြည့်ပြီးလုပ်ထားတာ မင်းအမှတ်မှားတာပဲဖြစ်လိမ့်မယ် "


" တကယ်လား အရုပ်က အရေးမကြီးဘူးဆိုမှတော့ လွင့်ပစ်လိုက်ကြမယ်လေ စားလို့ရတာလည်းမဟုတ်ဘဲနဲ့ "


ထန်ချောင်းချောင်းက အရုပ်ကိုလွင့်ပစ်တော့မဲ့ပုံစံလုပ်လိုက်သည်။


ရှန်းယွဲ့က မျက်ခုံးတွေကိုပင့်လိုက်ပြီး


" မင်းလုပ်ရဲလား "


ထန်ချောင်းချောင်းကပြုံးကာ


" ဟမ့် အမှန်တရားက ပထမတစ်ခါမှာတင်ပေါ်ထွက်လာတာပဲ ဒီအရုပ်က ကျွန်မ မဟုတ်လား "


ရှန်းယွဲ့မျက်နှာက နီ‌ရဲနေပြီး လက်ခံလိုက်ရသည်။


ထန်ချောင်းချောင်းက သူကိုကြည့်ပြီး လေးနက်စွာမေးလိုက်သည်။


" ဘာလို့ ကျွန်မကို ဒီကိတ်ပေးတာလဲ "


ရှန်းယွဲ့က မပြောခင် ခဏလောက်တိတ်သွားပြီး


" ညဆယ့်နှစ်နာရီမှာ စင်ဒရဲလားမင်းသမီးလေးက မှော်အစွမ်းတွေပယ်ပျောက်သွားပြီး သူမရဲ့မူလအ‌ခြေအနေကိုပြန်ရောက်သွားတယ် "


Xxxxxxxx