အပိုင်း ၉၇
Viewers 24k

Chapter 97


ထန်ချောင်းချောင်း ရှုပ်ထွေးသွားပြီး ခေါင်းစီးထဲဝင်ကြည့်လိုက်တော့မှ ရှင်းသွားတော့သည်။


ဒီအရှုပ်ထုပ်ကြီးတစ်ခုလုံးက မီးပန်းလွှတ်လိုက်တဲ့ အိမ်က ဂန်းစတားကြီးကြောင့်ပဲ။


ထန်ချောင်းချောင်းက ရှန်းယွဲ့ကို စိုက်ကြည့်လိုက်သည်။သူက ဖုန်းကိုကြည့်နေပြီး သူ့မျက်နှာက တင်းမာနေလေသည်။


' အာ ဒီသေသင့်တဲ့ တူအရီးတွေ '

မူရင်းစာအုပ်ထဲမှာ ရှန်းယွဲ့နဲ့ ရှန်းလျန့်က မိသားစုအမွေတွေအတွက် တိုက်ခိုက်လေ့ရှိသည်။အခု ပျော်ရွှင်စရာတောင်ကြားက ရှန်းလျန့်ရဲ့ဟာလို့ပြောကြသည်။အဲ့တာက ရှန်းယွဲ့ရဲ့ရင်ထဲမှာ အပေါက်ကြီးဖြစ်သွားမှာပဲ။မိသားစုအမွေအတွက် တိုက်ခိုက်တဲ့ ဇာတ်လမ်းက အခုဖြစ်နိုင်ချေရှိလား။


ဒါပေမဲ့ ရှန်းယွဲ့ အခုတွေးနေတာက ရှန်းလျန့် အဲ့ကောင်စုတ်လေး သူကတော်တော်ဒုက္ခပေးတဲ့ကောင်ပဲ။သူ (ရှန်းလျန့် ) ရှိနေသရွေ့ သူက ထန်ချောင်းချောင်းနဲပ အချိန်မရွေ့ ချစ်သွားနိုင်တယ်။


ထန်ချောင်းချောင်း ဒီရှန်းလျန့်နဲ့ အရှုပ်တော်ပုံကြီးကို Weibo ပေါ်မှာ ဘယ်လိုရှောင်ရမလဲ စဉ်းစားနေပေမဲ့ ပျော်ရွင်စရာတောင်ကြားရဲ့ တရားဝင် Weiboကနေ ကြေညာချက်ထုတ်လိုက်လိမ့်မယ်လို့ သူမ မထင်ထားပေ။


" ပျော်ရွှင်စရာတောင်ကြားရဲ့ပရိသတ်များအားလုံး ရှင်တို့ရဲ့ ကြင်နာတဲ့အာရုံစူးစိုက်မှုတွေအတွက်‌ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီမှာ အထင်လွဲနေတဲ့ကိစ္စလေး ရှိလို့ပါ ကျွန်တော်တို့ရဲ့ သူဌေးက ဒီခေါင်းစီးမှာပြောထားတဲ့ သူမဟုတ်ပါဘူး တကယ်လို့ ကျွန်တော်တို့ရဲ့ သူဌေးအစစ် @ ရှန်းယွဲ့(V) သိရင် ကျွန်တော်တို့ရဲ့ သနားစရာဘောနပ်စ်လေးတွေ မရဘဲနေပါလိမ့်မယ် ကောလဟာလတွေကို မယုံကြည်ပါနဲ့ ဖြန့်လည်းမဖြန့်ပါနဲ့ "


Weibo ပေါ်က ပျော်ရွှင်စရာတောင်ကြားရဲ့ပို့စ်က သူ့မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။


{ သတင်းတွေအကုန် ကစားကွင်းအဖွဲ့ကနေ ငြင်းခံလိုက်ရပြီ ရှန်းလျန့်ကို ရှက်နေလားမေးပြီး သူ့မျက်နှာ တေယ်တော်မှ နာသွားသေးလားလဲ မေးခဲ့အုန်း ဟားဟားဟား }


{ စပ်ချက် ! ရှန်းလျန့်ရဲ့ဖန်တွေက အခုထိ အဲ့အကြောင်းပြောနေကြတုန်းပဲ ဒါပေမဲ့ ပန်းခြံနဲ့ မင်းနဲ့က မဆိုင်တဲ့ဆက်ဆံရေးကြီးလေ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ ရှက်စရာပဲ!! }


{ ရှန်းယွဲ့က ဘယ်သူလဲ အရမ်းလျို့ဝှက်လွန်းတယ် ငါ အခုလေးတင် သူ့အကောင့်ထဲဝင်ကြည့်လာတာ အဲ့တာက ဗလာကြီး }


{ မင်း ရှန်းယွဲ့က ဘယ်သူမှန်းမသိဘူးလား သူက ရှန်းဂရုရဲ့ ဆက်ခံသူဖြစ်ဖူးတဲ့ ရှန်းလျန့်ရဲ့ ဦးလေး }


{ ဝိုးး ဦးလေးက တူရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တယ် အဲ့တာက TVB ဒရမ်မာကားလိုပဲ LOLLLL }


[ TVB က သတင်းကုမ္ပဏီတစ်ခုပါ ]


{ ရှန်းလျန့်က ရှန်းယွဲ့ရဲ့တူဆိုမှတော့ ပျော်ရွှင်စရာတောင်ကြားကလည်း သူနဲ့ နည်းနည်းသက်ဆိုင်တယ်လေ သူ မီးပန်းလွှတ်ဖို့က အဆင်ပြေတာပဲ မဟုတ်လား "


မထင်ထားစွာပဲ ပျော်ရွှင်စရာတောင်ကြားရဲ့ တရားဝင်အကောင့်က အဲ့အင်တာနက်အသုံးပြုသူကို ပြန်ဖြေလိုက်သည်။


" မရပါဘူး ကျွန်တော်တို့သူဌေးက လွဲပြီး ဘယ်သူကမှမီးပန်းလွှတ်လို့လည်းမရသလို ရဟတ်ကိုစလို့လည်းမရပါဘူး တူမပြောနဲ့ သူ့အစ်ကိုအကြီးဆုံး လူကိုယ်တိုင်ရောက်ချလာရင်တောင် လုပ်မပေးနိုင်ပါဘူး "


【ဒါပေမယ့် အဲ့ဒါက မနေ့က လွှင့်ခဲ့တဲ့ မီးပန်းတွေက ရှန်းယွဲ့လုပ်တာပါလို့ တိုက်ရိုက်မပြောထားဘူးလေ...】


【ရှန်းယွဲ့က ဘာဖြစ်လို့ ညကြီးသန်းခေါင်မှာ မီးပန်းတွေ ဖောက်ခဲ့တာလဲ...】


【ရှန်းယွဲ့က သူဌေးကြီးပဲလေ...သူလုပ်ချင်တာလုပ်လို့ရတာပဲ...သူဌေးတွေက အာဏာရှိတယ်...】


ဟက်ပီးဗယ်လီ၏ တရားဝင် Weibo အကောင့်မှ ငြင်းဆိုမှုကြောင့် ရှန်းလျန့်၏ဖန်များသည် အရှက်ရသွားကြ၍ Weibo ၌ သူတို့တင်ထားသော အကြွား post များကို တိတ်တဆိတ်ဖျက်သွားကြသည်။


Netizen များကလည်း ဆွေးနွေးစရာခေါင်းစဉ်ပြောင်းသွားကြ၍ ရှန်းယွဲ့က မည်သူဖြစ်သည်ကို စပ်စုလာကြသည်။


ရှန်းယွဲ့သည် အနုပညာလောကမှ လူမဟုတ်သောကြောင့် netizen များသည် ရှန်းယွဲ့၏ပုံအနည်းငယ်ကိုသာ စီးပွားရေးဖိုရမ်များမှ ရှာတွေ့ကြသည်။ ထိုပုံများသည် အလွန်ရှင်းလင်းပြတ်သားနေသည်မဟုတ်သော်လည်း အလွန်ချောမောသောမျက်နှာနှင့် သဘာဝကျကျ အဆင့်အတန်းမြင့်နေသော ရှန်းယွဲ့၏ပုံကြောင့် netizen အများစုသည် ပုံများကိုကြည့်၍ "ယောင်္ကျား" ဟု အော်နေကြတော့သည်။ ရှန်းယွဲ့သည် ကားတိုက်မှုဖြစ်၍ လူကြားထဲသို့ မထွက်တော့သည်မှာ ကြာပြီကို သိသွားကြသောအခါတွင်လည်း netizen များသည် "စိတ်မကောင်းလိုက်တာ..." ဟူ၍ အော်ဟစ်ငိုကြွေးနေကြတော့သည်။


ထိုကဲ့သို့သော ကောမန့်များကြောင့် စာလုံးတစ်လုံးမျှပင် မတင်ထားသော ရှန်းယွဲ့၏အ‌ကောင့်သည် ချက်ချင်းပင် follower ပေါင်း ၃သိန်းကျော် တိုးသွားလေသည်။


ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏နည်းလမ်းကို အလွန်လေးစားသွားမိသည်။ ထုတ်ပြန်ချက်တစ်ခုတည်းနှင့်ပင် ရှန်းယွဲ့သည် မဟုတ်မမှန်သတင်းများကို ချေဖျက်၍ ဟက်ပီးဗယ်လီအပေါ် သူ၏ ပိုင်စိုးမှုကိုလည်း ထုတ်ပြကာ ဖန်များလည်း အများအပြား ရသွားသေးသည်။


အဓိကဇာတ်ကောင်မင်းသားကို တန်ပြန်ထိုးနှက်နိုင်သော လူ ပီသပါပေသည်။ ရှန်းယွဲ့သည် အလွန်ပင် အံ့ဩဖွယ်ဖြစ်သည်။


ထန်ချောင်းချောင်းသည် ရင်ထဲမှ ကျိတ်၍ ရှန်းယွဲ့အား လက်မထောင်ပြနေမိသည်။


ရှန်းယွဲ့၏မျက်နှာကတော့ တည်တည်ငြိမ်ငြိမ်ပင်။


"နေ့လယ်ကျရင် ငါ ဝက်သားမျှင်ကို ငါးဆော့စ်နဲ့ စားချင်တယ်..."


ထန်ချောင်းချောင်းက "အိုကေ" ဟူသော ပုံစံ လုပ်ပြလိုက်သည်။


...


ထန်ချောင်း‌ချောင်းနှင့် ရှန်းလျန့်တို့၏သတင်းက netizen များကြား နာမည်ကြီးနေဆဲမှာပင် ထန်ချောင်းချောင်းတို့ ပါဝင်ရိုက်ကူးထားသည့် "ကျစ်ရုံချုံချုံ" အပိုင်းကို ထုတ်လွှင့်ပြသလာတော့သည်။


ဤရှိုးသည် ယခင်တည်းက နာမည်ကြီးပြီးသားဖြစ်သည်။ ယခုတစ်ခေါက်၌ နာမည်ကြီးသူများ အများအပြားပါဝင်သည့်အပြင် ထန်ချောင်းချောင်းနှင့် ရှန်းလျန့်တို့၏ သတင်းကြောင့် ယခုလွှင့်မည့်အပိုင်းသည် မထုတ်လွှင့်ခင်ကပင် နာမည်အလွန်ကြီးနေပြီဖြစ်သည်။


ပုံမှန်ဆိုလျှင်တော့ ဤအပိုင်း၏ နာမည်အရဆုံးလူများမှာ ရှန်းလျန့်နှင့် ချမ်ချင်းတို့အတွဲ ဖြစ်ရမည်ဖြစ်သည်။ တစ်ယောက်က နာမည်ကြီးပြီးသား မင်းသားဖြစ်၍ တစ်ယောက်က ငယ်ရွယ်၍ အရည်အချင်းရှိသော မင်းသမီးဖြစ်သည်။ သို့သော် ထိုအပိုင်းကို ထုတ်လွှင့်ပြီးသောအခါတွင်တော့ ထန်ချောင်းချောင်းနှင့် ဖန်ထျန်တို့အဖွဲ့က အရယ်ရဆုံးဖြစ်နေလေသည်။


ပထမတွင်တော့ ဒါရိုက်တာက ယခုအပိုင်းမှာ "ဟက်ပီးဗယ်လီ၏မင်းသမီးလေး" ဟု ကြေငြာလိုက်သောအခါ netizen များထံမှ အပြစ်တင်သံများထွက်လာသည်။ သို့သော် ထန်ချောင်းချောင်းက သူရဲကောင်းအဖြစ် မဲကျသွားသောအခါတွင်တော့ ကြည့်ရှုသူများသည် ရယ်ပွဲကျကုန်ကြတော့သည်။


【ထန်ချောင်းချောင်းရဲ့ မျက်နှာက ရှုံ့မဲ့သွားတာပဲ...】


【ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးကနေ ကျားကျားယားယားမိန်းကလေး ဖြစ်ပြီး အခုတော့ တကယ့် ယောင်္ကျားကြီးလုပ်ရတော့မယ်...ထန်ချောင်းချောင်းရဲ့ သရုပ်က တစ်ဆင့်ပြီး တစ်ဆင့်ကို ပျက်နေတော့တာပဲ ဟားဟားဟား...】


သို့သော် ထန်ချောင်းချောင်းကို သူရဲကောင်းဝတ်စုံနှင့် မြင်လိုက်ရ၍ ပရိုဂရမ်အဖွဲ့ကလည်း ထန်ချောင်းချောင်းကို တလက်လက်တောက်ပနေသည့် အထူးပြုလုပ်ချက်များ ထည့်ပေးထားသည့်အခါ netizen များသည် ဆွံ့အကုန်ကြတော့သည်။ ထို့နောက် ကောမန့်များ အများအပြားတက်လာကြတော့သည်။


【ထန်ချောင်းချောင်းအောက်မှာ ငါကျရှုံးသွားပါပြီ...အိုး အိုး အရမ်းချောတာပဲ...】


【ထန်ချောင်းချောင်းက ယောင်္ကျားလေးတစ်‌ယောက်လိုပဲ ဆွဲဆောင်မှုရှိလိုက်တာ...တခြားမင်းသားတွေ သူနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ...】


【ဖန်ထျန်ရဲ့ မျက်နှာကိုလည်း ကြည့်ဦး...ဂိမ်းတောင်မစရသေးဘူး အခုတည်းက ထန်ချောင်းချောင်းကို ကြွေနေပြီ...】


ရိုလာကိုစတာပေါ်၌ သီချင်းဆိုရသော အခန်းတွင် လေတိုးသောကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော ရှန်းယွဲ့၏မျက်နှာကို screenshot ရိုက်ထားသောပုံများသည် အင်တာနက်တစ်ခွင် ပျံ့နှံ့သွားကြသည်။ ရှန်းလျန့်၏ဖန်များကလည်း မတားဆီးနိုင်သောကြောင့် ဘာမှမလုပ်နိုင်ပဲ လူအများက ရှန်းလျန့်ကို လှောင်ပြောင်နေကြသည်ကိုသာ ထိုင်ကြည့်နေကြရသည်။


ရှန်းလျန့်၏ဖန်များသည် အခြားလူများသည်လည်း ရိုလာကိုစတာပေါ်ရောက်သောအခါ ဤကဲ့သို့ ရုပ်ဆိုးဆိုးပုံများ ထွက်လာမည် ထင်ခဲ့ကြသည်။


သိပ်လည်း ဘဝင်မြင့်မနေပါနဲ့ ထန်ချောင်းချောင်းရယ်...နင့်ပုံတွေ ထွက်လာတာနဲ့ ငါတို့ ချက်ချင်း screenshot တွေ တင်ပေးမှာပါ...


သို့သော် ရိုလာကိုစတာပေါ်သို့ ထန်ချောင်းချောင်းရောက်သွားသည့်အခါတွင်တော့ ရှန်းလျန့်၏ဖန်များသည် ပါးစပ်များပိတ်သွားကြရသည်။


【ကယ်ကြပါဦး...ထန်ချောင်းချောင်းကြောင့် ငါရယ်ရတာ သေတော့မယ်...သူက တကယ်ကို သူရဲကောင်းသီချင်းကို ဆိုလိုက်တာပဲ...】


【ချောင်းပေါင်က ချစ်ဖို့ကောင်းလိုက်တာ...သီချင်းဆိုတာကလည်း ကီးတွေကလွဲလို့...】


【ထန်ချောင်းချောင်းက အရမ်းတည်ငြိမ်တာပဲ...ဒီလောက် အမြင့်ကြီးရောက်နေတာတောင် ရုပ်ဆိုးတဲ့ပုံတွေ ထွက်မလာဘူး...သီချင်းတစ်ပုဒ်လုံးကိုလည်း ပြီးအောင် ဆိုသွားနိုင်တယ်...】


【ဖန်ထျန်က တကယ်ကံကောင်းတာပဲ...ထန်ချောင်းချောင်းက ရှေ့ကနေ အကုန်လုပ်ပေးသွားတာ...】


ထန်ချောင်းချောင်း၏ အံ့ဩဖွယ်ရာ လုပ်ဆောင်ချက်များသည် ဤမျှနှင့် မရပ်သေးချေ။ ဖန်ထျန်၏ရှေ့၌ ထန်ချောင်းချောင်းသည် အင်္ကျီလက်ထဲမှ ဟမ်ဘာဂါကို ဆွဲထုတ်လိုက်သောအခါ ကြည့်ရှုသူများသည် ပွဲဆူသွားကြပြန်သည်။


ဤအခန်းက အလွန်နာမည်ကြီးသွားမည်ကို ပရိုဂရမ်အဖွဲ့ကလည်း သိပြီးသားဖြစ်သည်။ ထို့ကြောင့် ထန်ချောင်းချောင်း ဟမ်ဘာဂါဆွဲထုတ်နေသည့်အခန်းကို သုံးကြိမ်ပင် ပြန်ကျော့၍ ပြထားသည်။


ဒီလိုလုပ်နိုင်တဲ့လူတွေလည်း ရှိသေးတာလား...


ပရိသတ်များသည် ကြည့်ပဲကြည့်နေနိုင်သော်လည်း ဝါးလိုက်သည့်အခါ အလွန်အံ့အားသင့်သွားသည် ဖန်ထျန်၏ ပုံစံအရ ထိုဟမ်ဘာဂါသည် အလွန်ပင် အရသာရှိမည်ဖြစ်ကြောင်း သိလိုက်ကြရသည်။ ထိုသို့မှမဟုတ်လျှင် ဖန်ထျန်သည် ရှန်းလျန့်ကို လုံးဝသစ္စာဖောက်မည်မဟုတ်ချေ။


သူတို့သည် ယှဉ်ပြိုင်ရသည့် ရှိုးကို ကြည့်ရန်ရောက်နေကြခြင်းဖြစ်သည်။ ယခုတွင်တော့ အဘယ်ကြောင့် သွားရည်ကျစရာ အစားအသောက်များကို ကြည့်နေကြရပါသနည်း။


ထန်ချောင်းချောင်းကတော့ " ကျစ်ရုံချုံချုံ "က ထူးဆန်းတဲ့ တာဝန်တွေကို ဆက်ပြီး သရုပ်ဆောင်နေဆဲပင်။သူရဲကောင်းသီချင်းဆိုပြီး ရိုလာကိုစတာစီးတာရယ် ဟမ်ဘာဂါကိုသယ်လာတာရယ် သရဲအိမ်ထဲက သူမရဲ့ပူးပေါင်းလုပ်တာတွေက အမှန်တကယ်ကို မြင့်မားလှသည်။


တကယ်ဆိုရင် ဒီသရဲအိမ်ဇာတ်ကြောင်းကြောင့်သာ အင်တာနက်သုံးတဲ့သူတွေက စောင့်မျှော်နေတာဖြစ်သည်။သူတို့က သရဲတွေထွက်လာတဲ့အခါ " လွတ်လပ်မှု ၊ ညီမျှမှု ၊ တရားမျှတမှု ၊ ဥ‌ပဒေစိုးမိုးရေး ၊ မျိုးချစ်စိတ် ၊ သစ္စာစောင့်သိမှု ၊ ရိုးသားမှု နဲ့ ခင်မင်ဖော်ရွေမှု " တို့ကို တားဆီးမှာကိုစောင့်နေခဲ့ကြသည်။


[ အဲ့ဒါတွေက တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီကနေ ထုတ်ပြန်ထားတဲ့ ဆိုရှယ်လစ်စနစ်ရဲ့အကျိုးကျေးဇူးတွေပါ သူတို့ရဲ့ဝါဒဖြန့်တဲ့ထဲက တစ်ခုက အယူမသီးဖို့ဖြစ်တာကြောင့် သူတို့ကွန်မြူနစ်က ယုံကြည်ကိုးကွယ်သူတွေရဲ့အတားအဆီးတစ်ခုဖြစ်လာခဲ့သည် ] 


ဒါပေမဲ့ အကုန်လုံးက သေချာကြည့်နေပေမဲ့ ကြောက်စရာကောင်းတာက မစ္စတာဖုတ်ကောင်ရဲ့ လျှာအရှည်ကြီးမဟုတ်ဘဲ ထန်ချောင်းချောင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ကြပေ။


ဒါရိုက်တာကလည်း ဉာဏ်နီဉာဏ်နက်တွေနဲ့ပြည့်နေပြီး ထန်ချောင်းချောင်း အရိုးမျက်နှာဖုံးဝတ်တာကို မပြခဲ့ပေ။အဲ့တာကြောင့် မစ္စတာဖုတ်ကောင်လိုပဲ ပရိသတ်တွေက အရိုးမျက်နှာဖုံးဝတ်ထားတဲ့ ထန်ချောင်းချောင်းကို ရုတ်တရက် တွေ့လိုက်တော့ အကုန်လုံးက ထိတ်လန့်သွားကုန်ကြသည်။


 { ဘုရားရေ!! ငါအရမ်းလန့်သွားတာ ငါ့နှလုံးခုန်တာတောင် တစ်စက္ကန့်လောက် ရပ်သွားသလိုပဲ အားးးးး }


{ ဖုတ်ကောင်က ကြောက်စရာမကောင်းဘူး ဒါပေမဲ့ ထန်ချောင်းချောင်း သူမကတော့ ငါ့ကိုတကယ်လန့်စေတယ် ကယ်ကြပါအုန်း ငါမကြည့်ရဲတော့ဘူး }


{ ဖန်ထျန်ပြောတာမှန်တယ် ထန်ချောင်းချောင်း အဲ့မိန်းမ တော်တော်ကြောက်စရာကောင်းတာပဲ }


သူတို့က မကြည့်ရဲကြပေမဲ့ အင်တာနက်အသုံးပြုသူတွေက ကျည်ဆံကိုဆက်ကိုက်ထားပြီး ဆက်ကြည့်နေဆဲပင်။ထန်ချောင်းချောင်း နံရံပေါ်က အဝါရောင်ဂါထာစာရွက်ကို ဖြုတ်ပြီး ဖုတ်ကောင်ရဲ့မျက်နှာမှာ ကပ်လိုက်တာကိုလည်း မြင်ရော လူထုကြီးက ကြောက်လန့်နေတာကနေ " ဟားဟားဟားဟားဟား " တွေနဲ့ပြည့်ကုန်တော့သည်။


{ OMG အဲ့တာက ကြောက်စရာလည်းကောင်း ရီလည်းရီရတယ် ငါတော့ ဒီရှိုးနဲ့မှ စွဲသွားပါပြီ }


{ ထန်ချောင်းချောင်းက တကယ်အဆိပ်ပြင်းတာပဲ ဒီအဝါရောင်စတစ်ကာလေးတွေနဲ့တင် ဘယ်လို အဆင်ပြေသွားတာလဲ LOLLL }


{ ရီစရာအကောင်းဆုံးက အဲ့ဖုတ်ကောင်က လုံးဝမရွေ့တော့တာပဲ အကုန်လုံးက သရုပ်ဆောင်နေတာလေ ငါဘာလို့ အဲ့လောက် ပူးပေါင်းသရုပ်ဆောင်တတ်တဲ့ သရဲမျိုးမတွေ့ဖူးရတာပါလိမ့် }


အဲ့နောက် ထန်ချောင်းချောင်းက မစ္စတာဖုတ်ကောင်ကို သူ့ရဲ့စီးပွားရေးစကေးတွေ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ သင်ပေးနေတဲ့မြင်ကွင်းက ပရိသတ်တွေကို နောက်တစ်ဖန် ရီမောစေပြန်သည်။သူမ " ဂန္တဝင် ပြန်လာပြီ " ဆိုတဲ့စကားကိုပြောခဲ့တဲ့ လင်းကျန့်ရင်ကိုတောင် နမူနာပြလိုက်သေးသည်။


[ မူရင်းဝတ္ထုထဲမှာ သူတို့က လူသိများတဲ့ လူတွေ ဂန္တဝင်ကာတွန်းကားတွေ ဂိမ်းတွေ ရုပ်ရှင်တွေနဲ့ တီဗွီစီးရီး စတဲ့ဟာတွေ ပြန်လာတာကို ကိုယ်စားပြုတဲ့  爷青回 ( Yé qīng huí ) လို့ သုံးပြီးပြောထားပါတယ်။အင်တာနက်အသုံးပြုသူတွေက အဲ့တာကို " Ye Qinghui " လို့ပြောင်းလိုက်ပြီး သူတို့ရဲ့ငယ်ရွယ်မှုတွေပြန်ရလာတဲ့ ဂန္တဝင်တွေရဲ့ ခံစားချက်ကိုဖော်ပြရာမှာ သုံးပါတယ် 


ပြီးတော့ လင်းကျန့်ရင် ( Lin Zhengying ) က ဟောင်ကောင် ဇွန်ဘီကားတွေရဲ့ နာမည်ကြီးပုံရိပ်ဖြစ်ပြီး Zombie Toaist ဇာတ်ကားရဲ့ ကာရိုက်တာဖြစ်ပါတယ် တပည့်နှစ်ယောက်နဲ့ သရဲတွေလိုက်နှိမ်နင်းတဲ့ကားပါ 1998 ဝန်းကျင်ကထွက်ခဲ့ပါတယ် အခုတော့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဂန္တဝင်ကြီးတစ်ဦးပါ ]


ထန်ချောင်းချောင်းက တကယ်ကို နှာဘူး လူဆိုးကောင်တွေကို ကန်နိုင်တဲ့ မိန်းမဖြစ်ထိုက်ပါပေတယ်။ ကမ္ဘာကျော် ဆဒကိုအပါအဝင် ဘာကမှ သူမကိုမခြောက်နိုင်ပေ။


ဆဒကို အပေါ် ထန်ချောင်းချောင်းရဲ့အမူအရာတွေက ပရိသတ်တွေကို တိုက်ရိုက်လှည့်စားနိုင်လေသည်။


{ အစ်မကြီးတို့က စခရင်ပေါ်  " Niubi " ကြီးပြနေတာပဲ မိုက်တယ်! }


[ 牛批 = Nuibi ဆိုတာက နောက်ထပ် အင်တာနက်ပေါ်က ဗန်းစကားဖြစ်ပြီး " သန်မာတယ် ထူးခြားတယ် သာလွန်တယ် ဒါမှမဟုတ် အံ့ဩစရာကောင်းတယ် ဆိုတာကိုဖော်ပြတဲ့နေရာမှာ သုံးပါတယ် ]


Xxxxxxxx