အပိုင်း ၉၈
Viewers 23k

Chapter 98

ကြွပ်ရွနေတဲ့ ဘဲကင်


လွှစက်လူသားက ညပုလဲကို တရိုတသေနဲ့ ထန်ချောင်းချောင်းဆီ ထုတ်ပေးလိုက်တာမြင်ရော ဘယ်သူမှမအံ့ဩတော့ပေ။ဟုတ်တယ်လေ ထန်ချောင်းချောင်းကိုတွေ့ရင် အကုန်ပြားပြားဝပ်နေရမှာပဲ။


ဘယ်သူကများ သူမကိုရင်ဆိုင်နိုင်မှာလဲ။


ဒါက သရဲအိမ်စွန့်စားခန်းလေးပါ အဲ့တာကို ထန်ချောင်းချောင်းက သရဲသတ်သမားကြီးဖြစ်နေတယ်။


ရှိုးကို လွှင့်လည်းလွှင့်လိုက်ရော ရေပန်းစားတဲ့ခေါင်းစီးတွေက အကုန် ထန်ချောင်းချောင်းဖြစ်နေလေသည်။သူမနဲ့ဆိုင်တဲ့ ခေါင်းစီး သုံးလေးခုလောက်ရှိသည်။ဒါရိုက်တာက ရီရုံသာရီနေတော့သည်။သူ့ရဲ့နောက်အစီအစဉ်အတွက် အကြံက ထန်ချောင်းချောင်းကို အမြဲတမ်းအဖွဲ့ဝင်အဖြစ်ခေါ်ရန်ဖြစ်သည်။


အရင်တုန်းက ထန်ချောင်းချောင်းနဲ့ ရှန်းလျန့်က ဒီရှိုးပွဲရိုက်ကူးရေးကြောင့် ပြဿနာဖြစ်ဖူးသည်။၎င်းက မတော်တဆလို့ ကြေညာခဲ့ပေမဲ့ လူတွေအများကြီးကတော့ အဲ့နှစ်ယောက်ဆုံရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ကြည့်ချင်နေကြသည်။


ထန်ချောင်းချောင်းနဲ့ ရှန်းလျန့်တို့က နောက်ဆုံးတာဝန်ဖြစ်တဲ့ နာမည်ကဒ်ဆွဲခွာသည်အထိ အတူတူရှိနေခဲ့ကြသည်။သို့သော် ရှန်းလျန့်ရဲ့နာမည်ကဒ်ကိုခွာဖို့ ကထန်ချောင်းချောင်းအတွက် ငါးစက္ကန့်သာကြာခဲ့လေသည်။


' သွေးအေးလိုက်တာ '


' ရိုင်းစိုင်းချက် '


{ ထန်ချောင်းချောင်းနဲ့ ရှန်းလျန့်ကြား ပြဿနာမရှိပါဘူးပြောခဲ့တဲ့သူတွေ ဒီနေရာကနေ ထွက်သွားလိုက်ပါတော့ }


{ ထန်ချောင်းချောင်းရဲ့ ရှန်းလျန့်ကိုမနှစ်သက်တာတွေက သူမမျက်နှာမှာ အကုန်ရေးထားသလိုပဲ }


{ မဟုတ်ဘူး ငါ သစ်သားခေါက်လိုက်သလိုပဲ ဒါက အရမ်း ခံစားချက်ပြင်းထန်တယ်မထင်ဘူး ချစ်နေလျက်နဲ့ တစ်‌ယောက်ကိုတစ်ယောက် သတ်နေရတယ် အားးး }


[ သစ်သားခေါက်တယ် ( want to knock wood ) ဆိုတာက တရုတ်စကားအရဆို ကံကောင်းအောင်လုပ်တယ်လို့ဆိုလိုပါတယ် ]


{ အပေါ်ထပ်က လူရေ နိုးထပါတော့ ကမ္ဘာပေါ်က ယောကျာ်းတွေအကုန်သေသွားတယ်ဆိုရင်တောင်  ထန်ချောင်းချောင်းက ရှန်းလျန့်နဲ့အတူမရှိနိုင်ဘူး }


..............


ရှိုးပွဲလည်းပြီးရော ထန်ချောင်းချောင်းနဲ့ ရှန်းလျန့်ကြားက ပြဿနာတွေကို ပြည်ဖုံးကာချလိုက်တော့သည်။တစ်ချိန်တည်းမှာပဲ ထန်ချောင်းချောင်းက သရဲအိမ်ထဲက နည်းလမ်းတွေကြောင့် ရုပ်ရှင်တစ်ခု ကမ်းလှမ်းခံရလေသည်။


၎င်းကလည်း သရဲဝတ္ထုဇာတ်ညွှန်းကို ရိုက်ထားတာဖြစ်သည်။


ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ အသက်သုံးဆယ်ပဲရှိသေးပေမဲ့ ကတုံးပြောင်နေပြီဖြစ်သည်။သူက ထန်ချောင်းချောင်းရဲ့သရဲအိမ်ထဲက ကြောက်မက်ဖွယ်ရာအရှိန်အဝါတွေကို တွေ့ခဲ့ကြောင်းရှင်းပြလိုက်ပြီး သူမကိုယ် သူမ " တောရိုင်းထဲမှာ ရှင်သန်ခြင်း " မင်းသမီးအဖြစ်ကမ်းလှမ်းလာလေသည်။အဲ့တာကြောင့် သူက ဇာတ်ညွှန်းကို သူမဆီပေးလိုက်ပြီး ကြည့်ခိုင်းလိုက်သည်။


ဒီဒါရိုက်တာက တကယ်ကို....ဝေဖန်ပိုင်းခြားနိုင်တာပဲ။


သရုပ်ဆောင်တွေအကုန်လုံးနီးပါးရဲ့ အိမ်မက်က စခရင်ကြီးကြီးပေါ်မှာ တည်ရှိနိုင်ဖို့ဖြစ်တာကြောင့် ထန်ချောင်းချောင်းကလည်း ဇာတ်ညွှန်းကို ရရှိလိုက်တဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှားနေတော့သည်။


ပြည်တွင်းသရဲကားတွေက အမြဲ ဆိုးဝါးပြီးမကောင်းတဲ့ဇာတ်ကားတွေပဲဖြစ်သည်။ဦးနှောက်ရှိတဲ့ ဘယ်သရုပ်ဆောင်မဆို ဒီလိုသရဲကားမျိုးကို ကြည့်တောင်မကြည့်ကြပေ။သရဲကားတစ်ကားထဲမှာ ပါတဲ့သရုပ်ဆောင်တွေကလည်း အများအားဖြင့် အခုမှဘွဲ့ရပြီး သွားစရာနေရာမရှိတဲ့ တက်သစ်စလေးတွေပဲဖြစ်သည်။


ဒါပေမဲ့ ထန်ချောင်းချောင်းကတော့ ဇာတ်ညွှန်းကို ဂရုတစိုက်ဖတ်လေသည်။ဇာတ်ကားရဲ့နာမည်က အရမ်းရိုးရှင်းလှသည်။အဲ့တာကို " Cocoon " လို့ပေးထားသည်။အဲ့တာက ဆဒကို ( Sadako ) နဲ့ ကရကို ( Kayako ) ယှဉ်ပြိုင်ခြင်းလိုမျိုး ပေါတောတောသရဲကားမဟုတ်ပေ။၎င်းက ဖြစ်ရပ်မှန် စိတ္တဇလူသတ်သမားကားဖြစ်သည်။


[ Sadako vs Kayako ရုပ်ရှင်က 2016 မှာထွက်ရှိခဲ့တဲ့ သရဲကားပါ 


Kayako က သူမရဲ့ဆံပင်ကိုအသုံးပြုပြီး သားကောင်တွေကို ခြောက်လှန့်သတ်ဖြတ်လေ့ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါ ]


ဇာတ်လမ်းရဲ့ဇာတ်လိုက်မင်းသမီဖြစ်တဲ့ ယုလင်းက သာမာန်အမျိုးသမီးဖြစ်သည်။သူမက သူမမိဘစကားနားထောင်ပြီး စာကြိုးစားခဲ့သည်။သူမက သူမရွေးထားတဲ့တက္ကသိုလ်နဲ့ပတ်သတ်ပြီးတော့လည်း မိဘရဲ့အတွေးကိုနားထောင်ပေးပြီး အလယ်အလတ်တက္ကသိုလ်တစ်ခုကို တက်ရောက်ခဲ့သည်။ဘွဲ့ရပြီးနောက် သူမက ဆရာမတစ်ဦးဖြစ်လာခဲ့သည်။


ထို့နောက် သူမက ယောကျာ်းတစ်ယောက်နဲ့တွေ့ပြီး ချစ်ကြိုက်ကာ လက်ထပ်လိုက်ကြသည်။ပြီးတော့ အမွှာလေးနှစ်ယောက်မွေးဖွားထားသည်။အကုန်လုံးက ပျော်ပျော်ရွှင်ရွှင် ချောချောမွေ့မြွေပဲဖြစ်သည်။


သူမက မိဘတွေအတွက် သမီးကောင်းဖြစ်သလို သူမမောင်လေးအတွက်လည်း အစ်မကောင်းတစ်ယောက်ဖြစ်သည်။လက်ထပ်ပြီးနောက်မှာလည်း သူမက ဇနီးကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက် ဖြစ်သည်။သူမက ရိုးရိုးရှင်းရှင်းပဲ ဘဝမှာ အနိုင်ရသူတစ်ဦးဖြစ်သည်။


ဇာတ်လမ်းရဲ့အစမှာ ယုလင်းနဲ့ သူမယောကျာ်းက နွေရာသီအားလပ်ရက်ရတုန်း သေးငယ်တဲ့ ဗီလာလေးဆီခေါ်သွားခဲ့သည်။ဒါပေမဲ့ ဗီလာထဲစဝင်ကတည်းက ထူးဆန်းတာတွေက တစ်ခုပြီးတစ်ခုဖြစ်လာခဲ့သည်။


ပထမညမှာ သွေးတွေအများကြီးက ကလေးနှစ်ယောက်ရဲ့အခန်းထဲ ပေါ်လာခဲ့သည်။


နောက်ညမှာတော့ သူမဘေးမှာအိပ်နေတဲ့ သူမယောကျာ်းက ရုတ်တရက် အိပ်ရင်းလမ်းလျှောက်နေပြီး အပြင်ထွက်ကာ ဂေါ်ပြားနဲ့တွင်းတူးနေခဲ့သည်။


မနက်ရောက်တော့ ထိုထဲကနေ ယုလင်းက ဘဲသေတွေကိုတွေ့လေသည်။


ဒါပေမဲ့ သူမယောကျာ်းကတော့ ထိုအကြောင်း ဘာမှမသိဘဲ ဂရုတောင်မစိုက်ပေ။သူက ယုလင်းကို မဟုတ်တာတွေဂရုစိုက်နေပြီး ပြဿနာရှာနေတဲ့အတွက်တောင် အပြစ်တင်လိုက်သေးသည်။


သူမယောကျာ်းလုပ်နေတဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေက ယုလင်းကို စိတ်ပူလာစေသည်။အဲ့တာကြောင့် သူမက အမှန်တရားကို ရှာဖွေဖို့ဆုံးဖြတ်လိုက်သည်။


သို့သော် ဒီကိစ္စရဲ့အမှန်တရားက သူမအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်ကြီးဖြစ်လာခဲ့သည်


ထန်ချောင်းချောင်းသည် ဇာတ်ညွှန်းကို ဖတ်ပြီးသွားသောအခါ နှလုံးသားထဲ၌ ကူကယ်ရာမဲ့သွားသော ခံစားချက်ကို ပြင်းထန်စွာ ခံစားလိုက်ရသည်။


ဤရုပ်ရှင်သည် horror အမျိုးအစားကို လူအများ၏ ဆွဲဆောင်မှုရန်အတွက်သာ အသုံးပြုထားခြင်းမဟုတ်ပေ။ အမျိုးသမီးများ၏ ဘဝအကြောင်းကိုလည်း နက်နဲစွာ ရိုက်ပြထားသေးသည်။ ထို့ကြောင့် ထန်ချောင်းချောင်းသည် ဤရုပ်ရှင်ကိုရိုက်ရန် ဆုံးဖြတ်လိုက်သည်။


ထန်ချောင်းချောင်းသည် ဒါရိုက်တာကို ချက်ချင်းပင်ဖုန်းခေါ်လိုက်၍ စာချုပ်ချုပ်ရန်အချိန်ကို ညှိလိုက်သည်။ ထန်ချောင်းချောင်းက သူ့ရုပ်ရှင်ကိုရိုက်ရန် စိတ်အားထက်သန်နေသည်ကို ကြားသောအခါ ဒါရိုက်တာလည်း အလွန်ပျော်ရွှင်သွားလေသည်။


ထန်ချောင်းချောင်း ဒါရိုက်တာနှင့် ဖုန်းပြောနေသည်ကို ရှန်းယွဲ့ကလည်း နားထောင်နေသည်။


ထန်ချောင်းချောင်းက ဖုန်းကိုချလိုက်သောအခါ ရှန်းယွဲ့က အေးစက်စက်နှင့် သတိပေးလိုက်သည်။


"မင်းရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးကို horror ကား ရိုက်ချင်တာ သေချာရဲ့လား..."


ထန်ချောင်းချောင်းက ပြတ်သားစွာ ခေါင်းငြှိမ့်ပြလိုက်သည်။


"သေချာတယ်..."


"Horror ဇာတ်ကားတွေက ထုတ်ဝေပြီဆိုရင် အရမ်း ဝေဖန်ခံရတာ မင်းသိထားသင့်တယ်နော်...တစ်ခါတစ်လေကျရင် ထုတ်လို့မရတာတွေတောင် ရှိတယ်..."


ရှန်းယွဲ့က ထပ်ပြောလိုက်သည်။


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ကျွန်မ သိပါတယ် ဒါပေမယ့် အဲ့ဒါက နောက်ကိစ္စလေ...အခုလောလောဆယ်တော့ ကျွန်မ ဒီ‌ဇာတ်လမ်းကို အရမ်းကြိုက်နေတယ်...အဲ့ဒါကြောင့် ရိုက်ချင်တယ်..."


"ဒါပေမယ့်..."


ထန်ချောင်းချောင်းက မျက်မှောင်ကြုတ်လိုက်သည်။


"ဒါပေမယ့် ဘာလဲ..."


ရှန်းယွဲ့က မေးလိုက်သည်။ 


ထန်ချောင်းချောင်းတစ်ယောက် ပြောနေရင်းနဲ့ နောင်တရသွားပြီလား။


"ဒါပေမယ့် ကျွန်မ အခုစဉ်းစားနေတာ နေ့လယ်ကျရင် ဘဲကင်စားရင်ကောင်းမလား မစားရင်ကောင်းမလားလို့..."


ထန်ချောင်းချောင်းက နှုတ်ခမ်းထောင့်စွန်းကို ကိုက်လိုက်သည်။


"ဇာတ်ညွှန်းထဲမှာ ဘဲသေတွေအများကြီးပါတော့ ကျွန်မ ဘဲကင် အရမ်းစားချင်သွားတယ်..."


ရှန်းယွဲ့: ...


ထန်ချောင်းချောင်း၏ အရာရာကို အစားအသောက်နှင့်ဆက်စပ်နိုင်စွမ်းသည် ပို၍ပင် ကျယ်ပြန့်နေတော့သည်။


ရှန်းယွဲ့က ထန်ချောင်းချောင်းတစ်ယောက် horror ရုပ်ရှင်ကိုရိုက်ရန် လက်ခံလိုက်သဖြင့် သူမ၏သရုပ်ဆောင်အလုပ်များ ပျက်စီးသွားလေမလား စိတ်ပူပေးနေရသော်လည်း ထန်ချောင်းချောင်းကတော့ ဘဲကင်စားချင်နေလေသည်။


ထန်ချောင်းချောင်းသည် အပြောနှင့်အလုပ်ညီသူဖြစ်သည်။ "ဆောင်းဦးဘဲများသည် အဝဆုံးဖြစ်သည်...လှောင်အိမ်ထဲမှကြက်သည် အဝဆုံးဖြစ်သည်..." ဟူသော ဆိုရိုးစကားအတိုင်း ယခုအချိန်သည် ဆောင်းဦးရာသီဖြစ်၍ ဘဲများကလည်း အဝဆုံးဖြစ်နေသည်။ ဤအချိန်မှ ဘဲကိုမစားလျှင် ဘယ်အချိန်စားမည်နည်း။


မနက်ကပင် အိမ်သို့ ဘဲလတ်လတ်ဆတ်ဆတ်များ လာပို့သွား၍ သန့်စင်ထားပြီးသားဖြစ်သည်။ ထန်ချောင်း‌ချောင်းသည် ဘဲများကို ငရုတ်ကောင်း၊ လေးညှင်းပွင့်၊ စမုန်စပါး၊ သစ်ကြမ်းပိုးခေါက် နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များနဲ့ နယ်ကာ နှစ်နာရီခန့် အရသာနှပ်ထားလိုက်သည်။


ဘဲများကို အရသာနှပ်ပြီးသောအခါ ရေနွေးပူနှင့် ရေချိုးပေးလိုက်သည်။ ရေနွေးနဲ့ရေချိုးပေးခြင်းမှာ ဘဲများကို ပွက်ပွက်ဆူနေသောရေနွေးနှင့် ထပ်ခါထပ်ခါလောင်းပေးခြင်းဖြစ်သည်။ ထိုသို့လုပ်ပေးခြင်းဖြင့် ဘဲအရေခွံများသည် ရေနွေးပူလောင်၍ ကျုံ့ကာ တင်းတင်းရင်းရင်းဖြစ်သွားကြသည်။


ထို့နောက် ပဲငံပြာရည်အနောက်၊ ပျားရည် နှင့် သစ်သီးရှာလကာရည်တို့ဖြင့် ဘဲကိုတောက်ပအောင် အရောင်တင်သည့် အနှစ်လုပ်လိုက်သည်။ ထိုအနှစ်ဖြင့် ဘဲကို နှစ်ခါ သုံးခါမျှ သုတ်၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ချိတ်ထားလိုက်ကာ အရေပြားကို သဘာဝအတိုင်း‌အခြောက်ခံလိုက်သည်။


ထိုအရောင်တင်သည့်အနှစ်ဖြင့် သုတ်ထားသော ဘဲသည် ကင်လိုက်သောအခါ ပို၍ ကြွပ်ရွလာသည်။ ထန်ချောင်းချောင်းသည် သူမကိုယ်တိုင်လုပ်ထားသော ငရုတ်သီးဆားရည်စိမ်မှ အရည်များကိုလည်း ခွက်တစ်ဝက်ခန့်လောက် ဘဲ၏ဗိုက်ထဲသို့ ထည့်လိုက်သေးသည်။ ထိုသို့ ထည့်ခြင်းဖြင့် ဘဲ၏အသားသည် ပို၍ အရသာရှိလာကာ အရေခွံသည်လည်း ပို၍ ပါးသွားမည်ဖြစ်သည်။


ဘဲကို စွပ်ပြုတ်ရည်များဖြင့် ဖြည့်၍ အရေခွံကို အရောင်တင်ဆော့စ်နှင့် နောက်တစ်ခါထပ်သုတ်ကာ မီးဖိုထဲထည့်၍ ကင်ထားလိုက်တော့သည်။


ဘဲကို ကင်ထားစဉ်တွင်လည်း ထန်ချောင်းချောင်းက ငြိမ်မနေပေ။ ကြာရွက်ပေါက်စီများကို လုပ်နေလိုက်သည်။ ချောမွေ့သော ဂျုံကို နယ်ပြီးသောအခါ နာရီဝက်မျှ သိပ်ထားပြီးမှ အတုံးသေးလေးများလုပ်၍ ဂျုံပြားလေးများဖြစ်အောင်လုပ်လိုက်သည်။ ထို့နောက် ဆီအနည်းငယ်ဆွတ်၍ အဆင့်ဆင့်ထပ်ကာ အိုးထဲ၌ ပေါင်းလိုက်သည်။


ပေါင်းပြီးသောအခါ ကြာရွက်ပေါက်စီများသည် ပါးလွှာ၍ ကြည်လင်သော ပေါက်စီလေးများဖြစ်သွားသည်။ အချပ်တိုင်းသည် ကပ်မနေပဲ ပျက်လည်း မပျက်စီးကာ ချောမွေ့နေကြသည်။


မီးဖိုမှ "ဒင်" ဟု မြည်သံနှင့်အတူ ဘဲကင်သည်လည်း အဆင်သင့်ဖြစ်နေလေပြီ။


ထန်ချောင်းချောင်းသည် အပူခံလက်အိတ်များဝတ်၍ ဘဲကင်ကို အပြင်သို့ သယ်လာသည်။ ဘဲကင်သည် နီရဲ၍ ဆီများဖြင့်တောက်ပနေသည်။ ဘဲ၏ဝမ်းဗိုက်ကို အပေါ်သို့ လှန်ထား၍ ဘဲကင်သည် နူးညံ့၍ အရောင်ဝင်းလက်ကာ အရေခွံကလည်း ကြွပ်ရွနေသည်။ အနံ့များကလည်း တားဆီးမရအောင် မွှေးကြိုင်နေလေသည်။


ရှန်းယွဲ့သည် စိတ်ထဲ၌ ထန်ချောင်းချောင်းကို မကောင်းပြောနေမိသော်လည်း အစားကောင်း အသောက်ကောင်းကိုတော့ သိလေသည်။ ထို့ကြောင့် ဘဲကင်က အဆင်သင့်ဖြစ်သောအခါ သူ စားပွဲ၌ အဆင်သင့် ဝင်ထိုင်လိုက်သည်။


ထန်ချောင်းချောင်းက ဘဲကင်ကို လှပစွာ လှီးဖြတ်လိုက်သည်။ သူမ၏ ဓားချက်များသည် မြန်ဆန်၍ လှီးလိုက်သော ဘဲသားတုံးများကလည်း ပါး၍ အထူအပါးညီကြသည်။ ဘဲကို စုစုပေါင်း အတုံး ၁၈၀ တုံးရအောင် လှီးဖြတ်လိုက်သည်။


ရှန်းယွဲ့က တံတွေးမြိုချကာ မေးလိုက်သည်။


"စားလို့ရပြီလား..."


ထန်ချောင်းချောင်းသည် ကြာရွက်ပေါက်စီများ၊ ဘဲကင်နှင့်တို့စားကန်ဆော့စ်၊ ပါးပါးလှီးထားသည့် ကြက်သွန်မြိတ်များနှင့် သခွားသီးများကို ဘဲကင်ဘေးသို့ ချလိုက်၍ "သုံးဆောင်ပါ" ဟူသော ပုံစံလုပ်ပြလိုက်သည်။


"ထန်ချောင်းချောင်းရဲ့ လျှို့ဝှက်ဘဲကင်ကို စားသုံးလို့ရပါပြီ..."


ရှန်းယွဲ့က တူကို ယူ၍ ကြာရွက်ပေါက်စီများကို လှမ်းယူသည့်အခါ ထန်ချောင်းချောင်းက အမြန်ပြောလိုက်သည်။


"ဘဲကင်ကိုစားတာက လက်နဲ့ကိုင်စားရင် ပိုပြီး အရသာရှိတယ်...ဒီတစ်ခေါက် တူမသုံးနဲ့..."


ထန်ချောင်းချောင်းက ပေါက်စီထဲသို့ အသားများထည့်နေသည်ကို ရှန်းယွဲ့လှမ်းကြည့်လိုက်သည်။ ရှန်းယွဲ့သည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းပြီးမှ ထန်ချောင်းချောင်းလုပ်သည့်အတိုင်း ကြာရွက်ပေါက်စီကိုယူကာ အချိုဆော့စ်နှင့်တို့၍ ဘဲသား၊ ကြက်သွန်မြိတ်နှင့် သခွားသီးအနည်းငယ်တို့ကို ယူလိုက်သည်။ ထို့နောက် တူကိုချကာ ပေါက်စီကို လက်ဖြင့်လိပ်လိုက်၍ ပါးစပ်ထဲ ထည့်လိုက်တော့သည်။


ရှန်းယွဲ့သည် တစ်ကိုက်ကိုက်လိုက်ရာ မျက်လုံးများက တောက်ပသွားကြသည်။ ပါးစပ်ထဲရောက်ရောက်ခြင်း အရသာခံမိသည်က ကြာရွက်ပေါက်စီဖြစ်သည်။ ဂျုံသားသည် နူးညံ့၍ ဝါးလို့ကောင်းသည်။ ထို့နောက် ထပ်ကိုက်ထပ်လိုက်သောအခါ လျှာက ဘဲသားနှင့် ထိတွေ့သွားတော့သည်။


ဘဲကင်သည် အပြင်အရေခွံက ကြွပ်ရွ၍ အတွင်းသားက နူးညံ့နေသည်။ ဘဲအရေခွံက အလွန်ကြွပ်ရွကာ အဆီများဖြင့် ပြည့်နေသည်။ ကြွပ်ရွလွန်း၍ သေချာအရသာခံကြည့်ပါက "ဂျွတ်" ဟု မြည်သံပင် ကြားရမတတ်ဖြစ်နေသည်။ အရေခွံအောက်မှ အသားကလည်း အရည်ရွှမ်း၍ နူးညံ့သည်။ ဘဲသားသည် မညှီပဲ ပျားရည်အရသာလေးရနေသည်။ ထိုအချိုအရသာလေးသည် ဘဲသားထဲသို့ စိမ့်ဝင်၍ ဘဲအဆီများနှင့် ရောနှောပျော်ဝင်ကာ နှုတ်ခမ်းနှင့်လျှာကြား၌ စီးဆင်းနေတော့သည်။


ကြက်သွန်မြိတ်နှင့် သခွားသီးများကလည်း တစ်မျိုးလန်းဆန်းသောအရသာကိုရစေသည်။ ထိုအရသာများကို အချိုဆော့စ်နှင့် ဘဲ၏ အရသာပြည့်ဝမှုတို့ပေါင်းစပ်လိုက်သောအခါ အလွန်လိုက်ဖက်သည့် တွဲစပ်မှုဖြစ်သွားသည်။


ရှန်းယွဲ့သည် ဘဲအရေခွံကို အလွန်ကြိာက်ူည်ကို ထန်ချောင်းချောင်းသတိထားမိသွားသည်။ ရှန်းယွဲ့၏ပါးစပ်ထဲ၌ ဘဲသားများဖြင့် ပြည့်နေ၍ ဆီများလည်း ပေကျံနေလေသည်။


ထန်ချောင်းချောင်းနဲ့  ရှန်းယွဲ့က ဘဲကင်တစ်ခုလုံးကိုစားလိုက်သည်။ထန်ချောင်းချောင်းက ကျန်တဲ့ဘဲရိုးတွေကို စွပ်ပြုတ်ချက်လိုက်ပြီး ကျောက်ဖရုံသီးတွေထည့်လိုက်သည်။


ဘဲရိုးမှာလည်း အရသာရှိတဲ့အသားတွေအများကြီးကျန်သေးသည်။အဲ့တာကြောင့် ကျောက်ဖရုံသီးနဲ့ဘဲသားစွပ်ပြုတ်ကို ဘာအရသာမှထပ်ထည့်ဖို့မလိုတော့ပေ။သူမက အရသာအတွက် ဆားလေးနည်းနည်းပဲဖြူးလိုက်ပြီး စွပ်ပြုတ်ကို အဖြူရောင်ပြောင်းသည်အထိတည်ထားလိုက်သည်။


သူတို့နှစ်ယောက်လုံး ဗိုက်ပြည့်နေတာကြောင့် ထန်ချောင်းချောင်းက အသီးအရွက်စိုက်ခင်းသေးသေးလေးဘေးမှာရှိတဲ့ လှုပ်ကုလားထိုင်ပေါ်လှဲလိုက်ကာ ကျန်တဲ့ ဇာတ်ညွှန်းကို ဆက်ဖတ်နေလေသည်။


ရှန်းယွဲ့ကလည်း သူ့အလုပ်ကို ဒီမှာပြောင်းရွေ့ပြီးလုပ်နေတာဖြစ်သည်။သူတို့နှစ်ယောက်က အစိမ်းရောင်းအသီးအရွက်ဥယျာဉ်ထဲမှာ မျက်နှာချင်းဆိုင်ထိုင်နေပြီး လေပြည်ညှင်းလေးကိုခံစားနေကာ တစ်ယောက်မှ ဘာမှမပြောကြပေ။သူတို့က တိတ်တဆိတ်နဲ့လုပ်စရာရှိတာသာ လုပ်နေကြတာဖြစ်သည်။၎င်းက အလွန်သက်တောင့်သက်သာရှိလှသည်။


Xxxxxxx