အပိုင်း ၉၉
Viewers 23k

Chapter 99

သရဲကားများ


ရှန်းယွဲ့ကလည်း သူ့အလုပ်ကို ဒီမှာပြောင်းရွေ့ပြီးလုပ်နေတာဖြစ်သည်။သူတို့နှစ်ယောက်က အစိမ်းရောင်းအသီးအရွက်ဥယျာဉ်ထဲမှာ မျက်နှာချင်းဆိုင်ထိုင်နေပြီး လေပြည်ညှင်းလေးကိုခံစားနေကာ တစ်ယောက်မှ ဘာမှမပြောကြပေ။သူတို့က တိတ်တဆိတ်နဲ့လုပ်စရာရှိတာသာ လုပ်နေကြတာဖြစ်သည်။အဲ့ဒါက အရမ်းသက်တောင့်သက်သာရှိလှသည်။


ဒါပေမဲ့ ပျော်ရွှင်စရာဘဝကြီးက ကြာကြာမခံပေ။ထန်ချောင်းချောင်းက မကြာခင်မှာပဲ ရိုက်ကူးရေးအဖွဲ့ထဲဝင်ဖို့ ပြင်ဆင်ရတော့သည်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရုံလေးနဲ့တင် သည်းထိတ်ရင်ဖိုကားကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသင်ယူနိုင်ပေ။ အဲ့တာကြောင့် ရှန်းယွဲ့က ထန်ချောင်းချောင်းကို အရင်က သမိုင်းဝင်ဂန္တဝင်သည်းထိတ်ရင်ဖိုဇာတ်ကားတွေ ကြည့်ရင်း သင်ဖို့ အကြံပေးတော့သည်။


ထန်ချောင်းချောင်းလည်း အဲ့တာက ပိုပြီးအကျိူးအကြောင်းသင့်တယ်လို့ခံစားရသည်။အဲ့တာကြောင့် သူမက သည်းထိတ်ရင်ဖိုကားတွေနဲပ သရဲကားတွေအများကြီး ဒေါင်းလိုက်တော့သည်။သူမကရုပ်မြင်သံကြားအခန်းထဲမှာ ဇာတ်ကားတွေကို အတူတူကြည့်ဖို့ ရှန်းယွဲ့ကိုတောင် ဆွဲထားသေးသည်။


{ audio-visual room ဆိုတာက  ကျောင်းတွေမှာ အသုံးများပါတယ် အဲ့တာက သင်ကြားရေးမှာပိုပြီးထိရောက်မှုရှိတယ်လို့ ဆိုပါတယ် ဟောခန်းအကျယ်ကြီးထဲမှာ နောက်ကနေ ဖလင်ပြားကို ပရိုဂျက်တာပေါ်မှာ ပြသပေးထားတာပါ  }


မိန်းကလေးနဲ့အတူ သရဲကားကြည့်တယ်ဆိုတာက လီကျိနောက်ထပ် ရှန်းယွဲ့ကိုသင်ပေးလိုက်တဲ့ လှည့်ကွက်တစ်မျိုးဖြစ်သည်။


ဒါပေမဲ့ အရာရာက မျှော်လင့်ထားသလိုမဖြစ်လာပေ။သူမျှော်လင့်နေတဲ့ ထန်ချောင်းချောင်းက ကြောက်ရွံ့ပြီး သူ့လက်မောင်းတွေထဲ လဲကျလာမဲ့ဟာက ရောက်မလာပေ။


ဘာလို့ဆို ထန်ချောင်းချောင်းက လုံးဝမကြောက်ပဲ ကြောက်လန့်နေတာက ရှန်းယွဲ့ဖြစ်နေတာကြောင့်ပင်။


 


ထန်ချောင်းချောင်း ဒီဇာတ်ကားတွေကို ဘယ်ကကူးလာတာလဲ ဘယ်သူသိမှာလဲ။တစ်ခုချင်းဆီက အခြားဟာတွေထက် ပိုပြီးမှောင်မဲကာ ပိုကြောက်ဖို့ကောင်းလှသည်။


ရှန်းယွဲ့ကတော့ ထန်ချောင်းချောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေ အများကြီးအတူတူကြည့်လိုက်ပြီး သူ့နှလုံးသားလေးကတော့ ကြောက်လန့်ကာ တုန်ယင်နေလေသည်။


ပြီးတော့ အသဲနှလုံးမရှိတဲ့ ထန်ချောင်းချောင်းကတော့ လုံးဝကိုအဆင်ပြေနေလေသည်။သူမက ဇာတ်ကားတွေထဲက တူတဲ့နေရာတွေကိုရှာဖို့အချိန်တောင်ရလိုက်ပြီး ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီးတွေရဲ့သရုပ်ဆောင်ပုံအကျဉ်းချုံ့ကိုတောင် ရလိုက်သေးသည်။


သူမက ဖြစ်ကတက်ဆန်းတောင် ပြောလိုက်သေးသည်။


" ဒီ ဆင်ခြေဖုံးမြို့လေးမှာ အားလပ်ရပ်ခရီးထွက်တဲ့ ဇာတ်ညွှန်းကကောင်းပေမဲ့ ကျွန်မတို့ နောက်ထပ် ဇာတ်ကြောင်းတွေလည်း ခန့်မှန်းလို့ရသေးတယ် "


ရှန်းယွဲ့ကတော့ တစ်ခွန်းမှမပြောပေ။


ထန်ချောင်းချောင်းကတော့ ရှန်းယွဲ့ ဘာလို့စကားပြောတာ ရပ်သွားတာလဲ အံ့ဩနေလေသည်။သူမက ငုံ့လိုက်ပြီး သူ့ကိုကြည့်ကာ သူ့ပါးစပ်ထောင့်တွေကို တင်းတင်းစေ့ထားတာမြင်တော့ စမ်းသပ်တဲ့သဘောအနေနဲ့ မေးလိုက်သည်။


" ရှင်ကြောက်နေတာတော့ မဟုတ်ဘူးမလား "


" ဘယ်လိုဖြစ်နိုင်မှာလဲ "


ရှန်းယွဲ့က လက်သီးဆုပ်ကာ သူ့အမူအရာမပြောင်းသွားအောင် ထိန်းထားလိုက်သည်။


" ဒီဇာတ်ကားတွေက ပျင်းစရာကောင်းတယ်လို့ ထင်နေရုံပါ "


" တကယ်လား "


ထန်ချောင်းချောင်း သံသယဖြစ်စွာမေးလိုက်သည်။


ရှန်းယွဲ့က ပြောလိုက်သည်။


 " မင်း ဒီဇာတ်ကားတွေကို တကယ် စိစစ်ပြီးမရွေးခဲ့ဘူးမလား "


" မဟုတ်တာ ဒီဇာတ်ကားတွေအကုန်လုံးက အသိအမှတ်ပြုတဲ့စာရင်းထဲကပဲလေ ပြီးတော့ သူတို့ရဲ့ရီဗျူးတွေကအရမ်းကောင်းတာ "


ထန်ချောင်းချောင်းက ပြန်တုန့်ပြန်လိုက်သည်။


" ပြဿနာတစ်ခုခုရှိနေတာဆိုရင် အဲ့ဒါက ရှင့်ရဲ့လက်ခံနိုင်စွမ်းရည်ပဲဖြစ်လိမ့်မယ် "


" စိတ်မပူပါနဲ့ ဒီတစ်ခုကို ရှင်မကြိုက်ရင် နောက်ထပ် ခုနှစ်( 7 )တွေ ရှစ်( 8 ) တွေ ရှိပါသေးတယ် အဲ့မှာ ရှင်ကြိုက်တာတော့ ရှာတွေ့မှာပါ "


ရှန်းယွဲ့ "....."


' ခုနှစ်တွေ ရှစ်တွေက ရှိသေးတာလား '


' ဘုရားရေ! '


ထန်ချောင်းချောင်းက ဇာတ်ကားကြည့်နေတုန်းကတော့ တကယ်ကို ကြောက်ရွံ့မနေပေ။ဒါပေမဲ့ ညရောက်လို့ သူမအိပ်ခါနီး အခန်းထဲက မီးတွေလည်းမှိတ်လိုက်ရော သူမအကြောက်တရားကထိုးထွက်လာတော့သည်။


တိတ်ဆိတ်ပြီး မှောင်မဲနေတဲ့ အခန်းထဲမှာ သူမနေ့လည်ကကြည့်ခဲ့တဲ့ သရဲကားထဲက ဇာတ်ဝင်ခန်းကြီးက ထန်ချောင်းချောင်းစိတ်ထဲ မြင်ယောင်လာတော့သည်။


၎င်းက ဆဒကိုလို ရိုးရိုးရှင်းရှင်းသရဲကားဆို သူမကြောက်နေမှာမဟုတ်ပေ။ဒါပေမဲ့ ဒီဂန္တဝင်သရဲကားတွေရဲ့ဒါရိုက်တာတွေက ကြောက်မက်ဖွယ်လေထုကိုဖန်တီးနိုင်စွမ်းမှာ ဆရာတစ်ဆူတွေဖြစ်သည်။


အဆင့်မြင့်သည်းထိတ်ရင်ဖိုကားတွေမှာ ခိုင်မာပြီး ကြောက်စရာကောင်းတဲ့ ဇာတ်ညွှန်းတွေရှိပြီး မြင်ကွင်းပေါ်မှာတင် အသံလေးနဲ့ လူတွေကိုကြောက်လန့်စေတာမျိုးမဟုတ်ပေ။မင်း အဲ့ဇာတ်ကြောင်းကို စဉ်းစားနေရင်ကို အလိုလိုကြောက်ဖို့ကောင်းနေတာမျိုးဖြစ်သည်။


ထန်ချောင်းချောင်းလည်း အခုအဲ့လိုဖြစ်နေတာဖြစ်သည်။ဒီအခန်းထဲမှာ သူမတစ်ယောက်ထဲမဟုတ်ဘူးလို့ ခံစားလာရသည်။


ထောင့်တိုင်းမှာ တစ်ခုခု ပုန်းနေသလိုဖြစ်နေသည်။မျက်နှာကျက်ပေါ်မှာ အိပ်ရာအောက်မှာ ဗီရိုထဲမှာ ရေချိုးခန်းထဲမှာ သူမဘေးက အရုပ်တွေကထောင်မှ ကြည့်ရတာ ကြောက်စရာကောင်းလာသည်။


ထန်ချောင်းချောင်းက ကျယ်လောင်စွာနဲ့ အရုပ်ကိုအောက်ဆွဲချလိုက်ပြီး သူ့မျက်လုံးကို စိုက်မကြည့်ရဲပေ။


ထန်ချောင်းချောင်းက သူမခေါင်းကို သူမပြန်ရိုက်လိုက်ပြီး စိတ်ငြိမ်သွားအောင်ကြိုစားလိုက်သည်။


သို့သော်သူမ ထိုအကြောင်းစဉ်းစားလေ အိပ်မရလေပဲဖြစ်နေသည်။ထန်ချောင်းချောင်း ခေါင်းမြီးခြုံလိုက်ပြီး မျက်လုံးတွေပဲ စောင်အပြင်ဘက်ကိုဖော်ထားလိုက်သည်။


ထိုအချိန်မှာ၌ ထောင့်မှာရှိတဲ့ ခန်းစီးက လှုပ်သွားလေသည်။ထန်ချောင်းချောင်း အော်လိုက်ပြီး သူမနှလုံးတောင်ပြုတ်ကျသွားသလိုပင်ခံစားလိုက်ရသည်။သူမက စောင်ကိုယူလိုက်ပြီး အပြင်ကိုပြေးထွက်သွားတော့သည်။


" ဘန်း ဘန်း ဘန်း "


ရှန်းယွဲ့ ဖုန်းကိုပိတ်ပြီး အိပ်ဖို့ပြင်နေတုန်း အလျင်လိုတဲ့တံခါးခေါက်သံ ထွက်လာ‌သည်။


" ရှန်းယွဲ့ အိပ်ပြီလား "


 ထန်ချောင်းချောင်းရဲ့အသံဖြစ်သည်။


" ဝင်လာပါ "


ရှန်းယွဲ့က ထထိုင်လိုက်ပြီး ‌အိပ်ရာဘေးက မီးအိမ်ကိုဖွင့်လိုက်သည်။


သူ့အသံထွက်လာတာနဲ့ ထန်ချောင်းချောင်းက တံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲပြေးဝင်သွားတော့သည်။


သူမလက်ထဲမှာလည်း ရှုပ်ပွနေတဲ့စောင်ကိုကိုင်ထားသေးသည်။ဖိနပ်တွေကလည်း ဘက်မှားနေပြီး အသက်ရူသံတွေလည်း မြန်နေသေးသည်။


ရှန်းယွဲ့က သူမကိုကြည့်ကာ မေးလိုက်သည်။


" ဘာလာလုပ်တာလဲ "


သူမက ရှက်ရွံ့စွာနဲ့ နားထင်ကိုကုပ်လိုက်သည်။သူမ ဘာလုပ်သင့်လဲ။


သူမက သရဲကားလေးကြောင့် ကြောက်လန့်နေပါတယ်ဆိုတာကို ရှန်းယွဲ့ဆီ ဝန်ခံရမှာလား။


အဲ့ဒါက အရမ်းရှက်စရာကောင်းမှာ။


သူမက ခဏလောက်တွေးလိုက်ပြီး ပြောလိုက်သည်။


" ကျွန်မက အပေါ်ကနေမီးလင်းနေသေးတာတွေ့လို့ အဲ့တာကြောင့် ရှင်မအိပ်နိုင်သေးတာလားလို့တွေးမိသွားတာ ကျွန်မတို့ ဇာတ်ကားတစ်ကားလောက်အတူတူကြည့်ရင် မကောင်းဘူးလား "


ရှန်းယွဲ့ မျက်ခုံးပင့်သွားရသည်။


" ကြည့်အုန်းမလို့လား အခုက တစ်နာရီကျော်နေပြီလေ "


" မဟုတ်ဘူး ဒီတစ်ခေါက် ခံစားချက်အပြောင်းအလဲလေးဖြစ်အောင် ဟာသကားလေးကြည့်ရအောင် ရှင်မအိပ်နိုင်မှာ ဆိုးလို့ပါ "


ထန်ချောင်းချောင်း အမြန်ရှင်းပြလိုက်သည်။


ရှန်းယွဲ့က သူမကို သံသယဖြစ်စွာကြည့်လိုက်သည်။သူက တစ်ခုခုကိုတွေးမိပြီး ပြောလိုက်သည်။


" မင်း သရဲကားကြောင့် ကြောက်နေတာလား မင်း အဲ့ဒါကိုပဲ တွေးတွေးနေမိပြီး တစ်ယောက်ထဲ မအိပ်ရဲတာမလား "


ထန်ချောင်းချောင်း ရပ်သွားပြီး တောင့်တင်းစွာပြုံးလိုက်သည်။


" မဖြစ်နိုင်တာ ကျွန်မ အဲ့တာကိုကြည့်တုန်းကတောင် မကြောက်တာ အခု ဘယ်လိုလုပ် ကြောက်ပါ့မလဲ ကျွန်မက ရှင်အိပ်မပျော်မှာ ဆိုးလို့ပါ  "


ဒီရှင်းပြတာက လုံးဝကို ဆင်ခြေပေးတာ‌ဖြစ်သည်။ထန်ချောင်းချောင်းရဲ့ အမူရာတွေက သူ့ကို အကုန်ပြောပြီးသွားပြီဖြစ်သည်။


ရှန်းယွဲ့ ပါးစပ်ထောင့်တွေ အနည်းငယ်ကွေးတက်သွားရသည်။ကြည့်ရတာ လီကျိရဲ့နည်းလမ်းက တကယ်အသုံးဝင်သားပဲ။


" ကောင်းပြီ မင်းဘာကြည့်ချင်လဲ "


သူက မပြောခင် စက္ကန့်အနည်းငယ်လောက် စဉ်းစားသယောင်ဟန်လုပ်လိုက်သေးသည်။


ထန်ချောင်းချောင်း ချက်ချင်းပဲ ပြုံးသွားရသည်။ရှန်းယွဲ့သာ ငြင်းလိုက်မယ်ဆိုရင် သူမ ဒီနေရာမှဆက်နေဖို့ အကြောင်းပြချက်မပေးနိုင်တော့ပေ။


ထန်ချောင်းချောင်းက ရင်းနှီးစွာပဲ အိပ်ရာပေါ်ခုန်တက်လိုက်သည်။သူမက တက်ဘလက်( tablet ) ကိုကောက်ယူလိုက်ပြီး ဟာသကားတွေကိုရှာဖွေလိုက်‌သည်။


ရှန်းယွဲ့က သူမကို မနှောင့်ယှက်ပေ။ထန်ချောင်းချောင်းရဲ့ ဆံပင်က ရှုပ်ပွနေသည်။အိပ်ရာဘေးက မီးအလင်းရောင်က သူမပေါ်ကျရောက်နေတော့ သူမတစ်ခန္ဓာကိုယ်လုံးက သန့်စင်တဲ့အလင်းစက်ဝိုင်းနဲ့ဖုံးလွှမ်းခံလိုက်ရသလိုပင်။


[ သန့်စင်တဲ့အလင်းစက်ဝိုင်းဆိုတာက အိန်ဂျယ်တွေ သူတော်စင်တွေရဲ့ ‌ဦးခေါင်းပေါ်မှာ ပါတတ်တဲ့ အလင်းရောင်အဝိုင်းလေးပါ }


" ဒီတစ်ခုဆိုရင်ရော ဘယ်လိုလဲ "


ထန်ချောင်းချောင်းက စခရင်ကို ရှန်းယွဲ့ဆီပြလိုက်သည်။


ရှန်းယွဲ့က ဖြစ်သလိုပဲကြည့်ပြီး ခေါင်းညိတ်လိုက်သည်။


ထန်ချောင်းချောင်းက တက်ဘလက်ကို နှစ်ယောက်ကြားထားလိုက်ပြီး လှဲအိပ်ဖို့ကောင်းမဲ့ပုံစံကိုရှာနေလိုက်သည်။


ရှန်းယွဲ့ဘေးမှာရှိနေတော့ သူမရဲ့မညီမညာခုန်နေတဲ့ နှလုံးကလည်း တဖြည်းဖြည်းတည်ငြိမ်လာတော့သည်။


ထန်ချောင်းချောင်းက ကြောင်ပေါက်လေးတစ်ကောင်လို လူးလှိမ့်နေပြီး လက်ဆတ်တဲ့မက်မွန်သီးအနံ့လေးကလည်း လေထဲပျံ့လွင့်နေလေသည်။


ရှန်းယွဲ့က လုံးဝဇာတ်ကားကို အာရုံစိုက်မနေပေ။ထန်ချောင်းချောင်းရဲ့လှုပ်ရှားမှုတစ်ခုချင်းစီကိုသာ နှလုံးသားထဲမှတ်တမ်းတင်နေလေသည်။


အချိန်တွေကုန်သွားပေမဲ့ ဇာတ်ကားကအခုထိမပြီးသေးသော်လည်း တက်ဘလက်က ပြုတ်ကျသွားကာ ထန်ချောင်းချောင်းကလည်း မတုန့်ပြန်တော့ပေ။


ရှန်းယွဲ့က ခေါင်းကို ငုံ့လိုက်ပြီး ထန်ချောင်းချောင်းအိပ်ပျော်သွားပြီလားဆိုတာကို ကြည့်လိုက်သည်။


သူက ရီမောလိုက်ပြီး သူမလက်ထဲက တက်ဘလက်ကို ဂရုတစိုက်ယူလိုက်ကာ သူမကိုစောင်ခြုံပေးလိုက်သည်။မီးမပိတ်ခင် သူက သူမကို နက်နက်နဲနဲစိုက်ကြည့်လိုက်ပြီး မီးပိတ်ကာ လှဲလိုက်တော့သည်။


' ကောင်းသောညပါ '


ထန်ချောင်းချောင်း သည်းထိတ်ရင်ဖိုကား‌တွေ နှိပ်စက်တာခံနေရတဲ့ညမှာပဲ Weibo ကြီးကအခုထိမငြိမ်သက်ကြသေးပေ။


ဖျော်ဖြေရေးတွေကြေညာနေကျအကောင့်တစ်ခုဖြစ်တဲ့ " Eight Entertainment Master " က Weibo မှာ ပို့စ်တစ်ခုတင်လိုက်သည်။


{ " အခုတစ်လော ပြောစရာမလိုအောင် သေချာတဲ့မင်းသမီးတစ်ယောက်က Weiboရဲ့ထိပ်စီးမှာ နေ့တိုင်းနေရာယူထားတယ်နော် သူမက အရမ်းပေါ်ပြူလာဖြစ်နေပေမဲ့ သူမရဲ့နောက်ဆုံးရလဒ်က ပြည်တွင်းသရဲကားတစ်ကားတဲ့လေ ဘယ်လိုပွင့်လန်းနေဆဲပန်းလေးကများ သူတို့ဖူးပွင့်ဆဲအချိန်မှာ ပြည်တွင်းသရဲကားရိုက်ရတာပါလိမ့် ဖန်တွေကတော့ အေဂျင်စီကိုဆွဲဖြဲတော့မှာပဲ အဲ့လိုဇာတ်ကားမျိုးက တကယ်ကိုပေါကားမျိုးကြီးလေ မင်းမှာ အရင်းအမြစ်တွေ နောက်ခံအင်အားတွေမရှိရင် တီဗွီရှိုး‌တွေမှာသာ ဆက်ရိုက်နေလိုက်ပါ အဲ့တာက လူရွှင်တော်ဖြစ်ရတာထက်စာရင် မဆိုးဘူးလေ " }


[ ဖျော်ဖြေရေးတွေကြေညာနေကျအကောင့်ဆိုတာက အနုပညာလောကက သတင်းတွေကို အကောင့်တုတွေဖွင့် လူတွေကိုပိုက်ဆံပေးပြီးဖွင့်ခိုင်းထားတဲ့အကောင့်ပါ ပိုပြီး လူစိတ်ဝင်စားအောင် လူများများဖြစ်အောင်လို့ ]


‌ဘလော့ဂါရဲ့ ကြောက်စရာမှတ်ချက်တွေက ထူးဆန်းလှပြီး လတ်တလော အင်တာနက်အသုံးပြုသူတွေကြားထဲမှာ ဆွေးနွေးမှုတွေအများအပြားဖြစ်စေတဲ့ ထန်ချောင်းချောင်းကို ညွှန်ပြနေသလိုပင်။


သကြားယုန်လေးတွေက ကောမန့်ထဲကို အရင်ရေးလာကြသည်။


[ သကြားယုန်လေးတွေဆိုတာက ထန်ချောင်းချောင်းရဲ့ဖန်ဂရုနာမည်ပါ ]


{ ငါ ချောင်းပေါင်ကို ဖောလိုးထားတာ အဲ့မှာ ဘာတရားဝင်ထုတ်ပြန်ချက်မှရှိမနေဘူး အဲ့တာကြောင့်ညအဲ့တာက အခုထိတရားဝင်မထုတ်ပြန်ရသေးဘူး }


{ ငါ အရင်းအမြှစ်ဆိုတာတွေ နားမလည်ဘူး သကြားယုန်လေးတွေအကုန်လည်း နားမလည်ဘူး ချောင်းပေါင် ဘာကိုပဲရိုက်ပါစေ ငါတို့က ကြည့်မှာပဲ Fuck you }


{ နောက်ဆုံး စခွင်ရှော့ကြီးက အတုကြီး ဒါနဲ့ အခုလို ကောလဟာလတွေလွှင့်လိုက်ရတော့ နာမည်ကြီးသွားပြီလား ပြည်တွင်းသရဲကားတွေကရော ဘာဖြစ်နေလို့လဲ ပြည်တွင်းသရဲကားတွေကပုံမှန်အားဖြင့် ပျင်စရာကောင်းတယ် ဒါပေမဲ့ မင်း သူတို့ကို တုတ်တစ်ချောင်းနဲ့ ရှောင်စရာလိုလို့လား ပြီးတော့ မင်း ဇာတ်ညွှန်းတောင်မဖတ်ရသေးဘူးလေ မင်း အဲ့တာကို မလှောင်ခင် အရင်ငှားဖတ်နိုင်ပါတယ် }


အဲ့ Weibo ပို့စ်က ဖန်တွေရဲ့အကြိမ်များစွာတိုက်ခိုက်တာကို ခံနေရပြီး ဖြတ်သွားဖြတ်လာ ပွဲကြည့်သူတွေတောင်မှ ထန်ချောင်းချောင်းဘက်က ကာပြောပေးသွားကြသည်။


ဘလော့ဂါက ဒေါသထွက်သွားပြီး နောက်တစ်ခုထပ်တင်လိုက်သည်။


{ ငါ ဒါကို ဒီမှာပဲ ထားလိုက်မယ် တကယ်လို့ ထန်ချောင်းချောင်းရဲ့ဇာတ်ကားသာ မဆိူဝါးဘူးဆိုရင် ငါ့ကီးဘုတ်ကို Live လွှင့်ပြီးစားပြမယ် }


သူအရမ်းသေချာနေရတာက ဘာလို့ဆို ထန်ချောင်းချောင်း ဇာတ်ကားရဲ့ဒါရိုက်တာအကြောင်း အတွင်းသတင်းရထားတာကြောင့်ဖြစ်သည်။သူနာမည်က ချန်ဟိုဖြစ်ပြီး ချန်ဟိုရဲ့နောက်ကြောင်းကိုကြည့်မယ်ဆိုရင် သူက ကြေးပြားသရဲခေါ်ဂိမ်းတို့ Ouija board တို့လို သရဲကားတွေအများအပြားရိုက်ကူးခဲ့သည်။အဲ့လိုလူက ဘယ်လိုများ တစ်ညထဲနဲ့ ကောင်းကောင်းမွန်မွန်သရဲကားတွေရိုက်နိုင်မှာတဲ့လဲ။


ထို့ကြောင့် ဒီတစ်ခါတော့ သူ အနိုင်ရမှာသာဖြစ်သည်။


အင်တာနက်အသုံးပြုသူတွေက ထိုသတင်းကို တစ်ဝက်ပဲယုံကြပေမဲ့ ဘလော့ဂါက ဒီလောင်းကြေးကိုလုပ်လိုက်တော့ သူရဲ့ယုံကြည်မှုတွေက ချက်ချင်းမြင့်တက်လာသလိုပင်။အစဉ်အလာမပြတ် ဖရဲစေ့ကိုက်ရင်း ပွဲကြည့်သူတွေကလည်း တဖြည်းဖြည်းများလာပြီး ဒီခေါင်းစဥ်က အသက်ဝင်လာတော့သည်။


Xxxxxx