အပိုင်း ၁၀၀
Viewers 23k

Chapter 100


ထန်ချောင်းချောင်း ဒီ " Cocoon " ကားကို ရိုက်ဖို့သဘောတူလိုက်ကတည်းက ဒါရိုက်တာ ချန်ဟိုက အပြင်လောကရဲ့တုန့်ပြန်မှုတွေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်သည်။


မျှော်လင့်ထားသလိုပဲ မကောင်းပြောသူတွေပေါ်လာတော့သည်။


ချန်ဟိုက အနည်းငယ် စိတ်ပျက်သွားပြီး ထန်ချောင်းချောင်းဖန်တွေရဲ့ တုန့်ပြန်ချက်တွေကို လိုက်ရှာတော့သည်။


ဖန်အများစုကတော့ တရားဝင်မထုတ်ပြန်ဘဲ လက်မခံဘူးပြောနေကြပေမဲ့ အချို့ဖန်တွေကတော့ လူတွေကိုဘယ်လိုဆက်ဆံရမယ်မသိတဲ့ ထန်ချောင်းချောင်းရဲ့အေဂျင်ဆီကို သွားအော်တော့သည်။သူတို့က သူမရဲ့ဖန်အင်အားကိုထကြွစေမဲ့ အခုလို ထူးဆန်းတဲ့အလုပ်ကြီးကို ထန်ချောင်းချောင်းဆီ ပေးရဲတယ်။အဲ့တာက ချိူးပေါင်အတွက် နောင်မှာ အဓိကနေရာကိုရောက်ဖို့ ခက်ခဲစေလေမည်။


အခုချိန်မှာ ဖန်တွေနဲ့ အနုပညာ‌လောကဆယ်လီတွေကြားက ဆက်ဆံရေးက ပိုလို့ နီးကပ်လာကြသည်။တက်သစ်စဆယ်လီလေးတွေမှာတောင် သူတို့ကိုယ်ပိုင်ဖန်ရှိကြပြီး သူတို့ကိုမှီခိုကြသည်။သူတို့က သူတို့အလုပ်ကိုမစခင် အတွက် ဖန်တွေရဲ့သဘောထားတွေကို မေးလေ့ရှိသည်။ဘာလို့ဆို ဖန်တွေ့ရဲသဘောမတူမှုကြောင့် ကာရိုက်တာတစ်ခုကို သရုပ်ဆောင်တစ်ယောက်ငြင်းတာက တစ်ခါ နှစ်ခါမက ဖြစ်ဖူးတာကြောင့်ပင်။


ထန်ချောင်းချောင်းက နှုတ်အရသာ သဘောတူထားပြီး အခုထိစာချုပ်မချုပ်ဆိုရသေးပေ။ထို့ကြောင့် ချန်ဟိုက သူမနောက်ဆုတ်သွားမှာကို စိုးရိမ်နေမိတော့သည်။


သူဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတုန်း ထန်ချောင်းချောင်းက တွေ့ဖို့ ဖုန်းခေါ်လာ‌သည်။


ချန်ဟိုက သူတို့တွေ့ဖို့ချိန်းထားတဲ့ကော်ဖီဆိုင်ကို‌အပြေးသွားပြီး သူရောက်တော့ ထန်ချောင်းချောင်းကရောက်နှင့်ပြီးသားဖြစ်နေသေည်။


" တစ်ခုခုလုပ်စေချင်တာများရှိလို့လား "


ချန်ဟိုက ယုံကြည်ချက်တွေပျောက်ဆုံးရင်း မေးလိုက်သည်။


ထန်ချောင်းချောင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။


" ကျွန်မက ဇာတ်ညွှန်းအသေးစိတ်လေးပြောချင်လို့ပါ ကျွန်မအထင် အချို့နေရာတွေကို ဒီထက်ပိုပြီး နက်နဲအောင်လုပ်လို့ရလောက်တယ် "


ချန်ဟို ကြည့်ရတာအံ့ဩနေပြီး


" မင်း ဒီကိုခေါ်တာ ဖျက်သိမ်းမလို့မဟုတ်ဘူးလား "


" ကျွန်မက ဘာလို့ဖျက်သိမ်းရမှာလဲ "


ထန်ချောင်းချောင်း ထိုမေးခွန်းက တော်တော်လေးထူဆန်းတယ်လို့ တွေးလိုက်သည်။


ချန်ဟိုက ခါးသီးစွာပြုံးလိုက်ပြီး


" ဘာလို့ဆို Weibo ပေါ်မှာ လူတွေအများကြီးကလက်မခံကြလို့လေ မင်းရဲ့ဖန်အများစုလည်း လက်မခံနိုင်ဖြစ်နေတာတွေ့ခဲ့တယ် "


ထန်ချောင်းချောင်းက လက်ကို ယမ်းကာပြောလိုက်သည်။


" သူတို့က ဇာတ်ညွှန်းမဖတ်ရသေးလို့ ငြင်းနေကြတာ အဲ့ဒါက ပုံမှန်ပါပဲ ပြီးတော့ ကျွန်မက အခြားလူတွေရဲ့အတွေးတွေကြောင့် စိတ်ကိုပြောင်းလဲတတ်တဲ့ လူမျိုးမဟုတ်ဘူးလေ "


ချန်ဟို : " မင်း ဘာလို့ ငါ့ကိုယုံရတာလဲ "


" အဲ့ဒါက အလိုလိုသိတာလို့ ကျွန်မကပြောရင် ရှင်ယုံမှာလား "


ထန်ချောင်းချောင်းပြောလိုက်သည်။


ချန်ဟို ကြောင်အသွားသည်။ယုံရမလား မယုံရဘူးလား သူမသိပေ။ပြီးတော့ ထန်ချောင်းချောင်းမျက်လုံးတွေကလည်း အရမ်းစူးရှနေသည်။


" အဲ့လိုအရာတွေအကြောင်း မပြောနဲ့တော့ ကျွန်မမှာ ဇာတ်ညွှန်းအတွက် အကြံနည်းနည်းရှိတယ် အဲ့တာကို ရှင်နဲ့ဆွေးနွေးချင်လို့ "


ထန်ချောင်းချောင်းက သူမလုပ်ထားတဲ့မှတ်စုတွေကို ထုတ်လိုက်ပြီး သူနဲ့ တစ်ခုပြီး တစ်ခုဆွေးနွေးတော့သည်။အဲ့မှတ်စုတွေက လွန်ခဲ့တဲ့နှစ်ရက်က သည်းထိတ်ရင်ဖိုကားတွေကနေ သူမသင်ယူခဲ့တာတွေဖြစ်သည်။


သူမပြောတာနားထောင်ပြီး ချန်ဟိုက လုံးဝကို အံ့ဩသွားသည်။ထန်ချောင်းချောင်းရဲ့ အကြံပြုချက်က အရမ်း မိုက်တာပဲ။၎င်းကို ရုပ်ရှင်ထဲထည့်လိုက်မယ်ဆိုရင် သေချာပေါက်ကို အရောင်တွေအများကြီးဖြစ်လာမှာပဲ။


နှစ်ယောက်စလုံးက ဇာတ်ညွှန်းကို ပြန်လည်ပြင်ဆင်တဲ့နေရာမှာ သူတို့ကိုယ်သူတို့ မြုပ်နှံလိုက်ကြသည်။ချန်ဟိုကလည်း အခု သူ့အကြွေးတွေအကုန် ဆပ်ပြီးပြီဖြစ်သည်။ထန်ချောင်းချောင်းကလည်း တကယ်ကို ဒီရုပ်ရှင်မှာ သရုပ်ဆောင်ချင်တာဖြစ်သည်။


ထန်ချောင်းချောင်း အရမ်း စိတ်နှစ်ထားတာမြင်တော့ ချန်ဟိုက သူမကို ဘာမှမဖုံးကွယ်ထားချင်တော့ပေ။


" အခု မေးစရာတစ်ခုပဲ ကျန်တော့တယ် ရင်းနှီးမြုပ်နှံ့မှုက ဘယ်လိုလုပ်မလဲ "


" ရှင်အခုထက်ထိ မြုပ်နှံ့မဲ့သူရှာမတွေ့သေးဘူးလား "


ထန်ချောင်းချောင်းမေးလိုက်သည်။


" မဟုတ်ဘူး ငါ့ဇာတ်ကားတွေထဲ မြုပ်နှံ့နေကျ သူဌေးတစ်ယောက်ရှိတယ် ဒါပေမဲ့ ဒီတစ်ခါ ဇာတ်ညွှန်းကိုလည်း ဖတ်ပြီးရော အဲ့ဒါက အရင်ကနဲ့ မတူဘူးဆိုတာ သိသွားတယ် ဒီဇာတ်ကြောင်းက မိန်းကလေးကျောင်းသူတွေ အော်ပြီး ပြေးနေတာမဟုတ်တော့ သူကချက်ချင်းပဒညမြုပ်နှံ့တာကို ရပ်လိုက်တယ် "


ချန်ဟိုက ပြောလိုက်သည်။


" ဒါပေမဲ့ မစိုးရိမ်ပါနဲ့ အခြားကုမ္ပဏီတစ်ခုက ငါ့ကို ဆက်သွယ်ထားတယ်... တော်တော်လေးကြီးတဲ့ ကုမ္ပဏီပဲ ငါသေချာပေါက် အဲ့ဒါကို ရအောင်လုပ်မှာ "


 


အင်တာနက်အသုံးပြုသူအများက ထန်ချောင်းချောင်းရဲ့ ဇာတ်ကားအသစ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက်တွေရေးကြပေမဲ့ ထန်ချောင်းချောင်း‌ကတော့ စီစဉ်ထားတဲ့အတိုင်း ရိုက်ကူးရေးအဖွဲ့ကိုပြောင်းလာခဲ့သည်။


ရိုက်ကွင်းက ဆင်ခြေဖုံးရပ်ကွက်ရဲ့အလယ်မှာ ဆင်ထားတာဖြစ်သည်။အဲ့မှာ ကာရိုက်တာများများပြားပြားမလိုအပ်ပေ။ဇာတ်လမ်းရဲ့ ဇာတ်ကွက်အများစုက ထန်ချောင်းချောင်း သရုပ်ဆောင်ရတဲ့ ယုလီရဲ့ဇာတ်ကွက်တွေဖြစ်သည်။သူမယောကျာ်း‌အနေနဲ့ ဘွဲ့ရပြီးတာ နှစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကျော်ပဲရှိသေးတဲ့ သရုပ်ဆောင်ငယ်ငယ်လေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ ငါးနှစ်အရွယ် လမ်းလျှောက်တတ်ခါစကလေးလေးတွေက သူမရဲ့ နဂါးနဲ့ဖီးနစ်အမြွှာအဖြစ်သရုပ်ဆောင်လေသည်။


 ရိုးရှင်းတဲ့ဖွင့်ပွဲအပြီးမှာတော့ ချန်ဟိုက ခေါင်းကုပ်ကာ ထန်ချောင်းချောင်းကို ရှက်ရှက်နဲ့ပြောလိုက်သည်။


" ချောင်းချောင်း ခဏနေပါဦး ညနေကျရင် ငါတို့ ပရိုဂျူဆာ ( ထုတ်လုပ်သူ ) နဲ့ညစာစားဖို့ရှိတယ် "


[ ထုတ်လုပ်သူလို့ရေးရင် ထောက်နေမှာဆိုးလို့ ပရိုဂျူဆာလို့ရေးလိုက်ပါတယ် ]


ထန်ချောင်းချောင်းက ထိုစကားကြောင် မျက်မှောင်ကြုတ်သွားရသည်။


သူမ စိုးရိမ်နေတာကို သိတာကြောင့် ချန်ဟိုက မြန်မြန်ပဲနှစ်သိမ့်ပေးလိုက်သည်။


" မစိုးရိမ်ပါနဲ့ အဲ့မှာ မဟုတ်ကဟုတ်က စည်းမျဉ်းတွေမရှိပါဘူး ဒီတိုင်း ပရိုဂျူဆာက ဇာတ်လိုက်သရုပ်ဆောင်တွေကို သိချင်‌နေတာကြောင့်ပါ "


ချန်ဟိုမှာလည်း ရွေးစရာမရှိပေ။ဘာပဲဖြစ်ဖြစ် သူဌေးကြီးက ဒီဇာတ်ကားရဲ့ အရင်းအနှီးကို ထုတ်ပေးတဲ့သူပဲလေ။သူက အရမ်းရက်ရောပြီး ဘာမှလည်း မတောင်းဆိုပေ။ဒီတိုင်း သူက ဇာတ်လိုက်မင်းသမီးနဲ့သာတွေ့ချင်တယ်လို့ ပြောလာသည်။


ပြောရမယ်ဆိုရင် သရုပ်ဆောင်တွေနဲ့ ပရိုဂျူဆာတွေ ထမင်းအတူတူစားတယ်ဆိုတာ ပုံမှန်ပါပဲ။ဒါပေမဲ့ သူကြောက်တာက သူဌေးမှာ မကောင်းတဲ့စိတ်တွေရှိနေမှာကိုပဲ။အဆုံးမှာတော့ ဒီလိုအရာမျိုးက အနုပညာလောကမှာ ပုံမှန်လိုဖြစ်နေတာပဲလေ။ဒါပေမဲ့ ချန်ဟိုမှာလည်း သူ့အကြံနဲ့သူရှိသည်။ထန်ချောင်းချောင်းကို အနိုင်ကျင့်မှာကို သူဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ရင်းနှီးမြုပ်နှံမဲ့သူဆိုတောင် မရစေရဘူး။


ထန်ချောင်းချောင်း ခဏလောက်တွေးပြီးခေါင်းညိတ်လိုက်ကာ သဘောတူလိုက်သည်။ဒီဇာတ်ကားရဲ့အရင်းအနှီးကိုရှာရတာက ချန်ဟိုအတွက် မလွယ်ကူခဲ့ပေ။ပြီးတော့ သူမကို ဖိအားပေးနိုင်တဲ့‌ ယောကျာ်းကလည်း ဒီကမ္ဘာမှာမမွေးသေးပါဘူး။


ညနေစာအတွက် ပေကျင်းက လူသိများပြီး ကောင်းမွန်တဲ့ လုံခြုံရေးရယ် ပတ်ဝန်းကျင်‌ကောင်းကောင်းရယ်ရှိတဲ့ စားသောက်ဆိုင်ကိုရွေးထားလေသည်။


ထန်ချောင်းချောင်းရယ် ချန်ဟိုရယ် သရုပ်တောင်အများကြီးရယ်က စားသောက်ဆိုင်ကို ရောက်နေပြီဖြစ်ပေမဲ့ ပရိုဂျူဆာကတော့ မရောက်သေးပေ။ဒါပေမဲ့ ဟင်းတွေက မှာထားပြီးသားဟု စားပွဲထိုးကပြောကာ သူတို့ရောက်လာတာနဲ့ ဟင်းတွေကို ချပေး‌လေသည်။


မကြာခင်မှာပဲ စားပွဲတစ်ခုလုံးက ဈေးကြီးတဲ့ဟင်းတွေနဲ့ ပြည့်သွားတော့သည်။ထန်ချောင်းချောင်း လှည့်ကြည့်လိုက်ပြီး တော်တော်များများက သူမအကြိုက်ဆုံးဟင်းတွေဖြစ်တာကို တွေ့လိုက်ရသည်။ထန်ချောင်းချောင်း မနေနိုင်တော့ဘဲ တူနဲ့ နှစ်ကိုက်ကိုက်လောက် ကိုက်လိုက်ကာ အသိအမှတ်ပြုသလိုမျိုး ခေါင်းညိတ်လိုက်သည်။


" အရသာရှိတယ် ဒီဆိုင်က စားဖိုမှုး‌တွေက တော်တော်လေး တော်သားပဲ "


ချန်ဟိုက ပြောလိုက်သည်။


" ပုံမှန်ဆို ဒီဆိုင်က ကြိုမှာထားဖို့ အရမ်းခက်တာ မင်းကြိုမှာထားချင်တယ်ဆိုရင် အနည်းဆုံး သုံး‌လလောက်စောင့်ရလိမ့်မယ် "


" ဝိုးး အဲ့တာဆို ရှင်က တော်တော်လေး လုပ်နိုင်ကိုင်နိုင်တာပဲ ဒီလိုဆိုင်မျိုးကိုတောင် ကြိုမှာထားနိုင်တယ် "


ထန်ချောင်းချောင်း ပြောလိုက်သည်။


ချန်ဟိုက လက်ကို ‌ရမ်းလိုက်ပြီးပြောလိုက်သည်။


" ငါမဟုတ်ဘူး သူဌေး လုပ်ပေးတာ ငါက ဆင်းရဲတဲ့ ဒါရိုက်တာလေးပါ ဘယ်လိုလုပ် ဒီလိုမျိုးလုပ်ပေးနိုင်မှာတဲ့လဲ "


ထန်ချောင်းချောင်း စပ်စုချင်လာတော့သည်။


" ကြည့်ရတာ အဲ့သူဌေးက အရသာနည်းနည်းခံစားတတ်တဲ့ အခုမှ ချမ်းသာလာတဲ့သူ ဖြစ်လောက်တယ် "


" ဘယ်သူက အခုမှ ချမ်းသာလာတဲ့သူ‌လဲ ဟမ့် "


အခန်းတံခါးက ပွင့်သွားပြီး ရင်းနှီးနေတဲ့အသံက တံခါးကနေ ထွက်လာလေသည်။


ထန်ချောင်းချောင်း မော့ကြည့်လိုက်တော့ ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေပြီး သူမကို ပြုံးကြည့်နေတဲ့ ရှန်းယွဲ့ကို တွေ့လိုက်ရသည်။


သူမ မျက်လုံးပြူးသွားရပြီး အံ့ဩသွားရသည်။


' ပြည်တွင်းသရဲကားတွေကို အထင်သေးတယ်လို့ပြောခဲ့တာ ရှန်းယွဲ့မဟုတ်ဘူးလား '


' အဲ့ဒါကို ဘာလို့ သူက ဒီဇာတ်ကားကို ရင်းနှီးမြုပ်နှံရတာပါလိမ့် '


ရှန်းယွဲ့က ထန်ချောင်းချောင်းရဲ့ အူကြောင်ကြောင် အမူအရာကို ကြည့်ပြီး အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။


' အံ့ဩသွားသလား '


ချန်ဟိုက အမြန်ထလိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။


" ဒါက ဥက္ကဠရှန်းပဲ ငါတို့ဇာတ်ကားကို အရင်းအနှီးပေးတဲ့သူပဲ သူ့ကိုကျေးဇူးတင်ရမယ် "


အခြားသရုပ်ဆောင်တွေက ထပြီး နှုတ်ဆက်လိုက်ကြပေမဲ့ ထန်ချောင်းချောင်းကတော့ သူမနေရာမှာသာ ထိုင်နေလေသည်။


ချန်ဟိုက သူမလက်မောင်းကိုထိလိုက်ပြီး အသံတိုးတိုးနဲ့ပြောလိုက်သည်။


" ချောင်းချောင်း ဘာဖြစ်လို့လဲ တစ်ခုခုပြောဦးလေ "


ရှန်းယွဲ့က စပ်စုသလိုဟန်ဆောင်ပြီး


" ဒါက ကျွန်တော်တို့ရဲ့ဇာတ်လိုက်မင်းသမီး မစ္စထန်ချောင်းချောင်းဖြစ်ရမယ် ကျွန်တော် ခင်ဗျားကိုအကြာကြီးလေးစားခဲ့ရတာပါ "


ထန်ချောင်းချောင်းက မျက်တောင်ခတ်လိုက်ပြီး အသိပြန်ဝင်လာခဲ့သည်။


' ဖာ့ခ် ရှန်းယွဲ့ သရုပ်ဆောင်လုပ်မစားခဲ့တာ သနားစရာပဲ '


' သူ role play တောင်လုပ်လို့ရတယ် သူ့သရုပ်ဆောင်ချက်တွေက သဘာဝကျချက် '


ထန်ချောင်းချောင်းက ပြုံးလိုက်ပြီး


" မခံယူဝံ့ပါဘူး "


ရှန်းယွဲ့က သူကိ ထန်ချောင်းချောင်းဘေးရောက်အောင် တွန်းပေးခဲ့တဲ့ သူ့နောက်က သက်တော်စောင့်ကို မျက်လုံးမှိတ်ပြလိုက်သည်။


သူက ယဉ်ကျေးစွာဖြင့်


" မစ္စထန် ကျွန်တော် ဒီမှာထိုင်တာ စိတ်မရှိဘူးမလား "


ထန်ချောင်းချောင်းက သူ့ကို ကြည့်လာပြီး


" ကျေးဇူးပြုပြီး "


ချန်ဟို စိတ်ရှုပ်စပြုလာသည်။ဒီဥက္ကဠရှန်းက ထန်ချောင်းချောင်းအပေါ် တော်တော်လေးစိတ်ဝင်စားနေပြီး အခုက သူက ပေါ်ပေါ်ထင်ထင်တောင် အနားကပ်ထိုင်လိုက်သေးတယ်။မျက်လုံးပါတဲ့ ဘယ်သူမဆို သူ့အတွေးတွေကို မြင်နေ‌ရလေသည်။


အဲ့နှာဘူးယောကျာ်းကြီးကို စောင့်ကန်လိုက်တဲ့ ထန်ချောင်းချောင်းရဲ့ပုံကြီးက သူ့စိတ်ထဲကွက်ကွက်ကွင်းကွင်းပေါ်လာလေသည်။ဒီအခြေအနေကြီးကို ထိန်းချုပ်မရမှာကို ချန်ဟို လန့်လာမိသည်။သူမဒေါသထွက်လာရင် သူတို့တစ်ဖွဲ့လုံး မှုခင်းသတင်းစာထဲပါလာလိမ့်မယ်။


ရှန်းယွဲ့ထိုင်လိုက်ပြီး စားပွဲကိုကြည့်ကာ အပြုံးလေးနဲ့ပြောလိုက်သည်။


" ဘာလို့မစားသေးတာလဲ ထိန်းထားစရာမလိုပါဘူး လွတ်လွတ်လပ်လပ်နေပါ "


ထန်ချောင်းချောင်း စိတ်ထဲက နှာရှုံ့လိုက်သည်။


' ရှင့်ကို စောင့်နေရတာမဟုတ်လား '


 ရှန်းယွဲ့က ပြောလိုက်သည်နှင့် စားပွဲက ကျန်တဲ့သူတွေက တူတွေကိုစလှုပ်ရှားကြတော့သည်။


ထန်ချောင်းချောင်း တွေးနေတာက မကောင်းတဲ့စိတ်တွေနဲ့ သူဌေးလာလိမ့်မယ် လို့တွေးနေပေမဲ့ အဲ့သူဌေးက ရှန်းယွဲ့ဖြစ်လိမ့်မယ်လို့တော့ ထင်မထားပေ။


ရှန်းယွဲ့က ဘာလို့ ဒီ " Cocoon " ရဲ့ ပရိုဂျူဆာဖြစ်လာရလဲ သူမ မသိပေမဲ့ အခုလိုဖြစ်လာတော့ သူမ မကြိုက်တဲ့သူတွေနဲ့ ပြောဆိုဆက်ဆံစရာမလိုတော့ဘူးဆိုတော့ သူမ ပျော်ရွှင်လာတော့သည်။


အထူးသဖြင့် သူမရှေ့မှာ ရှိနေတဲ့ အရသာရှိတဲ့စားစရာတွေ...ထန်ချောင်းချောင်း ပျော်ရွှင်စွာ စားသောက်လိုက်သည်။


ရှန်းယွဲ့က ထန်ချောင်းချောင်း ပွဲတော်တည်နေတာကို ကြည့်နေပြီး အပြုံးနဲ့ပြောလိုက်သည်။


" မစ္စထန် အရသာတွေ့ရဲ့လား "


ထန်ချောင်းချောင်း အမဲသားတုံးကို မြိုချလိုက်ပြီး ပြောလိုက်သည်။


" အရသာရှိတယ် အထူးသဖြင့် ဒီဝိုင်နီနဲ့ချက်ထားတဲ့ အမဲသားစတူးက တော်တော်လေး အရသာရှိတယ် "


ရှန်းယွဲ့ ; " တကယ်လား "


" မြည်းကြည့် "


ထန်ချောင်းချောင်းက အကျင့်ဖြစ်နေသလိုမျိုး အမဲသားတုံးကို ဆယ်လိုက်ကာ ရှန်းယွဲ့ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး စားပွဲက အခြားသူတွေရဲ့မျက်လုံးထဲမှာ သူမအပြုအမူက ဘယ်လိုဖြစ်သွားတယ်ဆိုတာကို လုံးဝသတိမထားမိလိုက်ပေ။


ရှန်းယွဲ့ပါးစပ်က ပြုံးဖြီးသွားတော့သည်။


ချန်ဟိုလည်း လှုပ်ရှားလိုက်သည်။ထန်ချောင်းချောင်းက ဒီဇာတ်ကားအတွက်နဲ့ အရှက်ကွဲခံပြီး ပရိုဂျူဆာကို စိတ်ကျေနပ်အောင် လုပ်ပေးနေရတယ်။အို....ဘဝက အရမ်းခက်ခဲတာပဲ။


မင်းသမီးက အခုလို အလုပ်ကြိုးစားနေတာ ဒါရိုက်တာအနေနဲ့ သူငြိမ်ငြိမ်မနေနိုင်တော့ပေ။


သူက ဝိုင်ခွက်ကိုဖြည့်လိုက်ပြီး ခွက်ကိုမြှောက်ကာ ပြောလိုက်သည်။


" မစ္စတာရှန်း ခင်ဗျားကို ကျွန်တော် ဒီခွက်နဲ့ ဂါဝရပြုပါတယ် ကျွန်တော်ရဲ့ဇာတ်ကားမှာ ရင်းနှီးမြုပ်နှံပေးတဲ့ ခင်ဗျားရဲ့စေတနာတွေအတွက် ကျေးဇူးတင်ပါတယ် "


" မစိုးရိမ်ပါနဲ့ လွတ်လွတ်လပ်လပ်သာနေပါ "


သို့သော် ချန်ဟိုက စိတ်လှုပ်ရှားနေပြီး ဝိုင်တစ်ခွက်လုံးသောက်ချလိုက်သည်။


Xxxxxxx