အပိုင်း ၁၀၁
Viewers 23k

Chapter 101


ဒါရိုက်တာက စသောက်လေရာ အခြားသရုပ်ဆောင်တွေလည်း ဝိုင်ခွက်ကို ကိုင်ကာ ရှန်းယွဲ့ကို အရိုအသေပြုလိုက်သည်။သူတို့က ထန်ချောင်းချောင်းကိုပါ အော်ပြောလာကြသည်။


" မင်းသမီးလည်း မစ္စတာရှန်းကို ပြုစုပေးသင့်တယ် မဟုတ်ဘူးလား "


" သူမက မသောက်နိုင်ဘူး "


ရှန်းယွဲ့ ထုတ်ပြောမိသွားသည်။


သူလည်းစကားဆုံးရော အခန်းတစ်ခုလုံး တိတ်သွားကြလေသည်။


အကုန်လုံးကတော့ ထန်ချောင်းချောင်းမသောက်နိုင်တာ ရှန်းယွဲ့ဘယ်လိုသိလဲပဲ တွေးနေကြသည်။


သူဘာပြောမိသွားလဲဆိုတာ ရှန်းယွဲ့သတိထားမိပြီး ချက်ချင်းပဲ ပြင်ပြောလိုက်ရသည်။


" ကျွန်တော်ပြောချင်တာက မင်းသမီးတွေက ညစာစားပွဲတွေမှာ အများကြီးမသောက်သင့်ဘူးလေ အရက်သောက်ဖို့ ပြောတဲ့ဓလေ့က အဆိုးကြီးမဟုတ်ပေမဲ့ မများသင့်ဘူးလေ "


အကုန်လုံးက သတိထားမိသွားပြီး တစ်ယောက်ပြီး တစ်ယောက်ပြောလိုက်သည်။


" မစ္စတာရှန်က လူကြီးလူကောင်းဆန်ပြီး အရမ်း အရည်အချင်းရှိတယ် " တို့


" မစ္စတာရှန်က ကျောက်စိမ်းလို အလှအပနဲ့ပြည့်စုံတယ် " တို့ စသည်ဖြင့်....


ထန်ချောင်းချောင်း တိတ်တဆိတ် သက်သာရာရသလို သက်ပြင်းချလိုက်သည်။သူက စားပွဲအောက်ကနေ ရှန်းယွဲ့ကိုကန်လိုက်ပြီး သူ့ကို သေချာသရုပ်ဆောင်ဖို့ သတိပေးလိုက်ပြီး သူတို့ဆက်ဆံရေးကို ချမပြချင်ပေ။


သေချာတာပေါ့ ရှန်းယွဲ့က သူ့ကိုယ်သူ အနည်းငယ်ထိန်းလိုက်ပြီး မစနောက်တော့ပေ။စားသောက်ပြီးတော့ လူအုပ်စုကြီးက စားသောက်ဆိုင်ကနေ ထွက်ဖို့အဆင်စင့်ဖြစ်နေကြသည်။


ချန်ဟိုက အနည်းငယ်မူးနေပြီဖြစ်သည်။ထန်ချောင်းချောင်းနဲ့ ရှန်းယွဲ့ပူးကပ်နေတာမြင်တော့ သူက လက်ကိုရမ်းကာ အော်ပြောလိုက်သည်။


" မင်းတို့နှစ်ယောက် အခုချက်ချင်း ခွာကြစမ်း ငါ့ မင်းသမီးက ဘယ်တော့မှ မင်းနဲ့ဝိုင်သောက်ဖို့ ပူးပေါင်းမှာမဟုတ်ဘူးကွ မင်း ဝေးဝေးသွားစမ်း "


ထန်ချောင်းချောင်း ရီရခက် ငိုရခက်ဖြစ်သွားရသည်။


" ကျွန်မ သူနဲ့ ဝိုင်အတူတူမသောက်ပါဘူး ဒါရိုက်တာ ရှင်မူးနေပြီ "


သူနိုးလာလို့ သူ ရှန်းယွဲ့ကို ထွက်သွာစမ်းလို့ပြောခဲ့တာကို သတိရသွားရင် သူကိုယ်သူ မြေထဲမြုပ်ပစ်လိမ့်မည်။


" ငါ မမူးဘူးကွ ! "


ချန်ဟိုက စားပွဲကို ရိုက်လိုက်သည်။


" ငါ ဒီဇာတ်ကားကို ဖြစ်အောင်ကိုလုပ်မှာ ငါ့အိမ်ကို ရောင်းရရင်တောင် ငါဖြစ်အောင်လုပ်မှာ ဒီမှာ မဟုတ်ကဟုတ်ကစည်းမျဉ်းတွေ မရှိစေရဘူးကွ "


[ မဟုတ်ကဟုတ်က စည်းမျဉ်းဆိုတာက မင်းသမီးကနေ အရက်ကူသောက်ပေးရတာတို့ အသုံးတော်ခံရတာတို့ကိုပြောတာပါ ပြောရမယ်ဆိုရင် ပရိုဂျူဆာတို့ သူဌေးတို့နဲ့ ညအိပ်ပေးရတာကိုပြောတာပါ ]


သူက ဆက်ပြီး ဝူးဝူးဝါးဝါးတွေ ပြောနေလေသည်။ထန်ချောင်းချောင်း သူ့လက်ထောက်ကို သူ့အိမ်ဆီသေချာလိုက်ပို့ပေးဖို့ပြောလိုက်ရသည်။


အကုန်လုံးထွက်သွားတာနဲ့ ထန်ချောင်းချောင်းက ရှန်းယွဲ့ကားထဲ ဝင်သွားလိုက်သည်။


" ဥက္ကဠရှန်း သူဌေးရှန်း အခု ပြောနိုင်ပြီလား ဘာလို့ ဒီရုပ်ရှင်ထဲကို ဘာကြောင့် ရင်းနှီးမြုပ်နှံရတာလဲ "


တစ်ညလုံး ထိန်းချုပ်ထားရတဲ့ ထန်ချောင်းချောင်းက မေးလိုက်သည်။


ရှန်းယွဲ့က ပြောလိုက်သည်။


" အခုခေတ်မှာ ရုပ်ရှင်ထဲ ရင်းနှီးတာက အထူးအဆန်းမဟုတ်တော့ပါဘူး ငါ ဇာတ်ကားထဲ ရင်းနှီးလိုက်ရုံလေးကို ဘာတွေအံ့ဩနေတာလဲ "


ထန်ချောင်းချောင်း : " ဒါပေမဲ့ ပြည်တွင်းသရဲကားတွေက မကောင်းဘူး ပိုက်ဆံဆုံးလိမ့်မယ်လို့ ရှင်အကြံပေးခဲ့တာပဲလေ ဘာလို့ စိတ်ပြောင်းသွားတာလဲ "


" ငါ မင်းဇာတ်ညွှန်းကို မြင်ခဲ့တယ်လေ  အဲ့တာက တော်တော်လေးဖတ်လို့ကောင်းလို့လေ ငါကလည်း ရုပ်ရှင်လောကကို အမြဲသဘောကျခဲ့ပြီး ပြည်တွင်းသရဲကားတွေကိုလည်း ကျော်ကြားစေချင်လို့ပါ အဲ့တာကြောင့် နည်းနည်းလေး အားစိုက်လိုက်တာ "


" ဒါကြောင့်ပဲလား "


" တစ်ခြားရှိသေးလို့လား "


ထန်ချောင်းချောင်းမေးလိုက်သည်။


" တကယ်လို့ သူတို့က မင်းသမီးပြောင်းရင်ရော ရှင်က အရင်းအနှီးထုတ်ပေးမှာပဲလား "


ရှန်းယွဲ့ : " အဲ့ဒါက မင်းသမီး လှမလှပေါ်မူတည်တယ် "


ထန်ချောင်းချောင်း မှုန်ကုပ်ကာ ပြောလိုက်သည်။


" သူမသာလှနေရင် ဒီညက ဒီမှာတင်ပြီးသွားမှာမဟုတ်ဘူးပေါ့ "


ရှန်းယွဲ့က သူ့ပါးစပ်ကို ကာလိုက်ပြီးပြောလိုက်သည်။


" အမှန်ပဲ "


ထန်ချောင်းချောင်း လှောင်လိုက်သည်။


" ဟမ့်....နှာဘူး ..."


" အားး ငါ မင်းရဲ့သူဌေးဖြစ်ရတာတောင် နောင်တရလာသလိုပဲ မင်း ငါ့ကိုကောင်းကောင်းဆက်ဆံသင့်တယ် ဒါမှ ငါဆက်ပြီး မြုပ်နှံချင် မြုပ်နှံမှာ "


ရှန်းယွဲ့ သူမကို သတိပေးလိုက်သည်။


ထန်းချောင်းချောင်း တီးတိုးပြောလိုက်လေသည်။


" ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ငါချက်တဲ့ဟင်းတွေ မစားချင်တော့ဘူးထင်ပါရဲ့ "


ရှန်းယွဲ့ ရုတ်တရက်ကြီး နင်သွားရသည်။


ဘယ်သူက ဘယ်သူရဲ့ထောက်ပံ့သူလဲ။


.

........


" ကျွန်မတို့ရောက်ပြီလား နည်းနည်းမဝေးလွန်းဘူးလား "


ယုလင်း မျက်မှောင်ကြုပ်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်က လူသူကင်းမဲ့နေတဲ့ရူခင်းကို ကြည့်လိုပ်သည်။


" အို အဲ့တာက နယ်ဘက်မှာဆို ဘာမှမဟုတ်တော့ပါဘူး  ဝူအိုကြီးက ကိုယ်တို့ ခရီးအတွက် သူရဲ့ဗီလာကို  အထူးငှားပေးလိုက်တာ အဲ့က ရူခင်းက အရမ်းလှတာ ကလေးတွေကလည်း တစ်နေကုန် အိမ်ထဲမှာပဲနေနေရတာလေ သူတို့ကို နယ်ဘက်မှာ သဘာဝတရားနဲ့ထိတွေ့ပေးတာက ဖွံ့ဖြိုးမှုအတွက် ကောင်းတယ်လေ "


ယုလင်းရဲ့ကားမောင်းနေ‌တဲ့ ယောကျာ်းက ဖြေလိုက်သည်။


" မင်းက ဆရာမပဲ မင်းက ပညာရေးကို ကိုယ့်ထက်စာရင် ပိုကောင်းကောင်းသိပါတယ် "


" နေရာက အရမ်းခေါင်လွန်းလို့ စိုးရိမ်တာပါ တစ်ခုခုသာဖြစ်ခဲ့ရင် အဲ့ဒါက အဆင်ပြေမှာမဟုတ်ဘူး "


ယုလင်း ပြောလိုက်သည်။


" ကိုယ်တို့ ရက်အနည်းငယ်လောက်ပဲ ကစားဖို့လာတာ ဘာဖြစ်နိုင်မှာမလို့လဲ မင်းရဲ့အစိုးရိမ်လွန်တဲ့စရိုက်ကို ပြောင်းလဲသင့်ပြီ  "


ယောကျာ်းက စိတ်မရှည်စွာပြောလိုက်သည်။


" တစ်နေကုန် စိတ်ညစ်နေတာက ကလေးတွေရဲ့ဖွံ့ဖြိုးမှုကို သက်ရောက်လိမ့်မယ် "


ထို့နောက် ယောကျာ်းက စိတ်ငြိမ်အောင် ကလေးတွေနဲ့စကားပြောနေလိုက်သည်။ယုလင်း သူမပျော်သင့်ရဲ့လားတောင် မသိတော့ပေ။


" ဖေဖေ ခဏနေကျရင် အပြင်ထွက်ကစားလို့ရလား "


နောက်တန်းမှာထိုင်နေတဲ့ ကောင်လေးက ရုတ်တရက်ပြောလိုက်သည်။


" ရတာပေါ့ အဲ့မှာရေကန်အကြီးကြီးရောရှိတယ် ငါမး မင်းကို ငါးမျှားဖို့ခေါ်သွားပေးမယ် ငါးတွေအများကြီးဖမ်းကြတာပေါ့ "


ယောကျာ်းက ခေါင်းကို လှည့်လိုက်ပြီး သူ့သားကိုပြောလိုက်သည်။


" အိုခေ ဖေဖေက အကောင်းဆုံးပဲ "


ကောင်လေးက ပျော်သွားသည်။


" အဲ့တာဆို ဖေဖေ့ကိုပိုကြိုက်လား မေမေ့ကိုပိုကြိုက်လား "


ယောကျာ်းက မေးလိုက်သည်။


ထိုမေးခွန်းကို ကြားတော့ ယုလင်းမျက်မှောင်ကြုတ်သွားရသည်။


" ဖေဖေ့ကိုပိုကြိုက်တယ် " 


ကောင်လေးက စဉ်းတောင်မစဉ်းစားဘဲ ပြောလိုက်သည်။


" မေမေက အမြဲဆူနေတာ သားကို အပြင်ထွက်လည်းမစားခိုင်းဘူး ပြီးတော့ သားကို ကြက်ကြော်လည်းမစားခိုင်းဘူး "


ယောကျာ်းက ရီလိုက်ကာ  ကြားလိုက်ရတဲ့စကားအတွက် ကျေနပ်သွားသည်။


" လိမ္မာတယ် ဟိုရောက်ရင် ဖေဖေတို့လျှောက်လည်ကြမယ် "


ကောင်လေးက စိတ်လှုပ်ရှားစွာ တခစ်ခစ်ရီလေသည်။


" ကျွန်မ နေ့တိုင်း သူကို စောင့်ရှောက်ပေးရတာကို သူက ကျွန်မကို အဲ့လိုပြောရက်တယ်ပေါ့ "


ယုလင်း အရမ်းစိတ်ပျက်သွားသည်။


" ကလေးတစ်ယောက်ရဲ့စကားလေးပါပဲကွာ အတည်ယူမနေပါနဲ့ မင်း ကိုယ်တို့ကလေးတွေကို ကြိုးကြိုးစားစားပျိုးထောင်ပေးနေတာ ကိုယ်သိပါတယ် အခု ကိုယ်မင်းကို ကစားဖို့ခေါ်လာတယ်လေ အဲ့တာ မင်းကို ကူညီရာမရောက်ဘူးလား "


ယောကျာ်းက မကျေနပ်စွာ ပြောလိုက်သည်။


" ကူညီတယ် ? "


ယုလင်း ခါးသီးစွာ ပြုံးလိုက်သည်။


" သူတို့က ရှင့်ကလေးတွေမဟုတ်လို့လား ကျွန်မကို ကူညီနေတယ်ဆိုတာ ဘာပြောချင်တာလဲ "


" အိုခေ ဖြစ်ပြန်ပြီ ငါ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး မင်းနဲ့ မငြင်းခုံချင်တော့ဘူး "


သူအဲ့အကြောင်းပြောနေတဲ့ အချိန်မှာ သူမယောကျာ်းက စိတ်မရှည်ဖြစ်နေပြီး တိုးညှင်းစွာ ပြောလိုက်သည်။


" ဘယ်မိန်းမကများ အခုလိုဖြစ်နေမှာလဲ ငါ မင်းနဲ့ ရက်အနည်းငယ်လောက် ကုန်ဆုံးရအောင် အထူးတလှယ်တောင်းဆိုထားရတာ ဘယ်ယောကျာ်းကများ အဲ့လိုလုပ်နိုင်လဲ ငါမသိဘူး "


ပြောချင်တဲ့ အဓိပ္ပါယ်က ယုလင်းကတောင် သူကိုကျေးဇူးတင်ရဦးမယ်ဆိုတဲ့ပုံပင်။


ယုလင်းက ပြတင်းပေါက်အပြင်ဘက်ကို တည်ငြိမ်နေတဲ့မျက်နှာနဲ့ ကြည့်နေလိုက်သည်။ကောင်းကင်က တိမ်တွေနဲ့ ပြည့်နေပြီး မိုးရွာတော့မည်ပုံပေါ်သည်။


အကြောင်းတစ်ချို့ကြောင့် ဒီခရီးက သာယာမှာမဟုတ်ဘူးဆိုတာ သူမမှာ ခံစားနေရလေသည်။


နေရမဲ့နေရာရောက်တော့ ၎င်းက တောင်‌စောင်းပေါ်က ဗီလာတစ်လုံးမှန်း ယုလင်းသိလိုက်ရသည်။ပုံစံတူဗီလာအချို့လည်း အနီးနားတစ်ဝိုက်မှာ ရှိလေသည်။အိမ်တန်းတစ်လျှောက်ကို တောင်ခြေမှာ မြင်ရသည်။ ကောင်းကောင်းတည်ဆောက်ထားတဲ့ နယ်ဘက်ပဲ။


ကောင်လေးက ကားထဲကထွက်လာတာနဲ့ မြင်းစောင်းက လွှတ်လိုက်တဲ့ မြင်းရိုင်းတစ်ကောင်လိုဖြစ်နေလေသည်။ကောင်မလေးကတော့ ကားအကြာကြီးစီးလာရလို့ မူးဝေနေပေမဲ့ တစ်ခွန်းမှမပြောပေ။


ထိုအချိန် သက်လတ်ပိုင်းအမျိုးသမီးကြီးက သူတို့အိမ်နားကဖြတ်သွားပြီး သူတို့ကို လာနှုတ်ဆက်လေသည်။


" ဟယ်လို ငါက ဘေးအိမ်မှာနေတာပါ ဒါက မင်းရဲ့အိမ်လား "


" မဟုတ်ပါဘူး "


ယုလင်း ပြန်ဖြေလိုက်သည်။


" သူငယ်ချင်းတစ်‌ယောက်အိမ်ပါ ကျွန်မတို့က နှစ်ရက်လောက်လာနေတာ "


သက်လတ်ပိုင်းအမျိုးသမီးကြီးက အရမ်းဖော်ရွေလှသည်။သူမက လာပြီး ယုလင်းနဲ့စကားပြောကာ စတိုးဆိုင်က ဘယ်မှာရှိကြောင်းနဲ့ စားစရာတွေ ဘယ်မှာဝယ်ရကြောင်းပြောပြသွားသည်။


ယုလင်းက ပြုံးလိုက်ပြီး စာလုံးအနည်းငယ်နဲ့ဖြေလိုက်သည်။သတ်လတ်ပိုင်းအမျိုးသမီးကြီးက သူမယောကျာ်းကိုကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။


" မင်းယောကျာ်းက လူကောင်းလေးပဲ သူက မိသားစုကိုတောင် ခရီးထွက်ဖို့ခေါ်လာပေးတာ မင်းသားသမီးတွေကလည်း တော်မဲ့ပုံလေးတွေ  မင်း လူကောင်းလေးနဲ့ လက်ထပ်ထားတာပဲ ကံကောင်းတယ် "


 ယုလင်းက တောင့်တင်းစွာသာပြုံးလိုက်မိသည်။


..........


ဒီအိမ်က ဗီလာလို့ပြောလို့ရပေမဲ့ ဘယ်သူမှ လာမနေတာ တော်တော်ကြာပြီဖြစ်သည်။အိမ်ထဲက အကုန်လုံး ဖုန်တွေတက်နေပြီး သန့်ရှင်းပေးဖို့လိုလေသည်။ယောကျာ်းက အိတ်တွေအကုန်အထဲသွင်းပြီးတာနဲ့ ငါးမျှားတံကိုယူကာ သူ့သားကို ငါးဖမ်းဖို့ ရေကန်ဆီခေါ်သွားတော့သည်။သူက စကားတစ်ခွန်းတည်းသာချန်ခဲ့လေသည်။


" ကြိုက်တဲ့အခန်းနှစ်ခန်းကိုသာ ရှင်းထားလိုက် "


ယုလင်းက ပြောလိုက်သည်။


" အကြာကြီးမကစားနဲ့နော် ခဏနေရင် မိုးရွာတော့မှာ "


" မေမေက အမြဲ စကားရှည်တာပဲ "


ကောင်လေးက ပြေးနေရင်းပြောသွားပေမဲ့ သူ့အသံက အမျိုးသမီးရဲ့နားထဲကို ရောက်နိုင်သေးသည်။


ယုလင်းက အခန်းကို ကြိုးကြိုးစားစား ရှင်းလိုက်ပေမဲ့ ဒီအိမ်ကြီးက သူမကို ခံစားချက်တစ်မျိုးကြီးပေးနေစလို ခံစားလိုက်ရသည်။


ညရောက်တော့ အိပ်ရာထဲလှဲနေရင်း သူမက အိမ်ကြီးမှာ တစ်ခုခုဖြစ်နေကြောင်း သူမယောကျာ်းကိုပြောလိုက်သည်။ဒါပေမဲ့ သူမယောကျာ်းက သူမ အစိုးရိမ်လွန်နေတယ်လို့သာ ‌ပြောလေသည်။


သူက အခြားသူတွေနဲ့စကားပြောနေပြီး ဖုန်းကိုသာကြည့်ကာ သူမကိုလှည့်တောင်မကြည့်ဘဲ ပြောလိုက်သည်။


ယုလင်း တိတ်တဆိတ်စိုက်ကြည့်လိုက်တော့ အဲ့တာက တိုက်ခန်းအတူတူက ကောလိပ်ကျောင်းသူလေးဖြစ်နေပြန်တာကို တွေ့လိုက်ရသည်။


သူမက မေးချင်ပေမဲ့ သူမယောကျာ်းက သူမကိုကျောပေးကာ လှဲအိပ်လိုက်တော့သည်။


သူမ စိတ်ရှည်ရမယ်။


ညလယ်ရောက်တော့ ယုလင်းက အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေပြီး ရုတ်တရက် သူမကို အော်ခေါ်နေတဲ့ကလေးအသံ‌ကိုကြားလိုက်ရသည်။သူမက မျက်လုံးဖွင့်လိုက်ပြီး အပြင်ထွက်ကာ အသံနောက်ကို လိုက်သွားလိုက်သည်။စင်္ကြံမှာ ဘာမှမရှိပေ ။အပြင်ကနေ မိုးရွာလို့ စင်တဲ့ ရေစက်အချို့ပဲရှိလေသည်။


၎င်း ထင်ယောင်ထင်မှားဖြစ်တာပါလို့ သူမတွေးလိုက်တဲ့အချိန်မှာပဲ ကလေးတွေအခန်းထဲက အသံထွက်လာတော့သည်။သူမက တံခါးကိုညင်သာစွာဖွင့်လိုက်လေသည်။ရုတ်တရက် သူမရဲ့အမြွှာနှစ်ယောက်က အိပ်ရာဘေးမှာထိုင်နေပြီး သူမကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။


သူတို့ရဲ့အမူအရာတွေက မှုန်မှိုင်းနေလေသည်။


ယုလင်း ‌အေးစက်သွားသလိုခံစားလိုက်ရပြီး မျက်တောင်ခတ်လိုက်တော့ အကုန်လုံးက သာမာန်ပြန်ဖြစ်သွားသည်။ကလေးနှစ်ယောက်ကလည်း အိပ်ရာပေါ်မှာ ဘေးချင်းကပ်ရပ် အိပ်ပျော်နေကြသည်။


သူမ ပင်ပန်းလွန်းလို့များ မြင်ချင်ရာတွေလျှောက်မြင်နေတာများလား။


ယုလင်းက အခန်းထဲဝင်သွားပြီး ကလေးနှစ်ယောက်ကိုစောင်ခြုံပေးလိုက်သည်။ထိုအချိန်မှာပဲ သူမလက်စိုနေသလိုခံစားလိုက်ရပြီး နှာခေါင်းထဲလည်း အနံ့တစ်မျိုးရလာလေသည်။


သွေး!!


ယုလင်း အော်လိုက်တော့သည်။


.......


" ကဒ် အရမ်းကောင်းတယ် "


ချန်ဟို အော်လိုက်တာနဲ့ ဝန်ထမ်းတစ်ယောက်က ချက်ချင်းရောက်လာပြီး ကလေးနှစ်ယောက်ကို ခေါ်သွားလိုက်သည်။ ကလေးငယ်နှစ်ယောက်က သူတို့က သည်းထိတ်ရင်ဖိုကားရိုက်နေမှန်းမသိပေ။ဝန်ထမ်းက သူတို့ကို ကောင်းကောင်းသင်ပေးရလေသည်။


ထန်ချောင်းချောင်း သူမလက်ကသွေးတွေကို ကြည့်လိုက်ပြီး သူမလက်ချောင်းပေါ်က သွေးတွေကို ညင်သာစွာလျက်လိုက်သည်။အဲ့တာ တော်‌တော်လေး ချိုတာပဲ ပျားရည်အနံ့လေးနဲ့ ခရမ်းချဉ်သီးဖျော်ရည်။


အဲ့မြင်ကွင်းကိုကြောင့် ချန်ဟို တောင့်တင်းသွားသည်။


သူက သရဲဇာတ်ကားတွေ အများကြီးရိုက်ဖူးတယ်။အချို့မင်းသမီးတွေက ဇာတ်ကားရိုက်နေရင်းနဲ့ကို ကြောက်လန့်နေတတ်ကြသည်။လူအချို့ဆိုရင် ဘုရားကျောင်းသွားပြီးတော့တောင် ဝတ်ထားဖို့အဆောင်တွေသွားတောင်းတတ်ကြသည်။ဘယ်သူကမှ သွေးတုတွေကို အရသာခံနေတဲ့ ထန်ချောင်းချောင်းလောက် မတည်ငြိမ်နိုင်ကြပေ။


Xxxxxxxx