Chapter 7
Viewers 12k

🎬 Chapter 7



ပထမဆုံးစစ်ဆေးခံရမည့်သူမှာ လီရှန်းမင်ဖြစ်သည်။ သူ၏အဝတ်အစားများနှင့် ဖိနပ်များအားလုံးကို အဖြူရောင်အိတ်ဖြင့် ထုပ်ထားပြီး အဝတ်အစားများကို မည်သူမျှဖြတ်မမြင်နိုင်သော်လည်း ၎င်းအပေါ်၌ ထားထားသောအရာကမူ အလွန်ထင်ရှားနေသည်။


နူးညံ့သော အစိမ်းရောင်တင်းနစ်ဘောလုံးဖြစ်သည်။


"ဒါက ဘာကြီးလဲ..."  

စုန့်ကျားကျားက အလွန်အံ့သြသွားသဖြင့် စီချွမ်လေယူလေသိမ်းဖြင့် ပြောမိသွားခဲ့သည်။  

"နင် တင်းနစ်ဘောလုံးကို ဘတ်စကတ်ဘောလို သယ်သွားနေတာလား..."


စုန့်ကျားကျား၏တည့်တိုးစကားကြောင့် လူတိုင်း ရယ်ပွဲကျသွားခဲ့ကြသည်။


လီရှန်းမင်က သူတို့ ဘာကြောင့်ရယ်မောနေသည်ကို နားမလည်ဘဲ လေးနက်စွာ ရှင်းပြလိုက်သည်။ 

"ငါ သီချင်းရေးတဲ့အချိန်တိုင်း လက်ထဲမှာ တစ်ခုခုကိုင်ထားတတ်တယ်..."


စုန့်ကျားကျားက နားလည်ဟန်ပြလိုက်သည်။ 

"ငါ နားလည်ပါတယ်...အရည်အချင်းရှိတဲ့သူတိုင်းမှာ ထူးဆန်းတဲ့အကျင့်လေးတွေ အမြဲရှိကြတာပဲဟာ...ဒါပေမယ့် ဘာလို့ တင်းနစ်ဘောလုံးလဲ..."


လီရှန်းမင်က စုန့်ကျားကျား၏လေသံထဲရှိ နောက်ပြောင်ကို မကြားမိဘဲ လေးနက်စွာ ပြန်ဖြေလိုက်သည်။  

"ဘတ်စကတ်ဘောက အရမ်းကြီးလွန်းတယ် ငါ လက်တစ်ဖက်တည်းနဲ့ မကိုင်နိုင်ဘူး..."


လူတိုင်း - "…"


ထို့နောက် လုဝမ်ရှင်း အလှည့်သို့ ရောက်လာခဲ့သည်။ အဝတ်အစားနှင့်နေ့စဉ်သုံးပစ္စည်းများအပြင် သူ့တွင် လက်ဖဝါးအရွယ် ကြက်ပုံစံနှိုးစက်နာရီတစ်လုံး ရှိနေခဲ့သည်။


သူတို့မေးသည်ကို မစောင့်ဘဲ လုဝမ်ရှင်းက ရှင်းပြလိုက်သည်။

"ကျွန်တော် အထက်တန်းတက်တုန်းက ကျွန်တော့်မာမား ဝယ်ပေးခဲ့တာ..."


"မင်း အခုထိ သုံးနေတုန်းပဲလား...အဲဒါက ပျက်မသွားဘူးလား..."


လုဝမ်ရှင်းက ခေါင်းခါပြလိုက်သည်။ 

"ဒါက တော်တော်လေးအကြမ်းခံတယ်... ဘက်ထရီလဲရုံပဲ...ကျွန်တော်က ဖုန်းနှိုးစက်ထက် ဒီနှိုးစက်နာရီကို ပိုသုံးဖြစ်တယ်..."


လူတိုင်းက လုဝမ်ရှင်း၏နှိုးစက်နာရီလေးအကြောင်း သိချင်နေကြသည်။ အနီရောင်ကြက်ဖသေးသေးလေးက အလွန်ချစ်စရာကောင်းလှသည်။


"ဒါက သာမန်နှိုးစက်နာရီပဲလား...ဒါမှမဟုတ် ကြက်လိုတွန်တာလား..."


"ကြက်လိုတွန်တာ..."


လုဝမ်ရှင်း ပြောသည်ကိုကြားပြီးနောက် သူတို့ ပိုသိချင်လာခဲ့ကြသည်။ ယခုခေတ်၌ လူနည်းစုကသာ နှိုးစက်နာရီများ ဝယ်တတ်ကြပြီး ၎င်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းပုံရသည်။


"ဘယ်လိုတွန်တာလဲ ငါ ကြားချင်တယ်..."


"ငါရောပဲ..."


လုဝမ်ရှင်းက နှိုးစက်နာရီကို အချိန်မှတ်ပြီးနောက် ကြမ်းပြင်ပေါ် ချလိုက်သည်ကို လူတိုင်းတွေ့လိုက်ကြသည်။


"ဒီတိုင်းစားပွဲပေါ်တင်လိုက်လေ...ငါတို့ အသံနားထောင်လိုက်မယ်..."


"ပြုတ်ကျပြီး ကွဲသွားလိမ့်မယ်..."


လူတိုင်း : ????


မျက်လုံးများစွာက ကြက်ဖလေးပေါ် ရောက်နေခဲ့ကြသည်။ လူတိုင်း၏အကြည့်များအောက်တွင် ကြက်ဖလေးက စတွန်လာခဲ့သည်။


ထို့နောက် ကြက်ဖက တွန်နေရင်း လည်ပင်းဆန့်ပြီး ခြေထောက်တိုများဖြင့် ရုတ်တရက် စပြေးလေတော့သည်။


လူတိုင်း : ????


"ပြေးနိုင်တယ်လား..."  

လီရှန်းမင်က အံ့သြမှုဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။


လူအုပ်ကြီး၏အံ့အားသင့်နေသော အကြည့်များအောက်တွင် ကြက်လေးက သူ၏ခြေထောက်တိုများဖြင့် နေရာအနှံ့လျှောက်ပြေးနေခဲ့သည်။ ဒါရိုက်တာက ပျော်ရွှင်စွာ ရယ်မောပြီး ဝန်ထမ်းများကို လုဝမ်ရှင်း၏နှိုးစက်နာရီနောက်သို့ လိုက်ရန် ပြောလိုက်သည်။


လူတိုင်း၏အကြည့်များအောက်တွင် လုဝမ်ရှင်းက ပွင့်လင်းစွာရှင်းပြလိုက်သည်။


"ကျွန်တော်က မနက်ဆို နှိုးရတာခက်လို့ အိပ်ရာမဝင်ခင် နှိုးစက်ကို ကြမ်းပြင်ပေါ်ချထားလိုက်တယ်...အဲဒါဆို နှိုးစက်မြည်လာရင် အဲဒါက တစ်အိမ်လုံးပတ်ပြေးနေရော..."


လူတိုင်း - "……"


"အားလုံးပဲ ညကျအိပ်ရင် အခန်းတံခါးပိတ်အိပ်ဖို့ မမေ့နဲ့နော်...အဲဒါမှ ရှင်းရှင်းရဲ့ ကြက်လေး အထဲခိုးဝင်လာလို့ မရမှာ..."


လုဝမ်ရှင်း : "……"


နောက်လူအနည်းငယ်ကမူ ဓာတ်ပုံအယ်လ်ဘမ်များ သို့မဟုတ် ခေါင်းအုံးကဲ့သို့ အရာများရှိပြီး ၎င်းတို့အားလုံးက သာမန်ပစ္စည်းများသာဖြစ်ကြသည်။ နောက်ဆုံးအလှည့်ကျသူမှာ ကုယန်ရှန်းဖြစ်ပြီး လူတိုင်း၏မျက်လုံးများ ချက်ချင်းတောက်ပလာကြကာ ကုယန်ရှန်း၏ခရီးဆောင်အိတ်ကို ကြည့်လိုက်ကြသည်။


သူတို့က ကုယန်ရှန်းယူလာမည့်အရာကို သိချင်နေကြသော်လည်း တစ်ချိန်တည်းမှာပင် ကုယန်ရှန်း၏အပြင်ဘက်ရှိ အေးတိအေးစက်ပုံရိပ်ဖြင့် လိုအပ်သောအရာများအပြင် ထူးထူးဆန်းဆန်းအရာများ ယူလာမည်မဟုတ် ခံစားခဲ့ရသည်။


မျှော်လင့်ထားသည့်အတိုင်း ပထဆုံးခရီးဆောင်အိတ်ကိုဖွင့်လိုက်ချိန်တွင် အဝတ်အစားများသာရှိနေခဲ့သည်။


လူတိုင်း ဝမ်းနည်းစွာဖြင့် ဒုတိယအိတ်အပေါ် အာရုံပြောင်းလိုက်ကြသည်။


ဒုတိယအိတ်တွင် နေ့စဉ်သုံးပစ္စည်းများနှင့် ပြည့်နေခဲ့သည်။


ရှားပါးပြီး စိတ်ဝင်စားဖွယ်ကောင်းသော အရာတစ်ခုမျှ မရှိနေချေ။ စုန့်ကျားကျား သက်ပြင်းချပြီး ထတော့မည့်အချိန်တွင် ရုတ်တရက် ချောင်နားတွင် ကပ်နေသော ပိုစတာနှင့်တူသည့် စက္ကူလိပ်ကို တွေ့လိုက်ရသည်။


"ရှန်းကော ဒါ ဘာကြီးလဲ..."


စုန့်ကျားကျား၏မျက်နှာက စူးစမ်းလိုစိတ်များပြည့်နှက်နေပြီး လူတိုင်းလည်း လာကြည့်ခဲ့ကြသည်။


လီရှန်းမင်က လက်ဆန့်ပြီး ပိုစတာအလိပ်ကိုယူကာ ဖြန့်လိုက်သည်။ လုဝမ်ရှင်းလည်း မတုံ့ဆိုင်းနေဘဲ စူးစမ်းသော အဖွဲ့ထဲ ဝင်ပါလိုက်၏။


ထို့နောက် ပြန့်သွားသော ပိုစတာက လူတိုင်း၏ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။ ပိုစတာပေါ်ရှိလူမှာ စူးစမ်းရေးအဖွဲ့ဝင် လုဝမ်ရှင်းမှလွဲ၍ အခြားသူမဟုတ်ချေ။


လုဝမ်ရှင်း: "!"


ကုယန်ရှန်း: "!"


ကျန်တဲ့လူများ : "!"


လူတိုင်း၏မျက်လုံးထဲတွင် အံ့အားသင့်မှုများပေါ်လာခဲ့ကြသည်။ လေထုက ရုတ်တရက် အေးခဲသွားပြီး ဤအံ့သြတုန်လှုပ်ဖွယ်ရာ အတင်းအဖျင်း၏ထိတ်လန့်မှုမှ ပြန်သက်သာလာသူ မည်သူမျှမရှိသေးချေ။


လုဝမ်ရှင်းက ရှုပ်ထွေးနေသော အမူအရာဖြင့် ပိုစတာပေါ်ရှိ သူ့ကိုယ်သူကြည့်လိုက်သည်။ သူက ကြီးမားပြီး လုံးဝန်းသော ဖရဲသီးကို ကြည့်နေပုံရသည်။


လီရှန်းမင်က ပိုစတာကိုကိုင်ထားလျက် မေးလိုက်သည်။ 

"ရှန်းကော...ကော ဘာလို့ ရှင်းရှင်းရဲ့ ပိုစတာကို ဖွက်ယူလာတာလဲ..."


ကုယန်ရှန်း: "……"


လုဝမ်ရှင်း: "……"


ကုယန်ရှန်းက ပိုစတာကို စိုက်ကြည့်ပြီး သူအိမ်ပြန်ရောက်ချိန်၌ ကုယန်နင်အား မည်သို့သင်ခန်းစာပေးရမည်ကို စတင်တွေးလိုက်မိသည်။


မနေ့ညတုန်းက သူ့ကိုနှင်ထုတ်လို့မရတာ အံ့သြစရာမရှိတော့ဘူး...လတ်စသတ်တော့ သူက ငါ့ခရီးဆောင်အိတ်ထဲ ပိုစတာ ထည့်ဖို့ အခွင့်အရေးရှာနေတာကိုး...


ကုန်ယန်ရှန်း မန်းဂိုးအင်တာတိန်းမန့်သို့ သွားခဲ့သည့်နေ့က ရှန့်ချောင်ကို လက်မှတ်ယူရန် ပြောခဲ့သော်လည်း အင်တာဗျူးပြီးနောက်တွင် ကုယန်ရှန်း မေ့သွားခဲ့သည်။ ပုံမှန်ဆိုလျှင် ရှန့်ချောင်က သူပြောသမျှကို ရှင်းလင်းစွာ မှတ်ထားလေ့ရှိသည်။


သို့သော် ထိုနေ့တွင် ရှန့်ချောင်က အကြောင်းအချို့ကြောင့် စိတ်ပျံ့လွင့်နေပြီး သူတို့နှစ်ယောက်လုံး ထိုအကြောင်းကို မေ့သွားခဲ့ကြသည်။


ကုယန်နင်က ကုန်ယန်ရှန်းတစ်ယောက် သူ့အိုင်ဒေါ၏လက်မှတ်ရရန် မကူညီပေးခဲ့သည်ကို သိသွားချိန်တွင် ဖုန်းတဂွမ်ဂွမ်ဆက်ကာ ပြဿနာများရှာခဲ့သည်။ ကုယန်ရှန်းက နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ကုယန်နင်၏အတန်းပိုင်ကိုဖုန်းဆက်ကာ သူ့ဖုန်းကို သိမ်းခိုင်းခဲ့သည်။


သောကြာနေ့ နောက်ဆုံးစာမေးပွဲပြီးချိန်တွင် ကုယန်နင်က သူ့အိမ်သူမပြန်ဘဲ အတန်းပြီးသည်နှင့် ကုယန်ရှန်း၏တံခါးဝတွင် ထိုင်နေခဲ့သည်။ သူ မည်မျှနှင်ထုတ်ရန် ကြိုးပမ်းပါစေ ကုယန်နင်က အိမ်ပြန်ရန် ငြင်းဆန်ပြီး သူ့အိမ်၌ နေခွင့်တောင်းခဲ့သည်။ နောက်တစ်ပတ်မှစပြီး ကျောင်းက လာမည့် စာသင်နှစ်အတန်းများအတွက် အကြိုအနေဖြင့် ဖွင့်တော့မည်ဖြစ်သောကြောင့် သူ့တွင် အနားယူရန် ပိတ်ရက်နှစ်ရက်သာ ရှိတော့သည်ဟုလည်း ပြောခဲ့သည်။


ကုယန်ရှန်းလည်း စိတ်အနှောင့်အယှက်ဖြစ်ပြီး သူ့ကို ဝင်ခွင့်ပြုခဲ့သည်။


ရလဒ်ကတော့...


ကုယန်နင်က ငါ့အခန်းထဲခိုးဝင်ပြီး ဒီလို အံ့သြစရာကြီးပြင်ဆင်ပေးခဲ့တယ်လား...


ကုယန်ရှန်းက သစ်သားကဲ့သို့ မျက်နှာဖြင့် မည်သည့်ခံစားချက်မျှမပြဘဲ ရှင်းပြလိုက်သည်။ 

"ငါ့မှာ လုဝမ်ရှင်းရဲ့ပရိသတ် သူငယ်ချင်းတစ်ယောက်ရှိတာ...သူက လက်မှတ်ယူလာပေးဖို့ ပြောလိုက်လို့..."


"ဆိုတော့ အဲဒီလိုကိုး..." 

လီရှန်းမင်က ချက်ချင်းပင် သံသယမရှိဘဲ ယုံလိုက်သည်။


အခြားသူများကလည်း 'နားလည်ပြီ' ဟူသောအမူအရာဖြင့် ပူးပေါင်းလာခဲ့ကြသည်။


စုန့်ကျားကျားက မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပြသော်လည်း ကုယန်ရှန်းက တကယ်မရှိသော သူငယ်ချင်းကို ဖန်တီးလိုက်သည်ဟု ခံစားခဲ့ရသည်။ သူမ မနေနိုင်ဘဲ ကုယန်ရှန်းကို ကြည့်လိုက်သော်လည်း ကုယန်ရှန်း၏အကြည့်များက သဘာဝဆန်ကာ တည်ငြိမ်နေပြီး မည်သည့်ပြစ်ချက်မှ မရှိနေချေ။


"ရှင်းရှင်း ကျေးဇူးပြုပြီး လက်မှတ်လေး ထိုးပေးလို့ရမလား..."


"အာ ကောင်းပါပြီ..." 

လုဝမ်ရှင်းက သက်ပြင်းချလိုက်သည်။


သူက ၎င်းကို သံသယမဝင်ချေ။ ကုယန်ရှန်းက သူ့ပရိသတ်ဖြစ်နေမှသာ ပိုထူးဆန်းနေပေလိမ့်မည်။


ဒါရိုက်တာက အရုပ်ခရာကိုမှုတ်ပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။

"ဒီရသစုံရှိုးက လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တဲ့ ရှိုးပါ...ဒီအပိုင်းကို ရိုက်ကူးနေတဲ့အချိန်အတွင်း လူတိုင်းရဲ့ အမြင်တွေကို ထုတ်ပြောလို့ရပါတယ်..."


ဒါရိုက်တာက ၎င်းကို အလေးပေးပြောပြီးနောက် အခန်းခွဲခြင်းကိစ္စကို စပြောခဲ့သည်။

"အပေါ်ထပ်မှာ အခန်းလေးခန်းရှိတယ်... မင်းတို့ ဘယ်လိုခွဲမလဲဆိုတာ ဆွေးနွေးလို့ရတယ်..."


စုန့်ကျားကျားက ရသစုံရှိုး၌ပါဝင်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ချေ။ ဒါရိုက်တာအဖွဲ့က ဧည့်သည်များအတွက် ထောင်ချောက်များ ဆင်ထားလေ့ရှိသောကြောင့် သူမ မယုံကြည်စွာ မေးလိုက်သည်။

"ကျွန်မတို့ကို တကယ်ကြီး လွတ်လွတ်လပ်လပ်ရွေးခွင့်ပေးထားတာလား..."


"ဟုတ်ပါတယ်..." 

ဒါရိုက်တာက အေးချမ်းသောအမူအရာဖြင့် ပြုံးပြလိုက်သည်။ 

"စောစောကတင် ငါတို့ရဲ့ဒီရသစုံရှိုးက လွတ်လွတ်လပ်လပ်ရွေးလို့ရတဲ့ရှိုးလို့ ပြောခဲ့ပါတယ်...ဆိုတော့ မင်းတို့မှာ အကြံဉာဏ်တွေလည်း ပေးပိုင်ခွင့်ရှိပါတယ်..."


စုန့်ကျားကျားက ဘာမှထပ်မမေးနိုင်တော့သောကြောင့် ခဏလက်လျှော့ရုံသာ တတ်နိုင်ခဲ့သည်။ သူမက ဝမ်မင်၏ပခုံးကို ဖက်ပြီးပြောလိုက်သည်။ 

"ငါ မင်မင်နဲ့ အတူနေလို့ရပြီ..."


လီရှန်းမင်က ချက်ချင်းမရွေးချယ်ဘဲ အခြေအနေကို ဦးစွာသုံးသပ်လိုက်သည်။

"ငါတို့ အားလုံးပေါင်း ခုနှစ်ယောက်ရှိတယ်ဆိုတော့ ငါတို့ထဲက တစ်ယောက်ကတော့ တစ်ယောက်ခန်းနဲ့ နေလို့ရမှာပဲ..."


"ဒါဆို လီလောင်ရှီး ကျွန်တော်နဲ့ အတူနေမလား..." 

ကျိုးဇီထုံက လီရှန်းမင်ကို အတူနေရန် ဖိတ်ခေါ်လိုက်ပြီး လီရှန်းမင်က အိုကေဟူသော အမူအရာဖြင့် တုံ့ပြန်ခဲ့သည်။ 


ကျန်သုံးယောက်မှာ လုဝမ်ရှင်း၊ ကုယန်ရှန်းနှင့် ဝမ်ယွီတို့ဖြစ်သည်။


လုဝမ်ရှင်းက ကင်မရာမျက်ကွယ်တွင် အဓိကဇာတ်လိုက်များနှင့် အဆက်အဆံများစွာ မပြုလိုပေ။


ဖြစ်နိုင်လျှင် သူတစ်ယောက်တည်း နေချင်သော်လည်း ဂျူနီယာတစ်ယောက်အနေဖြင့် စီနီယာဖြစ်သော ကုယန်ရှန်းကို ဦးစားပေးသင့်သည်။


ကုယန်ရှန်းက ဝမ်ယွီနှင့် မည်သည့်အခြေအနေမှ မဖန်တီးရသေးချေ။ လက်ရှိတွင် ဝမ်ယွီက သူ့အတွက် ရသစုံရှိုးအတူရိုက်ကူးသည့် ဧည့်သည်တစ်ယောက်သာဖြစ်သည်။ ကုယန်ရှန်း သေချာပေါက် တစ်ယောက်အခန်းကိုသာ ရွေးလိမ့်မည်ဟု လုဝမ်ရှင်း ခန့်မှန်းမိသည်။


၎င်းကို တွေးပြီး လုဝမ်ရှင်း ဝမ်ယွီကို မသိစိတ်အရ လှမ်းကြည့်လိုက်ရာ ဝမ်ယွီနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။


သူတို့နှစ်ယောက်၏အတွေးများက တိုက်ဆိုင်နေသည်။ 


"ရှင်းရှင်း ငါတို့နှစ်ယောက် တစ်ခန်းနေကြမလား..."

ဝမ်ယွီက လုဝမ်ရှင်း၏အမြင်ကို တောင်းနေပုံရသော်လည်း အမှန်တွင် သူက ကုယန်ရှန်းအတွက် တွေးပေးနေခြင်းဖြစ်သည်။


ရုပ်ရှင်ဆုရသရုပ်ဆောင်တစ်ယောက်က ကင်မရာရှေ့တွင် သူ တစ်ယောက်တည်း နေချင်သည်ဟု တိုက်ရိုက်ပြောမည် မဟုတ်ချေ။


ကုမ္ပဏီရှိအနုပညာရှင်များစွာက ဝမ်ယွီအား နှစ်သက်ကြသည့်အကြောင်းရင်းကို လုဝမ်ရှင်း နားလည်လာခဲ့သည်။ သူက နူးညံ့ကြင်နာပြီး စိတ်သဘောထား ကောင်းမွန်ကာ အခြားသူများ၏ရှုထောင့်မှ ပြဿနာများကို ဝင်စဉ်းစားတတ်သည်။ ထိုကဲ့သို့ လူများက နေရာတိုင်းတွင် အလွန်နာမည်ကြီးလှသည်။


ဝမ်ယွီက သူ၏အကျင့်စရိုက်ကြောင့် အခြားသူများနှင့် ဆက်ဆံရာတွင် အလွန်ချောမွေ့သည်ကိုမူ လုဝမ်ရှင်း မငြင်းနိုင်ချေ။


အကယ်၍ သူသာ ဇာတ်ကြောင်းကို ကြိုသိမထားလျှင် ဝမ်ယွီက အလိုလိုက်ခံထားရသော သခင်ငယ်လေးဖြစ်သည်ဟု လုဝမ်ရှင်း ပြောနိုင်မည် မဟုတ်ချေ။


သူက ဝမ်ယွီအပေါ် တွင် မည်သည့်ခံစားချက်ကောင်းမှမရှိသလို အမုန်းတရားများလည်း မရှိချေ။


အကယ်၍ အဓိကဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်ကြား တစ်ယောက်ရွေးရမည်ဆိုလျှင် လုဝမ်ရှင်းက သေချာပေါက် အဓိကဇာတ်လိုက်ရှို့ကို ရွေးမည်ဖြစ်သည်။ နောက်ဆုံးတွင် အမျိုးသားဇာတ်လိုက်၏အဆင့်အတန်းက ရုပ်ရှင်ဆုရသရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီး သူသာမက ဝမ်ယွီပါ ထိုသူ၏ ကျော်ကြားမှုကို အသုံးချရန် ကြိုးစားနေသည်ဟု သံသယဝင်ခံရနိုင်ချေရှိသည်။


ဝမ်ယွီကလည်း လုဝမ်ရှင်း ထိုကဲ့သို့ တွေးတောနေသည်ကို သိသောကြောင့် လုဝမ်ရှင်းကို ရွေးခဲ့ခြင်းဖြစ်သည်။


လုဝမ်ရှင်း ခေါင်းညိတ်တော့မည့်အချိန်တွင် ဒါရိုက်တာက ရုတ်တရက် ထပြောလာခဲ့သည်။


"မင်းတို့ သုံးယောက်ပဲ ကျန်တော့တာဆိုတော့ စုံ၊ စွမ်၊ စိ ကစားပြီး ခွဲရင်ရော ဘယ်လိုလဲ..." 

ဒါရိုက်တာက ပျော်စရာကြည့်ရန် စိတ်အားထက်သန်နေသည်။ 

"အနိုင်ရတဲ့သူက တစ်ယောက်ခန်းကို ရလိမ့်မယ်..."


သူတို့သုံးယောက်လုံး ဒါရိုက်တာကို အံ့သြမှုဖြင့် ကြည့်လိုက်ကြသည်။


"စုံစွမ်စိပဲ ကစားရအောင်လေ..." 

ကုယန်ရှန်း ငြင်းမည်ဆိုးသောကြောင့် ဒါရိုက်တာအဖွဲ့က နောက်တစ်ခွန်း ထပ်ဖြည့်ပြောလာခဲ့သည်။

"အဲဒါက တရားမျှတတယ်..."


ကုယန်ရှန်းက မကန့်ကွက်သော်လည်း သူ့စိတ်ထဲတွင် အမှန်ပင် ဆန္ဒမရှိနေချေ။ သူက လူအများနှင့် အခန်းမျှသုံးလေ့ မရှိပေ။ အိပ်ခန်းဆိုသည်မှာ သီးသန့်နေရာဖြစ်သည်။ လူနှစ်ယောက်က ခုတင်တစ်ခုစီ အိပ်လျှင်ပင် တစ်ခန်းထဲတွင် အတူနေခြင်းက သီးသန့်နေရာမရှိခြင်းနှင့် တူတူဖြစ်သည်။


"ဟင့်အင်း..."

ထိုစကားပြောလာသူက ကုယန်ရှန်း မဟုတ်ဘဲ ဝမ်ယွီဖြစ်ပြီး သူ့မျက်လုံးများက တောက်ပနေပေသည်။


"ဒါရိုက်တာကြီးပဲ ကျွန်တော်တို့ ကိုယ့်အမြင်ကိုထုတ်ပြောလို့ရတယ်လို့ ပြောခဲ့တယ်လေ...စောစောကတင် ရှင်းရှင်း၊ ကျွန်တော်နဲ့ ကုလောင်ရှီးက အခန်းခွဲဖို့သဘောတူပြီးသားဆိုတော့ အခန်းရွေးဖို့ အနိုင်၊ အရှုံးခွဲစရာ မလိုတော့ပါဘူး..."


ဝမ်ယွီ၏စကားကြောင့် လုဝမ်ရှင်း အံ့အားသင့်သွားခဲ့သည်။ သူ ဒါရိုက်တာကို လှည့်ကြည့်လိုက်ရာ ဒါရိုက်တာက သူတို့သုံးယောက်အား ပြုံးစိစိဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။


"ဟုတ်တယ် ငါ စောစောက ပြောခဲ့တယ်... ဒါပေမယ့် စကားက မဆုံးသေးဘူးလေ... ငါ နောက်ပြောမယ့်စကားက 'မင်းတို့တွေ အကြံဉာဏ်ကြိုက်သလောက်ပေးကြ... ငါတို့ကတော့ ဘာပဲဖြစ်ဖြစ်ပြောင်းပေးမှာမဟုတ်ဘူး' လို့ပဲ..."


ဝမ်ယွီ : "……"


လုဝမ်ရှင်း : "……"


ကုယန်ရှန်း : "……"


စုန့်ကျားကျားက ဝမ်မင်၏လက်ကိုဆွဲပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ 

"ဒါရိုက်တာအဖွဲ့က ငါတို့ကို ဒီလောက်လွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ သိသားပဲ..."


လုဝမ်ရှင်းတို့သုံးယောက်လည်း စက်ဝိုင်းငယ်လေးပုံ စုဝိုင်းလိုက်ကြသည်။ အခြားသူများက သူတို့ကို ကြည့်လာခဲ့ကြသည်။


"စုံ၊ စွမ်၊ စိ..."


နောက်ဆုံးစကားလုံးပြောပြီးနောက် သူတို့သုံးယောက်လုံး မတူညီသော လက်ဟန်များလုပ်ခဲ့ကြသဖြင့် ဒုတိယပွဲထပ်စခဲ့ရသည်။


"စုံ၊ စွမ်၊ စိ..."


လုဝမ်ရှင်းက ကတ်ကြေးလုပ်ပြီး ကုယန်ရှန်းမှာ တိုက်ဆိုင်စွာပင် သူနှင့်အတူတူဖြစ်၍ ဝမ်ယွီကမူ...


ကျောက်တုံးလုပ်ခဲ့သည်။


အနိုင်ရသူအနေဖြင့် ဝမ်ယွီက တစ်ယောက်တည်း နေရမည်ဖြစ်သည်။  


လုဝမ်ရှင်းက ကုယန်ရှန်းနှင့် တစ်ခန်းတည်းနေရတော့မည်ဖြစ်ပြီး ရလဒ်ကို သူ မပြောင်းလဲနိုင်ချေ။ အခန်းထဲတွင် ခုတင်နှစ်လုံးရှိနေရန်သာ သူ မျှော်လင့်မိသည်။


ဒါရိုက်တာက အစီအစဉ်အောင်မြင်သွား၍ သူ့ပျော်ရွှင်မှုကို ဖော်ပြရန် အရုပ်ခရာကိုမှုတ်လိုက်သည်။


"ဒါဆိုရင် ကုလောင်ရှီးနဲ့ ရှင်းရှင်းတို့က အခန်းမျှသုံးရမှာပါ...ဆိုတော့ ဒီနေ့အခန်းခွဲတာက အသင်းဖော်တွေအတွက်ဖြစ်သွားတာပဲ...မင်းတို့ ကောင်းကောင်းဆက်သွယ်ပြီး ခံစားချက်တွေမြှင့်တင်ဖို့ ဒီညကို အသုံးချလို့ရတယ်...မနက်ဖြန် မင်းတို့ကြားက တိတ်တဆိတ်နားလည်မှုကို စမ်းသပ်မယ်..."


"အခု ပထမဆုံးမစ်ရှင်စပါတော့မယ်... ပထမနေရာရတဲ့အသင်းက ဧည့်သည်ရဲ့အကူအညီ ရနိုင်မှာပါ...ဒီတစ်ခေါက် ဧည့်သည်ကတော့ ဝမ်ယွီပဲဖြစ်ပါတယ်..."



🎬🎬🎬