
ဖျော်ဖြေရေးနယ်ပယ်မှအနားယူပြီးနောက်လူချမ်းသာမိသားစုရဲ့သခင်လေးအစစ်ဖြစ်လာခဲ့တယ်
35
2

ဖျော်ဖြေရေးနယ်ပယ်မှအနားယူပြီးနောက်လူချမ်းသာမိသားစုရဲ့သခင်လေးအစစ်ဖြစ်လာခဲ့တယ်
35
2
🎬 Description
လုဝမ်ရှင်းက အလွန်စိတ်ရှုပ်ထွေးနေမိသည်။ သူ့တွင် ဖျော်ဖြေရေးလောကမှ လူအားလုံး အားကျရသည့် မျက်နှာလှလှလေးရှိသည်မှာ သိသာလွန်းပြီး သူကိုယ်တိုင်က သီချင်းဆိုနိုင်၊ ကနိုင်၊ သရုပ်ဆောင်နိုင်သော်လည်း သူက နာမည်ကြီး မဖြစ်သေးချေ။
၎င်းမှာ သူ အိမ်မက်တစ်ခုမက်ခဲ့သည့် အချိန်ထိ ဖြစ်သည်။
အိမ်မက်ထဲတွင် သူက စာအုပ်ထဲမှ ဇာတ်ကောင်တစ်ယောက်သာဖြစ်သည့်အပြင် သူ့အဆုံးသတ်ကိုလည်း ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်သည်။
အဓိကဇာတ်လိုက် ဝမ်ယွိီ၏ ဇာတ်လိုက်ရောင်ဝါအောက်တွင် သူ့ကြိုးစားအားထုတ်မှုများအားလုံး အလဟဿဖြစ်ခဲ့ရ၏။
အဘယ့်ကြောင့်ဆိုသော် -
သူက အဓိကဇာတ်လိုက်အတွက် အမြှောက်စာဇာတ်ကောင်လေးတစ်ယောက်သာ ဖြစ်သောကြောင့်ပင်။
လုဝမ်ရှင်းက အောက်ဆွဲတစ်ယောက် မဖြစ်ချင်သောကြောင့် အေးဂျင့်ထံ စာချုပ်ရပ်စဲရေးစာတစ်စောင် ပေးပို့ခဲ့သည်။ နောက်တစ်နေ့တွင် သူက ဗီဒီယိုတစ်ခုကြောင့် မတော်တဆ နာမည်ကြီးသွားခဲ့ပေသည်။
[ အားးးး ငါ မယုံနိုင်သေးဘူး ချစ်စရာကောင်းတဲ့ မောင်ငယ်လေးပဲ… ကျေးဇူးပြုပြီး ဒီမောင်ငယ်လေး ပွဲဦးထွက်ဖို့ fundတွေ စုဆောင်းကြပါဦး…]
အနုပညာအသိုင်းအဝိုင်းထဲကထွက်ဖို့ စီစဉ်နေတာ ဘယ်သူလဲ…
***
ဝမ်မိသားစုတွင် ထောင်နှင့်ချီသောလူများစွာက ချစ်ခင်ခြင်းခံရသည့် မင်းသားငယ်လေးတစ်ယောက်ရှိကြောင်း Cမြို့တစ်မြို့လုံး သိကြပေသည်။ ထို့အပြင် သူ့မွေးနေ့ပွဲက ဟိတ်ဟန်များပြီး အလွန်ခမ်းနားကြီးကျယ်လှသဖြင့် သတင်းစာခေါင်းစီးများတွင် ပါဝင်လာခဲ့သည်။
သို့ရာတွင် သူတို့မသိကြသည်မှာ ဝမ်ယွီက ဝမ်မိသားစု၏ အငယ်ဆုံးမင်းသားလေး မဟုတ်ပေ။ မင်းသားငယ်လေးအစစ်က ငယ်စဉ်ကတည်းက ပြန်ပေးဆွဲခံခဲ့ရပြီး ယခုအချိန်ထိ ရှာမတွေ့သေးချေ။
သွေးသားတော်စပ်ကြောင်း ဆေးစစ်ချက်ရလဒ် ထွက်ပေါ်လာသောအခါ ဝမ်မိသားစုက လုဝမ်ရှင်းကို ရှာဖွေရန် မစောင့်ဆိုင်းနိုင်ကြတော့သော်လည်း သူတို့က သူ့ကို ခြောက်လှန့်မိမည်ကို ကြောက်နေကြသည်။
" ရှင်းရှင်းရေ မာမားကို မှတ်မိရဲ့လား…"
" ရှင်းရှင်းရေ ပါပါး ပါ… ပါပါးကို ရင်းနှီးနေတယ်လို့ မထင်ဘူးလားဟင်…"
" ရှင်းရှင်း… ငါ့ကိုကောကောလို့ ခေါ်နော်…"
#ထိတ်လန့်စရာသတင်းပဲ… နာမည်ကျော်ကြယ်ပွင့်လုဝမ်ရှင်းက တကယ်တော့ ဝမ်မိသားစုက ပျောက်နေတဲ့ မင်းသားငယ်လေးတဲ့#
[ အားးးး မင်းသားလေးရေ တို့ကို ရွေးပါ… တို့က တကယ် ချိုမြိန်တာနော်…]
[ နင်တို့အားလုံး ထွက်သွားသင့်တယ်… ငါကမှ အိမ်ရှေ့စံ မင်းသမီးလေးနော်…]
လပေါင်းများစွာတိုင်အောင် မည်သည့်ပို့စ်တစ်ခုမှ မတင်ခဲ့သော ရုပ်ရှင်ကြယ်ပွင့် ကုယန်ရှန်းက လိုင်းပေါ် တိတ်တဆိတ် တက်လာခဲ့သည်။
@လုဝမ်ရှင်းဆိုတဲ့ မင်းသားငယ်လေးက ငါ့အပိုင်ပဲ…
🎬🎬🎬
Reviews