Chapter 18
Viewers 12k

🎬 Chapter 18

ပိုတင်းကြပ်တယ်



“ကျွန်တော် ကုလောင်ရှီးရဲ့ ဗိုက်ကြွက်သားကို ထိလို့ရမလား…”


စုန့်ကျားကျားနှင့်လီရှန်းမင်တို့မှာ ထိုစကားကြောင့် ရုတ်တရက် ထိတ်လန့်သွားကြသည်။

လုဝမ်ရှင်း သူ‌ပြောနေတာကို သူကိုယ်တိုင်ရော သိရဲ့လား...


နှစ်ယောက်သား ကြက်သေသေကာ အိပ်မက်မက်နေသလိုပင် ခံစားလိုက်ရသည်။ ရလဒ်အနေဖြင့် သူတို့အာရုံများပြန်ရလာပြီးနောက်တွင် ကုယန်ရှန်း၏ ချိုသာသော အဖြေစကားကို သူတို့ကြားလိုက်ရသည်။

"ရတယ်လေ..."


လူတိုင်း: !!!


လုဝမ်ရှင်း: .....?


အမှန်တွင် ကုယန်ရှန်းလည်း လုဝမ်ရှင်း၏ ထိုစကားများကိုကြားစဉ်က အံ့အားသင့်သွားသည်။ လုဝမ်ရှင်းကြောင့်မဟုတ်ဘဲ ဒါရိုက်တာက ဤမျှလောက် လူသား မဆန်ဘဲဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့်ဖြစ်သည်။


လုဝမ်ရှင်း သူ့ကိုတကယ်ထိမည်ကို သူ စိတ်မပူ‌ချေ။ ပရိုဂရမ်က လူထုအာရုံကို ဆွဲဆောင်ရန် လိုအပ်သော်လည်း အောက်ခြေစည်းတစ်ခု ရှိရပေမည်။


ဒါရိုက်တာက လုဝမ်ရှင်းကို သူ၏ဗိုက်ကြွက်သားအား ပရိသတ်များ၏ ရှေ့တွင် အမှန်တကယ်ထိခိုင်းရန်မှာ မဖြစ်နိုင်ချေ။


ကုယန်ရှန်းက လျှို့ဝှက်မစ်ရှင်မှာ မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ရမည်ကို မသိပေ။ မည်သို့ပင်ဖြစ်စေကာမူ လုဝမ်ရှင်းနှင့် ပူးပေါင်းလုပ်ဆောင်ရခြင်းကား အမြဲတမ်းမှန်ကန်သည်။


လုဝမ်ရှင်း တုံ့ဆိုင်းနေပုံကို ကြည့်ခြင်းအားဖြင့် ၎င်းက လျှို့ဝှက်မစ်ရှင်တစ်ခု ဖြစ်လိမ့်မည်ဟု သူခန့်မှန်းမိလိုက်သည်။ ထို့ကြောင့်ပင် လုဝမ်ရှင်း ဆက်လုပ်၍ရရန် ကူညီပေးလိုက်ခြင်းဖြစ်သည်။


ထိုစာကြောင်းက ဤမျှထိရှက်ဖွယ်ကောင်းမည်ဟု သူ မ‌ထင်ထားမိချေ။


လုဝမ်ရှင်းအတွက် တကယ်ကို ခက်ခဲနေခဲ့သည်။


ကုယန်ရှန်းလည်း လုဝမ်ရှင်းကို စာနာစိတ်အပြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။


စုန့်ကျားကျားနှင့်လီရှန်းမင်တို့က နောက်ဆုံးတွင် သဘောပေါက်သွားရှာသည်။ 

"ရှင်းရှင်း နင် လျှို့ဝှက်မစ်ရှင် လုပ်နေတာမလား..."


လုဝမ်ရှင်း၏ မစ်ရှင်က ထိုတွင် ပြီးဆုံးသွားပြီဖြစ်ပြီး သူ့မျက်နှာပေါ်ရှိ အပူလှိုင်းများသည်လည်း တဖြည်းဖြည်းလျော့လာသည်။


"ငါတို့‌ရော၊ ငါတို့ရဲ့လျှို့ဝှက်မစ်ရှင်က ဘာလဲ..." 

စုန့်ကျားကျားက ဝမ်မင့်ဘက်ကို ချက်ချင်းလှည့်ကြည့်ကာ ပြောလိုက်သည်။

"မြန်မြန်၊ နင့်ရဲ့ စာသားကိုပြောတော့..."


ဝမ်မင်: "......"


လီရှန်းမင်က စုန့်ကျားကျား၏ အဖွဲ့ထံမှ လုခံရမည်စိုးသဖြင့် ကျိုးဇီထုံကို ဆွဲ၍ ပြောလိုက်သည်။

"မင်းရဲ့ စာသားတွေက ဘာတွေလဲ၊ ပေါင်တွေကို ထိတာလား..."


ဘယ်နတ်ဘုရားရဲ့ ရွှေပေါင်လုံးကိုလဲ....


"ဖွီးးဟားဟားးဟားးး" 

ဝမ်မင်က စုန့်ကျားကျားကြောင့် အနည်းငယ်စကားမပြောနိုင်သေးသော်လည်း ထိုစကားကိုကြားလိုက်ရသည်နှင့် အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။


ယခုအချိန်တွင် လူတိုင်းက လျှို့ဝှက်မစ်ရှင် ရှိမှန်း သိသွားကြပြီဖြစ်သည်။ ဝမ်မင်က စုန့်ကျားကျားကို ယောဂသင်ပေးခိုင်းမည်ဆိုလျှင်ပင် မစ်ရှင်၏အခြေအနေမှာ လိုက်လျောညီထွေမှု မရှိနေချေ။


ကျိုးဇီထုံက အစကတည်းကပင် မစ်ရှင်ကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ သူ၏လမ်းညွှန်မှုမပါလျှင် လီရှန်းမင် "ငါ့ရဲ့ ညီအစ်ကိုကောင်း" သီချင်းကို သီဆိုရန်မဖြစ်နိုင်ချေ။ ထို့ပြင် သူ့တွင် သီချင်းစာသားများနှင့် သံစဉ်ကို ပြောပြခွင့်မရှိပေ။


လုဝမ်ရှင်းက သူ၏မစ်ရှင်ပြီးမြောက်သွားပြီဖြစ်ပြီး အခြားအသင်းများမှာ အနှုတ်အမှတ်များသာ ရနေသောကြောင့် သူစိတ်ပူစရာမလိုပေ။


ဒါရိုက်တာက သူတို့နောက်ဆုံး ရုန်းကန်နေရာမှ အရှုံးပေးလိုက်သည်ကို မြင်လိုက်သဖြင့် "လုဝမ်ရှင်းက လျှို့ဝှက်မစ်ရှင်ကို ပြီးမြောက်အောင်မြင်သဖြင့် အမှတ်သုံးဆယ် ပေါင်းထည့်လိုက်သည်" ဟု ကြေညာခဲ့သည်။


ထို့နောက် သူတို့ပျော်ရွှင်မည့်အချိန်တွင် ဒါရိုက်တာက

" ဝမ်ယွီ လျှို့ဝှက်မစ်ရှင်ကို မပြီးမြောက်ခဲ့ပါ။ မင်းတို့အဖွဲ့က အမှတ်လေးဆယ် နုတ်ခံရမယ်" ဟု ပြောလိုက်သည်။


လုဝမ်ရှင်း: ???


ကုယန်ရှန်း:???


"ဟားဟားးဟားးး..." 

ဝမ်မင်က ပြင်းပြင်းထန်ထန် ရယ်မောကာ မျက်ရည်များပင် ထွက်လာသည်။ 

"အသေ ရယ်ရတယ်..." 


ထိုသတင်းကောင်းမျိုးကို သူ မ‌မျှော်လင့်ထားပေ။ ကျိုးဇီထုံသည်လည်း မတ်မတ်ပင်မရပ်နိုင်ဘဲ အလွန်ရယ်မောနေသည်။ 

"ရှင်းရှင်းက အဲ့ဒီရှက်စရာကောင်းတဲ့စကားတွေကို သတ္တိ‌တွေမနည်းစုဆောင်းပြီး ပြောခဲ့ရတာက အမှတ်လေးဆယ် နုတ်ခံရဖို့တဲ့..."


"တောင်းပန်ပါတယ်... ငါ့မစ်ရှင်က အကုန်လုံးကို နှိုးဖို့ပါ... ငါအောင်မြင်ရင် အမှတ်က နှုတ်ခံရမှာမဟုတ်ဘူး...ဒါပေမယ့်..." 

ဝမ်ယွီက တောင်းပန်သည့်အမူအရာဖြင့် ခေါင်းကုတ်လိုက်သည်။


"ငါ အအိပ်လွန်သွားတာ... အဲ့ဒါနဲ့ အားလုံးက ငါ့ထက် စောထသွားကြပြီး ရှင်းရှင်းတော့ အိပ်ရာထဲမှာပဲရှိဦးမှာလို့ ထင်လို့ သွားနှိုးမလို့ကို ကျွန်တော်သွားတော့ သူက နိုးပြီးလို့ ရေတောင်ချိုးနေပြီ…"


"မင်းအမှား မဟုတ်ပါဘူး...တောင်းပန်စရာ မလိုဘူး..."


ကုယန်ရှန်းက စကားပြောလိုက်ခြင်းဖြစ်ပြီး လူတိုင်းက သူ့ကို ကွဲပြားသောအကြည့်များပေးခဲ့သည်။ ကုယန်ရှန်းက အရင်ဆုံး ပြောလာပြီး နှစ်သိမ့်ပေးလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။


ဝမ်ယွီ၏ မျက်နှာမှ စိတ်ဓာတ်ကျနေသော အမူအရာမှာ ‌ပျောက်ကွယ်သွားပြီး အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ "ကျေးဇူးတင်ပါတယ် ရှန်းကော...ရှင်းရှင်း ငါ့ကို အပြစ်မတင်ဘူးမလား…"


လုဝမ်ရှင်း ခေါင်းညိတ်တုံ့ပြန်လိုက်သည်။


သူ့မျက်လုံးများက ကုယန်ရှန်းနှင့်ဝမ်ယွီ နှစ်ဦးကြားတွင် လှည့်ပတ်ကြည့်ရှုနေသည်။ 

ဒါက ခံစားချက်တွေ စတင်ပေါ်ပေါက်လာတာမလား...


သို့သော် လုဝမ်ရှင်း မသိခဲ့သည့်အရာမှာ ထိုမနက်က ဝမ်ယွီလာနှိုးခဲ့သည့်အချိန်တွင် သူ မနိုးသေးချေ။ 


ကုယန်ရှန်းက ဝမ်ယွီကိုလိမ်ပြောခဲ့ခြင်း ဖြစ်သည်။


ဝမ်ယွီ တံခါးလာခေါက်သည့်အချိန်တွင် ကုယန်ရှန်း များများစားစားမစဉ်းစားခဲ့ချေ။ ဝမ်ယွီ လုဝမ်ရှင်းကို နှိုးရန် အခန်းထဲကို ဝင်လာသောအခါ ဝမ်ယွီ၏အနောက်ဘက်တွင်ရှိသော ကင်မရာသမားကို သူ သတိထားမိလိုက်သည်။


ထို့ကြောင့်ပင် လုဝမ်ရှင်းနိုးနေပြီဟူသော ဆင်ခြေကိုသုံးကာ ဝမ်ယွီကို အရင်ထွက်သွားခိုင်းလိုက်သည်။


သို့သော် ကုယန်ရှန်းက ဝမ်ယွီ မစ်ရှင်လုပ်နေကြောင်းသိထားသည်ဆိုလျှင်ပင် သူ အိပ်ခန်းကို ဝင်ခွင့်မပြုနိုင်ပေ။


အကြောင်းကား သူ ကင်မရာသမားကို လုဝမ်ရှင်း၏အိပ်နေသောမျက်နှာလေးအား ရိုက်ကူးခြင်းမပြုစေချင်ပေ။


ကုယန်ရှန်းက ကိုယ်ရေးကိုယ်တာကိစ္စများကို အလေးထားသူတစ်ဦးဖြစ်ပြီး ကင်မရာရှေ့တွင် သူ၏မိသားစုဝင်များ အကြောင်း မည်သည့်အချိန်ကမှ ထုတ်မပြောဖူးချေ။


လုဝမ်ရှင်း၏ ပိုစတာကိုရှာတွေ့သည့်အချိန်တွင်လည်း သူ့သူငယ်ချင်းက လိုချင်သောကြောင့်ဟုသာပြောပြပြီး သူ့ညီလေးဟု ထုတ်ဖော်မပြောကြားခဲ့ပေ။


ဝမ်ယွီ တောင်းပန်လာပြီး အပြစ်ရှိစိတ်ခံစားနေရသောအခါတွင်လည်း ကုယန်ရှန်းက သူ့ကိုနှစ်သိမ့်ပေးနေခြင်းမဟုတ်ဘဲ အမှန်တရားကို ပြောပြနေခြင်းသာဖြစ်သည်။ 

အမှန်တွင်လည်း ဝမ်ယွီအပြစ်မဟုတ်ဘဲ သူကသာ ဝမ်ယွီကို အိပ်ခန်းထဲ ပေးမဝင်ခဲ့ခြင်းဖြစ်သည်။


သို့သော် ကုယန်ရှန်း၏ စကားများမှာ အခြားသူများ၏နားထဲတွင်မူ နှစ်သိမ့်ပေးသလိုသဘောမျိုးသက်ရောက်သွားသည်ဟု သူလည်း မမျှော်လင့်ထားပေ။


သေသေချာချာ လေ့လာတွေးတောကြည့်လိုက်လျှင် အခြားသောအဓိပ္ပာယ်များကို ‌ရှာတွေ့နိုင်ပေသည်။


ရိုက်ကူးရေးမပြီးခင် နာရီအနည်းငယ်အလိုတွင် ဒါရိုက်တာက စကားပြောခန်းပုံစံဖြင့် အင်တာဗျူးလုပ်ရန် စီစဉ်ခဲ့သည်။


"အင်တာနက်အသုံးပြုသူတွေဆီက ငါ မေးခွန်းတွေ စုဆောင်းလာတယ်... ငါတို့ ကျန်တဲ့အချိန်တွေကို လူတွေရဲ့စပ်စုချင်စိတ်တွေ ကျေနပ်ဖို့သုံးကြတာပေါ့..."


ဒါရိုက်တာက သူ့လက်ထဲတွင် ကိုင်‌ဆောင်ထားသော စာရွက်တစ်ရွက်ကို လှန်လိုက်ပြီး ပြောလိုက်သည်။

"ဒီမေးခွန်းက ပါတနာအဖွဲ့အဖွဲ့ဝင် သုံးယောက်နဲ့ အကူဧည့်သည်အတွက်ပဲ..."


"နောက်ဆုံးထုတ်လွှင့်ထားတဲ့အပိုင်းမှာ လူတိုင်းနီးပါး ပရိသတ်တွေအများကြီး ရခဲ့ကြတယ်မလား... အဲဒါနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရလဲ..."


"ခံစားရတာပေါ့..." 


"အိပ်မက်တစ်ခုလိုပဲ...follower တစ်သိန်းကျော် တိုးလာတာကြီးက လုံးဝမယုံနိုင်လောက်အောင်ပါပဲ... ညီမတင်မကဘူး ကျန်တဲ့အဖွဲ့ဝင်၄ယောက်ရဲ့ follower လည်း တက်လာတယ်..."

ဝမ်မင်က ပြောလိုက်သည်။


"မင်းရဲ့ အဲ့အဖွဲ့ဝင်တွေကရော ဘာပြောသေးလဲ..."


"ကင်မရာက ညီမမျက်နှာအနီးကပ်ကို ပြပေးဖို့တောင် သူတို့မစောင့်နိုင်တော့ဘူးတဲ့..."


"ဟားဟားးဟားးး နင့်ရဲ့အဖွဲ့ဝင်တွေ အဲ့လိုတကယ်ကြီး ပြောတာလား..."

စုန့်ကျားကျားက ကင်မရာသမားကို လက်ယမ်းပြကာ ပြောလိုက်သည်။

"ဒီမှာ ဒီမှာ...သူ အနီးကပ်ရိုက်ချက်တစ်ခု လိုတယ်၊ မျက်နှာကို သေချာ အနီးကပ်ထိကိုရိုက်ပေးပါ…"


"ကျွန်တော်လည်း ဝမ်မင်လိုပါပဲ... အိပ်မက်မက်နေရသလို ခံစားရတယ်...အရင်က ညတွင်းချင်း နာမည်ကြီးလာဖို့ဖို့ စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် အစီအစဉ် ထုတ်လွှင့်ချိန်မှာ တစ်ညထဲနဲ့ Follower တစ်သိန်းကျော်လောက် ရလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး..."


ကျိုးဇီထုံက လီရှန်းမင် ဘက်သို့လှည့်ပြီး ကျေးဇူးတင်လိုက်သည်။

"ကျွန်တော့်ကို ဒီအခွင့်အရေးမျိုး ပေးခဲ့တဲ့ ရှန်းမင်ကော ကို ကျေးဇူးတင်ပါတယ်..."


"ဝမ်ယွီကရော...နောက်ဆုံးအပိုင်းကို ထုတ်လွှင့်တုန်းက မင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီက စာတွေအများကြီးရတယ်၊ သူတို့က မင်းရဲ့ဇာတ်ကွက်တွေ ပိုပါလာဖို့ မျှော်လင့်နေကြတယ်တဲ့..."


ဝမ်ယွီက ရုပ်ရည်ချောမောလှပပြီး သိမ်မွေ့သော အပြုအမူများရှိသည်။ ထိုအပြုအမူများကြောင့်ပင် သူ့တွင် မိန်းကလေးပရိသတ်များ အများအပြားရှိနေခြင်းဖြစ်သည်။


"ကျွန်တော့်ကို ဒီရှိုးကနေတစ်ဆင့် အားပေးကြတဲ့ ကြိုက်နှစ်သက်ပေးတဲ့ ပရိသတ်တွေကို ပထမဦးစွာ ကျေးဇူးတင်ပါတယ်...ကျွန်တော့်ကို ဒီလိုအားပေးကြမယ်လို့ ကျွန်တော်မမျှော်လင့်ထားပါဘူး...ကျွန်တော် အရမ်းလည်း စိတ်လှုပ်ရှားမိပြီး ပျော်လည်း ပျော်ပါတယ်..."


"တကယ်တော့ ဖျော်ဖြေရေးလောကထဲကို စဝင်တုန်းက မိသားစုက ပံ့ပိုးမှု မပေးခဲ့ပေမယ့်လည်း ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်... ကျွန်တော်က ရုပ်ရှင်ရိုက်ရတာ ကြိုက်ပြီး နောက်အနာဂတ်မှာလည်း ရုပ်ရှင်ဇာတ်ကောင်တွေအများကြီး ရိုက်ရဖို့ မျှော်လင့်ပါတယ်...တစ်ချိန်တည်းမှာပဲ မိသားစုကိုလည်း ကျွန်တော်လုပ်နိုင်ကြောင်း သက်သေပြချင်ပါတယ်..."


"မင်း လုပ်နိုင်ပါတယ်...ကြိုးစားထားး..."


"ကြိုးစားထား...ရှောင်ဝမ်..."


ခေါင်းစဉ်မှာ ရုတ်တရက် ပြောင်းလဲ၍နွေးထွေးလာပြီး လူအုပ်ကြီးက ဝမ်ယွီကို တစ်ခဲနက် အားပေးခဲ့သည်။


လုဝမ်ရှင်း သိပြီးသားဖြစ်သည်။ သိရခြင်းအကြောင်းမှာ သူ့လက်ထဲတွင်ရှိသော ဇာတ်ကြောင်းကြောင့်ဖြစ်ပြီး ဝမ်ယွီ၏ကာရိုက်တာက မိမိကိုယ်မိမိ အားကိုးတတ်သည်ဟု လုဝမ်ရှင်း ထင်ခဲ့သော်လည်း သူ့မိသားစုက သူ့ကို အထောက်အပံ့မပေးချင်ဟု မမျှော်လင့်ထားပေ။


ဝမ်ယွီက ဝမ်မိသားစုပိုင်သော ရုပ်ရှင်နှင့် ဖျော်ဖြေရေးကုမ္ပဏီသို့ မသွားဘဲ မန်းဂိုးအင်တာတိန်းမန့်သို့ ရောက်လာခဲ့သည်မှာ အံ့သြစရာမဟုတ်‌တော့ချေ။


ဝမ်မန်ကဲ့သို့ ကိုယ့်အကျိုးကိုသာကြည့်‌သော အေးဂျင့်တစ်ဦးက ဝမ်ယွီအပေါ် ဘက်လိုက်‌နေသည့် အကြောင်းရင်းမှာ ဝမ်ယွီ၏ မိသားစုအကြောင်းကို မတော်တဆ သိလိုက်ရပြီး နောက်တွင် မတင်းကြပ်ဝံ့သောကြောင့်ဖြစ်သည်။


"မင်းရော ရှင်းရှင်း၊ ဒီ ရသစုံရှိုးမတိုင်ခင်က အားလုံးထဲမှာ မင်းက လူသိနည်းဆုံးမလား၊ အခု ဘယ်လိုခံစားရလဲ..."


လုဝမ်ရှင်းက အနုပညာလောကထဲမှ နှုတ်ထွက်တော့မည်ဖြစ်သောကြောင့် ဘာမှ မခံစားရသော်လည်း သူသည် အခုရှိုးတွင် ပါဝင်ရိုက်ကူးနေဆဲ ဖြစ်သောကြောင့် သေချာပေါက် ထိုသို့မပြောနိုင်ချေ။


သူ ဤလောကထဲမှ နှုတ်ထွက်ပြီးလျှင် သူ့နောက်ကို လိုက်ပြီး အားပေးနေ‌သောပရိသတ်များကို လက်လွှတ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။


လုဝမ်ရှင်းက ပုံမှန်အားဖြင့် Weibo သုံးလေ့မရှိသောကြောင့် သူ့အကောင့်ထဲတွင် ပရိသတ်များ တက်လာပြီး ပရိသတ်များ၏ပေးပို့ထားသောစာများမှာလည်း အလွန်များပြားလာသည်။ သို့သော် လုဝမ်ရှင်း ဝင်မကြည့်ရဲချေ။ သူ ကြောက်သည်။ သူ အနုပညာလောကထဲမှ ထွက်ရန် မနှုတ်ထွက်နိုင်တော့မည်ကို ကြောက်သည်။


ဝမ်ယွီက ရုပ်ရှင်ရိုက်ကူးရခြင်းကိုနှစ်သက်ကြောင်း ပြောခဲ့သည်။ သူသည်လည်း ရုပ်ရှင်ရိုက်ကူးရခြင်းကို အလွန်နှစ်သက်ပေသည်။ သို့သော် ဝမ်မန်က သူ့ကို မည်သို့သောအခါမှ လူရွေးပွဲဖြေနိုင်သော အခွင့်အရေးများ မပေးခဲ့ချေ။


"ရှင်းရှင်း...ဘာမှမပြောတော့ဘူးလား…"

လုဝမ်ရှင်း အချိန်အတော်ကြာတုံ့ဆိုင်းနေခဲ့ခြင်းကြောင့် ဒါရိုက်တာက ထပ်မေးလိုက်ရာ လူတိုင်း သူ့ကိုကြည့်လာကြရသည်။


လုဝမ်ရှင်းက ဝမ်မင်၏စကားများကို ပြန်ပြောလိုက်သည်။ "အိပ်မက်တစ်ခုလို ခံစားရပါတယ်…"


လူတိုင်း: "....."


ဝမ်မင်သာမက ကျိုးဇီထုံပါ ဤစကားကို ပြောခဲ့သည်။ ထိုအချိန်က သူတို့အမှန်တကယ် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြောင်း လူတိုင်းပြောနိုင်သည်။


ဒါပေမဲ့ လုဝမ်ရှင်း ပြောလိုက်တဲ့အချိန်မှာတော့ ဘာဖြစ်လို့ စက်ရုပ်လိုမျိုး ခံစားချက်မပါသလို ခံစားရပါလိမ့်...


လုဝမ်ရှင်းကိုကြည့်ရသည်မှာ အလွန်ပင် စိတ်အေးလက်အေး ဖြစ်နေသကဲ့သို့ထင်ရပြီး ညတွင်းချင်း ပရိသတ် တစ်သိန်း သို့မဟုတ် နှစ်သိန်းရရှိခြင်းသည် စိတ်လှုပ်ရှားစရာကိစ္စမဟုတ်သလိုပင် ဖြစ်နေသည်။


"နောက်ထပ် ပြောစရာရှိသေးလား..."

 á€’ဍရိုက်တဏက ထပ်မေးလာသည်။


လုဝမ်ရှင်း သေချာစဉ်းစားပြီးနောက် "မရှိတော့ပါဘူး" ဟု ပြောလိုက်သည်။


လူတိုင်း: "....."


နောက်ထပ် ပြောစရာမရှိတော့သောကြောင့် ဒါရိုက်တာက နောက်ခေါင်းစဉ်တစ်ခုသို့သာ ကူးပြောင်းလိုက်သည်။

 â€œá€’ဎမ္းခွန်းက ငါတို့ရဲ့ ဧည့်သည်အဖွဲ့အတွက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုရရှိထားတဲ့ ခေါင်းစဉ်တစ်ခုပါ...”


” မင်းတို့ရဲ့ပါတနာကို ဘယ်လိုရွေးချယ်ခဲ့တာလဲ တဲ့..."


"ကျပန်းရွေးလိုက်မိတာ..."


"ရှောင်မင်က ကျွန်မကို အရမ်းကောင်းတဲ့ ပထမဆုံးအမြင် ပေးခဲ့တယ်...ဒါ‌ကြောင့် ရွေးလိုက်တာ..."


"ယန်ရှန်းရော ရှင်းရှင်းကို ဘယ်လိုရွေးခဲ့တာလဲ၊ ပထမဆုံးအမြင်ကြောင့်လား ဒါမှမဟုတ် ကျပန်းလား..."


"တစ်ခုမှ မဟုတ်ပါဘူး..."


ကုယန်ရှန်းက ငြင်းလိုက်ပြီးနောက်တွင် လူများမှာ ပိုမို သိချင်လာကြသည်။ ပါဝင်နေသူ လုဝမ်ရှင်းတွင်ပင် သိချင်စိတ်ဖြစ်လာသည်။


"ဒါဆို ဘယ်လိုရွေးခဲ့တာလဲ..." 

စုန့်ကျားကျားက မေးလိုက်သည်။

 "ရှင်းရှင်းက ရုပ်ချောလို့များလား..."


"မဟုတ်ဘူး၊ ငါက အရမ်းတင်းကြပ်တယ်..."


လူတိုင်း သူ့ကို လေးလေးနက်နက်မေးလာကြသည်။ 

"ဘယ်လိုမျိုးလဲ၊ ဘယ်လို ပြင်းထန်တဲ့ နည်းလမ်းတွေနဲ့ လုပ်ခဲ့တာလဲ..."


လူတိုင်းကို သိချင်စိတ်များ၊ ထိတ်လန့်မှုများ‌ဖြင့် အတွေးများစေသူ ကုယန်ရှန်းက လုဝမ်ရှင်းကို ခေါင်းလှည့်ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းများအနည်းငယ် ကော့တက်လာ၍ ပေါ့ပါးသောလေသံဖြင့် ပြောလိုက်သည်။


"ကိုယ်လုပ်တော်ရွေးချယ်တဲ့ စံနှုန်းတွေအတိုင်းလေ..."


လူတိုင်း: ????


တစ်ဦးတည်းသော နားလည်သူလေး လုဝမ်ရှင်း: "....."



🎬🎬🎬


ပထမဆုံးအကြိမ် သန့်စင်ခန်းထဲမှာတွေ့ခဲ့တုန်းက ရှင်းရှင်းပြောထားတာကို ခုထိမှတ်ထားတုန်းတော့😆