Chapter 17
Viewers 12k

🎬 Chapter 17

ပျက်စီးသွားသော အရှက်တရား



ဘယ်လိုတောင် အရှက်မရှိတဲ့ စာသားပါလိမ့်…


ဒီမစ်ရှစ်ကိုလုပ်ခိုင်းတဲ့လူက ခွေးသွေးဝတ္ထုတွေရဲ့ အကြီးစားဖန်ပဲနေမှာ… 


“ကျွန်တော် ပြန်ရွေးလို့ရမလား…” 

လုဝမ်ရှင်းက မရဲတရဲ မေးကြည့်လိုက်သည်။


“မရဘူး…”

ထင်ထားသည့်အဖြေဖြစ်သည်။ သို့သော်လည်း လုဝမ်ရှင်းက ဤမစ်ရှင်ကိုလက်ခံရန် ခက်ခဲနေသေး၏။ သူ့တွင် မတိုင်မီအချိန်ကရှိနေခဲ့သည့် တည်ငြိမ်မှုများ မရှိတော့ချေ။


သူက ရှက်တတ်သည့်လူမဟုတ်သော်လည်း ဤကဲ့သို့ အရှက်မရှိသည့် စာသားကိုမူ မပြောနိုင်ပေ။ ဝေ့ဇယ် သို့မဟုတ် သူနှင့်ရင်းနှီးသည့် အခန်းဖော်များဆိုလျှင် ဤမစ်ရှင်က လွယ်ကူရိုးရှင်းနေမည်ဖြစ်သည်။


သို့ရာတွင် ပြောရမည့်လူက ကုယန်ရှန်းဖြစ်နေ၏။


နေရာမှာတင် ပေါက်ကွဲသွားရင်ကောင်းမှာပဲ…

လုဝမ်ရှင်းက တွေးလိုက်၏။


“မစ်ရှင်ကို လဲကြမလား…”

လုဝမ်ရှင်းက ကျိုးဇီထုံကိုကြည့်ပြီး မေးလိုက်သည်။


ကျိုးဇီထုံက အဝေးသို့ အကြည့်လွှဲလိုက်၏။ 


အကုန်လုံးရှေ့မှာ ဒီလိုစကားမျိုး မပြောချင်ပါဘူး…


ဝမ်မင်က လုဝမ်ရှင်းကို ကြည့်ပြီး မေးလိုက်သည်။ 

“ဝမ်ရှင်း… ငါနဲ့လဲမလား…”


ကြိုမပြောထားဘဲနဲ့ စုန့်ကျားကျားကို ယောဂကျင့်ခိုင်းဖို့ မလွယ်ဘူး… ဒါပေမဲ့ စုန်ကျားကျားကို ဒီလိုစကားပြောရမယ်ဆိုရင်တော့ အရမ်းလွယ်တယ်…


“အစ်မကျားကျားမှာ V line ရှိတယ်… အဲ့ဒါလည်း ဗိုက်ကြွက်သားလို့ ထည့်တွက်လို့ရတယ်မလား…”


ကျိုးဇီထုံ : “ဒါပေမဲ့ ရှန်းကော ယောဂကျင့်နေမယ့်ပုံကို မြင်ယောင်ကြည့်ဦး…”


လုဝမ်ရှင်း : “….”


ဝမ်မင် : “ငါက ဒီတိုင်းပြောကြည့်တာ… အတည်မထင်ပါနဲ့…”


ဝမ်မင်က နောက်နေသည်ဆိုသော်လည်း ဒါရိုက်တာက ထပ်ပြီး သတိပေးလိုက်သည်။ 

“မစ်ရှင်တွေကို လဲလို့မရဘူး… ကိုယ့်လုပ်ရမယ့်ဟာကို မနက်ဖြန်နေ့လည်မတိုင်ခင် အပြီးလုပ်ရမယ်…”


“ခဏလေး… ကျွန်မမှာမေးစရာရှိတယ်…” 

ဝမ်မင်က ရယ်စရာတွေ့ထားသည့် ပုံစံဖြစ်နေ၏။

“ဝမ်ရှင်းက ကုလောင်ရှီးကို ဒီစကားပြောရုံပဲလား… ဒါမှမဟုတ် တကယ်ထိပြဖို့ လိုသေးလား…”


လုဝမ်ရှင်း : “….”


ကျိုးဇီထုံက မျက်လုံးပြူးသွား၏။ သူလည်းသိချင်သည်။

 â€œá€›á€žá€”်းက္ဏ ‘Re-entry’ ကိုရိုက်တုန်းက သူ့ eight packကို ပြဖူးတယ်… နည်းနည်းလောက် ပိုခက်သင့်တယ်…”


ဝမ်မင်က ချဲ့ကားပြီးပြောလိုက်သည်။ 

“ဝိုး… ဒါက မစ်ရှင်ဟုတ်လို့လား… ဒါက fan service ဆိုတာ သိသာပါတယ်… ဒီအပိုင်းထုတ်လွှင့်ပြီးရင် ကောမန့်တွေမှာ အော်ဟစ်နေတဲ့ ကြက်ပုံတွေအပြည့် ဖြစ်နေမှာကို မြင်ယောင်နေသေးတယ်…”


fan service…


လုဝမ်ရှင်းက ဝမ်မင်ကို မျက်နှာသေဖြင့်ကြည့်လိုက်၏။

“မစ်ရှင် မင်းကိုပေးရမလား…”


“မလိုဘူး… မလိုဘူး… “ 

ဝမ်မင်က ချက်ချင်း ရုပ်တည်လိုက်၏။


နောက်နေတာပဲကို… ဒါက ကုယန်ရှန်းကြီးလေ… ခိုးရဲတဲ့စိတ်ရှိရင်တောင် ဒါတော့မလုပ်ရဲပါဘူး…


****


လုဝမ်ရှင်း အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ကုယန်ရှန်းက အိပ်ရာပေါ်တွင်လှဲပြီး ဖုန်းသုံးနေ၏။


ရင်းနှီးနေသည့် နောက်ခံသီချင်းကို ကြားပြီးနောက် သားပေါက်ပျိုး‌ထောင်သည့်ဂိမ်း ဆော့နေသည်ကို သိလိုက်သည်။ ဘာကိုမှမသိဘဲ အေးအေးဆေးဆေး ဂိမ်းဆော့နေနိုင်သည့် ကုယန်ရှန်းကိုကြည့်ပြီးနောက် လုဝမ်ရှင်းက သက်ပြင်းချလိုက်လေသည်။


”ဘာဖြစ်လို့လဲ…”

လုဝမ်ရှင်း မတ်တတ်ရပ်နေသည်ကို မြင်သဖြင့် ကုယန်ရှန်း မေးလိုက်၏။


“ဘာမှမဟုတ်ပါဘူး…”


လုဝမ်ရှင်းက အခန်းတံခါးကို ပိတ်လိုက်ပြီး အပေါ်အင်္ကျီကို ဗီဒိုထဲထည့်လိုက်၏။ ထို့နောက် သူဝတ်မည့် ညအိပ်ဝတ်စုံကို ထုတ်လိုက်သည်။


“အရမ်းနောက်ကျနေပြီ… မအိပ်သေးဘူးလား…”


“အိပ်တော့မှာပါ…” 

ကုယန်ရှန်း ပြန်ဖြေလိုက်သည်။


သူ့ကျားပေါက်က အိပ်ပြီဖြစ်သဖြင့် ဂိမ်းကိုပိတ်ကာ ဖုန်းကို ဘေးသို့ချလိုက်သည်။ သူမော့ကြည့်လိုက်သည့်အချိန်တွင် လုဝမ်ရှင်းက အင်္ကျီချွတ်နေသည်ကို မြင်လိုက်ရလေ၏။


ကုယန်ရှန်း “….”


လုဝမ်ရှင်းက သူ့ကိုကျောပေးထား၏။ 


နောက်ကျောက အရမ်းလှတယ်… အသားအရေကလည်း ဖြူဖွေးနူးညံ့နေတာပဲ…


ကုယန်ရှန်း အသက်ရှူသွင်း ရှူထုတ်လုပ်နေစဉ်တွင် လုဝမ်ရှင်းက အင်္ကျီလဲပြီးကာ နောက်လှည့်လာ၏။


“ဘာဖြစ်လို့လဲ…” 

လုဝမ်ရှင်းမေးလိုက်သည်။


“ဘာမှမဖြစ်ပါဘူး…” 

ကုယန်ရှန်း အကြည့်လွှဲလိုက်၏။ 


“စောစောအိပ်… ကောင်းသောညပါ…”


“ကောင်းသောညပါ….”


နောက်တစ်နေ့ မနက်တွင်…

ကုယန်ရှန်းက လုဝမ်ရှင်း၏ နှိုးစက်ကြောင့် နိုးသွားပြန်သည်။ 


ပထမအပိုင်း အပါအဝင် သူတို့နှစ်ယောက် အတူ‌နေသည်မှာ လေးညရှိပြီဖြစ်သည်။ ကုယန်ရှန်းက ဤအနှောင့်အယှက်ဖြစ်သည့် နှိုးစက်လေးကို နေသားကျသွားလေသည်။ ထို့နောက် လုပ်ရိုးလုပ်စဉ်ဖြစ်နေသကဲ့သို့ အိပ်ရာမှထကာ အော်နေသည့်ကြက်ဖလေးကို ဆုပ်ကိုင်လိုက်၏။


အနီရောင်ခလုတ်ကိုပိတ်ပြီးနောက် မြည်နေသည့်အသံရပ်သွားကာ အခန်းထဲတွင် တစ်ဖန် တိတ်ဆိတ်သွားလေသည်။


လုဝမ်ရှင်းက လှိမ့်လိုက်ပြီးနောက် မျက်ခွံကို အတင်းဖွင့်လိုက်သည်။ ကုယန်ရှန်းကမူ ရေချိုးနေလေ၏။ သူက သမ်းဝေလိုက်ပြီးနောက် ကုယန်ရှန်း ရေချိုးခန်းထဲမှ ထွက်လာမည်ကို စောင့်‌နေသော်လည်း အဆုံးတွင် ပြန်အိပ်ပျော်သွားလေသည်။


ကုယန်ရှန်း အဝတ်အစားလဲ ပြင်ဆင်ပြီးသည့်အချိန်တိုင်အောင် လုဝမ်ရှင်းက ထမည့်အရိပ်အယောင် မပြသေးသောကြောင့် သူ နှိုးရန်လုပ်လိုက်သည်။


“ဟင်…”


“လုဝမ်ရှင်း… ထတော့…”


“ဟင့်အင်း…”


လုဝမ်ရှင်းက ပိုအိပ်လေလေ ပိုစိတ်ရှုပ်ထွေးလာလေလေဖြစ်နေပြီး သူ့ရှေ့ရှိလက်ကို တွန်းထုတ်လိုက်လေ၏။


“ကျွန်တော် မကြည့်ဘူး…”


ကုယန်ရှန်း “????”

အိပ်ရင်းယောင်နေတာများလား…


“ကျွန်တော်မှာလည်းရှိတယ်… ထိလည်းမထိချင်ဘူးလို့…”


လူများက ညဘက်တွင်သာ အိပ်မက်မက်သည်ဟု ကုယန်ရှန်း ထင်ထားသော်လည်း အိပ်ရာက မထနိုင်သေးလျှင်လည်း အိပ်မက်မက်နိုင်ဆဲဖြစ်သည်။


လုဝမ်ရှင်း၏အိပ်မက်နှင့် သူဘာကို မထိချင်သည်ကို ကုယန်ရှန်းသိချင်သွားမိသည်။ 


ဒေါက်…ဒေါက်…ဒေါက်…

တံခါးခေါက်သံတစ်ခုက ကုယန်ရှန်း၏ သိချင်စိတ်ကို ဖြတ်တောက်လိုက်သဖြင့် သူ တံခါးထဖွင့်လေသည်။


“ကုလောင်ရှီး… ကောင်းသောမနက်ခင်းပါ…”

အပြင်ဘက်တွင် ရှိနေသည့်လူက ဝမ်ယွီဖြစ်သည်။ သူက အဖြူရောင်ဂျာကင်ကို ဝတ်ထားပြီး နူးညံ့သည့်အသွင်အပြင်ကို ပြသနေ၏။


“ကောင်းသော မနက်ခင်းပါ…”


“ဝမ်ရှင်း မထသေးဘူးလား…”


ကုယန်ရှန်းက ဝမ်ယွီနောက်တွင် လိုက်လာသည့် ကင်မရာမန်းကို ကြည့်ပြီးနောက် ပြန်ဖြေလိုက်၏။


“သူ နိုးနေပြီ… ရေချိုးနေတယ်…”


“ဒါဆို ကျွန်တော့်မစ်ရှင် မအောင်မြင်တော့ဘူးပေါ့…” 

ဝမ်ယွီက ခေါင်းကိုငုံ့ထားပြီး ကင်မရာထဲတွင် နောင်တရနေသည့်အမူအရာ ဖြစ်နေလေသည်။


“မစ်ရှင်လား…”


“အင်း… ဟုတ်တယ်…” 


ဝမ်ယွီက ရှက်ရွံ့သည့်အမူအရာဖြင့် နှာခေါင်းကို ပွတ်လိုက်၏။

“ဒီနေ့ ကျွန်တော့်မင်ရှင်က ကုလောင်ရှီးတို့နှစ်ယောက်ကို နှိုးရမှာလေ… ဒါပေမဲ့ ကျွန်တော် အိပ်ရာထနောက်ကျသွားလို့ ကုလောင်ရှီးတို့က နိုးနေကြပြီ…”


“ခဏနေရင် အောက်ကိုဆင်းလာခဲ့မယ်…” 

ကုယန်ရှန်းက ဝမ်ယွီကို အထဲဝင်ခွင့်မပြုချေ။


ဝမ်ယွီက ဉာဏ်ကောင်းသဖြင့် ကုယန်ရှန်း၏ သဘောထားကို သိလိုက်သည်။ 

“ကောင်းပါပြီ… အဲ့ဒါဆို ကျွန်တော် အောက်မှာပဲ စောင့်နေလိုက်မယ်…”


တံခါးမပိတ်ခင် ဝမ်ယွီက ကင်မရာကို စကားပြောနေသည်ကို ကုယန်ရှန်း ကြားလိုက်သည်။


“လုဝမ်ရှင်း…” 

ကုယန်ရှန်းက အိပ်ရာနားသို့ ပြန်လာပြီး လုဝမ်ရှင်းကို အိပ်ရာထဲမှ ဆွဲထုတ်လေသည်။ 

“အလုပ်လုပ်ဖို့ အချိန်ကျပြီ…”


လုဝမ်ရှင်း ထလာ၏။ သို့သော်လည်း ကုယန်ရှန်း ထွက်သွားသည်နှင့် မထချင်သောကြောင့် ချက်ချင်း ပြန်လှဲချလိုက်သည်။


ယမန်နေ့ညက သူတို့ပြန်ရောက်သည့်အချိန်မှာ ၁၁ နာရီခွဲခန့်ဖြစ်သည်။ ရေချိုးပြီးနောက် လုဝမ်ရှင်း အောက်ထပ်သို့ သွားလိုက်သေးသဖြင့် သူတို့အိပ်ရာဝင်ချိန်မှာ ၁၂ နာရီကျော်ကျော်ခန့်တွင် ဖြစ်လောက်သည်။


အခု ၈နာရီခွဲနေပြီ… အိပ်ချိန်က လုံလောက်ပါတယ်… ဘာလို့ သူ ဒီလောက်တောင်အိပ်ချင်နေတာလဲ…


ကြံမိကြံရာဖြင့် ကုယန်ရှန်းက နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်၏။ သူက ကြက်ဖလေးကို လယ်ကွင်းထဲသို့ ပြန်လွှတ်ပေးလိုက်လေသည်။


ကြက်ဖလေးကို အောက်သို့မချဘဲ သူ့လက်ထဲတွင်ကိုင်ထားသည်။ အချိန်ပြည့်သည်နှင့် အသံမြည်လာရန် လုပ်ထားလိုက်၏။


တစ်မိနစ်ကြာပြီးနောက်…


လုဝမ်ရှင်းက မျက်လုံးကို ပွတ်သပ်ကာ ခန္ဓာကိုယ်က ကျင့်သားရနေသကဲ့သို့ ထထိုင်လိုက်လေသည်။ ကုယန်ရှန်းနားလည်သွားသည်က လုဝမ်ရှင်းကို နှိုးရန် သူက အသုံးမဝင်ချေ။ ဤကြက်ဖလေး တွန်လာရန်သာ လိုအပ်သည်။ သူ မနိုးသေးသော်လည်း ထလာပြီဖြစ်သည်။


“မအော်နဲ့… ဖေဖေ ဒီမှာရှိတယ်…” 

လုဝမ်ရှင်းက စောင်ကိုမပြီး မျက်လုံးကို ခက်ခက်ခဲခဲဖွင့်လိုက်၏။


ထို့နောက်တွင်မူ ကုယန်ရှန်း၏ ချောမောပြီး အေးစက်သည့်မျက်နှာကို မြင်လိုက်ရတော့သည်။


လုဝမ်ရှင်း “….”


နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ နောက်ဆုံးတွင် လုဝမ်ရှင်း လုံးဝနိုးသွားလေသည်။ သူပြောလိုက်သည့်စကားကို သတိရသွားပြီးနောက် နားရွက်များက ပူပြီးနီလာတော့သည်။ မျက်တောင်ကို တဖျတ်ဖျတ်ခတ်ပြီး ရိုးသားဖြူစင်သည့် အမူအရာလေးနှင့် ကုယန်ရှန်းကို ကြည့်လိုက်လေ၏။


ကုယန်ရှန်း “….”


“နိုးပြီလား…”


လုဝမ်ရှင်းက ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး အဆူခံထားရသည့် ကျောင်းသားတစ်ယောက်ကဲ့သို့ နာခံစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ 


“အရင် ရေသွားချိုး…”


ဆယ်မိနစ်ကြာပြီးနောက်….


ပြင်ဆင်ပြီးသွားသည့် လုဝမ်ရှင်းက ကုယန်ရှန်းရှေ့တွင် ပေါ်လာလေသည်။ လုဝမ်ရှင်းက ဂျာကင်နှင့် ဂျင်းဘောင်းဘီကို ဝတ်ထားကာ sneakerစီးထား၍ ငယ်ရွယ်ရှင်းသန့်သည့် ဟန်ပန်အပြည့်ဖြစ်နေလေသည်။


နှစ်ယောက်သား အောက်ထပ်သို့ ရောက်သည့်အချိန်တွင် အခြားလူများက ရောက်နေပြီဖြစ်ကာ ပရိုဂရမ်အဖွဲ့မှ စီစဉ်ပေးထားသည့် မနက်စာကို စားနေကြလေသည်။


ကုယန်ရှန်းနှင့် လုဝမ်ရှင်း ဆင်းလာသည်ကို မြင်ချိန်တွင် ဝမ်ယွီက ပြုံးကာပြောလိုက်သည်။

“ပူနေသေးတယ်… လာစားကြ…”


“ဒီမနက်က B&Bမှာပဲ ရိုက်ကူးရေးလုပ်မှာ… အဲ့ဒါကြောင့် ပေါ့ပေါ့ပါးပါး နေလို့ရတယ်…”


လီရှန်းမင်က ဒါရိုက်တာကို မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ 

“ဒီနေ့ လုပ်ရမှာတွေ မရှိဘူးပေါ့…”


“မရှိဘူး…”

ဒါရိုက်တာက မြန်မြန်ငြင်းလိုက်ပြီးနောက် ဝန်ထမ်းများကြားတွင် မနက်စာစားပြီး အားလပ်ချိန် နံနက်ခင်းလေးကို ပျော်ရွှင်စွာ ခံစားနေလေသည်။


“ဒီနေ့ ဘာမစ်ရှင်မှ မရှိတာကို မယုံနိုင်သေးဘူး… ငါဘာလို့ မယုံကြည်နိုင် ဖြစ်နေတာပါလိမ့်…”


လီရှန်းမင်က စားပွဲရှိ အခြားသော အနုပညာရှင်များကို ကြည့်ပြီး မယုံနိုင်စွာဖြင့်ပြောလိုက်သည်။

“လျှို့ဝှက်မစ်ရှင်ရှိတာတော့ မဟုတ်ဘူးမလား…”


စုန့်ကျားကျား၏ မျက်ခုံးမှာ ပင့်တက်သွား၏။

လျှို့ဝှက်မစ်ရှင်တွေကို ငါ တကယ်မကြိုက်ဘူး… အစတည်းကမှ မစ်ရှင်က ခက်ပါတယ်ဆို လျှို့ဝှက်မစ်ရှင်ဆိုလို့ကတော့ ဘာမစ်ရှင်လဲဆိုတာတောင် သိလိုက်မှာမဟုတ်ဘူး… ဒါပေမဲ့ ရှိလာရင်တော့ လုပ်ရမှာပဲ…


ကုယန်ရှန်းကမူ ဘာမှမတုံ့ပြန်ချေ။ အေးအေးဆေးဆေး နည်းလမ်းတကျဖြင့် သူ၏ မနက်စာကို စားနေသည်။


လီရှန်းမင်က သူ့ကိုကြည့်ပြီး မေးလိုက်၏။

“ရှန်းကော… ဘာလို့စိတ်မပူတာလဲ…”


“ဘာကိုစိတ်ပူရမှာလဲ…”


“လျှို့ဝှက်မစ်ရှင်ကိုလေ…”


လီရှန်းမင်က ပဲနို့တစ်ငုံ သောက်လိုက်သည်။

“မစ်ရှင်အဟောင်းတော့ မဖြစ်ဖို့မျှော်လင့်တယ်…”


သူတို့က လျှို့ဝှက်မစ်ရှင်အကြောင်း ဆွေးနွေးနေကြ၏။ သို့ရာတွင် သူတို့ကြားရှိ လူသုံးယောက်ကမူ ယမန်နေ့ကရသည့် မစ်ရှင်ကို မည်ကဲ့သို့ ပြီးမြောက်အောင်လုပ်ရမည်ကို တွေးနေကြလေသည်။


“စိတ်ပူစရာ မရှိပါဘူး…”


ကျိုးဇီထုံက မနက်စာစားပြီးနောက် သူ့မစ်ရှင်ကိုလုပ်ရန် စီစဉ်လိုက်သည်။

“ငါတို့အားလုံး ဒီမှာထိုင်နေတာပဲ… ငါတို့အတူလုပ်ရမယ့် မစ်ရှင်တစ်ခုရှိမှာပေါ့…. မဟုတ်ဘူးလား… ဝမ်ရှင်း…”


“ဟမ်…”

မနက်စာကိုသာ ငုံ့စားနေသည့် လုဝမ်ရှင်းက စွပ်ပြုတ်သောက်နေလျက် အလိုက်သင့် တုံ့ပြန်လိုက်လေ၏။


လီရှန်းမင်က ကျိုးဇီထုံ၏ အခြားဆိုလိုရင်းကို မသိသော်လည်း ဝမ်မင်နှင့် လုဝမ်ရှင်းကမူ ကျိုးဇီမင်က စကားလမ်းကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် ဦးတည်နေသည်ကို နားလည်လိုက်ကြသည်။


မူလက အစီအစဉ်မရှိသည့် ဝမ်မင်က မနက်စာ ဆက်စားရန်မစဉ်းစားတော့ချေ။


“အာ… အလေးတုံးတွေ ဒီမှာရှိတာပဲ…” 

ဝမ်မင်၏လေသံက တောင့်တင်းနေ၏။

“စားပြီးသောက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့အတော်ပဲ…”


ဝမ်မင်က လူများ၏ အကြည့်အောက်တွင် အလေးတုံးကိုမပြီး လေ့ကျင့်ခန်းစလုပ်တော့သည်။ တစ်မိနစ်ပင် မကြာသည့်အချိန်တွင် သူမ ဆက်ပြီး မ မ'နိုင်တော့ချေ။ 


လုဝမ်ရှင်းနှင့် ကျိုးဇီထုံတို့က အော်ရယ်မိမတတ် ဖြစ်သွားလေ၏။


ဝမ်မင်က အလေးမပြီးနောက် ခြေထောက်လေ့ကျင့်ခန်းကို လုပ်ပြန်သည်။


“အကြောမလျှော့ရတာ တော်တော်ကြာပြီ…”


“သူ ဘာဖြစ်နေတာလဲ…” 

စုန့်ကျားကျားက ကြောင်အနေ၏။


“မင်မင်… မလုပ်နဲ့… အခုလေးတင်မှ ပေါက်စီတွေစားထားတာမလား…”


“ညီမမှာ အစ်မကျားကျားလိုမျိုး ဝိတ်ထိန်းတဲ့ စံနှုန်းမရှိဘူး… အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်ရမယ်…”


စုန့်ကျားကျား “???”


ဘယ်လိုပါလိမ့်…


ဝမ်မင်၏ မှားယွင်းနေသည့် လှုပ်ရှားမှုများကို ကြည့်ပြီး စုန့်ကျားကျားထရပ်လိုက်သည်။

“အစ်မ မင်းကိုနည်းနည်း ပြပေးမယ်…”


ဝမ်မင်က ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားပြီး ၃၀မီလီယံအနိုင်ရရှိသကဲ့သို့ ပြုံးနေလေသည်။

“တကယ်လား… အစ်မကျားကျား… အစ်မက အရမ်းကောင်းတာပဲ…”


စုန့်ကျားကျား “…”

ဒီလို လူကောင်းကတ်ထိတော့ မလိုပါဘူး… တကယ်ပါ…


လုဝမ်ရှင်းနှင့် ကျိုးဇီထုံတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။

ဝမ်မင်ကို ဒီလောက်သွက်မယ် မထင်ထားဘူး…


“အစ်မကျားကျား…”

ဝမ်မင်ကို လုပ်ပြတော့မည့် စုန့်ကျားကျားကို လုဝမ်ရှင်းက ဖြတ်ပြောလိုက်၏။


“ဘာဖြစ်လို့လဲ…”


“အာ… အဲ့ဒါက…”


လုဝမ်ရှင်းက ခေါင်းထဲတွင် ရနိုင်သမျှ စကားလုံးတွေကို စဉ်းစားနေ၏။ သို့ရာတွင် သင့်လျော်သည်ကို ရှာမတွေ့သောကြောင့် ကျိုးဇီထုံကို ခုတုံးလုပ်လိုက်သည်။


“ဇီထုံက ပြောတယ်… အစ်မသရုပ်ဆောင်တဲ့ ဇာတ်ကားတွေကို တကယ်ကြိုက်လို့ ဒီလို အားတဲ့အချိန်လေးမှာ ဆွေးနွေးဖို့ အခွင့်အရေးလိုချင်တယ်တဲ့…”


ကျိုးဇီထုံ “???”


“အာ.. ဟုတ်တယ်… ဝမ်ရှင်းပြောသလိုပဲ…”

ကျိုးဇီထုံက စကားကို ချက်ချင်းဆက်ပြောလိုက်၏။


“အစ်မကျားကျား… အစ်မတို့နောက်မှပြောလို့ရတယ်လေ… အခု ညီမကို သင်ပေးပါဦး…”


“မင်းတို့သုံးယောက် ဘာလုပ်နေတာလဲ… အရမ်းထူးဆန်းနေတယ်…” 

လီရှန်းမင်က တစ်ခုခုမှားနေသည်ကို သိသွားသည်။


“ဟုတ်တယ်… ဘာလို့လဲဆိုတော့…”

ကျိုးဇီထုံက တောင့်တင်းစွာပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။ 

“ဒီအပိုင်းရိုက်ကူးရေးက ပြီးတော့မှာလေ… အဲဒါကြောင့် တွန့်ဆုတ်နေတာ…”


ကျိုးဇီထုံက လီရှန်းမင်ကို မည်ကဲ့သို့သီချင်းဆိုခိုင်းရမည်ကို တစ်ညလုံးတွေးနေခဲ့သည်။


လုဝမ်ရှင်း၏ မစ်ရှင်အပေါ် အလေးထားမှုက သူတို့နှစ်ယောက်အောက် လျော့မနေပေ။ ထို့ကြောင့် သူ့အိပ်မက်က ကုယန်ရှန်း၏ ဗိုက်ကြွက်သားများနှင့် ပြည့်နေလေသည်။


အမှန်တွင် သူ၏မစ်ရှင်က ကျိုးဇီထုံနှင့် ဝမ်မင်တို့ထက် အလွန်ရိုးရှင်းသည်။ အရှက်ကွဲမည်ကို ရင်ဆိုင်နိုင်လျှင် ပြောနိုင်ပြီဖြစ်၏။


လုဝမ်ရှင်းက ကိုယ့်ကိုယ်ကိုယ် အားပေးကာ အသက်ပြင်းပြင်းရှူလိုက်သည်။

“ကုလောင်ရှီး…”


ကျိုးဇီထုံနှင့် ဝမ်မင်တို့မှာ လုဝမ်ရှင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။

 

လုဝမ်ရှင်း‌ပြောလိုက်ရင် ငါတို့ရှုံးပြီ…


လုဝမ်ရှင်းက တုံ့တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးနောက် ပါးစပ်ဟလိုက်လေသည်။

“ကုလောင်ရှီး… လေ့ကျင့်ခန်းလုပ်တယ်မလား…”


ကျိုးဇီထုံ “…”


ဝမ်မင် “…”


ကုယန်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် လုဝမ်ရှင်းဆက်ပြောမည်ကို စောင့်နေလိုက်သည်။ သို့ရာတွင် ဘာမှဆက်မပြောတော့ပေ။


ကုယန်ရှန်း “….”


လုဝမ်ရှင်း စကားပြောရန်ရည်ရွယ်ချက်မရှိသည်ကို မြင်သောကြောင့် ကျိုးဇီထုံနှင့် ဝမ်မင်တို့မှာ လှောင်ရယ်ကြတော့လေသည်။ 

“လုငကြောက်လေး…”


“မင်းတို့သုံးယောက် ဘာတွေကစားနေတာလဲ…”


ဝမ်မင်က လုဝမ်ရှင်းကို နာမည်ပြောင်တစ်ခုခေါ်လိုက်သဖြင့် စုန့်ကျားကျားက ပိုပြီး သိချင်သွားသည်။ ကျိုးဇီထုံနှင့် ဝမ်မင်တို့က တစ်ခုခုသိထားသည်မှာ သေချာ၏။

“ဝမ်ရှင်း ရှန်းကောကို ပြောစရာတစ်ခုခု ရှိလို့လား…”


ဝမ်မင်က သူမ၏အခန်းဖော်မှာ ရုတ်တရက် ကူညီလိုက်မည်ဟု မထင်ထားချေ။ လက်ထဲမှ ကြိုးကို ချက်ချင်းပစ်ချလိုက်ပြီး စုန့်ကျားကျားကိုဆွဲခေါ်လိုက်သည်။

“အစ်မ… ညီမကို သင်ပေးမယ်ဆို…”


စုန့်ကျားကျား၏သိချင်စိတ်မှာ အလွန်ပြင်းပြလာ၏။ 


ဒီလိုအချိန်မှာ ဘယ်လိုလုပ်သင်ပေးနိုင်မှာလဲ… ဒီလောက်သိချင်နေတာကို…


“ဝမ်ရှင်း… မြန်မြန်ပြောစမ်း…”


လုဝမ်ရှင်း “….”


လီရှန်းမင် စကားပြောပြီးသည့်အချိန်တွင် လေထုက ပိုပြီးထူးဆန်းလာလေသည်။ 


ဤကဲ့သို့ ကိုးရိုးကားယားနိုင်နေသည့် အခြေအနေမျိုးတွင် လုဝမ်ရှင်းက တွင်းတူးပြီး ကိုယ့်ကိုယ်ကိုယ် မြေမြှုပ်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေ၏။


ကုယန်ရှန်းက လုဝမ်ရှင်းကိုကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။

“သူတို့ပြောတာနားမထောင်နဲ့… မင်းကိုယ့်ကို ဘာပြောချင်လို့လဲ…”


“ကျွန်တော်….”


လုဝမ်ရှင်းမှာ မျက်နှာပူလာသည်ကို ခံစားနေရသည်။ လူများ၏အကြည့်က သူ့ဆီရောက်နေသဖြင့် အံကြိတ်ကာ ကျောကိုမတ်လိုက်၏။


သူ ခေါင်းကိုစောင်းကာ သေခြင်းတရားကို အံတုသည့်အကြည့်မျိုးဖြင့်ကြည့်ပြီး အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။


“ကျွန်တော် ကုလောင်ရှီးရဲ့ ဗိုက်ကြွက်သားကို ထိလို့ရမလား…”


ဝမ်မင် “!”


ကျိုးဇီထုံ “!”


ကုယန်ရှန်း “….?”



🎬🎬🎬