Chapter 16
Viewers 12k

🎬 Chapter 16

နေရာတွင် ပေါက်ကွဲခြင်း 



“အား… ဝမ်ရှင်းက အရမ်းမတော်ဘူးလား… fly kissတွေရော နှင်းဆီပန်းတွေရော…” 


“ရှန်းမင်ကောနဲ့ကျွန်မက သီချင်းဆိုဖို့ပဲသိတာ… ဝမ်ရှင်းမှာတော့ လှည့်ကွက်တွေအပြည့်ပဲ… ပြီးတော့ ဝမ်ယွီရောပဲ… သူက သီချင်းဆိုတတ်တယ်လို့ပဲ ပြောထားတာမဟုတ်ဘူးလား… ဘာလို့ ကလည်းကနိုင်နေတာလဲ…”

ဝမ်မင်က စုန့်ကျားကျားကို ပြောလိုက်သည်။


လီရှန်းမင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏… 

“သူတို့အရမ်းလျှိုတာပဲ… နေ့လည်က သူတို့အစမ်းလေ့ကျင့်နေတာကို ငါနဲ့ဝမ်မင် သွားကြည့်လိုက်သေးတယ်… ဒါတောင် ဘာမှမမြင်ခဲ့ရဘူး...”


လီရှန်းမင် ပြောနေစဉ်တွင် နောင်တရသကဲ့သို့ ခံစားလိုက်ရသည်။ 

“ငါဆို အင်္ကျီပျောက်မှာစိုးလို့ စင်ပေါ်က အမြန်ပြေးဆင်းခဲ့တာ...”


အဖွဲ့သုံးဖွဲ့က အသီးသီးဖျော်ဖြေပြီးနောက် ဝိတ်တာယောင်ဆောင်ထားသည့် ပရိုဂရမ်ဝန်ထမ်းများက ပရိသတ်ဆီမှ နှင်းဆီပန်းများ လိုက်သိမ်းလေ၏။ 


လုဝမ်ရှင်းက စင်ပေါ်မှဆင်းရန် လှေကားကိုမသုံးဘဲ ခုန်ဆင်းလိုက်သည်။


“ဘာလို့ ဒီရောက်နေတာလဲ…”

လုဝမ်ရှင်းက အံ့အားသင့်စွာမေးလိုက်၏။


ကုယန်ရှန်းက အစောပိုင်းတွင် လုဝမ်ရှင်းပြောခဲ့သည့် ပုံစံအတိုင်း ပြန်ပြောလိုက်သည်။

“အသင်းဖော်ရဲ့ ဖျော်ဖြေမှုကို ကြည့်ဖို့မမေ့နဲ့နော်…”


ဤသည်မှာ လုဝမ်ရှင်း ဘားကောင်တာမှ ထွက်မလာခင် ကုယန်ရှန်းကို စနောက်ပြီးပြောခဲ့သည့် စကားဖြစ်၏။


ဘားကောင်တာက စတိတ်စင်၏ မျက်နှာချင်းဆိုင် တည့်တည့်နေရာတွင် ရှိသောကြောင့် ကုယန်ရှန်းက ဘားကောင်တာမှ ရပ်ကြည့်မည်ဆိုလျှင်ပင် စင်ပေါ်ကို သေချာမြင်ရလေ၏။ သို့ရာတွင် လူအုပ်ကြားထဲတိုးပြီး ရှေ့ဆုံးတန်းကိုလုရန် ရွေးချယ်လိုက်သေးသည်။


လုဝမ်ရှင်းက ပြုံးကာ ပြောလိုက်၏။

“အသင်းဖော်က ကောင်းကောင်းဖျော်ဖြေခဲ့တယ်မလား…”


ကုယန်ရှန်းက တုံ့ပြန်သည့်အနေဖြင့် ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။


မစ်ရှင်ပြီးဆုံးရန် နီးကပ်လာ၍ လူအများစုက စက်နောက်တွင် စုရုံးလာလေသည်။ ဝန်ထမ်းက ပန်းများကို ပုံးထဲထည့်ပြီး နံပတ်များတပ်လိုက်သည်။


လူအများ စကားပြောနေစဉ် ဝမ်ယွီက ပန်းအချို့ကိုယူကာ နံပါတ်(၃) ပုံးထဲသို့ ပစ်ထည့်လိုက်သည်ကို ဝမ်မင်၏ စူးရှသည့်မျက်လုံးများက ဖမ်းမိလိုက်လေ၏။


“ရှောင်ဝမ်… ဘာလုပ်နေတာလဲ… ရပ်လိုက်စမ်း… ဒီမှာ သူ့ကိုယ်သူ မဲပြန်ထည့်နေပါတယ်…”


လူများက အသံကြား၍ လှည့်ကြည့်လိုက်စဉ်တွင် ဝမ်ယွီက နံပါတ်(၃)ပုံးနားမှ ခွာလိုက်သည်ကို မြင်လိုက်ရသည်။ လုဝမ်ရှင်းက ပန်းများကို ယူသည့်အချိန်တွင် သူနောက်မှ လိုက်လာသော်လည်း ဝမ်မင်ထံတွင် ဖမ်းမိသွားမည်ဟု မထင်ထားခဲ့ပေ။


“လူလိမ်…လူလိမ်…လူလိမ်… ရှင်တို့ရိုက်မိလိုက်လား…”

ဝမ်မင်က ကင်မရာမန်းများကို လှည့်မေးလိုက်သည်။


“ဝမ်ရှင်း ပန်းတွေယူနေတဲ့အချိန်မှာ ရှောင်ဝမ်က ဘေးမှာရပ်ပြီး ကွယ်ပေးနေတာလေ… ကံကောင်းသွားတာက ငါ့မျက်လုံးတွေ လျင်နေလို့…”


“ရှောင်ဝမ်… ဘာလို့ ဒီလောက်ဆိုးနေတာလဲ… ဒီလိုလုပ်လို့ မရဘူးနော်…”

စုန့်ကျားကျားက အမှန်တရားဘက်တော်သားကဲ့သို့ပြောဆိုကာ နံပါတ်(၃)ပုံးထဲမှ ပန်းအချို့ကို သူမတို့အသင်း၏ပုံးထဲသို့ ပြောင်းထည့်လိုက်သည်။


ထို့နောက် ပန်းများကို အချင်းချင်း စတင်လုယူကြလေ၏။ ဒါရိုက်တာက သူတို့ကိုမတားဘဲ ကင်မရာမန်းများကို မှတ်တမ်းတင်ရိုက်ထားစေသည်။


တော်တော်ကောင်းတဲ့လူတွေ…


ဒီလူတွေထဲက တချို့က ပထမတန်းစား ကြယ်ပွင့်တွေဆိုပေမဲ့ ကင်မရာနောက်မှာတော့ ပန်းသူခိုးတွေဖြစ်နေကြတုန်းပဲ…


ကင်မရာမန်းအချို့က ရယ်ချင်သည်ကို အောင့်ထားသောကြောင့် ကင်မရာများကို လွတ်ကျလုနီးပါး ဖြစ်နေကြလေသည်။


အဆုံး၌ ဒါရိုက်တာက ရလဒ်ကို မကြေညာခဲ့ပေ။ ဤသည်က မနက်ဖြန်ရရှိမည့် အပြစ်ဒဏ်နှင့် ဆက်စပ်နေလေသည်…


B&Bသို့ပြန်ရောက်ပြီးနောက် လုဝမ်ရှင်းက ဒါရိုက်တာဆီမှ မက်ဆေ့ချ်တစ်စောင် ရရှိလေသည်။ စာထဲတွင် သူ့အား အောက်ထပ်သို့ တစ်ယောက်တည်းလာရန်နှင့် ပရိုဂရမ်အဖွဲ့မှ သူ့ကိုရှာနေသည်ကို ကုယန်ရှန်း မသိစေရန်ဖြစ်သည်။


 á€œá€Żá€á€™á€şá€›á€žá€„်းက tabletကို သိမ်းလိုက်သည်။ မနက်ဖြန်တွင် လျှို့ဝှက်မစ်ရှင်တစ်ခုရှိမည်ဟု သူထင်သည်။ ထို့ကြောင့် ပေါ့ပေါ့ပါးပါးဆင်ခြေတစ်ခုသုံးကာ အောက်ထပ်သို့ဆင်းလာလိုက်၏။ 


ဝမ်မင်နှင့်ကျိုးဇီထုံကလည်း အောက်ထပ်တွင်ရောက်နေပြီဖြစ်သည်။ သူတို့လည်း လုဝမ်ရှင်းကဲ့သို့ ပရိုဂရမ်အဖွဲ့မှ မက်ဆေ့ချ်ရလေသည်။


လုဝမ်ရှင်းဆင်းလာသည်ကို မြင်ချိန်တွင် ဝမ်မင်ကပြောလိုက်သည်။

“ငါနဲ့ဇီထုံပဲလို့ ထင်ထားတာ… နင့်ကိုလည်းခေါ်လိုက်တာပဲ…”


ဘီဇ်~


လူသုံးယောက်၏ဖုန်းများမှာ တစ်လုံးပြီးတစ်လုံး မြည်လာလေ၏။ ဒါရိုက်တာထံမှ မက်ဆေ့ချ်ဖြစ်သည်။

[ပထမထပ်က စတူဒီယိုခန်းမှာ လူစုပေးပါ…]


စာကိုဖတ်ပြီးနောက် သုံးယောက်သားက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။


ထို့နောက် ဝမ်မင်က စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။ 

“ဘာလို့ ဒီလောက်လျှို့ဝှက်နေတာလဲ…”


“သွားကြည့်ကြတာပေါ့…”


လုဝမ်ရှင်းက စတူဒီယိုခန်းဆီသို့ ဦးဆောင်သွားလေ၏။


ပထမဦးစွာ တံခါးခေါက်လိုက်သော်လည်း မည်သူမှ ပြန်မဖြေချေ။


“ဒီတိုင်းပဲ ဝင်သွားရမှာလားမသိဘူး…” 

ဝမ်မင်က မရေမရာပြောလိုက်၏။


“ထင်တာပဲ…ရှင်းရှင်း… တံခါးကိုဖွင့်လိုက်…”


လုဝမ်ရှင်းက တံခါးလက်ကိုင်ကို လှည့်ကာ တွန်းဖွင့်လိုက်၏။ အခန်းထဲတွင် မည်သူမှမရှိဘဲ ကင်မရာနှင့် ပရိုဂျက်တာတစ်လုံးသာရှိသည်။


သူတို့သုံးယောက်လုံး ဝင်လိုက်သည်နှင့် နံရံပေါ်ရှိ ပရိုဂျက်တာက ပွင့်သွားလေ၏။


“ဧည့်သည်သုံးယောက်… မင်္ဂလာညနေခင်းပါ…”


“ပြီးခဲ့တဲ့အပိုင်းကို ထုတ်လွှင့်ပြီးတော့ ပရိသတ်တွေဆီက အရမ်းကောင်းပြီး အဖိုးတန်တဲ့ ကောမန့်တွေရခဲ့ပါတယ်… ပြီးတော့ ဒီ challengeမှာ သူတို့လည်း ပါဝင်ချင်ကြတယ်…”


“ဘာအဓိပ္ပာယ်လဲ…”

ကျိုးဇီထုံက ဝမ်မင်ကို လှည့်ကြည့်လိုက်၏။ လုဝမ်ရှင်းကမူ ဒါရိုက်တာ ဆက်ပြောမည်ကို စောင့်နေသည်။ 


“ဒီအပိုင်းမှာ ပရိသတ်ကဏ္ဍကိုလည်း ထပ်ထည့်ထားတယ်… ပြီးရင် ပရိသတ်တွေပေးတဲ့ မစ်ရှင်ကို မင်းတို့ရလိမ့်မယ်…”


“ဆိုလိုတာက ကျွန်တော်တို့လုပ်ရမယ့် challengeက ဒါရိုက်တာစီစဉ်တာမဟုတ်ဘဲ ပရိသတ်တွေပေးတဲ့ မစ်ရှင်ကို လုပ်ရမှာပေါ့…”


သုံးယောက်သားမှာ အချင်းချင်းအပြန်အလှန်ကြည့်လိုက်ပြီးနောက် လုပ်ရမည်မှာ ရိုးရှင်းသည့် မစ်ရှင်မဟုတ်သည်ကို ခံစားလိုက်ရသည်။


“ပရိသတ်တွေက မက်ဆေ့ချ့်တွေနဲ့အတူ မတူညီတဲ့မစ်ရှင်တွေကို ပို့ပေးထားတယ်… မင်းတို့ တစ်ခုရွေးလိုက်ရုံပဲ…”


“တစ်ယောက်တစ်ခုစီရွေးရမှာလား… ဒါမှမဟုတ် သုံးယောက်ပေါင်းပြီး တစ်ခုလုပ်ရမှာလား…” 

လုဝမ်ရှင်းမေးလိုက်သည်။


“တစ်ယောက်တစ်ခုစီရွေးရမှာ… ပထမဆုံး လုပ်ပြီးတဲ့အဖွဲ့က အမှတ်(၃၀)ရမယ်… ဒုတိယပြီးတဲ့အဖွဲ့က အမှတ်(၂၀)၊ တတိယအဖွဲ့ကတော့ (၁၀)မှတ်ရမယ်…”


ဝမ်မင် : “ပြီးအောင်မလုပ်နိုင်တဲ့ အဖွဲ့ကရော…” 


“မပြီးတဲ့အဖွဲ့က (၁၀)မှတ် အနှုတ်ခံရမယ်…”


ဝမ်မင် “…..”


ကျိုးဇီထုံ : “အမှတ်တွေကို ဒီလောက်လွယ်လွယ် နှုတ်လို့ရလား…”


“အချိန်ကန့်သတ်ချက်ရှိလား…” 

လုဝမ်ရှင်းက အဓိကအချက်ကို မေးလိုက်သည်။


“ရှိတာပေါ့… အမှတ်စုစုပေါင်းကို တွက်လို့မပြီးခင် လုပ်ရမယ့် မစ်ရှင်ကို အပြီးလုပ်ရမယ်… အနောက်ကျဆုံးက မနက်ဖြန်နေ့လည်ပဲ… သတ်မှတ်ထားတဲ့အချိန်ထက်ကျော်သွားရင် မပြီးဘူးလို့ သတ်မှတ်မှာ… ရတဲ့အမှတ်ကို ဒီနေ့ရတဲ့ vote အရေအတွက်ထဲ ထည့်ပေါင်းမယ်…”


“Lady first… ဝမ်မင်အရင်သွား…” 

ကျိုးဇီထုံက နောက်သို့ တစ်လှမ်းဆုတ်ကာ ဝမ်မင်ကိုရှေ့ပို့လိုက်၏။


“ငါအဆင်သင့်မဖြစ်သေးဘူး… ဝမ်ရှင်းအရင်သွားတာ ကောင်းမယ်ထင်တယ်…”


လုဝမ်ရှင်း :“ကျောက်တုံး စက္ကူ ကတ်ကြေး…”


“ရှုံးတဲ့လူအရင်လား… နိုင်တဲ့လူအရင်လား…”


“နိုင်တဲ့လူအရင်သွား…”


ပွဲအချို့ ကစားပြီးနောက် အနိုင်ရရှိသူ ပေါ်ထွက်လာလေသည်။ ကျိုးဇီထုံက ပထမဆုံး ရွေးရမည်ဖြစ်သည်။


“ဘယ်လိုရွေးရမှာလဲ…”


“ပရိုဂျက်တာမှာ ကြည့်ရှုသူတွေရဲ့ နာမည်ပြောင်တွေ တစ်ခုပြီးတစ်ခု ပေါ်လာလိမ့်မယ်… မင်းကြိုက်တဲ့အချိန်ရပ်လိုက်… ကြည့်ရှုသူတစ်ယောက်ကို ရွေးမိသွားရင် သူလုပ်ခိုင်းတဲ့ဟာကို လုပ်ရမှာ…”


“အဆင်သင့်ပဲလား…”


ကျိုးဇီထုံက အသက်ပြင်းပြင်းရှူလိုက်၏။

“စရအောင်…”


လူသုံးယောက်က အထက်အောက်ရွေ့လျားနေသည့် စခရင်ကို သေချာစိုက်ကြည့်နေကြသည်။ အရှိန်က အလွန်မြန်သဖြင့် နာမည်များကို မမြင်ရပေ။ ဆယ်စက္ကန့်ခန့်ကြာသည့်အချိန်တွင် ကျိုးဇီထုံက ရပ်ရန်အော်လိုက်သည်။


စခရင်တွင် နာမည်တစ်ခုကို ပြထားလေသည်။


“ကျိုးဇီထုံ… မင်းလုပ်ရမယ့်မစ်ရှင်ကို သေချာနားထောင်ပါ… ဘာပဲဖြစ်ဖြစ်မေးလို့ရတယ်… ကိုယ့်ဟာကိုယ် နားလည်မှုလွဲပြီး မစ်ရှင် မအောင်မြင်ရင်လည်း ကျရှုံးတယ်လို့သတ်မှတ်မှာနော်…”


“မင်းလုပ်ရမှာက… “ 

ဒါရိုက်တာက တစ်ခဏခန့် စကားကိုရပ်လိုက်လေ၏။ ကျိုးဇီထုံက ရင်ထဲတွင် တလှပ်လှပ်ဖြစ်နေသည်။ 


“ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်မပေးဘဲ အသင်းဖော်ကို ကင်မရာရှေ့မှာ ‘ငါ့ရဲ့ညီအစ်ကိုကောင်း ’သီချင်းကို ဆိုပြခိုင်းရမယ်… အသံနေ အသံထားပြည့်ပြည့်စုံစုံနဲ့ မစ်ရှင်ပြီးမြောက်ဖို့ အနည်းဆုံး စာသားလေးကြောင်းထိ ဆိုခိုင်းရမယ်…”


ဝမ်မင်က ရယ်သံကို မထိန်းနိုင်တော့ပေ။ သုံးယောက်သားက အကြိတ်အနယ်ပြိုင်ဆိုင်ရန်လုပ်နေစဉ်တွင် ဤကဲ့သို့မစ်ရှင်မျိုး ထွက်ပေါ်လာလေသည်။


ကျိုးဇီထုံက တစ်ခဏလောက် ကြောင်အသွားပြီးနောက် သူကြားလိုက်သည်က မှားနေမည်စိုးသဖြင့် မြန်မြန် ထပ်မေးလိုက်သည်။ 

“လမ်းညွှန်မပေးဘဲနဲ့ ဘယ်လိုလုပ်ရမှာလဲ…”


“သီချင်းနာမည်ကို ပြောပြလို့မရသလို သီချင်းစာသားကိုလည်း ဆိုပြလို့မရဘူး… “ 

ဒါရိုက်တာက ထပ်ပြောလိုက်၏။ 

“စာရေးပြလို့လည်း မရဘူးနော်…”


“ဘာမှမပြောရရင် ရှန်းမင်‌ကောကို ဘယ်လိုလုပ် သီချင်းဆိုခိုင်းရမှာလဲ…”


ကျိုးဇီထုံက မစ်ရှင်ကို အနည်းငယ်လျှော့ပေါ့ပေးရန်အလို့ငှာ ချက်ချင်း ပစ်လဲပြလိုက်သော်လည်း ဒါရိုက်တာက သူ့ကို လုံးဝဂရုမစိုက်ဘဲ ဝမ်မင်၏နာမည်ကို ခေါ်လိုက်သည်။


ဝမ်မင်က ရှေ့သို့လှမ်းလာ၏။ ခက်ခက်ခဲခဲ မစ်ရှင်များ မဟုတ်သည့်အတွက် သူမ အလွန်စိတ်ပူနေခြင်းမရှိပေ။ 

“စကြတာပေါ့…”


စခရင်ပေါ်ရှိ နာမည်များမှ ရွေ့လျားနေသည်။


 â€œá€›á€•á€şâ€Śâ€


ဝမ်မင်က လက်ဆစ်ချိုးလိုက်၏။ 

ပုံမှန်မစ်ရှင်ဖြစ်မယ်လို့ မျှော်လင့်ရတာပဲ…


“ဝမ်မင်… ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်မ‌ပေးဘဲ ကင်မရာရှေ့မှာ အသင်းဖော်ကို ယောဂကျင့်ခိုင်းရမယ်… အနည်းဆုံး ပုံစံတစ်ခုကို ဆယ်စက္ကန့်ကြာရမယ်…”


ဝမ်မင် “????”


“မဟုတ်ဘူး… ဘယ်သူက လူမြင်ကွင်းမှာ ဒါမှမဟုတ် ရိုက်ကွင်းမှာ ယောဂကျင့်မှာလဲ…”


“အဲဒါ မင်းကိစ္စပါ…” 


ဒါရိုက်တာက မျက်နှာတည်ထားကာ မည်သူ့ကိုမျှ အလျှော့မပေးချေ။

“အသင်းဖော်ကို တိုက်ရိုက် ယောဂကျင့်ခိုင်းလို့မရသလို ယောဂနဲ့ပတ်သက်တာ ဘာကိုမှ စကားစခွင့်မရှိဘူး…”


“စကားစလို့မရဘူး… ဆိုလိုတာက ကျားကျားက စပြောရင်တော့ ပြောလို့ရတယ်ပေါ့…”


ဒါရိုက်တာက ပြန်မဖြေဘဲ ထပ်သတိပေးလိုက်သည်။

“အတိုပြောရရင် တမင်တကာ စကားစလို့မရဘူး…”


ထိုနှစ်ယောက်က အဖြေရှာနေစဉ်တွင် လုဝမ်ရှင်းက ထိုမစ်ရှင်ကို မည်သို့လုပ်ရမည်ကို တွေးပြီးပြီဖြစ်သည်။ သို့ရာတွင် သူတို့ကိုပြောပြရန် မဖြစ်နိုင်ချေ။


ဤကဲ့သို့ မစ်ရှင်မျိုးကို လုဝမ်ရှင်းစိတ်မပူပေ။ သူ့အတွက် အလွန်လွယ်၏။ 


ရည်ရွယ်ချက်ရှိရှိ မပြောရဘူးဆိုရင် သွယ်ဝိုက်ပြီးပြောမှာပေါ့…


လုဝမ်ရှင်းက ယုံကြည်မှုအပြည့်ဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ စခရင်ဆီသို့ လျှောက်သွားလေသည်။

“စမယ်…”


စခရင်က စတင်ရွေ့လျားလေသည်။ လုဝမ်ရှင်းက နှစ်စက္ကန့်ပင်မကြာဘဲ ရပ်ရန်အော်လိုက်သည်။


ဝမ်မင်နှင့် ကျိုးဇီထုံတို့မှာ သူတို့မစ်ရှင်ကို စိတ်မပူနိုင်ဘဲ သူတို့မစ်ရှင်ကိုပြောစဉ်ကထက် ပိုပြီးဂရုတစိုက်ဖြင့် လုဝမ်ရှင်း၏ မစ်ရှင်ကို နားစွင့်နေကြလေသည်။


သူတို့မစ်ရှင်ကို ပြီးအောင်မလုပ်နိုင်လျှင် လုဝမ်ရှင်း၏မစ်ရှင်ကိုလည်း နှောင့်ယှက်မည်ဆိုသည်မှာ အသေအချာဖြစ်သည်။


အားလုံးက အတွေးကိုယ်စီရှိနေကြပြီး လုဝမ်ရှင်းက စိတ်ချလက်ချဖြစ်နေကာ ဒါရိုက်တာကို မေးလိုက်သည်။

“ကျွန်တော် ဘာလုပ်ရမှာလဲ…”


ဒါရိုက်တာက တိတ်ဆိတ်သွားသောကြောင့် စက်ပျက်သွားသည်ဟု လုဝမ်ရှင်း ထင်သွားလေ၏။


“လုဝမ်ရှင်းရဲ့မစ်ရှင်က… စခရင်ကိုကြည့်လိုက်ပါ…”


လုဝမ်ရှင်း “?”


ဘာလို့ လျှို့ဝှက်နေတာလဲ…


မစ်ရှင်ကို မပြောနိုင်ဘူးလား…


လူသုံးယောက်က တွေဝေကာ စခရင်ကို မော့ကြည့်လိုက်၏။ ခဏကြာပြီးနောက် အနက်ရောင်စခရင်ပေါ်တွင် စာကြောင်းတစ်ကြောင်းပေါ်လာလေသည်။


“မင်းရဲ့ ဗိုက်ကြွက်သားကိုထိလို့ရမလား…”


လုဝမ်ရှင်း “?”


ဝမ်မင်က ကြောင်အသွားပြီးနောက် သတိပြန်ဝင်လာကာ အော်ရယ်လေသည်။


“ထူးဆန်းလိုက်တာ… အဲ့ဒါကြောင့် ဒါရိုက်တာမဖတ်ပြနိုင်တာကိုး… ဒီစာကြောင်းက ထူးထူးဆန်းဆန်းပဲ ငါတောင်ရှက်သွားတယ်…”


ဒါရိုက်တာက ချောင်းဟန့်ပြီး ပြောလိုက်၏။

 â€œá€œá€Żá€á€™á€şá€›á€žá€„်း‌ ဒီစာသားကို ကင်မရာရှေ့မှာ မင်းရဲ့ပါတနာကိုပြောပါ…”


ဤစကားကို အနုပညာတစ်လောကလုံး၏ ပရိသတ်များရှေ့တွင် ကုယန်ရှန်းအား မေးသည်ကို လိုချင်ကြသည်ဖြစ်၏။


“မင်းရဲ့ ဗိုက်ကြွက်သားကို ထိလို့ရမလား…”


လုဝမ်ရှင်း “…..”



🎬🎬🎬