Chapter 4
Viewers 12k

🎬 Chapter 4

လွှမ်းမိုးချုပ်ချယ်သောစီအီးအို 



"မင်း ရှင်းပြစရာမရှိဘူးလား..."


ရှန့်ချောင်က ကုယန်ရှန်းရှေ့တွင် ရပ်နေပြီး ဂိမ်းထဲ နစ်ဝင်နေသော ကုယန်ရှန်းကို ခေါင်းကိုက်စွာဖြင့် ကြည့်လိုက်သည်။


လူတွေကို အေးစက်တည်ငြိမ်တဲ့အမြင်ပေးလေ့ရှိတဲ့ ရုပ်ရှင်ဧကရာဇ်ရဲ့ဘယ်သူမှ မသိတဲ့ ဝါသနာတစ်ခုက အွန်လိုင်းပေါ်မှာ တိရစ္ဆာန်သားပေါက်လေးတွေ ပျိုးထောင်တာလို့ ဘယ်သူကထင်မှာလဲ...


ဖုန်းမျက်နှာပြင်ရှိ ကျားသားပေါက်များနှင့် သူတို့ကိုအစာကျွေးလျက် အလုပ်များနေသော ကုယန်ရှန်းကိုကြည့်ပြီး ရှန့်ချောင်၏မျက်ခုံးများ တွန့်သွားခဲ့သည်။

"မင်း ငါ့စကားကို နားရောထောင်နေရဲ့လား..."


"ဘာကိုရှင်းပြရမှာလဲ..."

ကုယန်ရှန်းက ပေါ့ပါးစွာဖြေလာသော်လည်း သူ့မျက်လုံးများကမူ ဖုန်းမှ မခွာချေ။


ရှန့်ချောင် အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ တည်ငြိမ်စေရန် နှစ်သိမ့်လိုက်သည်။


"မင်း လူကို အရမ်းဖြစ်သလိုရွေးလိုက်တာလေ..." 


"ငါ ဒါရိုက်တာချန်ရဲ့တောင်းဆိုချက်အတိုင်း လုပ်တာပဲလေ..."


ရှန့်ချောင်က အံ့ဩမှုဖြင့် ပြောလိုက်သည်။ 

"ဒါရိုက်တာချန် ဘယ်တုန်းက တောင်းဆိုခဲ့လို့လဲ...ငါလည်း မသိလိုက်ပါလား..." 


"အမြင်ကောင်းရှိတဲ့သူ ဒါမှမဟုတ် မင်း ကြိုက်တဲ့သူကို ရွေးတဲ့..."  

ကုယန်ရှန်းက ထပ်ပြောလိုက်သည်။


ရှန့်ချောင် : ????


"လာနောက်နေတာလား...လုဝမ်ရှင်းရဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာက စကားသုံးလုံးထဲလေ...အဲဒါက မင်းကို အမြင်ကောင်းရအောင် လုပ်နိုင်သေးတာလား..."


သူပြန်ရသောအဖြေက တိတ်ဆိတ်မှုသာဖြစ်သည်။


ရှန့်ချောင်က သည်းမခံနိုင်တော့ဘဲ ကုယန်ရှန်း၏ဖုန်းကို ကောက်လုလိုက်သည်။ 

"မင်း သေချာမရှင်းပြရင် ဖုန်းထပ်ဆော့ဖို့ မစဉ်းစားနဲ့တော့..."


"ကျစ်..."  

ကုယန်ရှန်းက အကြည့်လွှဲလိုက်သည်။

"တခြားအနုပညာရှင်တွေရဲ့ နာမည်တွေကို မမှတ်မိလို့..."


ရှန့်ချောင် : "……"


ကုယန်ရှန်းက ရိုက်ကူးရေးလုပ်ချိန်မှလွဲ၍ ကျန်အချိန်အများစု၌ ငါးတစ်ကောင်၏ မှတ်ဉာဏ်မျိုးရှိသည်ကို သူ မေ့လုနီးပါးပင်။


မန်းဂိုးအင်တာတိန်းမန့်ရှိ အနုပညာရှင်အများစုက သင်တန်းသားများဖြစ်ကြပြီး သူတို့၏အထူးကျွမ်းကျင်မှုများမှာလည်း ဆိုခြင်း၊ ကခြင်းတို့မှ ခွဲထွက်၍မရချေ။ သူတို့က မတူညီသော အကအမျိုးအစားများ၌ ထူးချွန်ကြသော်လည်း ကုယန်ရှန်း၏မျက်လုံးထဲတွင်မူ ဘာမှမကွဲပြားနေပေ။


သူတို့၏အထူးကျွမ်းကျင်မှုများကို ဘေးဖယ်လိုက်လျှင် လုဝမ်ရှင်းက ရုပ်ရည်၊ စိတ်နေစိတ်ထား သို့မဟုတ် အကျင့်စရိုက်များတွင် အပြစ်ပြောရန် မလိုအောင်ပင် အတောက်ပဆုံးဖြစ်နေသည်။


"တကယ်လို့ လုဝမ်ရှင်းက နောက်ဆုံးမဟုတ်ဘဲ အလယ်မှာဆိုရင်ရော သူ့နောက်ကလူတွေရဲ့မိတ်ဆက်စကားတွေ နားထောင်ပြီးတဲ့နောက်မှာ မင်း သူ့ကို မှတ်မိနေဦးမှာလား... " 

ရှန့်ချောင်က သိချင်စွာ မေးလိုက်သည်။


"မှတ်မိမှာ..."


ရှန့်ချောင် ကုယန်ရှန်းကို အံ့အားသင့်မှုဖြင့် ကြည့်လိုက်သည်။ ကုယန်ရှန်းက နာမည်များကို အမှန်ပင်မမှတ်မိနိုင်၍လား သို့မဟုတ် လုဝမ်ရှင်းဖြစ်သောကြောင့်ပင် ရွေးခဲ့သည်လားကို တွေးမိသွားခဲ့သည်။


"သူ့နာမည်က မှတ်ရလွယ်လို့..."


ရှန့်ချောင် : "……"


ကောင်းပြီ ငါ အတွေးလွန်နေတာပဲ...


"မင်း လုဝမ်ရှင်းကိုရွေးလိုက်တာက ပြဿနာမရှိပါဘူး...ဒါပေမယ့် မင်း အနည်းဆုံးတော့ သူ့ကို အကြမ်းဖျင်းနားလည်ဖို့လုပ်သင့်တယ်လေ...ဒီတိုင်းဘာမေးခွန်းမှ မမေးဘဲ အလျင်စလိုရွေးလိုက်တာကြီးကျ..."


ကုယန်ရှန်းက ရှန့်ချောင်၏ပွစိပွစိအသံကို နားမထောင်လိုတော့သောကြောင့် စကားဖြတ်ပြောလိုက်သည်။

"လုဝမ်ရှင်းက သူတို့နဲ့မတူဘူး..."


ရှန့်ချောင်လည်း ထိုအချက်ကို သဘောတူပေသည်။ လုဝမ်ရှင်းက အင်တာဗျူးတက်ရောက်သော အခြားအနုပညာရှင်များနှင့် အမှန်ပင် မတူချေ။ သူက အင်တာဗျူးလာဖြေပုံမရဘဲ ဤအတိုင်းလာကြည့်ပုံရနေသည်။


အင်တာဗျူးအတွင်း လုဝမ်ရှင်းက တမင်ဟန်လုပ်နေပုံမရဘဲ အံ့အားသင့်ဖွယ်ကောင်းစွာပင် တည်ငြိမ်နေခဲ့သည်။


အခြားအနုပညာရှင်များ၏လိုချင်၊ တောင့်တ၊ စိတ်အားထက်သန်နေသော မျက်လုံးများနှင့်ယှဉ်လျှင် လုဝမ်ရှင်းက ကွဲထွက်နေသည်။ ထိုအနုပညာရှင်များ၏ မျက်နှာပေါ်တွင်မူ 'ငါ့ကိုရွေးပါ' ဟူသော စကားလုံးထွင်းထားလုနီးပါးဖြစ်နေသည်။ အနုပညာရှင်အချို့မှာ ကုယန်ရှန်း၏ ပရိသတ်များဖြစ်ကြပြီး သူတို့မျက်လုံးများထဲရှိ ချစ်မြတ်နိုးမှုများက ဖုံးကွယ်ရန်ခက်ခဲလှသည်။


သို့သော် ရသစုံရှိုးက ပရိသတ်တွေ့ဆုံပွဲမဟုတ်ချေ။ ရှန့်ချောင် လိုချင်သော အနုပညာရှင်မှာ ကင်မရာကိုမကြောက်ဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်ပြီး ကိုယ်ကျော်ကြားစေရန် အခြားလူအပေါ် ခုတုံးမလုပ်တတ်သူဖြစ်သည်။


လုဝမ်ရှင်းက ရသစုံရှိုးတွင် ပါဝင်လိုသည့်ပုံမရသော်လည်း ထိုလိုအပ်ချက်များနှင့် ကိုက်ညီနေသည်။


ရှန့်ချောင်က ပါးနပ်စွာမေးလိုက်သည်။

"မင်းရော ထင်လားမသိပေမယ့်...ငါတော့ လုဝမ်ရှင်းက ရသစုံရှိုးမှာပါဖို့ စိတ်ဝင်စားတဲ့ပုံမရဘူးလို့ထင်တယ်..."


ကုယန်ရှန်းက မျက်လွှာပင့်ကြည့်ပြီး ရုတ်တရက် လေးနက်သွားခဲ့သည်။ 

"ငါက ငါအမြင်မှားတယ်ထင်နေတာ..."


ရှန့်ချောင် : "……" 

အဲဒီတော့ မင်းလည်း မြင်ခဲ့တာပေါ့...


ချီးပဲ...


ရှန့်ချောင် မဆဲရေးမိဘဲ မနေနိုင်ချေ။  


ဆိုတော့ အဲဒါက ငါထင်ယောင်ထင်မှားဖြစ်တာမဟုတ်ဘူးပေါ့...


ဒါပေမယ့် ကုယန်ရှန်းလည်း ရိပ်မိတာပဲကို သူ ဘာလို့ လုဝမ်ရှင်းကိုပဲရွေးခဲ့ရတာလဲ...


လုဝမ်ရှင်းက သူ့မျက်လုံးနဲ့ ကိုက်ညီလို့လား ဒါမှမဟုတ် လုဝမ်ရှင်းက မလုပ်ချင်လို့ကို ရွေးလိုက်တာလား...


မိနစ်အနည်းငယ်အတွင်း ရှန့်ချောင်က အဓိပ္ပာယ်မရှိသောထင်ကြေးအမျိုးမျိုးထဲ ကျရောက်သွားခဲ့လေသည်။


သူ ထိုအကြောင်း ပိုတွေးလေ၊ ပိုထူးဆန်းလာလေဖြစ်သည်။


အွန်းလိုင်ပေါ်အိမ်မွေးတိရိစ္ဆာန်များ မွေးမြူသော ဝါသနာအပြင် ကုယန်ရှန်း၏ မယုံနိုင်ဖွယ်ရာ လျှို့ဝှက်ချက်ကို သူ ထပ်မံတွေ့ခဲ့ပုံရသည်။


ရှန့်ချောင်၏စိတ်ထဲ 'လွှမ်းမိုးချုပ်ချယ်တဲ့ စီအီးအိုကြီးက ငါ့ကို ချစ်မိသွားပြီးတော့ အတင်းဓမ္မလက်ထပ်လိုက်တယ်' ဟူသော တီဗီစီးရီးမှ ခွေးသွေးဇာတ်ကြောင်း စပေါ်လာခဲ့လေသည်။


အမျိုးသမီးဇာတ်လိုက်က ခေါင်းမာသောအဖြူရောင်ပန်းပွင့်ငယ်လေးဖြစ်ပြီး အာဏာရှင်စီအီးအိုနှင့် ရင်ဆိုင်ရချိန်တွင် သူမ၏အတွေးများကို ရဲဝံ့စွာထုတ်ပြောပေသည်။

"ကျွန်မ မလိုချင်ဘူး..."


"ဟက် မိန်းကလေး မင်း ဘယ်လိုတောင် ကိုယ့်ကို ငြင်းရဲတာလဲ..."

အမျိုးသားဇာတ်လိုက်က လွှမ်းမိုးချုပ်ချယ်သော ဥက္ကဋ္ဌဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်မှလွဲ၍ လူတိုင်းက သူ့ကို သဘောကျကြသည်။


"ဟင့်အင်း ရှင် ကျွန်မကိုလွှတ်..."  

အဖြူရောင်ပန်းပွင့်လေးက ဒေါသတကြီးပြောလိုက်သည်။


"မလွှတ်ဘူး...မင်းက ကိုယ့်အာရုံကို ဖမ်းစားလိုက်နိုင်တာပဲ..."


ထို့နောက် ချက်ချင်းပင် အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့၏မျက်နှာက ကုယန်ရှန်းနှင့် လုဝမ်ရှင်းတို့အဖြစ်သို့ ပြောင်းသွားခဲ့သည်။


"မင်း ဒီလိုမျိုးဝတ်စားထားတာက ကိုယ့်ကို ဆွဲဆောင်ဖို့ကြိုးစားနေတာမလား..."  

ကုယန်ရှန်း၏မျက်လုံးထဲတွင် မောက်မာမှုနှင့် အထင်သေးမှုများကြီးစိုးနေသည်။


လုဝမ်ရှင်းက မျက်လုံးလှိမ့်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။


ကုယန်ရှန်း၏မျက်လုံးများထဲရှိ စိတ်ဝင်စားမှုက နက်ရှိုင်းလာပြီး လုဝမ်ရှင်း၏မေးစေ့ကို ဆွဲမကာ ယုတ်မာစွာပြုံးလိုက်လေသည်။


"ကောင်လေး မင်း တကယ် အဲဒီလိုမလုပ်ချင်ဘူးလား..."


 â€Śâ€Ś


ထို့နောက်တွင် ရှန့်ချောင်က ကုယန်ရှန်းထံမှ အကန်ခံခဲ့ရသည်။

"မင်း အပြုံးက တော်တော်လေးကိုညစ်ညမ်းနေပြီ..."


နားနေခန်းထဲ၌ သူတို့နှစ်ယောက်သာရှိပြီး ကုယန်ရှန်းက သူ့ကို ရွံရှာစွာဖြင့် ကြည့်လိုက်သည်။


ရှန့်ချောင်က လျင်မြန်စွာ ခေါင်းယမ်းပြီး သူ့စိတ်ထဲရှိ ကြောက်မက်ဖွယ်ကောင်းသော အတွေးရိုင်းများကို ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။


ငါ ငါ့ရည်းစားနဲ့ အဲဒီလိုဒရာမာမျိုး မကြည့်ခဲ့သင့်ဘူး...အဲဒါက ကမ္ဘာသစ်တစ်ခုဆီ တံခါးဖွင့်လိုက်သလိုပဲ...


ရှန့်ချောင်က သူ့အရှက်ကို ဖုံးကွယ်ရန် ချောင်းဟန့်ပြီး ပြောလိုက်သည်။ 

"ဒါဆို ငါ မန်းဂိုးအင်တာတိန်းမန့်ရဲ့ ဒါရိုက်တာရှုဆီသွားပြီး နောက်ဆုံးအတည်ပြုချက်လုပ်လိုက်မယ်..."


ရှန့်ချောင်က ကုယန်ရှန်း၏အဖြေကို စောင့်မနေဘဲ ထွက်သွားတော့သည်။


ရှန့်ချောင် ထွက်သွားပြီးနောက် သူ့ဖုန်းက ရှန့်ချောင်နှင့် ပါသွားသည်ကို ကုယန်ရှန်း သတိရသွားခဲ့သည်။


ညှိနှိုင်းပြောဆိုခြင်းက အချိန်များစွာကြာပေလိမ့်မည်။ ၎င်းကို စဉ်းစားပြီးနောက် ကုယန်ရှန်းက ရှန့်ချောင်နောက်လိုက်ပြီး ဖုန်းဦးစွာပြန်ယူရန် ဆုံးဖြတ်လိုက်သည်။


ငါ့ကျားပေါက်လေးတွေ ဗိုက်ဆာလို့ အော်ငိုနေလောက်ပြီ...


"လုဝမ်ရှင်းက ဘာလို့အဲဒီလောက်တောင် ကြောင်သူတော်ဆန်ရတာလဲ...သူ ဒီနေ့ နေ့လယ်ကတင် အစည်းအဝေးခန်းထဲမှာ အစ်မမန်ကို စာချုပ်ဖျက်ချင်တယ်လို့ ပြောခဲ့ပြီးတော့ ရသစုံရှိုးအင်တာဗျူးလာဖြေတယ်တဲ့...တကယ့်ကို ကြောင်သူတော်ကြွက်သူခိုးကောင်ပဲ..."


'စာချုပ်ဖျက်' ဟူသော စကားလုံးကြားစဉ် ကုယန်ရှန်း ရပ်တန့်သွားခဲ့သည်။


ကော်ရစ်ဒါထောင့်ရှိ လူနှစ်ယောက်၏စကားဝိုင်းက ဆက်နေဆဲဖြစ်သည်။

"တကယ်စာချုပ်ဖျက်ချင်တဲ့သူတွေက အဲဒီကိစ္စကို ထုတ်မပြောတတ်ကြဘူး... အဆောက်အဦးပေါ်က ခုန်ချချင်တဲ့သူတွေလိုပဲ...သူတို့သာ တကယ်ခုန်ချချင်ရင် လူတွေကိုခြောက်နေမယ့်အစား တန်းပြီးခုန်ချလိုက်မှာပေါ့..."


"ငါ အရင်က လုဝမ်ရှင်းကို တကယ်လျှော့တွက်ခဲ့မိတာပဲ...သူ ဒါရိုက်တာကျန်းရဲ့အိပ်ရာပေါ် မသွားချင်တာ မဆန်းတော့ဘူး...ဒါနဲ့ ကုယန်ရှန်း သူ့ကိုရွေးတဲ့နောက်မှာ ဇာတ်လမ်းတွေ ဘာတွေရှိနေတယ်လို့ မင်း မထင်ဘူးလား..."


"ဘာဇာတ်လမ်းလဲ...မင်းပြောချင်တာက သူနဲ့ ကုလောင်ရှီး..."


"ဘာတွေတွေးနေတာလဲ...ရုပ်ရှင်ဧကရာဇ်ကုက လုဝမ်ရှင်းလိုကောင်ကို ဘယ်လိုလုပ်မျက်လုံးထဲထည့်မှာလဲ...ငါပြောချင်တာက ရုပ်ရှင်ဧကရာဇ်ကုက အတွေ့အကြုံများပြီး ဒီနယ်ပယ်ထဲကလူတော်တော်များများကို သိတယ်လေကွာ...အဲဒီတော့ သူ လုဝမ်ရှင်းရဲ့စပွန်ဆာကို သိရင်သိမှာပေါ့..."


"ဒီနေ့လယ်တုန်းက လုဝမ်ရှင်းဝတ်လာတဲ့ ဖိနပ်တစ်ရံက ယွမ် 10,000 လောက်ရှိတယ်တဲ့...သူ့ရဲ့ပုံမှန်အဝတ်အစားတွေက ယွမ်တစ်ထောင်တောင် မကျော်တာကို အဲဒီဖိနပ်ဝယ်ဖို့ ဘယ်ကပိုက်ဆံရမှာလဲ... သူ့စပွန်ဆာပေးထားတာပဲနေမှာ..."


"ယွမ် 10,000 တန်ဖိနပ်တဲ့လား...သူ့စပွန်ဆာက ကပ်စေးနှဲလွန်းတာမဟုတ်ဘူးလား..."


"ဟားဟားဟား လုဝမ်ရှင်းက အရမ်းတုံးတာပဲ...သူ့ကိုယ်သူ ထူးခြားတယ်လို့ထင်နေလားမသိဘူး...ဒီနယ်ပယ်ထဲက သူဌေးကြီးတွေက အပျော်မယားတွေကိုငါးမွေးသလို မွေးကြတာတဲ့...သူတို့က တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတာမဟုတ်ဘူး...ငါးအုပ်-အုပ် ……"


ထိုလူက ရုတ်တရက် စကားပြောရပ်သွားခဲ့သည်။ အခြားအနုပညာရှင်က သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်ပြီး မော့ကြည့်လိုက်ရာ ကုယန်ရှန်း၏အေးစက်နေသော မျက်လုံးများကိုတွေ့လိုက်ရ၍ ချက်ချင်း နှလုံးဆောင့်ခုန်သွားခဲ့သည်။


"ကု ကုလောင်ရှီး..."


*****


ဇန်န၀ါရီလကုန်တွင် တက္ကသိုလ်က အားလပ်ရက်ပေးခဲ့သည်။ လုဝမ်ရှင်း၏ အခန်းဖော်များက အားလပ်ရက်ပေးပြီးပြီးချင်း နောက်တစ်နေ့တွင် အိမ်ပြန်သွားခဲ့ကြသည်။ နောက်ဆုံးထွက်သွားသော အခန်းဖော်ကို နှုတ်ဆက်ပြီးနောက် လုဝမ်ရှင်းက အဆောင်တွင် ပုံဆွဲရန် စီစဉ်လိုက်သည်။


ယခင်က သူ အလုပ်မရှိခဲ့ချိန်တွင် အပိုဝင်ငွေရရန် ပုံများဆွဲခဲ့သည်။


ရသစုံရှိုးအတွက် လူသစ်ဖြေပွဲပြီးသည်မှာ နှစ်ပတ်ကြာသွားပြီဖြစ်ကာ ဤအတောအတွင်း မည်သည့်သတင်းမျှ မရခဲ့ချေ။ ၎င်းက သူအစားထိုးခံလိုက်ရသော သင်္ကေတဖြစ်မည်ဟု ယူဆခဲ့သည်။


ထို့နောက်တွင် လုဝမ်ရှင်းက မရင်းနှီးသော ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။

"ဟယ်လို လုဝမ်ရှင်းလား မသိဘူး..."


တစ်ဖက်လူက သူ့နာမည်အား သိသည်ကို လုဝမ်ရှင်း မအံ့သြသွားဘဲ ပြန်ဖြေလိုက်လိုက်သည်။ 

"ဟုတ်ပါတယ်...."


"ဟယ်လို မစ္စတာလု ကျွန်တော်က ကုယန်ရှန်းရဲ့အေးဂျင့် ရှန့်ချောင်ပါ...ကျွန်တော်တို့ အရင်နှစ်ပတ်လောက်က ကုမ္ပဏီမှာ တွေ့ခဲ့တယ်လေ..."


လုဝမ်ရှင်းက ပြန်မဖြေဘဲ ရှန့်ချောင် ဆက်ပြောလာမည်ကို စောင့်နေလိုက်သည်။

"ဒါနဲ့ မစ္စတာလုက စာချုပ်ဖျက်ဖို့ စီစဉ်နေတာလား မသိဘူး..."


လုဝမ်ရှင်း ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။  

"ကျွန်တော့်ကို ဘာကိစ္စရှိလို့ဖုန်းခေါ်တာလဲဆိုတာ မေးလို့ရမလား..."


ရှန့်ချောင်က လုဝမ်ရှင်း ထိုမျှခုခံလိမ့်မည်ဟု မထင်ထားသောကြောင့် တန့်သွားပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့ မစ္စတာလု...ကျွန်တော့်မှာ တခြားရည်ရွယ်ချက်တွေ မရှိပါဘူး...ဒီတိုင်း အကူအညီများလိုဦးမလားလို့ မေးကြည့်ချင်တာပါ..."


"မလိုပါဘူး ကျေးဇူးပါ..." 

လုဝမ်ရှင်းက အေးစက်စွာ ငြင်းလိုက်သည်။


"မစ္စတာလု...ကျေးဇူးပြုပြီး အလျင်စလို မငြင်းလိုက်ပါနဲ့... ကျွန်တော်တို့က ဒီတိုင်း မစ္စတာလုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ဆွေးနွေးချင်တာပါ..."


ရှန့်ချောင် ပြောလိုက်သော 'ကျွန်တော်တို့' က သူကိုယ်တိုင်နှင့် ကုယန်ရှန်းကို ရည်ရွယ်ခြင်းဖြစ်သည်။


ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ နှစ်ဦးနှစ်ဖက် တူညီသော ပန်းတိုင်ရရှိရန် အချင်းချင်း၏အကူအညီ လိုအပ်ချိန်တွင် ဖြစ်ပေါ်လာပေသည်။


သို့သော် သူက ရုပ်ရှင်ဧကရာဇ်ကု သို့မဟုတ် ရှန့်ချောင်ကို မည်သည့်အကူအညီမျှ ပေးနိုင်စွမ်းရှိမည်ဟု မထင်ချေ။ ဤပူးပေါင်းဆောင်ရွက်မှုက အနည်းငယ် နားလည်ဖွယ်ရာမရှိဖြစ်နေသည်။


"ဝမ်မန်က မစ္စတာလုရဲ့အေးဂျင့်မလား... လွန်ခဲ့တဲ့ရက်တုန်းက သူကျွန်တော့်ကို ဖုန်းခေါ်ခဲ့သေးတယ်..."


ရှန့်ချောင် မပြောလျှင်ပင် ဝမ်မန်က သူ့နေရာ၌ အခြားသူတစ်ယောက်ကို အစားထိုးရန် ဖုန်းဆက်ခဲ့ခြင်းဖြစ်သည်ကို လုဝမ်ရှင်းသိသည်။


"ဝမ်မန်က မစ္စတာလု ဒီရသစုံရှိုးရိုက်ကူးရေးမှာ မပါချင်ဘူးလို့ ပြောတယ်...သူက အရမ်းစိတ်မကောင်းဖြစ်လွန်းလို့ ပါဝင်ဖို့ သင့်တော်တဲ့သူကို ထည့်ပေးမယ်ဆိုပဲ... အဲဒါက မစ္စတာလုရဲ့ဆန္ဒလား..."


လုဝမ်ရှင်းက ခြောက်ကပ်စွာ ပြန်ဖြေလိုက်သည်။ 

"ဟုတ်ကဲ့..."


"တခြားဖျော်ဖြေရေးကုမ္ပဏီတွေမှာဆို အနုပညာရှင်တွေက သူတို့အေးဂျင့်တွေ ပေးတဲ့ အရင်းအမြစ်မှန်သမျှကို ယူကြရတယ်... ဒီဖျော်ဖြေရေးနယ်ပယ်ထဲမှာ အနုပညာရှင်ရဲ့ဆန္ဒကို အရမ်းအလေးပေးတဲ့ ကုမ္ပဏီမျိုးတွေ့ရတာ ပထမဆုံးအကြိမ်ပဲ...ကျွန်တော် တကယ်အံ့သြမိလို့ ဒါရိုက်တာရှုကို ဖုန်းခေါ်လိုက်တော့ သူက ပြန်ပြောခဲ့တယ်... မစ္စတာလုက ရုပ်ရှင်ဧကရာဇ်ကုနဲ့ အလုပ်တွဲလုပ်ရဖို့ကို အရမ်းဝမ်းသာဂုဏ်ယူပြီးတော့ ဆန္ဒရှိပါတယ်တဲ့..."


လုဝမ်ရှင်း : "…"


သူ့အလိမ်အညာကို ရှန့်ချောင် ဖော်ထုတ်လိုက်စဉ် လုဝမ်ရှင်းက မရှက်ရွံ့သွားချေ။ 

"ဝမ်မန်က မလိမ်ပါဘူး...ကျွန်တော်က ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် မပါဝင်ချင်တော့တာပါ... ဒါပေမယ့် ကုလောင်ရှီးနဲ့ အလုပ်အတူတွဲလုပ်ရမှာကို တကယ်ပဲ ဝမ်းသာဂုဏ်ယူရပါတယ်... မန်းဂိုးအင်တာတိန်းမန့်က အနုပညာရှင်တွေ အားလုံးလည်း ဒီလိုကိစ္စကို မျှော်လင့်နေကြမယ်ဆိုတာ ယုံပါတယ်..."


"မင်းရောလား..."

အေးစက်၊ သြရှသောအသံက ရုတ်တရက် ဝင်ရောက်လာ၍ လုဝမ်ရှင်း သူ့ဖုန်းကို လွှတ်ပစ်လုမတတ် လန့်သွားခဲ့သည်။


ထိုသူက ကုယန်ရှန်းပင် ဖြစ်သည်။


အခုခေတ် ရုပ်ရှင်သရုပ်ဆောင်တွေက အရမ်းအားနေကြတာလား...သူများတွေ ဖုန်းပြောနေတာကိုတောင် ခိုးနားထောင်နေရတယ်လို့...


လုဝမ်ရှင်းက ခဏတန့်သွားပြီး ရိုးသားစွာဖြေလိုက်သည်။ 

"သေချာပေါက်ပေါ့..."


"လူလိမ်လေးပဲ..."


လုဝမ်ရှင်း : "……"


"ရှန့်ချောင် မင်းပြောနေတာ တစ်ရက်လောက်ရှိပြီ အခုထိ လိုရင်းမရောက်နိုင်သေးဘူးလား..."


လုဝမ်ရှင်း : "……" 

ခင်ဗျားရဲ့ပုံရိပ်က ရုတ်တရက်ပြိုလဲသွားပြီမှန်း သိရဲ့လား...


"အဟမ်း...ကိုယ် အတိုချုံး ရှင်းပြမယ်..." 

ကုယန်ရှန်းက ချောင်းဟန့်ပြီး ရှန့်ချောင် လက်ထဲမှ ဖုန်းကို လုယူလိုက်သည်။


သူ့လေသံမှာ လေးနက်ပြီး တည်ကြည်နေသည်။ 

"မင်းအေးဂျင့်က ခဏနေရင် မင်းကို ကုမ္ပဏီမှာ စာချုပ်လက်မှတ်ထိုးဖို့ ဖုန်းခေါ်လိမ့်မယ်..."


လုဝမ်ရှင်းက 'လက်မှတ်မထိုးဘူး' ဟု ပြောလုနီးပါး ဖြစ်သွားသော်လည်း သူ့နှုတ်ခမ်းဖျားဆီသို့ ရောက်လာသော စကားများကိုပြန်မျိုချကာ ကုယန်ရှန်းကို ဖြတ်မပြောလိုက်ချေ။


"ကိုယ် ရှန့်ချောင်ကို မင်းရဲ့ကုမ္ပဏီကို ဆက်သွယ်ပြီး ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ ရသစုံရှိုးဧည့်သည်အဖြစ် ရွေးထားတာ...တခြားသူ မလိုချင်ဘူးလို့ ပြောခိုင်းလိုက်တယ်..."


လုဝမ်ရှင်း : ????


"ကိုယ် ဒီလောက်ပြောပြီးမှတော့ မင်း ဘာလုပ်ရမလဲဆိုတာ သိသင့်တယ်မလား..."


လုဝမ်ရှင်း ခဏမျှ ကြောင်အနေပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ကုယန်ရှန်းက တကယ်ကြီး ငါ့ကိုကူညီနေတာလား...


လုဝမ်ရှင်း အံ့အားသင့်နေရန် အချိန်မရှိချေ။ သူ ကုယန်ရှန်း၏စကားကို တွေးလိုက်သည်။


ကုယန်ရှန်းက သူ့ကို လက်မလျှော့သရွေ့ မန်းဂိုးအင်တာတိန်းမန့်က သူစာချုပ်ချုပ်လာအောင် နည်းလမ်းရှာလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် လွှမ်းမိုးနိုင်သော အာဏာက သူ့လက်ထဲရှိနေပေလိမ့်မည်။


အသံဖိုင်နှင့် ယှဉ်လျှင် ကုယန်ရှန်း၏ ငြင်းဆန်ချက်က သူ့အတွက် အကြီးမားဆုံး အလဲအလှယ်ပြုနိုင်သည့် ချစ်ပ်ပြားဖြစ်သည်။


သူ ၎င်းကို ဝမ်မန်နှင့် စာချုပ်ဖျက်ရာတွင် အသုံးပြုနိုင်သည်။


လုဝမ်ရှင်း ကုယန်ရှန်းကို ကျေးဇူးတင်စကားမပြောသေးဘဲ အမှန်တရားကို တည်ငြိမ်စွာ ပြောလိုက်၏။  

"ကုလောင်ရှီးက ကျွန်တော့်ကို ကူညီဖို့ လွယ်မှန်း သိပါတယ်...ဒါပေမယ့် ကျွန်တော့်ဘက်က ကုလောင်ရှီးကို ကူညီနိုင်တာ ဘာမှမရှိလောက်ဘူး..."


"ရှိတယ်..."


ကုယန်ရှန်းက ယုံကြည်ချက်ရှိစွာ ပြောလိုက်သော်လည်း လုဝမ်ရှင်းကို အသေးစိတ်ရှင်းပြရန် ရည်ရွယ်ချက်မရှိချေ။



🎬🎬🎬