အပိုင်း (၉၈)
Viewers 31k

Part 98


ဝမ်လေး၏ အပြုအမူလေးများက ယွမ်လေး၏ ကလေးဘဝမှ မှတ်ဉာဏ်လေးများကို ပြန်လည်သတိရသွားစေသည်။ကလေးဘဝတုန်းက သူမလည်း ထိုကဲ့သို့ပင်။


သူမ၏ မိဘများက အဖိုးအဖွားအိမ်သို့လာ၍ သူမကို တွေ့သည့်အချိန်တိုင်း အလွန်ပျော်ရွှင်စွာဖြင့်ပင် သူအမေ၏ လက်က်ိုဆွဲ၍ နေရာအနှံ့သို့ ခေါ်ဆောင်သွားလေ့ရှိသည်။


ထို အချိန်တုန်းက သူမ၏ အမေက ဘာကြောင့် ဒီလိုလုပ်ရသည်ဟု မမေးသလ်ို သူမကလည်း ဝမ်လေးကဲ့သို့ သူမ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခြင်းမရှိပေ။


သူမ ယခု သေချာတွေးကြည့်လိုက်သည့်အခ်ျိန်မှ အခွင့်အရေးတစ်ခုက်ို လွဲချော်ခဲ့ပြီဖြစ်ကြောင်း သတ်ိပြုမိသွားသည်။အကယ်၍ သူမကလေးဘဝက ဝမ်လေးကဲ့သို့သာ ပြုမူခဲ့မည်ဆိုပါက သူမ၏ အမေက သူမ၏ အတွေးနှင့်ခံစားချက်များကို နားလည်ကောင်းနားလည်သွားပေလိမ့်မည်။


မိဘနှင့်ကလေးနှစ်ဖက်စလုံးက အချိန်ကောင်းကို လွဲချော်ခဲ့သည် မဟုတ်ပါလား...မိဘများသည် ကလေးများ၏ ပြောလ်ိုသည့် ဖော်ပြချက်ကို နားမလည်နိုင်ခဲ့ကြပေ။ (သို့မဟုတ်)သူတို့အလွန်အလုပ်များလွန်းပြီးနားထောင်ဖို့အချိန်မရှိခဲ့ခြင်းလည်းဖြစ်ပေလိမ့်မည်။


သို့သော်လည်း မိဘများက အချိန်ပေးပြီး နားထောင်ချင်သည့် အခါတွင်တော့ သူတို့၏ ကလေးများက ခံစားချက်နှင့် အတွေးများကို ဖုံးကွယ်ပြီးနေထိုင်ရသည်ကို အသားကျသွားခဲ့ပေပြီ။


ယွမ်ရှ ခန္ဓာကိုယ်ကွေး၍ ထိုင်ချလိုက်ပြီး ပေါက်စီလုံးလေးကို ညင်ညင်သာသာ ပွေ့ဖတ်ကာ နွေးထွေးမှု အပြည့်ဖြင့် ပြောလိုက်သည်။


"မားမားရဲ့ ပေါင်ပေါင်က လိမ္မာတဲ့ ကလေးလေးပဲ ..."


ကလေးလေးကလည်း သူမကို ပြန်လည် ပွေ့ဖတ်လာခဲ့သည်။မအေနှင့် သားစုံတွဲက ချိုမြိန်သည့် အခိုက်အတန့်လေးကို ခံစားပြီးနောက် စုန့်ထင်ရှန်း၏ ရုံးခန်းဆီသို့ ပြန်လာခဲ့လိုက်ကြသည်။


သူတို့နှစ်ယောက် ဆိုဖာပေါ်တွင် ထိုင်ရင်း တီးတိုးစကားဆိုနေကြသည်။ယွမ်ရှဆီမှ သတိပေးမှုကို ခံရပြီးနောက် ဝမ်းလေး၏ အသံက တိုးသထက် တိုးသွားလေသည်။နောက်ဆုံး၌သူက စကားကျယ်ကျယ်ပြောပါက သူ့ပါးပါးကို အနှောင့်အယှက်ဖြစ်မည်ဆိုကြောင်း သတိပြုမိသွားပုံ ပေါ်လေသည်။


စုန့်ထင်ရှန်း အလုပ်ပြီးသွားသည့်အချိန်၌ ၅နာရီ ၄၀ဖြစ်နေလေပြီ။သူက စားပွဲပေါ်ရှိပစ္စည်းများကို သေချာစွာ ပြန်စီလိုက်ပြီးနောက် ကွန်ပျူတာကို ပိတ်လိုက်သည်။


သူ ကားသော့ကို ကောက်ယူလိုက်ပြီးနောက် ယွမ်ရှတို့ဆီ လျှောက်လာကာ ပြောလိုက်သည်။


"ကိုယ် အလုပ်ပြီးသွားပြီ ကားကျပ်တဲ့ အချိန်မရောက်ခင် သွားကြစို့..."


ဝမ်လေးက သူ့မိဘနှစ်ပါး၏ လက်တစ်ဖက်စီကို ဆွဲထားလိုက်သည်။သူက နှစ်ယောက်သား၏ အလယ်မှ ဆန်းဝစ်ခ်ျ ပေါင်မုန့်လေးကဲ့သို့ပင် ရှိနေပြီး ရုံးအပြင်သို့ လျှောက်ထွက်လာလိုက်ကြသည်။


ကုမ္ပဏီရှိ ဝန်ထမ်းများ၏ အလုပ်ဆင်းချိန်က ၆နာရီ ထိုးဖြစ်လေသည်။စုန့်ထင်ရှန်းတို့ မိသားစု လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်သည့်ခဏ၌ ဝန်ထမ်းများ အားလုံးက အလုပ်များချင်ယောင် ဆောင်လိုက်ကြသည်။


ဖုန်းကောက်ကိုင်၍ ကာစတန်မာများနှင့် စကားပြောနေသည့်သူ (သို့မဟုတ်) ကွန်ပျူတာကိုသာ သဲကြီးမဲကြီး ကြည့်ပြီး typing ရိုက်နေသည့်သူ အမျိုးမျိုးအဖုံဖုံ သူတို့၏ သူဌေးရှေ့တွင် အမြဲတမ်း အလုပ်ကြိုးစားနေသည့်ပုံပေါ်အောင် ပြုမူနေကြလေသည်။ 


စုန့်ထင်ရှန်းက ယွမ်ရှသည် ရုံးဝန်ထမ်းများရှိရာဆီသို့ လှည့်ပတ်ကြည့်နေသည်ကို တွေ့လိုက်ပြီးနောက် သူမေးလိုက်သည်။


"မင်း ဘာတွေကြည့်နေတာလဲ..."


ယွမ်ရှက စိတ်ပျော်နေသည့် အမူအရာမျိုးဖြင့် ပြန်ဖြေလိုက်၏။


"ကျွန်မ အလုပ်လုပ်တုန်းက အချိန်တွေကို သတိရသွားလို့ပါ ..."


ထိုစကားကို ကြားလိုက်သည်နှင့် စုန့်ထင်ရှန်း၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ယွမ်ရှ၏ အရင်အလုပ်ဟူသော အလုပ်က စုန့်ကော်ပိုရေးရှင်းရှိ ဧည့်ကြိုကောင်တာတွင်သာဖြစ်သည်။


ယွမ်ရှကမူ သူမ ကူးပြောင်းမလာခင်က ဘဝအကြောင်းကို တွေးလိုက်မိခြင်းဖြစ်သည်။အလုပ်တွင် နေ့စဉ်နေ့တိုင်း ခက်ခဲ ပင်ပန်းစွာ ရုန်းကန်ရလေသည်။


အဲ့ဒီအချိန်က သူမ၏ စိတ်အခြေအနေက ဘယ်လို ဖြစ်နေမလဲ...


သူမက ဝေ့ပေါ်ပေါ်တွင် ပုံပြောသူ တစ်ယောက်နှင့်တူနေပေသည်။လမ်းမပေါ်တွင်မောင်းနှင်နေသော ဇိမ်ခံကားများကို မြင်သည့်အခါ၌ လမ်းလျှောက်ပြေးလွှာနေသောသူမက ကားတံခါးက်ို သွားခေါက်ကာ"ဟေး ငါ့ကို ချီးကျူးဂုဏ်ပြုစမ်းပါဟု..." ဆိုနေပုံနှင့် တူနေလေသည်။(အရမ်းတွေကြိုးကြိုးစားစားလုပ်နေ)


"ဒါနဲ့ မင်း အလုပ်ပြန်လုပ်ချင်တယ်လို့ ပြောနေတာမဟုတ်ဘူးလား အခုဘယ်လိုဖြစ်သွားပြီလဲ ..."


စုန့်ထင်ရှန်း မေးလိုက်သည်။ယွမ်ရှ ခေါင်းခါယမ်းလိုက်သည်။


"ကျွန်မက အခု ဆရာနဲ့ သင်နေတုန်းလေး အင်္ဂလိပ်စကားပြောစွမ်းရည်ကိုမြင့်ချင်သေးတယ် ပြီးတော့ မုန့်ဖုတ်စွမ်းရည်ကိုကောပေါ့...ဒီဘာသာရပ်နှစ်ခုလုံးကို ကောင်းကောင်းမွန်မွန် သေချာသင်ပြီးသွားပြီဆိုရင်တော့ ကျွန်မဘာလုပ်ချင်တယ်ဆိုတာကို စဉ်းစားမယ် တစ်နေ့လုံး အိမ်မှာနေရတာလည်း ပျင်းဖို့ကောင်းတယ်လေ ဟုတ်တယ်မှတ်လား...."


စုန့်ထင်ရှန်းတစ်ယောက် "မင်း လွန်ခဲ့တဲ့ လေးနှစ်လုံးလုံး အိမ်မှာပျော်ပျော်ကြီးကြီးနေခဲ့တာမဟုတ်ဘူးလား..."ဟု မေးချင်စိတ်ပေါက်သွားသည်။


"ကိုယ်အကြံပြုရရင်တော့ မင်းတခြားကုမ္ပဏီမှာ သွားမလုပ်သင့်ဘူး ..."


စုန့်ထင်ရှန်းတစ်ယောက် သူ အလွန်အမင်း ဝင်ရောက်စွက်ဖက်ပုံ မပေါ်အောင်လည်း ကြိုးစားပြီးပြောလိုက်သည်။


"မင်းအလုပ်လုပ်ခဲ့ဖူးတာက လေးနှစ်တောင်ကြာခဲ့ပြီလေ...အဲ့ဒီတော့ တိုးမြင့်လာတဲ့ ခေတ်စနစ်အရ မင်းမှာ လိုအပ်တဲ့ အတွေ့အကြုံတွေ ပြစရာမရှိဘူး...အလုပ်ရှင် ဘက်က ကြည့်မယ်ဆိုရင်လည်း အရင်ကပုံစံနဲ့ အခုလုပ်ငန်းခွင်ပုံစံနဲ့က လမ်းကြောင်း သွေဖယ်သွားခဲ့ပြီ ...အဲ့ဒီတော့ အခုလက်ရှိ အရှိန်အဟုန်နဲ့ သွားနေတဲ့လုပ်ငန်းခွင်မှာ မင်း အံဝင်ခွင်ကျ ဖြစ်ပါ့မလားဆိုတာက သူတို့အတွက် စဉ်းစားစရာ အချက်တစ်ချက်ဖြစ်သွားပြီ...အဲ့ဒီတော့ မင်းအလုပ်သစ်တစ်ခု ရှာမယ်ဆ်ိုရင်တော့ အောက်ခြေကနေ စရလိမ့်မယ်...အဲ့ဒါက မင်းအတွက် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်သွားလိမ့်မယ်ထင်တယ်..."


ယွမ်ရှ "..."


ကောင်းပြီလေ သူပြောနေတာတွေက အမှန်တွေပါပဲ ...


"ဆက်ပြောပါ..."