အပိုင်း (၁၃)
ယခုတော့
ဆံပင်ညှပ်ပြီးသွားပြီကာ ရှမြန်သည် မလိုက်မဖက် အရိုးခေါင်းပုံ တီရှပ်လက်တိုနှင့်
ကိုယ်တိုင် ဖြဲထားသည့် ဂျင်းဘောင်းဘီကို ငုံ့ကြည့်ရသည်ကို သည်းမခံနိုင်တော့ချေ။
နတ်သမီးလေးများက စကပ်သာ ဝတ်ဆင်သင့်သည်။
ရှမြန်က
ရှောင်ဖုန်းကို ကုန်တိုက်ဆီသို့ ပျော်ပျော်ရွှင်ရွှင် ခေါ်သွားလိုက်သည်။
ရှေးခေတ်ဖက်ရှင် ပတ်ဝန်းကျင်က အစပိုင်းတွင် ရှမြန်ကို မျှော်လင့်ချက်အများကြီး
မပေးချေ။ သို့သော်လည်း ဖက်ရှင်သံသရာက အမှန်ပင် တပတ်လည်နေသည်ကို
တွေ့လိုက်ရ၏။ တချို့ ရှေးဟန်မပျက် အဝတ်အစားပုံစံများက အမှန်ပင် တော်တော်လေး
ကောင်းမွန်နေသည်။
သူမက မိတ်ကပ်ရောင်
ပန်းပွင့် ဒူးဖုံး ဂါဝန်တစ်ထည်ကို ရွေးလိုက်ပြီး စမ်းဝတ်ကြည့်လိုက်ချိန်တွင်
ရှမြန်က သူ့မ၏ရင်ကြားကို ငုံ့ကြည့်လိုက်တော့ သူမ၏စိတ်အခြေအနေမှာ
မြင့်တက်သွားတော့သည်။
သိတယ်မလား။
အားကစားသမား မိသားစုတစ်ခုမှ မွေးလာရတော့ ငါ့မွေးရာပါဗီဇနဲ့ ရထားတဲ့ပတ်ဝန်းကျင်က
နတ်သမီးတစ်ယောက်ဖြစ်ချင်တဲ့ ငါ့အိပ်မက်ကို ရဖို့ အရမ်းခက်ခဲခဲ့တာလေ။
ကိုယ်လုံးကိုယ်ထည်ကိုပဲ ကြည့်။ ငါ့မှာ ကလေးဘဝကတည်းက သက်တူရွယ်တူ ကလေးတွေထက်
အရပ်မြင့်နေတယ်။ တခြားသူတွေ စကပ်ဖောင်းဖောင်းလေးတွေနဲ့ နတ်သမီးလေးတွေနဲ့ တူကြပေမဲ့
ငါ့မှာတော့ စကပ်ဖောင်းဖာင်း ဘာဘီရုပ်တစ်ရုပ်နဲ့ တူနေပြန်ရော။
နောက်ပြီး ငါ့မှာ
အမြွှာအစ်ကိုနှစ်ယောက်ရဲ့ ရန်စတဲ့စကားတွေကိုလည်း မရှုံးရအောင် အချိန်မရွေး
သည်းခံခဲ့ရသေးတယ်။ အပျိုဖော်ဝင်လာတော့ရော ခန္ဓာကိုယ်က ကြွက်သားတွေ
ချောမွေ့နေတာပဲ။ ရင်လိုင်းဆိုတာ ဘာမှမတောင် မဟုတ်ဘူး။ အထက်တန်း စီနီယာ မတက်ခင်မှာ
ငါ့မှာ လှပလွန်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေတောင် ရှိနေပြီလေ။
လူတော်တော်များများက
ငါ့ကို အားကျကြပေမဲ့ ငါတော့ အိမ်နီးချင်း ကောင်မလေးရဲ့ နူးနူးညံ့ညံ့
ချစ်စရာကောင်းတဲ့ပုံလေးပို ကြိုက်တာလေ။ ဒါက အမျိုးသမီး တစ်ယောက်မှာ
ရှိသင့်တဲ့ဟာပဲ။
ရှမြန်သည်
မနေနိုင်တော့ဘဲ လက်ဆန့်ကာ ထိကြည့်လိုက်၏။
တကယ် ပျောအိပြီး
ချောမွတ်နေတာပဲ။ မူလပိုင်ရှင်ရဲ့ အသားအရေက အရမ်းကောင်းတာပဲဟ။
အဝတ်အစားကို
ဝတ်လိုက်ပြီးနောက်တွင် သူမသည် မနေနိုင်တော့ဘဲ ကော်လံကို ဆွဲလိုက်ပြီး
တစ်ချက်ကြည့်လိုက်၏။ သူမမှာ ဝမ်းသာအားရဖြင့် လေမချွန်ဘဲ မနေနိုင်အောင်
ဖြစ်သွားတော့သည်။
အနည်းဆုံး B+တဲ့ဟ။ နောက်ပြီး ဒီခန္ဓာကိုယ်က အခုမှ ၁၆နှစ်ပဲရှိသေးတာလေ။
ကြီးထွားဖို့ နေရာရှိသေးတယ်။ အမလေး.... ဒါက ငါ အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့
စံပြပုံစံလေးပဲ။ နတ်သမီးလေးတစ်ယောက်ရဲ့ hardware လိုအပ်ချက်ကတော့
လုံးဝကို အိုကေပဲ။
ဒီနေ့ကစပြီး
ငါကတော့ ပြီးပြည့်စုံတဲ့ ပြောင်းလဲမှုကို ပိုင်ဆိုင်ပြီး နတ်သမီးလေး
ပြန်ဖြစ်လာတော့မှာပဲ။
သူမသည်
မနေနိုင်တော့ဘဲ လက်များနှင့် ကိုင်ထားကြည့်လိုက်မိသည်။ ကြီးပြီး အိစက်နေတာပဲ။
“ဟီဟီး....”
“အန်တီလေး”
ရှောင်ဖုန်း၏ နားမလည်နိုင်သည့် အသံက ထွက်လာ၏။
ရှမြန်က
ကိုးယို့ကားယားနှင့် သူမ၏လက်များကို ချထားလိုက်ပြီး သူမ၏ပျော်ရွှင်မှုကြောင့်
ကောင်ကလေးကို မေ့လုနီးနီး ဖြစ်သွားတော့သည်။
သည်ခေတ်တွင်
ကလေးများကို လူကုန်ကူးသူများစွား ရှိပြီး ကုန်တိုက်ကလည်း ဝင်ထွက်သွားလာသူများနှင့်
ပြည့်နက်နေသည်။ သူမသည် ရှောင်ဖုန်းကို မျက်စိအောက်က ပျောက်မခံရဲချေ။ ထို့ကြောင့်
သူမက ကလေးကို အဝတ်လဲထဲအထိ ခေါ်လာလိုက်ပြီး သူ့ကို နရံဘက် မျက်နှာမူခိုင်းထားပြီး
မလှုပ်ဘဲ နေခိုင်းထားရသည်။
သူသည် သူမ၏အသံကို
ကြားလိုက်သည့်အချိန်မှာ ဇဝေဇဝါနှင့် ပြောလိုက်လေသည်။
“ရပြီ၊
လှည့်လို့ရပြီ” ရှမြန်က ပြောလိုက်၏။
ရှောင်ဖုန်းက
ပြန်လှည့်ကြည့်လိုက်ရာ သူ့အန်တီလေးက တဖန် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
“ဝါး...
သားရဲ့အန်တီလေးက အရမ်းလှတာပဲ”
“တကယ်လား” ရှမြန်က
မှန်ကြည့်ရန် သူ့ကို အပြင်သို့ ခေါ်ထုတ်လာခဲ့ပြီး ခေါင်းမော့ကာ ရင်ကို
ဖွင့်ထားလိုက်လေသည်။ ဝိုး ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင်တော့ ဘာဝတ်ဝတ်
ကြည့်လို့လှနေတော့မှာပဲ။ ရှမြန်က ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။
မကျေနပ်တာ
ပြောပါဆိုရင်တော့ ဈေးနှုန်းပဲ။ ဈေးကြီးလို့ရယ်တော့ မဟုတ်ပါဘူး။ အဓိက အကြောင်းက ငါက
မွဲနေလို့လေ။
ဒီနေ့ခေတ်မှာ
ယွမ်၃၀,၀၀၀ကျော် စုဆောင်းငွေဆိုတာ သာမန်မိသားစုတစ်ခုအတွက်တော့ သေးငယ်တဲ့
ပမာဏမဟုတ်ဘူးပေါ့။
သို့သော်လည်း
လူ့အသိုင်းအဝိုင်းက လျင်မြန်စွာ ပြောင်းလဲတိုးတက်နေရာ သည်ငွေက သည်အတိုင်း
လောက်ငှမည်မဟုတ်မှန်း ရှမြန် သိနေသည်။
ထို့အပြင် သူမသည်
ရှောင်ဖုန်းကိုလည်း ထောက်ပံ့ရအုံးမည်။ သူမသည် ကျောင်းလည်း တက်ရအုံးမည်။
ထို့ကြောင့် သူမတွင် ငွေရှာရန် နည်းလမ်းလုံးဝ မရှိနေချေ။ အကောင်းနည်းလမ်းမှာ
ငွေများကို ရင်းနှီးမြှုပ်နှံရမည်။ သို့မှသာ သူမသည် အထက်တန်းကျောင်း မပြီးခင်
ငွေရှာနိုင်လိမ့်မည်။
စတော့ရှယ်ယာ
ဝယ်ခြင်းက အမှန်ပင် အကောင်းဆုံးစိတ်ကူးဖြစ်လေသည်။ သို့သော်လည်း ကံဆိုးချင်တော့
သူမသည် ဇာတ်လိုက်၏ ကုမ္ပဏီနာမည်ကိုသာ သိပြီး စာအုပ်ထဲက သူ့ဦးလေးနာမည်ကိုတော့ မသိချေ။ ထို့အပြင်
ယခုအချိန်တွင် ဇာတ်လိုက်ကာ ကလေးလေးသာ ရှိအုံးမည်။ သူ့ဦးလေးက ဘယ်ရောက်နေမှန်းပင်
သူမ မသိချေ။
ထို့ ဝင်ငွေ
တိုးပွားရန် နည်းလမ်းတစ်ခု ရှာမတွေ့ခင် အသုံးစရိတ်ကို စပြီး ချွေတာရတော့မည်။
နောက်ဆုံးတွင်
ရှမြန်သည် စကပ်နှစ်ထည်၊ ဖိနပ်တစ်ရံနှင့် အတွင်းခံ နှစ်စုံသား ဝယ်ခဲ့ရသည်။ သူမသည်
ရှောင်ဖုန်းအတွက် ဘာအဝတ်အစားမှ မဝယ်ခဲ့ရချေ။ အဓိက အကြောင်းအရင်းမှာ ရှမြန်သည် ကလေး
အဝတ်အစားများကို ကိုင်ကြည့်တော့ အဘွားလျိုပေးခဲ့သည့် အဝတ်အစားများလို
နူးညံ့နေသည်ကို မတွေ့ရခြင်းကြောင့်ပင်။ ထို့ကြောင့် သူမက သည်အဝတ်အစားများကိုသာ
လောလောဆယ် ဝတ်ပေးထားလိုက်မည်ဟု ဆုံးဖြတ်လိုက်ရ၏။
ထို့နောက် သူမက အာဟာရဖြည့်စွက်စာ
နည်းနည်းပါးပါး၊ ဈေးကြီးသည့် ပေါင်ဒါမှုန့်၊ ပုံပြင်စာအုပ်များ၊ ကစားစရာများနှင့်
တခြားပစ္စည်းကို ဝယ်လာလိုက်သည်။
ရှမြန်သည်
နောက်ပိုင်းမှာ လမ်းပတ်လျှောက်ရသည်ကို စိတ်ဝင်စားစရာ ကောင်းသည်ဟု သိလာ၏။
ရှောင်ဖုန်းက သူမ၏ခြေထောက်များကို ကိုင်ထာပြီး ဖြည်းဖြည်းချင်း
ရွေ့လာသည့်အချိန်မှာ သူမသည် နမော်နမဲ့နိုင်ခဲ့သည်ကို သဘောပေါက်သွားတော့သည်။
သူ့အရွယ်ကလေးတစ်ယောက်က စွမ်းအင် နည်းပါးလေသည်။ ထို့အပြင် ရှောင်ဖုန်းက အချိန်အကြာကြီး
အားအင်ကုန်ခမ်းသည့် ခန္ဓာကိုယ် အခြေအနေဖြစ်နေသည်။
ရှမြန်က
မျက်နှာပေါ်တွင် ကိုယ့်ဟာကို အပြစ်တင်နေသည့်ရုပ်ဖြင့် သူ့ကို ကောက်ချီလိုက်ပြီး
“တောင်းပန်ပါတယ်နော်၊ ပေါင်ပေါင်း ပင်ပန်းနေတော့မှာပဲ၊ သား အိပ်နေတုန်းက အန်တီလေး
ချီထားပေးမယ်နော်”
ရှောင်ဖုန်းက
ရှမြန်လက်ထဲက ပစ္စည်းများကို ကြည့်လိုက်ပြီး သူ့မျက်လုံးလေးများကို ကြိုးစားပြီး
ဖွင့်ထာကာ အောက်ဆင်းဖို့ ရုန်းလိုက်လေသည်။
“ရှောင်ဖုန်းက
မအိပ်ချင်ပါဘူး၊ ကိုယ့်ဟာကို လျှောက်နိုင်ပါတယ်”
ရှမြန်သည်
အပြစ်ရှိသလို အရမ်းခံစားလိုက်ရပြီး ရှောင်ဖုန်းကိုကို အရင်ဆုံး ချပေးလိုက်ကာ
သူမ၏ပစ္စည်းအားလုံးကို အိတ်တစ်လုံးထဲ ထိုးထည့်ပြီး သူမ၏ပခုံးတွင် ချိတ်လိုက်၏။
သူမက ကလေးကို တဖန်ကျောပိုးလိုက်ပြီး ပြောလိုက်သည်။
“သား လျှောက်တာ
အရမ်းနှေးနေတယ်၊ အန်တီလေး သားကို ကျောပိုးပြီး မြန်မြန် လျှောက်မယ်လေ၊
အိမ်မြန်မြန် ပြန်ကြမယ်”
သည်စကားကို
ကြားလိုက်သည်တွင် ရှောင်ဖုန်းက နာနာခံခံနှင့် သူ့လက်များက ရှမြန်၏လည်ပင်းကို
သိုင်းဖက်ထားလိုက်၏။ ရှမြန်သည်
ခြေလှမ်းအနည်းပင် မလျှောက်ရသေးချေ
သူ့ခေါင်းလေးက သူမ၏ပခုံးပေါ်သို့ ကျသွားသည်ကို ခံစားမိလိုက်လေသည်။ ငယ်ထိပ်ပေါ်က
ဆံပင်စုလေးသည့် သူ၏ ပုံမှန်အသက်ရှူသံနှင့်အတူ ဝေ့ယမ်းလို့နေသည်။
ရှမြန်သည် မပြုံးဘဲ
မနေနိုင်အောင် ဖြစ်သွားပြီး သူမ၏ခြေလှမ်းများကို အရှိန်မြင့်လိုက်၏။
-
နေ့ခင်း ၃နာရီ
၄နာရီဝန်းကျင်တွင် အသက် ၁၈-၁၉အရွယ် လူမိုက် ၄-၅ယောက်သည် အိတ်ကပ်ထဲလက်ထည့်ပြီး
ဂိုက်အပြည့်နှင့် ဟွားကန်းမိသားစု အိမ်ရာဝင်းထဲသို့ ဝင်လာခဲ့ကြ၏။
လူများက သူတို့ကို
အမှိုက်လို ရှောင်ကြဉ်သွားကြသော်လည်း ထိုလူတွေကတော့ သူတို့ ထုတ်လွှတ်နေသည့် အရောင်အဝါက
ခြိမ်းခြောက်ဟန် အပြည့်ပါသည်ဟု ထင်မှတ်နေကြလေသည်။ ထို့ကြောင့် သူတို့က မေးကို
ချီထားပြီး မျက်လုံးများကို ကျုံ့ထားကာ သူတို့တွေ့သမျှ လူတိုင်းကိုမေးနေကြ၏။
“ဒီမယ် အစ်ကို ရှမြန် ဘယ်တိုက်မှာလဲနေလဲ သိလား၊ သူနဲ့ သွားကစားရအောင်ပါ”
နှစ်ရက်လောက်
စောလျှင်တော့ ဒီလူများကို ရှမြန်ကို ရှာရန် လွယ်လိမ့်မည်မဟုတ်ချေ။ သို့သော် မနေ့က
ကိစ္စ ဖြစ်သွားပြီးနောက်တွင် မိသားစု အိမ်ရာဝင်းထဲက လူတိုင်းနီးပါးက ရှမြန်ကို
သိကြလေသည်။
မိသားစု
အိမ်ရာဝင်းထဲက လူများ၏ မျက်လုံးများထဲတွင် ရှမြန်သည် အနည်းငယ်
တဇွတ်ထိုးဆန်သော်လည်း တာဝန်သိတတ်သည့် လိမ္မာသည့် ကလေးတစ်ယောက်ဖြစ်သည်။
သို့သော်လည်း
သည်ဒုတိယတန်းစား ကောင်ဆိုးလေးများကို ပေါ်လာခြင်းက မနေ့တနေ့က ရှမြန်သည်
ထူးထူးဆန်းဆန်း ဝတ်စားတတ်သည့် လူမိုက်မလေးတစ်ယောက်နှင့်တူကာ
သည်လူမိုက်လေးများနှင့် မကွာခြားလှသည်ကို လူတိုင်းအား သတိပေးနေ၏။
သည်လူမိုက်များက
လမ်းမေးနေသည့်အပြင် နောက်ပိုင်းတွင် သူတို့သည် ငယ်ရွယ် လှပသည့် မိန်းကလေးများနှင့်
အိမ်ထောင်သည်မိန်းမများကို တမင်တားကာ သူတို့ကို စနောက်နေကြလေသည်။
“ဒီမှာ ညီမလေး၊
မင်း တော်တော်လှတာပဲ၊ ရှမြန်ကို သိလား၊ သူလည်း မင်းတို့ အိမ်ရာဝင်းထဲက ပဲလေ၊
ငါတို့တွေ သူနဲ့ ကောင်းကောင်း ကစားလာခဲ့တာ၊ နောက်ဆိုရင် ငါတို့တွေ မင်းကို
ခေါ်မယ်လေ”
ရှက်ရွံ့ပြီး
ကြောက်တတ်ကြသည့်သူများကတော့ ကြောက်လန့်သဖြင့် သည်အတိုင်း ရှောင်သွားလိုက်ကြသည်။
သူတို့သည် စိတ်သဘောထားဆိုးသည့် လူများနှင့် တွေ့ချိန်တွင် ဆူဆဲခံရသော်လည်း သူတို့က
ထိပ်တိုက် ရန်ပြန်မတွေ့ကြပေ။ ထို့အစား သူတို့က အပြုံးတစ်ခုနှင့် ပြောနေတတ်သည်။
“အိုး၊ ငါက မင်းကို
မေးရုံမေးတာပါ၊ ဘာ စိတ်ဆိုးစရာ ပါလို့လဲ၊ မင်း မပြောပြချင်ဘူးဆိုရင်လဲ
မပြောပြပါနဲ့”
သူသည်
သည်လိုအရှုပ်ထုပ်နှင့် နေသားကျနေသူတစ်ယောက်မှန်း သိသာလေရာ လူများက အဖတ်လုပ်ရန်
မတန်ဟု သတ်မှတ်ကြသော်လည်း အဖတ်မလုပ်ပြန်တော့လည်း အလွန်မှ
ခံစားရခက်သလို ဖြစ်နေကြ၏။
သတင်းကောင်းကတော့
အဝေးကြီးကို မရောက်သော်လည်း သတင်းဆိုးကတော့ မိုင်ထောင်ချီအထိ ရောက်လေသည်။ တစ်နာရီ၊
နှစ်နာရီအတွင်းမှာပင် မိသားစုအိမ်ရာဝင်းထဲက လူများသည် ရှမြန်အကြောင်း
ထပ်ပြောကြချိန်တွင် မျက်မှောင်ကြုတ်ထားကြလေသည်။
ဒါသည်
ဟွမ်ရှောင်ကျွမ်းထက်ပင် အများကြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေ၏။
ဟွမ်ရှောင်ကျွမ်းက သူမ၏ရက်စက်သည့်အကျင့်ကို သူ့အပေါ်တွင် မသုံးခဲ့ချေ။
ထို့ကြောင့် သူတို့က သည်အတိုင်း ပျော်သဘော စောင့်ကြည့်ကြသည်။ သို့သော် ရှမြန်
ဆွဲဆောင်လာသည့် ထိုလူမိုက်များကတော့ အိမ်ရာဝင်းကို အမှိုက်တစ်ခု ဖြစ်အောင်
လုပ်နေသည်။ သူတို့၏မိသားစုတွင် မိန်းမငယ်လေး မရှိသူ ဘယ်သူ ရှိပါမည်နည်း။
ဟွမ်ရှောင်ကျွမ်းက
ရှမြန်၏နာမည်က လူများ၏ ညည်းညူသံကြားထဲတွင် မကြာမကြာ ပိုထွက်လာသည်ကို အပေါ်ထပ်မှာ
နားထောင်နေပြီး နောက်ဆုံးတော့ ဝင့်ကြွားစွာဖြင့် ပြုံးလိုက်လေသည်။
ဖုန်းက မြည်လာ၏။
ကျန်းချီမင်ပင်။
“မင်းရဲ့ခရီးဆောင်ကို
ထည့်ပြီးပြီလား”
“ပြီးပြီ”
ဟွမ်ရှောင်ကျွမ်းက ဝမ်းသာအားရ ပြောသည်။ “ရှင့်မှာ အဖြေတစ်ခု ရှိသေးသားပဲ၊
လူအများကြီး သူ့ကို ဆဲဆိုနေကြတာ ကျွန်မ ကြားလိုက်တယ်၊ အခုတော့ သူ ဇာတ်သိမ်းပါပြီ”
ကျန်းချီမင်၏အသံကလည်း
အပြုံးတစ်ခု ဆောင်ထား၏။ “မင်း ထုပ်ပိုးပြီး ထွက်လာခဲ့၊ မဟုတ်ရင် အဲဒီလူမိုက်တွေ
ရှမြန်ကို လက်စားချေလို့ ရွှမ်းရွှမ်း အန္တရာယ် ဖြစ်နေအုံးမယ်”
ဟွမ်ရှောင်ကျွမ်းကလည်း
နားလည်သည်။ “အင်း၊ ကျွန်မ ခရီးဆောင်အိတ်ကြီးတစ်ခု ထုပ်ထားတယ်၊ အဲဒီလူမိုက်တွေ
ဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ၊ ကျွန်မ ကျွန်မမိဘအိမ်မှာ ရက်နည်းနည်းလောက်
သွားနေလိုက်မယ်၊ ဪ ဒါနဲ့လေ ကျွန်မ ရှင့်ခရီးဆောင်အိတ်တွေအားလုံး ကျွန်မနဲ့အတူ
ယူလာတယ်”
“အင်း၊ ငါ ဟိုတယ်တစ်ခုမှာ
အခန်းငှားထားပြီးပြီ၊ ထွက်လာခဲ့တော့”
ဖုန်းချလိုက်ပြီးနောက်တွင်
ဟွမ်ရှောင်ကျွမ်းက ဝမ်းသာအားရ ရွှမ်းရွှမ်းကို ဖက်ပြီး ဆွဲလှည့်လိုက်ကာ
“အဘွားအိမ်ကို
ပြန်ကြမယ်”
ရွှမ်းရွှမ်းက
အပြင်ထွက်ရမည်ဟု ကြားလိုက်ချိန်တွင် ပိုပျော်သွားကာ တခစ်ခစ် ရယ်မောလိုက်လေသည်။ သူက
လက်ခုပ်တီးလိုက်ပြီး ပြောလိုက်၏။
“ထန်ထန်နဲ့
ကစားရတော့မယ်”
“အဘွားအိမ်ကို
အရင်သွားမယ်၊ ပြီးမှ ပြန်လာတဲ့အခါ ထန်ထန်နဲ့ ကစားမယ်နော်၊ ဟုတ်ပြီလား”
ဟွမ်ရှောင်ကျွမ်းသည်
သားဖြစ်သူ၏ စူပုတ်နေသည့် ပါးစပ်ကို ကြည့်လိုက်ပြီး သူမ၏စိတ်ထဲက ဒေါသက
ပြန်ထိုးတက်လာ၏။
သည်နေ့ သူမ
အပြင်ထွက်ပြီးနောက်တွင် သူမကို တွေ့ကြသူတိုင်းက သူမကို ထူးထူးဆန်းဆန်း
ကြည့်လျှင်ကြည့် မဟုတ်လျှင် သရော်လှော်ပြောင်သည့် အမူအရာများ လုပ်ပြကြသည်။ သူမကို
တည့်တည့်ကြီး ဆဲဆိုခဲ့သည့် တောကမိန်းမတစ်ယောက်ပင် ပါသေးသည်။
သူမသည် အစကတော့
ရွှမ်းရွှမ်းကို ဟွားကန်း မူကြိုကျောင်းသို့ ပို့ပြီး သူ့ကို ဝန်ထမ်းအိမ်ရာသို့
ပြောင်းပေးချင်သော်လည်း မိဘတစ်ယောက်က ဆရာမကို ပြောပြနေသည်ကို ကြားလိုက်ရလေသည်။
“ကျွန်မကလေးကို
ရှောင်ဟွမ်ရဲ့ကလေးနဲ့ ဝေးဝေးထားပေးပါနော်”
တချို့လူများက
သူတို့၏ကလေးများကိုပင် သင်ပေးနေကြသည်။ “ရွှမ်းရွှမ်းက လူသတ်သမားသားနော်၊ ထန်ထန်
သူနဲ့ မကစားရဘူးနော်”
ဟွမ်ရှောင်ကျွမ်းသည်
ဆက်ပြီး သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမက ရွှမ်းရွှမ်းကို ကောက်ချီပြီး
အိမ်သို့ အလောတကြီး ပြန်လာခဲ့ရကာ ထပ်ပြီး အပြင်မထွက်ရဲတော့ချေ။
ကျန်းချီမင်၏
ကုမ္ပဏီက သည်မနက်ခင်း ဖြစ်ခဲ့သည့် ကိစ္စအတွက် သူ့ကို ပြဿနာရှာခဲ့ပြီးမှ သူသည်
အခြေအနေကို မေးမြန်းရန် ဖုန်းပြန်ခေါ်ခဲ့ရသည်...။
ဟွမ်ရှောင်ကျွမ်းက
သူမ၏ ခရီးဆောင်အိတ်ကို ဆွဲကာ ထည်ဝါသည့်အပြုအမူတစ်ခုဖြင့် ရွှမ်းရွှမ်းကို
လက်ဆွဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။ ထင်ထားသည့်အတိုင်းပင် သူမသည်
မနက်ခင်းတုန်းက သူမကို ဆဲဆိုခဲ့ကြသူများကို လုံးဝ ဂရုမစိုက်တော့ချေ။ သူမသည်
မိသားစုအိမ်ရာဝင်းထဲက လူများ၏ ကိုယ်ချင်းစာအကြည့်အောက်တွင်
‘ထွက်ပြေး’လာခဲ့တော့သည်။
သူတို့သည် ဟိုတယ်သို့ ရောက်သွားချိန်တွင် ကျန်းချီမင်က
စောင့်နှင့်နေ၏။
“ဘာဖြစ်တာလဲ”
ကျန်းချီမင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။ “ဒါရိုက်တာဝမ်က ဒီနေ့
ကုမ္ပဏီကိုရောက် ငါ့ကို ခေါ်ဆူတယ်၊ ငါတို့တွေ မနေ့က သဘောတူထားပြီးသားမလား၊
အဲကလေးမက ဘယ်လိုဖြစ်ပြီး ပြဿနာလုပ်ပြန်တာလဲ”
ဟွမ်ရှောင်ကျွမ်းသည်
မှားယွင်းစွပ်စွဲ ခံရသလို ခံစားလိုက်ရပြီး ဒေါသထွက်လေသည်။ “အဲကလေးမက
ထင်ထားတဲ့အတိုင်း လုံးဝ မလုပ်ဘူးလေ၊ သူ ဘယ်လောက်ဆိုးလဲ ရှင် မသိလို့”
သူမသည်
သည်မနက်ခင်းက ဖြစ်ခဲ့သည့်ကိစ္စကို အသေးစိတ်ပြောပြလိုက်ပြီး တစ်ဖက်လူက သူမကို
တရားစွဲပြီး ခြိမ်းခြောက်စရာ လုံးဝမလိုပါသော်လည်း သူတို့က ရှမြန် တရားမစွဲနိုင်ရန်
ခြိမ်းခြောက်လာဘ်ထိုးခဲ့ကြောင်း တခြားသူများကို ပြောနေသည့်အကြောင်းကို အထူးတလည်
ရှင်းပြလိုက်၏။
နောက်ဆုံးတော့ သူမက
ပြောလိုက်၏။ “အဲကလေး အရမ်းလည်တယ်”
ကျန်းချီမင်က
သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းထားလိုက်ပြီး “သူ ဘယ်လောက်ပဲ လည်လည်ပါလေ
သူက ကလေးမလေးတစ်ယောက်ပဲ” သည်အချိန်တွင် သူက မေးလိုက်၏။
“ဘဏ်စာအုပ်ပျောက်ရင်း
ရဲတိုင်မယ်လို့ ပြောသေးတယ်ဆို ဟုတ်လား”
ဟွမ်ရှောင်ကျွမ်းက
အနည်းငယ် မျက်မှောင်ကြုတ်ထားလိုက်ပြီး “ဟုတ်တယ်၊ တကယ်လို့ ရဲခေါ်ခံရရင်
ကျွန်မတို့တွေ ဘဏ်စာအုပ် ပြန်ပေးရမှာပေါ့ ဟုတ်လား” သူမသည် သည်စကားကို
ပြောလိုက်ချိန်တွင် အနည်းငယ် မလုံမလဲ ဖြစ်သွား၏။ သူမသည် သူမ၏အစ်ကို စတော့တွင်
ရင်းနှီးဖို့ ကူညီရန် ဘဏ်စာအုပ်ထဲက ငွေတချို့ ခိုးထုတ်ထားခဲ့ပြီး ကျန်းချီမင်က
သည်အကြောင်းကို မသိသေးချေ။
ထို့ကြောင့်
မည်သို့ပင်ဖြစ်စေ သည်ဘဏ်စာအုပ်ကို ပြန်ပေးလို့မဖြစ်ချေ။
ပြန်ပေးလိုက်ရလျှင် ချက်ချင်း ပေါ်ပေါက်သွားလိမ့်မည်။
ကျန်းချီမင်၏
အပြစ်ကင်းသလို ပြုံးပြလိုက်ပြီး “မင်းက ဘာလို့ ပြန်ပေးချင်နေတာလဲ၊ သူက
ဘဏ်စာအုပ်ပျောက်ရင် ရဲတိုင်မယ်လို့ပြောပေမဲ့ သူက အဲဒီလူမိုက်တွေနဲ့ တွဲနေတာလေ၊
အနှေးနဲ့အမြန် သူ ဒုက္ခရောက်လိမ့်မယ်၊ အဲဒီအခါကျရင် သူက ပြဿနာကနေ ရှောင်ဖို့
ပိုက်ဆံသုံးဖို့ အလျင်လိုစရာတွေ ရှိလာမှာ၊ နောက်ပြီး သူ့ဘဏ်စာအုပ်ကို ပြန်ပေးဖို့
မင်းကို တောင်းပန်စရာ အချိန်တောင် ရှိမှာမဟုတ်ဘူး”
ဟွမ်ရှောင်ကျွမ်း၏
မျက်လုံးများက လင်းလက်သွားလေသည်။ “တကယ်လား၊ သူ ဘယ်လို ဒုက္ခမျိုး ရောက်မယ်လို့
ရှင် ထင်လဲ”
ကျန်းချီမင်က
ဟွမ်ရှောင်ကျွမ်းကို လူကြီးတွေသာ နားလည်နိုင်သည့် အကြည့်တစ်ခုနှင့် ကြည့်လိုက်ပြီး
“ကလေးမလေးတစ်ယောက်လေ၊ ဒါက ဘယ်လို ဒုက္ခမျိုးဖြစ်မယ်လို့ မင်းထင်လဲ”
ဟွမ်ရှောင်ကျွမ်း၏မျက်လုံးများမှာ
ချက်ချင်း လင်းလက်သွားတော့သည်။ “တကယ်လို့ ရှင် သူတို့ကို ဓာတ်ပုံရိုက်ထားခိုင်းရင်
အခုချိန်ကစပြီး သူ ကျွန်မတို့စကားပြောသမျှကို နားထောင်ရတော့မှာလား”
ကျန်းချီမင်က
မယုတ်မလွန် နေနေလိုက်ပြီး “မသိဘူးလေ”
ဟွမ်ရှောင်ကျွမ်းသည်
ရှမြန်နှင့် ထိုကောင်စုတ်လေးကို ကိုင်တွယ်ရန် သူမ၏စိတ်ထဲတွင် နည်းလမ်းပေါင်း
၁၀၈မျိုး ရုတ်တရက် ပေါ်လာတော့သည်။
...