အပိုင်း (၂၉)
ဟွမ်မိသားစုသည်
မိန်းကလေးများထက် ယောက်ျားလေးများကို ပိုပြီးဦးစားပေးသည့် မိသားစုဖြစ်သဖြင့်
ဟွမ်ရှောက်ကျွင်းသည် အစကတည်းက ဟွမ်မိသားစုထဲတွင်
တော်တော်လေး သက်သောင့်သက်သာရှိသည့် နေထိုင်မှုတစ်ခုကို ခံစားခဲ့ရသည်။
ဟွမ်ရှောင်ကျွမ်း၏အဖေသည်
ကျေးလက်မှ မြို့သို့ပြန်လာကတည်းက သူသည် အဘွားဟွမ်၊ အဘိုးဟွမ်၊ ဦးလေးဟွမ်တို့၏
မိသားစုနှင့်အတူ တန်းလျားပုံစံ အဆောက်အဦတစ်ခုတွင် နေလာခဲ့သည်။ မိသားစု၃ဦးက
၄ဦးဖြစ်လာသည်တွင် ဦးလေးဟွမ်သည် ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ပြောင်းရွှေ့ဖို့
နည်းလမ်းတစ်ခုရှာခဲ့ရသည်။ ထို့ကြောင့် ဦးလေးဟွမ် ပိုင်ဆိုင်သင့်သည့်အိမ်သည် ဟွမ်ရှောက်ကျွမ်း၏ အဖေနှင့် သူ့မိသားစုက
လုံးဝသိမ်းယူထားလိုက်သည်။
နောက်ပိုင်းတွင်
မိသားစု၄ဦးက ၇ဦးအထိ တိုးပွားလာချိန်တွင် သူတို့သည် မီတာ၄၀ပတ်လည် အဆောက်အအုံထဲတွင်
ပြည့်သိပ်ကြပ်ညပ်ပြီး နေရသည်။ အကြီးဆုံးသားဖြစ်သူ ဟွမ်ရှောက်ကျွင်းက
လက်ထပ်ပြီးသွားသည့်နောက်တွင် လွတ်သွားသည့်အခန်းကို ဟွမ်ရှောက်ကျွင်း၏မိသားစုကို
ပေးလိုက်ရသည်။ အငယ်ဆုံးညီဖြစ်သူ ဟွမ်ရှောက်ပင်းကတော့ သူ့မိဘနှင့်အတူ
အခန်းငယ်လေးတစ်ခုအတွင်း နေရသည်။ ဟွမ်မိသားစု၏ညီအစ်မသုံးယောက်က ၀ရံတာတစ်ခုသာ
ခြားထားသည့် ၃၊၄မီတာပတ်လည် အခန်းထဲတွင် စုပြီးနေရသည်။ အလွန်မှပြည့်ကျပ်နေသဖြင့်
သူတို့မှာ ကိုယ်ကိုလှည့်ဖို့ပင် နေရာမရှိပေ။
ဒါကလည်း
ဟွမ်ညီအစ်မများက အိမ်မှ အသည်းအသန် ထွက်သွားချင်ရသည့် အကြောင်းအရင်း ဖြစ်လေသည်။
အရေးကြီးဆုံးအချက်မှာ ဟွမ်ရှောင်ကျွမ်းနှင့် ဟွမ်ရှောင်ရှာတို့သည်
သူတို့အစ်မအကြီးဆုံးဖြစ်သူ ဟွမ်ရှောင်ဟုန်၏ဇာတ်သိမ်းကို မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။ ဟွမ်ရှောင်ကျွင်းအတွက်
မိန်းမတစ်ယောက် ရှာပေးဖို့ရန် အသက်၂၀ပြည့်ခါစ ဟွမ်ရှောင်ဟုန်သည် တဖက်လူက ထရပ်ကား
ဒရိုင်ဘာဖြစ်ပြီး သတို့သမီး ဈေးမြင့်ပေးသည်ဆိုသည့် အချက်နှင့်ပင်
မိန်းမကိုအသေရိုက်တတ်သည့် မုဆိုးဖိုတစ်ယောက်ထံတွင် ရောင်းစားခံလိုက်ရသည်။
ဟွမ်ရှောင်ကျွမ်းက
ကျန်းချီမင်နှင့် လက်ထပ်လိုက်ချိန်တွင် ဟွမ်မိသားစုက စျေးတင်လိုက်ကြပြီး
မတန်မရာတောင်းဆိုမှုများ ပြုလုပ်လေသည်။ ကျန်းချီမင်က ဟွမ်ရှောင်ပင်းအတွက်
အလုပ်တစ်ခုရှာဖွေပေးမည်ဟု ကတိပေးကာ ထိုကိစ္စကိုအချိန်ဆွဲထားလိုက်သည်။
နောက်ပိုင်းတွင်
သူတို့သည် ကျန်းချီမင်၏ အရည်အချင်းကို မြင်တွေ့ခဲ့ရသည်။ ကျန်းချီမင်သည် သူတို့၏ သမက်အကြီးဆုံးနှင့် လုံးဝမတူပေ။ သူသည်
ဟွားကန်းစက်ရုံ၏ အလုပ်သမားတစ်ယောက် ဖြစ်ပြီး အဆက်အသွယ်နှင့် ငွေလည်းရှိသည်။ ဟွမ်ရှောင်ရှာကို
ပြည်သူ့ဆေးရုံသို့ ရောက်အောင် လုပ်ပေးပြီးနောက်တွင်
ဟွမ်မိသားစုသည် အခြေခံအားဖြင့် စကားနားထောင်တတ်လာသည်။ ဆေးရုံတွင်
အလုပ်လုပ်နိုင်ခြင်းက လွယ်ကူသည့်ကိစ္စ မဟုတ်ချေ။ ယခုတော့လစဉ်
ဟွမ်ရှောင်ရှာ ပေးသည့်လစာက ဒုတိယဦးစားပေးဖြစ်လာပြီး
အဓိကအချက်မှာ သူတို့သည် ချမ်းသာသည့် သမက်တစ်ယောက်ကို သေချာပေါက် ဖမ်းဆုပ်နိုင်ခြင်းပင်။
ဟွမ်မိသားစုသည်
ကျန်းချီမင်က သူတို့၏သားအငယ်ဆုံးနှင့် အကြီးဆုံးမြေးလေးကို အကူအညီပေးဖို့
မျှော်လင့်ထားကြသည်။ ထို့ကြောင့်သူတို့သည် ထူးထူးခြားခြား အဆင်ပြေနေကြဟန်တူသည်။
ဟုတ်ပါသည်။
ဟွမ်ရှောင်ကျွမ်းက ဒီလိုသက်သောင့်သက်သာ ဘဝတစ်ခုနှင့် နေနိုင်ရသည့်
အကြောင်းအရင်းကလည်း သူမသည် တချိန်က ဟွမ်ရှောင်ကျွင်းအတွက် စတော့ရင်းနှီးငွေ
ယွမ်၅ထောင်ကို ထုတ်ပေးထားခြင်းကြောင့်ပင်။ ထို့ကြောင့် မိသားစုတစ်ခုလုံးက သူမ
ဒီတစ်ကြိမ်ပြန်လာသည့်အချိန်တွင် အလွန်မှ စိတ်အားတက်ကြွနေကြခြင်းပင်။
သူမသည် သူမမိဘများ၏
မြှောက်ပင့်ချီးမွမ်းစကားများကိုသဘောကျနေသေးသည်။ သူမသည် အထက်စီးမှနေရသည့်
ခံစားချက်ကို သဘောကျနေပြီး သူမ၏မောင်နှင့်ယောင်းမများကို လက်ဖက်ရည်တည်ခင်းခိုင်း၊
အဝတ်လျှော်ခိုင်းရင်း အမိန့်ပေးကာ ၃၊၄ မီတာပတ်ဝန်းကျင်ရှိ
၀ရံတာအခန်းငယ်လေးတွင်နေသည်။ သူမမှာ အလွန်မှ စိတ်အခြေအနေကောင်းမွန်နေတော့သည်။
အထူးသဖြင့် သူမသည် ရက်အနည်းငယ်ကြာပြီး အိမ်ပြန်သွားသည့်အချိန်တွင် သူမ၏ခေါင်းကို
မော့ထားနိုင်ပြီး နောက်ထပ်ယွမ်နှစ်သောင်းခွဲကိုလည်း ရှာဖွေနိုင်မည်ဟု
တွေးလိုက်သည့်အချိန်တွင် သူမသည်ပိုပြီး ထောင်လွှားဝင့်ကြွားလာတော့သည်။
ထို့ကြောင့်
သူမမိဘများကလည်း သူမနှင့်ရွှန်းရွှမ်းတို့ ကြိုက်နှစ်သက်သည့် ဟင်းလျာများကို
စားပွဲအပြည့် ပြင်ဆင်ပေးကြသည်။ သူတို့သည် ယွမ်သောင်းချီရှာနိုင်ခဲ့သည့် ဘေးအိမ်က
ဝမ်မိသားစုအကြောင်းကို တက်တက်ကြွကြွ ပြောဆိုကြလေသည်။ ဟွမ်ရှောင်ကျွင်းမှာ သူ
ဝယ်ထားသည့် စတော့ဈေးမှာ ရုတ်တရက် ကျဆင်းသွားပြီး သူ၏နေရာကို
ဆက်ပြီးထိန်းထားဖို့ရန် လိုအပ်သည်ဟု ပြောလာသည်တွင် ဟွမ်ရှောင်ကျွမ်းက
ရှက်သွေးဖြာသွားဟန်ဖြင့် သူမ၏အစ်ကိုကို နောက်ထပ် ယွမ်၅ထောင်ပေးမည်ဟု
ကတိပေးလိုက်လေသည်။
သို့သော်ငြားလည်း
ထိုသို့ပြောလိုက်ပြီးမှ သူမသည် နောင်တရသွားကာ အလောတကြီး ပြန်ပြောလိုက်၏။
“ဒါပေမဲ့ ဒီပိုက်ဆံကို လကုန်ကြရင် ပြန်ပေးရမယ်နော်။ ကျွန်မ
ဒီပိုက်ဆံကို လကုန်အထိပဲ ဖုံးကွယ်ထားနိုင်မှာ။ မဟုတ်ဘူးဆိုရင် ကျွန်မ ချီမင်ကို
ရှင်းပြလို့ရမှာ မဟုတ်ဘူး။ အစ်ကိုလည်း ချီမင်အကြောင်း သိတာပဲ။ သူက မကျေနပ်ရင်
ရှောင်ရှာရဲ့အလုပ်ကိုတောင် ပြန်ယူသွားနိုင်တယ်။ တကယ်လို့ သူက ရှောင်ရှာရဲ့အလုပ်ကို
ယွမ်၁သောင်း၊၂ သောင်းလောက်နဲ့ ပြန်ရောင်းလိုက်မယ်ဆိုရင် ဒီအလုပ်ကို ဝယ်မဲ့သူက သေချာပေါက်ရှိတယ်”
“စိတ်မပူပါနဲ့” ဟွမ်ရှောင်ကျွင်းက အလွန်မှ
ယုံကြည်ချက်ရှိစွာ ပြောသည်။ “၅ရက်ဆက်တိုက် စျေးတက်သွားနိုင်သရွေ့
၁သောင်းက ၃သောင်း ဖြစ်လာနိုင်တယ်။ အဲဒီအချိန်ကျရင် ငါက နင့်ကိုတစ်သောင်းပေးမဲ့အပြင်
မုန့်ဖိုးအနေနဲ့ ယွမ်၂ထောင်အတိုးလည်း ထပ်ပေးဦးမယ်၊ ဘယ်လိုလဲ”
လူများစွာသည်
စတော့ဝယ်ယူရင်း ညတွင်းချင်း ချမ်းသာသွားသည့်အကြောင်းကို ဟွမ်ရှောင်ကျွမ်းကလည်း
ကြားထားသည်။ သူမသည် အလွန်မှဝမ်းသာသွားလေသည်။ သူမ၏အစ်ကိုအကြီးဆုံးက
ငွေအများအပြားရှာနိုင်ခဲ့လျှင် ကျန်းချီမင်ကလည်း သူမ၏မိသားစုထဲတွင်
ပိုမိုကောင်းမွန်သည့် အမြင်တစ်ခုရှိလာမည်။
ဟွမ်ရှောင်ကျွမ်းသည်
သူမကသူမ၏မိဘအိမ်တွင် ၇ရက်၈ရက်လောက် နေနိုင်မည်ဟု စဉ်းစားထားလိုက်လေသည်။
ထို့နောက်တွင် ကျန်းချီမင်က သူမကို ကိုယ်တိုင်လာကြိုလိမ့်မည်။
သို့သော်ငြားလည်း
သူမက ရွှန်းရွှမ်းကို ခေါ်ကာ သူမ၏
‘အချစ်ဆုံး’ သူငယ်ချင်းဟောင်း ဆီသွားလည်သည့်အချိန်တွင် ဟွမ်ရှောင်ကျွမ်း၏အမေက
ရုတ်တရက် သုန်မှုန်နေသည့် မျက်နှာထားတစ်ခုဖြင့် သူမကို အိမ်ပြန်လာဖို့ ခေါ်သည်။
“နင် ဥပဒေကို ချိုးဖောက်ခဲ့တာလား” ဟွမ်ရှောင်ကျွမ်း၏
အမေက ပြောသည်။ ဟွမ်ရှောင်ကျွင်းနှင့် သူမ၏ယောက်မကြီးက သူမကို ထူးထူးဆန်းဆန်း
အကြည့်ဖြင့် ကြည့်လိုက်ပြီး သူတို့သည် အကျဉ်းသားတစ်ယောက်ကို ကြည့်နေသလိုပင်
အထင်သေး ရွံရှာဟန်ဖြင့် ကြည့်နေကြလေသည်။
ဟွမ်ရှောင်ကျွမ်း၏ နှလုံးခုန်သံမှာ စည်းချက်လွဲသွားတော့သည်။
“ဘယ်လို၊ ဘာ တရားမဝင်တာလဲ။ ကျွန်မ ဘယ်ဥပဒေကိုမှ မချိုးဖောက်ခဲ့ပါဘူး”
“လူတစ်ယောက်က ဖုန်းခေါ်လာပြီး ပြောလိုက်တယ်။ တစ်ယောက်ယောက်က နင့်ကို
တရားစွဲဆိုထားပြီးတော့ ရဲတွေကလည်း နင့်ကို ရှာဖွေနေတယ်တဲ့” ဟွမ်ရှောင်ကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။
“မဖြစ်နိုင်တာ” ဟွမ်ရှောင်ကျွမ်းက ပြောသည်။ “ချီမင်က ရဲစခန်းကို ဆက်သွယ်ဖို့ လူတစ်ယောက်ကို ရှာခဲ့ပြီးပြီပဲ။
ရဲစခန်းက ကျွန်မကို လွှတ်လိုက်ပြီလေ။ ကျွန်မမှာ အပြစ်မရှိဘူးလို့တောင် သူတို့က
ပြောလိုက်သေးတယ်”
“နင် တကယ်ပဲ ရဲစခန်းကို ရောက်ခဲ့တာလား”ဟွမ်ရှောင်ကျွမ်း၏ အမေက အထိတ်တလန့် ဖြစ်သွားလေသည်။ “နင်.. နင် အခုချက်ချင်း ပြန်တော့။ ဟွမ်မိသားစုမှာ နင့်လိုသမီးမျိုး မရှိဘူး”
“အမေ” ဟွမ်ရှောင်ကျွင်းက တည်ငြိမ်သွားပြီး
သူမကို တားလိုက်သည်။ “အမေ အခြေအနေကို
ရှင်းလင်းအောင်လုပ်ရမယ်။ ဒါမှ ကျွန်တော်တို့တွေဆီကို လာမပတ်သက်မှာ”
ထို့နောက်တွင်
သူသည် ဟွမ်ရှောင်ကျွမ်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ “လူတစ်ယောက်က အခုပဲ ဖုန်းဆက်ပြီးပြောတယ်။ နင်က
တခြားသူတွေရဲ့ပိုင်ဆိုင်မှုကို အလွဲသုံးစားလုပ်ပြီးတော့ ယွမ်သောင်းချီပါတဲ့
ငွေစုစာအုပ်ကို ယူသွားပြီး ပြန်ပေးဖို့ ငြင်းဆန်နေတယ်ဆို။ သူတို့ပြောတာတော့
ယွမ်သောင်းချီ ယူသွားတာက
ပြင်းထန်တဲ့ပြစ်မှုတစ်ခုတဲ့။ နင့်ကိုထောင်ထဲမှာ (၁၀)နှစ်ကျော်လောက်
ပြစ်ဒဏ်ချမှတ်လို့ရတယ်တဲ့”
ဟွမ်ရှောင်ကျွမ်းသည်
ချက်ချင်းဆိုသလို ရှမြန်ကိုစဉ်းစားမိသွားပြီး ဒေါသတကြီးပြောလိုက်၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သူက သူ့ဟာသူအရင်ဆုံး ငွေစုစာအုပ်ကို ကျွန်မကို
ပေးခဲ့တာပဲ။ ကျွန်မက စာအုပ်ကို ကျောင်းမှာသိမ်းထားတယ်လို့ သူ့ကို ပြောခဲ့တယ်လေ။
ဒါပေမဲ့ သူ့ကိုပြန်ပေးဖို့ အချိန်မရှိသေးတာပဲရှိပါတယ်”
သို့သော်ငြားလည်း
သူမသည် အနည်းငယ်အလန့်တကြား ဖြစ်သွားသေးသည်။ သူမသည် ရဲစခန်းသို့
တစ်ကြိမ်ရောက်ခဲ့ပြီးပြီ။ ကျန်းချီမင်က လူတစ်ယောက်ကို သွားတွေ့ပြီး သူမကို
ကယ်တင်ပေးခဲ့သော်ငြားလည်း ဒီလို အကြိမ်ကြိမ်ဆက်ဖြစ်နေလျှင် သူမသည်
နောက်ပိုင်းကျလျှင် လူများကို မည်သို့ မျက်နှာပြရပါမည်နည်း။
ဟွမ်ရှောင်ကျွမ်း၏
အမေက ပြောလိုက်၏။
“ငါ ဂရုမစိုက်ဘူး နင် အခုပဲပြန်တော့။ အိမ်မှာ မနေနဲ့တော့။
ငါတို့တွေကို ဒုက္ခမရောက်စေနဲ့။ ငါတို့တွေက ငါတို့ရဲ့သိက္ခာကိုလည်း
ကာကွယ်ဖို့လိုသေးတယ်”
“ အမေ သူ ပြန်သွားတယ်ဆိုရင်တောင်မှ ဒါက
ပြဿနာတစ်ခု ဖြစ်နေဦးမှာပဲ” ဟွမ်ချွေးမက မကျေမနပ်ပြောသည်။
ဟွမ်ရှောင်ကျွင်းကလည်း
မျက်မှောင်ကြုတ်လိုက်သည်။ “ဖြစ်ပျက်သွားတဲ့ကိစ္စတွေကို
ငါ့ကိုအသေးစိတ် ပြောပြစမ်း။ တကယ်လို့ နင်သာ
အချုပ်ထဲမသွားရဘူးဆိုရင် ငါတို့တွေက နင့်ကို သေချာပေါက် ကူညီပေးမယ်။ ငါတို့တွေက
ငါတို့ရဲ့ဟွမ်မိသားစုထဲမှ အလုပ်ကြမ်းနဲ့ ထောင်ကျနေတဲ့သူမျိုး မရှိစေချင်ဘူး”
ဟွမ်ရှောင်ကျွမ်းကလည်း
ပျာယာခတ်သွားလေသည်။ သူမမိဘ၏အိမ်က
အမှန်ပင် သူမ၏တစ်ခုတည်းသော အထောက်အပံ့ပင်။ ထို့ကြောင့် သူမကလည်း
အကြောင်းအရာအသေးစိတ် ပြောပြလိုက်တော့သည်။
နောက်ဆုံးတွင် သူမက
ပြောလိုက်၏။ “အစ်ကို ငါ နင့်ကိုပေးတဲ့ ၅ထောင်က
သူ့ရဲ့ငွေစုစာအုပ်ထဲက ထုတ်ထားတာ။ နင် ငါ့ကို အရင်ဆုံး ပြန်ပေးလိုက်ပါလား။
သူ့စာအုပ်ထဲကို ပြန်ထည့်ထားလိုက်မယ်။ အချိန်တန်လို့ ငါ ငွေစုစာအုပ်ပြန်ရတာနဲ့
အားလုံးက အဆင်ပြေသွားလိမ့်မယ်”
ဟွမ်ရှောင်ကျွင်းက
ဒေါသတကြီးဖြင့် ဝါးစားမတတ် ကြည့်လေသည်။ “ငါ ဒီပိုက်ဆံတွေကို
စတော့ဝယ်ဖို့ သုံးလိုက်ပြီ။ ငါ အခု
စတော့ကိုင်ထားဦးမှရမှာ။ တကယ်လို့ ဒါကို အခုအချိန် ရောင်းလိုက်ရင် ၂ထောင်လောက်ပဲ ကျန်လိမ့်မယ်။ တကယ်လို့
ရက်နည်းနည်းလောက်ကြာတဲ့အထိ သိမ်းထားမယ်ဆိုရင်တော့ ၆ထောင် ဒါမှမဟုတ် ၇ထောင်လောက်
ဖြစ်သွားလိမ့်မယ်။ မအစမ်းပါနဲ့”
“ဒါပေမဲ့...“ ဟွမ်ရှောင်ကျွမ်းသည် စိုးရိမ်နေလေသည်။
“နင်က ပြန်ဖြည့်ဖို့ အရင်ဆုံးနည်းလမ်းတစ်ခု ရှာတာပဲဖြစ်ဖြစ်
ဒါမှမဟုတ် အချိန်ဆွဲထားတာမျိုးဖြစ်ဖြစ် လုပ်လိုက်” ဟွမ်ရှောင်ကျွင်းက
ပြောသည်။ “ငါ့အထင်တော့ ဒါက ဘာမှမဟုတ်လောက်ပါဘူး။
ကလေးမလေးတစ်ယောက်ပဲ”
“တကယ်လို့ မေးလာတယ်ဆိုရင်လည်း အဲ့ကလေးမက ဆင်ခြေတစ်ခု
လုပ်နေတာပဲဖြစ်မှာပေါ့။ နင်က သူ့ အတွက် ကျောင်းတစ်ကျောင်း ရှာထားပေးတာပဲ။ သူက နင့်ကို
ငွေစုစာအုပ် ပေးလိုက်တယ်။ သူက နင့်ကို လျှို့ဝှက်နံပါတ်လည်း ပြောပြထားတယ်။ ဒါက
ဘယ်လိုလုပ်ပြီး ခိုးတာဖြစ်မှာလဲ” ဟွမ်ရှောင်ကျွင်းက ဆက်ပြောသည်။ “ငါ့အထင်တော့ သူက သူ့အစ်မရဲ့ လျော်ကြေး ယွမ်၄သောင်းကို မျက်စိကျနေတာ
ဖြစ်မယ်။ ကလေးမလေးဆိုပေမဲ့ ရည်ရွယ်ချက်ကတော့ ကြီးတာပဲ”
ဟွမ်ရှောင်ကျွမ်းသည်
ရုတ်တရက်ဆိုသလို တစ်ခုခုကို စဉ်းစားမိသွားလေသည်။ အဲ့ကလေးမက ဟိုလူမိုက်တွေရဲ့
အမြတ်ထုတ်တာ ခံရပြီး ငွေညှစ်ခံနေရလို့များလား။
သူမသည်
ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီးစိတ်အေးသွားလေလေ ဖြစ်သွားသည်။ သို့မဟုတ်လျှင်
သူမ ပြန်လာပြီးကတည်းက ရက်ပေါင်းတော်တော်ကြာအောင် အဘယ်ကြောင့် အဆင်ပြေနေပါသနည်း။
ဒီနေ့မှ အဘယ်ကြောင့် ရုတ်တရက်ရဲကို ဖုန်းခေါ်ရပါမည်နည်း။ ရှမြန်သည် အရေးတကြီး
ငွေလိုအပ်နေပြီး သူမကို ထောက်ပံ့ပေးဖို့ လူကြီးတစ်ယောက် မရှိတာကြောင့် သူမက
ဖြစ်နိုင်သည့် နည်းလမ်းမျိုးစုံကို ကြိုးစားရှာဖွေကာ
သူမ၏ငွေစုစာအုပ်အတွက် ရဲဌာနကို ဖုန်းခေါ်လိုက်ခြင်းဖြစ်ရမည်။
ဒီလိုစဉ်းစားလိုက်ပြီး
ဟွမ်ရှောင်ကျွမ်းက ပြုံးလိုက်၏။ “အစ်ကို နင်ပြောတဲ့စကားသာ အမှန်ဆိုရင်
သူက သေချာပေါက် အောင်မြင်မှာမဟုတ်ဘူး။ လျော်ကြေးငွေဆိုတာ လုံးဝမရှိဘူး”
သူမသည် အကြပ်အတည်း ဖြစ်နေရသည့် အချိန်မှာပင်
ဟွမ်ရှောင်ကျွမ်းသည် ရှချွန်း၏ လျော်ကြေးငွေကို အသိအမှတ် မပြုချေ။
ဟွမ်ရှောင်ကျွင်းက
ပြုံးပြီးပြောလိုက်၏။ “ဟုတ်တယ် နင့်မှာ လျော်ကြေးငွေဆိုတာ
ဘာမှမရှိဘူး။ နင်က နင့်မိသားစုဆီကနေ ငွေချေးထားတာလို့ အားလုံးကို
ပြောထားတယ်မဟုတ်လား။ အဲဒီကလေးမက ဒီအတိုင်းပြဿနာလိုက်ရှာနေတာ”
ဟွမ်ရှောင်ကျွမ်းအမေ၏
မျက်လုံးများက လင်းလက်သွားလေသည်။ ဟွမ်ရှောင်ကျွင်းက သူမကို စိုက်ကြည့်လိုက်ချိန်မှ
သူမသည် သူမ၏စိတ်မရှည်သည့် လေသံကို ချိုးနှိမ်ထားလိုက်ကာ ပြောလိုက်၏။ “ရဲတွေက သူတို့လုပ်ချင်တယ်ဆိုရင် သေချာပေါက် အဖြေရှာပါလိမ့်မယ်။
ငါတို့တွေက သူ့ကို ဘယ်လိုလုပ်ပြီး ဒီလောက်ငွေအများကြီး ချေးငှားနိုင်မှာလဲ။
ငွေစုစာအုပ်က အဆင်ပြေနိုင်တယ်ဆိုရင်တောင်မှ လျော်ကြေးငွေကိစ္စနဲ့တော့ သူတို့တွေ
ငါတို့ကိုလာဖမ်းအောင် လုပ်လို့မရဘူး”
ဒီစကားလုံးများသည်
ဟွမ်ရှောင်ကျွမ်း၏နှလုံးသားကို လာရောက်ထိမှန်လေသည်။ သူမသည် ငွေစုစာအုပ်ကိစ္စကို
မစိုးရိမ်ချေ။ သို့သော်ငြားလည်း လျော်ကြေးငွေကိစ္စကို စုံစမ်းခိုင်းခဲ့လျှင်တော့
ကျန်းချီမင်က သေချာပေါက် သူမကို သေအောင်ရိုက်နှက်လိမ့်မည်။
သူမသည် သူမ၏အမေကို
ကြည့်ကာပြောလိုက်၏။
“အမေ လျော်ကြေးငွေက မရှိတဲ့ကိစ္စပါ။ အမေက နေပြီးတော့ မိသားစုကနေ
ဒီပိုက်ဆံကို ချေးပေးလိုက်တာလို့ပြောရင် သူတို့ ဘာတတ်နိုင်မှာလဲ”
“နင်က ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ” ဟွမ်ရှောင်ကျွမ်း၏ အမေကဒေါသဖြင့် ကြည့်လိုက်သည်။
“ဒါက မုသားသက်သေပဲ။ နင်က ထောင်ထဲမသွားရဘူးဆိုရင်တောင်
နင့်အစ်ကိုကလည်း ဒီကိစ္စထဲ ဆွဲထည့်ခံရလိမ့်မယ်။ ဒါကိုတော့ စဉ်းတောင် မစဉ်းစားလေနဲ့ “
ဟွမ်ရှောင်ကျွင်းသည်
မျက်မှောင်ကြုတ်လိုက်ပြီး ခဏစဉ်းစားလိုက်ပြီးနောက်မှ ပြောလိုက်လေသည်။
“ရှောင်ကျွမ်းက အထဲဝင်သွားရတယ်ဆိုရင်တောင် ကျွန်တော်တို့
မိသားစုတွေက အဲဒီလူကို ဘာမှလုပ်ဖို့ တတ်နိုင်မှာမဟုတ်ဘူး”
ဒီအချိန်တွင်သူက
သက်ပြင်းချကာ ပြောလိုက်၏။ “ရှောင်ကျွမ်း ငါတို့တွေ ဒီကိစ္စကိုတော့ သေချာမှန်မှန်ကန်ကန်လေး
လုပ်မှဖြစ်မယ်။ ဘယ်သူကမှ ဘာအမှားတစ်ခုမှ လုပ်လို့မဖြစ်ဘူး။ တကယ်လို့ နင်သာ
တကယ်အဖမ်းခံလိုက်ရရင် ငါက နင့်ကို ဂရုမစိုက်ဘူးဆိုပြီး အပြစ်မပြောနဲ့နော်”
ဟွမ်ရှောင်ကျွမ်းက
အလောတကြီး ခေါင်းညိတ်ပြလိုက်၏။ ရဲဌာနကရောက်လာပြီး သူတို့ကို စုံစမ်းမေးမြန်းလျှင် သူဖြေရမဲ့အကြောင်းကို
မိသားစုက ဂရုတစိုက် စဉ်းစားနေလေသည်။
ချေးငွေကိစ္စအသေးစိတ်၊
အချိန်၊ နေရာ၊ ဘယ်ကချေးငှားခဲ့သည်၊ ဘယ်လောက်ချေးငှားခဲ့သည်...
နောက်ဆုံးတော့
ဟွမ်ရှောင်ကျွမ်း၏အမေက ပြောလိုက်၏။ “နောက်ထပ်
အကြွေးစာချုပ်ပဲ ရေးလိုက်ပါ။ ရဲတွေ မပြောနဲ့ ဒီအကြွေးစာချုပ်က အတုဆိုတာကို
ဘယ်သူမှတောင် သိမှာမဟုတ်ဘူး”
ဟွမ်ရှောင်ကျွမ်း၏
ပထမဦးဆုံးတုံ့ပြန်မှုမှာ ငြင်းဆန်လိုက်ဖို့ရန် ဖြစ်သည်။ ဟွမ်ရှောင်ကျွင်းက
မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဘာဖြစ်လို့ အကြွေးစာချုပ်ရေးမှာလဲ။ ကျွန်တော်တို့တွေက
မောင်နှမတွေပဲ။ ငွေချေးငှားတယ်ဆိုတာ ပုံမှန်ပဲလေ ဟုတ်တယ်မလား”
ဟွမ်ရှောင်ကျွမ်း၏
အမေက ပြောလိုက်၏။
“ဒီလောက် ငွေပမာဏအများကြီးကို နင်က အကြွေးစာချုပ် မယူဘူးဆိုရင်
လူတွေက ဒါကို အတုလို့ထင်သွားလိမ့်မယ်”
ဟွမ်ရှောင်ကျွမ်း၏အမေက
သူမကိုလှမ်းကြည့်ကာ မဲ့ရွဲ့ပြီးပြောလေသည်။
“အရင်က နင် ချီမင်ဆီက ချေးငှားထားတဲ့ငွေဆိုရင် ၁၀၀၊၂၀၀
လောက်ပဲရှိတာ။ သူက ဘယ်တုန်းက ငါတို့ကို အကြွေးစာချုပ် မရေးခိုင်းဖူးလို့လဲ”
ဟွမ်ရှောင်ကျွမ်းသည်
သူမ၏အမေက သူမကို လှမ်းကြည့်လိုက်ချိန်တွင် သူမ၏မျက်နှာမှာ နီရဲသွားပြီး
ရှင်းမပြတတ်အောင် ရှက်ရွံ့မိသလို ခံစားလိုက်ရလေသည်။
“ဘာလို့ မရေးပေးချင်တာလဲ ဟုတ်လား။ ဒါက ပူးပေါင်းကြံစည်မှုနဲ့
မုသားသက်သေလုပ်မှုလေ။ ရဲဌာနက အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတယ်။ တကယ်လို့ သူတို့တွေက
သံသယနည်းနည်းလေးနဲ့ နင့်ကို ဖမ်းထားလိုက်မယ်ဆိုရင် နင့်ကို
စုံစမ်းမေးမြန်းကြလိမ့်မယ်။ နောက်ဆုံးကျတော့ နင်ပဲ ထောင်ထဲသွားရမှာ”
ဟွမ်ရှောင်ကျွင်းကလည်း
စတင်ပြီး ချီတုံချတုံဖြစ်လာသည်။ သို့သော်ငြားလည်း သူ့မိန်းမက
ပြတ်ပြတ်သားသားပြောလိုက်၏။ “ထားလိုက်ပါ ထားလိုက်ပါ။ သူတို့တွေက
ပြောတယ်မလား။ ငွေစုစာအုပ်အတွက် ရဲဌာနကို ဖုန်းခေါ်တာတဲ့။ သူတို့တွေက လျော်ကြေးကိစ္စကို မပြောခဲ့ဘူးလေ။
တကယ်လို့ အဲဒီကလေးမက လျော်ကြေးကိစ္စကို မပြောခဲ့ဘူးဆိုရင်ရော။ ရှောင်ကျွမ်းက
အဆင်ပြေမှာပါ”
ဟွမ်ရှောင်ကျွမ်းကလည်း
စိုးရိမ်နေသည်။ ရှမြန်သည် အဆင်ပြေနေစဉ်တွင်ပင် လျော်ကြေးကိစ္စကို ထပ်တလဲလဲ
ပြောနေသေးသည်။ အခုတော့ သူမသည် ငွေလုံးဝမရှိတော့သည်ဖြစ်ရာ လျော်ကြေးငွေကို မည်သို့
လက်လွတ်နိုင်လိမ့်ပါမည်နည်း။ လျော်ကြေးငွေကိစ္စနှင့်ပတ်သက်ပြီး ရဲဌာနကို
ဝင်ရောက်စွက်ဖက်ခွင့် ပေးလို့မဖြစ်ပေ။
“အကြွေးစာချုပ်တစ်ခု ရေးလိုက်ပါမယ်”
ဟွမ်ရှောင်ကျွမ်းသည်
အကျိုးအပြစ်ကို အချိန်အကြာကြီး ချိန်ဆနေပြီးနောက်တွင် အံကြိတ်ကာ ပြောလိုက်လေသည်။
ကိစ္စများကို
ဖြေရှင်းလိုက်ပြီးနောက်တွင် ဟွမ်မိသားစုသည် သားအမိ၂ယောက်ကို ကန်ထုတ်ဖို့ရန်
မစောင့်နိုင်တော့ချေ။ ရဲဌာနအပေါ် ပိုပြီးအပြုသဘောဆောင်ကာ ကောင်းမွန်သည့်
အမြင်တစ်ခု ချန်ရစ်ဖို့ရန်ဟူသည့်
အကြောင်းပြချက်ဖြင့် မောင်းထုတ်လိုက်ကြလေသည်။
ဟွမ်ရှောင်ကျွမ်းသည်
မတတ်သာတော့ဘဲ ရွှမ်းရွှမ်းကိုခေါ်ကာ ဘတ်စ်ကားဖြင့် ပြန်လာရလေသည်။ ဟွာကန်းမိသားစု
အိမ်ယာသို့ ရောက်ဖို့ရန် ၃နာရီနီးပါး အချိန်ယူလိုက်ရသည်။ သူမသည်
ဖြစ်ပျက်သွားသည့်ကိစ္စများကို ရဲဌာနမှာ မည်သို့ပြောပြရမည်အကြောင်းနှင့်
ရဲဌာနနှင့်ရှင်းလင်းပြီးလျှင် ရှမြန်ကိုမည်သို့ ကိုင်တွယ်ရမည့်အကြောင်းကို
စဉ်းစားလာလေသည်။ သူမသည် ဒီတစ်ကြိမ်တွင် အလေးအနက်ဖြစ်နေပြီး တခြားသူများကို
ပြုံးပြလိုက်၏။ ရွှမ်းရွှမ်းက သူမ၏လက်ထဲတွင် ထိုင်ကာ ပြောလိုက်လေသည်။
“မေမေ ရူးသွားတာလား”
အဘွား၏ အဆောက်အဦးထဲတွင် ဒီလို ရူးသွပ်နေသည့်
မိန်းမတစ်ယောက် ရှိလေသည်။ တစ်ခါတစ်ရံ ငိုနေတတ်ပြီး တစ်ခါတစ်ရံ ရယ်မောနေတတ်သည်။
ဟွမ်ရှောင်ကျွမ်းက
သူ့ကို ဒေါသဖြင့်ကြည့်လိုက်ကာ “နင်သာ ရူးနေတာ၊ ငါ တစ်ခုခုကို
စဉ်းစားနေတာ”
သို့သော်ငြားလည်း
နောက်ဆုံးတွင် သူမသည် စိတ်အခြေအနေ ကောင်းမွန်နေသည်။
“စိတ်မပူပါနဲ့လေ ငါတို့တွေက နင်နဲ့ သေချာပေါက်
ပူးပေါင်းပေးရမှာပေါ့။ အကြွေးစာချုပ်သာ ရှိနေတယ်ဆိုရင် ငါတို့ရဲ့အစီအစဉ်က
ပြီးပြည့်စုံသွားလိမ့်မယ်။ ပြောလို့မရဘူး ငါတို့တွေက အဲဒီကလေးမကိုတောင် နင့်ကို ချောက်ချတယ်ဆိုပြီး တရားစွဲလို့တောင်
ရချင်ရဦးမှာ”
“ဘဏ်စာအုပ်ကလည်း နင့်ရဲ့ဟာဖြစ်လာမဲ့အပြင် ဒီကလေးမကိုလည်း
ရှင်းထုတ်နိုင်လိမ့်မယ်။ နောက်ဆုံး သူက ထောင်ထဲရောက်သွားတာနဲ့ သူ့မိဘတွေကိုလည်း
ဆုံးရှုံးရလိမ့်မယ်။ ဒီလိုဆိုရင်ဘယ်သူက သူ့ကို စောင့်ရှောက်ချင်တော့မှာလဲ”
သူမအစ်ကို၏စကားများသည်
အခြေအနေ အတိအကျနှင့်ပတ်သက်ပြီး လုံးဝရှင်းလင်းနေသည် မဟုတ်သော်ငြားလည်း
သူ့စကားလုံးများက ဟွမ်ရှောင်ကျွမ်းကို သတိပေးနေလေသည်။
ရှမြန်ကို
တိုက်ခိုက်မဲ့သက်သေနဲ့ လက်ထဲက ဘဏ်စာအုပ်နဲ့ဆိုရင် အဲဒီလူကို ထောင်ထဲပို့ဖို့
ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူး။
ရှမြန်က ရဲဌာနကို
အဲ့လောက်ဖုန်းခေါ်ချင်နေတယ်ဆိုမှတော့ သူ လုပ်ထားတဲ့အသီးအပွင့်ကို သူ့ဟာသူ
ပြန်ခံစားခိုင်းရမှာပေါ့။ သူက သူ့အသက်အရွယ်နဲ့ ထောင်ထဲကိုသွားရမှာ
မဟုတ်ဘူးဆိုရင်တောင် သူက လူငယ်ထိန်းသိမ်းရေးစင်တာကို သွားရလိမ့်မယ်။
လူတွေကလည်းသူ့ကို ရှောင်ကြလိမ့်မယ်။ နောက်ပိုင်း သူဘာပဲပြောပြော သူ့ကို ဘယ်သူမှ
ယုံမှာမဟုတ်ဘူး။
စိတ်ရှင်းလင်းသွားပြီဖြစ်သဖြင့်
ဟွမ်ရှောက်ကျွမ်းသည် အလုပ်အများဆုံးအချိန်တွင် အိမ်ပြန်လာဖို့ရန်
ကြောက်ရွံ့မနေတော့ချေ။ ဒါသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုအရိုင်းအစိုင်းမလေး
ရှမြန်၏ အခြေအနေကို
သူမ၏အိမ်နီးနားချင်းများထံမှ သိရှိဖို့ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မည်။
သူမကလည်း ဒါကို အခွင့်ကောင်းယူပြီး သူမ၏ပုံရိပ်ကို ပြောင်းလဲပစ်လို့ရသည်။
ဟွမ်ရှောက်ကျွမ်းသည်
ကြောက်ရွံ့ပြီး ခေါင်းကိုက်နေရသည့် ခံစားချက်တစ်ခုဖြင့်
မိသားစုအိမ်ရာဝင်းအတွင်း ဝင်လာသော်ငြားလည်း သူမ
စိတ်ကူးထားသလို မည်သူ့ထံကမှ ကိုယ်ချင်းစာစိတ်ကို လက်ခံမရရှိခဲ့ပေ။
လူတချို့ကတော့
ရှမြန်အကြောင်းကို အမှန်တကယ်ပင် ပြောပြသော်ငြားလည်း တော်တော်လေး နည်းပါးလေသည်။ သို့သော် သူတို့သည်
ရှမြန်ကို အထင်သေးသလို၊ ရွံရှာသလိုလည်း မဖြစ်ကြပေ။ ထိုအစား သူတို့သည် ရှမြန်က
အရေးကြီးပုဂ္ဂိုလ်တချို့ကို ကယ်တင်သယောင်ပင် ချီးမွမ်းနေကြသေးသည်။
ဟွမ်ရှောက်ကျွမ်း၏
နှလုံးသားမှာ စည်းချက်လွဲသွားတော့သည်။ သူမသည် မနေနိုင်တော့ဘဲ အခြေအနေကို နားလည်ရန် မေးရတော့သည်။
“ရှမြန်က ဘယ်သူ့ကိုကယ်ခဲ့တာလဲ”
“ဪ ဒါက ရှောက်ကျွမ်းမဟုတ်လား...” အစ်မ၀မ်က အပြုံးဖြင့် ပြောလေသည်။ “နင်တို့အိမ်က ရှမြန်က တကယ် အောင်မြင်နေတာ။ သူက
ဒေါက်တာနဥ်ရဲ့တူလေးကို ကယ်ပေးခဲ့တာလေ”
“ ဪ ဒါနဲ့ နင်က ဒီမှာမရှိခဲ့တော့
ပြီးခဲ့တဲ့ရက်ပိုင်းက ကိစ္စတွေကို ဘယ်သိပါ့မလဲ။ ဒေါက်တာနဥ်ရဲ့မိထွေးက
မိသားစုပိုင်ဆိုင်မှုအတွက် သူ့ကိုသတ်ဖို့ဆိုပြီး လူတစ်ယောက် လွှတ်လိုက်တယ်လေ။
ဒေါက်တာနဥ်မိသားစုက ဘယ်လောက်ချမ်းသာလဲဆိုတာ သိရဲ့လား... ပိုင်ဆိုင်မှုက
သန်းချီတယ်တဲ့”
ဒေါက်တာနဥ်ရဲ့အစ်မကလည်း
ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ လက်ထပ်ထားတာတဲ့။ ဒီတော့သူကလည်း အရမ်းချမ်းသာတာ။
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားကာ ပြောလိုက်သည်။ “ဒေါက်တာနဥ်ရဲ့အစ်မပြောတာကတော့ ရှမြန်က
သူတို့ရဲ့ကယ်တင်ရှင်တဲ့လေ။ သူတို့တွေက ရှမြန်ကို ဘယ်လို ကျေးဇူးဆပ်ရမလဲဆိုတာတောင်
မသိတော့ဘူးတဲ့။ သူတို့က ရှမြန်ကို ငွေတွေ အများကြီးပေးလိမ့်မယ်လို့ ထင်လား”
“ငါကတော့ အဲလိုပဲ ထင်တယ်”
ထိုလူသည်
ဟွမ်ရှောက်ကျွမ်းကို လှမ်းကြည့်လိုက်ကာ အပြုံးတစ်ခုဖြင့်ပြောလိုက်၏။
“ဒါပေမဲ့ အစ်မ၀မ်။ နင်တော့ မှားနေပြီ။ ရှမြန်က ကျန်းမိသားစုက
မဟုတ်ဘူးလေ။ မိသားစု၂စုက အချင်းချင်း ကြီးမားတဲ့အငြိုးတွေ ရှိတာမဟုတ်လား”
ထိုလူသည်
ကိုယ်ကိုလှည့်ကာ ဟွမ်ရှောက်ကျွမ်းကို စိုက်ကြည့်ပြီးပြောလိုက်၏။ “ဒီမယ် နင်တို့တွေဒီကိစ္စအပေါ် အမြတ်ထုတ်ဖို့တော့
မကြိုးစားကြနဲ့နော်”
“တခြားသူအပေါ်များ အမြတ်ထုတ်ရမယ်တဲ့လား”
တောက တက်လာသည့်ချွေးမက မဲ့ရွဲ့ကာပြောသည်။
“သူတို့တွေက တခြားလူအပေါ် အမြတ်ထုတ်ချင် နေသေးတာလား။ ရှမြန်က
သဘောမတူတာ မပြောနဲ့ဦး ငါလည်း လက်မခံနိုင်ဘူး။ သူတို့တွေက တခြားသူတွေကို
ဒုက္ခပေးပြီးတာတောင် အမြတ်ထုတ်ချင်နေသေးတာပေါ့...“
သူမသည်
ဒေါသထွက်စရာအကြောင်းကို စဉ်းစားမိလိုက်ပြီး ဟွမ်ရှောက်ကျွမ်းဘက်သို့လှည့်ကာ
တံထွေးကို ပျစ်ခနဲ ထွေးလိုက်ပြီးနောက် ...
“ငါကတော့ ဒီလိုတိရစ္ဆာန်မျိုးတွေနဲ့ ခြံဝင်းတစ်ခုတည်း နေရတာတောင်
သည်းမခံနိုင်ဘူး”
သူတို့သည်
ပြောဆိုနေကြရင်း အနက်ရောင်ကားတစ်စီးက သူတို့ကို ဖြတ်မောင်းသွားလေသည်။ ထိုကားလေးသည်
သူတို့မြင်ဖူးနေကျ ဆန်တာနာနဲ့ အနည်းငယ်ကွဲပြားနေသည်။ အားလုံးက ချက်ချင်းဆိုသလို
စိတ်လှုပ်ရှားသွားကြသည်။
“အိုး ဟဲ့ အဲ့ဒါက မာစီဒီးဘန့်စ်ပဲ။ ငါအဲ့ကားအကြောင်းကို
ကြားပဲကြားဖူးတာ။ တစ်ခါမှ မမြင်ဖူးဘူး။ ဒါက ယွမ်သန်းချီတန်တဲ့ နိုင်ငံခြားက
တင်သွင်းလာတဲ့ ကားတစ်စီးပဲလေ”
“အဲဒါက ဆရာမမီရဲ့ မြေးသမက်ပဲ။ အိုဟယ် ထားလိုက်ပါ”
တစ်စုံတစ်ယောက်က
ပြောလိုက်သည်။
“မြန်မြန်လုပ်၊ သူက အရမ်းကို အထင်ကြီးစရာကောင်းတဲ့လူလို့
ကြားထားတယ်။ သူဘယ်လောက်အထိ အထင်ကြီးစရာ ကောင်းလဲဆိုတာ ငါ ကြည့်မှဖြစ်မယ်” လူတစ်အုပ်ကြီးသည် အထင်ကြီးအားကျသည့် အပြုအမူဖြင့်
တိုက်နံပါတ်၁၈သို့ အပြေးသွားလိုက်ကြလေသည်။ ဟွမ်ရှောက်ကျွမ်း၏ စိတ်မှာ
ရှုပ်ထွေးနေသော်လည်း သူမလည်းနောက်က အလျင်စလို လိုက်သွားလေတော့သည်။
...