အပိုင်း ၁၃၆
Viewers 14k

အပိုင်း(၁၃၆) - ဒီစွပ်စွဲမှုကြီးက တကယ့်ကို လက်ဖျားခါလောက်သည်

 

ရှစ်ချင်းလျို့ရဲ့ လှည့်ကွက်တွေထဲမှာ ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေက ယုန်တွင်းထဲ ကျသလို ပြုတ်ကျခဲ့သည်။

 

တစ်မိသားစုလုံးက မနက်ဖြန်ကျရင် ဝူမိသားစုနှင့် တိုက်ခိုက်ဖို့ ပြင်ထားလေသည်။

 

ရှစ်မိသားစုရဲ့ တတိယသားက ထောင့်လေးတစ်ခုကနေ သူ့မိသားစုတွေ လက်တွေချိုးပြီး ဝူမိသားစုကို ရန်စဖို့ ပြင်နေတာကို ကြည့်နေခဲ့သည်။

 

သူ့အနေနှင့် စကားဖြင့် ဖော်ပြဖို့ ခက်နေသည်။

 

အနာဂတ်မှာ ဒီမိန်းကလေးကို ထပ်မဆန့်ကျင်ဖို့ သူ ထပ်ဆုံးဖြတ်ခဲ့သည်။

 

သူမက အလွန် စကားပြောကောင်းသည်။

 

သူ့ညီက နစ်နာသူလို သူ့ညီရဲ့ ရိုးသားမှုတွေ ဖျက်စီးခံရပြီး စျေးပေါသည့် မိန်းမနှင့် လက်ထပ်ခဲ့ရတာကြောင့် ဝူမိသားစုဆီ သွားကာ လျော်ကြေးတောင်းသင့်သည်ဟု သူခံစားလိုက်ရသည်။

 

သို့ပေမယ့် ဒါတွေက သူ့ညီကိုယ်တိုင်ကိုက လုပ်တာ သိသာနေသည်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက သွေးထိုးပေးခံရပြီးနောက် ရှစ်ချင်းလျို့ကို ရှုပ်ထွေးစွာ ကြည့်ပြီး မေးလိုက်သည်။ "မင်းက ဘာလို့ ဒီလို အကြံပေးနေတာလဲ။"

 

ငွေ ၁၀၀၀ကိုများ မက်မောနေတာလား။

 

ရှစ်ချင်းလျို့က သူ့အတွေးကို သိသည်။ "ကျွန်မက စိတ်ကျေနပ်မှုရဖို့ သက်သက်လုပ်တာ၊ သူတို့က ကျွန်မ ယောက်ျားကို အကောက်ကြံပြီး မိန်းမအသစ် ပေးစားချင်နေတာလေ၊ ဒါကို ကျွန်မက ဘယ်လို လက်ခံရမှာလဲ။"

 

ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေက အသံတိတ်နေခဲ့သည်။

 

စကားနှစ်ကြောင်းက သူမရဲ့ အဓိက ဆိုလိုရင်း ဖြစ်သည်။

 

သူမကို သေချာသိရသလောက်တော့ သူမက ဒီတိုင်း လက်ခံမည် မဟုတ်ပေ။

 

"ငွေတွေကို ရှင်တို့ပဲ ယူ၊ ကျွန်မ စိတ်မဝင်စားဘူး။"

 

သူမက ကြာပွတ်ကို ထုတ်ကာ ကစားနေခဲ့သည်။

 

ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေကို တစ်ချက် ဝေ့ကြည့်ပြီးနောက် သူမက စကားလမ်းကြောင်း လွှဲလိုက်သည်။ "စီရင်စု တစ်မြို့လုံး သိသွားအောင် ပြဿနာ မရှာရင် ဖြစ်လာမယ့် အကျိုးဆက်ကို သိလား။"

 

ဝူမိသားစုဆီက ပိုက်ဆံယူဖို့ အဲလောက်လွယ်ကူပါ့မလား။

 

သူတို့က မကျေမနပ်နှင့် ငွေ ၁၀၀၀ပေးပြီး ထိုငွေပမာဏရဲ့ နှစ်ဆပြန်ပေးရအောင် သူတို့က သေချာပေါက် လုပ်လိမ့်မည်။

 

ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေကလည်း ရှင်းထုတ်ဖို့ မလွယ်ကူပေ။

 

ငွေ ၁၀၀၀ ရယူပြီးရင်တောင် သူတို့ရန်ရှာကြဦးမည် မဟုတ်လား။

 

မကြာခဏ ခွေးချင်းကိုက်သည့် အခြေအနေ ရှိဦးမှာ ဖြစ်သည်။

 

ဝူမိသားစုက ဂုဏ်သိက္ခာ လုံးဝ ပျက်စီးပြီးသွားရင်တောင် နန်ရှီစီရင်စုမြို့မှာ ဘယ်လို ဆက်နေထိုင်မလဲဆိုတာ ကြည့်ဦးမည်။

 

အခု မော့ချင်းလင် လှုပ်ရှားရမည့် အချိန် ဖြစ်သည်။

 

ရှစ်မိသားစုက ဒီအကြောင်းတွေ မသိချင်ပေ။

 

ကံဆိုးလိုက်တာ။ သူတို့မိသားစုထဲမှာ ဘယ်လိုလုပ် ဒီလို အနိုင်ကျင့်တတ်တဲ့သူ ရှိနေတာလဲ။

 

ရှစ်မိသားစုက သုန်မှုန်စွာပြောခဲ့သည်။ "စိတ်မပူနဲ့၊ လုံးဝ ပြဿနာကြီးစေရမယ်။"

 

ထိုအခါမှ ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "သခင်မကြီး ကျွန်မတို့က တစ်မိသားစုတည်းလေ၊ ကျွန်မက ရှင်ကောင်းဖို့အတွက် လုပ်တာပါ။"

 

ရှစ်မိသားစုက ဆွံ့အသွားပြီးမှ ငါတို့အသိအမှတ်ပြုပါတယ်ဟု တွေးလိုက်လေသည်။ တကယ်တော့ ငါတို့ ကောင်းဖို့အတွက် နင်လုပ်ပေးစရာ မလိုပါဘူး။

 

ထို့နောက် ရှစ်ချင်းလျို့က ရှစ်သခင်မကြီးနှင့် တခြားလူတွေကို မနက်ဖြန်ကျရင် ဘယ်လိုတွေ လုပ်ရမည့် အကြောင်း သင်ကြားပေးခဲ့သည်။

 

ထိုအချင်းအရာက သူတို့ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးတွေ ပြူးကျယ်သွားစေခဲ့သည်။

 

သူတို့ ဒီလို လုပ်လို့ရလို့လား။

 

အခွင့်အရေးအသစ်က သူတို့ကို ကြိုဆိုနေသည်။

 

ရှစ်မိသားစုက သဘောတူမှ ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က မတ်တပ်ထရပ်ခဲ့သည်။

 

သူမကို တိတ်တဆိတ် ခေါင်းငြိမ့်ပြသည့် ရှစ်မိသားစုရဲ့ တတိယသားကို ရှစ်ချင်းလျို့က ကြည့်ခဲ့သည်။

 

နောက်နေ့ကျရင် သူတို့မိသားစု ဝူမိသားစုကို ပြဿနာအကြီးကြီးရှာဖို့ စိတ်ချစေလိုကြောင်း အချက်ပြတာ ဖြစ်သည်။

 

ထိုအခါမှ ရှစ်ချင်းလျို့က ပျင်းရိစွာ ပြောခဲ့သည်။ "ဒါဆို ကျွန်မတို့ ပြန်ပြီ၊ လိုက်ပို့စရာ မလိုဘူး။"

 

ရှစ်မိသားစုက အသံတိတ်နေခဲ့သည်။ နင်တို့ကို ဘယ်သူက လိုက်ပို့ချင်နေလို့လဲ။

 

ထို့ကြောင့် သူတို့လည်း တကယ် လိုက်မပို့ခဲ့ပေ။

 

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့် ထွက်သွားပြီးနောက် အနိုင်ကျင့်သည့်လူတွေ သူတို့အိမ်မှာ မရှိတော့တာကြောင့် သူတို့က ချက်ချင်း တံခါးပိတ်ခဲ့လေသည်။

 

ထို့နောက် သူတို့က မနက်ဖြန် ဘယ်လို ရုတ်ရုတ်သဲသဲ လုပ်ရမလဲဆိုတာ ဆွေးနွေးနေပြီး ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က လူမရှိသည့်လမ်းမှာ အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ရဲ့ လက်ကို ကိုင်ပြီး ခပ်ဖွဖွ ရယ်ခဲ့သည်။ "မနက်ဖြန် စီရင်စုမြို့က ဇာတ်လမ်းကတော့ ကြည့်ကောင်းဦးမယ်။"

 

မနက်ဖြန် သူစီရင်စုမြို့မှာ ကျောင်းတက်စရာရှိတာက နှမြောဖို့ကောင်းသည်။

 

အယုတ်တမာတွေကို ရှင်းထုတ်ဖို့ သူ့ဇနီးလေး ပြဿနာကောင်တွေကို သွေးထိုးပေးသည့်နည်းက တကယ် အံ့သြစရာကောင်းသည်။

 

သူ လူကိုယ်တိုင်သွားပြီး အချင်းချင်း ကိုက်အောင် လုပ်စရာ မလိုပေ။

 

နေ့တိုင်း ကမောက်ကမ ဖြစ်နေလိမ့်မည်။

 

ရှစ်ချင်းလျို့က တခစ်ခစ် ရယ်ခဲ့သည်။ "ကျွန်မ မနက်ဖြန် စီရင်စုမြို့ကို တိတ်တိတ်လေးသွားပြီး သွားကြည့်မယ်။"

 

ရှောင်မိသားစုရဲ့ ပြဿနာကောင်တွေက ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေး အဖေနှင့် သူ့မိန်းမကို ဘယ်လိုကိုင်တွယ် ဖြေရှင်းခဲ့လဲဆိုတာ သူမ မတွေ့ခဲ့ရပေမယ့် ဝူမိသားစုရဲ့ ပွဲကိုတော့ သူမ မလွတ်ချင်ပေ။

 

သူမ ငြိမ်ငြိမ်မနေနိုင်တာ ရှောင်ဟန်ကျန့် သိသည်။ "သွားလေ။"

 

နောက်တစ်နေ့ မနက်စောစောမှာပဲ ရှောင်ဟန်ကျန့်က စီရင်စုမြို့ကျောင်းကို သွားခဲ့သည်။

 

ရှစ်ချင်းလျို့က ရှစ်မိသားစုကလူတွေ အိမ်ကထွက်ရင် သူမကို အသိပေးဖို့ ရှောင်အာ့လန်ကို မှာထားခဲ့သည်။

 

ခဏနေတော့ ရှောင်အာ့လန်က ပြန်ရောက်လာပြီး ရှစ်မိသားစုအိမ်မှာ လူတစ်ယောက်မှ မရှိတော့ကြောင်း လာပြောခဲ့သည်။

 

သူတို့အကုန်လုံး စီရင်စုမြို့ကို သွားကုန်ပြီဖြစ်သည်။

 

ရှစ်ချင်းလျို့လည်း မတ်တပ်ရပ်ပြီး အမေရှောင်နှင့် ရှောင်ပိုင်လီကို ခေါ်လိုက်သည်။ "အမေ ပွဲကြီးပွဲကောင်းကြည့်ဖို့ စီရင်စုမြို့ကို သွားရအောင်။"

 

သူမ ယောက္ခမနှင့် ယောက်မကို ပွဲကြည့်ဖို့ ခေါ်သွားပြီး သူတို့တွေ ထပ်ပြီး ရိုးအ မနေအောင် နည်းဗျူဟာတွေ သင်ယူဖို့ အခွင့်အရေးအသစ် ပေးတာ ဖြစ်သည်။

 

ဒီကိစ္စကို အမေရှောင်က မနေ့က သူမ ချွေးမဆီက ကြားပြီးပြီ ဖြစ်သည်။

 

သူမ ချွေးမက ရှစ်မိသားစုကို သွေးထိုးပေးပြီး ဝူမိသားစုဆီ ပြဿနာရှာဖို့အထိ လုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်မိခဲ့ပေ။

 

သူမက ပိုသိချင်လာခဲ့သည်။ "ကောင်းပြီ။"

 

ဘေးခြံဝန်းမှာ နေထိုင်သည့် လျန့်ယိုရှောင်ကလည်း သူတို့စကားပြောတာကို ကြားသွားခဲ့သည်။

 

သူက ချက်ချင်း လျှောက်သွားလိုက်သည်။ "ဘာကြည့်စရာရှိတာလဲ၊ ငါလည်း လိုက်ချင်တယ်။"

 

သူက အစားသူရဲ သာမက ပျော်စရာတွေလည်း စိတ်ဝင်စားတတ်မှန်း ရှစ်ချင်းလျို့ သိသည်။

 

"ရှင် သွားချင်ရင် သွားကြတာပေါ့။"

 

သူ့တူရဲ့ အသားအရေက ပိုကောင်းလာတာ ဖေးယွီကျယ် မြင်ခဲ့သည်။

 

အိမ်မှာ နေရတာ အလွန်ပျင်းဖို့ကောင်းတာကြောင့် သူလည်း လိုက်ခဲ့လေသည်။

 

ထို့ကြောင့် သူတို့က မြင်းရထားလုံးစီးကာ စီရင်စုမြို့ကို ထွက်လာခဲ့ကြသည်။

 

ထို့နောက် ရှစ်ချင်းလျို့က သူတို့ကို ဝူမိသားစုရဲ့ ဆန့်ကျင်ဘက်က လက်ဖက်ရည်ဆိုင်ကို ခေါ်သွားခဲ့သည်။

 

သူမက ဝူမိသားစုကို မြင်ရသည့် သီးသန့်ခန်းကို မှာပြီး လက်ဖက်ရည် တစ်အိုး မှာယူခဲ့သည်။

 

ခဏလောက် ထိုင်ပြီးနောက် လျန့်ယိုရှောင်က ပျင်းလာသည်။ "ဘယ်မှာလဲ ပွဲက။"

 

ဝူမိသားစုက ရှောင်ဟန်ကျန့်ကို အကောက်ကြံခဲ့တာကြောင့် ပြန်လည် လက်စားချေခံရမှာ သူသိသည်။

 

သူက အနည်းငယ် စပ်စုချင်နေသည်။

 

ပန်းပွဲတော်နေ့က ပွဲက ကျေနပ်ဖို့ မကောင်းလို့လား။ ဒီနေ့က ဘာပွဲကြည့်ရမှာလဲ။

 

ရှစ်ချင်းလျို့က လှေကားအောက်ကို ကြည့်ခဲ့သည်။ "ဒီမှာလေ။"

 

သူတို့တွေလည်း လိုက်ကြည့်ခဲ့သည်။

 

ဝူမိသားစုအိမ်ကနေ မိန်းမကြီးတစ်ယောက်က ပြေးထွက်လာပြီး သူမ အနောက်မှာ အမျိုးသမီးတချို့ ပါလာတာကိုလည်း တွေ့လိုက်လေသည်။

 

သူတို့က အိမ်ဝင်ပေါက်မှာ ခြေဆင်းကာ ထိုင်ပြီး ပေါင်ကို ရိုက်ရိုက်ပြီး ငိုနေတာ တွေ့တော့ သူတို့တွေက ဆွံ့အကုန်ကြလေသည်။

 

ဒီလို ဟာသမျိုး သူတို့တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

 

ထိုကဲ့သို့ လုပ်ဖို့ မင်းစိုးရာဇာက အမျိုးသမီးတွေအတွက် မဖြစ်နိုင်ပေ။

 

ဖြတ်သွားဖြတ်လာတွေက မနေနိုင်စွာဖြင့် အကြောင်းအရင်းကို မေးခဲ့ကြလေသည်။

 

ရှစ်သခင်မကြီးက ပေါင်ကိုရိုက်ကာ အကျယ်ကြီး အော်ငိုခဲ့သည်။ "ဝူမိသားစုရဲ့ သမီးကြောင့် ကျွန်မ သားရဲ့ ဖြူစင်မှုတွေ ဖျက်စီးခံလိုက်ရတာ၊ ကျွန်မသားက သူ နောက်ကျရင် ယောက်ျားယူ အိမ်ထောင်ပြုမရမှာကို သနားပြီး သီလရှင် အဝတ်မခံရအောင်လို့ သူ့ကို လက်ထပ်ယူဖို့ ကမ်းလှမ်းခဲ့တယ်၊ ဒါပေမဲ့ ဝူမိသားစုက တင်တောင်းငွေ ၁၀၀၀ လိုချင်နေတယ်လေ၊ ကျွန်မတို့က ဘယ်တတ်နိုင်ပါ့မလဲ၊ ကျွန်မတို့က သဘောမတူဘဲ မင်္ဂလာပွဲအတွက် မကမ်းလှမ်းတော့ဘူး ဆိုတော့လည်း ဝူမိသားစုက သဘောမတူဘဲ ကျွန်မသားကို အတင်းလက်ထပ်ယူခိုင်းနေတယ်၊ သူတို့သမီးက ကျွန်မသားကို သဘောကျနေတာကြာပြီမလို့ မူးအောင် သောက်ပြီး ကျွန်မသားနဲ့ အတူတူ လုပ်ခဲ့တာတဲ့၊ ကိုယ့်အဆင့်ကိုယ်မသိတဲ့လူလို့ပြောပြီး လူပျိုရည်ပျက်ခဲ့တဲ့ ကျွန်မသားကို သူတို့က အပြစ်တောင် တင်နေသေးတယ်၊ အဲလိုစျေးပေါတဲ့ မိန်းမပျက်ကို ငွေ ၂ပြားနဲ့ တင်တောင်းတာတောင် လွန်လှပြီ၊ ဝူမိသားစုက တင်တောင်းဖို့အတွက် ကျွန်မတို့ရဲ့ အိမ်နဲ့ မြေကို ဖိအားပေး ရောင်းခိုင်းနေတယ်၊ ကျွန်မတို့မှာ ရွေးစရာ မရှိတော့ ဒီမင်္ဂလာပွဲက လုပ်ရမှာပဲ၊ ကုန်သည်တွေက ကျွန်မတို့ လယ်သမားတွေကို အနိုင်ကျင့်နေပါတယ်၊ လွန်လွန်းပါတယ်၊ ကျွန်မသားက စာသင်သားပါ၊ သူ့အတွက် ဖြူစင်တဲ့မိန်းမတစ်ယောက်ကို ယူဖို့ မခက်ခဲပါဘူး၊ ဝူမိသားစုက ဒီလို ဖိအားပေးနေရင် သူ့ကို လက်ထပ်ယူမှာ မဟုတ်ဘူး၊ စီရင်စုမြို့ တရားသူကြီးမင်းဆီ အကူအညီတောင်းမယ်။"

 

ထို့နောက် အမျိုးသမီးနျိုနှင့် တခြားအမျိုးသမီးတွေကလည်း ပေါင်တွေ ခြေထောက်တွေကို ထုရိုက်ကာ ဆဲဆိုကြလေသည်။

 

ဝူမိသားစုရဲ့ သမီးက ရှစ်မိသားစု၏ စတုတ္ထသားရဲ့ ဖြူစင်မှုတွေကို ဖျက်စီးပစ်ခဲ့သည်ဆိုသောစကားက ဝှက်ထားသည့် စကားရဲ့ အဓိပ္ပာယ် ဖြစ်သည်။

 

နေ့ခင်းကြောင်တောင်ကြီး လုယက်တာ ဖြစ်သည်။

 

ထိုစကားကြားတော့ ပွဲကြည့်သူတွေက ဆွံ့အသွားခဲ့သည်။

 

ဝူမိသားစုက တကယ် အရှက်မရှိတာပဲ။

 

ပန်းဧည့်ခံပွဲတုန်းက မတော်တဆမှုက စီရင်စုမြို့ တစ်ခုလုံး ပြန့်နေပြီဖြစ်ကာ အဆင့်အနိမ့်ဆုံးလူတွေတောင် သိသည်။

 

စာသင်သားရှစ်က သူတို့သမီးကို လက်ထက်လိုသော်လည်း ဝူမိသားစုက အိမ်တွေ မြေတွေ ရောင်းခိုင်းပြီး တင်တောင်းငွေ အများကြီး တောင်းနေတာ ဖြစ်သည်။

 

သူတို့ရဲ့ အသိုင်းအဝိုင်းအကြောင်း သိလိုက်ရသည့်အချိန်မှာ အမြင်တွေ ပြောင်းသွားခဲ့သည်။

 

ဝူမိသားစုက တကယ် အနိုင့်ကျင့်တာဖြစ်ပြီး ဓားပြတွေ ဖြစ်သည်။

 

ရှစ်သခင်မကြီးက ငိုရှိုက်နေပြီး သူများတွေက ဝူမိသားစုကို ဓားပြတွေလို့ အပြစ်တင် ကျိန်ဆဲနေတာကို သခင်လေးဝူနှင့် တခြားလူတွေ သိလိုက်ရတော့ သွေးအန်မတတ် ဒေါသထွက်နေကြသည်။

 

ရှစ်မိသားစုက တင်တောင်းငွေ ၂ပြားသာ ပေးနိုင်မည့် အကြောင်းကိုသာ ရှင်းရှင်းပြောခဲ့သည်။

 

သူတို့က ဝူမိသားစုဆီက လျော်ကြေးငွေအဖြစ် ခန်းဝင်ကြေး ငွေ ၁၀၀၀ တောင်းသည့် အကြောင်းတော့ မပြောခဲ့ပေ။

 

ဝူမိသားစုရဲ့ သမီးက ၂ပြားတောင် မတန်ကြောင်း ထေ့ငေါ့ပြောဆိုပြီး သူတို့က ဝူမိသားစုကို အရှက်မကွဲစေလိုတာကြောင့် တင်တောင်းငွေ ပေးကြောင်း ပြောခဲ့သည်။

 

ဒါက သူတို့ကို အလွန် ဒေါသထွက်စေခဲ့သည်။

 

ဝူမိသားစုက သဘောမတူခဲ့တာကြောင့် စကားစများခဲ့ကြသည်။

 

သို့ပေမယ့်လည်း ရှစ်သခင်မကြီးနှင့် သူမ ချွေးမတွေက ချက်ချင်း အိမ်ရှေ့ပြေးထွက်သွားမည်ဟု မထင်မိခဲ့ပေ။

 

သူတို့ အကုန်လုံး ဆွံ့အနေခဲ့သည်။

 

ရှစ်သခင်မကြီးနှင့် ချွေးမတွေက အပေါက်ဝမှာ ထိုင်ကြလိမ့်မည်ဟုလည်း သူတို့ တကယ် မထင်မိခဲ့ပေ။

 

သူတို့က ဝုန်းဒိုင်းကြဲရုံသာမက သူတို့ကိုလည်း အသရေဖျက်သေးသည်။

 

အရှက်မရှိသည့်ဓားပြက ဘယ်သူလဲဆိုတာ သူတို့ သိချင်သေးသည်။

 

ဝူမိသားစုအပြင် အပေါ်ကနေ ပွဲကြည့်နေသည့် လျန့်ယိုရှောင်နှင့် ဖေးယွီကျယ်တို့လည်း ဆွံ့အနေကာ စကားမပြောနိုင်ခဲ့ပေ။

 

ဒီစွပ်စွဲမှုကြီးက တကယ့်ကို လက်ဖျားခါလောက်သည်။