အပိုင်း ၁၅၁
Viewers 14k

အခန်း(၁၅၁) - သူချစ်ရတဲ့လူကို အရင်ဆုံး မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်

 

ရှောင်ဟန်ကျန့် ပြောခဲ့သည့် ကျန်းမာရေးအကြောင်းကို ရှစ်မိသားစုရဲ့ တတိယသားနှင့် အမျိုးသမီးနျိုက သိပြီးသားဖြစ်သည်။

 

သူတို့ စီရင်စုမြို့ကို သွားပြတုန်းက သူမက ကလေးတွေအများကြီး ဆက်တိုက်မွေးခဲ့တာကြောင့် ကျန်းမာရေး အခြေအနေက ပိုဆိုးလာကြောင်း ပြောခဲ့သည်။ ထို့ကြောင့် နောက်နှစ်အနည်းအထိ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေသည်။

 

ထို့ကြောင့်ပဲ ရှစ်မိသားစုရဲ့ တတိယသားက မသေမျိုးဘုန်းတော်ကြီးကို ကိုယ်ထင်ပြစေကာ သူ့ကို သားတစ်ယောက် ချီးမြှင့်ပေးစေချင်နေတာ ဖြစ်သည်။

 

အခု ရှောင်ဟန်ကျန့်က နှစ်ဝက်လောက် ဆေးသောက်ပြီးပါက ကိုယ်ဝန်ရနိုင်သည်ဟု ပြောခဲ့သည်။

 

သူတို့ နှစ်ယောက်လုံးက အလွန်ပျော်နေကြသည်။ "ကိုယ်ဝန်ဆောင်နိုင်မယ်ဆိုရင်ပဲ ရပါပြီ။"

 

သူတို့နှစ်ယောက်က ရှောင်ဟန်ကျန့်ရဲ့ ဆေးပညာကို သံသယ မရှိပေ။

 

မြို့တော်က အထက်တန်းလွှာတွေပင် ရှာ့ရှီရွာကိုလာပြီး ရှောင်ဟန်ကျန့်ကို လာတွေ့တာ သူတို့ မြင်ခဲ့ရသည် မဟုတ်ပါလား။

 

ရှောင်ဟန်ကျန့်မှာ ကောင်းမွန်သည့် ဆေးပညာစွမ်းရည် မရှိပါက သူတို့က လာရှာမည် မဟုတ်ပေ။

 

ရှစ်မိသားစုရဲ့ တတိယသားက ပြောခဲ့သည်။ "ဒါဆိုရင်တော့ ဆေးအညွှန်းလေး ရေးပေးဖို့ ဒုက္ခပေးပါရစေ၊ မနက်ဖြန် စီရင်စုမြို့ကိုသွားပြီး ဆေးသွားဝယ်လိုက်မယ်။"

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ သူက စာဖတ်ခန်းထဲသွားပြီး ဆေးအညွှန်းသွားရေးပြီးနောက် ရှစ်မိသားစုရဲ့ တတိယသားကို ကမ်းပေးခဲ့သည်။

 

ဆေးအညွှန်းရပြီးနောက် အမျိုးသမီးနျိုက ရုတ်တရက်ကြီး တစ်ခုခုကို တွေးမိခဲ့သည်။ "အို ဟုတ်သား ဝူမိသားစုရဲ့ တရားမဝင်သမီး ရှစ်မိသားစုရဲ့ စတုတ္ထသားနဲ့ လက်ထပ်ဖို့ လာတုန်းက သူ့ဘေးမှာ မကောင်းတဲ့အငွေ့အသက်ရတဲ့ မိန်းမ နောက်တစ်ယောက်ပါတယ်၊ အဲအစေခံမလေးက မြို့တော်က လာတယ်လို့ကြားခဲ့တယ်။"

 

လွန်ခဲ့သည့် နှစ်ရက်က သူမက သူယောက္ခမနှင့် ဝူမိသားစုအိမ်ကိုသွားရင်း သူမ အိပ်သာသွားခဲ့တုန်းက ဝူရှီရှီရဲ့ အစေခံမလေးက မြို့တော်က လာတာဖြစ်ကြောင်း ကြားခဲ့ရသည်။

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "မကောင်းတဲ့ အငွေ့အသက်ရတယ်။"

 

အမျိုးသမီးနျိုက ပြောခဲ့သည်။ "သူ့ကိုကြည့်ရတာ မကောင်းဆိုးဝါးနဲ့တူတယ်၊ သူကို့တွေ့တဲ့အခါ အမျိုးသားတွေ အမျိုးသမီးတွေက သူနဲ့ ဝေးဝေး မနေနိုင်ဘူး၊ သူ့ကို တစ်ချက်ကြည့်တာနဲ့ သူက မြေခွေးမ ဆိုတာ ပြောနိုင်တယ်။"

 

"ရှစ်မိသားစုရဲ့ စတုတ္ထသားကို မြူဆွယ်ဖို့ သူ့ကို လွှတ်လိုက်တာလား မသိဘူး။"

 

အမျိုးသမီးနျိုရဲ့ ဦးနှောက်ဖြင့် ထိုအစေခံမလေးက ဒီကို သူမရဲ့ သမက် ရှောင်ဟန်ကျန့်ကို ကြံစည်ဖို့ ရောက်လာတယ်ဆိုတာ သူမ မတွေးမိခဲ့ပေ။

 

သို့ပေမယ့် တခြားလူတွေကတော့ ဉာဏ်ကောင်းကာ သူမက မြို့တော်က ထိုအမျိုးသမီးရဲ့ လူမှန်း သိလိုက်လေသည်။

 

ထိုအမျိုးသမီး ရှစ်မိသားစုရဲ့ စတုတ္ထသားကို ကြံစည်ဖို့ မိန်းမလှလေးကို စတေးမည် မဟုတ်တာ သိသာသည်။

 

ရှစ်ချင်းလျို့က အမျိုးသမီးနျိုကို ချီးကျူးခဲ့သည်။ "သိပ်တော်တယ်၊ နောက်လည်း ဒီလိုကိစ္စတွေရှိရင် ကျွန်မကိုပြောပါ။"

 

ထို့နောက် သူမက သကြားလုံးတစ်ထုပ် သွားယူပေးခဲ့သည်။ "ကိုယ်ခန္ဓာအားပြည့်အောင် ဒါလေး ယူသွားစားပါ။"

 

အမျိုးသမီးနျိုက သကြားလုံးထုပ်ကိုယူပြီး ပြုံးခဲ့သည်။ "ကိစ္စမရှိပါဘူး၊ ရှေ့လျှောက် ငါတစ်ခုခုကြားရင်လည်း နင့်ကို လာပြောပါ့မယ်။"

 

ဒီမိန်းကလေးက ထပ်ပြီး စိတ်အနှောက်အယှက် ပေးဟန် မတူတော့ပေ။

 

ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးကို သူမ ဝမ်းနှင့်လွယ်ကာ မွေးခဲ့ခြင်း ဖြစ်သည်။

 

သူမသာ သားတစ်ယောက် မွေးနိုင်မည်ဆိုပါက အတိတ်က သူမကို ဂြိုလ်ဆိုးဝင်စေခဲ့သည့် သမီး၊ မွေးဖွားမှု ခက်ခဲအောင် ခံစားစေခဲ့ရသည့် သမီး ရှိခဲ့ကြောင်းကို လျှော်ပေးလိုက်မည်။

 

ရှစ်မိသားစုရဲ့ တတိယသားနှင့် အမျိုးသမီးနျိုက ကြာကြာ မထိုင်ဘဲ ပြန်သွားခဲ့သည်။

 

ဖေးယွီကျယ်က ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကို သိချင်စွာ ကြည့်လိုက်သည်။ "ဒါကို ဒီတိုင်း မထားလိုက်ဘူးမလား။"

 

ရှောင်ယွမ်ရှစ်ရဲ့ ဇနီးက တကယ်ကို အဆိပ်ပြင်းတဲ့နှလုံးသားရှိသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

 

သူသာ ရှစ်ချင်းလျို့ဆိုရင် ဒီကိစ္စကို ဒီတိုင်း မလွှတ်ပေးနိုင်ပေ။

 

သူမရဲ့ ဂုဏ်သတင်းကို ဖျက်စီးရုံဖြင့် သူ့ဒေါသဖြေဖို့ မလုံလောက်ပေ။

 

ရှောင်ဟန်ကျန့်က ဘယ်လို လက်စားချေရမလဲဆိုတာ တွေးပြီးသားဖြစ်သည်။ သူ့မျက်လုံးထဲမှာ အေးစက်မှုတွေ ရှိနေသည်။

 

သူက စကားတစ်ကြောင်းသာ ပြောလိုက်သည်။ "သူက ငါချစ်ရတဲ့လူကို ထိချင်မှတော့ သူချစ်ရတဲ့လူကို အရင်ဆုံး မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်။"

 

ထိုအမျိုးသမီးက သူ့ဇနီးကို ထပ်ခါထပ်ခါ ကြံစည်နေကာ သူ့ရဲ့သည်းခံနိုင်စွမ်းကို ကျော်လာပြီဖြစ်သည်။

 

မူလက နောက်နှစ်တော်ဝင်စာမေးပွဲပြီးမှ အရေးယူဖို့ လုပ်ခဲ့ပေမယ့် အခုတော့မစောင့်နိုင်တော့ပေ။

 

ထိုအမျိုးသမီးက ကောချွန်းယီအပေါ် အများကြီး မျှော်လင့်ထားသည်။

 

ကောချွန်းယီ နယ်စပ်မြို့မှာ အောင်မြင်မှု တည်ဆောက်နေတုန်း မြို့တော်ကို ပြန်လာရအောင် ကောချွန်းယီကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်သင့်သည်။

 

ရှောင်ဟန်ကျန့်က မျက်လုံး မှေးကျဥ်းခဲ့သည်။ မူလက သူက ကောချွန်းယီကို အောင်မြင်မှုရပြီးမှ လုပ်ပစ်ဖို့ လုပ်ခဲ့ပေမယ့် အခုတော့ သူနယ်စပ်မရောက်အောင် လုပ်ပစ်လိုက်တော့မည် ဖြစ်သည်။

 

ဘာကြောင့်မှန်းမသိ ဖေးယွီကျယ်က ရှောင်ဟန်ကျန့်ဆီက တည်ငြိမ်သည့်ခံစားချက်ရနေသည်။

 

စကားတစ်ကြောင်းဖြင့် လုံလောက်သွားတာကြောင့် သူက အသေးစိတ် ဆက်မမေးတော့ပေ။

 

ကြည့်ရတာ ရှောင်ဟန်ကျန့်က အရင်တိုက်ခိုက်မည့်ပုံပေါ်သည်။

 

ဖေးယွီကျယ်က ထပ်တွေးလိုက်သည်။ "ငါတို့က ရှောင်ယွမ်ရှစ်တို့လင်မယားကို ရှင်းထုတ်တာကို သိသွားရင် မင်းရဲ့ တော်ဝင်စာမေးပွဲကို ထိခိုက်နိုင်လား။"

 

အကယ်၍ ရှောင်ဟန်ကျန့်သာ ထိုအမျိုးသမီးရဲ့ အချစ်ရဆုံးလူကို ဖျက်စီးခဲ့ပါက ဘယ်လိုကြီးမားသည့် တိုက်ခိုက်မှုနှင့် ပြန်တိုက်မလဲဆိုတာ မသိနိုင်ပေ။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ရတယ် သူတို့ မလုပ်ရဲဘူး။"

 

ဖေးယွီကျယ်က အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ "မလုပ်ရဲဘူး။"

 

သူတို့က အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြံစည်နေတာမလား။ ဘာလို့ မလုပ်ရဲတာလဲ။"

 

ရှစ်ချင်းလျို့က ဆန်းဆန်းပြားပြား ပြုံးခဲ့သည်။ "နောက်လဆိုရင် သူတို့ကျွန်မတို့ကို လက်လွတ်စပယ် မထိရဲတော့ဘူး၊ အခုအချိန်လေးပဲရတာ။"

 

နောက်လကျရင် သူတို့က ပြောင်းတွေရင့်မှည့်ပြီးပါက အစေ့တွေကို လက်လွှဲပေးတော့မှာဖြစ်သည်။

 

နိုင်ငံရဲ့ အစားအသောက်ထောက်ပံ့မှုက စိုးရိမ်ရသည့် အခြေအနေမှာ ရှိတာကြောင့် ဘုရင်ကြီးက သူတို့ကို ကာကွယ်ပေးလိမ့်မည်။

 

ရှောင်ယွမ်ရှစ်မှာသာ ဉာဏ်ရှိဦးမည်ဆိုပါက အရင်ဆုံး သည်းခံရကာ နောက်လည်း ဆက်သည်းခံရမည်ဖြစ်သည်။

 

ဒီလို အရေးပေါ် အခြေအနေမှာ သူက ဘုရင်ကြီးကို ဆန့်ကျင်ရဲမည် မဟုတ်ပေ။

 

တစ်နည်းအားဖြင့် သူတို့က ဒီလိုမျိုးစေ့တွေ ပေးကမ်းပြီးသည့်နောက်မှာပဲ သူတို့တစ်ခုခုဖြစ်သွားပါက တာ့လျန်က လူတွေက ဘုရင်ကြီးကို ဘယ်လို မြင်ကြကုန်မည်နည်း။

 

တာ့လျန်က တည်ထောင်ထားတာ မကြာသေးဘဲ အခြေမခိုင်သေးပေ။

 

ဘုရင်ကြီးကသာ မင်းဆိုးမင်းညစ် မဟုတ်ပါက သူ့ကို ကူညီပေးနေသည့်လူကို စွန့်ပစ်ဖယ်ရှားမည် မဟုတ်ပေ။

 

ရှောင်ဟန်ကျန့်ကလည်း ဒါကို သေချာတွေးမိသည်။ "ဟုတ်တယ် စိတ်မပူနဲ့ ညီလေးဖေး၊ ငါတို့မှာ ဖြေရှင်းရမယ့်နည်းရှိတယ်။"

 

ဖေးယွီကျယ်က အကူအညီလိုလားဟုမေးမည့် စကားကို ပြန်မျိုချလိုက်ရသည်။

 

ရှောင်ဟန်ကျန့်နှင့် သူ့ဇနီးရှေ့မှာဆိုရင် သူတို့ကို အကူအညီပေးရဖို့က မလွယ်နိုင်ပေ။

 

ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က ရှောင်ယွမ်ရှစ်တို့ လင်မယားကို သူတို့ကို ယာယီ မနှောင့်ယှက်ဖို့ ဘယ်လို ဖိအားပေးမလဲဆိုတာ သူသိချင်နေသည်။

 

မဟုတ်ပါက လျန်ယို့ရှောင်နှင့် ရှီလွေ့ရဲ့ အကြံအောင်သွားပါက ဉာဏ်ကောင်းသည့် ရှောင်ယွမ်ရှစ်က နောက်ကွယ်က လူက သူတို့လင်မယားနှစ်ယောက်ဆိုတာ သိသွားနိုင်သည်။

 

လျန်ယို့ရှောင်က ရှာ့ရှီရွာမှာ အချိန်ခဏလောက် နေခဲ့သူဖြစ်သည်။

 

သူမြို့တော် ပြန်ရောက်ရောက်ချင်း သူ့ကို ပြဿနာရှာတာက အလွန်တိုက်ဆိုင်လွန်းနေမည်ဖြစ်သည်။

 

ထိုအမျိုးသမီးရဲ့အချစ်ဆုံးလူ ဖျက်စီးခံခဲ့ရရင်လည်း ရှောင်ဟန်ကျန့်တို့ လင်မယား လက်ချက်မှန်း သိနိုင်သည်။

 

ထို့ကြောင့် သူတို့နှစ်ယောက်က ဘယ်လိုမျိုးဆက်သည်းခံနိုင်မည်နည်း။

 

သို့သော်လည်း ရှောင်ဟန်ကျန့်တို့ လင်မယားက သူ့ကို အသေးစိတ်ပြောပြချင်ပုံ မရတာကြောင့် သိချင်နေသော်လည်း ဆက်မေးဖို့ မသင့်ပေ။

 

ပွဲကိုစောင့်ကြည့်ဖို့သာ တတ်နိုင်သည်။ အကြာကြီး စောင့်စရာတော့ မလိုပေ။

 

နောက်နေ့ကျတော့ ရှောင်ဟန်ကျန့်က စီရင်စုမြို့ကို ရက်အနည်းငယ် သွားနေမည့်အကြောင်း ပြောခဲ့သည်။

 

ရှစ်ချင်းလျို့က သူမ ခင်ပွန်း ဘာသွားလုပ်မှာလဲဆိုတာ မမေးခဲ့ပေမယ့် သူက ပြန်သွားတိုက်ခိုက်မှာကို သူမ သိသည်။ ဒါနဲ့တင် လုံလောက်ပြီဖြစ်သည်။

 

သူမက သူမ ခင်ပွန်းရဲ့ အသည်းညှာလေးဖြစ်နေတာကြောင့် ရွှင်မြူးနေသည်။

 

ရှောင်ဟန်ကျန့်က ဒီတစ်ခါတော့ ပြဿနာရှာဖို့သွားမှန်း ဖေးယွီကျယ်လည်း ခန့်မှန်းခဲ့သည်။

 

သူက ပွဲကြည့်ဖို့ စောင့်နေခဲ့သည်။

 

ရှောင်ဟန်ကျန့်က စီရင်စုမြို့ကိုသွားပြီး ၃ရက်ကြာမှ ပြန်လာခဲ့သည်။

 

သူက စီရင်စုမြို့က လျန်ယို့ရှောင်ရဲ့ စာကို ယူပြန်လာခဲ့သည်။

 

သူနှင့် ရှစ်ချင်းလျို့က အတူတူ ဖတ်ခဲ့သည်။

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "လျန်ယို့ရှောင် စီးပွားရေးလောကထဲ ဝင်ချင်တာ မဆန်းတော့ပါဘူး၊ သူက အမြတ်ကြီးစားတဲ့လူ ဖြစ်လာနိုင်ချေရှိသည်၊ သူက ဘုရင့်ဦးရီးတော် ငါးစာလာဟပ်အောင် လုပ်ခဲ့တယ်၊ မကြာခင် ခြေလှမ်း လှမ်းတော့မှာ။"

 

ရှောင်ဟန်ကျန့်ကလည်း ခပ်ဖွဖွရယ်ခဲ့သည်။ "သူက မတူညီတဲ့ အထက်တန်းလွှာ သခင်လေးပဲ။"

 

ရှစ်ချင်းလျို့ကလည်း သဘောတူခဲ့သည်။ "အမှန်ပဲ။"

 

တခြားမျိုးရိုးမြင့် သခင်လေးတွေက သောက်စားပျော်ပါးကာ အောင်မြင်ဖို့ မိသားစုကိုသာ မှီခိုလိုကြသည်။

 

လျန်ယို့ရှောင်ကသာ ကြီးမားသည့် စီးပွားရေးကို စတင်ချင်တာဖြစ်သည်။

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "သူ ပြောပုံအရဆို နောက်လမှာ ခြေလှမ်းစနိုင်တာကြောင့် ကျွန်မတို့ ပြောင်းသီးနှံတွေလည်း အဲအချိန်မှာ အဆင်သင့်ဖြစ်နိုင်တယ်။"

 

ရှောင်ဟန်ကျန့်က သိသည့်ဟန်ဖြင့် ပြုံးပြီး သူမ လက်ကို ဖိညှစ်ခဲ့သည်။ "မှန်တယ်။"

 

လဝက်ကြာပြီးနောက် ကောချွန်းရုက မျက်ရည်ဝဲကာ မောင်ဖြစ်သူကို မြို့ပြင် လိုက်ပို့ခဲ့သည်။

 

ကောချွန်းရုသည် ခွဲခွာရဖို့ တုံ့ဆိုင်းနေပေမယ့် သူမ မောင်ဖြစ်သူက အောင်မြင်မှုတွေနှင့် ပြန်လာကာ ကောမိသားစုကို ထပ်ဂုဏ်ဆောင်နိုင်မှာကို မျှော်လင့်နေသည်။

 

ရက်အနည်းငယ် ကြာပြီးနောက် ကောချွန်းရုက စိတ်ကြည်စွာ ခြံနောက်မှာ သီချင်း နားထောင်နေသည်။

 

ရုတ်တရက်ကြီး အစေခံမလေးက ပြေးဝင်လာခဲ့သည်။

 

ကောချွန်းရုက မပျော်မရွှင် မေးခဲ့သည်။ "ဘာလို့ အလောတကြီး ဝင်လာတာလဲ။"

 

အစေခံမလေးက မောဟိုက်စွာပြောခဲ့သည်။ "သခင်မ၊ သခင်လေး မြို့တော်က ထွက်ပြီးနောက် ခြေထောက် အဖြတ်ခံလိုက်ရပါတယ်၊ အခု စစ်သူကြီးစံအိမ်ကို ပြန်လာတဲ့လမ်းမှာပါ။"

 

ကောချွန်းရုရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူမက မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "ဘာ၊ ဘယ်လိုဖြစ်နိုင်မှာလဲ။"

 

ထို့နောက် သူမက ကတိုက်ကရိုက် မတ်တပ်ထရပ်လိုက်ပြီး မူးဝေကာ မေ့လဲသွားခဲ့သည်။