အပိုင်း ၁၅၄
Viewers 14k

 

 

အခန်း(၁၅၄) - ပွဲကြည့်ရမယ့်အချိန်

 

ရက်အနည်းငယ်ကြာပြီးနောက် ကောချွန်းရုက မျက်ရည်များကျဆင်းကာ ရှောင်ယွမ်ရှစ်ကို တောင်းဆိုပြီးနောက် ရှောင်ယွမ်ရှစ်က သူ့ရဲ့ အဆက်အသွယ်တွေဖြင့် မြို့တော်က အကောင်းဆုံး တော်ဝင်သမားတော်ကိုရှာပြီး ယောက်ဖဖြစ်သူရဲ့ ခြေထောက်ကို ကုသစေခဲ့သည်။

 

ဒါအပြင် သတင်းတွေကလည်း အထက်တန်းလွှာတွေကြားထဲမှာ ပြန့်နေသည်။

 

ဝေယွမ်စစ်သူကြီးက ဘုရင့်ဦးရီးတော်လို တူညီသည့် ဝါသနာရှိကာ ယောက်ဖဖြစ်သူ ကောချွန်းယီနှင့်လည်း ဆက်ဆံရေးရှိကြောင်း သတင်းတွေ ပြန့်နေသည်။

 

အရင်တုန်းက လူအများစုက မယုံခဲ့ပေ။

 

သို့ပေမယ့်လည်း ရှောင်ယွမ်ရှစ်က ယောက်ဖဖြစ်သူ ခြေထောက်ကျိုးသွားတာကြောင့် ပြေးလွှား အလုပ်ရှုပ်နေပုံကို မြင်ပြီးသည့်နောက် သံသယဝင်နေသူတွေက တဖြည်းဖြည်း ယုံကြည်လာခဲ့သည်။

 

ဘယ်သူက ယောက်ဖ ဖြစ်သူကို အရမ်းဂရုစိုက်ကြလို့လဲ။

 

ရှစ်ချင်းလျို့က ဒီသတင်းကို လျန်ယို့ရှောင်ဖြင့် တမင် ဖြန့်ခိုင်းခဲ့သည်။

 

ပြဿနာ ရှာချင်ပါက ဆက်စပ်နေသည့် အကြောင်းအရာကို အရင်ဖန်တီးရမည်။

 

သူမက ဆန်ကုန်မြေလေးအဖေကို သင်ခန်းစာပေးနေတုန်းမှာ လျန်ယို့ရှောင်၊ ရှီလွေ့နှင့် ဘုရင့်ဦးရီးတော်ကို ဒုက္ခ မရောက်စေချင်ပေ။

 

အကယ်၍ ရှောင်ယွမ်ရှစ်မှာ ကိုယ်ရေးကိုယ်တာ ပြဿနာရှိပြီး ကောချွန်းယီဖြင့် ဆက်ဆံရေး တချို့ရှိသည့် သတင်းထွက်ပေါ်ခဲ့ပါက အတင်းပြောသူတွေ ပိုစိတ်လှုပ်ရှားကြလိမ့်မည်။

 

မမှန်ကန်သည့် သတင်းကို လူတွေအပြောများလာပါက တကယ်လက်တွေ့ဖြစ်တာကို မြင်ခဲ့ရသလိုနှင့် တကယ့်သတင်းအစစ်လို ပြောင်းသွားလိမ့်မည်။

 

လူသွားလမ်း မရှိရင်တောင် လူတွေ အသွားများလာပါက လူသွားလမ်းတစ်ခု ပေါ်ပေါက်လာပုံနှင့် တူညီသည်။

 

ရှောင်ယွမ်ရှစ်နှင့် ကောချွန်းယီက ဆက်ဆံရေးရှိနေသည့် သတင်းမှာ ရှစ်ချင်းလျို့က လျန်ယို့ရှောင်ကို ဖြန့်ခိုင်းခဲ့သည့် သတင်းဖြစ်သည်။

 

ဤသို့ဖြင့် ထိုအမျိုးသမီး၊ ကောချွန်းယီနှင့် ရှောင်ယွမ်ရှစ်တို့ အထင်သေးကာ စက်ဆုပ်ရွံရှာခံရမည် ဖြစ်သည်။

 

ထို့နောက် လျန်ယို့ရှောင်ရဲ့ စည်ရုံးခြင်းခံရပြီးနောက် ရှီလွေ့က ဘုရင့်ဦးရီးတော်ဆီကို ဇာတ်လမ်းထွင်ကာ ပြောပြခဲ့သည်။

 

ရှောင်ယွမ်ရှစ် သတိမထားမိခင်မှာပဲ အတင်းအဖျင်းက မြို့တော် အပြင်ကိုတောင် ပျံ့နှံ့နေပြီဖြစ်သည်။

 

ထိုသတင်းကို ရှောင်ဟန်ကျန့်ရဲ့ လူတွေ ကြားပြီးသည့်နောက် သူတို့က သာမာန်လူထုဆီ ဆက်ဖြန့်ခဲ့ကြသည်။

 

တော်ဝင်ခုံရုံးက လူတချို့ကတောင် သူတို့အိမ်က ကလေးတွေဆီမှ တစ်ဆင့် သတင်းတွေ ကြားခဲ့ရပြီဖြစ်သည်။

 

သက်သေ မရှိတာကြောင့် သူတို့က မယုံပေမယ့်လည်း သံသယတော့ ဝင်နေပြီဖြစ်သည်။

 

ထိုကိစ္စကြောင့် သူတို့က ရှောင်ယွမ်ရှစ်ကို ထူးထူးဆန်းဆန်း ကြည့်ခဲ့ကြသည်။

 

ရှောင်ယွမ်ရှစ်က လွန်ခဲ့သည့် နှစ်ရက်ကတည်းက ညီလာခံမှာ ထူးထူးဆန်းဆန်း အကြည့်ခံနေရတာကြောင့် သူက ရှုပ်ထွေးနေသည်။

 

သူအိမ်ပြန်ရောက်သည့် အချိန်မှာ သူ့ဇနီးက ဒီကိစ္စကို စုံစမ်းပေးဖို့နှင့် အကောင်းဆုံး တော်ဝင်သမားတော်ကို ရှာပြီး ကုသပေးဖို့ နားပူနားဆာ လုပ်ခဲ့သည်။

 

သူ့ယောက်ဖကလည်း ပိုခက်ထန်လာကာ လက်စားချေချင်နေသည်။

 

စုံစမ်းစရာမလိုဘဲတောင် သူက ရှီလွေ့ လုပ်ခဲ့သည်ဟုသာ ယုံကြည်နေသည်။

 

ထို့ကြောင့် သူက တော်တော်လေး စိတ်ရှုပ်နေခဲ့သည်။

 

ထို့ကြောင့် တစ်နေ့ကျတော့ စစ်မှုရေးရာဌာနက သူ့လုပ်ဖော်ကိုင်ဖက်က အရက်သောက်ဖို့ ခေါ်သွားတော့ သူလိုက်သွားခဲ့သည်။

 

ရှီလွေ့နှင့် လျန်ယို့ရှောင်ပါသည့် အပျော်အပါးမက်သည့် လူတစ်အုပ်နှင့် အရက်သောက်နေသည့် ဘုရင့်ဦးရီးတော်နှင့် သူဆုံခဲ့လေသည်။

 

သူတို့ နှစ်ယောက်က ဘာကြောင့် ပွဲအလွတ်ခံမည်နည်း။ မျက်လုံးနှင့် တပ်အပ်မြင်ရပါက ပိုရင်ဖိုစိတ်လှုပ်ရှားစရာ ကောင်းသည်။

 

သူတို့နှစ်ဖွဲ့က အောက်ထပ်မှာ အပြန်အလှန် နှုတ်ဆက်ပြီးနောက် ကိုယ့်သီးသန့်ခန်းထဲ ကိုယ်ဝင်သွားခဲ့ကြသည်။

 

ခဏနေတော့ စားပွဲထိုးလေးက အရက်ပုလင်းဖြင့် ဝင်လာခဲ့သည်။

 

သူက ခွက်တွေချပေးပြီး ရှောင်ယွမ်ရှစ်နှင့် တခြားလူတွေအတွက် အရက်ငှဲ့ပေးခဲ့သည်။

 

ရှောင်ယွမ်ရှစ်ရဲ့ ခွက်ထဲမှာ အဖြူမှုန့်လေးတွေ ပါသော်လည်း ခွက်က ကြွေခွက်အဖြူလေးဖြစ်တာကြောင့် သေချာမကြည့်ပါက မြင်ရမည် မဟုတ်ပေ။

 

စားပွဲထိုးလေးက အရက်အမြန် ငှဲ့ထည့်ပေးလိုက်တော့ ထိုအမှုန့်လေးက အရည်ပျော်သွားခဲ့သည်။

 

စားပွဲထိုးလေး ထွက်သွားသည်နှင့် ရှောင်ယွမ်ရှစ်နှင့် သူ့လုပ်ဖော်ကိုင်ဖက်တွေက ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်း သောက်ခဲ့သည်။

 

သူတို့တွေက စိတ်ကြည်မနေတာကြောင့် အများကြီး သောက်ခဲ့လေသည်။

 

သူတို့ မူးလာပြီးနောက် ကိုယ်ခန္ဓာတွေက အလွန်ပူလောင်လာကာ အခန်းက လေကောင်းလေသန့် မရဘူးဟု ခံစားလိုက်ရသည်။

 

သူက နေလို့အဆင်မပြေတာကြောင့် အပြင်မှာ လေကောင်းလေသန့် သွားရှူဖို့အတွက် ပြောလိုက်လေသည်။ "ခဏလောက် ခွင့်ပြုပေးပါဦး။"

 

သူ့လုပ်ဖော်ကိုင်ဖက်တွေက သူသန့်စင်ခန်း သွားမည်ဟုထင်ကာ ပြုံးပြီး ပြောလိုက်သည်။ "သွားပါ။"

 

ရှောင်ယွမ်ရှစ်က မတ်တပ်ထရပ်လိုက်ပြီး မျက်နှာက နီနေကာမူးနေဟန်ရသည်။

 

ထို့ကြောင့် သူ့ကို ဘယ်သူမှ သံသယ မဝင်ခဲ့ပေ။

 

သူ တံခါးဖွင့်လိုက်သည့် အချိန်မှာ လျန်ယို့ရှောင်နှင့် တခြားလူတွေကလည်း တစ်ဖက်အခန်းမှာ အသင့်ဖြစ်နေပြီဖြစ်သည်။

 

ရှီလွေ့က ချက်ချင်း ဘုရင့်ရဲ့ ဦးရီးတော်ကို တံတောင်ဖြင့် တွတ်လိုက်သည်။ "သန့်စင်ခန်း သွားမလား။"

 

ဘုရင့်ရဲ့ ဦးရီးတော်က နားလည်သွားခဲ့သည်။ "သွားမယ်။"

 

ထို့ကြောင့် သူတို့နှစ်ယောက် ပုခုံးချင်းဖက်ကာ အခန်းပြင်ထွက်သွားတာကို အခန်းထဲက တခြားလူတွေက သံသယ မဝင်ခဲ့ပေ။

 

လျန်ယို့ရှောင်က သူ့နှုတ်ခမ်းထက်က အပြုံးကို ဖုံးကွယ်ဖို့အတွက် အရက်ခွက်မြှောက်ကာ သောက်လိုက်သည်။

 

ဒီစားသောက်ဆိုင်က တော်တော်ကြီးသည်။

 

အရှေ့ဘက်မှာ စားသောက်သည့် နေရာနှင့် အနောက်ဘက်မှာ တည်းခိုခန်း ရှိသည်။

 

ဥယျာဥ်ကြီးနှင့် အများသုံး သန့်စင်ခန်း အနည်းစုလည်း ရှိသည်။

 

စားသောက်ဆိုင်မှာ ညစာ လာစားသည့်လူနှင့် တည်းခိုခန်းတည်းသည့်လူတွေက သန့်စင်ခန်းသုံးချင်ပါက ဥယျာဥ်ကို လာကြသည်။

 

ရှောင်ယွမ်ရှစ်က လေကောင်းလေးသန့် ရှူဖို့ အောက်ထပ်ကို ဆင်းခဲ့သည်။

 

သူ့ကိုယ်ခန္ဓာက ပိုပိုပြီး အဆင်မပြေဖြစ်လာခဲ့သည်။

 

သူက တစ်ခုခု မှားယွင်းနေတာကို သတိထားမိလိုက်ပြီး အသိစိတ်တွေက တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။

 

သူ တစ်ခုတည်းကိုသာ လုပ်ချင်နေသည်။

 

ထိုအချိန်မှာပဲ ဘုရင့်ဦးရီးတော်ကလည်း အောက်ထပ် ဆင်းလာခဲ့သည်။

 

ရှီလွေ့က ပြုံးကာ ပြောခဲ့သည်။ "ဦးရီး သန့်စင်ခန်းကို အရင်သွားလိုက်ပါ၊ ကျွန်တော် သောက်တာ များသွားလို့ နေရ အဆင်ပြေသွားမှ သွားမယ်။"

 

သူက ရှောင်ယွမ်ရှစ်ရဲ့ ရီဝေဝေ မျက်လုံးကို မြင်ထားကာ မသွားရဲပေ။

 

ဘုရင့်ဦးရီးတော်က သူ့ဆိုလိုရင်းကို သိသည်။ "ကောင်းပြီ။ ဒါဆို ငါသွားပြီ။"

 

ထို့နောက် သူက ရှောင်ယွမ်ရှစ်ဆီ လျှောက်သွားခဲ့သည်။

 

ဒါက သန့်စင်ခန်းသွားသည့် လမ်းလည်း ဖြစ်သည်။

 

ထိုအချိန်မှာပဲ လျန်ယို့ရှောင်က လူနှစ်ယောက်ကို လေကောင်းလေသန့်ရှူဖို့ ခေါ်လာခဲ့သည်။

 

ပွဲကြီးပွဲကောင်းက စပြီဖြစ်သည်။

 

သူက မြန်မြန်လာရင်း လမ်းမှာလည်း သတင်းဖြန့်ခဲ့ပြီးပြီဖြစ်သည်။

 

လမ်းမှာ ရှောင်ယွမ်ရှစ်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နှင့် ကြုံခဲ့ပြီး ထိုလူကိုပါ ခေါ်လာခဲ့သည်။

 

ဘုရင့်ရဲ့ ဦးရီးတော်က ရှောင်ယွမ်ရှစ် ရှေ့ကိုသွားကာ ပြုံးပြီး နှုတ်ဆက်ခဲ့သည်။ "စစ်သူကြီးရှောင် သန့်စင်ခန်း သွားမလို့လား။"

 

ထိုအချိန်မှာ ရှောင်ယွမ်ရှစ်ရဲ့ မျက်လုံးက ဝေဝါးနေကာ အမျိုးသမီး တစ်ဦးက သူ့ကို ပြုံးပြနေသည်ဟု မြင်နေခဲ့သည်။

 

သူက အနားကပ်ကြည့်လိုက်တော့ သူ့ရဲ့ ဇနီးအလှလေး ဖြစ်နေမှန်း သိသွားခဲ့သည်။

 

သူက ချက်ချင်း သူမကို ဥယျာဥ်ဘေးက ဧည့်ခန်းထဲ ဆွဲခေါ်သွားခဲ့သည်။

 

ထိုအချင်းအရာကို မြင်တော့ ရှီလွေ့က ပြုံးခဲ့သည်။

 

အဲကို မသွားလိုက်မိတာ ကံကောင်းလို့ပေါ့။

 

လျန်ယို့ရှောင်ကလည်း တူညီသည့် ခံစားချက်ကို ခံစားနေရသည်။

 

ထိုအချိန်မှာပဲ ရှောင်ယွမ်ရှစ်ရဲ့ လုပ်ဖော်ကိုင်ဖက်က ထိုအခြေအနေကို တွေ့သွားခဲ့သည်။ "စစ်သူကြီးရှောင် စောနက ဆွဲခေါ်သွားတာ ဘယ်သူလဲ။"

 

လူတစ်ယောက်က ပြောခဲ့သည်။ "ဘုရင့်ရဲ့ ဦးရီးတော် ထင်တယ်။"

 

သူ့လုပ်ဖော်ကိုင်ဖက်က ရှုပ်ထွေးသွားခဲ့သည်။ "သူ့ကို ဘာလို့ အခန်းထဲ ဆွဲခေါ်သွားတာလဲ။"

 

ထိုလူက ပုခုံးတွန့်လိုက်သည်။ "ဘယ်သိမှာလဲ၊ အလုပ်ကိစ္စနေမှာပေါ့၊ သွားရအောင် အရင်ဆုံး အပေါ့သွားရအောင်။"

 

ထို့ကြောင့် သူတို့က သန့်စင်ခန်းကို အရင်သွားခဲ့သည်။

 

သန့်စင်ခန်းက ပြန်လာပြီးနောက် အပေါ်တက်မည့်အချိန်မှာပဲ ဧည့်ခန်းထဲက ဘုရင့်ဦးရီးတော်ရဲ့ အော်သံကို ကြားလိုက်လေသည်။

 

"ဘာလုပ်တာလဲ၊ လွန်မလာနဲ့နော်၊ ရိုက်ပစ်မှာ၊ ဒီလို ဆက်လုပ်နေရင် ညှာတာမှာ မဟုတ်ဘူးနော်၊ ဒါတွေက မင်းတွန်းအားပေးတာပဲ။"

 

တခြားလူတွေက အခန်းထဲကနေ စားပွဲတွေ ထိုင်ခုံတွေ တွန်းတိုက်သံကို ကြားလိုက်ရလေကာ သူတို့တွေ ရန်ဖြစ်နေသည်ဟု ထင်လိုက်ကြသည်။

 

ထိုစကားတွေကို ကြားလိုက်ရသည့် လူတွေက ကြက်သေသေသွားခဲ့သည်။

 

ဘာတွေဖြစ်နေတာလဲ။

 

ရှောင်ယွမ်ရှစ်က ဘုရင့်ဦးရီးတော်ကို ရိုက်ရဲတဲ့အထိ သတ္တိရှိတယ်ပေါ့။"

 

သူတို့က များများစားစား မတွေးခဲ့ပေ။

 

လျန်ယို့ရှောင်က ထွက်လာကာ ဦးဆောင်ခဲ့သည်။

 

"အသံတွေအရတော့ တစ်ခုခု မှားနေပြီ။"

 

သူတို့ထဲက တစ်ယောက်က ပြောလိုက်သည်။ "ငါလည်း တစ်ခုခု မှားနေတယ်လို့ထင်တယ်၊ သူတို့ ဘာလုပ်နေတာလဲ။"

 

လျန်ယို့ရှောင်က ချက်ချင်း ကြက်သေသေသွားခဲ့သည်။ "စစ်သူကြီးရှောင်က ဘုရင့်ဦးရီးတော်လိုပဲ တူညီတဲ့ ဝါသနာ ရှိတယ်လို့ မကြာခင်က သတင်းတွေ ကြားခဲ့တယ်၊ သိပ်မကြာခင်က သူ့ယောက်ဖ ခြေထောက်ဖြတ်ခံရတုန်းကလည်း သူအရမ်း စိတ်ပူနေခဲ့တာ၊ သူ ဘုရင့်ရဲ့ ဦးရီးတော်အပေါ် ဒေါသ ပုံချနေတာလား မသိဘူးနော်။"

 

တခြားလူတွေက မျက်လုံးတွေ ပြူးသွားခဲ့သည်။ "သူကလား။"

 

ရှီလွေ့က ရှေ့တိုးလာခဲ့သည်။ "သွားကြည့်ရအောင်။"

 

ရှောင်ယွမ်ရှစ်ရဲ့ လုပ်ဖော်ကိုင်ဖက်က ပိုလူကြီးလူကောင်းဆန်သည်။ "ဒီလိုလုပ်တာတော့ မကောင်းဘူးမလား။"

 

ရှီလွေ့က ပြုံးကာ ပြောခဲ့သည်။ "ဘာလို့ မကောင်းရမှာလဲ၊ သွားရအောင်။"

 

လျန်ယို့ရှောင်နှင့် တခြားလူနှစ်ယောက်က ရှီလွေ့ရဲ့ ဦးဆောင်မှုနောက် လိုက်သွားခဲ့ကြသည်။

 

သူတို့က တံခါးနား လျှောက်သွားခဲ့ပေမယ့် တံခါးကို မဖွင့်ခဲ့ပေ။

 

ရှီလွေ့က ပြတင်းပေါက်က စက္ကူကို လက်ညှိုးဖြင့် ထိုးဖောက်ကာ ကြည့်ခဲ့သည်။

 

ကြည့်ရှူပြီးနောက် သူက ယုံရခက်သည့် လေသံဖြင့်ပြောခဲ့သည်။ "ဘုရားရေ၊ သတင်းတွေက အမှန်ဖြစ်နေလိမ့်မယ်လို့ မထင်မိခဲ့ဘူး။"