အပိုင်း(၁၅၉) - ငတုံးတွေကို လှည့်စားတော့ ဘာဖြစ်သွားလဲ
ထိုညမှာတော့ ရှောင်ယွမ်ရှစ်က အပြင်းဖျားခဲ့သည်။
သူ့ဇနီးပါ အဖျားကူးသွားမှာစိုးတာကြောင့် သူက သီခြားအဆောင်မှာ
ခွဲနေခဲ့သည်။
ကိုယ်ဝန်ပျက်ကျထားသည့် ကောချွန်းရုက သူမဘာသာ သူမ မလုပ်ဆောင်နိုင်တာကြောင့်
တစ်ညလုံး ဘေးမှာအစေခံမလေးကို ခေါ်ထားကာ ပြုစုခိုင်းခဲ့သည်။
တော်ဝင်သမားတော်ကလည်း သူမကို တစ်ညလုံး စောင့်ကြပ်ပေးခဲ့သည်။
အာရုဏ်တက်ခါနီး အချိန်မှာ ရှောင်သခင်မကြီးနှင့် သခင်ကြီးက ရှောင်ယွမ်ရှစ်ရှိသည့်
အဆောင်ကို သွားခဲ့သည်။
သူတို့ ခဏလောက် စောင့်ပြီးနောက် ရှောင်ယွမ်ရှစ် နိုးလာခဲ့သည်။
သူ့အဆောင်ထဲမှာ သူ့မိဘတွေကို တွေ့လိုက်ရတာကြောင့် သူအံ့သြသွားခဲ့သည်။
ရှောင်သခင်မကြီးရဲ့ မျက်လုံးက နီရဲကာ ယောင်ကိုင်းနေသည်။
သူမရဲ့ သားဖြစ်သူ နိုးလာတာကို တွေ့တော့ သူမက ခုန်အုပ်ခဲ့သည်။
"ငါ့သားလေး နောက်ဆုံးတော့ နိုးလာပြီ၊ နင့်အဖေနဲ့ ငါက အရမ်းစိတ်ပူနေခဲ့တာ။"
အခု သူမ ပြောတာတွေက တစ်ပိုင်းတစ်စတော့ မှန်သည်။
ကောချွန်းရု ကိုယ်ဝန် ပျက်ကျသွားတာကို သိလိုက်ကတည်းက သူမ ကြောက်လန့်နေခဲ့တာ
ဖြစ်သည်။
မြေခွေးမကို တိုက်ခိုက်ချင်ပါက ရှောင်ယွမ်ရှစ်ကို ချော့မြူရမည့်အကြောင်း
ရှစ်ချင်းလျို့ ပြောခဲ့သည်ဟု အမျိုးသမီးဝူက သူမကို သတိပေးခဲ့သည်။
ထို့ကြောင့် ရှောင်သခင်မကြီးက ရှောင်သခင်ကြီးနှင့် ဆွေးနွေးပြီးနောက်
လာရောက်ခဲ့ခြင်း ဖြစ်သည်။
ရှောင်သခင်ကြီးရဲ့ မျက်လုံးတွေကလည်း နီရဲနေခဲ့သည်။
သူက ရှောင်ယွမ်ရှစ်ကို ကြည့်ကာ ပြောခဲ့သည်။ "အပြင်ကထွက်နေတဲ့
သတင်းတွေကို ငါတို့သိပြီးပါပြီ၊ စိတ်ထဲ မထားပါနဲ့၊ ကောင်းကောင်း အနားယူလိုက်ဦး၊ မင်းရဲ့
ကျန်းမာရေးက ပိုအရေးကြီးတယ်။"
ရှောင်ယွမ်ရှစ်က သူ့မိဘတွေရဲ့ စိုးရိမ်မှုကို ပထမဆုံးအကြိမ်
ခံစားမိတာ ဖြစ်သည်။
ဒါ့အပြင် သူက နေမကောင်းဖြစ်နေတာကြောင့် ထိလွယ်ရှလွယ် ဖြစ်နေသည်။
ထို့ကြောင့် သူက စိတ်လျော့ချထားသည်။
သူ့လေသံက အလွန် ပျော့ညံ့နေသည်။ "အဖေနဲ့အမေကို စိုးရိမ်မိအောင်
လုပ်မိလို့ တောင်းပန်ပါတယ်။"
ရှောင်သခင်မကြီးက သူ့လက်ကိုဆွဲကိုင်ကာ ငိုခဲ့သည်။ "နင်က
ငါမွေးထားတဲ့သားပါ၊ နင်ဖျားနေမှတော့ နင့်အဖေနဲ့ငါက စိတ်မပူဘဲ နေပါ့မလား၊ ဒါတွေက ကောချွန်းယီရဲ့
အမှားပဲ။ သူသာ ရှီလွေ့ကို ရန်မစခဲ့ရင် နင်လည်း အကောက်ကြံခံရမှာ မဟုတ်ဘူး။"
သူမရဲ့ ဒုတိယသားက ရှီလွေ့ရဲ့ အကောက်ကြံတာကို ခံလိုက်ရကြောင်း
သူမရဲ့ ဒုတိယသားရဲ့ လက်ထောက်ထံမှ ကြားလိုက်ရခြင်းကြောင့် ကောမိသားစု မောင်နှမကို ပိုမုန်းတီးသွားခဲ့သည်။
"ငါ့သားရယ် နင်တစ်ခုခုဖြစ်သွားရင် နင့်အဖေနဲ့ငါ ဘယ်လို
နေရမှာလဲ။"
ထို့နောက် သူတို့က ထပ်ငိုခဲ့သည်။
သူ့မိဘတွေနှင့် စာရင်းရှင်းမည့် မူလက သူ့အစီအစဥ်က ရုတ်တရက်ကြီး
မှေးမှိန်သွားခဲ့သည်။
ဒါ့အပြင် သူနိုးလာသည့် အချိန်မှာ သူနဲ့ အတူတူ ရှိနေသည့် လူက
သူ့ဇနီး မဟုတ်ဘဲ သူ့မိဘတွေ ဖြစ်နေသည်။
ဒါ့အပြင် သူမက ကိုယ်ဝန်ပျက်ကျရာကနေ အားပြန်ပြည့်လာတာကို သိတာကြောင့်
သူက အနည်းငယ် ကသိကအောက် ဖြစ်နေသည်။
သူက ရှောင်သခင်ကြီးရဲ့ စကားကိုကြားပြီးနောက် ဒေါသထွက်သွားခဲ့သည်။
ရှီလွေ့က ကောချွန်းယီကြောင့် လက်စားချေတာဖြစ်သည်။
ကောချွန်းယီသာ ထိုမကောင်းဆိုးဝါးဘုရင်ကို ရန်မစခဲ့ပါက သူအကောက်ကြံခံရမည်
မဟုတ်ပေ။
သူက သူ့မိဘတွေကို နှစ်သိမ့်ခဲ့သည်။
သူတို့နှစ်ယောက်က သူ့ကိုကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
အခုတော့ သူတို့ ဘေးကင်းလုံခြုံသွားဟန်ပေါ်သည်။
သူတို့က နောက်ထပ် စိုးရိမ်ကြောင်း အနည်းငယ်ပြောပြီးနောက်ထွက်သွားခဲ့သည်။
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ရှောင်ယွမ်ရှစ်ရဲ့ လက်ထောက်က
ဝင်လာခဲ့သည်။
"သခင်ကြီး စားသောက်ဆိုင်က စားပွဲထိုးက သူ့ဇာတိကို ပြန်သွားပါတယ်။"
ရှောင်ယွမ်ရှစ်က မျက်ခုံးပင့်ခဲ့သည်။ "ဇာတိကို ပြန်သွားတယ်
ဟုတ်လား။"
သူ့လက်ထောက်က ပြောခဲ့သည်။ "စားသောက်ဆိုင်ရဲ့ မန်နေဂျာ
ပြောတာတော့ စားပွဲထိုးရဲ့အမေ နေမကောင်းဖြစ်နေလို့ ပြန်လာဖို့ သူ့မိသားစုဆီက စာလာတယ်လို့
ပြောတယ်။"
ရှောင်ယွမ်ရှစ်က ခနဲ့ခဲ့သည်။ "အဲလောက်တောင် တိုက်ဆိုင်တာလား၊
မသင်္ကာစရာပဲ၊ သူ့ဇာတိကိုသွားပြီး သူ့ကို သွားခေါ်လာခဲ့၊ ပြီးရင် သူ့ကိုခိုင်းတဲ့လူကိုမေး။"
သူ့ရဲ့ လက်ထောက်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့။"
ရှောင်သခင်မကြီးက ရှောင်ယွမ်ရှစ်ဆီသွားပြီး ငိုယိုတိုင်တန်းခဲ့တာကြောင့်
သူမကြောင့် ကိုယ်ဝန်ပျက်ကျခြင်းကို အပြစ်မတင်တော့တာကို သိသွားခဲ့သည်။
ထိုကိစ္စက သူမကို ထပ်ဒေါသထွက်စေခဲ့သည်။
ထို့နောက် ရှောင်ယွမ်ရှစ်က နေမကောင်းတာကြောင့် စစ်မှုရေးရာဌာနဆီ သူ့ကိုယ်စား လူလွှတ်ကာ ရက်အနည်းငယ် ခွင့်တင်ခိုင်းခဲ့သည်။
မြို့တော်က သူ့သတင်းတွေက မရပ်သေးပေ။
ထိုအစား ဆက်လက်ပြန့်နေဆဲဖြစ်သည်။
လျန်ယို့ရှောင်ရဲ့ အလုပ်ရုံက အရှိန်မြန်မြန်နှင့် လည်ပတ်နေပြီး နောက်ဆုံးတော့ စကိတ်ဘုတ်ပြားနှင့်
စကူတာတွေကို ပထမဆုံးအကြိမ်ထုတ်လုပ်နိုင်ခဲ့သည်။
ထို့ကြောင့် သူက ရှီလွေ့ကို ခေါ်ခဲ့သည်။
"မင်းအတွက်ဆိုပြီး ဒါတွေကို နန်ရှီစီရင်စုမြို့ကနေ အထူးတလည်
ယူလာခဲ့တာ။"
ရှီလွေ့က စကိတ်ဘုတ်ပြားကိုကြည့်ကာ ရှုပ်ထွေးနေခဲ့သည်။
"ဒါကြီးကို ဘယ်လို ကစားရမှာလဲ။"
လျန်ယို့ရှောင်က ကိုယ်တိုင် လက်တွေ့ပြသခဲ့သည်။ "ကြည့်ထား။"
မကြာခင်က သူက အလုပ်ရုံမှာ အရှိန်အဟုန်ဖြင့် ကုန်ထုတ်လုပ်နေရုံသာမက
စကိတ်စီးသည့်လှည့်ကွက်တွေပါ အိမ်မှာ လေ့ကျင့်ခဲ့သည်။
သူက ရှစ်ချင်းလျို့လောက် မတော်ပေမယ့် လှည့်ကွက် ကစားနည်းတချို့ကို
လုပ်နိုင်သည်။
ထိုအရာက ရှီလွေ့နှင့် လိုက်လာသည့် အထက်တန်းလွှာ သခင်လေးတချို့ရဲ့
အာရုံကိုပါ ဖမ်းစားသွားနိုင်ခဲ့သည်။
"ဒါ ဘာကြီးလဲ၊ ပျော်ဖို့ကောင်းမယ့် ပုံပဲ။"
လျန်ယို့ရှောင်က ပြုံးကာ ပြောခဲ့သည်။ "ဒါက စကိတ်ဘုတ်ပြားလေ။"
ရှီလွေ့က စိတ်မရှည်စွာ ပြောခဲ့သည်။ "ငါစမ်းကြည့်မယ်။"
အစက သူ့အတွက် နေသားမကျသော်လည်း နောက်တော့ တဖြည်းဖြည်း အကျွမ်းတဝင်
ရှိလာခဲ့သည်။
သူက ထိုအရာကို မာကျောက်ထက် ပိုသဘောကျခဲ့သည်။
ရှီလွေ့က မကြာခင်မှာပဲ ရိုးရှင်းသည့် အကွက်တွေကို ရသွားတာတွေ့တော့
လျန်ယို့ရှောင်က ဆွံ့အနေခဲ့သည်။
ထင်သည့်အတိုင်း သူက ကစားသည့်နေရာမှာ ဘုရင် ဖြစ်သည်။
သူက ထိုအကွက်တွေကို ရှောင်အိမ်မှာ ရက်အနည်းငယ် လေ့ကျင့်ပြီးမှ
ရခဲ့တာဖြစ်သည်။
ခဏနေတော့ ရှီလွေ့နှင့် တခြားအထက်တန်းလွှာ သခင်လေးတွေက သူပေးလိုက်သည့်
စကိတ်ဘုတ်ပြားတွေနှင့် ပြန်သွားခဲ့သည်။
ထိုနေ့မှာပဲ အထက်တန်းလွှာသခင်လေးအုပ်စုက လမ်းမကြီးထက်မှာ သစ်သားစကိတ်ဘုတ်ပြားကို
စီးကာ ကစားနေကြသည်။
စကိတ်ဘုတ်ပြားက မြန်ရုံသာမက စီးနင်းသူကို မျက်စိဖမ်းစားဖွယ်၊
ရင်ဖိုဖွယ် လှည့်ကွက်တွေလည်း ဆောင်ရွက်စေနိုင်သည်။
ဆယ်ကျော်သက် အများစုက သူတို့ကို မျက်လုံးပြူးစွာ စိုက်ကြည့်နေခဲ့သည်။
သူတို့ကတစ်ယောက်ပြီးတစ်ယောက် ရှီလွေ့ဆီပြေးကာ ထိုအရာက ဘာလဲဟု
မေးခဲ့ကြသည်။
ထိုအထက်တန်းလွှာ သခင်လေးတွေ ကစားပြပြီးနောက် စကိတ်စီးခြင်းက
မြို့တော်မှာ ရေပန်းစားလာခဲ့သည်။
ခေတ်ရေစီးကြောင်းနောက်လိုက်ခြင်းက မော်ဒန်ခေတ်မှာထက် ပိုမြန်သည်။
ရှေးခေတ်မှာက ဖျော်ဖြေရေးတွေ နည်းပါးသည်။
အထူးသဖြင့် ရှီလွေ့က ပျော်စရာတွေကို ဦးဆောင်ရှာတတ်သည့် ဘုရင်အဖြစ်
နာမည်ကြီးတာ ကြောင့် သူ့အရွယ် လူငယ် အများစုက စကိတ်ဘုတ်ပြား လိုချင်နေကြသည်။
နောက်တစ်နေ့မှာ လျန်ယို့ရှောင်က သူ့ဆိုင်အသစ်မှာ
စကိတ်ဘုတ်ပြားတွေ တင်ရောင်းခဲ့သည်။
သူက သူ့ဆိုင်စောင့်သည့်လူတွေကိုပင် စကိတ်စီးနည်း အထူးလေ့ကျင့်သင်ကြားပေးခဲ့သည်။
ဒါ့အပြင် စျေးကလည်း အဆမတန် ကြီးတာ မဟုတ်ပေ။
စကိတ်ဘုတ်ပြားတစ်ခုကို ငွေ ၅၀ရှိပြီး စကူတာက ငွေ ၆၀ ရှိသည်။
သူ သုံးသည့် ကုန်ပစ္စည်းတွေကလည်း ရှစ်ချင်းလျို့ ပေးတာထက် ပိုကောင်းတာ
သုံးထားပြီး ပုံစံကလည်း အနည်းငယ် ပိုလှသည်။
မြို့တော်က ငွေမရှိသည့် နေရာမဟုတ်တာကြောင့် အထက်တန်းလွှာက သခင်လေးတွေက
ငွေအိတ်ကိုင်ကာ ဝယ်ယူဖို့ တန်းစီ စောင့်နေခဲ့ကြသည်။
ထိုအထဲမှာမှ အထက်တန်းလွှာ သခင်မလေးတွေရဲ့ အစေခံမလေးတွေလည်း
ပါသည်။
အထက်တန်းလွှာ သခင်မလေးတွေက အိမ်မှာ ကစားဖို့အတွက် ဝယ်ယူခိုင်းလိုက်ခြင်း
ဖြစ်သည်။
ထိုကိစ္စကြောင့် မြို့တော်မှာ တူညီသည့် အလျားတူ ဖြစ်ရပ်တွေ
ဖြစ်ပေါ်နေသည်။
"အမေ ပိုက်ဆံနည်းနည်းပေးပါဦး၊ စကိတ်ဘုတ်ပြား ဝယ်ချင်လို့။"
"စကိတ်ဘုတ်ပြား တစ်ခုက ငွေ ၅၀တောင် ပေးရတယ်၊ နေ့ခင်းကြောင်တောင်ကြီး
ဓားပြတိုက်နေသလိုပဲ။"
"ကျွန်တော့်ဘေးက လူတွေအကုန် စကိတ်ဘုတ်စီးနေကြပြီ၊
ကျွန်တော့်မှာ မရှိရင် ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ။"
"ဘာကို ဝယ်မှာလဲ၊ အဲ့တာ လျန်မိသားစုရဲ့
ကလေး ထုတ်ထားတာ၊ မင်းတို့ကို ငတုံးဖမ်းတာ၊ ငွေ ၅၀ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး။"
သူ့အဖေက သူ့ကို ဆူဆဲခဲ့သည်။
"မပေးရင်လည်း ထားလိုက်တော့၊ အဖွားကိုပဲ သွားရှာတော့မယ်၊
ကျွန်တော့် အတန်းဖော်တွေရှေ့မှာတော့ မျက်နှာ အပျက်မခံနိုင်ဘူး။"
"မျိုးမစစ်လေး၊ သေအောင်ရိုက်ပစ်ဦးမယ်။"
ထို့နောက် နှစ်ရက်အတွင်းမှာပဲ သူတို့ရဲ့ ကလေးကို သေအောင်ရိုက်သတ်ပစ်မည့်
ဖခင်တွေက သူတို့ကလေးတွေကို စကိတ်ဘုတ်ပြား ဝယ်ပေးခဲ့ရလေသည်။
ငတုံးတွေကို လှည့်စားတော့ ဘာဖြစ်သွားလဲ။
ဘာပဲဖြစ်ဖြစ် လျန်ယို့ရှောင်က အမြတ် အကြီးကြီး
ရသွားခဲ့သည်။
သူ့ရဲ့ ကြီးမားသည့် မိသားစု နောက်ခံကြောင့် မြို့တော်က ဘယ်သူမှ
စကိတ်ဘုတ်ပြားနှင့် စကူတာကို တုပကာ မြို့တော်မှာ မရောင်းရဲခဲ့ပေ။
သို့ပေမယ့် တချို့က စကူတာကိုဝယ်ပြီး တုပကာတခြားနေရာမှာ ရောင်းခဲ့သည်။
တစ်ဖက်က ရှာ့ရှီရွာတွင်ဖြစ်သည်။
ရှောင်ယွမ်ရှစ်က မြို့တော်က စာနှစ်စောင်ကို လက်ခံရရှိခဲ့သည်။
တစ်ခုက လျန်ယို့ရှောင် ရေးလိုက်တာဖြစ်ပြီး
တစ်ခုက ရှောင်ဟန်ကျန့်ရဲ့ လူတွေ ရေးလိုက်တာ ဖြစ်သည်။
စာဖတ်ကြည့်ပြီးနောက် ရှစ်ချင်းလျို့က အလွန်ပျော်ရွှင်နေသည်။
"ရှီလွေ့နဲ့ လျန်ယို့ရှောင်က ကောင်းကောင်းကြီး လုပ်ခဲ့တာပဲ၊
ရှောင်သခင်မကြီးရဲ့ ဗျူဟာကလည်း လျော့မသွားဘူး၊ ဟိုမိန်းမ ကိုယ်ဝန်ပျက်ကျသွားတဲ့အထိ
လုပ်နိုင်ခဲ့တယ်။"
ရှောင်ဟန်ကျန့်က ခပ်ဖွဖွ ရယ်ခဲ့သည်။ "ဒါ ဝဋ်လည်တာပဲ။"
ဟိုးတုန်းက ထိုမိန်းမက မမွေးရသည့် ကလေးကို အသုံးချကာ သူ့အမေကို
ကြံစည်ခဲ့သည်။
သူမက ဝဋ်လည်ခံရဖို့ ပြင်ဆင်ထားသင့်သည်။
အခု ထိုအမျိုးသမီးရဲ့ ကျန်းမာရေးက မကောင်းကြောင်း သူ့လူတွေက
ရှာတွေ့ခဲ့သည်။
သူမ ကိုယ်ဝန်ထပ်ဆောင်ဖို့ ခက်ခဲသွားပြီဖြစ်သည်။
သူ့ဆန်ကုန်မြေလေးအဖေကလည်း လူလွှတ်ကာ သူ့ဆရာ
တကယ်သေမသေ တခြားတပည့်ထပ်ရှိ မရှိကို စုံစမ်းခိုင်းထားသည်။
သူက အံ့ဖွယ်သမားတော်ရဲ့ တပည့်ဆိုတာ သူ့အဖေ
ရှာတွေ့သွားပုံပေါ်သည်။
ဒါ့အပြင် ဖေးယွီကျယ်က သူ့တူလေးကို ဒီကို ကုသဖို့ ခေါ်လာကြောင်းကို
မကွယ်ဝှက်ခဲ့ပေ။
ရှောင်ယွမ်ရှစ်ကလည်း စီရင်စုတွေကိုသွားပြီး ဆေးကုသဆွေးနွေးမှု
ပေးနေသည့်အကြောင်း မကွယ်ဝှက်ခဲ့ပေ။
သူက ပြုံးခဲ့သည်။ "တကယ် သိချင်နေပြီ၊ ကိုယ့်ဆန်ကုန်မြေလေးအဖေနဲ့အဲမိန်းမသာ ကိုယ်က တစ်ဦးတည်းသော တပည့်ဆိုတာ သိသွားပြီး
ကိုယ်ကသာ သူ့မိန်းမကို ပြန်လည်အားဖြည့်အောင် ကုသပေးနိုင်မယ့်အကြောင်း သိသွားရင် သူတို့
ဘယ်လိုလုပ်မလဲ သိချင်နေပြီ။"
ရှစ်ချင်းလျို့လည်း အော်ရယ်ခဲ့သည်။ "ကျွန်မလည်း သိချင်နေပြီ၊
တွေးကြည့်ရုံနဲ့တင် ပျော်ဖို့ကောင်းတယ်။"
သူ့ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးက
ပြိုကျလုနီးပါး ဖြစ်နေပြီဖြစ်သည်။