အပိုင်း(၁၆၀) - ဆန်ကုန်မြေလေးအဖေကို မနာလိုဖြစ်အောင်လုပ်ခြင်း
ရှောင်ဟန်ကျန့်က နောက်ထပ် စာတစ်ဆောင်ကိုဖတ်ခဲ့သည်။
"ရှီလွေ့နဲ့ တခြားလူတွေက စားသောက်ဆိုင်က စားပွဲထိုးလေးကို
ထွက်သွားခိုင်းတာ ကိုယ့်ဆန်ကုန်မြေလေးအဖေရဲ့ လူတွေသိသွားပြီ၊ ရှီလွေ့နဲ့တခြားလူတွေက
သူ့ကို ပိုက်ဆံပေးပြီး ဝေးဝေးသွားနေခိုင်းတာ၊ ဒါပေမဲ့ အဲစားပွဲထိုးလေးက မြို့တော်က
ထွက်မသွားဘဲ အနီးအနားကရွာမှာ ရက်အနည်းငယ်နေပြီးနောက် မြို့တော်ကို ပြန်လာတယ်တဲ့လေ။"
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ဒါဆို ရှင့်ဆန်ကုန်မြေလေးအဖေ
သိတော့မှာပါ့။"
ထိုစားပွဲထိုးလေး နောက်ကျရင် ဘာဖြစ်သွားမလဲဆိုတာ သူမ မသိပေ။
သူ့အစီအစဥ်တွေထဲမှာ ရှီလွေ့က အမျှော်အမြင် ကြီးသူဖြစ်သည်။
သူက တခြားလူတွေလို နှုတ်မပိတ်ဘဲ စားပွဲထိုးကို ပိုက်ဆံပေးကာ
ဝေးဝေးရှောင်ခိုင်းခဲ့သည်။
သူ့ဘာသာသူ ဆန်ကုန်မြေလေးအဖေရဲ့ လက်ထဲ
ပြန်လာတာတော့ နှမြောစရာကောင်းသည်။ စိတ်မကောင်းလိုက်တာ။
ရှောင်ဟန်ကျန့်က ခဏလောက်တွေးပြီးပြောခဲ့သည်။ "ကိုယ့်ဆန်ကုန်မြေလေးအဖေကို သိရသလောက်ဆိုရင် ရှီလွေ့က ကြိုးကိုင်သူဆိုတာ ရှာတွေ့သွားရင်
စားပွဲထိုးလေးကို ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ကို ပို့လိမ့်မယ်။"
ရှစ်ချင်းလျို့က ကြက်သေသေသွားခဲ့သည်။ "ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်ကို
ပို့မယ် ဟုတ်လား။"
ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "ကိုယ့်ဆန်ကုန်မြေလေးအဖေက ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်က လူတွေနဲ့ ရန်သူ
မဖြစ်ချင်ဘူး၊ သူ့ကိုသာ အဲကိုပို့လိုက်ရင် ရှီလွေ့က ကြိုးကိုင်သူဆိုတာကို သူသိတဲ့ အဓိပ္ပာယ်ပဲ၊
ဒုတိယ အနေနဲ့ သူက ဒါကိုကန်အားအဖြစ်သုံးပြီး ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်က သူ့ကို
အကြွေးတင်သွားသလို လုပ်ချင်တာ။"
ထို့နောက် သူက ခနဲ့ခဲ့သည်။ "ဒါ့အပြင် ကိုယ့်ဆန်ကုန်မြေလေးအဖေက
သူအလိုက်လိုက်ခဲ့တဲ့ ဇနီးက ရှီလွေ့ကို ကောက်ကျစ်ခဲ့လို့ သူငြိစွန်းရတဲ့အကြောင်း သိဦးမှာ
မဟုတ်ဘူး။"
လျန်ယို့ရှောင်က ကောချွန်းရု ရှီလွေ့ကို ဘယ်လိုအကောက်ကြံခဲ့လည်း ဆိုသည့် အကြောင်း ထည့်ရေးထားသည်။
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါဆိုရင်တော့ ရှင့်ဆန်ကုန်မြေလေးအဖေက ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ကို သူ့အပေါ် အကြွေးတင်အောင်
မလုပ်နိုင်ရုံတင်မကဘဲ အခြေအနေက ပိုဆိုးသွားမှာပေါ့၊ ဒါပေမဲ့ အဲမိန်းမ လုပ်ခဲ့တာကို
သိသွားတော့လည်း ကောင်းတာပဲ၊ ကျွန်မ နားလည်ရသလောက်ဆိုရင် သူ့ကို မကျေမနပ်ဖြစ်သွားနိုင်တယ်။"
ထိုဆန်ကုန်မြေလေးအဖေက သူ့ဇနီးကို ဘာကြောင့် အလွန် သဘောကျနေရပါသနည်း။
သူမရဲ့ လှပတဲ့ ရုပ်ရည်အပြင် ရှောင်ယွမ်ရှစ်က သူမ ကမ္ဘာကြီးလို၊
သူမ လိုအပ်သည့် တစ်ခုတည်းသောအရာလို ဟန်ဆောင်ပြထားမည်ဟု ရှစ်ချင်းလျို့ ယုံကြည်သည်။
သူမက သူဘဝင်မြင့်အောင် စကားချိုချိုတွေဖြင့် မြှောက်ပင့်ပြောဆိုရာမှာ
တော်သည်။
အခုတော့ ကောချွန်းရုက သူမ မောင်အတွက် လူတစ်ယောက်ဖြင့် ရှီလွေ့ကို
အကောက်ကြံခိုင်းပြီး ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ကို အပြစ်ပြုခဲ့ကြောင်း ရှောင်ယွမ်ရှစ်ကို
ပေးသိရမည်ဖြစ်သည်။
အဓိက အချက်က သူ့ဇနီးက သူ့ကို ဖုံးကွယ်ထားတာဖြစ်သည်။ သူ့အဖေ
စိတ်အနှောက်အယှက် မဖြစ်ဘဲ နေမည်လား။
ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ရဲ့လက်ကိုကိုင်ကာ ပွတ်ခဲ့သည်။
"မှန်တယ်၊ သူတို့ဆက်ဆံရေးက သစ္စာရှိပြီး ခိုင်မြဲပါ့မလားဆိုတာ ကိုယ်သိချင်တယ်။"
ရှစ်ချင်းလျို့က သူမ ခင်ပွန်းရဲ့လက်ကို ဆုပ်ကိုင်ခဲ့သည်။
"အဲမိန်းမ သူလုပ်ထားတာကို ပြန်ခံရရုံအပြင် သူလက်မခံနိုင်တဲ့အထိ ဖြစ်သွားမယ့် ကိစ္စပါ
တွေးထားတယ်။"
ရှောင်ဟန်ကျန့်က သိချင်စွာ မေးခဲ့သည်။ "ဘာများလဲ။"
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကမ္ဘာပေါ်မှာ အနာကျင်ရဆုံးက
ကိုယ်ဂရုအစိုက်ဆုံးအရာ ဆုံးရှုံးသွားတာတင်မကဘဲ အရင်က ကိုယ့်ကို ရတနာသဖွယ် ကြည့်ရှု့ပြီး
ဘယ်တော့မှ ကိုယ့်ကို အထင်မသေးခဲ့တဲ့လူရဲ့ ဖိနှိပ်တာ ခံရတာလည်းပါတယ်၊ အဲမိန်းမက ရှင့်ဆန်ကုန်မြေလေးအဖေရဲ့
သူ့အရင်မိန်းမတို့ ပြန်ပေါင်းထုတ်တာကို လက်မခံနိုင်ဆုံးဖြစ်မယ်။"
ရှောင်ဟန်ကျန့်က ရှုပ်ထွေးသွားခဲ့သည်။ "သူ့အရင် မိန်းမ။"
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ရှင့်အဖေကို ရှင့်အမေကသာ
အကောင်းဆုံးဆိုတာ သိစေပြီး သူ့ကို ပြန်ချစ်မိသွားအောင် လုပ်ရမယ်၊ ပြီးရင် ရှင့်အမေက
သူ့ကို စျေးပေါတဲ့ ပစ္စည်းလို စွန့်ပစ်လိမ့်မယ်။"
ရှောင်ဟန်ကျန့်က ကြက်သေသေသွားခဲ့သည်။
သူ့ဇနီးက နေ့တိုင်း ထူးဆန်းသည့် အတွေးအကြံတွေ ရှိနေတာကို ရှောင်ဟန်ကျန့်
သိသွားခဲ့သည်။
သို့ပေမယ့် သူ့ရဲ့ဆန်ကုန်မြေလေးအဖေက သူ့အမေကို စွန့်ပစ်ပြီး
နာကျင်ခံစားစေခဲ့တာကို တွေးမိကာ ကစားဝိုင်းက တစ်ကြော့ပြန်ခဲ့မယ်ဆိုရင်တော့ သူအနည်းငယ်
စိတ်သက်သာရာ ရလိမ့်မည်။
သူက ပြောခဲ့သည်။ "အဲလို လုပ်ဖို့က မလွယ်ဘူး မဟုတ်လား။"
ရှစ်ချင်းလျို့က သူမ ရင်ဘတ်ကို ပြတ်ပြခဲ့သည်။ "ကျွန်မ
တာဝန်ထားပါ။"
ရှောင်ယွမ်ရှစ်လိုလူက မြှောက်ပင့်ခယတတ်သည့် မိန်းမမျိုးကို
သဘောကျသည်။
အကယ်၍ ကောချွန်းရုလို မိန်းမတွေသာ များလာပါက သူမကို အထူးတလည်လို့
ခံစားနေရဦးမည်လား။
ဆန့်ကျင်ဘက်အနေနှင့် တစ်ချိန်က သူ့ရှေ့မှာ ရိုးကျိုးခဲ့ကာ အားနည်းသည့်
အမေရှောင်က သူ့ကို စတင် အထင်သေးလာမည်ဆိုပါက ရှောင်ယွမ်ရှစ်က သူ့ရဲ့ အရင်ဇနီးက ကျန်သည့်လူတွေနှင့်
မတူကြောင်း သူခံစားရလိမ့်မည်။
ထို့နောက် ခင်းကျင်းပြသထားသည့် အမေရှောင်ရဲ့ ကောင်းကွက်တွေထဲ
သူ့ဘာသာသူ ခုန်ဆင်းလာအောင် သူတို့က ထောင်ချောက် အနည်းငယ် ဆင်လိုက်မည်။
ဒီလိုဆို မကောင်းဘူးလား။
ပိုရာထူးမြင့်သည့် လူတစ်ယောက်က အမေရှောင်ကို လက်ထပ်ခွင့်တောင်းခဲ့ပါက
ရှောင်ယွမ်ရှစ် ပိုတုန်လှုပ်သွားမည် မဟုတ်လား။
သူမက ရှောင်ယွမ်ရှစ်ရဲ့ ခါးကို လက်ဖြင့် ဆွဲဖက်ခဲ့သည်။
"ရှင့်အမေ နောက်အိမ်ထောင် ပြုမှာကို ရှင် မငြင်းဆိုဘူးမလား။"
သူမ ယောက္ခမက အသက်၃၀ အစောပိုင်းသာ ရှိသေးသည်။
သူမရဲ့ အချိန်နှင့်ဘဝကို ဆန်ကုန်မြေလေးအဖေအပေါ်
မြှုပ်နှံထားဖို့ မလိုအပ်ပေ။
ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေ မနာလိုဖြစ်အောင် သူမကို
အလိုလိုက် ချစ်ခင်ပေးသည့် ထူးချွန်သည့်လူကောင်းကို ရှာလို့ရသည်။
ပိုအရေးကြီးတာက သူမ ယောက္ခမ ဒေါသပုံချလို့ရကာ ရှောင်ယွမ်ရှစ်က
သူမ ထင်သလို မကောင်းကြောင်း မထိုက်တန်ကြောင်း သိစေချင်တာဖြစ်သည်။
ထိုအရာက သူမရင်ထဲက ဆူးကိုဆွဲထုတ်နိုင်ပြီး တစ်ဆက်တည်းမှာပဲ
သူမ ချစ်မြတ်နိုးသည့် လူကို ရှာတွေ့စေကာ တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားစေနိုင်မည်
ဖြစ်သည်။
သူ့ဇနီးလေးက သူ့အမေ နောက်အိမ်ထောင်ပြုဖို့ပါ စီစဥ်နေတာကြောင့်
ရှောင်ဟန်ကျန့်က ဆွံ့အသွားခဲ့သည်။
သူက များများစားစား တုံ့ဆိုင်း မနေပေ။ "ဒါပေါ့ ကိုယ် မငြင်းပယ်ပါဘူး။"
အကယ်၍ သူ့အမေကိုသာ ကောင်းကောင်းဆက်ဆံပေးနိုင်မည့်လူ ရှာတွေ့မည်ဆိုပါက
သူ့မှာ ပထွေးရှိသွားလည်း ကိစ္စမရှိပေ။
ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ လက်မောင်းကို ခေါင်းဖြင့်မှီကာ
ပွတ်သပ်လိုက်သည်။ "အစ်ကိုကျန့်က ကျွန်မ သိသမျှထဲမှာ တာဝန်အယူတတ်ဆုံးလူပဲ။"
ဒီလိုခေတ်မျိုးမှာ အိမ်ထောင်ကွဲအမေကို လက်ခံပေးနိုင်သည့် စာသင်သားက
တော်တော်လေး ကောင်းမွန်နေပြီဖြစ်ကာ နောက်အိမ်ထောင်ပြုဖို့ ထောက်ခံပေးသည့် စာသင်သားဆိုရင်
ပြောစရာကို မလိုပေ။
သူမက တကယ့်ကို အကောင်းဆုံး ခင်ပွန်းကို ရှာတွေ့ခဲ့တာဖြစ်သည်။
ရှောင်ဟန်ကျန့်က ခေါင်းငုံ့ကာ သူမ နဖူးကို နမ်းခဲ့သည်။
"မင်းကတော့လေ။"
သူ့ဇနီးက သူ့အမေကို အမြဲဂရုစိုက်နေတာတွေ့တော့ သူ့နှလုံးသားလေး
နွေးထွေးသွားရသည်။
ရက်အနည်းငယ် ကြာပြီးနောက် မြို့တော်တွင်ဖြစ်သည်။
စစ်သူကြီးစံအိမ်၏ စာဖတ်ခန်းထဲတွင် ဖြစ်သည်။
ရှောင်ယွမ်ရှစ်က ပင်မခုံမှာ ထိုင်နေသည်။
သူ့လက်ထောက်က ဝန်ခံချက်ကို ဖတ်ပြခဲ့သည်။ "သခင်ကြီး စားပွဲထိုးလေးက
လူတစ်ယောက်က သူ့ကို ဆေးခတ်ခိုင်းခဲ့တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်၊ ကျွန်တော်တို့ စုံစမ်းလိုက်တော့
အဲလူက ရှီလွေ့ ဖြစ်နေပါတယ်။"
ရှောင်ယွမ်ရှစ်က မအံ့သြခဲ့ပေ။ "တကယ်ပဲ သူကို။"
သူ့လက်ထောက်က မေးခဲ့သည်။ "သခင်ကြီး ကျန်တော်တို့ အဲစားပွဲထိုးကို
ဘယ်လို လုပ်လိုက်ရမလဲ။"
သူက လည်ပင်းဖြတ်သည့်ဟန် လုပ်ပြခဲ့သည်။ "ဒီလို လုပ်လိုက်ရမလား။"
ရှောင်ယွမ်ရှစ်က ခဏလောက် တွေးပြီးနောက် မျက်လုံးမှေးကျဥ်းခဲ့သည်။
"ရတယ်၊ မနက်ဖြန် သူ့ကို ဒီကို ခေါ်လာခဲ့၊ သူ့ကို ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ကို
ခေါ်သွားမယ်။"
ထိုလူကို မြို့တော် တရားသူကြီးမင်းလက်ထဲ အပ်လိုက်ချင်ပေမယ့်
ထိုသို့လုပ်ပါက ရှီလွေ့ကို မထိခိုက်စေမှာ သူသိသည်။
ထိုလူက ဒီကိစ္စကို အကုန်တာဝန်ယူနိုင်ပြီး မြို့တော် တရားသူကြီးမင်းကလည်း
ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်ကို ပြဿနာ ရှာရဲမည် မဟုတ်ပေ။
မိဖုရားကြီးကလည်း ထိုသို့ ဖြစ်စေချင်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုကိစ္စကို သုံးပြီး ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်က
အကူအညီနှင့် လဲလှယ်တာ ပိုကောင်းသည်။
အခုဆိုရင် မြို့တော်က ဉာဏ်ကောင်းသည့် လူတွေက သူအကောက်ကြံခံရကြောင်း
သိနေလောက်ပြီဖြစ်သည်။
အခု သူ့ရဲ့ဂုဏ်သတင်း မှေးမှိန်သွားမှတော့ ဘာကြောင့် ထပ် အကောက်ကြံခံရအောင်
ရန်စ ရမည်နည်း။
ဒီလိုအခြေအနေရောက်မှတော့ အကျိုးရှိအောင်သာ လုပ်ရမည်။
ရှီလွေ့နှင့် ရှီမိသားစုကိုတော့ သူသေချာပေါက် မလွှတ်ပေးပေ။
သူက အခုသာ ခေါင်းငုံ့ထားတာဖြစ်သည်။
တစ်နေ့ကျရင်တော့ ဒီအကြွေးကို သေချာပေါက် ရှင်းမည်။
သူ့လက်ထောက်က ရှုပ်ထွေးသွားပေမယ့် ဆက်မမေးရဲပေ။ "ဟုတ်ကဲ့။"
ရှောင်ဟန်ကျန့်က သူ့ဆန်ကုန်မြေလေးအဖေရဲ့ အစီအစဥ်တွေကို ခန့်မှန်းမိပြီးသားဖြစ်သည်။
နောက်တစ်နေ့ကျတော့ ရှောင်ယွမ်ရှစ်က ပြည်သူ့အုပ်ချုပ်ရေးမှူး
စံအိမ်ကို သွားခဲ့သည်။
ရှီသခင်ကြီးက မာကျောက်ကစားတာကို အလွန်ပျော်မွေ့နေသဖြင့် သူ့မိတ်ဆွေတွေနှင့်
ကစားဖို့ ထွက်သွားရာ အိမ်မှာ မရှိပေ။
ရှီလွေ့ရဲ့အဖေ ရှီရှင်းဟန်က ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ရဲ့
ဆက်ခံသူဖြစ်တာကြောင့် သူက ရှောင်ယွမ်ရှစ်ကို ကြိုဆိုခဲ့သည်။
ရှောင်ယွမ်ရှစ်မှာ ဖြစ်ခဲ့သမျှကို ရှီရှင်းဟန် ကြားပြီးကတည်းက
သူက လူလွှတ်ကာ စုံစမ်းခိုင်းပြီးသားဖြစ်သည်။
ထိုကိစ္စရဲ့လက်သည်က သူ့ကို အမြဲခေါင်းကိုက်အောင်လုပ်သည့် သူ့ရဲ့
အငယ်ဆုံးသားဖြစ်ကြောင်း သိပြီးပြီဖြစ်သည်။
ထို့ကြောင့် သူက ရှောင်ယွမ်ရှစ်ရဲ့ အစီအစဥ်ကို ခန့်မှန်း မိပြီးသားဖြစ်သည်။
ထိုင်ပြီးနောက် သူက မေးလိုက်သည်။ "စစ်သူကြီးရှောင် ဘာကိစ္စရှိလို့လဲ။"
ရှောင်ယွမ်ရှစ်က ကွေ့ပတ်ပြောမနေပေ။ "ဒီနေ့ ဒီကိုလာရတာ
ရှင်းပြချက် တောင်းချင်လို့ပါ။"
ထို့နောက် သူက စားပွဲထိုးလေးရဲ့ ဝန်ခံချက်စာရွက်ကို လက်လွှဲပေးလိုက်သည်။