အခန်း(၁၆၁) - မရှုမလှ ရှုံးနိမ့်ခဲ့ခြင်း
ရှီရှင်းဟန်က သူ့ဆီက စာရွက်ကိုယူပြီး သာမာန်ကာလျှံကာ ဖတ်လိုက်သည်။
"ခင်ဗျားကို ရှီလွေ့ လုပ်ခဲ့တယ်ဆိုတာ ကျွန်တော် သိပြီးပါပြီ။"
ရှီရှင်းဟန်ရဲ့ မျက်နှာထားကိုကြည့်ရင်း ရှောင်ယွမ်ရှစ် က မကောင်းသည့်
အငွေ့အသက်ရနေသည်။
"လူကြီးမင်းက ဒီက်စ္စကို ပြည်သူ့အုပ်ရေးရေးမှူးက ထောက်ပံ့ပေးခဲ့တယ်လို့
ဆိုလိုတာလား။"
သူက အေးစက်သည့် မျက်နှာထားဖြင့် ဆိုခဲ့သည်။ "ဒီလိုဆိုရင်တော့
ကျွန်တော်ကလည်း ဘုရင်ကြီးဆီကနေ တရားမျှတမှုကို တောင်းခံရမှာပဲ။"
သူက ပြည်သူ့အုပ်ချုပ်ရေးမှူးရုံးနှင့် ရန်သူ မဖြစ်ချင်သော်လည်း
ရှီရှင်းဟန်ရဲ့ မျက်နှာထားက သူ့ကို ဒေါသ ထွက်စေခဲ့သည်။
ရှီရှင်းဟန်က အနောက် ကြိုးတုပ်ခံထားရကာ တုန်ယီနေသည့် စားပွဲထိုးကို
တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "ခင်ဗျားက ကျွန်တော့်ဆီ လက်ဆောင်နဲ့ရောက်လာမှတော့ ကျွန်တော်ကလည်း လက်ဗလာနဲ့ ပြန်လွှတ်လိုက်လို့
ဘယ်ကောင်းမလဲ၊ အပြန်အလှန်အနေနဲ့ လက်ဆောင် ပြန်ပေးလိုက်ရမှာပေါ့။"
သူက လက်ခုပ်တီးလိုက်တော့ အစေခံမလေးနှစ်ယောက်က အမျိုးသမီးတစ်ယောက်ကို
ဆွဲကာ ခေါ်ထုတ်လာခဲ့သည်။
ရှောင်ယွမ်ရှစ်က ရှီရှင်းဟန်ကို ခေါင်းခြောက်စွာ ကြည့်ခဲ့သည်။
ဒီလူက သူ့ကို ဘာကြောင့် အမျိုးသမီးတစ်ယောက်က ပေးချင်ရတာလဲ။
ရှီရှင်းဟန်က ရှောင်ယွမ်ရှစ်ရဲ့ အမူအရာကို ကြည့်ပြီးနောက် သူ့ဇနီးလုပ်ခဲ့သည့်
ကိစ္စကို မသိသေးဘူးဟု ခန့်မှန်းမိခဲ့သည်။
"ဒါက ခင်ဗျားရဲ့မိန်းမ လွေ့အာကို ပေးခဲ့တဲ့ လက်ဆောင်လေ၊
အခု ခင်ဗျားကို ပြန်လွှဲပေးလိုက်ပါတယ်၊ ဟိုတစ်ခါက ဒီမိန်းကလေးက လမ်းမှာ ကျွန်တော့်သားရဲ့ခြေထောက်ကိုဆွဲပြီး ဗိုက်ထဲက မမွေးရသေးတဲ့ကလေးက ကျွန်တော့်သားနဲ့ရတာပါလို့ ပြောပြီး သားရဲ့ဂုဏ်သိက္ခာကို ဖျက်စီးခဲ့ပါတယ်၊
ဒါက အနာဂတ်မှာ ကျွန်တော့်သား အိမ်ထောင်ပြုဖို့ကိုလည်း ဖျက်စီးလိုက်တာပဲ။"
သူကရှောင်ယွမ်ရှစ်ကို မဲ့ပြုံး ပြုံးပြခဲ့သည်။ "ခင်ဗျား
ဒီသတင်းကို ကြားဖူးမှာပါ၊ ခင်ဗျားရဲ့မိန်းမက ကျွန်တော့်သားရဲ့
အပြစ်ကင်းမှုကို ဖျက်စီးပစ်ခဲ့တာ၊ ကျွန်တော့်သားက သူ့ဆေးသူ ပြန်ကျွေးခဲ့ရုံပဲလေ
ဟုတ်တယ်မလား။"
မင်းမေကြီးတော်ကို မင်းရဲ့သားက အပြစ်ကင်းပါလား ဟု ရှောင်ယွမ်ရှစ်က
ကြိတ်တွေးခဲ့သည်။
သို့ပေမယ့် သူပိုပြီး ဒေါသထွက်လာခဲ့သည်။
ဒီတစ်ခါတော့ ရှီရှင်းဟန်ကို မဟုတ်ပေ။
ဒါကြောင့် ရှီလွေ့က သူ့ကို အကောက်ကြံလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
ထိုအမျိုးသမီးရဲ့ မျက်နှာက ဖြူဖျော့နေကာ မျက်တောင် တဖျပ်ဖျပ်
ခတ်နေသည်။
ရှီရှင်းဟန်ရဲ့ စိတ်ဓာတ်အရ သူ စတင်ယုံကြည်ခဲ့သည်။
ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်က ဒီကိစ္စလောက်လေးဖြင့် သူ့ကို
လှည့်စားမည် မဟုတ်ပေ။
ထိုအချိန်မှာ သူအလွန် ရှက်ရွံ့သွားခဲ့သည်။
သူက သူမက ဒီကိစ္စကိုသုံးကာ ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ကို
တိုက်ခိုက်ပစ်ဖို့ တွေးထားပေမယ့် ကစားပွဲက ပြောင်းပြန်လှန်သွားခဲ့သည်။
သို့ပေမယ့် ရှောင်ယွမ်ရှစ်က သာမာန် မဟုတ်ပေ။
သူက အမူအရာပြောင်းကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ကျေးဇူးတင်ပါတယ်
လူကြီးမင်း၊ ဒီလက်ဆောင်ကို လက်ခံလိုက်ပါ့မယ်။"
ရှီရှင်းဟန်က လက်ဖက်ရည်ခွက်မြှောက်ကာ သောက်ခဲ့သည်။ "စစ်သူကြီးရှောင်
ဒီလမ်းက ပြန်လို့ရပါပြီ။"
အခု သူတို့က ရန်ငြိုးဖွဲ့ပြီးသွားပြီမလို့ ဟန်ဆောင်နေစရာ မလိုတော့ပေ။
သူက သူ့အငယ်ဆုံးသားလေးကို တစ်ချိန်လုံး နာနာရိုက်ပစ်ချင်သော်လည်း
တစ်ယောက်ယောက်က သူ့ကို အကောက်ကြံခဲ့ပါက သူရှင်းထုတ်ပေးရမည်။
ရှောင်ယွမ်ရှစ်ကလည်း သူနှင့် ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်က
ပူးပေါင်းလို့မရတော့ဘဲ သူတို့ဆက်ဆံရေးက မလွယ်ကူတော့မှန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
အနာဂတ်မှာ သူတို့ အချင်းချင်း ပစ်မှတ်မထားရင်တောင် တော်တော်လေး
အဆင်ပြေနေပြီဖြစ်သည်။
အခုတော့ နန်းတွင်းမှာ နာမကျန်းဖြစ်နေသည့် မိဖုရားကြီး ဒီကိစ္စကို
သိမသွားဖို့သာ သူဆုတောင်းနေမိတော့သည်။
သူက စားပွဲထိုးလေးကို ပြန်ခေါ်မသွားဘဲ ထိုအစား အမျိုးသမီးကို
ပြန်ခေါ်သွားခဲ့သည်။
လမ်းတစ်လျှောက် သူ့မျက်နှာက မည်းမှောင်နေကာ ဘာမှမမေးခဲ့ပေ။
သူတို့ စစ်သူကြီး စံအိမ်ကို ပြန်ရောက်သည့်အချိန်မှာတော့ သူမကို
ကောချွန်းရုရဲ့ အဆောင်ကို ခေါ်သွားခဲ့သည်။
ကောချွန်းရုက အခုမှ ဆေးသောက်ပြီးတာဖြစ်သည်။
သူမက အိပ်ရာထက်မှာ ကိုယ်တစ်ဝက်မှီထိုင်ပြီး တွေဝေစွာဗိုက်ကို
ပွတ်နေခဲ့သည်။
သူမက ကိုယ်ဝန်နှစ်ခါ ပျက်ကျခဲ့ကာ ကိုယ်ခန္ဓာကိုထိခိုက်သွားတာကြောင့်
အနာဂတ်မှာ ကိုယ်ဝန်ထပ်ဆောင်နိုင်ဖို့က ခက်ခဲသည်ဟု သမားတော်က သူမကို ပြောခဲ့သည်။
ရှောင်ယွမ်ရှစ်ရဲ့ လူတွေ အံ့ဖွယ်သမားတော်ရဲ့
တခြားတပည့်ကိုသာ မြန်မြန်ရှာတွေ့ဖို့ သူမျှော်လင့်နေသည်။
သူမက ရှောင်ယွမ်ရှစ်ကို တကယ်ချစ်ကာ စစ်သူကြီးရဲ့ ဇနီးဟူသော
ဂုဏ်ကို မတိမ်းစေလိုတာကြောင့် ကလေးတစ်ယောက် မွေးပေးဖို့ လိုအပ်သည်။
သူမက နောက်ထပ် ရင်တုန်သွားခဲ့သည်။
သူမက ရှောင်သခင်မကြီးနှင့် တခြားလူတွေကို အလွန်မုန်းတီးသည်။
သူမက ရှောင်မိသားစုဟောင်းကို ဘယ်လို ရှင်းထုတ်ရမလဲဆိုတာ တွေးနေတုန်း
အစေခံမလေးက စစ်သူကြီး ပြန်ရောက်လာသည့်အကြောင်း တင်ပြသံကို ကြားလိုက်လေသည်။
သူမက အိပ်ရာအပြင်မထွက်ခဲ့ပေ။
သူမက နူးညံ့စွာ ပြုံးလိုက်သည်။
ရှောင်ယွမ်ရှစ် ဝင်လာသည့်အချိန် သူမ နှုတ်ဆက်တော့မည့်အချိန်မှာပဲ
အနောက်က အမျိုးသမီးကို တွေ့လိုက်လေသည်။
သူမရဲ့ အမူအရာက အနည်းငယ် ပြောင်းသွားခဲ့သည်။
ရှောင်ယွမ်ရှစ်က သူ့ဇနီးရဲ့ အမူအရာကို စူးစမ်းနေတာကြောင့် ဖမ်းမိသွားခဲ့သည်။
သူက အနည်းငယ် အေးစက်သည့်အမူအရာဖြင့် မေးခဲ့သည်။ "သူ့ကိုသိလား။"
ကောချွန်းရုက စောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့သည်။
သူမက ခဏလောက်တွေးပြီးနောက် ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။
"သိပါတယ်။"
ရှောင်ယွမ်ရှစ်က သူမကို ဒီကိုခေါ်လာမှတော့ သူမက ရှီလွေ့ကို
အကောက်ကြံခဲ့သည့်အကြောင်း သိပြီးပြီဖြစ်နိုင်သည်။
ဖြစ်ခဲ့တာတွေကို သူမ သိပြီးပြီဖြစ်သည်။ ရှောင်ယွမ်ရှစ်က အကောက်ကြံခံခဲ့ရတာဖြစ်သည်။
ရှီမိသားစုက သူမ ရှီလွေ့ကို ရည်ရွယ်ချက်ရှိရှိ အကောက်ကြံခဲ့တာကို
သိသွားပြီး လက်စားချေတာ ဖြစ်သည်။
သူမ လျှို့ဝှက်ကြံစည်ခဲ့တာကို ရှီမိသားစု ရှာတွေ့သွားလိမ့်မည်ဟု
သူမ မထင်မိခဲ့ပေ။
လိမ်ပြောတာထက်စာရင် အစကတည်းက အမှန်တိုင်းဝန်ခံလိုက်တာ ပိုကောင်းသည်။
သူမက မျက်လုံးတွေနီရဲကာ မျက်ရည်စီးကျလာခဲ့သည်။
သူမက မျက်ရည်တွေကို လက်ကိုင်ပဝါဖြင့်သုတ်ပြီး ရှောင်ယွမ်ရှစ်ကို
တောင်းပန်ဟန်ဖြင့် ကြည့်ခဲ့သည်။
"စစ်သူကြီး အဲအချိန်တုန်းက ကျွန်မ မောင်ရဲ့လက်က ရှီလွေ့ကြောင့်
ကျိုးခဲ့ပြီး သူ့အနာဂတ် ပျက်စီးခဲ့ရတာလေ၊ ကျွန်မလည်း ဒေါသ မထိန်းနိုင်ဘဲ မောင်လေးအတွက်
လက်စားချေချင်တာကြောင့် သူ့ကို ကြံစည်မိခဲ့တာပါ၊ ကျွန်မ တောင်းပန်ပါတယ်၊ အဲ့တာ ပြီးတော့လည်း နောင်တရမိပါတယ်၊ ကျွန်မ ရှင့်ကို ပြောပြချင်ခဲ့ပေမယ့်
ရှင်စိတ်တိုမှာ၊ ရှင်ဒေါသထွက်မှာ၊ ရှင် ကျွန်မကို အပြစ်တင်မှာ ကြောက်ခဲ့လို့ပါ၊ ကျွန်မ
ရှင့်ကို မဆုံးရှုံးချင်လို့ တုံ့ဆိုင်းမိခဲ့တာပါ။"
သူမက မျက်ရည်တွေကျပြကာ ပျော့ကွက်ကို ထုတ်သုံးခဲ့သည်။
ရှောင်ယွမ်ရှစ်ကိုလည်း လှပသည့် ကိုယ်ဟန်အနေအထားဖြင့် ကြည့်ခဲ့သည်။
ရှောင်ယွမ်ရှစ်က သူမ ငိုတာကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
သူက ရှီအိမ်တော်မှာတုန်းကလောက် ဒေါသ မထွက်တော့သော်လည်း စိတ်တိုနေဆဲ
ဖြစ်သည်။
စားသောက်ဆိုင်က မတော်တဆမှုသာ မဖြစ်ခဲ့ရင် သူ ဒီလောက် ဒေါသထွက်မှာ
မဟုတ်ပေ။
ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက ဒေါသတွေပြည့်နေသည်။ "တုံ့ဆိုင်းနေတော့
ဘာကောင်းတာရှိလဲ၊ ဒီနေ့ ငါက ရှိမိသားစုကို အနိုင်ယူဖို့ ငါ့လူတွေကို ခေါ်ပြီး အရူးလိုသွားခဲ့တာ၊
ပြီးတော့ သူတို့က ဒီမိန်းမကို ခေါ်ထုတ်လာပြီး မင်းက ရှီလွေ့ကိုပေးတဲ့ လက်ဆောင်လို့ပြောတယ်၊
အခု သူတို့က ဒီလက်ဆောင်ကို ငါ့ဆီ လွှဲပေးလိုက်ပြီ၊ ဒါတွေဟာ မင်းရဲ့ မသန်မစွမ်းမောင်လေးကြောင့်
မင်းငါ့နောက်ကွယ်မှာ လုပ်ခဲ့တာကြောင့် ငါက နောက်ကျောက ဓားနဲ့ အထိုးခံလိုက်ရတာ၊ ပြီးတော့
မင်း ငါ့ကို ဖုံးကွယ်ခဲ့လို့ ငါက ဒီနေ့ ရှီအိမ်တော်မှာ လူရွှင်တော်ကြီးလို ဖြစ်ခဲ့ရတယ်။"
တကယ်လို့ ကောချွန်းရုသာ သူ့ကို ပြောပြခဲ့မယ်ဆိုရင် သူက ရှီစံအိမ်ကို
ပစ်မှတ်ထားမှာ မဟုတ်ပေ။
ရှီလွေ့လည်း သူ့ကို ကြံစည်ဖို့ လွယ်ခဲ့မှာ မဟုတ်သလို သူ့ကိုယ်သူ
အရှက်ခွဲဖို့ ရှီစံအိမ်ကို သွားခဲ့မည် မဟုတ်ပေ။
ရှောင်ယွမ်ရှစ် သူမကို ဒေါသထွက်တာ ကောချွန်းရု အခုမှ ပထမဆုံးအကြိမ်
မြင်ဖူးတာ ဖြစ်သည်။
သူက ကြံစည်ခံရကာ ရှီစံအိမ်မှာ အရှက်ခွဲခံခဲ့ရတာကြောင့် ဒေါသထွက်နေမှန်း
သူမ သိသည်။
အခု သူမ ရှီလွေ့ကို အကောက်ကြံခဲ့မိတာကိုလည်း နောင်တရနေပြီ ဖြစ်သည်။
မဟုတ်ပါက သူမ မောင်လေး ခြေထောက် အဖြတ်ခံရမှာ မဟုတ်သလို ရှောင်ယွမ်ရှစ်လည်း
ကြံစည်ခံရမည် မဟုတ်ပေ။
သူမက ဘာမှမတွေးဘဲ ဖိနပ်ပင် မစီးဘဲ အိပ်ရာထဲက ထွက်ခဲ့သည်။
သူမက ရှောင်ယွမ်ရှစ်ကို တင်းတင်းဖက်ခဲ့သည်။ "စစ်သူကြီး၊
ကျွန်မ မှားပါတယ်၊ တကယ်ကို မှားခဲ့ပါတယ်၊ ရှေ့လျှောက် ဒီလိုကြံစည်တာမျိုး မလုပ်တော့သလို
ရှင့်ကိုလည်း ဘာမှ ထပ်ပြီး ဖုံးကွယ်မထားတော့ပါဘူး။"
သူမက အသက်ရှူရပ်မတတ်ငိုခဲ့ကာ ရှောင်ယွမ်ရှစ်ရဲ့ လက်ထဲမှာပဲ
သတိလစ်သွားခဲ့သည်။
ရှောင်ယွမ်ရှစ်က ကောချွန်းရုကို တကယ် ကြိုက်နှစ်သက်သည်။ သူမ
သတိလစ်သွားတာမြင်တော့ သူက ထိတ်လန့်သွားခဲ့သည်။
သူက သူ့အခြွေအရံတွေဖြင့် တော်ဝင် သမားတော်ကို ချက်ချင်း ခေါ်ခိုင်းခဲ့သည်။
တစ်ချိန်တည်းမှာပဲ ရှီလွေ့ကို ကြံစည်ခဲ့သည့် အမျိုးသမီးကို
ခေါ်ထုတ်သွားခိုင်းခဲ့သည်။
တော်ဝင်သမားတော်က ကြည့်ရှုစစ်ဆေးပေးပြီးနောက် ပြောခဲ့သည်။
"သခင်မက အရမ်းစိတ်လှုပ်ရှားသွားလို့ သတိလစ်သွားတာပါ၊ ဒါ့အပြင် ဟိုတလောက သူ့ကျန်းမာရေးက
ထိခိုက်ထားတာကြောင့် ရုတ်တရက်ဆန်တဲ့ ထိတ်လန့်စရာ ကိစ္စတွေကို
လက်မခံနိုင်ပါဘူး။"
တော်ဝင်သမားတော်က ကောချွန်းရုထံက ငွေတွေ လာဘ်ထိုးခံထားရတာကြောင့်
စကားကို ဘယ်လိုပြောရမလဲဆိုတာ သိသည်။
ရှောင်ယွမ်ရှစ်က ဆေးဆရာကို ဆေးညွှန်းပေးခိုင်းခဲ့သည်။
ထို့နောက် သူက ဖြူဖျော့ကာ သတိလစ်နေသည့် ဇနီးဖြစ်သူကို ရှုပ်ထွေးစွာ
ကြည့်ခဲ့သည်။
သူက ဒီကိစ္စကို ထပ်မပြောဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရင်ထဲမှာတော့
အစိုင်အခဲတစ်ခု ဖြစ်သွားခဲ့သည်။
သူက ကောချွန်းယီကို ပိုပြီး ဒေါသထွက်ခဲ့သည်။
သူ့ယောက်ဖက တကယ်ကို ကပ်ဆိုးတစ်ခု ဖြစ်သည်။
သူ့လို ကပ်ဆိုးတစ်ကောင်က စစ်သူကြီးစံအိမ်မှာ ဆက်နေဖို့ မသင့်လျော်ပေ။
သူ့ကို ပထုတ်ဖို့ နည်းလမ်း စဥ်းစားရမည်။
တစ်ဖက်က ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်မှာတော့ ကမောက်ကမတွေ
ဖြစ်နေသည်။
ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်တွင်ဖြစ်သည်။