အပိုင်း ၁၆၂
Viewers 14k

 

အပိုင်း(၁၆၂) - အခက်အခဲတွေကို အတူတူ မျှဝေခြင်း

 

ရှီရှင်းဟန်က ကြာပွတ်ကိုယူပြီး စားပွဲထိုးလေးကို လူတစ်ယောက်ဖြင့် ချုပ်ခိုင်းလိုက်သည်။

 

သူက သူ့အငယ်ဆုံးသားရဲ့ အဆောင်ကို သွားခဲ့သည်။

 

ထိုအချိန်မှာ ရှီလွေ့က သူ့အဆောင်ခြံဝန်းထဲမှာ စကိတ်စီးနေသည်။

 

သူက အခု စကိတ်စီးနည်းခက်ခဲသည့် အကွက်တွေကိုပင် ကိုယ့်ဘာသာကိုယ် စီးတတ်နေပြီဖြစ်သည်။

 

သူ့အဖေက စားပွဲထိုးနှင့်အတူ မည်းမှောင်သည့် မျက်နှာထားဖြင့် လာနေတာတွေ့တော့ သူက စကိတ်စီးတာ ရပ်လိုက်ပြီး ထွက်ပြေးဖို့ လုပ်ခဲ့သည်။

 

ရှီရှင်းဟန်က ခနဲ့ခဲ့သည်။ "မင်းဒီနေ့ ပြေးလွတ်မယ်ထား၊ ငါက မင်းရဲ့မျိုးရိုးနာမည် တူပြီးသားနော်။"

 

ဒါဆို မျိုးရိုးနာမည် မတူရင်ကောဟု ရှီလွေ့က တွေးလိုက်သည်။

 

သူက ကို့ရို့ကားယား ပြုံးလိုက်သည်။ "အဖေ ကျွန်တော် အခုမှသတိရတယ်၊ အဖွားက သူ့အဆောင်ကို လာခဲ့ဖို့ ခေါ်ထားတယ်၊ အဲကို အရင်သွားလိုက်ဦးမယ်။"

 

ရှီရှင်းဟန်က ခနဲ့ခဲ့သည်။ "မင်းအဖွား အမွှေးတိုင်ပူဇော်ဖို့ အခု မင်းရဲ့ အမေ အဖော်ပြုပေးနေတယ်၊ လုပ်ကြံတဲ့ ဇာတ်လမ်းလေးတွေ ဆက်ပြောပါဦး။"

 

ရှီလွေ့က ဆွံ့အသွားခဲ့သည်။ အရာအားလုံး ပြီးဆုံးသွားပြီ။

 

"အမ် အဖေက ဘာကိစ္စရှိလို့လဲ။" သူက ခြံတံခါးဆီ သွားလိုက်သည်။

 

ရှီရှင်းဟန်က ဒေါသတကြီး ပြောခဲ့သည်။ "မျိုးမစစ်လေး မင်းက ကောက်ကျစ်တဲ့အကြံနဲ့ ရှောင်ယွမ်ရှစ်ကို ကြံစည်ရဲတယ်ပေါ့၊ အဓိကက ရှောင်ယွမ်ရှစ်က မင်းကို အငြိုးထားနေပြီ၊ သေအောင်ရိုက်ပစ်မယ်။"

 

သူ့သားက ရှောင်ယွမ်ရှစ်ကို ကောက်ကျစ်သည့်အကြံဖြင့် ကြံစည်ခဲ့တာကို သူဒေါသ မထွက်ပေ။ ကောချွန်းရုက သူ့သားကို ကြံစည်ခဲ့တာဖြစ်သည်။

 

သူ့သားက ရှာခဲ့သည့်ပြဿနာရဲ့ အရှုပ်ထုပ်ကို မရှင်းခဲ့တာကြောင့် ဒေါသထွက်နေတာဖြစ်သည်။

 

သူက ရှောင်ယွမ်ရှစ် စားပွဲထိုးကို ရှာတွေ့အောင်ထားခဲ့ပြီး အိမ်ကိုတောင် ခေါ်လာစေခဲ့သည်။

 

ရှီလွေ့က ကြာပွတ်ဖြင့် အရိုက်ခံခဲ့ရကာ နာကျင်မှုကြောင့် အော်ဟစ်ခဲ့သည်။

 

"လျန်ယို့ရှောင်က အကြံပေးခဲ့တာပါ။"

 

သူတို့က ညီအစ်ကိုတွေဖြစ်တာကြောင့် အတူတူ အရိုက်ခံရသင့်သည်။

 

ရှီရှင်းဟန်ရဲ့မျက်နှာက မည်းမှောင်နေခဲ့သည်။ "လျန်မိသားစုက အဲကလေးက မကောင်းတဲ့ အကြံတွေ ပြည့်နေတာပဲ၊ ငတုံးကောင် မင်းက သူများအကြံပေးတာကို အကောင်အထည်ဖော်ပေးခဲ့တယ်၊ မင်းက ငတုံးပဲ။"

 

သူက စစ်မြေပြင် အတွေ့အကြုံရှိကာ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က မနိမ့်ပါးတာကြောင့် သူ့ရိုက်ချက်က အားမပျော့ပေ။

 

မကြာခင်မှာပဲ ခြံထဲမှာ ရှီလွေ့ရဲ့ နာကျင်အော်ဟစ်သံတွေ ပြည့်သွားတော့သည်။

 

ဘာပဲဖြစ်ဖြစ် သူက ရှီလွေ့ရဲ့ ဖခင်အရင်း ဖြစ်သည်။ သားဖြစ်သူကို ရိုက်ရင်းတောင် လွတ်လမ်းချန်ပေးခဲ့သည်။

 

ဒါ့အပြင် သူ့သားအငယ်ဆုံးက နှုတ်ချိုသည်။

 

ရှီရှင်းဟန်က သူ့သားကိုရိုက်ရင်း ရင်နာနေရသည်။

 

အနည်းငယ်ရိုက်နှက်ပြီးနောက် သူ့သားကိုခေါ်ကာ လျန်စံအိမ်ကို သွားခဲ့သည်။

 

သခင်ကြီးလျန်ကလည်း မာကျောက် သွားကစားခဲ့သည်။

 

လျန်ယို့ရှောင်ရဲ့ ဖခင် ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်ရဲ့ ဆက်ခံသူသာ အိမ်မှာရှိသည်။

 

သူက ရှီရှင်းဟန်ကို တွေ့လိုက်တော့ အံ့သြသွားခဲ့သည်။

 

"အစ်ကိုရှီ ဘာကိစ္စရှိလို့လဲ။"

 

ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်သုံးခု သူတို့သုံးယောက်ရဲ့ ဆက်ဆံရေးက အလွန်သာမာန်ဆန်သည်။

 

ဘုရင်ကြီး ဘာတွေးနေမည်နည်း။

 

သူတို့ရဲ့ အပျော်အပါးမက်သည့် သားသုံးယောက် အတူတူအပြင်ထွက်တာက ပြဿနာ မရှိဘူးဟူ၍ဖြစ်သည်။

 

ရှီရှင်းဟန်က တည့်ပြောခဲ့သည်။

 

လျန်ယို့ရှောင်နှင့် ရှီလွေ့က ရှောင်ဟန်ကျန့်ကို အကောက်ကြံခဲ့သည့်အကြောင်း ပြောခဲ့သည်။

 

"သူတို့ ရှောင်ယွမ်ရှစ်ကို ကြံစည်တာကို ကျွန်တော် စိတ်မတိုပါဘူး၊ ဒါက သူကြောင့် ဖြစ်ခဲ့တာပဲလေ၊ သူတို့ ဖြစ်ကတတ်ဆန်းနိုင်တာကို သည်းမခံနိုင်တာ၊ သူ့ကိုရှင်းထုတ်ပြီးတဲ့နောက် ကျွန်တော်တို့ကို ဆန့်ကျင်ဖို့ သဲလွန်စ ချန်ပေးခဲ့တယ်တဲ့လေ။"

 

သူက တော်တော်လေး တည်တည်ငြိမ်ငြိမ် ပြောနေပေမယ့် ဒေါသတော့ ထွက်နေဆဲဖြစ်သည်။

 

သို့သော်လည်း သူ့သားက စားပွဲထိုးကို အပြတ်သုတ်သင် ရှင်းလင်းမှု မလုပ်ခဲ့တာကိုပဲ သူကျေနပ်မိသည်။

 

သူ့အငယ်ဆုံးသားလေးက ရည်မှန်းချက်ကြီးကာ အကြင်နာမဲ့မှာကို သူစိုးရိမ်မိသည်။

 

သူ့သားတွေ အိမ်မှာ အချင်းချင်းခပ်တန်းတန်းဖြစ်သွားမှာကို သူ မလိုချင်ပေ။

 

လျန်မင်ချန်က ခေါင်းကိုက်သွားခဲ့သည်။

 

သူက အံကြိတ်ကာ ပြောခဲ့သည်။ "ဒီမျိုးမစစ်လေးကတော့…။"

 

ရှောင်ယွမ်ရှစ်နှင့် ရှီလွေ့က ရန်ငြိုးရှိနေပြီး ထိုကောင်စုတ်လေးနှင့် ဘာမှ မသက်ဆိုင်ပေ။

 

ဒါကိုတောင် ရှောင်ယွမ်ရှစ်ကို ရှင်းထုတ်ဖို့ အကြံတောင် ပေးခဲ့သေးသည်။

 

ဟိုးတုန်းက ရှောင်ယွမ်ရှစ်က စစ်မှုရေးရာဌာနရဲ့ လက်ထောက်ဝန်ကြီး ဖြစ်ကာ ဘုရင်ကြီးက သူ့ရဲ့ စစ်တပ်အာဏာကို လက်မလွှဲခိုင်းခဲ့ပေ။

 

သူက ရှောင်ယွမ်ရှစ်နှင် မိတ်ဆွေဖွဲ့ရမလားဟု တွေးနေတုန်း ဖြစ်သည်။

 

အခုတော့ ဒီမျိုးမစစ်လေးက ဖျက်စီးလိုက်ပြီဖြစ်သည်။

 

သူက ရှီရှန်းဟန်ကို လက်ခုပ်ပုံစံပြုကာ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုရှီ အဲကောင်လေးကို ကျွန်တော် ဆုံးမ လိုက်ပါ့မယ်။"

 

ရှီရှင်းဟန်က ပြုံးခဲ့သည်။ "ညီလေးလျန် အရမ်းဒေါသ ထွက်မနေပါနဲ့၊ သင်ခန်းစာလောက်ပဲ ပေးလိုက်ပါ။"

 

ရှီသားအဖက အကြာကြီး မနေဘဲ ခဏလောက်ထိုင်ပြီးနောက် ပြန်သွားခဲ့သည်။

 

ညီအစ်ကို တစ်ခုခုလုပ်တော့ဟ ဟု ရှီလွေ့က စိတ်ထဲက ပြောလိုက်သည်။

 

လျန်ယို့ရှောင်က သူ့အခြံအရံတွေဖြင့် ခြံထဲမှာ ဖဲကစားနေသည်။

 

သူ့အဖေက တုတ်အရှည်ကြီးဖြင့် ဝင်လာတာတွေ့တော့ သူက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

 

"အဖေ ကျွန်တော်ခြံထဲမှာ တိုက်ရေးခိုက်ရေး လေ့ကျင့်မလို့လား။"

 

သူက စကားပြောပြီးသည်နှင့် ဖဲချပ်တွေကို ပစ်ထုတ်ကာ ခြံထဲက ထွက်ပြေးဖို့ ပြင်ခဲ့သည်။

 

လျန်မင်ချန်က မည်းမှောင်သည့် မျက်နှာထားဖြင့် ပြောခဲ့သည်။ "တိုက်ခိုက်ရေးလေ့ကျင့်မှာလေ၊ မင်းကတော့ ပစ်မှတ်ပေါ့ကွာ။"

 

လျန်ယို့ရှောင်က တုံ့ဆိုင်းခြင်းမရှိဘဲ တံခါးမဆီ ပြေးခဲ့သည်။

 

သို့ပေမယ့် သူတံခါးရောက်သည့်အချိန်မှာပဲ သူ့အဖေရဲ့ အစောင့်တွေက သူ့ကို တားခဲ့သည်။

 

လျန်မင်ချန်က လျန်ယို့ရှောင်ဆီ သွားလိုက်သည်။ "ပြေးလေ ပြေး၊ မျိုးမစစ်လေး ငါမင်းကိုရိုက်ချင်နေတာ ကြာပြီ။"

 

လျန်ယို့ရှောင်က နားမလည်ပေ။ "ကျွန်တော်အဖေ့ကို ဘာအမှားလုပ်မိခဲ့လို့လဲ။"

 

လျန်မင်ချန်က အေးစက်စွာ နှာမှုတ်ခဲ့သည်။ "မျိုးမစစ်လေး မင်းက ရှောင်ယွမ်ရှစ်ကို ကြံစည်ဖို့ အကြံပေးခဲ့တာမလား။"

 

မျိုးမစစ်ကောင် ရှီလွေ့ သူ့ကိုသစ္စာဖောက်သွားပြီဆိုတာ လျန်ယို့ရှောင် ချက်ချင်း သိလိုက်သည်။

 

လျန်ယို့ရှောင်က ကို့ရို့ကားယား ပြောခဲ့သည်။ "ကျွန်တော်က ဒီတိုင်း အကြံပဲပေးခဲ့တာလေ၊ သူလိုက်လုပ်လိမ့််မယ်လို့ ဘယ်ထင်မှာလဲ။"

 

လျန်မင်ချန်က အလွန် ဒေါသထွက်နေသည်။ "သူက သူများနဲ့ ရန်ငြိုးရှိနေတာလေ၊ မင်းက ဘာလို့ အကြံပေးခဲ့တာလဲ၊ မင်းအဲနေ့က ပွဲကြည့်ချင်နေတာကို ငါမသိဘူးများ မှတ်နေလား၊ ငါက အစက ရှောင်ယွမ်ရှစ်နဲ့ မိတ်ဆွေဖွဲ့ဖို့ ကြံစည်ထားတာ၊ အခုတော့ မျိုးမစစ်လေး မင်းက ဖျက်စီးပစ်လိုက်ပြီ။"

 

ထိုစကားကြားတော့ လျန်ယို့ရှောင်က အသံထွက်အောင် ရယ်ခဲ့သည်။ "အဖေ သူနဲ့ မိတ်ဆွေ မဖွဲ့ဖြစ်တော့ ကောင်းတာပေါ့၊ သူက ချမ်းသာလာတော့ သူ့ရဲ့ အပြင်ကိစ္စတွေကြောင့် သူ့ပထမဇနီးကို ကိုယ်လုပ်တော်အဖြစ် ရာထူးချပြီး ကွာရှင်းခဲ့တာလေ၊ ပြီးတော့ သူ့ကလေးအရင်းတွေနဲ့ ဆွေခန်းမျိုးခန်းဖြတ်တောက်ပြီး သူ့မိန်းမနဲ့ ကလေးတွေကို စွန့်ပစ်ခဲ့တာ၊ အဲ့လိုလူမျိုးက အဖေ့ကို ဘယ်အချိန် သစ္စာဖောက်သွားမလဲဆိုတာကိုတောင် မသိနိုင်ဘူး။"

 

ဒီကိစ္စကို သူ ဖျက်စီးလိုက်မိလို့ အလွန်ကျေနပ်နေသည်။

 

အကယ်၍ သူ့အဖေက ရှောင်ယွမ်ရှစ်နှင့် မိတ်ဆွေဖွဲ့လိုက်ပါက သူက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို မိတ်ဆွေဖွဲ့လို့ ရပါဦးတော့မည်လား။

 

လျန်မင်ချန်က မျက်မှောင်ကြုတ်ခဲ့သည်။ "သူ့ပထမဇနီးကို ကိုယ်လုပ်တော်အဖြစ် ရာထူးချပြီး ဇနီးနဲ့ ကလေးတွေကို စွန့်ပစ်ခဲ့တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။"

 

ဒီကိစ္စကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

 

ထို့ကြောင့် လျန်ယို့ရှောင်က သူ့ကို ရှောင်မိသားစုအကြောင်း ပြောပြခဲ့သည်။

 

ထိုအခါမှ လျန်မင်ချန်က သူ့သားက ရှောင်ယွမ်ရှစ်ရဲ့ သားကြီးအိမ်ကို သွားခဲ့မှန်း သိလိုက်ရသည်။

 

ရှောင်ယွမ်ရှစ်က ဒီလို လူစားမျိုး ဖြစ်လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

သူ စောနက ရှီရှင်းဟန်ဆီက သိခဲ့ရတာက ရှီလွေ့နှင့် ဒီကောင်စုတ်လေးက ရှောင်ယွမ်ရှစ်ကို ကြံစည်ခဲ့သည်ဟူသည့် အကြောင်းသာ ဖြစ်သည်။

 

ဒါတွေဟာ ရှောင်ယွမ်ရှစ်ရဲ့ ဇနီးက ရှီလွေ့ကို အရင် အကောက်ကြံခဲ့လို့ ဖြစ်ရတာ မဟုတ်လား။

 

အကျင့်စာရိတ္တ ကောင်းမွန်ပြီး ကြင်နာတတ်သည့် ဇနီးကိုသာ လက်ထပ်ယူသင့်ကြောင်း တရုတ်ဆိုရိုးတောင် ရှိသည်။

 

သူက ငယ်ရွယ်လှပသည့် အမျိုးသမီးတစ်ဦးအတွက်နှင့် ကလေးတွေနှင့် ဇနီးသည်ကို ဒီလို ပြုမူခဲ့တာ ဖြစ်သည်။

 

လျန်မင်ချန်က ရှောင်ယွမ်ရှစ်ကို တောင်တော်ရွံရှာ စက်ဆုပ်သွားခဲ့သည်။

 

ရှောင်ယွမ်ရှစ်နှင့် မိတ်ဆွေမဖွဲ့မိတာ တော်သေးကြောင်း စိတ်အေးသွားခဲ့သည်။

 

လျန်ယို့ရှောင်က သူ့အဖေရဲ့ မျက်နှာအမူအရာကို မြင်ပြီးနောက် ပြောခဲ့သည်။ "ဒါဆို အဖေ ကိုယ့်အဆောင်ခြံဝန်းကို ပြန်ပြီး တိုက်ခိုက်ရေး လေ့ကျင့်တော့မယ်မလား။"

 

လျန်မင်ချန်က အသိစိတ် ပြန်ကပ်လာပြီး ခနဲ့ခဲ့သည်။ "အိပ်မက် မက်နေလိုက်လေ။"

 

သိပ်မကြာခင်မှာပဲ မူပိုလှသည့် အော်ဟစ်သံတွေက လျန်ယို့ရှောင်ရဲ့ အဆောင်ခြံဝန်းထဲက ထွက်လာခဲ့လေသည်။

 

လျန်မင်ချန်က ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် လျန်ယို့ရှောင်ကို မလွတ်စေရုံသာမက လျန်ယို့ရှောင်ရဲ့ အစေခံတွေ လျန်သခင်မကြီးကို သွားမတိုင်ကြားအောင် သူ့အစောင့်တွေဖြင့် တားမြစ်ခိုင်းခဲ့သည်။

 

ထို့ကြောင့် နောက်တစ်နေ့ကျတော့ လျန်ယို့ရှောင်နှင့် ရှီလွေ့တို့ ဆုံခဲ့ကြသည်။

 

တစ်ယောက်က လည်ပင်းမှာ ကြာပွတ်ရာထင်နေပြီး နောက်တစ်ယောက်က ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်နေသည်။

 

လျန်ယို့ရှောင်က ရှီလွေ့ကို စိုက်ကြည့်လိုက်သည်။ "မျိုးမစစ်ကောင် မင်းငါ့ကို တကယ်သစ္စာဖောက်ခဲ့တာပဲ။"

 

ရှီလွေ့က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "မင်းလည်း ငါ့ကို သွေးထိုးပေးခဲ့တာပဲလေ၊ မဟုတ်ရင် ငါက အရိုက်ခံရပါ့မလား။"

 

သူက မှန်ကန်စွာ ပြောခဲ့သည်။ "ညီအစ်ကိုတွေဆိုတာ အခက်အခဲတွေကို အတူတူ မျှဝေရတယ်ကွ။"

 

မင်းမေကြီးတော်ကို အခက်အခဲတွေ မျှဝေပါလားဟု လျန်ယို့ရှောင်က စိတ်ထဲက ပြောခဲ့သည်။

 

ဒါက ညီအစ်ကို စိတ်ဓာတ် မဟုတ်ဘဲ အကျင့်မကောင်းတဲ့ သူငယ်ချင်းလေ။

 

ရှီလွေ့က မပျော်မရွှင် ကြည့်ခဲ့သည်။ "ငါ့အဖေက ငါ့ကို တကယ်ကြီး ဒီလိုဆော်ခဲ့တာကွာ၊ သူ့ကို သင်ခန်းစာ ပေးချင်တယ်။"