အပိုင်း(၁၆၄) - သူ တကယ် ကန်းသွားပြီ
ရှောင်ဟန်ကျန့်က ပွဲကစောစောပြန်ခဲ့တာကြောင့် တစ်ယောက်တည်း ရှစ်မိသားစုရဲ့
တံခါးဆီ ထွက်လာခဲ့သည်။
ထို့နောက် သူက လှပကာ ဆွဲဆောင်မှုရှိသည့် အနီရောင်ဝတ်စုံဝတ်ထားသည့်
အမျိုးသမီးက ရိက္ခာပုံးသယ်ကာ လမ်းလျှောက်လာတာကို မြင်လိုက်လေသည်။
ရှောင်ဟန်ကျန့်ရဲ့ အမူအရာက မပြောင်းလဲဘဲ ရှေ့သာ ဆက်လျှောက်နေခဲ့သည်။
ထောင်လျိုကလည်း ရှောင်ဟန်ကျန့်ကို အာရုံမစိုက်ဟန်ဖြင့် ရိက္ခာပုံးကိုသယ်လျက် တံခါးဆီ သွားခဲ့သည်။
သို့ပေမယ့် သူတို့တွေ လမ်းကိုဖြတ်တော့မည့်အချိန်မှာပဲ သူမက
ကျောက်ခဲကို ခလုတ်တိုက်ကာ ရှောင်ဟန်ကျန့်ဘက် လဲကျခဲ့သည်။
အကယ်၍ သူ့နေရာမှာ တခြားလူဆိုပါက သူမရဲ့ အလှကို စိတ်မဝင်စားရင်တောင်
လဲမကျအောင် ကူပေးနိုင်သည်။
ရှောင်ဟန်ကျန့်ရဲ့ ပထမဆုံး တုံ့ပြန်ချက်ကတော့ တုံ့ဆိုင်းခြင်းမရှိ
ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။
"ဗုန်း။" ထောင်လျိုက မြေပေါ်အရှိန်ပြင်းစွာ ကျခဲ့ပြီး
ရိက္ခာပုံးလည်း ပြုတ်ကျသွားခဲ့သည်။
သူမက ရှောင်ဟန်ကျန့်ကို မယုံကြည်နိုင်စွာ ကြည့်ခဲ့သည်။
သူက သူမကို တမင်ကို ရှောင်ခဲ့ခြင်းဖြစ်သည်။
သူမလို လှပကာ နူးညံ့သည့် အမျိုးသမီးတစ်ယောက် လဲကျသည့်အခါ ပွေ့ဖက်ကာ
ထိန်းထားပေးသင့်သည် မဟုတ်လား။ သူက တကယ်ကန်းနေတာပဲ။
သူမရဲ့ ခြေထောက်က နာကျင်မှုကြောင့် မျက်လုံးတွေ ရဲသွားခဲ့သည်။
သူမက ခေါင်းမော့ကာ ရှောင်ဟန်ကျန့်ကို ကြည့်ခဲ့သည်။ "သခင်လေး
ကျွန်မ ခြေကျင်းဝတ်လည်သွားလို့၊ ကျေးဇူးပြုပြီး ကူညီပေးလို့ရမလား။"
ရှောင်ဟန်ကျန့်ရဲ့ မျက်နှာက အေးစက်နေခဲ့သည်။ "အမျိုးသားနဲ့
အမျိုးသမီးက နီးနီးကပ်ကပ် မနေသင့်ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ထပါ။"
သူက ပြောပြီးသည်နှင့် သိပ်မဝေးသည့်နေရာက လမ်းထောင့်လေးကို ကြည့်လိုက်သည်။
မြေပေါ်က မိန်းမလှလေးကို တစ်ချက်ပင် ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
သူ့အတိတ်ဘဝတုန်းက ပိုမိုလှပကာ နူးညံ့သည့် အမျိုးသမီးများစွာ
တွေ့ဖူးခဲ့ပေမယ့် သူအကုန် ငြင်းဆိုခဲ့သည်။
ဒီအမျိုးသမီးက သူ့ကိုမြူဆွယ်ဖို့ ယုံကြည်ချက်တွေ ဘယ်ကရလာသနည်း။
မြန်မြန်လေး အလုပ်ရုံကိုသွားပြီး သူ့ဇနီးလေးကို ကြည့်ရှုကာ
မျက်လုံးတွေ ဆေးကြောရမည်။
ရှောင်ဟန်ကျန့် တုံ့ဆိုင်းခြင်းမရှိထွက်သွားတာကိုတွေ့တော့ ထောင်လျိုက
သူ့ရဲ့စိတ်ကူးယဥ်မဆန်တတ်မှုကို ဆဲဆိုနေခဲ့သည်။
သို့ပေမယ့် ထိုအရာက သူမကို ပိုကြိုးစားချင်စိတ် ဖြစ်စေခဲ့သည်။
ကမ္ဘာပေါ်မှာ ငါးမကြိုက်သည့်ကြောင် ရှိတာကို သူမ မယုံပေ။
ရှောင်ဟန်ကျန့်က တကယ်ကို ချောသည်။
သူက သူမ မြို့တော်မှာ တွေ့ဖူးသည့် သခင်လေးတွေထက် ပိုချောကာ
ပင်ကိုယ်စရိုက်ဟာလည်း သူတို့ထက် မနိမ့်ပါးပေ။
စစ်သူကြီးရဲ့ ဇနီး စိုးရိမ်နေတာလည်း မဆန်းတော့ပေ။
သူမက မတ်တပ်ထချင်ပေမယ့် ခြေထောက်က နာကျင်နေကာ လက်နှင့် ခြေထောက်မှာ
ပွန်းပဲ့ရာတွေ ရှိခဲ့သည်။
သူမက ရှောင်ဟန်ကျန့်ကို ဆက်မဆဲတော့ပေ။
ထိုအစား ထိုသို့သော စိတ်ကူးယဥ်မဆန်တတ်ကာ အေးစက်သည့်လူကို ဆွဲဆောင်နိုင်ပါက
သူမ ပြီးမြောက်အောင်မြင်မှုကို ခံရစားမည့်အကြောင်း တွေးလိုက်မိသည်။
ထိုအချင်းအရာကိုမြင်တော့ နံရံအကွယ်မှာ ပုန်းအောင်းနေသည့် သက်လတ်ပိုင်းအမျိုးသားက
မျက်မှောင်ကြုတ်ခဲ့သည်။
ရှောင်ဟန်ကျန့်က ဒီလိုအလှလေးကို မျက်ကွယ်ပြုသွားတာကို သူ တကယ်
အံ့သြမိသည်။
သူက ထောင်လျိုကို နန်ရှီစီရင်စုမြို့ကို ခေါ်လာပေးခဲ့ရကာ သူမရဲ့
ညှို့ဓာတ်မှာ ဖမ်းစားခံခဲ့ရသည်။
သူ့သခင်မက သူမကို ရှောင်ဟန်ကျန့်ကို ဆွဲဆောင်ဖို့လွှတ်လိုက်တာကိုသိသည့်
ဆင်ခြင်တုံတရားသာ သူမှာ မရှိတော့ပါက သူမကို ထိပါးဖို့ ကြိုးစားခဲ့ပြီဖြစ်သည်။
သူက မြန်မြန်လေးသွားကာ သူမကို ထဖို့ကူပေးလိုက်သည်။ သူက စိုးရိမ်စွာ
မေးခဲ့သည်။ "ခြေထောက် အဆင်ပြေရဲ့လား။"
သူမက မတ်တပ်ရပ်ပြီးသည်နှင့် သူ့ကို ချက်ချင်းတွန်းထုတ်ပစ်ခဲ့သည်။
"ခြေကျင်းဝတ် အဆစ်လွဲသွားပေမယ့် ကိုယ့်ဘာသာကိုယ် လျှောက်နိုင်သေးတယ်။"
ဒီလူက သူမကို သဘောကျနေတာကို သူမ သိသည်။ ရွံရှာတာအပြင် အထင်လည်းသေးသည်။
သူမ လိုချင်တာက ပိုက်ဆံ မဟုတ်ပေ။
သူမကိုသာစေခိုင်းသည့်လူမရှိပါက သူမက ရှောင်ဟန်ကျန့်ကို မြူဆွယ်ပြီး
စစ်သူကြီးရဲ့ ဇနီး ခိုင်းစေသည့်အတိုင်း ရှောင်ဟန်ကျန့်ရဲ့ ဂုဏ်သတင်းကို ဖျက်စီးမည်မဟုတ်ပေ။
ထိုအစား သူ တော်ဝင်စာမေးပွဲဖြေဖို့ အဖော်ပြုပေးမည်ဖြစ်သည်။
သူမက မြင်တတ်ကာ ရှောင်ဟန်ကျန့်က သာမာန် မဟုတ်တာကို သိသည်။
အခုလို ကံဆိုးမှုတွေ မရှိပါက သူ့အနာဂတ်က တော်တော်ကောင်းမွန်မည်ဖြစ်သည်။
သူမက သက်လတ်ပိုင်းအမျိုးသားကို စိတ်မဝင်စားဘဲ ထော့နဲ့ထော့နဲ့နှင့်
ရှစ်မိသားစုဆီ ပြန်သွားခဲ့သည်။
ရှောင်ဟန်ကျန့်ကို ဘယ်လိုမြူဆွယ်ရမလဲဆိုတာ သူမ တွေးနေခဲ့သည်။
ရှစ်မိသားစုရဲ့ စတုတ္ထသား အခန်းထဲပြန်ဝင်လာတော့ ထောင်လျိုက
တွေဝေစွာ ထိုင်နေတာကို တွေ့တော့ သူက အချစ်မွှန်နေသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။
ထောင်လျိုက အရင်ကတည်းက ဒီလိုအကြည့်မျိုးတွေ ကြုံခဲ့ရကာ ရွံရှာနေသည်။
သူမက မတ်တပ်ရပ်ကာ သူ့ကို ဝတ်ကျေတန်းကျေ နှုတ်ဆက်ခဲ့သည်။
"ရှစ်မိသားစုရဲ့ စတုတ္ထသားကို နှုတ်ခွန်းဆက်ပါတယ်၊ မမလေးကို အပ်ခဲ့ပါရစေ။"
သူမက ပြောပြီးသည်နှင့် ထော့နဲ့ထော့နဲ့ဖြင့် အခန်းထဲက ထွက်သွားခဲ့သည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားက စိုးရိမ်စွာ မေးခဲ့သည်။ "ခြေထောက်က
ဘာဖြစ်တာလဲ။"
ထောင်လျိုက အေးစက်စွာ ပြောခဲ့သည်။ "စားစရာ သွားယူရင်းနဲ့
မတော်တဆဖြစ်ပြီး ခြေထောက်အဆစ်လွဲသွားတာပါ။"
သူမက ပြောပြီးသည်နှင့် ထွက်သွားခဲ့သည်။
ထိုအချင်းအရာက ဝူရှီရှီကို အံကြိတ်စေခဲ့သည်။
သူမက ရှစ်မိသားစုရဲ့ စတုတ္ထသားကို သဘောမကျပေ။
သူက ထိုအမျိုးသမီးရဲ့ ညှို့ဓာတ်ထဲ ပျော်ဝင်နေတာကြောင့် သူမ
အလွန် မပျော်မရွှင် ဖြစ်ခဲ့သည်။
ထို့ကြောင့် ရှစ်မိသားစုရဲ့ စတုတ္ထသားလာသည့်အခါ သူ့ကို လှောင်ပြောင်သလိုကြည့်ပြီး
ထိခွင့်ပေးမည်မဟုတ်ပေ။
သူမက ခေါင်းအုံးအောက်မှာ ကပ်ကြေးဝှက်ထားသည်။
ရှစ်မိသားစုရဲ့စတုတ္ထသားက သူမကို ထိရဲပါက သူမ ညှာတာနေမည် မဟုတ်ပေ။
ဝူရှီရှီက ထောင်ဟုန်ရဲ့ အကွက်တွေကို သိသည်။ သူမက ခေါင်းငုံ့ထားခဲ့သည်။
ထိုအမျိုးသမီးတောင် လုပ်နိုင်မှတော့ သူမ မလုပ်နိုင်စရာ အကြောင်း မရှိပေ။
သူမရဲ့ စိတ်ကူးထဲက ခင်ပွန်းက ရှောင်ဟန်ကျန့် ဖြစ်သည်။
အကယ်၍ သူမသာ အောင်မြင်ခဲ့ပါက ရှစ်မိသားစုရဲ့ စတုတ္ထသားကို ကွာရှင်းပြီး
သူ့ကို ထပ်လက်ထပ်ယူမည်။
ဝူမိသားစုကလည်း သူမ အောင်မြင်တာကိုမြင်ရင် ပျော်ရွှင်မည်ဟု
သူမ ယုံကြည်သည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားက စောနကမှ အလှလေးကို မြင်တွေ့ခဲ့ရတာကြောင့်
ဝူရှီရှီကိုမြင်တော့ ဘာမှမပါသည့်ဆန်ပြုတ်၊ အရံဟင်းလျာလို့ ခံစားလိုက်ရသည်။
ထို့အပြင် ဟိုတလောက ဖြစ်ပျက်ခဲ့တာတွေကို တွေးမိပြီး ပိုပြီး
ရွံရှာသွားခဲ့သည်။
သူက ခနဲ့ခဲ့သည်။ "မင်းလို အရှက်မရှိတဲ့ မျက်နှာနဲ့ မြူဆွယ်တတ်တဲ့မိန်းမကို
ငါက ထိချင်မယ်လို့များ ထင်နေတာလား။"
ဝူရှီရှီက ရှစ်မိသားစုရဲ့ စတုတ္ထသားကို မယုံကြည်နိုင်စွာ ကြည့်ခဲ့သည်။
သူ ဒီလိုပြောလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။
ဝူရှီရှီသည် သူမရုပ်ရည်နှင့်ပတ်သက်ပြီး အလွန်ယုံကြည်ချက်ရှိနေဆဲ
ဖြစ်သည်။
ထိုကိစ္စကြောင့် သူမက စိတ်မကြည်သာတော့ပေ။
သူမက အိပ်ရာထက်က ပစ္စည်းတွေကောက်ကာ ရှစ်မိသားစုရဲ့ စတုတ္ထသားဆီ
ပစ်ပေါက်ခဲ့သည်။ "မျိုးမစစ်ကောင်။"
ရှစ်မိသားစုရဲ့စတုတ္ထသားက ပစ္စည်းတွေကို စိတ်ရှုပ်စွာ ဖယ်ခဲ့သည်။
"ခွေးမ မင်းကိုကြည့်ရတာနဲ့တင်ရွံတယ်၊ ဒီမှာ တစ်ယောက်တည်းသာ နေခဲ့လိုက်။"
ထို့နောက် သူက တံခါးဆွဲဖွင့်ကာ ထွက်သွားခဲ့သည်။
သူ့လက်ကို စောနက အစေခံမလေးရဲ့လက်ပေါ် တင်တာမှ ပိုကောင်းဦးမည်ဟု
သူ့ဘာသာသူတွေးလိုက်လေသည်။
တစ်ဖက်တွင်ဖြစ်သည်။
ရှောင်ဟန်ကျန့်က သကြားအလုပ်ရုံကို သွားခဲ့သည်။
သူ့ဇနီးလေးက ခြံထဲမှာ ဇိမ်ရှိရှိထိုင်ကာ နေပူဆာလှုံနေတာကို
တွေ့လိုက်လေသည်။
ရှစ်ချင်းလျို့က သူမ ခင်ပွန်း ပြန်လာတာတွေ့တော့ ခပ်ဖွဖွပြုံးကာ
မေးခဲ့သည်။ "အဲမိန်းမ ဘယ်လိုနေလဲ၊ လှလား။"
အမျိုးသမီးနျိုက သူမကို အလွန်လှသည်ဟု ပြောခဲ့တာကြောင့် သေချာပေါက်ကြည့်ရမဆိုးနိုင်ပေ။
လူတစ်ယောက်က သူမ အလုပ်ရုံမှာ ပြဿနာတက်ကြောင်း လာပြောတော့ တစ်ယောက်ယောက်က
သူမကို လှည့်စားကာ ပြန်လွှတ်ချင်နေကြောင်း သိလိုက်သည်။
သူမက ထိုလူ့ဆန္ဒအတိုင်း ပြန်သွားပေးခဲ့သည်။
ဒါက သူမ ခင်ပွန်းကိုစမ်းသပ်တာ မဟုတ်ဘဲ သူ့မခင်ပွန်း ဆွဲဆောင်မခံရဘူးဟုလည်း
ယုံကြည်သည်။
အကယ်၍ သူသည်းမခံနိုင်ခဲ့ရင်တော့ သူ့ကို အထုပ်သိမ်းခိုင်းကာ
နှုတ်ဆက်လမ်းခွဲမည်။
ရှောင်ဟန်ကျန့်က သူမရဲ့ စနောက်သည့်အကြည့်ကိုမြင်တော့ ရယ်ရမလား
ငိုရမလား မသိတော့ပေ။
သူက ယုံကြည်ချက်ရှိရှိလျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ကိုယ့်မိန်းမလောက် မလှပါဘူးကွာ။"
ဒါဟာ ဝတ်ကျေတန်းကျေ ဖြေတာ မဟုတ်ဘဲ သူခံစားရသည့်အတိုင်း ပြောတာဖြစ်သည်။
သူ့နှလုံးသားထဲမှာတော့ သူ့ဇနီးကသာ အလှဆုံးဖြစ်သည်။
သူမ ဖြူဖပ်ဖပ်နှင့် ပိန်ပိန်လေးရှိတုန်းကတောင် သူမကို အလှဆုံးဟုမြင်ခဲ့သည်။
သူမ ပိုပိုပြီး လှလာသည့်အချိန်ဆိုရင်တော့ ပြောစရာကို မလိုပေ။
ရှစ်ချင်းလျို့က ကျေနပ်စွာရယ်လိုက်ပြီး ရှောင်ဟန်ကျန့်ရဲ့ ပါးကိုညှစ်ခဲ့သည်။
"ဒီလိုဆိုကောင်းတာပေါ့။"
သူမက သူ့ကို ယုံကြည်ချက်ရှိရှိ ကြည့်ခဲ့သည်။ "ကျွန်မက
ရှင့််မျက်လုံးထဲမှာ အလှဆုံးပဲ ဒါကို မှတ်ထား။"
သူမက ထပ်ပြောခဲ့သည်။ "ရှင်ကလည်း ကျွန်မ မျက်လုံးထဲမှာ
အချောဆုံးအမျိုးသားပါပဲ။"
ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေက အပြုံးရိပ်တွေပြည့်သွားခဲ့သည်။
"မင်းက ကိုယ့်မျက်လုံးထဲမှာ အလှဆုံး အမျိုးသမီးပါပဲ၊ စိတ်မပူနဲ့။"
ရှစ်ချင်းလျို့ရဲ့ နားလေးတွေက ရဲသွားခဲ့သည်။
သူမ ခင်ပွန်းရဲ့ ချစ်စကားတွေက ရင်ကိုထိစေကြောင်း သိသွားခဲ့သည်။
"ယောက်ျား ရှင်က စကားဘယ်လိုပြောရမလဲဆိုတာ သိသားပဲ၊ ကျွန်မ
အဲလိုစကားတွေ နားထောင်ရတာ ကြိုက်တယ်။"
သူမက လက်ဆန့်ကာ ရှောင်ဟန်ကျန့်ရဲ့ လည်ပင်းကို ဆွဲဖက်လိုက်သည်။
သူမက သူ့မေးစေ့ကို ကိုက်ကာမေးခဲ့သည်။ "အမှတ်အသားလုပ်တာ၊
ရှင်က ကျွန်မ အပိုင်ပဲ။"
နောက်တစ်ခါကျရင် သူမ ခင်ပွန်းကို တပ်မက်နေသည့် အမျိုးသမီးကို
သွားတွေ့မည်။
ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေက မည်းမှောင်သွားခဲ့သည်။
သူက ရှစ်ချင်းလျို့ရဲ့ နားဆီတိုးသွားကာ နားကိုကိုက်ခဲ့သည်။
"ဒါဆို ကိုယ်လည်း အမှတ်အသားလုပ်မယ်။"
ထိုအရာက ရှစ်ချင်းလျို့နားကို ပိုရဲသွားစေကာ မျက်နှာကိုပင်
ရှက်ရိပ်သန်းသွားစေခဲ့သည်။
သူမ ခင်ပွန်းက တော်တော်လေး ပရောပရည်လုပ်တတ်ကာ သူမ အဲ့တာကို သဘောကျသည်။