အပိုင်း(၁၇၀)
- ဒီကိစ္စကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား
ကောချွန်းရုက
ရှောင်ယွမ်ရှစ်ရဲ့ မည်းမှောင်သည့် မျက်နှာကို မြင်လိုက်တော့ လက်ကိုင်ပဝါဖြင့် မျက်လုံးထောင့်ကို
သုတ်ခဲ့လေသည်။
"ရှစ်ချင်းလျို့က
သူ့မိဘတွေနဲ့ တရားရုံးကိုသွားခိုင်းပြီး သူ့ကိုနာကျင်စေအောင်လုပ်တယ်ဆိုပြီး သူများကို
တရားစွဲခိုင်းတယ်၊ ကျွန်မက သူ့ကို အန္တရာယ်ပြုတဲ့လူတွေရဲ့ ကြိုးကိုင်သူပါလို့ပြောတယ်၊
ဒါတော့ သိပ်တရားလွန်တာပဲ။"
သူမက
ဒီသတင်းကို ဒီနေ့မှ ရရှိခဲ့ကာ အလွန်တရာကို ဒေါသထွက်နေသည်။
သူမက
အမျိုးသမီးခုန်နှင့် ရှောင်ယွမ်ရှစ် ကွဲအောင် ဖိအားပေးကာ သူမက
ရှစ်ချင်းလျို့ရဲ့ သိက္ခာကိုဖျက်စီးဖို့ လူလွှတ်ကာ ခိုင်းစေခဲ့ကြောင်း နန်ရှီစီရင်စုတစ်မြို့လုံး
သိနေပြီဖြစ်ကြောင်း သူမရဲ့ လူတွေက စာပို့ခဲ့သည်။
စာထဲမှာ
ဂယက်ရိုက်ခတ်မှုတွေကို ဖော်ပြမထားသော်လည်း နန်ရှီစီရင်စုမြို့ကလူတွေ သူမကို ဘယ်လောက်တောင်
ဆဲဆိုနေပြီလဲဆိုတာ ခန့်မှန်းလို့ရသည်။
သူမက
ဂုဏ်သတင်းမွှေးအောင် အမြဲကြိုးစားနေသည့်အချိန်မှာ ရှောင်မိသားစုဟောင်းနှင့် ရှစ်ချင်းလျို့က
အဆက်မပြတ် ဖျက်စီးနေတာကြောင့် သူမကို ဒေါသထွက်စေခဲ့သည်။
ထို့ကြောင့်
သူမ အလွတ်မပေးပေ။
ရှောင်ယွမ်ရှစ်ရဲ့
မျက်နှာက ပိုမည်းမှောင်သွားခဲ့သည်။ "ရှက်ဖို့ကောင်းလိုက်တာ။"
တိတ်တိတ်လေး
ဖြေရှင်းရမည့်ကိစ္စကို အများရှေ့ ချမပြသင့်ပေ။
သူရဲ့ချွေးမကတော့
ရှက်ရကောင်းမှန်း မသိဘဲ လူထုဆီ သတင်းဖြန့်ခဲ့သေးသည်။
သူမက
တကယ်ကို ရွံရှာမုန်းတီးဖို့ကောင်းသည်။
သူမက
သူ့ဇာတိမှာ ဇနီးဖြစ်သူရဲ့ ဂုဏ်သတင်းကို ဖျက်စီးခဲ့တာကြောင့် သူ့ဂုဏ်သတင်းကလည်း ကောင်းတော့မည်
မဟုတ်ပေ။
ကောချွန်းရုက
နီရဲသည့် မျက်လုံးများဖြင့် မေးခဲ့သည်။ "စစ်သူကြီး ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားတော့မှာလား။"
သူမ ကြံစည်ခံရကာ
ဂုဏ်သတင်းဖျက်စီးခံရတာ သိသည့်အခါ ရှောင်ယွမ်ရှစ်က သက်ညှာမပေးမှာကို သူမ သိသည်။
ရှောင်ယွမ်ရှစ်က
ခနဲ့ခဲ့သည်။ "လုံးဝ မလွှတ်ပေးထားပါဘူး၊ ဒါပေမဲ့ လျန်ယို့ရှောင်နဲ့
တခြားလူတွေက နန်ရှီစီရင်စုမြို့ကို သွားလိုက်တယ်လို့ သတင်းရထားတယ်၊ သူတို့နဲ့အတူ ရှီရုံလည်း
ပါသွားတယ်တဲ့၊ သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ အစောင့်တွေရှိမှာပဲ၊ ဒါကြောင့် သူတို့နန်ရှီစီရင်စုမြို့က
ပြန်မှပဲ လူလွှတ်ပြီး သင်ခန်းစာပေးလိုက်မယ်။"
လျန်ယို့ရှောင်နှင့်
တခြားလူတွေ အိမ်ပြေးကာ နန်ရှီစီရင်စုမြို့ကို သွားလိုက်တာလည်း မဆန်းတော့ပေ။
သူတို့က
သူ့ကို နောက်ကွယ်ကနေ ကြံစည်ကြတာဖြစ်သည်။
သူက ဒေါသကို
မထိန်းချုပ်နိုင်တော့ပေ။
ကောချွန်းရုရဲ့
မျက်လုံးတွေက အရောင်လက်သွားပြီး စိုးရိမ်စွာ မေးခဲ့သည်။ "ကျန့်အာက ဒေါသထွက်ပြီး
လက်စားချေမလား မသိဘူး။"
သူမရဲ့
လူတွေ အကြိမ်များစွာ ရှုံးနိမ့်ခဲ့ကာ သူမရဲ့ လက်ထောက်နှင့် ထောင်လျိုဟာလည်း ရုတ်တရက်ကြီး
ရှစ်မိသားစုကနေ ပျောက်ကွယ်သွားခဲ့တာကြောင့် မကောင်းသည့် အငွေ့အသက်တွေရနေသည်။
ထို့ကြောင့်
အစကတည်းက သူမက အစီအစဥ်တွေကို ကိုယ်တိုင် မဖော်ဆောင်ခဲ့တာဖြစ်သည်။
သူမက
ရှောင်ဟန်ကျန့်ကို ထပ်မမြင်ချင်ဘဲ သူ အဆင်မြင့်စာသင်သား သို့မဟုတ် ရာထူးကြီးကြီးရမှာကိုလည်း
မလိုလားပေ။
သူမ မောင်လေးရဲ့
အနာဂတ်က ပျက်စီးသွားပြီမို့ ရှောင်ဟန်ကျန့်ကလည်း ကောင်းသည့်အရာတွေ ပိုင်ဆိုင်ခွင့်မရသင့်ပေ။
ရှောင်ယွမ်ရှစ်က
ခဏလောက် တွေးခဲ့သည်။ "သူလက်စားချေဖို့ အခွင့်အရေး မရစေရဘူး။"
သူက သူ့သားအသက်ကို
မလိုချင်ပေမယ့် ရှီလွေ့ဆီက သင်ယူခဲ့သည့်နည်းအတိုင်း သူ့လူတွေလွှတ်ကာ သားဖြစ်သူရဲ့ စာရေးသည့်
လက်ကို ချိုးပစ်မည်ဖြစ်သည်။
ဤနည်းဖြင့်
သူ တော်ဝင်စာမေးပွဲဖြေချင်ရင်တောင် ဖြေခွင့်ရမည် မဟုတ်ပေ။
ထိုစကားကြားမှ
ကောချွန်းရုက စိတ်သက်သာရာရသွားခဲ့သည်။
သူမက
စကားလမ်းကြောင်းထပ်ပြောင်းခဲ့သည်။ "ဒုတိယမင်းသားက ဒုတိယမိဖုရား
တင်မြှောက်မလို့ဆို ဟုတ်လား။"
ရှောင်ယွမ်ရှစ်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်။"
ကောချွန်းရုက
တည့်မေးခဲ့သည်။ "ကျွန်မ ညီမကို ဘယ်လို သဘောရလဲ။"
ရှောင်ယွမ်ရှစ်က
ကြက်သေ သေသွားခဲ့သည်။ သူမ ဒီလိုမေးလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
"မင်းရဲ့
ညီမကို ဒုတိယမင်းသားရဲ့ ဒုတိယမိဖုရား ဖြစ်စေချင်တာလား။"
ကောချွန်းရုက
သက်ပြင်းချခဲ့သည်။ "တစ်နေ့တုန်းက သူက ဒုတိယမင်းသားကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်လေ၊
အဲ့လိုမြင်ရတော့ ကျွန်မက ရင်နာတာပေါ့၊ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်
ရှင်သူ့ဆန္ဒကို ကူဖြည့်ဆည်းပေးပါလား။"
ရှောင်ယွမ်ရှစ်က
အနည်းငယ် မျက်မှောင်ကြုပ်ခဲ့သည်။ "သူ့အဆင့်အတန်းနဲ့ဆိုရင် သူက ဒုတိယမင်းသားရဲ့
ဒုတိယမိဖုရားဖြစ်ဖို့ အရည်အချင်းမမှီမှာ စိုးရတယ်။"
သူ့စကားတွေက
အလွန်ပါးနပ်သည်။ သူမက တကယ်ကို အရည်အချင်းမပြည့်မှီတာဖြစ်သည်။
ကောချွန်းရုက
ရင်ထဲက ကြိတ်မုန်းနေခဲ့သည်။
သူတို့မိသားစုက
အရင်မင်းဆက်တုန်းက ကြီးမားသည့် မျိုးနွယ်စုကြီးကဖြစ်သော်လည်း အခုတော့ သူများတွေရဲ့
အဆင့်အတန်း ကန့်သတ်မှုကို ခံနေရပြီဖြစ်သည်။
"စစ်သူကြီးရယ်
ကျွန်မမှာ ညီမလေးတစ်ယောက်ပဲရှိတာမလို့ ရှင် နည်းလမ်းလေး စဥ်းစားပေးလို့ ရမလား။"
သူမက
ရှောင်ယွမ်ရှစ်ရဲ့ လက်ကို ဆုပ်ကိုင်ကာ ဆက်ပြောခဲ့သည်။ "ညီမလေးသာ ဒုတိယမင်းသားနဲ့ လက်ထပ်နိုင်သွားမယ်ဆိုရင် ကျွန်မတို့ စစ်သူကြီးစံအိမ်လည်း
အခြေအနေ ပိုကောင်းလာမှာ၊ သူသာ ဒုတိယမင်းသားကို နောက်ကျနောက်ကျခံပြီးဝင်ရင် ကျွန်မတို့
အရှက်ကွဲရမှာ၊ သူက ဒုတိယမင်းသားရဲ့နန်းဆောင်မှာလည်း ပိုသည်းခံရမှာ၊ ဒါတွေကို တွေးလိုက်တိုင်း
ရင်နာလိုက်တာ။"
ရှောင်ယွမ်ရှစ်က
ဒီပြဿနာကို တစ်ခါမှ မတွေးဖူးခဲ့ပေမယ့် အခုတော့ ဖြစ်နိုင်ခြေရှိသည်ဟု တွေးမိလိုက်သည်။
အခု သူနှင့်
ဒုတိယမင်းသားက ကောင်းမွန်သည့် ဆက်ဆံရေး ရှိတာကြောင့် သူတို့က တစ်ဖက်တည်းကလူတွေဖြစ်သည်။
သူတို့သာ
ထိမ်းမြားခြင်းဖြင့် အမျိုးဆက်လိုက်ပါက သူတို့ရဲ့ဆက်ဆံရေးကပိုပြီး လုံခြုံသွားလိမ့်မည်။
"ကိုယ်
ဒုတိယမင်းသားကို သွားတွေ့ပြီး နည်းလမ်းရှာလိုက်မယ်။"
သူက ဒီလိုသာ
ပြောခဲ့ပေမယ့် ဒုတိယမင်းသား သဘောတူမည်ဟု ယုံကြည်ချက်ရှိနေသည်။
ကောချွန်းရုက
သူ့ကိုဖက်တွယ်ကာ မှီလိုက်သည်။ "စစ်သူကြီးကို ကျေးဇူးတင်ပါတယ်၊ ညီမလေးကလည်း ရှင်သူ့ကိုကူညီခဲ့တာကို
အမှတ်ရနေမှာပါ။"
ရှောင်ယွမ်ရှစ်က
ပြုံးခဲ့သည်။ "ကိုယ်တို့က မိသားစုတွေပဲ၊ သူစိမ်းဆန်နေစရာ မလိုပါဘူး။"
ကောချွန်းရုက
အားပြန်ဖြည့်နေသည့် အချိန်ဖြစ်တာကြောင့် ရှောင်ယွမ်ရှစ်က ခဏလောက်ထိုင်ပြီးနောက် ပြန်သွားခဲ့သည်။
သူက သူ့လူတွေကို
လုပ်ကြံဖို့ ညွှန်ကြားခဲ့ပြီး နန်ရှီစီရင်စုမြို့မှာ ကြိုတင်ပြင်ဆင်ဖို့ သွားခိုင်းခဲ့သည်။
ထို့နောက်
သူက ရုံးတော်ကို သွားခဲ့သည်။
သွားသည့်လမ်းမှာ
မြင်းရထားလုံးတစ်စီးက ဘီးကျိုးနေကာ လမ်းပိတ်နေသည်။
ရှောင်ယွမ်ရှစ်က
အလွန် စိတ်ရှုပ်သွားခဲ့သည်။
သူက မြင်းရထားလုံးပေါ်က
ဆင်းပြီး ဒေါသပေါက်ကွဲမလို့လုပ်ခဲ့သည်။
"မြင်းရထားလုံးကို
ဘေးကပ်ပြီး သူများတွေကို အရင်လမ်းဖယ်ပေးလိုက်ပါ။"
သို့ပေမယ့်
သူက မြင်းရထားလုံးထဲက အမျိုးသမီးတစ်ဦးရဲ့ နှစ်လိုဖွယ် နူးညံ့သည့် အသံကို ကြားလိုက်ရသည်။
သူက ဒေါသထွက်ရမှာ
ရှက်သွားပြီး ပြန်မျိုသိပ်ခဲ့သည်။
ထို့နောက်
သူသည် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး မျက်နှာလွှားဇာတပ်ထားသည့် အမျိုးသမီးကို တွေ့လိုက်လေသည်။
သူမက
ယဥ်ကျေးသိမ်မွေ့သည့်အသွင်ရှိသည်။
အစေခံမလေးက
သူမ မြင်းရထားလုံးထဲက ထွက်လို့ရအောင် တွဲပေးခဲ့သည်။
သူမက
သူ့ကို တောင်းပန်ဟန်ဖြင့် ပြုံးပြခဲ့ပြီး မြင်းရထားလုံးကို မြန်မြန်ဘေးကပ်ဖို့ ပြောခဲ့သည်။
သူမက
အသက်မကြီးတာကို သူမ မြင်ခဲ့သည်။
သူမက
မျက်နှာတစ်ဝက် ဖုံးအုပ်ထားသော်လည်း တကယ့် အလှလေး ဖြစ်သည်။
သူက သူ့လူတွေဖြင့်
မြင်းရထားလုံး ကူဖယ်ပေးခိုင်းဖို့ အတွေးမရှိခဲ့ပေ။
သူမကလည်း
အနှောက်အယှက်ပြုကာ စကားမပြောခဲ့ပေ။
မြင်းရထားလုံးကိုဘေးကပ်ပြီးနောက်
သူမက သူ့ကိုခေါင်းညွှတ်အရိုအသေပေးပြီး ကျေးဇူးတင်ပြီးနောက် မြင်းရထားလုံးထဲ ပြန်ဝင်သွားခဲ့သည်။
ရှောင်ယွမ်ရှစ်က
ဒီကိစ္စကို စိတ်ထဲ မထားခဲ့ပေ။
နှစ်ရက်ကြာပြီးနောက်
သူက ထိုအမျိုးသမီးနှင့် ထပ်တွေ့ခဲ့သည်။
လက်ရှိမှာ
သူမက မြို့တော်မှာ လမ်းသရဲတွေရဲ့ အနိုင်ကျင့်စနောက်ခြင်းကို ခံနေရသည်။
သူက ဒီလမ်းကသွားတယ်ပဲထင်ခဲ့ကာ
ကြံစည်ခံရသည်ဟု မထင်မိခဲ့ပေ။
ထိုအမျိုးသမီးရဲ့
နီရဲနေသည့် မျက်လုံးကို မြင်ပြီးနောက် ရှောင်ယွမ်ရှစ်က ကာကွယ်လိုစိတ်တွေ ပြင်းပြလာကာ
သူ့လူတွေကိုလွှတ်ကာ ကူညီခိုင်းခဲ့သည်။
လမ်းသရဲတွေကို
မောင်းထုတ်ပြီးနောက် ထိုအမျိုးသမီးက သူ့ကို ကျေးဇူးတင်ခဲ့လေသည်။
သူမက
ရှောင်ယွမ်ရှစ်နှင့် အပြန်အလှန်ဆက်သွယ်ခဲ့သည်။
သို့ပေမယ့်
သူမက သူ့ကို အရင်မချည်းကပ်ခဲ့ပေ။
သူမက
စကားကို လေးနက်စွာ ပြောလေ့ ရှိသည်။
ထို့ကြောင့်
ရှောင်ယွမ်ရှစ် ပျင်းရိသည့်အခါတိုင်း သူမ နေသည့်နေရာကိုသွားကာ သွားထိုင်ကာ စကားပြောခဲ့သည်။
ရှာ့ရှီရွာတွင်ဖြစ်သည်။
ရှစ်ချင်းလျို့က
ရှီရုံနှင့် တခြားလူတွေကို တာအိုဘုန်းကြီးကျောင်းကို ပူဇော်ဖို့အတွက် ခေါ်သွားခဲ့သည်။
ဒီတစ်ခါတော့
သူမက သူမဆရာ ကိုယ်ထင်ပြအောင် မလုပ်ခဲ့ပေ။
ရှီရုံနှင့်
ရှီလွေ့က တာအိုဘုန်းကြီးကျောင်းနား ပတ်သွားကာ ပျင်းရိနေသည်။
ထို့နောက်
စူးစမ်းရှာဖွေဖို့အတွက် ရှစ်ချင်းလျို့ကို တောင်ပေါ်ကို ခေါ်သွားပေးခိုင်းခဲ့သည်။
ရှီရုံရှိနေတာကြောင့်
ရှောင်ဟန်ကျန့်က စီရင်စုမြို့ကျောင်းကိုသွားခဲ့ကာ ရှစ်ချင်းလျို့က ဧည့်သည်တွေကို လိုက်ပြခဲ့သည်။
ရှီလွေ့၊
လျန်ယို့ရှောင်နှင့် တခြားယောက်ျားလေးတွေပဲရှိပါက သူမ တစ်ယောက်တည်း
ခေါ်သွားမည် မဟုတ်ပေ။
သံသယတွေကို
သူမ ရှောင်ရှားရမည်။
လွန်ခဲ့သည့်ရက်တွေတုန်းက
သူမက တောတောင်နက်နက်ထဲ စူးစမ်းရှာဖွေတာမျိုး မလုပ်ခဲ့ပေ။
ထိုအစား
အပြင်ဘက်မှာသာ ပတ်ကြည့်ခဲ့သည်။
ရှီလွေ့က
ပြောခဲ့သည်။ "တောတောင်နက်ထဲဝင်ရအောင်၊ အပြင်မှာ ပျော်ဖို့ မကောင်းဘူး။"
ယုန်တွေကို
နေ့တိုင်း သတ်နေစရာ မလိုပေ။
ရှီရုံက
သဘောတူခဲ့သည်။ "ဟုတ်တယ် လျို့လျို့ ငါတို့ကို တောတောင်နက်ထဲခေါ်သွားပေး၊ ငါတို့အစောင့်တွေ
ခေါ်လာတာမလို့ လုံခြုံပါတယ်။"
လျန်ယို့ရှောင်က ပြောခဲ့သည်။
"ကံကောင်းရင် ငါတို့ဂျင်ဆင်းနဲ့ လင်ဇီးတွေ တွေ့နိုင်တယ်တဲ့၊ ကံစမ်းကြည့်ရအောင်။"
ရှစ်ချင်းလျို့ကလည်း
တောတောင်နက်ကြီးကို စိတ်ဝင်စားနေသည်။ "ရတာပေါ့။"
ဖေးယွီကျယ်က
ဆွံ့အသွားခဲ့သည်။ ထင်တဲ့အတိုင်း ဒီလေးယောက်က အတူတူရှိနေရင် အငြိမ်မနေတော့ဘူး။
တစ်ခုခုဖြစ်သွားမှာစိုးတာကြောင့်
သူ့နောက်လိုက်ခဲ့ဖို့ လူအနည်းငယ် ခေါ်ခဲ့သည်။
တောတောင်နက်ထဲဝင်ပြီးနောက်
ရှစ်ချင်းလျို့က ဓားအသေးလေးကိုကိုင်ထားခဲ့သည်။
သူမက
သူမ လမ်းလျှောက်သည့် သစ်ပင်တိုင်းမှာ အမှတ်အသားပြုခဲ့သည်။
ရှီရုံက
မေးခဲ့သည်။ "ဘာလုပ်တာလဲ။"
ရှစ်ချင်းလျို့က
ပြန်ဖြေခဲ့သည်။ "တောတောင်နက်နဲ့ တောတွေထဲမှာဆိုရင် လမ်းပျောက်လွယ်တယ်၊ အမှတ်အသားလုပ်ထားတော့
အမှတ်အသားအတိုင်း လိုက်ပြီး လမ်းရှာလို့ ရတာပေါ့။"
ရှီရုံရဲ့
မျက်လုံးတွေက တောက်ပသွားခဲ့သည်။ သူမ တစ်ခုခုကို သင်ယူနိုင်ခဲ့သည်။ "လျို့လျို့က
သိပ်ဉာဏ်ကောင်းတာပဲ။"
ရှစ်ချင်းလျို့က
တခစ်ခစ်ရယ်ခဲ့သည်။ "ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။"
သူတို့က
တောနက်ကြီးထဲဝင်သွားခဲ့ကာ မည်သည့်သားရိုင်းကောင်နှင့်မှ မကြုံခဲ့ပေ။
ထိုအစား
တောရိုင်းပျားအုံကြီးကိုသာ တွေ့ခဲ့သည်။
ရှစ်ချင်းလျို့က
သူတို့တွေ ရင်ဖိုစိတ်လှုပ်ရှားစေဖို့အတွက် ပျားရည်တချို့ ယူခိုင်းခဲ့သည်။