အခန်း(၁၇၂)
- ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ သိတယ်
သေချာပေါက်ကို
ရှောင်ဟန်ကျန့်က သူ့ရဲ့ ပျော့ကွက်ကို ဖော်ပြခဲ့တာဖြစ်သည်။
မဟုတ်ပါက
ဖျားနာယောင်ဆောင်ဖို့ သူ့လို နတ်ဘုရားလို ဆေးဆရာက လွယ်ကူလိမ့်မည်။
သူက ရှစ်ချင်းလျို့ကို
ရင်ဘတ်နား ဆွဲဖက်ခဲ့သည်။ "မင်းကိုယ့်ကို ကူညီခဲ့တော့ ခေါင်းမမူးတော့ဘူး။"
ရှစ်ချင်းလျို့က
သူ့ကို အပြုံးဖြင့်ကြည့်ခဲ့သည်။ "ကျွန်မက ရှင့်အတွက် ဆေးထင်တယ်။"
ရှောင်ဟန်ကျန့်က
ပြောခဲ့သည်။ "မှန်တာပေါ့ဗျာ။"
ရှစ်ချင်းလျို့က
ပိုပိုချောလာသည့် သူမ ခင်ပွန်းကိုကြည့်ပြီး သူ့မေးစေ့ကို နမ်းခဲ့သည်။ "ဒါဆိုရင်တော့
ကျွန်မက ရှင့်အတွက် ဆေးရည်ချိုချိုလေးပဲ ဖြစ်ချင်တယ်။"
"အင်း
မင်းက ဆေးရည်ချိုချိုလေး။" ရှောင်ဟန်ကျန့်က ခေါင်းငုံ့ချကာ သူမ နဖူးကိုပွတ်ခဲ့သည်။
ရှစ်ချင်းလျို့က
လက်ဆန့်ပြီး ရှောင်ဟန်ကျန့်ရဲ့ခါးကို ဆိပ်ခဲ့သည်။ "မိန်းကလေး တစ်ယောက်နဲ့ မနာလိုဖြစ်နေတာပေါ့လေ၊
ရှင် တော်တော် တော်ပါလား။"
သူမ ခင်ပွန်းက
ဒရမ်မာကင်း ဖြစ်နေမည်ဟု မထင်မိခဲ့ပေ။
ရှောင်ဟန်ကျန့်က
သူမကို တင်းတင်းဖက်ပြီး အထက်စီးဆန်စွာ ပြောခဲ့သည်။ "မင်းက ကိုယ့်အပိုင်ပဲ။"
ရှစ်ချင်းလျို့ရဲ့ အပြုံးတွေက
ပိုနက်နဲသွားပြီး သူ့ကိုမှီတွယ်ခဲ့လေသည်။ "ဟုတ်တယ်၊ ကျွန်မ ရှင့်အပိုင်ပဲ။"
ဘုရားရေ
သူမ ခင်ပွန်းက အထက်စီးဆန်တဲ့ စီအီးအိုလို ပြောနေတာပဲ။ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။
သူမက
မော်ဒန်ခေတ်မှာ ဒီလိုကြုံတွေရဖို့ မမျှော်လင့်မိခဲ့ပေမယ့် ရှေးခေတ်မှာ လာတွေ့ကြုံခဲ့ရသည်။
သိပ်ကောင်းတာပဲ။
သူမက
သူမ ခင်ပွန်းကို အကူအညီတောင်းခဲ့သည်။ "အဖိုးကြီးရှောင် ရှီရုံရဲ့ ကမ်းလှမ်းချက်ကို
ဘယ်လိုထင်လဲ။
ရှောင်ဟန်ကျန့်က
စောနက အနည်းငယ် မနာလိုဖြစ်နေခဲ့သည်။
ထို့ကြောင့်
သူက ဒီကိစ္စကို စိတ်မဝင်စားသလို သူ့ဇနီးကို ရှီရုံဖြင့် အဆက်အသွယ်မပြုဖို့လည်း တားမည်မဟုတ်ပေ။
သူငယ်ချင်းက
သင့်လျော်သည့် သူငယ်ချင်း မဟုတ်သော်လည်း သူ့ဇနီးလေးက သူငယ်ချင်းရဖို့ မလွယ်ကူခဲ့ပေ။
"ရှီရုံနဲ့
ပူးပေါင်းလို့ရပါတယ်၊ သူ့မှာ အလွန်ကောင်းမွန်တဲ့မိသားစု နောက်ခံရှိပြီး သူက အောင်မြင်မှုရသွားပြီးတာနဲ့
သူများကို သစ္စာဖောက်မယ့်လူလည်း မဟုတ်ပါဘူး။"
သူက ခဏလောက်တွေးပြီး
ပြောခဲ့သည်။ "သူက စစ်တပ်ရန်ပုံငွေရဖို့အတွက် မင်းနဲ့အလုပ်အတူတူလုပ်တာ။"
ရှစ်ချင်းလျို့က
ကြက်သေသေသွားခဲ့သည်။ "စစ်တပ်ရန်ပုံငွေ။"
"သူက
အနာဂတ်မှာ အမျိုးသမီးစစ်တပ် သေချာပေါက် ထူထောင်လိမ့်မယ်။"
ရှောင်ဟန်ကျန့်က
ထပ်ပြောခဲ့သည်။ "သူ့မိဘတွေကိုသတ်ခဲ့တဲ့ မင်းသားက သေသွားပြီဆိုပေမယ့် သူ့တစ်မိသားစုလုံးကို
သတ်ဖြတ်ခဲ့တဲ့လူတွေက ကောလူမျိုးကလူတွေပဲ၊ အရင်တုန်းက အဲ့မင်းသားက
ကောလူမျိုးရဲ့ အာဏာကိုသုံးပြီး ထီးနန်းသိမ်းဖို့လုပ်ခဲ့ပေမယ့် ကျရှုံးခဲ့တယ်လေ၊ အဲ့မင်းသားနဲ့ လျှို့ဝှက်ပူးပေါင်းခဲ့တဲ့ ကောနိုင်ငံက မြို့စားမင်းက
အသက်ရှင်နေတုန်းပဲ၊ ဒါကြောင့် သူက ကောလူမျိုးတွေကို မုန်းတီးနေပြီး လက်စားချေချင်နေတာ။"
ဒီဇာတ်လမ်းမှာ
ဇာတ်လမ်းအကွေ့အကောက်တွေ သိပ်များနေမည်ဟု သူမ မထင်မိခဲ့ပေ။
ရှီရုံနေရာမှာ
သူမဆိုရင်လည်း သေချာပေါက် မိဘတွေအတွက် လက်စားချေပေးမှာဖြစ်သည်။
"ဒါဆို
ကျွန်မတို့ သူ့ကို ထောက်ပံ့ပေးရမှာပေါ့။"
သူမက
ပြုံးကာ ပြောခဲ့သည်။ "ရှီရုံက အထက်တန်းလွှာအမျိုးသမီး သာမက သူက အနာဂတ်မှာ သန်မာတဲ့အမျိုးသမီးပါ
ဖြစ်လာလိမ့်မယ်။"
"အင်း
မင်းသူနဲ့ပူးပေါင်းလိုက်တာ ကောင်းတယ်။" ရှောင်ဟန်ကျန့်က ရှီရုံအကြောင်း စိတ်မဝင်စားသော်လည်း
စစ်မြေပြင်မှာ သူမ ဦးဆောင်သည့် အမျိုးသမီးစစ်တပ်က သိပ်အင်အားကြီးကြောင်း ကြားဖူးခဲ့သည်။
ထိုအရာကိုတော့
အခိုင်အမာ ပြောနိုင်သည်။
ရှီရုံအကြောင်းပြောပြီးနောက်
ရှစ်ချင်းလျို့က ပြဿနာ တစ်ခုကို တွေးမိသွားခဲ့သည်။ "အဖိုးကြီးရှောင် ကျွန်မ ဒီနေ့
ပြောင်းခင်းသွားကြည်ခဲ့တာ ဆယ်ရက်အတွင်း ရင့်မှည့်လိမ့်မယ်၊ နတ်ဘုရားပေးတဲ့ အဲ့အစေ့တွေကို ဘယ်အချိန် ဆက်သမှာလဲ။"
သူမက
စိုက်ပျိုးမွေးမြူရေး သို့မဟုတ် စီးပွားရေးကို ပျော်ဖို့ကောင်းအောင် ကိုင်တွယ်ဖို့
ရှာဖွေစူးစမ်းတတ်သေးသည်။
သို့ပေမယ့်
ခုံရုံးနှင့် သက်ဆိုင်လာသည့် ကိစ္စဆိုရင်တော့ သူမ မတော်ပေ။
ရှောင်ဟန်ကျန့်က
သူအတိတ်ဘဝက သိခဲ့သည့် ကိစ္စတွေကို ပြန်တွေးခဲ့သည်။
သူက ရုတ်တရက်ကြီး
တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။
"မကြာသးခင်က
ကံကျွေးခံမြေက မင်းသားက ကိစ္စရပ်တွေ အများကြီးလုပ်ခဲ့တယ်၊ လက်ရှိဘုရင်က အာဏာသုံးပြီး
ထီးနန်းသိမ်းထားတာဖြစ်ပြီး ဒါက အစဥ်အလာကို ဆန့်ကျင်တာ ဖြစ်ကြောင်း နေရာအများအပြားမှာ
သတင်းတွေ ဖြန့်ချိခဲ့တယ်၊ သာမာန်ပြည်သူအများစုက လောင်စာမီးတောက်လောင်သွားပြီး ရုတ်ရုတ်သဲသဲတွေ
လုပ်နေကြတယ်၊ အခု ကိုယ်တို့မျိုးစေ့တွေပို့ပေးဖို့ အချိန်ကောင်းပဲ၊ ဘုရင်ကြီး ထွက်နေတဲ့သတင်းတွေကို
ဖြေရှင်းဖို့ ကိုယ်တို့ကူညီပေးလို့ရတယ်။"
ရှစ်ချင်းလျို့က
မေးခဲ့သည်။ "အထွက်နှုန်းများတဲ့ မျိုးစေ့တွေကို ကောင်းကင်ဘုံက
ဘုရင်ကြီးကို ချီးမြှင့်တဲ့တာဖြစ်ပြီး ဘုရင်ကြီးက ကောင်းကင်ဘုံကနေ ရွေးချယ်တင်မြှောက်ထားတယ်ဆိုပြီး
ပြောချင်တာလား။"
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "အဲ့လိုမျိုးပေါ့၊ ဘုန်းတော်ကြီးရဲ့
လက်ရေးကို အတုခိုးပြီး သူ့ဆန္ဒဖြစ်တဲ့ မျိုးစေ့တွေကို ဘယ်လိုဖြစ်စေချင်ကြောင်း ရေးထားတဲ့စာကို
ကိုယ်ရေးပေးနိုင်တယ်၊ ရည်ရွယ်ချက်ကတော့ လက်ရှိဘုရင်ကို ကောင်းကင်ဘုံက အသိအမှတ်ပြုထားတဲ့
ဘုရင်ဆိုတာ သိစေချင်တာ၊ ကောင်းကင်ဘုံက နတ်ဘုရားတွေက ဒီမျိုးစေ့တွေကို ချီးမြှင့်ခဲ့တယ်ဆိုမှတော့
တာ့လျန်ကလူတွေ ငတ်မွတ်ပြီး မသေနိုင်တော့ဘူး။"
တာ့ချန်မှာ
ဂျုံပြောင်းတွေက သာမာန် ကုန်စည်တွေဖြစ်လာရင်တောင် ငတ်မွတ်နေသူတွေကတော့ သေချာပေါက် ရှိနိုင်သေးသည်။
သူတို့က
အံ့ဖွယ်ဖြစ်ရပ်လို လုပ်ချင်ပါက အနည်းငယ် ဇာချဲ့ဖို့ လိုအပ်သည်။
သူက ဝမ်းနည်းစွာ
ပြောခဲ့သည်။ "အကယ်၍ ကိုယ် အခုမှ စာရေးရင် ခုံရုံးကလူတွေက စာကို ဘယ်ချိန်ကတည်းက
ရေးထားလဲဆိုတာကို ခြေရာခံနိုင်တယ်။"
ရှစ်ချင်းလျို့က
အဓိက အချက်ကို ဖမ်းဆုပ်မိခဲ့သည်။ "စာကို ရှေးဟောင်းစာဖြစ်အောင် လုပ်ရမှာလား။"
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ စာကို လွန်ခဲ့တဲ့နှစ်များစွာက ရေးထားသလို လုပ်ရင်ပိုကောင်းတယ်၊
ဒါက လက်ရှိဘုရင်ကို ကောင်းကင်ဘုံက အသိအမှတ်ပြုပြီးသားဆိုတဲ့ အဓိပ္ပာယ်ပဲလေ။"
ရှစ်ချင်းလျို့က
ပြုံးကာ ပြောခဲ့သည်။ "အဲ့လိုလုပ်နည်းကို ကျွန်မ သိတယ်။"
သူမ အဖိုးက
ရှေးကျသည့်ပစ္စည်းတွေ အထူးသဖြင့် ရှေးဟောင်းပန်းချီတွေ စုဆောင်းရတာ ကြိုက်နှစ်သက်သည်။
တစ်ခါတုန်းက
သူမက ပန်းချီအစစ်တစ်ချပ်ကို ဝယ်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူမ အဖိုးကို ပေးခဲ့သည်။
နောက်ဆုံးတော့
သူမ အဖိုးက အတုဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
အဲ့အချိန်တုန်းကတော့
သူမက ထိုသို့ မထင်မိခဲ့ပေ။
သူ့ပုံစံကိုကြည့်ရတာ
အလွန်အိုဟောင်းနေတာနှင့် တူနေသည်။
ထို့ကြောင့်
သူမအဖိုးက ပန်းချီတစ်ခုရေးဆွဲပြီး ရှေးဟောင်းခံစားချက်မျိုးရအောင် လုပ်ပြခဲ့သည်။
မသိသည့်လူဆိုပါက
ထိုပန်းချီက လွန်ခဲ့သည့် နှစ်ပေါင်း၁၀၀ ကျော်က ပစ္စည်းဟု ထင်နိုင်သည်။
ထိုပန်းချီက
ဖန်တီးထားတာဖြစ်ကြောင်း ဘယ်သူမှ မပြောနိုင်ပေ။
ထိုအချိန်တုန်းက
သူမက လုပ်ဆောင်မှုအဆင့်ဆင့်ကို မြင်ခဲ့တာကြောင့် သူမ လုပ်တတ်သည်။
ရှောင်ဟန်ကျန့်က
ကြက်သေ သေသွားခဲ့သည်။
သူ့ဇနီးလေးက
ထိုသို့လုပ်တတ်လိမ့်မည်ဟု ရှောင်ဟန်ကျန့် မထင်မိခဲ့ပေ။ "ကောင်းပြီ၊ ဒါဆို ကိုယ်
မသေမျိုးဘုန်းတော်ကြီးရဲ့ ဆန္ဒကို သွားရေးလိုက်တော့မယ်၊ နောက်ရက်အနည်းငယ်အတွင်း အဲ့တာကို ရှေးဟောင်းစာလိုမျိုးဖြစ်အောင် ပြောင်းထားပေး၊ ဒီလိုအထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေ ဆက်သတာက လက်ရှိဘုရင်ကြီးကို ပြဿနာ
ကူရှင်းပေးတာပဲ၊ လူထုတွေကြားမှာ ကြောက်ရွံ့မှုတွေ ဖြစ်စရာ မလိုတော့ဘူး။"
ရှစ်ချင်းလျို့က
ပြုံးကာ ပြောခဲ့သည်။ "ကျွန်မ နားလည်ပါတယ်၊ ဘယ်ဘုရင်မှ သူ့ထက် အဆင့်အတန်းမြင့်တာကို
မလိုချင်ဘူးလေ၊ ဒီအထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေ ချီးမြှင့်တာက
သူ တာ့လျန်ကို အုပ်ချုပ်တဲ့စနစ်ကို အသိအမှတ်ပြုတာပဲ၊ တာ့လျန်ကလူတွေက ဘုရင်ကြီးရဲ့ စည်းမျဥ်းတွေကို
ယုံကြည်လာလိမ့်မယ်၊ သူ့ဆီက ဂုဏ်ပြုမှတ်တမ်းပဲ ယူရအောင်၊ ဒါဆို လုံလောက်ပြီ။"
ရှောင်ဟန်ကျန့်
ပြုံးခဲ့သည်။ "ကိုယ့်မိန်းမက သိပ်ဉာဏ်ကောင်းတာပဲ။"
သူ့ဇနီးက
တော်ဝင်ခုံရုံးကို မသွားဖူးသော်လည်း သူက အခြေအနေတွေကို ကောင်းကောင်း သိမြင်နိုင်သည်။
ဆန့်ကျင်ဘက်အနေဖြင့်
သာမာန်ပြည်သူတွေကတော့ မမြင်နိုင်ပေ။
တခြားလူတွေက
ပြောင်းစေ့လို မျိုးစေ့တွေရခဲ့ပါက လူအများစုက လူတွေရဲ့ အာရုံစိုက်ခံရအောင် ကြွားဝါလှူဒါန်းမည်ဖြစ်သည်။
ဒါတွေကို
ရှာတွေ့ခဲ့သည့်လူက သူတို့ဖြစ်ကြောင်း လူတိုင်းကို သိစေချင်မည်ဖြစ်သည်။
အစပိုင်းတော့
ဘုရင်ကြီးက ပျော်ရွှင်လိမ့်မည်။
သို့ပေမယ့်
လူတွေက ထိုပြောင်းစေ့တွေက သူများနှင့်ဆိုင်တာဖြစ်ပြီး ဘုရင်ကြီးနှင့် မသက်ဆိုင်ကြောင်းပြောပါက
ဘုရင်ကြီး ပျော်ရွှင်နိုင်ပါဦးမည်လား။
အစပိုင်း
အဆင်ပြေခဲ့ရင်တော့ ထိုသို့ပြောကာ ရန်စလာသည့်အခါ သူပိုပြီး မသက်မသာဖြစ်လာလိမ့်မည်။
ဒါ့အပြင်
တာ့လျန်အစိုးရမှာ အတွင်းရေးပြဿနာ များစွာ ရှိသေးသည်။
အကယ်၍
သူတို့နာမည်ဖြင့် ပြောင်းစေ့တွေကို ကြေငြာခဲ့ပါက ထိုမင်းသားက သူတို့ကို လက်နက်အဖြစ်
အသုံးပြုကာ ဘုရင်ကြီးကို တိုက်ခိုက်နိုင်သည်။
ရှစ်ချင်းလျို့က
သိချင်စွာ မေးခဲ့သည်။ "အဲ့မင်းသားက ထီးနန်းသိမ်းချင်နေတာလား။"
မဟုတ်ပါက
ဘုရင်ကြီးက ထီးနန်းကို အဓမ္မသိမ်းထားကြောင်း သတင်းတွေလွှင့်မည် မဟုတ်ပေ။
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် သူက အရင်ဘုရင်ကြီးရဲ့ မျက်နှာသာအပေးခံရဆုံး ကိုယ်လုပ်တော်ရဲ့
သားလေ၊ သူ့မှာက အရည်အချင်း တချို့လည်း ရှိတယ်၊ အရင်ဘုရင် အသက်ရှိစဥ်က သူ့က သူ့အရည်အချင်းတွေ
အများကြီးထုတ်ပြခဲ့ပြီး မင်းသားများစွာရဲ့ ဖိနှိပ်ခြင်းခံခဲ့ရတယ်၊ ဒါ့အပြင် သူက နည်းနည်းခေါင်းမာပြီး
ဘဝင်လေဟပ်တယ်၊ သူက ဘုရင်ဖြစ်ဖို့ မသင့်လျော်ဘူး၊ ကိုယ်တို့ရဲ့ အရင်ဘုရင်က တာ့လျန်နိုင်ငံကို
သိမ်းပိုက်နိုင်ခဲ့တယ်၊ သူက တာ့လျန်နိုင်ငံကို မြန်မြန် မကျရှုံးစေချင်တာကြောင့် ထီးနန်းဆက်ခံသူကို
ပိုသင့်လျော်တဲ့လူကို ရွေးခဲ့တာ။"