အခန်း(၁၈၂)
- သူက တော်တော် ကိုင်တွယ်ရခက်တာပဲ
သို့သော်လည်း
မော့ချင်းလင်က ထိုသို့သော ထင်ပေါ်ကျော်ကြားခြင်းကို မကြိုက်ပေ။
နန်ရှီစီရင်စုမြို့ရဲ့
တရားသူကြီးမင်းအပြင် သူက မယ်တော်ကြီးရဲ့တူဖြစ်ကာ အိမ်ရှေ့စံမင်းသား၏
တစ်ဝမ်းကွဲ ညီအစ်ကိုဖြစ်သည်။
အိမ်ရှေ့စံမင်းသားက
သိုသိုသိပ်သိပ် နေရတာ ပိုကြိုက်သည်။
စည်းမဲ့ကမ်းမဲ့နေထိုင်မှုကို
ရပ်ပစ်လိုက်ကတည်းက သူလည်း သိုသိုသိပ်သိပ် နေရတာ ကြိုက်ခဲ့သည်။
အခု သူသာ
နန်းတော်ကိုသွားကာ ကောင်းကင်ဘုံက ချီးမြှင့်ခဲ့သည့် မျိုးစေ့တွေ ဆက်သပြီး နောက်ပိုင်းကျရင်
သံသတ္တုရိုင်းအကြောင်း ကြေငြာလိုက်ပါက အာရုံစူးစိုက်မှုကို ခံရနိုင်သည်။
ထင်ပေါ်ကျော်ကြားချင်သည့်
ဒီအထက်တန်းလွှာသခင်လေးတွေ ရှိပါက သူ့အတွက် အကာအကွယ်ရနိုင်သည်။
ထိုသို့တွေးပြီးနောက်
သူက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ အကြံကို သဘောတူခဲ့သည်။
ထိုမျိုးစေ့သာ
မြို့တော်ရောက်ပါက ထိုပစ္စည်းနှင့်အတူ ပါလာသည့်လူတွေပါ လူတွေရဲ့ အာရုံစိုက်တာ ခံရနိုင်သည်။
ရှောင်ဟန်ကျန့်က
အခြေခံစာသင်သားသာ ရှိသေးသည်။
ပြင်းထန်သည့်လေပြင်းက
တောအုပ်ထဲက အပင်ငယ်လေးတွေကို ပြိုကျသွားစေနိုင်သည်။
အကယ်၍
သူသာ ထင်ပေါ်ကျော်ကြားသွားရင် သူများတွေ သူ့ကို မုန်းနိုင်သည်။
မင်းစိုးရာဇာမိသားစုက
ဆင်းသက်လာသည့် သခင်လေးအများစုက ထင်ပေါ်ကျော်ကြားချင်က ဘုရင်ကြီးရှေ့မှာ အမြင်ကောင်းလိုချင်ကြသည်။
သူကဲ့သို့သော
အခြေခံစာသင်သားက ထိုသို့သော အခွင့်အရေးမျိုးကို သဘောကျမည်လား။
ထိုသို့သော
အတွေးမျိုးကို အပေါ်ယံတောင် ဖုံးကွယ်မထားပါက လူတွေက နောက်ကွယ်ကနေ ဘယ်လိုကြံစည်ကြမလဲဆိုတာ
မသိနိုင်ပေ။
သူတို့ကို
ကျားချောင်း ချောင်းနေသည့် စစ်သူကြီးရှောင်တို့ ဇနီးမောင်နှံကလည်း ရှိသေးသည်။
ထိုအရာက
ရှောင်ဟန်ကျန့်ရဲ့ အနာဂတ် တော်ဝင်စာမေးပွဲအတွက် မကောင်းနိုင်ပေ။
ထိုသို့တွေးလိုက်တော့
သတင်းသိုသိပ်လေလေ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ မြို့တော်သွားဖို့ ပိုအဆင်ပြေနိုင်သည်ဟု
တွေးလိုက်လေသည်။
အရင်က
သူက ဒီကိစ္စကို မတွေးမိခဲ့ပေ။
ထို့ကြောင့်ပဲ
သူက ရှောင်ဟန်ကျန့်ကို ပိုလေးစား အားကျသွားခဲ့သည်။
ထင်ပေါ်ကျော်ကြားနိုင်မည့်
အခွင့်အရေးကြီးကို လက်လွှတ်ဖို့ စဥ်းစားချင့်ချိန်တတ်သူက တော်တော်ရှားသွားပြီဖြစ်သည်။
ရှီလွေ့နှင့်
ရှီရုံက ရှစ်ချင်းလျို့နှင့် အတူတူမသွားရတာ တွေးလိုက်မိတော့ နှမြေတသ ဖြစ်သွားလေသည်။
သူမ မရှိပါက
ပျော်ဖို့ကောင်းမည် မဟုတ်ပေ။
လျန်ယို့ရှောင်နှင့်
ဖေးယွီကျယ်ကတော့ မော့ချင်းလင် တွေးမိတာကို တွေးလိုက်မိပြီး ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က
သာမာန်မဟုတ်တာကိုလည်း တွေးလိုက်မိလေသည်။
သူတို့သာ
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ဆိုပါက ထင်ပေါ်ကျော်ကြားမည့် အခွင့်အရေးကို လက်လွှတ်ခံမည်
မဟုတ်ပေ။
မော့ချင်းလင်ပ
ခဏလောက်တွေးပြီးနောက် ရှောင်ဟန်ကျန့်နှင့် ဖေးယွီကျယ်ကို ပြောခဲ့လေသည်။ "တာအိုဘုန်းကြီးကျောင်းနောက်က
ငရုတ်သီးတွေလည်း မြို့တော်ကို ယူလာခဲ့လေ။"
သူက သတိပေးခဲ့သည်။
"အဲ့အကြောင်း စာထဲမှာ မထည့်ရေးလိုက်ပေမယ့် ဘုရင်ကြီးကို
ပေးမြည်းလိုက်တော့ ပိုကောင်းတာပေါ့။"
သူက ဦးလေးဖြစ်သူ
ဘုရင်ကြီးအကြောင်း ကောင်းကောင်းသိသည်။
သူက တာ့လျန်တစ်နိုင်ငံလုံးအကြောင်း
သိသည်။
ရှစ်ချင်းလျို့က
ပစ္စည်းများစွာ ဖန်တီးခဲ့ပြီး သူမမှာ ဆန်းကြယ်သည့် မသေမျိုးဘုန်းတော်ကြီးလည်း ရှိနေသေးသည်။
မကြာသေးခင်က
ရှစ်ချင်းလျို့က ငရုတ်သီးတွေကို အခြောက်ခံထားကာ မြို့တော်ကို ယူသွားဖို့ ပြင်ခဲ့သည်။
သို့သော်
မော့ချင်းလင်က သူတို့ကို သတိပေးလာမှတော့ ဒါဟာ သူတို့ကို မိတ်ဆွေလို ဆက်ဆံတာ ဖြစ်သည်။
သူက ပြုံးကာ
ပြောခဲ့သည်။ "ကောင်းပြီ။"
ထို့ကြောင့်
နောက်တစ်နေ့ကျတော့ လျန်ယို့ရှောင်နှင့် တခြားလူတွေက မော့ချင်းလင်နှင့်အတူ
မြို့တော် အလျင်စလို ပြန်သွားခဲ့သည်။
သူတို့က
ပြောင်းဖူးခြောက်တွေသာမက ရှစ်ချင်းလျို့ ပေးသည့် မျက်နှာပေါင်းတင်ဆေးနှင့် ငရုတ်သီးစေ့တွေပါ
ယူပြန်သွားခဲ့သည်။
ဖေးစုန့်ကျွင်းက ကျန်းမာရေး
ပြန်ကောင်းလာပြီဖြစ်သော်လည်း ခရီးမြန်မြန် မသွားနိုင်သဖြင့် ရှောင်ဟန်ကျန့်တို့ဖြင့်သာ
လိုက်ခဲ့သည်။
ရှောင်ဟန်ကျန့်တို့ကလည်း
ခရီးကို နှောင့်နှေးမနေဘဲ မြင်းရထားလုံးဖြင့် ထိုနေ့မှာပဲထွက်ခဲ့သည်။
ရှောင်ဟန်ကျန့်က
သူတို့က ရေကြောင်းနှင့် မသွားဘဲ မြင်းရထားလုံးဖြင့်သာ သွားမည့် သတင်းကို သူ့လူတွေဖြင့်
တမင်ဖြန့်ချိခဲ့သည်။
ဆရာဟုန်က
မြို့တော်ကို တိတ်တဆိတ် လိုက်လိုတာကြောင့် သူက ဘယ်သူ့ကိုမှ မပြောခဲ့ပေ။
ရှောင်ယွမ်ရှစ်ရဲ့
လူတွေက လုပ်ကြံသတ်ဖြတ်သူတွေကို လာဘ်ထိုးခဲ့သည်။
သူတို့က
ရှီရုံ ပြန်သွားသည်နှင့် လှုပ်ရှားလို့ရပြီဖြစ်ကြောင်း အမိန့်ရခဲ့သည်။
ထိုအချိန်မှာပဲ
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က မြင်းရထားလုံးဖြင့် မြို့တော်ကို သွားမည့် သတင်း
ရခဲ့လေသည်။
ဒါက သူတို့ချက်ချင်း
လှုပ်ရှားဖို့အတွက် အခွင့်အရေး ဖြစ်သည်။
ဒါဟာ
ရှောင်ယွမ်ရှစ်က ကောင်းကင်ဘုံက ချီးမြှင့်သည့် မျိုးစေ့အကြောင်း မကြားလို့ဖြစ်သည်။
မဟုတ်ပါက လုပ်ကြံသတ်ဖြတ်ခိုင်းမည့် အစီအစဥ်ကို ချက်ချင်း ပယ်ဖျက်လိမ့်မည်ဖြစ်သည်။
ရလဒ်အနေဖြင့်
ရှောင်ဟန်ကျန့်တို့က ခရီးမှာ လုပ်ကြံသတ်ဖြတ်သူ ရှစ်ဦးဖြင့် ကြုံခဲ့လေသည်။
သူတို့က
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို အထင်သေးကာ ကတိုက်ကရိုက် ဝင်တိုက်ခဲ့သည်။
ဒီတာဝန်ကို
ထမ်းဆောင်ဖို့ အလွန် လွယ်ကူမည်ဟု သူတို့က တွေးခဲ့လေသည်။
သို့ပေမယ့်
သူတို့ပေါ်လာသည်နှင့် ချက်ချင်း အဖမ်းခံရလိမ့်မည်ဟု မထင်မိခဲ့ပေ။
ရှောင်ဟန်ကျန့်နှင့်
ရှစ်ချင်းလျို့ မတုံ့ပြန်ရသေးခင်မှာပဲ လုပ်ကြံသတ်ဖြတ်သူတွေက အဖွဲ့သုံးဖွဲ့ရဲ့ ဖမ်းချုပ်ခြင်းကို
ခံလိုက်ရလေသည်။
တချို့အစောင့်တပ်သားတွေက
ရှောင်ဟန်ကျန့်နှင့် တခြားလူတွေကို ကာကွယ်ဖို့ မောချင်းလင် လွှတ်ထားသည့် လျှို့ဝှက်အစောင့်တပ်သားတွေဖြစ်ကာ
တချို့က ဆရာဟုန်ကို ကာကွယ်ဖို့ လွှတ်ထားသူတွေဖြစ်ပြီး ကျန်လူတွေက ဖေးစုန့်ကျွင်းကို
ကာကွယ်ဖို့ ဖေးမိသားစုက လွှတ်ထားသူတွေ ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူတွေက
အဖမ်းခံလိုက်ရသည့်အချိန်မှာ လုံးဝ ဆွံ့အသွားခဲ့သည်။
ရှောင်ဟန်ကျန့်က
ရွာကမွေးတဲ့ စာသင်သားလေးဖြစ်ရဲ့နဲ့ ဘယ်လိုလုပ်ပြီး ဒီလောက် အကောင်ကြီးကြီးတွေက ဘယ်ကနေ
ပေါ်လာတာလဲ။
သူတို့ထဲမှာ
လုပ်ကြံသတ်ဖြတ်သူတွေကို ငှားခဲ့သူနှင့် လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင် ပါဝင်သည်။
သူတို့ရဲ့
ဂိုဏ်းစည်းမျဥ်းအရ အဖမ်းခံရပါက သွားကြားထဲမှာ ဝှက်ထားသည့် အဆိပ်ကို ဖောက်သောက်ရမည်ဖြစ်သည်။
တာဝန်ကျရှုံးပါက
ကိုယ့်ဘာသာကိုယ် သတ်သေရမည်ဖြစ်သည်။ ဒါမှ ငှားရမ်းသူကို ဖော်ထုတ်စရာမလိုမှာဖြစ်သည်။
သို့သော်လည်း
ရှောင်ဟန်ကျန့်က ထိုစည်းမျဥ်းတွေကို ကောင်းကောင်းသိသည်။
သူတို့ရှစ်ယောက်
ပေါ်လာကတည်းက ရှောင်ဟန်ကျန့်က ချက်ချင်း ခေါင်းဆောင်ကို ရှာနိုင်ခဲ့သည်။
ထို့ကြောင့်
သူ အဆိပ်မသောက်ခင်မှာ အချိန်မှီ တားနိုင်ခဲ့သည်။
ထို့နောက်
သူက မော့ချင်းလင်ရဲ့ တပ်သားခေါင်းဆောင်ကို ပြောလိုက်သည်။ "ကျွန်တော်တို့ မျိုးစေ့တွေ
ဆက်သမယ့်ကိစ္စကို သူတို့ဖျက်စီးချင်တာထင်တယ်၊ ကြည့်ရတာ သူတို့က ဆက်ဆံရေး မပြေလည်တဲ့
တခြားနိုင်ငံက သူလျှိုတွေထင်တယ်၊ သူတို့ကို မြို့တော်ကို ခေါ်သွားပြီး သေချာစစ်ဆေးရမယ်လို့
ထင်ပါတယ်။"
အကယ်၍
သူ့ရဲ့ ဆန်ကုန်မြေလေးအဖေက အန္တရာယ်ပြုတာဖြစ်ပါက သူ့ကို ပြန်တုံ့ပြန်ရမည်။
အရင်ဆုံး
ရန်သူဖြင့် ပူးပေါင်းသည့် သူလျှိုတွေဟု ပြောရမည်။
သူ့ဆန်ကုန်မြေလေးအဖေ
ဘယ်လိုပဲ မလုပ်ချင်ပါဦး ဒီကိစ္စကို ဖြေရှင်းဖို့ ရတနာမြေပုံ ထုတ်ပေးရလိမ့်မည်။
သူ့ဆန်ကုန်မြေလေးအဖေရဲ့
လက်ထဲမှာ ရတနာမြေပုံရှိနေသည့်အကြောင်းကို ဘုရင်ကြီး သိနေသည်ဟု ရှောင်ဟန်ကျန့် သံသယဝင်နေမိသည်။
ဘုရင်ကြီးက
အလွန်လုပ်နိုင်စွမ်းရှိသည်။
သူက ဆန်ကုန်မြေလေးအဖေကို
ကိုင်တွယ်ဖို့ အလွန်ကျွမ်းကျင်လိမ့်မည်။
သူ့ဆန်ကုန်မြေလေးအဖေ
သွေးအန်မည်ကို သူ အခိုင်အမာ ပြောနိုင်သည်။
တပ်သားခေါင်းဆောင်က
ထိုစကားကြားတော့ အလေးအနက်ထားကာ ပြောခဲ့သည်။ "ဟုတ်ကဲ့ ဒီလူတွေကို ကောင်းကောင်း
စောင့်ရှောက်ပြီး မြို့တော်ကို ခေါ်သွားပါ့မယ်။"
သူက မြို့တော်ကနေ
နန်ရှီစီရင်စုမြို့ကို မော့ချင်းလင်နောက်ကနေ လိုက်လာခဲ့သဖြင့် တချို့လှည့်ကွက်တွေကို
သူနားလည်သည်။
ဒီလူတွေက
ရုတ်တရက် ပြေးထွက်လာကာ သူ့ကို လုပ်ကြံတာဖြစ်သည်။
မျိုးစေ့ဆက်သမည့်လူကို
သတ်ချင်တာ ဘုရင်နှင့်ပြည်သူကြား သွေးကွဲစေမယ့် သပုပ်လေလွင့်သတင်းတွေလွှင့်တာ စသည်တို့ကို
လုပ်ဖို့ ထိုလူက ဘယ်ကနေ သတ္တိရနေလဲဆိုတာ သူ မသိပေ။
သာမာန်လူ
ရှောင်ယွမ်ရှစ်နှင့် ဒီလုပ်ကြံသတ်ဖြတ်သူက ပူးပေါင်းကြံစည်တာဖြစ်မည် မဟုတ်ပေ။
ကျားက
အန္တရာယ်များသော်လည်း သူ့ကလေးကိုတော့ ပြန်မစားပေ။
လမ်းတစ်လျှောက်မှာတော့
ရှစ်ချင်းလျို့က ဆရာဟုန်သောက်သည့်ထဲ နွေဦးစမ်းရည်ထည့်ခဲ့တာကြောင့် မြင်းရထားလုံးက
အမြန်သွားသော်လည်း ဆရာဟုန်က အခြေအနေကောင်းခဲ့သည်။
မော့ချင်းလင်နှင့်
တခြားလူတွေက မြို့တော်ကို လေးရက် စောစွာ အရင်ရောက်ခဲ့သည်။
မြို့တော်ဂိတ်မှာ
ရှီမိသားစုနှင့် လျန်မိသားစု အိမ်တော်က အစောင့်တွေ ရောက်နေကြသည်။
သူတို့စံအိမ်က
သခင်လေး ပြန်လာတာနှင့် ချက်ချင်း ဖမ်းဖို့ စံအိမ်နှစ်ခုက သခင်တွေက အမိန့်ပေးခဲ့သည်။
ဒီတစ်ခါတော့
ရှီရှင်းဟန်နှင့် လျန်မင်ချန်က ဒေါသထွက်နေကြောင်း သေချာသည်။
သူတို့တွေက
အိမ်ပြေးသွားခဲ့သည့် သူတို့သားကို သင်ခန်းစာ ပေးချင်နေကြသည်။
အထူးသဖြင့်
ရှီရှင်းဟန်ဖြစ်သည်။ ထိုကိစ္စကြောင့် လူတွေရှေ့မှာ သူ့အမေက တုတ်ကောက်ဖြင့် ရိုက်ခဲ့လေသည်။
မနာသော်လည်း
ရှက်ဖွယ်ကောင်းတာကြောင့် သူ့သားကို အပြစ်ပုံချခဲ့လေသည်။
ထို့ကြောင့်
ရှီလွေ့နှင့် လျန်ယို့ရှောင်ရဲ့ မြင်းရထားလုံး မြို့တော်ကိုရောက်သည်နှင့်
သူတို့ မိသားစု၏ အစေခံတွေရဲ့ ဝိုင်းတာကို ခံလိုက်ရလေသည်။
ထိုအစေခံတွေက
သတင်းစကားပါးလေသည်။ "သခင်လေး သခင်က မြို့တော်ကိုရောက်တာနဲ့ ချက်ချင်း အိမ်ပြန်လာခိုင်းနေပါတယ်။"
ရှီလွေ့က
သူ့လမ်းကိုပိတ်ထားသည့် အစေခံကို စိုက်ကြည့်ခဲ့သည်။ "ငါ့မှာ အရေးကြီးကိစ္စလုပ်စရာရှိတယ်၊
ငါ့ကိစ္စ နှောင့်နှေးသွားရင် ငါ့အဖေက မင်းကို ဆုံးမလိမ့်မယ်။"
သခင်က
သခင်လေးကို ဆုံးမချင်နေတာဟု အစေခံလေးက တွေးလိုက်လေသည်။
"သခင်လေး
သခင်က ချက်ချင်း အိမ်ပြန်လာဖို့ မှာလိုက်ပါတယ်၊ ကျွန်တော်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့။"
ရှီလွေ့က
သူ့ကိုစိုက်ကြည့်ခဲ့သည်။ "ငါ့ဘိုးဘေးတွေကို ဂုဏ်တက်စေမယ့်ကိစ္စ နန်းတော်မှာ သွားလုပ်မလို့၊
မင်းငါ့ကိုတားရဲရင် ငါ့အစီအစဥ်ကို နှောင့်နှေးအော င်လုပ်တာပဲ။"
အစေခံလေးက
သက်ပြင်းချလိုက်သည်။ သခင်လေး ပြဿနာ မရှာတာနဲ့တင် ကောင်းချီးမင်္ဂလာဖြစ်နေပါပြီ။
ဘိုးဘေးတွေကို
ဂုဏ်တက်အောင် လုပ်မယ်လို့ ပြောနေသေးတယ် ဘယ်သူက ယုံမှာလဲ။
သို့ပေမယ့်
သူတို့က အသံထွက်ကာ မပြောရဲပေ။
သူတို့က
ခါးသီးသည့် မျက်နှာကြီးဖြင့် ပြောခဲ့သည်။ "သခင်လေးမှ မပြန်ရင် ကျွန်တော်တို့ သခင့်ကို
ဘယ်လိုပြန်ဖြေရမှာလဲ။"
"ငါနန်းတော်ကို
အရေးကြီးကိစ္စလုပ်စရာရှိလို့သွားတယ်လို့ပြောလိုက်။"
သူက ရင်ကိုပင့်ကာ
ဂုဏ်ယူစွာ ပြောခဲ့သည်။ "မင်းတို့ပြန်ကြတော့ ကိစ္စတစ်ခုခုဖြစ်ရင် ငါတာဝန်ယူတယ်၊
မဟုတ်လို့ကတော့ ဒီအရေးကြီးတဲ့တာဝန်ကို နှောင့်နှေးအောင်လုပ်ရင် ငါ့အဖေနဲ့ အပြစ်ပေးခိုင်းမယ်။"
အစေခံတွေက
အသံတိတ်သွားခဲ့သည်။
ကြည့်ရတာ
သူတို့ရဲ့ သခင်လေးကို ပြန်ခေါ်သွားလို့ရမည့်ပုံ မပေါ်ပေ။
အဓိက
အကြောင်းအရင်းက သူတို့သခင်လေးက နန်းတော်ကိုသွားမည့်အကြောင်း ပြောနေခြင်းကြောင့် ဖြစ်သည်။
အကယ်၍
ဒါသာ အမှန်ဆိုရင် သူတို့ မတားရဲပေ။
သူတို့ရဲ့
သခင်ကို အမြန်ပြန်တင်ပြရမည်။
ထို့ကြောင့်
ရှီမိသားစုက အစေခံတွေက ပြန်သွားခဲ့သည်။
လျန်ယို့ရှောင်က မြင်းရထားလုံးထဲကထွက်ပြီး
ပြန်သွားသည့် ရှီမိသားစုက အစေခံတွေကို ညွှန်ပြကာ လျန်မိသားစုက အစေခံတွေကို ပြောခဲ့သည်။
"မြင်လား၊ မင်းတို့လည်း သူတို့လို ပြန်သင့်ပြီ၊ ငါ့ကို နန်းတော်ထဲ မသွားအောင်တားလို့ကတော့
သေအောင်ရိုက်တတ်ပစ်မယ်၊ ဒါက ကောင်းတဲ့ကိစ္စကြီးလုပ်ဖို့သွားတာကို အဖေသိသွားရင်လည်း
မင်းတို့ကို သေအောင်ရိုက်မှာပဲ။"
လျန်မိသားစုက
အစေခံတွေက ဆွံ့အသွားခဲ့သည်။ သူက တော်တော် ကိုင်တွယ်ရခက်တာပဲ။
သူတို့လည်း
ရွေးချယ်စရာ မရှိသဖြင့် နောက်ကြောင်းပြန်လှည့်ပြီး သူတို့သခင်ကို အမြန်သွားတင်ပြခဲ့လေသည်။