အခန်း(၁၉၃)
- သူတို့ဘာသာ ခန့်မှန်းမိခဲ့ခြင်း
ရှောင်မိသားစုဟောင်းရဲ့
သိမြင်နိုင်စွမ်းက တော်တော်လေးကို စိုးရိမ်ရသည့် အခြေအနေမှာ ရှိနေတာကြောင့် ရှစ်ချင်းလျို့က
လမ်းပြခဲ့ရသည်။
ကြင်နာတတ်လိုက်တဲ့
ငါလေး။
ရှောင်မိသားစုဟောင်းက
မေးခဲ့သည်။ "ရန်သူကို အသိပေးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။"
ရှစ်ချင်းလျို့က
ရှင်းပြခဲ့သည်။ "ရှင့်မြေးကို သူများတွေ အန္တရာယ်ပေးရအောင် ရှင့်မြေးက ဘာတွေကောင်းမွန်နေတာလဲ၊
အဲ့လိုရောဂါရှိတဲ့ မိန်းမက များသောအားဖြင့် ကြီးကြီးမားမားနေရာကနေ
လာတာမဟုတ်ဘူး၊ သူက ကျွန်မယောက်ျားကို ရှာခိုင်းခဲ့တယ်လေ၊ သူ့ကို တစ်ယောက်ယောက်ခိုင်းတာ
မဖြစ်နိုင်ဘူးလား။"
ရှောင်မိသားစုဟောင်းက
အကျိုးအကြောင်းသင့်ကြောင်း သိခဲ့သည်။
ရှစ်ချင်းလျို့က ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးကိုကြည့်ကာ မေးခဲ့သည်။ "ကျွန်မနဲ့ ကျွန်မ ယောက်ျား ဆုချီးမြှင့်ခံရတာကို
မြို့တော်က လူတော်တော်များများ သိပေမယ့် ရှင်တို့ မသိဘူး၊ ဒီကိုလာဖို့ အဲ့မိန်းမက လှုံ့ဆော်ပေးခဲ့တာလား၊ သူက ကျွန်မယောက်ျားကို အလွန်ချီးကျူးပြီး
ကျွန်မတို့က ရှောင်မိသားစုကို အရင်လာမလည်ဘဲ ဝတ္တရားပျက်ကွက်တယ်ဆိုပြီး အပြစ်ဖို့သေးတယ်မလား၊
ဒါမှမဟုတ် ကျွန်မတို့က အကြီးစားထောက်ပံ့မှုလုပ်ခဲ့လို့ ရှင်တို့မိသားစုလည်း အကျိုးအမြတ်ရယူသင့်ကြောင်း
ပြောခဲ့တာလား၊ ကျွန်မ ယောက်ျားမှာ တောက်ပတဲ့ အနာဂတ်ကြီးရှိနေတယ်လို့လည်း ပြောမယ်ထင်တယ်၊
ရှင်တို့က ဝမ်းကွဲညီအစ်ကိုတွေဆိုတော့ အချင်းချင်း ဖေးမရင် ရှင့်အနာဂတ်လည်း ကောင်းမွန်လိမ့်မယ်လို့
ပြောတယ်မလား။"
ရှောင်မိသားစုရဲ့အကြီးဆုံးမြေးက
မျက်လုံးပြူးသွားခဲ့သည်။ "ဘယ်လို သိတာလဲ။"
ဒီအမျိုးသမီးက
တကယ်ထူးဆန်းတာပဲ။
ဒါတွေအကုန်လုံးက
မနေ့ညက သူ့ကိုယ်လုပ်တော် သူ့ကို တီးတိုးပြောခဲ့သည့် စကားတွေ ဖြစ်သည်။
ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးရဲ့ အမူအရာကိုကြည့်ခြင်းအားဖြင့် ရှစ်ချင်းလျို့ပြောတာတွေက အမှန်ဖြစ်ကြောင်း
ရှောင်မိသားစုဟောင်းက သိသွားခဲ့သည်။
သူတို့အကုန်လုံးက
သူမကို ထိတ်လန့်စွာ ကြည့်ခဲ့သည်။
ရှစ်ချင်းလျို့က
သက်ပြင်းချခဲ့သည်။ ရှောင်မိသားစုဟောင်းက တကယ်ပဲသိမြင်တတ်တဲ့စွမ်းရည် မရှိတာပဲ။
ဉာဏ်ကောင်းသည့်လူတွေက
ဘယ်လို သွေးထိုးခံရလဲဆိုတာ လွယ်လွယ်လေး ခန့်မှန်းနိုင်သည်။
သို့ပေမယ့်
သူမက ထိုစကားကို ထုတ်မပြောခဲ့ပေ။
သူမက
ပဟေဠိဆန်စွာပြောခဲ့သည်။ "ရှင်တို့အကုန်လုံး အရေးကြီးတဲ့အချက်ကို မေ့နေတာလား။"
"ဘာလဲ။"
ရှောင်သခင်မကြီးက ရှုပ်ထွေးစွာ မေးခဲ့သည်။
ရှစ်ချင်းလျို့က
သူ့ကိုယ်သူ ညွှန်ပြကာ ပြောခဲ့သည်။ "ကျွန်မက မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်လေ။"
ထို့နောက်
သူမက ပြောခဲ့သည်။ "လက်ဖျောက်တစ်ချက်တီးရုံနဲ့ သူများတွေ ဘာတွေးနေလဲဆိုတာ သိတယ်။"
အဓိက
အချက်က ရှောင်မိသားစုဟောင်းက သူမကို တကယ်ယုံတာ ဖြစ်သည်။
ဟုတ်သား
သူက မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်ဆိုတာကို မေ့သွားတယ်။
မသေမျိုးဘုန်းတော်ကြီးပေးခဲ့သည့်
ကောင်းကင်ဘုံက ချီးမြှင့်သည့် ပြောင်းစေ့ကိုပင် ဘုရင်ကြီးက အသိအမှတ်ပြုခဲ့သည်။
ထိုဆိုလိုရင်းက
မသေမျိုးဘုန်းတော်ကြီးက အလွန်အစွမ်းရှိသည့် အဓိပ္ပာယ် ဖြစ်သည်။
မသေမျိုးဘုန်းတော်ကြီးရဲ့
တပည့်ဖြစ်သူ ရှစ်ချင်းလျို့က အရာအားလုံး သိနိုင်သည်။
ရှောင်သခင်မကြီးက
ခြယ်လှယ်ခံခဲ့ရပြီး သူမရဲ့အမူအရာက အကျည်းတန်သွားခဲ့သည်။ "မျိုးမစစ်မ ငါတို့ကိုအသုံးချပြီး
နင်တို့ကို ပြဿနာ ရှာခိုင်းရဲသေးတယ်၊ တော်တော် တရားလွန်တာပဲ၊ သူ့ကို ဘယ်သူညွှန်ကြားခဲ့တာလဲ။"
တကယ်တော့ သူမ ခန့်မှန်းမိပြီးသား ဖြစ်သည်။
ရှစ်ချင်းလျို့က
ပြုံးပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ခဲ့သည်။ "ကျွန်မကတော့ လက်လွတ်စပယ် ပြောပြမှာ
မဟုတ်ဘူး။"
သူမက
ဆက်ပြောခဲ့သည်။ "ရှင်တို့ကို ဘယ်သူတွေက သဘာမကျတာလဲ၊ ရှောင်မိသားစုရဲ့ အကြီးဆုံးမြေး
အောင်မြင်တာကို မလိုချင်တာ ဘယ်သူလဲ၊ ဒီလိုဖြစ်အောင် မြို့တော်မှာ ဘယ်သူလုပ်နိုင်လဲ၊
ရှင်တို့ဘာသာ ရှာဖွေလိုက်။"
ထိုအချိန်မှာပဲ
ထိုလူအုပ်ထဲက ဉာဏ်အနည်းဆုံး အမျိုးသမီးဝမ်က တုံ့ပြန်ခဲ့သည်။ "ဒါဆိုရင်တော့ ခွေးမ
ကောချွန်းရု လုပ်တာပဲဖြစ်မယ်၊ သူ့မောင် အနာဂတ် ပျက်စီးသွားပြီး ခြေထောက်ဖြတ်ခံရကတည်းက
ငါ့တို့သားကို အမြင်မကြည်တာ။"
အမျိုးသမီးဝူကပြောခဲ့သည်။
"သူသွားမယ့်လမ်းကိုသိပြီး သူ့အဖေကို မြှုပ်နှံပေးဖို့ ကူညီတဲ့လူကို သူ့ကိုယ်သူ
ရောင်းစားဖို့ လူငှားပြီး သရုပ်ပြခိုင်းတာနေမယ်၊ အဲ့လိုလုပ်ဖို့
သူ့အတွက် သိပ်လွယ်ကူလွန်းတယ်လေ။"
သူမက
ပိုစိတ်ညစ်ကာ ကြောက်သွားခဲ့သည်။
သူမရဲ့သားက
ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးနှင့် ထိုအမျိုးသမီးကို ပြိုင်လုရာမှာ ရှုံးခဲ့ပြီး
သူတို့တွေ မနီးစပ်ခဲ့တာ ကံကောင်းလို့ပေါ့။
သူမက
အကျည်းတန်သည့် အမူအရာဖြင့် ပြောခဲ့သည်။ "အဲ့မိန်းမက တော်တော်ရက်စက်တာပဲ၊
အရှက်မရှိတဲ့ ကိုယ်လုပ်တော်နဲ့ ရှောင်ဟန်ကျန့်နဲ့ အကြီးဆုံးမြေးကြား သွေးကွဲအောင် လှုံ့ဆော်ပေးပြီး
ငါတို့အိမ်ကြီး မအေးချမ်းအောင် လုပ်နေတာ။"
ရှောင်သခင်မကြီးက
အလွန်ဒေါသထွက်နေသည်။ "တော်တော်ကို ရက်စက်တဲ့ မိန်းမ။"
ဒီနေ့
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို ပြဿနာသွားရှာအောင် သူတို့ကို သွေးထိုးပေးခဲ့ရုံသာမက
ရှောင်ဟန်ကျန့်နှင့်ရှစ်ချင်းလျို့တို့ သူတို့ကို ရန်ငြိုးထားအောင်ပါ လုပ်ခဲ့တာ မဟုတ်လား။
ရှစ်ချင်းလျို့က
မသေမျိုးဘုန်းတော်ကြီး၏ တပည့် ဖြစ်သည်။
မသေမျိုးဘုန်းတော်ကြီးသာ မပျော်ရွှင်ပါက
သူတို့ ဘယ်လိုကြောင့် ကောင်းမွန်သည့် ဘဝကို ရရှိမည်နည်း။
ရှောင်မိသားစုဟောင်းက
မထိန်းချုပ်ထားတော့ဘဲ သူတို့ တတ်နိုင်သမျှ ဆဲနည်းတွေဖြင့် ကောချွန်းရုနှင့် ကောချွန်းရုရဲ့
မိဘတွေကို ဆဲဆိုခဲ့သည်။
ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးက ငိုတော့မတတ်ဖြစ်နေသည်။ "ဆဲမနေပါနဲ့တော့၊ အိမ်ပြန်ပြီးတော့ပဲ သွားဆဲလိုက်ပါတော့လား၊
အခု ကျွန်တော့်ကို ကယ်ပါဦး။"
ထိုစကားကြားတော့
ရှောင်မိသားစုဟောင်းက ဆဲနေတာတွေ ရပ်သွားခဲ့သည်။
သူတို့အကုန်လုံးက
တည်တည်ငြိမ်ငြိမ် ထိုင်နေသည့် ရှောင်ဟန်ကျန့်ကို ကြည့်လိုက်သည်။
"ကျန့်အာ
နင့်အစ်ကိုဝမ်းကွဲကို ကယ်ပါဦး။"
ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးက ငိုယိုကာ တောင်းပန်ခဲ့သည်။ "ဟန်ကျန့် ငါ့ကို ကယ်ပါဦးကွာ၊ အခုကစပြီး
ငါ့အသက်က မင်းအပိုင်ပါပဲ။"
ဆေးဆရာက
သူ့ရောဂါက ကုသလို့မရဘူးလို့ ပြောခဲ့ပေမယ့် သူ့ရဲ့ဝမ်းကွဲညီက ကုသနိုင်မည်ဟု သူထင်သည်။
ရှောင်ဟန်ကျန့်က
လက်ဖက်ရည်ခွက်ကိုကိုင်ကာ တစ်ငုံသောက်လိုက်သည်။
ထို့နောက်
သူက ပြောလိုက်သည်။ "ခင်ဗျားတို့က ကျုပ်ကို မယုံဘူး မဟုတ်လား။"
"အခု
ယုံပါပြီ။" ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ရှောင်ဟန်ကျန့်ကို စည်းရုံးနိုင်ဖို့
သူခိုင်းတာမှန်သမျှလုပ်ဖို့အထိ ပြင်ဆင်ထားသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။
ဒီရောဂါက
သတိထာဖို့လိုကြောင်း ရှောင်ဟန်ကျန့် ယုံကြည်သည်။ "ဒီရောဂါနဲ့ဆိုရင် ထူထူထောင်ထောင်ဖြစ်ဖို့
မလွယ်ဘူး။"
ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးက ပြောခဲ့သည်။ "မလွယ်တာ သိပေမယ့် ကုသလို့ ရရင်ပဲ ရပါပြီ။"
သူ တကယ်
မသေချင်သေးပေ။
သူ့ကို
နေ့တိုင်း အချစ်လေးလို့ခေါ်သည့် သူ့အချစ်ဆုံး ကိုယ်လုပ်တော်ကို အပိုင်းပိုင်းခုတ်ကာ
ခွေးစာကျွေးပစ်ချင်နေသည်။
ရှောင်ဟန်ကျန့်က
တွေးပြီးနောက် ပြောခဲ့သည်။ "ကိုယ့်ဘာသာကိုယ် ကောင်းကောင်း ဂရုစိုက်၊ အားပြည့်မယ့်အစာတွေ
စား၊ အမျိုးသမီးတွေနဲ့တော့ အချိန်တစ်ခုအထိ ထိတွေ့လို့ မရဘူး၊ ၃နှစ်လောက်ကြာရင်တော့
ကုသလို့ ရမယ်လို့ မျှော်လင့်လို့ ရတယ်။"
ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးက ပုပ်ပွနေပြီးသားဖြစ်ကာ မထူးဇာတ်ခင်းပြီး အပြစ်ကင်းသည့်
အမျိုးသမီးတွေကို ဒုက္ခပေးမှာစိုးလို့ ရှောင်ဟန်ကျန့်က ထိုစကား ပြောလိုက်တာ ဖြစ်သည်။
သူ့ဆန်ကုန်မြေလေးအဖေက
ဒီပြဿနာကောင်တွေကို မြောက်ပိုင်းနယ်စပ်ကို ပို့ဖို့လုပ်ခဲ့တာလည်း မကောင်းသည့် အကြံ
မဟုတ်ဘူးဟု သူ ခံစားမိသည်။
အရင်ဘဝက
ရန်ကြွေးကြောင့် သူတို့ကို ရှောင်ဟန်ကျန့် ခွင့်မလွှတ်နိုင်ပေ။
အကယ်၍
သူ့ဇနီးသာ မရှိခဲ့ပါက သူသတိလစ်နေစဥ်အတွင်း သူ့ညီမက ဆွဲခေါ်ခံသွားရကာ မြေမြှုပ်သင်္ဂြိုလ်ခံနေရလောက်ပြီဖြစ်သည်။
ဒါ့အပြင်
သူ့ဇနီးရဲ့ လှုံ့ဆော်မှုကြောင့်သာ မဟုတ်ရင် ဒီလူတွေက ကောချွန်းရုရဲ့ ကြိုးကိုင်ခြင်းခံရကာ
သူ့အတိတ်ဘဝကလို သူ့ကို ကြံစည်နေလောက်ပြီဖြစ်သည်။
ထို့ကြောင့်ပဲ
ထိုလူတွေရဲ့ အတိတ်က လုပ်ရပ်ကြောင့် သူတို့ကို မုန်းတီးသည်။
ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးကိုလည်း သူ မသနားပေ။
ဒီပြဿနာကောင်တွေ
မြောက်ပိုင်းနယ်စပ်မှာ သွားပြီး ဒုက္ခခံရတာ ပိုကောင်းသည်။
ဤနည်းဖြင့်
သူတို့က သူ့ရဲ့ဆန်ကုန်မြေလေးအဖေကို ပိုမုန်းလာမည်ဖြစ်သည်။
မီးစလေးကနေ
တောမီးလောင်သည်အထိ ဖြစ်နိုင်ကြောင်း သူ့ဇနီးက ပြောခဲ့သည်။
ရှောင်ယွမ်ရှစ်ကို
အမုန်းကြီး မုန်းတီးပြီးသွားသည့်အခါ ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့် သူတို့ကို
ပြန်ခေါ်ကာ ရှောင်ယွမ်ရှစ်နှင့်ပေးတွေ့သည့်အချိန်ကျရင် ပြဿနာ အကြီးကြီး ရှာနိုင်သည်။
ထို့ကြောင့်ပဲ
သူ ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးနှင့် ကျန်လူတွေကို မျှော်လင့်ချက်ပေးခဲ့တာဖြစ်သည်။
ရှောင်မိသားစုရဲ့
အကြီးဆုံးမြေးက တကယ် မသေနိုင်ပေ။
ထိုစကားကြားတော့
ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက စိတ်လှုပ်ရှားစွာ မေးခဲ့သည်။ "ငါ့မှာ မျှော်လင့်ချက်ရှိသေးတယ်ပေါ့။"
ရှစ်ချင်းလျို့က
ပြောခဲ့သည်။ "မသိသာဘူးလား၊ ကျွန်မ ယောက်ျားက အံ့ဖွယ်သမားတော်ရဲ့
တပည့်မလို့ သူက မျှော်လင့်ချက်ရှိတယ်ဆိုရင် ရှိလို့ပြောတာပေါ့၊ ဒါပေမဲ့ ကျွန်မ ယောက်ျားပြောတဲ့
အချက်တွေကိုတော့ ချိုးဖောက်လို့ မရဘူးနော်၊ မဟုတ်ရင်တော့ သေသွားရင် ရှင့်အမှားပဲ။"
ရှောင်မိသားစုဟောင်းရဲ့
အကြီးဆုံးမြေးက မြောက်ပိုင်းနယ်စပ်ကိုသွားပြီး တခြားသာမာန်ပြည်သူ အမျိုးသား၊ အမျိုးသမီးတွေကို
အနိုင်ကျင့်မှာစိုးမှာစိုးလို့ ထပ်သတိပေးခဲ့တာ ဖြစ်သည်။
ရှောင်မိသားစုရဲ့
အကြီးဆုံးမြေးက ငိုချမတတ် ဖြစ်နေသည်။
သူက သေခါနီးမလို့
ဒုစရိုက်မှုကို မကျူးလွန်ရဲပေ။
"ဟန်ကျန့်ရဲ့
စကားကို သေချာနားထောင်မှာပါ၊ သူပြောတာတွေကို မကျူးလွန်ပါဘူး။"
ရှောင်ဟန်ကျန့်က
သူ့ကို အေးတိအေးစက်ကြည့်လိုက်သည်။ "ဆေးအညွှန်း ရေးပေးလိုက်မယ်၊ ၉ရက်စာ ဝယ်ပြီး
သောက်လိုက်၊ ပြီးရင် ကျန်းမာရေး အခြေအနေကို မှတ်ထား၊ နောက်သုံးနှစ် သောက်ရမယ့် ဆေးတွေ
ထပ်ညွှန်းပေးမယ်။"
ဆေးတွေက
ရောဂါကို မကုသပေးနိုင်သော်လည်း ဖိနှိပ်ပေးထားနိုင်သည်။
ရှောင်မိသားစုရဲ့
အကြီးဆုံးမြေးက ပထမဆုံးအနေနှင့် သူ့ညီဝမ်ကွဲက လူကောင်းလေးဟု ခံစားလိုက်ရလေသည်။
"ကောင်းပြီ၊ ငါနားထောင်ပါ့မယ်။"
ရှောင်ဟန်ကျန့်က
ဆေးညွှန်းရေးပေးဖို့ စာဖတ်ခန်းထဲ ဝင်သွားခဲ့သည်။
ရှောင်မိသားစုရဲ့
အကြီးဆုံးမြေးက ကုသဖို့ မျှော်လင့်ချက်ရှိသေးကြောင်းကြားတော့ ရှောင်မိသားစုက စိတ်အေးစွာ
သက်ပြင်းချလိုက်သည်။
ထို့နောက်
သူတို့က ကိုယ်လုပ်တော်၊ ကောချွန်းရုနှင့် ရှောင်ယွမ်ရှစ်ကို ထပ်ဆဲဆိုခဲ့ကြသည်။
ရှစ်ချင်းလျို့က
ဆွံ့အသွားခဲ့သည်။ "သူတို့ကို ဒီမှာ ကျိန်ဆဲနေတော့ ဘာအသုံးဝင်မှာလဲ။"
ရှောင်သခင်မကြီးက
ပြောခဲ့သည်။ "ဒေါသအရင်ထုတ်နေတာ ပြန်ရောက်လို့ကတော့ အဲ့ဟာမကို
ဆွဲဖြဲပစ်မယ်။"
အမျိုးသမီးဝမ်နှင့်
အမျိုးသမီးဝူကလည်း ကောချွန်းရုကို ဆွဲဖြဲဖို့ အားအင်ပြည့်ဝေနေသည့်ပုံရလေသည်။