အပိုင်း (၁၀၀)
Viewers 31k

Part 100


ဝမ်လေးကလည်း ဒီနေ့သူမွေးနေ့မှန်းမသိဘူး။အဲတော့ကလေးဆီကနေသိတာလုံးဝမဖြစ်နိုင်ဘူး။


 သူမွေးနေ့ကိုသိတဲ့သူတွေကလဲအများကြီးမရှိဘူး။ ပြီးတော့ အဲဒီလူတွေကလည်း သူမိသားစုနဲ့အလုပ်တွေနဲ့အလုပ်ရှုပ်နေကြတာဆိုတော့ဒီနေ့သူမွေးနေ့မှန်းအမှတ်မရကြလောက်ဘူး။


ပြီးတော့သူတို့တွေက ယွမ်ရှနဲ့လည်း အဆက်သွယ်မရှိကြဘူးဆိုတော့ သူမဘယ်လိုလုပ်ပြီးသူမွေးနေ့မှန်းသိတာလဲ...


"ဒီနေ့ ကျွန်မ ပစ္စည်းတစ်ချို့ရှာရင်းနဲ့ ကျွန်မတို့ရဲ့ လက်ထပ်စာအုပ်ကိုသွားတွေ့မိတယ်လေ။ အဲဒီမှာရှင်ရဲ့မွေးနေ့ပါတယ်..."


ယွမ်ရှ ရှင်းပြလိုက်သည်။ 


"ကျွန်မထင်မိတာတော့ ရှင်ကမွေးနေ့ကို မလွဲချော်သင့်ဘူးလေ အဲတော့ကျွန်မလည်း လက်ဆောင်ဝယ်ဖို့အချိန်မရှိတော့ဘူးဆိုတော့ ရှင်တွက်ကိတ်မုန့်လေးဖုတ်ပေးလာတာ..

"


စုန့်ထင်းရှန်း ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်လည်တုန့်ပြန်လာသည်။


Iကျေးဇူးတင်ပါတယ်...ကိုယ် အများကြီးနှစ်သက်ပါတယ်..."


ဝမ်လေးကလည်း ကိတ်မုန့်စားရတော့မည်ဖြစ်သောကြောင့်ပျော်ရွှင်နေသည်။သူထိုင်ခုံပေါ်ထိုင်လိုက်ပြီးသည်နှင့် သူမိဘများကို ကိတ်မုန့်လှီးရန် တိုက်တွန်းလာလေသည်။


 ယွမ်ရှက ကလေးလေးကို မေးခွန်းထုတ်သလိုမျိုးဟန်ဆောင်ကြည့်ဖြင့်ကြည့်လိုက်သည်။ 


"ဒီနေ့က ပါးပါးမွေးနေ့ဆိုတာကို သားမကြားလိုက်ဘူးလား...သားသား ပါးပါးတွက် ဘာမွေးနေ့လက်ဆောင်ပါလဲ..."


" သားမှမသိတာ..."


 ကလေးလေးကငြိမ်သက်တိတ်ဆိတ်သွားလေသည်။


"အဲဒါ မားမားအပြစ်လည်းပါတယ်။မားမားသားကိုမပြောပြဘူးလေ.."


 ယွမ်ရှ ကလေးကိုပြုံး၍ကြည့်လိုက်သည်။


"ကောင်းပြီ...ဒါဆိုရင်အခုပါးပါးရဲ့ မွေးနေ့မှန်းသားသိပြီလေ သားဘာလုပ်မှာလဲပြော.."


ဝမ်လေးက ခဏမျှစဉ်းစားလိုက်ပြီးနောက်...

" သားပါးပါးတွက်သီချင်းဆိုပေးမယ်..."


ယွမ်ရှ ကိတ်မုန့်ပေါ်တွင် မီးထွန်းညှိလိုက်ပြီး အခန်းမီးကိုပိတ်လိုက်သည်။ သူမပြန်မထိုင်ခင်မှာပင် ဝမ်လေးက မွေးနေ့သီချင်းကိုကျယ်လောင်စွာဆိုလာသည်ကိုကြားလိုက်ရသည်။


သူသီဆိုနေသည်က သံစဉ်မကိုက်ဖြစ်နေသော်လည်း နူးညံ ချိုမြိန်သော ကလေးအသံလေးနှင့်ပေါင်းစပ်လိုက်သောအခာတွင်ချစ်ဖို့ကောင်းနေလေသည်။


ယွမ်ရှက လက်ခုပ်တစ်ဖြောက်ဖြောက်တီးပြီး ကလေးလေးကိုချီးကျးဂုဏ်ပြုပေးလိုက်သည်။


တစ်ခါတစ်ရံတွင် ကလေးများကိုချီးကျူးပြောဆိုပေးဖို့လိုအပ်ပေသည်။သူက အနာဂတ်တွင် အဆိုတော်တစ်ယောက် ဖြစ်လာမဖြစ်လာနိုင်ဘယ်သူကများ ပြောနိုင်လိမ့်မည်နည်း။


စုန့်ထင်းရှန်း ၏အကြည့်များကလည်း အလွန်နူးညံနေသည်။သူသီချင်းဆိုကောင်းသော သူ၏သားလေးကိုကြည့်နေရင်းမှ ယွမ်ရှဘက်သို့တစ်ချက်ကြည့်လိုက်သည်။


သူမက ခေါင်းအသာစောင်း ငဲ့၍သားငယ်လေးကိုချိုမြိန်စွာပြုံးပြနေလေသည်။


ထို့နောက်သူမတို့သုံးယောက်သားကိတ်မုန့်ကိုပျော်ရွှင်စွာပင် ဝေမျှစားလိုက်ကြသည်။


ယနေ့သည် စုန့်ထင်းရှန်း ၏မွေးနေ့ဖြစ်နေသောကြောင့်ယွမ်ရှတစ်ယောက် ညနေစာ လျော့စားခြင်းအစီစဉ်ကိုဖျက်လိုက်သည်။


 သူမ ဒီနေရာသို့ပြောင်းလဲရောက်ရှိလာပြီးထဲက ထမင်းခေါက်ဆွဲစသည်တို့ကိုအလွန်အကျွံမစားရဲခဲ့ပေ။


ကံကောင်းထောက်မစွာပင် သူမက ကိတ်မုန့်ကြီးကြီးမလုပ်မိခဲ့ပေ။သူမတို့ သုံးယောက်သား ကိတ်မုန့်တစ်ပိုင်းစီစားပြီးနောက် ကိတ်မုန့်အနည်းငယ်ပဲကျန်တော့သလိုတစ်ခြားအစားစာ စားရန်အတွက်အစာအိမ်လည်းလွတ်နေပေသည်။


စုန့်ထင်းရှန်း ကပုံမှန်အချိန်များတွင် သိပ်မသောက်တတ်သလို ယနေ့ကလေးပါရှိနေသောကြောင့် စားပွဲထိုးကို အချိုရည် ယူလာပေးရန်သာမှာလိုက်သည်။


"ဝမ်လေး သားခွက်မြှောက်လိုက် ပါးပါးအတွက်အတူတူဆုတောင်းပေးကြမယ်..."


ယွမ်ရှ သူမ၏ခွက်ကိုမြှောက်ရင်းပြောလိုက်သည်နှင့် ကလေးလေးကလည်းသူမကိုအတုခိုးကာ ချက်ချင်းလိုက်လုပ်လာလေသည်။


 စုန့်ထင်းရှန်းကလည်း သူ၏ခွက်ကိုမြှောက်လာခဲ့သည်။


ဖန်ခွက်သုံးခွက်ထိတိုက်လိုက်သည့်အသံက ကြည်လင်စွာထွက်ပေါ်လာလေသည်။


အသက်သုံးဆယ်ကျော်အမျိုးသားတစ်ယောက်တွက် မွေးနေ့ဆိုသည်က သိပ်အရေးမကြီးတော့ချေ။ ခွန်အားအပြည့်ဖြင့်တက်ကြွသောငယ်ရွယ်စဉ်အချိန်ကသူငယ်ချင်းများနှင့်အတူတူ အပြင်ထွက်စားသောက်ကြပြီး မွေးနေ့ပွဲများကိုကျင်းပခဲ့ဖူးလေပြီ။


လွန်ခဲ့သည့် နှစ်အနည်အတွင်းလူတိုင်းကသူတို့၏ ကိုယ်ပိုင်ကိစ္စများအလုပ်များနှင့်အလုပ်ရှုပ်နေကြလေရာ လူတိုင်းအားသည့်အချိန်ကိုညှိနှိင်းရန်မဖြစ်နိုင်တော့ချေ။


လွန့်ခဲ့သည့်သုံးနှစ်တာ ကာလအတွင်းတွင်လည်းဝမ်လေးက အလွန်ငယ်ရွယ်သေးသောကြောင့်သူကို အပြင်ခေါ်ထုတ်စားသောက်ရန်ကလည်းမဖြစ်နိုင်ခဲ့ပေ။ 


ထို့ကြောင့်သူ၏မွေးနေ့များက တစ်ခြားသာမန်နေ့များလိုပင် မသိလိုက်မသိဘာသာကုန်ဆုံးဖြတ်ကျော်သွားခဲ့လေသည်။


သို့သော်လည်း ဒီနှစ်၌မှုသူစိတ်က မည့်သို့ဖြစ်သွားသည်မသိပဲ မိသားစုအတူတူထွက်စားချင်ခဲ့သည်။ သို့သော်လည်း သူက ဒီနေ့သည် သူ၏မွေးနေဖြစ်ကြောင်း ယွမ်ရှကိုပြောရန်အစီစဉ်မရှိပဲ သာမန်မိသားစုညစာ စားပွဲအဖြစ်သာစီစဉ်ထားခြင်းဖြစ်သည်။၄င်းက သူတို့ပီဇာဆိုင်မှာသွားစားသကဲ့သို့သာ သူတွေးထင်ထားခြင်းဖြစ်သည်။ 


သို့သော် သူမက သူမွေးနေ့ကိုသိရှိသွားသည့်အပြင် သူအတွက် မွေးနေ့ကိတ်တစ်လုံးပါဖုတ်ပေးလာလိုက်မည်ဟုလုံးဝလုံးဝမမျှော်လင့်ထားခဲ့ပေ။


ယခုလက်ရှိအချိန်၌ စုန့်ထင်းရှန်း ၏ခေါင်းထဲတွင်အတွေးနှစ်ခုသာရှိနေတော့သည်။


ပထမတစ်ခုက တစ်စုံတစ်ယောက်ကသူမွေးနေ့ကိုအမှတ်ရပြီးအတူကျင်းပပေးသည်က အလွန်ပင်ကောင်းလှသည်ဟူသောခံစားချက်နှင့်နောက်တစိခုက ယခုစားရသည့် မွေးနေ့ကိတ်သည် အရင်အရင်ကစားခဲ့ဖူးသောကိတ်မုန့်များထက် ပို၍အရသာရှိသည်ဟူသောအချက်ပင်။


စုန့်ထင်းရှန်း တစ်ယောက် ယွမ်ရှကိုကြည့်လိုက်ပြီးလေးလေးနက်နက်ဖြင့်ထပ်ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."