အပိုင်း ၁၃၁
Viewers 24k

Chapter 131

ခွန်အားအပြည့် သင်ကြား​ပေးခြင်း


တစ်​ယောက်ချင်းစီက ​ကြောင်နှင့်​​တွေ့​နေရသည့် ကြွက်တစ်​ကောင်ကဲ့သို့ ပြုမူ​နေကြသည်။ သူမက ​အဲ့​လောက် ကြောက်ဖို့ ​ကောင်း​နေတာလား... သူမ က မှတ်ချက်​ပေးသည့်အချိန်တိုင်း အလွန် တဲ့တိုး​ပြောတတ်သည်။ အလို​လေး... ဒီလူငယ်​လေး​တွေက အခုထိ လုံလုံ​လောက်​လောက် စိတ်အဆင်သင့် မဖြစ်ကြ​သေးဘူးပဲ... အင်တာနက်​ပေါ်က လူ​တွေရဲ့ စကားလုံး​တွေထဲက လူထုရဲ့ ရိုက်နှက်ချက်​တွေ မကြုံ​ရ​သေးဘူး...


"​​အေး​အေး​ဆေး​ဆေး​ နေကြပါ... မင်းတို့ လုပ်လက်စကို လုပ်ကြ" ထန်​ချောင်း​ချောင်း ​ပြောလိုက်၏။


သင်တန်းသားများထဲမှ တစ်​ယောက်က မှုန်မှိုင်းစွာ ​ပြောလိုက်သည်။ "မလုပ်ရဲပါဘူး"


[ရယ်ရလိုက်တာ.... ထန်​ချောင်း​ချောင်းက စကားတစ်ခွန်းမှ မ​ပြောရ​သေးဘဲနဲ့ သူတို့ကို ​ခြောက်လှန့်နိုင်တာပဲ]


[ထန်​ချောင်း​ချောင်းက အမြဲပြုံး​နေတယ်လို့ ထင်ရ​ပေမယ့် သူမရဲ့ အရှိန်အဝါ​တွေကို မဖုံးကွယ်နိုင်ဘူး​နော်... အဲ့ဒီ အားနည်းတဲ့ ကြက်​ပေါက်​လေး​တွေ​တော့ ​သေချာ​ပေါက် လန့်​နေကြမှာ]


[​​အသုံးမကျတဲ့လူကို ​ကြောက်​နေရမှာလား...အဲ့ဒီ အနံ့ဆိုး​ခြေ​ထောက်မက ​နောက်ခံ​ကြောင့်နဲ့ လွှမ်းမိုး​နေတာ... ​နောက်ခံသာ မရှိရင် ဘယ်သူက သူ့ကို ဂရုစိုက်​နေမှာလဲ]


[အ​ပေါ်ထပ်​ရေ... မင်းက ​တော်​တော်​လေး ချဥ်​နေတာပဲ​နော်... မင်းရဲ့ ​ကော​ကော​လေးက ​ချောင်း​ပေါင်ကို ​ဆရာမဆိုပြီး ​လေး​လေးစားစား ​ခေါ်​နေရတာ မ​တွေ့ဘူးလား ဟမ့်]


အမျိုးသားနည်းပြက ပြုံးကာ စကား​ပြောလိုက်ပြီး ဖျန်​ဖြေလိုက်သည်။ 


"မင်းတို့အခု​လေးတင် ​လေ့ကျင့်​နေကြတာပဲ... အ​ခြေအ​နေ ဘယ်လိုလဲ... ​ဖျော်​ဖြေမှုက နှစ်ရက်အတွင်း လာ​တော့မှာ​​နော်"


"အခုထိ ​လေ့ကျင့်​နေရတုန်းပဲ"


"တစ်ချို့ လှုပ်ရှားမှု​လေး​တွေ နည်းနည်းဆိုး​နေ​သေးလို့" သင်တန်းသားများက တစ်​ယောက်တစ်​ပေါက် ​ဖြေလာကြသည်။


ထိုအချိန်တွင် ပိန်ပါးပြီး အရပ်ရှည်​သော ​ကောင်​လေးတစ်​ယောက်က ရုတ်တရက် ထန်​ချောင်း​ချောင်းကို ​ပြောလာသည်။ "ဆရာမထန်... ကျွန်​တော်တို့ရဲ့အပိုင်းမှာ​​လေ တချို့ကကွက်​တွေက နည်းနည်း မိန်းက​လေးဆန်​နေလို့... ကျွန်​တော်တို့ ဘယ်လို လုပ်ရမလဲဆို​တာ မ​သေချာဘူး ဖြစ်​နေတယ်... ကျွန်​တော်တို့ကို သင်​ပေးနိုင်မလား"


သူစကား​ပြော​နေချိန်တွင် အထင်အမြင်​သေးခြင်းအချို့က မျက်နှာ​ပေါ်တွင် ​ပေါ်​နေသည်။ ထန်​ချောင်း​ချောင်းက သရုပ်​ဆောင်တစ်​ယောက်သာ ဖြစ်သည်။ သူမက ဒိုင်လူကြီး​နေရာတွင် ထိုင်ကာ သူတို့ကို လက်ညှိုးထိုးရဲ​သေးသည်။ ဒီ​နေ့တော့ သူက သူမ၏ ကိုယ်ပိုင် အဆင့်ကို ပြ​ပေးရမည်။ ယခုမှစ၍ သူမက ဒိုင်လူကြီးခုံတွင်သာ တိတ်တိတ်​လေး ထိုင်​ရပြီး အလှပန်းအိုးတစ်လုံးသာ ဖြစ်​နေရမည်။ 


ထန်​ချောင်း​ချောင်းက ထိုသူ့ကို စိုက်ကြည့်လိုက်ပြီး သူ့အ​တွေးများကို ခန့်မှန်းလိုက်ကာ ပြုံးမိသွား​တော့သည်။


"မင်း ခဏ​လောက် ကပြ​လေ... ကြည့်ရ​အောင်" ထို ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်​ကောင်​လေးက ​ရှေ့ကို ​လျှောက်လာပြီး လူတိုင်း၏ ​ရှေ့တွင် ကပြလိုက်သည်။


အမှန်တကယ်တွင် သူက ထိုအကကို ​ကောင်း​ကောင်းမွန်မွန် ကတတ်ပြီး ဖြစ်​ကြောင်း ​တွေးထားခဲ့သည်။ သူက ထန်​ချောင်း​ချောင်း ပုံဆိုးပန်းဆိုး ဖြစ်သွားမည်ကိုသာ ရည်ရွယ်ထားခဲ့သည်။


သူ့အကကို ဂရုတစိုက် ကြည့်ပြီး​နောက် ထန်​ချောင်း​ချောင်းက စကားတစ်ခွန်းတည်းသာ ​ပြောလိုက်သည်။ "ချွဲပျစ်​နေတာပဲ"


သူ့အကက အမှန်တကယ်ပင် အကသမားတစ်​ယောက်၏ ​ပျော့​​​ပျောင်းမှုကို စမ်းသပ်သည့် မိန်းက​လေး ဆန်သည့်အကွက်များပါ​ပေသည်။ သို့​သော်လည်း ခါးကို လှုပ်ကာ လက်နှစ်ဖက်က တင်ပါး​ရိုး ဘေးဘက်ကို ရိုက်ပြရုံသာ။ သူ ခုန်လိုက်သည့် အချိန်တွင် လှုပ်ရှားပုံက ​ပျော့လွန်းပြီး သူ့အမူအယာက ​​ဖော်ပြရန်ပင် ခက်ခဲသည်။ သူက နှုတ်ခမ်းကို ခပ်ဟဟဖွင့်ကာ မိန်းမ​​ကောင်း​လေးတစ်​ယောက်ကို ဆွဲ​ဆောင်​နေသကဲ့သို့ နှုတ်ခမ်းသားကို ကိုက်ပြ​နေပြီး သူက သူ့ကိုယ်သူ အ​တော်​​လေး ​ကောင်း​နေပြီဟု ထင်​​နေပေသည်။


[အကဲဖြတ်ချက်က​တော့ အတိအကျပဲ​ဟေ့... ဒီလိုCGမျက်နှာကြီးနဲ့ ကြက်သီး​တွေပါ ထတယ်]


[​နောက်ထပ် "ကမ္ဘာ​ပေါ်က လူသားဆီ" ပုံစံမျိုး​ပေါ့]


ထန်​ချောင်း​ချောင်း၏ အကဲဖြတ်မှုက ထို​ပိန်ပိန်ပါးပါး​ကောင်​လေးကို အလွန် လက်မခံနိုင်ဖွယ်ရာ ဖြစ်သွားရသည်။ သူက ထိုလူစုထဲတွင် အ​ကောင်းဆုံးဖြစ်​နေပြီဟု ခံစား​နေရ​သော်လည်း သူမက သူ့အကကို ချွဲကျိ​နေသည်ဟု ​ပြောရဲ​သေးသည်လား...


သူက ​လှောင်ရယ်လိုက်​လေသည်။ "ဆရာမထန် ကျွန်​တော့်အကကို ချွဲကျိ​​နေတယ်လို့ ထင်ရင် ဘယ်လိုမျိုး ချွဲကျိ​နေလို့လဲ... အကြံ​လေး​ပေးပါအုံး"


ထန်​ချောင်း​ချောင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်​လေသည်။ "အကက အခြားသူ​တွေ မင်းကို ဆွဲ​ဆောင်မှု ရှိတယ်လို့ ထင်​အောင် လုပ်ဖို့ပဲ... ဆွဲ​ဆောင်မှု ရှိချင်​ယောင်​ဆောင်ဖို့ မျက်ခုံး​တွေ ပင့်ပြ​နေစရာ မလိုဘူး"


ထို​ကောင်​လေးက သူ့လက်များကို ရင်ဘတ်​ပေါ်တင်ကာ ​ပြောလိုက်သည်။ " ဆရာမထန် သရုပ်ပြ​​ပေးရင် ပို​ကောင်းမှာပဲ"


"အိုး... ကျွန်​တော်လည်း ကြည့်ချင်တယ်... ဆရာမထန် နည်းနည်း​လောက် ပြ​ပေးပါ" အခြား သင်တန်းသားများကလည်း အတူတကွ တွန်းပို့လာကြသည်။


"အို​ကေ​လေ... ငါ့ရဲ့ အရုပ်ဆိုးတဲ့ အကကို ပြ​ပေးရအုံးမှာ​ပေါ့" ထန်​ချောင်း​ချောင်းက သူမ၏ ​လေကာအင်္ကျီကို ချွတ်ကာ အထဲမှ အနက်​​ရောင် သိုး​မွှေးဆွယ်တာနှင့် ဂျင်းခပ်ကျပ်ကျပ်ကို ​ဖော်ပြလာသည်။


အခြားသူများက နောက်ကို ဆုတ်ကာ သူမအတွက် အခန်းကို ချန်​ပေးလာကြသည်။


ထန်​ချောင်း​ချောင်းက ရပ်​နေဆဲဖြစ်ကာ စက္ကန့်အနည်းငယ်မျှ ​တွေး​တော၍ ကလိုက်သည်။


လူတိုင်းက ထန်​ချောင်း​ချောင်းက ​တစ်ခါ​လေးမျှသာ ကြည့်လိုက်​သော်လည်း ကောင်​လေးနှင့် တစ်ထပ်တည်းကျလုနီးပါး ကသွားသည့်အချိန်တွင် အံ့သြမှင်တက်သွားရ​​လေသည်။ 


ထို့အပြင် သူမ၏ ကဟန်ကလည်း ထို​ကောင်​လေးထက် ပို​ကောင်း​သေးသည်။ ကကွက်တိုင်းက သက်လုံအပြည့် ဖြစ်​နေပြီး အထူးသဖြင့် ခါးကို လှုပ်ကာ တင်ပါး​ဘေးနှစ်ဖက်ကို ထိလိုက်သည့် အချိန်တွင် ဖြစ်သည်။ သူမ၏ နှစ်လိုဖွယ်​ကောင်းပြီး သူရဲ​ကောင်းဆန်​​သော စိတ်ဝိဥာဏ်က အတူတကွ တွဲဖက်​နေကြသည်။ သူမမျက်နှာ​ပေါ်တွင် အခြားအမူအယာများ ရှိမ​နေ​ပေ။ သူမက မျက်လုံးတစ်ဖက်ကိုသာ ခပ်ယဲ့ယဲ့ ပင့်လိုက်ပြီး သူမမျက်လုံးများမှ လှိုင်းလုံး​လေးများက လူတိုင်းကို သူမက အလွန်အမင်း ဆွဲ​ဆောင်မှု ရှိသည်ဟု ​တွေးမိသွား​စေသည်။


[အား.... ငါ့​သွေးကန်ကြီး ခမ်းသွားပြီ​ဟေ့]


[ဘယ်မှာလဲ... ငါ့ရဲ့ အသက်ကယ်​ နှလုံးဆေး... ထန်​ချောင်း​ချောင်း​ရေ မင်းယမ်းလိုက်တာ​လေးက ငါ့နှလုံးသား​လေးကိုပါ လှုပ်ယမ်းလိုက်တာလားကွာ... ငါ​တော့ တုန်လှုပ်​နေပြီ... ​​ချောင်း​ပေါင်​ရေ... ငါ့ကို လက်ထပ်ပါ]


[ယှဥ်ကြည့်ရင်​တော့ ဝမ်းနည်းစရာပဲ​နော်... ဒါ​ပေမယ့် အဲ့တာကို ကြည့်ရတာ စိတ် သက်​တောင့်သက်သာ ဖြစ်သွားတယ် ဟား ဟား ဟား ​ယောကျ်ားတစ်​ယောက်က ခွန်အားနဲ့ သင်​ပေး​နေတယ်]


ထန်​ချောင်း​ချောင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ကံ​ကောင်းစွာဖြင့် သူမအရင်တစ်​​ခေါက် နှစ်သက်ကူးအကြို ​​ဖျော်​ဖြေပွဲတွင် မိန်းက​လေးအဖွဲ့နှင့် ကရန် သင်ယူခဲ့ရပြီး ၎င်းက သူမ၏ အက​လေ့လာခြင်း ဝါသနာကို နှိုး​ဆော်​ပေးခဲ့သည်။ သူမက ​ရှောင်း​ဝေ့နှင့် အခြားသူများထံမှလည်း သင်ယူခဲ့ပြီး ယခုတွင်မူ ကျွမ်းကျင်မှုကို ချပြရန် အချိန်​ရောက်လာ​ပေပြီ။


အကကို အဆုံးသတ်ပြီးသွား​သောအခါ အမျိုးသားနည်းပြက လက်ဦးမှုယူကာ လက်ခုပ်တီးလာခဲ့သည်။ အခြား​သော ​​ယောကျ်ား​လေးများသည်ပင် သူမကို အား​ပေးကာ ​အော်ဟစ်လာကြသည်။


ထန်​ချောင်း​ချောင်းက လှပပြီး ပုံပန်းသွင်ပြင် ​​ကောင်းကောင်း​လေးလည်း ရှိ​ပေသည်။ သူမက သာမန် အဝတ်အစားများဖြင့် က​နေလျှင်​တောင် ထို​ကောင်​လေးများ၏ နှလုံးသားကို ဖမ်းစားနိုင်မည့် တက်ကြွပြီး လှပ​သော ပုံစံ​လေး ရှိ​နေဆဲပင်။


ထိုပိနိပိန်ပါးပါး အရပ်ရှည်ရှည်​ ကောင်​လေးက အရုပ်ဆိုး​သော အမူအယာ ရှိ​နေ​သော်လည်း အ​ခြေအ​နေများကို လက်သင့်ခံ​ရ​ပေမည်။ ထန်​ချောင်း​ချောင်းက မထင်မှတ်ထားစွာဖြင့် ​ကောင်းမွန်စွာ ကပြနိုင်ခဲ့သည်။ သူ့​အနေဖြင့် သူ​​​ထောက်ပြချင်ခဲ့​သော အမှားများ အနည်းငယ်မျှပင် ရှာမ​တွေ့ခဲ့ရ။ 


​နောက်ထပ် သတ္တိရှိ​သော ကောင်​လေး အနည်းငယ်က ထန်​ချောင်း​ချောင်းကို နည်းလမ်းအချို့ လမ်းညွှန်ရန် ​​တောင်းဆိုလာကြသဖြင့် အကြံ​ပြုချက်သေး​သေး​လေးများ ​ပေးရင်း သူတို့ကို ကြည့်​ပေး​လိုက်သည်။ ထန်​ချောင်း​ချောင်းက ကိုယ့်အ​ခြေအ​နေကို သိ​ပေသည်။ အဆုံးတွင် သူမက အချိန်ပြည့် အလုပ်လုပ်​နေ​သော အိုင်​ဒေါလ်တစ်​ယောက် မဟုတ်​ပေ။ သူမ၏ ကိုယ်ပိုင်အမြင်အ​ကြောင်းကိုသာ ​ပြောပြခဲ့သည်။ မည်သို့ပင် ဆို​စေကာမူ သူတို့တွင် ပ​ရော်ဖက်ရှင်နယ် ဆရာတစ်​ယောက် ရှိထားပြီးသား ဖြစ်သည်။


ထို့​နောက် ထန်​ချောင်း​ချောင်းနှင့် အမျိုးသားနည်းပြတို့က သင်တန်သားများ အဆိုလေ့ကျင့်​နေသည့် အခြားအခန်းဘက်ကို ကူးခဲ့ကြသည်။ သူမ ဝင်သွား​သောအခါ သူတို့က "အာ အာ အာ" ဟူ​သော အသံများဖြင့် လည်​ချောင်းကို ​လေ့ကျင့်​နေကြသည်။ ဆရာများ ဝင်လာသည်ကို ​တွေ့လိုက်ရ​သောအခါ သူတို့၏ အသံများက လည်ပင်းညှစ်ခံရ​သော ဘဲများကဲ့သို့ ရုတ်တရက် ရပ်တန့်သွား​လေသည်။


ထို အဆိုအဖွဲ့ နည်းပြက ​ပ​ရော်ဖက်ရှင်နယ် တစ်​ယောက် ဖြစ်သည်။ ထန်​ချောင်း​ချောင်းက သူ သင်တန်းသားတို့၏ အသက်ရှူသံ၊ အသံအစစ်နှင့် အ​ယောင်ပြအသံတို့ကို မည်သို့ ထိန်းချုပ်ရန် သင်ကြား​ပေး​နေသည်ကို စိတ်​​အေးလက်​အေး ကြည့်​နေခဲ့သည်။ ၎င်းက အလွန် ပ​ရော်ဖက်ရှင်နယ် ဆန်လှ​ပေသည်။


ထန်​ချောင်း​ချောင်းက သူတို့ကို တစ်ခဏမျှ ကြည့်လိုက်ပြီး​နောက် ထိုအမျိုးသားနည်းပြက အချိန်အတန်ကြာသည်အထိ စကား​ပြော မရပ်နိုင်​သေးမည်ကို ခံစားလိုက်ရသဖြင့် ​ခွေး​ခြေနိမ့်နိမ့်​လေးကို ရှာကာ တိတ်တဆိတ် ထိုင်​ချလိုက်သည်။


တစ်ခဏအကြာ တစ်​ယောက်​ယောက်က သူမအနား ချဥ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ သူ​မ မော့ကြည့်လိုက်သည့်အခါ သူမ ပျစ်ပျစ်နှစ်နှစ် ​ဝေဖန်ထားခဲ့သည့် ​ကောင်​လေး ဖြစ်​နေသည်။


​လေ့ကျင့်သည့်အခန်းထဲက ​ကောင်​လေးအဖွဲ့ကြီးက တူညီလုနီးပါး ဝတ်ဆင်ထားကြသည်။ သူမ ဝင်လာသည့်အခါ နီးနီးကပ်ကပ် ​သေချာ မကြည့်မိခဲ့ဘဲ ထိုသူ အဆိုအဖွဲ့ကို ​အမှန်တကယ် ​ရွေးချယ်လိုက်သည်ကို နားမလည်ခဲ့​ပေ။


ထန်​ချောင်း​ချောင်းက မျက်ခုံးပင့်လိုက်ပြီး ​မေးလိုက်သည်။ 'ဘာ​တွေဖြစ်​နေတာလဲ... မင်းဖန်​တွေက ​ဝေ့​ပေါ်မှာ ငါ့ဖန်​တွေနဲ့ တိုက်ခိုက်​နေကြတာ​လေ... ဒါ​ကြောင့် ပြန်လက်စား​ချေမလို့လား'


ကြည့်ရှုသူများကလည်း ထိုကဲ့သို့ ​တွေး​နေ​ပေသည်။ လူအများက မျက်စိမလွှဲတမ်း စိုက်ကြည့်​နေကာ မျက်ရည်များကို ထိထိမိမိ ​​တွေ့ချင်​နေကြသည်။


သို့​သော်လည်း ​နောက်တစ်စက္ကန့်တွင် သူက ရုတ်တရက် ကိုယ်ကို ကိုင်းကာ အရိုအ​​သေ ​ပေးလိုက်သည်။ သူက လက်ကို ​ရှေ့ဆန့်ကာ တစ်ခုခုကို ကမ်း​ပေးလာသည်။ "ဆရာမထန် ကျွန်​တော့်ကို လက်မှတ်ထိုး​ပေးနိုင်မလား"


ထန်​ချောင်း​ချောင်း: ???


တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း ​မေးခွန်းသ​​ေင်္ကတများက အစီအရီ ထွက်​​ပေါ်​နေ​ပေသည်။ ထန်​ချောင်း​ချောင်းက သူ့ကို ကွန်ရက်တစ်ခုလုံး ပျက်ရယ်ပြုလာကြသည်အထိ သ​ရော်ခဲ့သည်။ သို့​သော်လည်း သူက 

ထန်​ချောင်း​ချောင်း၏ လက်မှတ်ကို ​တောင်း​နေ​သေးသည်လား... ​တော်​တော်​လေး လွန်သွားပြီ... သူ​တော်​ကောင်း ​ယောင်​​ဆောင် လွန်းတယ်..


ထန်​ချောင်း​ချောင်းသည်လည်း သူဆိုလိုချင်​သော အ​ကြောင်းအရာကို ​တွေး​တော​နေသည်။ ထို​ကောင်​လေးက ရှက်​နေပုံ​ပေါ်သည်။ 


"ဆရာမ ကျွန်​တော် ဒါကို နှလုံးသား​အောက်​ခြေက​နေ ​တောင်းတ​နေတာပါ"


လူများစွာက ပြေးလာကြပြီး ရယ်​မော​ကြတော့သည်။ "ဆရာမ သူက တကယ် ဆရာမရဲ့ဖန်ပါ... အ​ဆောင်မှာဆို သူအမြဲတမ်း ဆရာမရဲ့ နာမည်ပဲ ​ပြော​​နေတာ"


ထန်​ချောင်း​ချောင်း: "ငါ ဘာလုပ်ခဲ့လို့လဲ"


​ကောင်​လေးက ​ပြောလိုက်သည်။ "ဆရာမ... ကျွန်​တော်က အက ကဖို့ ​မွေးလာတာလို့ ​အမြဲတမ်း တွေးလာခဲ့တာ ဒါ​ကြောင့် ဘယ်လိုဆိုဆို ပြဿနာ မရှိဘူးလို့​လေ... ဒါ​ပေမယ့် ဆရာမက ကျွန်​တော့်ကို အလင်းပြ​ပေးခဲ့တယ်... အခု ကျွန်​တော့် ခွန်အား​တွေ ဘယ်မှာရှိ​နေလဲဆိုတာ သိလိုက်ရပြီ... ပြီး​တော့"


သူက ထိုစကား ​ပြောသည့်အချိန်တွင် အနည်းငယ် ရှက်ရွံ့​နေဟန်ပင်။ 


"အရင်က ကျွန်​တော် ​တော်​တော်​လေး ​ထောင်လွှားခဲ့တယ်... ​နောက်ထပ် ဒီလို ထပ်ဖြစ်​တော့မှာ မဟုတ်ပါဘူး"


ထန်​ချောင်း​ချောင်းက သူ့ကို ကြည့်လိုက်ပြီး သူ အမှန်တကယ် ​ပြောင်းလဲသွားပုံ​ပေါ်​ကြောင်း ​တွေ့လိုက်ရသည်။ သူ့ခန္ဓါကိုယ်​ပေါ်က တန်ဖိုးကြီး အသုံးအ​ဆောင်များနှင့် စိန်လက်ပတ်နာရီလည်း မရှိ​တော့​ပေ။


[သူ့ဖန်​တွေက ​နောက်ကွယ်မှာ ဆူပူကြိမ်း​မောင်းဖို့ အလုပ်ကြိုးစား​နေ​ပေမယ့် ရလဒ်က​တော့ သူက ​​ချောင်း​ပေါင်ရဲ့ဖန် ဖြစ်သွားတယ်။ ​ပြောကြည့်စမ်းပါ... ရယ်စရာ မ​ကောင်းဘူးလားလို့]


[ဖန်​တွေ ထန်​ချောင်း​ချောင်း သူတို့ရဲ့ ​​ကော​ကော​ကို နည်းမှန်လမ်းမှန် ပြ​ပေးလိုက်လို့ ​ကျေးဇူးတင်သင့်တယ်​နော်... မဟုတ်ရင် သူ့ရဲ့ မညီမညာအကကို မှီခို​နေရုံနဲ့ 100% အထုတ်ခံရမှာပဲ]


ထန်​ချောင်း​ချောင်းက ထိုရှိုးတွင် ပါဝင်ရုံဖြင့် အမျိုးသား ဖန်တစ်ယောက် ရလာမည်ဟု မ​မျှော်လင့်ထားခဲ့​ပေ။ သူမက နက်နက်နဲနဲ ​ဝမ်းသာသွားခဲ့ရသည်။ ဖန်တစ်​ယောက်ကို လက်မှတ်ထိုး​​ပေးခြင်းက မသင့်​တော်သည့် တစ်စုံတစ်ရာ မဟုတ်​​ပေ။


သူမက ​သူကမ်း​ပေးသည့် ဓါတ်ပုံနှင့် ဘောပင်ကို လှမ်းယူကာ သူမနာမည်ကို လက်မှတ်ထိုး​ပေး​တော့မည့်ဆဲဆဲတွင် ထိုဓါတ်ပုံက ပုံမှန် ​တွေ့​နေကျ လက်မှတ်ထိုးဓါတ်ပုံ ဟုတ်မ​နေ​ကြောင်း ​တွေ့လိုက်ရသည်။ သူမ​တွေ့လိုက်ရသည်မှာ ဓါတ်ပုံထဲရှိ မျက်နှာ၏ ​လေးပုံတစ်ပုံသာ ဖြစ်​​သည်။ သူမက လှန်ကြည့်လိုက်ပြီး ၎င်းက ​ခေါက်ထား​သော ပိုစတာတစ်ခု ဖြစ်​ကြောင်း နားလည်သွားသည်။


ထိုပိုစတာထဲမှ လူမှာ အမှန်တကယ် သူမသာ ဖြစ်သည်။ ဒါ​ပေမယ့် ဓါတ်ပုံထိပ်က အ​ကြောင်းအရာကစလို့ ဒါကြီးက memeပုံကြီး ဖြစ်​နေရတာလဲ...


Xxxxxx