အပိုင်း ၁၃၂
Viewers 23k

Chapter 132

 သိုး​ကျောရိုး​ဟော့​ပေါ့


ထန်​ချောင်း​ချောင်း သူမ​၏ memeပုံကို ပုံထုတ်ထား​သော ပိုစတာအကြီးကြီးကို ကြည့်လိုက်သည်။ မူလဓါတ်ပုံမှာ သူမ၏ တီဗီစီးရီးထဲမှ ဖြတ်ယူထားခြင်းဖြစ်​သော်လည်း မည်သည့်ဖန်က သူမပုံတွင် ​ရွှေဆွဲကြိုးအကြီးကြီးနှင့် ​နေကာမျက်မှန် တပ်​ပေးကာ ဂန်းစတားတစ်​ယောက် ဖြစ်​သွား​စေမှန်း မသိခဲ့ရ။ အ​ရေးအသားများပါ ပါလိုက်​သေးသည်။ "ချောချော​​မွေ့​မွေ့ ပွဲဦးထွက်နိုင်ဖို့ နေ့တိုင်း ဆု​တောင်း​နေတယ်" နှင့် စာ​ကြောင်း​​အောက်တွင် "အစ်မ​ချောင်းက အားအရမ်းကြီးတယ်"ဟူ၏။


သူမသည်လည်း ရုပ်​ပြောင်ပုံများအတွက် ဖန်များ လုပ်​ပေး​သော memeပုံများ သုံးတတ်သည် ဆို​သော်လည်း ထိုရုပ်​ပြောင်ပုံကို ပုံကြီးချဲ့ထား​သော ပိုစတာတစ်ခုအဖြစ် ​တွေ့လိုက်ရ​သောအခါ ကြက်​သေ​သေ​နေမိဆဲပင်။ သူမ၏ စိတ်အ​ခြေအ​နေက အချိန်တစ်ခဏမျှ ရှုပ်​ထွေးသွားသည်။ 


ထပ်၍ ထို"အစ်မ​ချောင်းက အားအရမ်း ကြီးတယ်" ဟူ​သော ထိုစာတန်းမှာ ​မြေ​အောက်ကမ္ဘာက ကိုးကွယ်ယုံကြည်မှုနှင့် တူ​နေ​ပေသည်။ ထိုဗာဆိုင်း သခင်​လေးက သူမရဲ့ ဖန်အစစ်လား blackဖန်လားပဲ...


[ဟားဟားဟား ငါ့မှာလည်း အဲ့ဒီ ရုပ်​ပြောင်ပုံ ရှိတယ်ကွ... အခု​တော့ ငါပါ ပိုစတာ ထုတ်ပြီး နံရံမှာ ချိတ်လို့ ​နေ့တိုင်း ကိုးကွယ်​တော့မယ်​​ဟေ့]


[ထန်​ချောင်း​ချောင်းက တကယ်ကြီး ဂိုဏ်းတစ်ခုရဲ့ ​ခေါင်း​ဆောင် ဖြစ်လာသလိုပဲ... သူ့မှာ ​မောင်ငယ်​လေး​တွေ အများကြီး ရလာပြီ... ​ချောင်း​ပေါင်​ရေ... လူ​တွေ လို​သေးလား... ငါလည်းပါမယ်​​လေ]


ထို ဗာဆိုင်း ကောင်​လေးက ခပ်ရှက်ရှက် ရယ်လိုက်သည်။ "ဆရာမ... ဒါသိပ်မ​ကောင်းရင် တခြားတစ်ခုနဲ့ လဲလိုက်ရမလား"


"မလိုဘူး မလိုဘူး..." ထန်​ချောင်း​ချောင်းက သူမလက်ကို ခပ်မြန်မြန် ​ဝေ့ယမ်းလိုက်သည်။ သူမသာ ဒီလိုပုံ​တွေ အများကြီးကို ​တွေ့လိုက်ရရင် နှလုံး​ဖောက်​တော့မှာပဲ... 


အချို့​သော သင်တန်းသားများကလည်း ​​အော်ဟစ်လာကြသည်။ 


"ဆရာမ လက်မှတ်ထိုးပြီးသွားရင် ကျွန်​တော်တို့ အ​ဆောင်တံခါးမှာ ချိတ်ဖို့ စီစဥ်ထားတယ်... ကျွန်​တော်တို့ ​နေ့တိုင်း အပြင်မထွက်ခင် ပူ​​​​ဇော်လို့ ရ​အောင်လို့​လေ" 


သူမကို Koiလို ကိုးကွယ်ကြမလို့လား...


ထန်​ချောင်း​ချောင်း၏ နှုတ်ခမ်း တွန့်​ကွေးသွား​တော့သည်။ "အဲ့ဒီလို အဓိပ္ပါယ် မရှိတာ​တွေ မ​ပြောရ​ဘူး​လေ... ငါတို့က အကျိုးအ​ကြောင်း ​တွေးတတ်တဲ့လူ​တွေပဲ... လူပုဂ္ဂိုလ်ကို ယုံကြည်ကိုးကွယ်တာမျိုး မလုပ်သင့်ဘူး" 


သူမ​ပြောပြီး​နောက် အပြစ်ရှိစိတ် ဝင်လာ​တော့သည်။ အ​ကြောင်းမှာ သူမက အမှန်တကယ် တည်ရှိ​နေ​သော ဝိဥာဏ်တစ်ခု ဖြစ်​နေ၍ပင်။


ထန်​ချောင်း​​​ချောင်းက သူ့ပိုစတာ​ပေါ်တွင် လက်မှတ်ထိုး​ပေးလိုက်သည်။ သူ ထိုပိုစတာကို ပြန်ယူသွားပြီး လုပ်မည့်အရာများ အတွက်ကား သူမဂရုစိုက်မ​နေ​တော့​ပေ။ သူမက သူတို့ ညအချိန် နိုးလာချိန်တွင် ထိုမျက်နှာကြီးကို တံခါးတွင် ရုတ်တရက် ​တွေ့လိုက်ရပြီး​နောက် ​ကြောက်လန့်သွားဖို့ရန်သာ ​​မျှော်လင့်ပါသည်။ သူတို့ သူမကို အပြစ်ဆင်၍ မရနိုင်​ပေ။


ထို တဟီးဟီး ရယ်​မောသံများပြီး​နောက် ​​​လေ့ကျင့်​ရေးအခန်းထဲမှ ​လေထုက ပို၍ စိတ်​အေးသက်သာ ဖြစ်လာသည်။


စကား​ပြော​နေစဥ်တွင် အမျိုးသား နည်းပြက သူတို့သာ ​နောက်ထပ် ​ဖျော်​ဖြေမှူတွင် ပထမ​နေရာ ရပါက သူ့ ​​နယ်လှည့်ဖျော်​​ဖြေပွဲကို VIPခုံတွင် ထိုင်ကြည့်ရန် ဖိတ်​ခေါ်ခံရမည် ဖြစ်​ကြောင်း ​ပြောလာခဲ့သည်။


"​ကောင်းလိုက်တာ"


ထို​ကောင်​လေးများက ဝမ်းပန်းတသာ ​ကြွေး​ကြော်ကြပြီး​နောက် ထန်​ချောင်း​ချောင်းဘက်ကို လှည့်​မေးလာခဲ့သည်။ "ဆရာမထန် ကျွန်​တော်တို့ ပထမ​နေရာရရင် ဘာဆုချမှာလဲ"


ထန်​ချောင်း​ချောင်းက "အာ"ဟုသာ ​ပြောနိုင်​တော့သည်။ သူမက သူမ၏ သရုပ်​ဆောင် ရိုက်ကွင်းသို့ ဖိတ်​​ခေါ်မည်ဟု ​ပြော၍ မရ​ပေ။ 


ထို့​ကြောင့်ပင် ​ကောင်​လေးများက အဆိုပြုမှုတစ်ခု ​​ပြောလာခဲ့သည်။


 "ကျွန်​တော်တို့နိုင်ရင် ဆရာမထန်က အရသာရှိတဲ့ ဟင်းပွဲတစ်ပွဲ ချက်​ကျွေးရမယ်​နော်"


"ဆရာမထန်ရဲ့ ဟင်းချက်စ​ကေး​တွေက အရမ်း​ကောင်းတာ သိထားတယ်... ကျွန်​တော် ကြည့်ဖူးတယ်​လေ...

ပြီး​တော့ အမြဲတမ်း မြည်းစမ်း ကြည့်ချင်​နေခဲ့တာ... ဒါ​ပေမယ့် တစ်ခါမှ အခွင့်အ​ရေး မရခဲ့ဘူး... ဒါ​ကြောင့် ကျွန်​တော်တို့နိုင်ရင် တခြားဆု​တွေ မလိုပါဘူး... ဆရာမထန် ချက်ထားတဲ့ ဟင်းပွဲ​တွေကို စားကြည့်ချင်တယ်... မင်းတို့​ရော ဘယ်လိုထင်လဲ"


"​ကောင်းတယ်"


လူတိုင်းက ထိုအကြံကို ချက်ချင်း ​ထောက်ခံလာကြသည်။ အမျိုးသား နည်းပြပင်လျှင် လက်​ထောင်ကာ ​ထောက်ခံ​ကြောင်း ဆိုလာသည်။ ထိုသူက အချိန်အကြာကြီး သွားရည်ကျ​နေခဲ့ရသည့် အ​​ကြောင်းကို ​ပြောရန်အတွက် ရှက်ရွံ့မ​နေခဲ့​ပေ။


ထန်​ချောင်း​ချောင်း၏ အချက်အပြုတ်စ​ကေးက သူတို့​လောကတွင် သူမ၏ သရုပ်​ဆောင် အရည်အချင်းထက် ​စော​စီးစွာ ​ကျော်ကြားခဲ့သည်။ ​ထန်​ချောင်း​ချောင်း၏ အစားအ​သောက်ဖန်များဟု ​ခေါ်ရမည့် ဝေ့​ပေါ်မှ လူအချို့က သူမပြုလုပ်ထား​သော အစားအစာများအ​ကြောင်း ပြုလုပ်နည်းအဆင့်ဆင့် ပုံများကို လုပ်ထားခဲ့ကြ​သေးသည်။


"ဒါက လွယ်ပါတယ်... ကတိ​ပေးတယ်" ထန်​ချောင်း​ချောင်းက ပြုံးကာ ဆိုသည်။


"ဘာ​လို့ အရမ်း ​ပျော်​နေကြတာလဲ" အခြားအတန်းမှ ​ကောင်​လေးတစ်​ယောက်က ဝင်လာခဲ့သည်။ သူ ထို​လေ့ကျင့်​ရေးအခန်းမှ ​သြဘာသံများကို အချိန်တိုင်း ကြား​နေရ​သော​ကြောင့် မ​နေနိုင်ဘဲ ဝင်​ရောက် စပ်စုမိခြင်းပင်။


ထန်​ချောင်း​ချောင်း သူတို့ကို ပထမ​နေရာရလျှင် အရသာရှိ​သော ဟင်းပွဲများ သီးသန့် ချက်ပြုတ်​ပေးမည်ဟု ကတိ​ပေးလိုက်သည့်အ​ကြောင်း ကြားလိုက်ရ​သောအခါ ထို​ကောင်​လေး၏ မျက်လုံးများ ပြူးကျယ်သွား​လေသည်။ သူက ချက်ချင်းပင် အခန်းအပြင်ကို ​ပြေးထွက်သွားပြီး ထိုသတင်းကို မြန်မြန် ဖြန့်လိုက်သည်။ 


​ကောင်းလိုက်တဲ့​ ကောင်​လေး။ ယခုတွင်​တော့ သင်တန်းသား အားလုံး ထိုအ​ကြောင်းကို သိသွားကြပြီး ထန်​ချောင်း​ချောင်း၏ ဟင်းပွဲအတွက် အ​လောင်းအစားကို ပါဝင်ကြ​ပေ​တော့မည်။ ထိုဆုလာဘ်ကို ကြားလိုက်ကြပြီး​နောက် ပို၍ စိတ်တည်တည်ငြိမ်ငြိမ် ရှိ​သော အဖွဲများပင် ထပ်ပြီး မတည်ငြိမ်နိုင်​တော့။ လူတိုင်းက စိတ်ဓါတ်တက်ကြွလာကြကာ ချက်ချင်းပင် ​လေ့ကျင့်​ရေး အစီအစဥ်များ ဆွဲရန်နှင့် ညနက်သည်အထိ ​လေ့ကျင့်ရန် အဖွဲ့တွင်း အစည်းအ​ဝေးများ လုပ်ကြ​တော့သည်။


အပြင်းအထန် ယှဥ်ပြိုင်လိုစိတ်များ​သော အဖွဲ့များကပင် အလွန်ချဲ့ကားထား​သော ပြင်းထန်သည့်စကားများကို အချင်းချင်း ​ပြောလာကြသည်။ ယမ်းမှုန့်နံ့များက ​နေရာတိုင်းတွင် ပျံ့နှံ့လာ​တော့သည်။ 


ထန်​ချောင်း​ချောင်းက တိုက်ပွဲအတွင်း ဝင်ရောက်​မိသွားသည်ဟု ခံစား​နေမိသည်။


အလို​လေး... မင်းတို့ရဲ့ ​​ဖျော်​ဖြေမှုက မင်းတို့ ပွဲဦးထွက်ရဖို့ ယှဥ်ပြိုင်တာပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား... ဘယ်လိုလုပ် သူတို့က သူမရဲ့ အစားအ​သောက်​တွေကို အ​လောင်းအစားအဖြစ် ​ပြောင်းလိုက်တာလဲ... 


အကူအညီမဲ့ လက်ဖြန့်​နေတဲ့.ပုံ


【ဒီလူ​တွေက သူတို့ရဲ့ ပွဲဦးထွက် အဆင့်​တွေအတွက် အရမ်းကြီး စိတ်လှုပ်ရှား မ​နေကြဘူးလို့ ခံစား​နေမိပါလိမ့်... သူတို့က ​ထန်​​ချောင်း​ချောင်းရဲ့ ဟင်းပွဲအတွက် တိုက်ခိုက်​နေကြတယ် ဟားဟားဟား】


【မတိုက်ခိုက်​ကြပါနဲ့... မင်းတို့ လူသတ်မိသွားရင်​တောင် အသုံးမဝင်ဘူး... မင်းတို့က အကစတူဒီယိုခန်းမှာပဲ တိုက်ခိုက်သင့်တယ် ​ခွေး​ခေါင်းရဲ့】


【LOL သူတို့သာ ဒီတစ်​ခေါက် တကယ်ကြီး အကစတူဒီယို အခန်းထဲမှာ ရန်ဖြစ်ကြရင် အ​တော်​လေး ရီစရာ ​ကောင်းမှာ】


【ငါလည်း စိတ်လှုပ်ရှား​နေပြီ... ငါ့မှာ ဘဲသားဆားနယ်​လေး​တောင် မရနိုင်ဘူး... ထန်​​ချောင်း​​ချောင်းကို တခြားစတား​​တွေဆီက အတုယူပြီး စား​​သောက်ဆိုင်တစ်ခုကို အရန်စီးပွား​ရေးအ​နေနဲ့ စလုပ်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်】


【+ID number 】


......


မကြာမီပင် ထန်​ချောင်း​ချောင်း ပါဝင်မည့် ​နောက်ဆုံးအပိုင်းလည်း ဖြစ်​သော ပထမဆုံး ​ဖျော်​ဖြေမှုရက်ကို ​ရောက်လာသည်။


ဒီတစ်ကြိမ်တွင် သင်တန်းသားအားလုံး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြသည်။ သူတို့က စင်​ပေါ်တွင် စိတ်ကို လွှတ်​ပေးကာ အဆိုနှင့် အကနှစ်မျိုးလုံးကို ချစ်ခင်မြတ်နိုးစွာဖြင့် ​ဖျော်​ဖြေခဲ့ကြသည်။


ထိုကာလ​လေးအတွင်းတွင် သူတို့က လက်များနှင့် ​ခြေ​ထောက်များတွင် ဒဏ်ရာရရသည်အထိ မခွဲမခွာဘဲ ​လေ့ကျင့်ခဲ့ကြ​လေသည်။ ထန်​ချောင်း​ချောင်းက ထိုသူတို့မှာ သူတို့၏ ငယ်ရွယ်မှုကို အဆုံးစွန် အသုံးပြုကာ ကြယ်​လေးများ၏ အလင်းရောင်ကဲ့သို့ ​တဖြည်းဖြည်း တောက်ပ​လာသည်ကို ​တွေ့ခဲ့ရသည်။ 


ထန်​ချောင်း​ချောင်း ​ထောက်ပြခဲ့​သော အကအဖွဲ့က သူမ၏ အကြံပြုချက်ကို အမှန်တကယ် နား​ထောင်ခဲ့သည့်ပုံပင်။ သူတို့က အကအပေါ်တွင် ပိုအ​လေး​ပေးလာကြသည်။ သူတို့က တစုတစည်းတည်း တင်ပါးရိုးများကို ထိခတ်လိုက်သည့် အချိန်တွင် ကြည့်ရှုသူများက ထပ်ပြီး ထပ်ပြီး ​အော်ဟစ်လာကြသည်။


ဗာဆိုင်း ကောင်​လေးပါ​သော အဆိုအဖွဲ့က ရိုးရှင်း​သော ကကွက်​လေးများသာ ပါသည်။ သို့သော်လည်း သူတို့၏ အသံက ကြည်လင်ပြတ်သားကာ ​ ​ချော​မွေ့လှပြီး ပြီးပြည့်စုံစွာ ပူး​ပေါင်း​ဆောင်ရွက်ထားသည်။ အံ့အားသင့်ဖွယ် အ​ကောင်းဆုံးအချက်မှာ သူတို့ကိုယ်တိုင် ​ရေးသားထား​သော မူရင်းသီချင်းကိုသာ အမှန်တကယ် သီဆိုခဲ့ခြင်း ဖြစ်​ပေသည်။


ယှဥ်ပြိုင်မှုအားလုံး ပြီးဆုံးသွား​သောအခါ ကြည့်ရှုသူများနှင့် နည်းပြများ၏ မဲအများဆုံး အဖွဲ့ကို အဆုံးသတ် ​ရွေးချယ်ပြီးသွား​လေပြီ။ ထင်မှတ်ထားသည့်အတိုင်းပင် ၎င်းက ဗာဆိုင်း ကောင်​လေး၏ အဖွဲ့သာ ဖြစ်သည်။ သူတို့အဖွဲ့က အဖွဲ့လိုက် အဆင့်တွင် ပထမ​နေရာဖြစ်ပြီး တစ်​​ယောက်ချင်း အဆင့်တွင် ဗာဆိုင်း ကောင်​​လေးသည်လည်း Top10 ဝင်ခဲ့သည်။ ​ကြေညာချက်ပြီး​​နောက် သူတို့အဖွဲ့က အလွန် စိတ်လှုပ်ရှားလာ​တော့သည်။


ထို ဗာဆိုင်း ကောင်​လေးက အရင်က ပို၍ လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့​သော​ကြောင့် အဖွဲ့ကိုယ်စား ​စကား​ပြောရသည်။ သူက မိုက်ကို ယူလိုက်ပြီး​နောက် အ​မောတ​ကော ​ပြောလာခဲ့သည်။ "ဆရာမထန်ကို ​နေ့တိုင်း ပူ​ဇော်ရတာ တကယ်ပဲ အကျိုးရှိတယ်ဗျ"


ပရိတ်သတ်များက ပို၍ ရယ်​မောလာကြ​တော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း "ဟားဟားဟား"များ အပြည့် ဖြစ်​နေ​ပေသည်။


အခမ်းအနားမှုးကလည်း အဖြစ်အပျက်များကို သိသည့်အတွက် ထန်​​ချောင်း​ချောင်းဘက်သို့ လှည့်ကာ သူမအ​တွေးကို ​မေးလာခဲ့သည်။


ထန်​ချောင်း​ချောင်းက နှုတ်ခမ်း​ထောင့်များကို ဆူ​ထော်ကာ ​ပြောလိုက်သည်။ "ကြည့်ရတာ ကျွန်မ လက်မှတ်ထိုးထားတဲ့ ဓါတ်ပုံက တန်ဖိုးရှိသွားပုံပဲ"


ကြည့်ရှုသူများ ထိုအချင်းအရာကို ကြားလိုက်ရ​သောအခါ ထန်​ချောင်း​ချောင်း လက်မှတ်ထိုးထား​သော ဓါတ်ပုံများကို ​ရောင်းချသည့် ဝက်ဘ်ဆိုက်ကို အလျင်အမြန် ရှာ​ဖွေလိုက်ကြသည်။ ​သေချာ​ပေါက်ပင် ဓါတ်ပုံ​စျေးများက အဆများစွာ တိုးသွား​ကြောင်း ​​တွေ့လိုက်ရသည်။ ထန်​ချောင်း​ချောင်း လက်မှတ်ပါသည့် ဓါတ်ပုံများ ​ရောင်းကုန်သွား​လေပြီ။ ဒီ အမြတ်ကြီးစား​တွေက​တော့...


အစီအစဥ်မှုးက ပြုံးကာ ဆိုလိုက်သည်။ "မင်းတို့ ဘယ်လိုများ အ​ဆောင်မှာ သူ့ကို ပူ​ဇော်ကြပါလိမ့်... ပူ​ဇော်ပစ္စည်း​တွေများ ဆက်သကြ​သေးလား..."


ထန်​ချောင်း​ချောင်း: '.... အ​ခြေအ​နေ​တွေက ဆန်းကြယ်လာပြီ​နော်... ဘာ​တွေများ ဆက်သရအုံးမှာလဲ... သူမက အခုထိ မ​သေ​သေးဘူး​​နော်' 

သေချာ​ပေါက်ပင် အစီအစဥ်မှူးကလည်း ဟာသ​ပြောလိုက်ခြင်းသာ ဖြစ်ပြီး ဆက်​မေးလိုက်သည်။ "မင်းတို့ရဲ့ ​​နောက်လာမယ့် ပန်းတိုင်က ဘာများလဲ"

ကောင်​လေးများက အချင်းချင်း ကြည့်လိုက်ကြပြီး​နောက် မိုက်​ကရိုဖုန်း ရှေ့တွင် စုစည်းကာ ကျယ်​လောင်စွာ ​ပြောလိုက်ကြသည်။"ဆရာမထန် ကတိ​ပေးထားတဲ့ အစားအ​သောက်ပါ"


ထန်​ချောင်း​ချောင်း: "အ​ဆင်သင့်ပဲ" 


​ဖျော်​ဖြေမှူကို မစတင်ခင်ကတည်းကပင် ထန်ချောင်း​ချောင်းက ဟင်းပွဲကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။


ထိုကဲ့သို့ ငယ်ရွယ်ပြီး သန်မာ​သော ​ကောင်​လေးများအုပ်စုက အသားစားရသည်ကို နှစ်ခြိုက်ကြ​ပေလိမ့်မည်။ ထို့​ကြောင့်ပင် ထန်​ချောင်း​ချောင်းက သိုး​ကျောရိုးသား ​​​ဟော့​ပေါ့ကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


မနက်​စော​စော အချိန်တွင် အလတ်ဆတ်ဆုံး ဖြစ်​သော သိုးက​လေး ​ကျောရိုးသား သုံးခုနှင့် နံရိုးနှစ်ပိုင်းကို ​ရွေးခဲ့သည်။ ​ကျောရိုးသားနှင့် နံရိုးသားများကို အတုံး​လေးများ ခုတ်ပိုင်းပြီး​နောက် နှစ်နာရီမျှ ဆားရည်စိမ်ပြီး​နောက် ​သွေးများ လုံးဝ​ပျောက်သွားသည်အထိ ​ဆေး​ကြောလိုက်သည်။


​နောက်တစ်ဆင့်မှာ သိုးက​လေး နံရိုးကို ​​ကြော်ရန်ပင်။ အစပ်အရသာများက စမုံစပါး၊ လေးညင်းပွင့်၊ အဖြူရောင် ဖာလာ​စေ့၊ ဂျင်း၊ ဖာလာနက်၊ လိ​​ေမ္မာ်ခွံ စသည်ဖြင့် အမျိုးအစား​ပေါင်း နှစ်ဆယ်​ကျော် အသုံးပြုထားသည်။ အစပ်အရသာများ ​ကြော်ပြီးချိန်တွင် ဟင်းရည်ကို ဆူပွက်လာရန် အပူချိန်မြှင့်လိုက်ပြီး​နောက် တဖြည်းဖြည်း ဆူလာရန် အပူချိန်နှိမ့်ချလိုက်သည်။ အ​ကောင်းဆုံးအရသာ ရရန်အတွက် သုံးနာရီကြာမျှ တည်ထားရန် လို​ပေသည်။


ထို့​ကြောင့် ထန်​ချောင်း​ချောင်းက ​​​ဖျော်​ဖြေမှု မစတင်ခင်ကတည်းက သိုးသားများကို တည်ထားခဲ့သည်။ ​ဖျော်​ဖြေမှူ ပြီးဆုံးသွားသောအခါ ညဆယ်နာရီမျှ ရှိ​နေ​ပေပြီ။ ​ဟော့​ပေါ့သည်လည်း အချိန်ကိုက် ချက်ပြုတ်ပြီးသွား​ပေပြီ။


ထန်​ချောင်း​ချောင်းက အနိုင်ရ​သော အုပ်စုနှင့် တစ်နပ်စာ ကပ်စားလို​သော နည်းပြအချို့ကို ​ဟော့​ပေါ့ထား​သော အခန်းသို့ ​ခေါ်လာခဲ့သည်။


လမ်းတစ်လျှောက်တွင် သူတို့က ထန်​ချောင်း​ချောင်းက သူမမည်သည်ကို ပြင်ဆင်ထားသနည်းဟု အဆက်မပြတ် ​မေး​နေကြ​သော်လည်း သူမက တစ်ခွန်းမှ မ​ပြောလိုက်​ပေ။ ​နေရာသို့ ​ရောက်​သောအခါ သူတို့တံခါးဖွင့်လိုက်သည်နှင့် အနံ့ပြင်းပြင်းတစ်ခု ထွက်လာသည်။ လူတိုင်းမ​နေနိုင်ပဲ သက်ပြင်းချမိသွား​တော့သည်။'အာ ဒါအရမ်း​မွှေးတာပဲ'


Xxxxxxx