အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၉
ဝမ်ယွီထုံ ဗန်ပိုင်းယားမလေး ဝတ်စုံကို အဝတ်လဲခန်းထဲမှာ
စမ်းဝတ်ကြည့်လိုက်သည်။ ထို့နောက် ရင်ဘတ်ကို ပင့်ကာ မိမိကိုယ်ကို ကြည့်လိုက်တော့ နည်းနည်း
တစ်မျိုးဖြစ်နေသည်။
အဝတ်အစားက အရွယ်အစား မသေးသော်လည်း လုံလုံခြုံခြုံမဟုတ်ပဲ
ဖော်ထားသည့်နေရာများရှိနေသည်။အဝတ်လဲခန်းထဲက ထွက်လာပြီး ဝမ်ချူးယွဲ့ကို ပြလိုက်သည်။
ဝမ်ချူးယွဲ့က ရှောင်ယွီကို ပွေ့ချီထားပြီး ကလေးပြုတ်ကျသွားမှာ
စိုးသည့်အလား တောင့်တောင့်ကြီး ထိုင်နေသည်။ သို့သော် မျက်နှာအနေအထားကတော့ အနည်းငယ်
နူးညံ့သည့်ပုံပေါက်နေသည်။
"ကြည့်ကောင်းတယ် ဒါပဲ ဝတ်လိုက်" ညီမဖြစ်သူ
ဝတ်လာသည့် ပုံစံကို ကြည့်ပြီး သဘောကျကာ ဝမ်ချူးယွဲ့ပြောလိုက်သည်။
ဝမ်ယွီထုံ ကိုယ်လုံးပေါ်မှန်ရှေ့ တစ်ပတ်လှည့်
ကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။ "တစ်ကယ်ကော ကြည့်ကောင်းရဲ့လားး အရမ်းကြီး ဟိုဖော်ဒီဖော်ဖြစ်မနေဘူးလား"
ညီမဖြစ်သူစကားကြောင့် ဝမ်ချူးယွဲ့ မျက်မှောင်ကြုံ့သွားသည်။
"ဒါက ဟော်လိုဝင်းပါတီနော် သိပ်လည်း ရှေးရိုးစွဲမနေနဲ့။နတ်ဆိုး ဝတ်စုံ၊ အိန်ဂျယ်ဝတ်စုံ၊
သီလရှင် ဝတ်စုံတွေက နင်နဲ့ လိုက်မှာ မဟုတ်ဘူး ဗန်ပိုင်းယားဝတ်စုံကတော့ မဆိုးပါဘူးး"
ဝမ်ယွီထုံလည်း သူ့အစ်မရဲ့ အမြင်ကို ယုံကြည်လိုက်ကာ
ဗန်ပိုင်းယားဝတ်စုံ၏ ကျန်သော ကော်လံ နှင့် အဆင်တန်ဆာများကို ဝတ်ဆင်လိုက်သည်။ နောက်
ကျိုးရှောင်ယွီရှေ့ လျှောက်သွားလိုက်ပြီး ခေါင်းကို ငုံ့လိုက်ကာ ကလေး၏မျက်နှာကို တို့လိုက်သည်။
"ရှောင်ယွီ သားမေမေ ကြည့်ကောင်းရဲ့လားး"
ကျိုးရှောင်ယွီ တစ်ယောက် သူ့အမေကို မော့ကြည့်လိုက်ပြီးနောက်
မျက်လုံးပြူးကာ အထိတ်တလန့်ဖြစ်သွားပြီး တဝါးဝါး ငိုကာ ဝမ်ချူးယွဲ့ လက်မောင်းထဲ ပုန်းနေတော့သည်။
'ဒါ ငါ့မေမေ လုံးဝမဟုတ်ဘူးးးး။ မေမေက ဒီလိုမျိုး ကြောက်စရာ အနီအနက်ရောင် ဝတ်စုံကို
လုံးဝ ဝတ်မှာမဟုတ်ဘူးးး ပြီးတော့ မေမေ့လည်ပင်းမှာလဲ ဒီလို ထူးဆန်းတာမျိုး ဘယ်တော့မှာ
ပတ်ထားမှာ မဟုတ်ဘူးးးး'
ဝမ်ယွီထုံလည်း ရှက်ရွံ့သွားကာ အဝတ်လဲခန်းထဲ အမြန်ပြန်သွားကာ
သူမ၏ အင်္ကျီများကို ပြန်ဝတ်လိုက်သည်။
ဝမ်ချူးယွဲ့ကတော့ ရှောင်ယွီလေး၏ မျက်ရည် နှာရည်တွေကြောင့်
ပေသွားသော သူမ၏ ရာသီပေါ်ခတ်စားနေသော ဝတ်စုံအသစ်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ကလေးလေးရေ မငိုပါနဲ့ မင်းမေမေ အဝတ်သွားလဲ
နေပါပြီ ထပ်မငိုနဲ့တော့နော်"
ဝမ်ချူးယွဲ့သည် သူ့ညီမကို အလွန် ချစ်သော်လည်း
ဘာ့ကြောင့် ကလေးကို နေ့ညမပြတ် ထိန်းချင်နေရတာလဲ ဆိုတာကိုတော့ နားမလည်နိုင်ပါ။
'အင်းးး ကလေးတွေက ချစ်စရာကောင်းတာတော့ အမှန်ပါပဲ...'
'ချစ်စရာကောင်းပါတယ်...'
ဒါပေမယ့်
ဒီအတိုင်းကြည့်နေရင်တော့ ချစ်စရာကောင်းပြီး တစ်ဖြည်းဖြည်း နီးလာရင်တော့ ကံဆိုးတာတွေ
ဖြစ်လာတတ်တယ်။
ဝမ်ချူးယွဲ့ တစ်ယောက် တစ်ရှုးထုတ်ကာ ရှောင်ယွီလေး၏
မျက်ရည်နှင့် နှာရည်တွေကို ခေါင်း တစ်ရမ်းရမ်းနှင့် သုတ်ပေးလိုက်ကာ စိတ်ထဲမှာ တွေးနေလိုက်သေးသည်။
"ငါ့အတွက် မျိုးဆက်ကလေးတွေ မရှိရင်နေပါစေ
အနာဂတ်မှာ လုံးဝ လက်ထပ်ဖြစ်မှာ မဟုတ်ဘူးးး"
ဝမ်ယွီထုံ အဝတ်လဲခန်းက ထွက်လာပြီးနောက် ရှောင်ယွီလေးကို
တစ်လှည့်ပြန်ချီလိုက်ကာ ဝမ်ချူးယွဲ့က တစ္ဆသတို့သမီးဝတ်စုံကို စမ်းဝတ်ကြည့်လိုက်သည်။
ဖြူစွတ်နေသော မင်္ဂလာဝတ်စုံပေါ်မှ အနီရောင် သွေးအစင်းလိုင်းများက ဝမ်ချူးယွဲ့၏ နီညိုရောင်
ဆံပင်အရောင်နှင့် လိုက်ဖက်နေကာ လှပခြင်းနှင့်အတူ ကြက်သီးထဖွယ်ရာ ခံစားချက် ပေးနေ၏။
ညီအစ်မ နှစ်ယောက် ဟော်လိုဝင်းအတွက် ဝတ်စုံတွေ
ရွေးပြီးကြတော့ ဆိုင်ရှေ့မှာ နှုတ်ဆက်စကားပြောလိုက်ကြသည်။
"အစ်မ အိမ်ကို ခဏ အလည်လိုက်ခဲ့ပါလားးး ရှောင်ယွီလေးက
အစ်မကို အရမ်း သဘောကျနေတာ" ဝမ်ယွီထုံ ချီထားသည့် ရှောင်ယွီလေးက လှပသည့် အန်တီကိုသာ
မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကာ မခွဲချင်သည့်ပုံပေါက်နေသည်။
"မလိုက်တော့ဘူး... ငါ အလုပ်ကိစ္စဆွေးနွေးဖို့
ချိန်းထားတာ ရှိတယ် " ဟု ပြန်ပြောလိုက်ကာ ဝမ်ချူးယွဲ့သည် ကျိုးရှောင်ယွီ၏ ခေါင်းလေးကို
ပွတ်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။
"နောက် တစ်ခေါက်ကျမှ အန်တီ အရုပ်တွေ ဝယ်လာပေးမယ်နော်"
ကျိူးရှောင်ယွီကတော့ အန်တီလှလှလေး၏ အကိုင်ခံရတာကို
ကျေနပ်နေကာ ခြေထောက်ကလေးတွေ လှုပ်ပြီး စိတ်လှုပ်တရှား "အင်းးးအင်းးး" ပြောနေသည်။သူ့ပုံစံက
ခွေးပေါက်လေးတွေ အမြီးရမ်းနေသည့်အတိုင်းပင်။
ဝမ်ယွီထုံ - ဒါပေါ့ ၇လသားအရွယ် ဖြစ်ဖြစ် အသက်၇၀အရွယ်ဖြစ်ဖြစ်
ဘယ်အသက်အရွယ် ယောက်ျားသားမဆို လှပတဲ့ မိန်းကလေးတွေကို ကြိုက်ကြတာပဲလေ။
ဟော်လိုဝင်းပွဲချိန် ရောက်တော့ ကျိုးရှောင်ယွီ
ညနေပိုင်း အိပ်နေချိန် ဝမ်ယွီထုံ တိတ်တိတ်လေး ထွက်လာခဲ့လိုက်သည်။ ကျိုးကျီယွဲ့ ငှားထားပေးသည့်
ကလေးထိန်းအန်တီကြီးများကိုသာ ကလေးအတွက် လုပ်ပေးရမည့်အလုပ်များကို အပ်ထားခဲ့လိုက်သည်။
"ရှောင်ယွီလေး နာရီဝက်လောက်အိပ်ပြီးသွားရင်
နိုးလာလိမ့်မယ်။ သူနဲ့ ခဏဆော့ပေးပြီး ၇နာရီခွဲလောက်ကျရင် ရေချိူးပေးလိုက်နော်။ ကလေးအတွက်
ခေါင်းလျှော်ရည်က အသစ်ဝယ်ထားတဲ့ အရောင်အနံ့မပါတဲ့ဟာ သုံးပေးပါ။ ရေချိုးပြီးရင်တော့
ခန္ဓာကိုယ်တစ်ခုလုံးကို လိုးရှင်းလိမ်းပေးပါ။ အပြာရောင်လင်းပိုင်ခရင်မ်ကိုတော့မျက်နှာမှာ
လိမ်းပေးနော်။ လည်ပင်းက နှင်းခူနာတွေအတွက်တော့ ဒီဆေးကို လိမ်းပေးပါ။ နို့ ၁၈၀မီလီတိုက်ပြီးသွားရင်
ရေနှစ်ငုံနဲ့ ပလုတ်ကျင်းပေးလိုက်ဦးနော်"
ကလေးထိန်း အန်တီကြီးများကို အရှည်ကြီး ရှင်းပြပြီးနောက်
ဝမ်ယွီထြံ မျက်မှောင်ကြုံ့လိုက်ကာ ထပ်ပြောလိုက်သည်။
"ကျွန်မအိမ်ကို ၁၂နာရီဝန်းကျင်လောက်မှ ပြန်လာဖြစ်မယ်
တစ်ခုခုကိစ္စပေါ်လာရင် ဖုန်းခေါ်လိုက်ပါနော်"
"မဒမ် စိတ်ချလက်ချသာ ပျော်ခဲ့ပါ တစ်ညလုံး
ပျော်လဲ ကိစ္စမရှိပါဘူး။ အိမ်မှာလည်း အလုပ်သမားတွေ အချိန်ပြည့် အဆင်သင့်ရှိနေတာပဲ။
သခင်လေးကို သေချာ ဂရုစိုက်ထားပါ့မယ်" ဟု အိမ်တော်ထိန်းစန်က ဝမ်ယွီထုံ စိတ်ချစေရန်
ပြောလိုက်သည်။
ကလေးထိန်းအန်တီကြီး ၄ယောက်စလုံးကလည်း "မဒမ်
သခင်လေးကို ကျွန်မတို့ဆီ စိတ်ချလက်ချ အပ်ခဲ့လို့ရပါတယ်" ဟု ဦးညွတ်ကာ ရိုသေစွာ
ပြန်ပြောကြသည်။
ဝမ်ယွီထုံ သူတို့အပြုအမူကြောင့် အနည်းငယ် မသက်မသာဖြစ်သွားသည်။
"ကောင်းပြီလေ" ဟု ပြောကာ ဝမ်ယွီထုံ အိမ်မှ ထွက်လာလိုက်သည်။
သွမ့်စံအိမ်ကို
သွားသည့်လမ်းဝယ် သူမ၏ ယနေ့ည အစီအစဉ်ကို ကျိုးကျီယွဲ့အား
မက်ဆေ့ ပို့လိုက်သည်။ လွန်ခဲ့သည့် လဝက်အတွင်း မနက်စောအလုပ်သွား ညမိုးချုပ်မှ အိမ်ပြန်လာ၍
အလုပ်ရှုပ်နေသည့် ကျိုးကျီယွဲ့ကို မတွေ့ဖြစ်တာတောင် အတော်ကြာပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ယွီထုံသည် သူမယောက်ျားဆီက ပြန်စာ
ရောက်လာဖို့ မမျော်လင့်မိချေ။ သို့သော် ရုတ်တရက် မက်ဆေ့ဝင်လာသည်။
[ ကျိုးကျီယွဲ့ - ဟုတ်ပြီ ]
ဝမ်ယွီထုံလည်း ကြောင်ကလေး သူ့ခေါင်းသူ ကုတ်နေသည့်
အီမိုဂျီ လေးပြန်ပို့လိုက်သည်။
နောက် " တစ်ဖက်လူစာရိုက်နေသည်" ဟုသည့်
စာကြောင်းပေါ်လာ၍ ဝမ်ယွီထုံ စောင့်နေလိုက်သေးသည်။ အတော်ကြာသည် အထိ မတ်ဆေ့ရောက်မလာ၍
သူမလည်း ဖုန်းကို အိတ်ထဲ ပြန်ထည့်ကာ ကားပြတင်းအပြင်ကို ကြည့်နေတော့သည်။
မိနစ်လေးဆယ်ခန့်အကြာဝယ် သူမစီးလာသည့်
Rolls-Royce ကားသည် သွမ့်စံအိမ်ရာရှေ့ကို ရောက်လာသည်။
သွမ့်မိသားစုသည် အနုပညာ ဖျော်ဖြေရေးလုပ်ငန်းကို
အဓိက လုပ်ကိုင်ပြီး ဝမ်မိသားစုနှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးရှိသည်။
သွမ့်မိသားစုမှ သားနှစ်ယောက်သာရှိပြီး သွမ့်ရိနှင့်
သွမ့်ရွှင်းရဲ့တို့ဖြစ်သည်။ သွမ့်ရွှင်းရဲ့က သေးသွယ်သည့် လူ့ဗလံလေးဖြစ်ကာ နွေးထွေးကြင်နာတတ်သည်ဟု
အမည်ထွက်သူဖြစ်သည်။ သွမ့်ရိကတော့ နိုင်ငံခြားမှာ ကောလိပ်တက်နေသူဖြစ်သည်။
သွမ့်စံအိမ်ရာသည် မြို့တော်A၏ အစွန်အဖျားဘက်မှာရှိပြီး
ပါတီအတွက် ထူးခြားသည့် အပြင်အဆင်များပြုလုပ်ထားသည်။ ယနေ့ည ပါတီကလည်း ဟော်လိုဝင်းပါတီဖြစ်ရာ
ဝန်ဆောင်မှုပေးသည့် ဝိတ်တာများကအစ အရိုးခေါင်းမျက်နှာဖုံးများ ဝတ်ဆင်ထားကြပြီး ခြံဝန်းအလယ်မှာ
ဟော်လိုဝင်းစတိုင် ရွေဖရုံသီးမီးအိမ်အကြီးကြီးကို နေရာချထားကာ အလှဆင်ထားသည်။
ဝမ်ယွီထုံနှင့် ဝမ်ချူးယွဲ့တို့ ညီအစ်မလည်း သွမ့်စံအိမ်ရာရှေ့
ဆုံကြကာ အတူဝင်လာကြသည်။
စံအိမ်အတွင်းမှာတော့ ဝတ်ကောင်းစားလှများ ဝတ်စားထားသည့်
မြို့တော်A မှလူချမ်းသာ သားသမီးများ စုဝေးနေကြသည်။ သူတို့ချင်း ရင်းနှီးနေကြပုံက ယခင်ကလည်း
မကြာမကြာတွေ့ဆုံကြပုံ ပေါ်သည်။
လှပသည့် ဝမ်ညီအစ်မ နှစ်ယောက်ဝင်လာတော့ စံအိမ်အတွင်းရှိ
လူများအားလုံး၏ အမြင်ကို ဆွဲဆောင်သွားသည်။
ဝမ်ချူးယွဲ့က မျက်လုံးဖမ်းစားလွယ်သည့် သွေးစွန်းနေသော
တစ္ဆသတို့သမီးဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်သည့်
မိတ်ကပ်အပြင်အဆင်က သူမကို ပို၍ လှပသွားစေသည်။
သို့သော် အားလုံးကို အံ့အားသင့်စေသူက ဝမ်ချူးယွဲ့နှင့်အတူ
ယှဉ်တွဲဝင်လာသည့် မမြင်တွေ့ရတာကြာပြီဖြစ်သည့် ဝမ်ယွီထုံဖြစ်သည်။ ပါတီအတွင်းရှိ လူအများစုကပင်
ဝမ်ယွီထုံ တည်ရှိကြောင်း မေ့လျော့နေပြီဖြစ်သည်။
ဝမ်ယွီထုံဝတ်ဆင်ထားသည့် ဗန်ပိုင်းယားမလေး ဝတ်စုံက အလွန်လှပကာ သူမ၏ ကောက်ကြောင်းနှင့်
သေးသွယ်သည့် ခြေထောက်ကိုပါ ဖော်ပြထားသည်။
သူမ၏ ရှည်လျားသည့် နက်ညိုရောင် ဆံပင်တွေကလည်း
လည်ပင်းတစ်ဝိုက် ဖြေလျော့ကျနေသည်။
"အာ့တာ ဝမ်ယွီထုံမလားး? မဟုတ်သေးပါဘူးး။
ဝမ်ယွီထုံနဲ့ မတူတော့သိလိုပဲ"
"တစ်ကယ်ကြီး ဝမ်ယွီထုံပဲ။ အရင်က ဘယ်သူနဲ့မှ
အဆက်အသွယ်မလုပ်ခဲ့ဘူးလေ"
"လူတိုင်းနဲ့ ဆက်သွယ်စရာမှ မလိုတာ။ သူများက
အလကားလာတာမဟုတ်ဘူးး စုဟန် လာလို့ ရောက်လာတာ။ ငါထင်ရင် လွဲခဲပါတယ်"
"သူတို့ စေ့စပ်ထားတာ ပျက်သွားတာတောင် နှစ်ဝက်လောက်ရှိပြီမလားး
ဘာလို့ အစ်ကို စုဟန်ကို လိုက်နှောက်ယှက်နေသေးတာလဲ"
"အိုးးမိုင်ဂေါ့ အစ်ကိုစုဟန်ရဲ့ဘေးက ဝမ်ယွီထုံ
အရမ်းမုန်းတဲ့ လွီချန်းချန်း မဟုတ်ဘူးလား။ ဒီညတော့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ဟေ့"
လူတိုင်း၏ အကြည့်နှင့် အတင်းစကားတွေက အခုမှ ဝင်လာသည့်
ဝမ်ယွီထုံ အကြောင်းသာဖြစ်နေသည်။ အခန်းထောင့် တစ်နေရာမှာတော့ စုဟန်နှင့် လွီချန်းချန်းတို့
ရပ်နေကြသည်။
ပါတီ၏ ဇာတ်လိုက်နေရာ ရောက်နေသည့်ဟန်ဖြင့် စုဟန်သည်
လက်ထဲမှာ ရှန်ပိန်ခွက်ကို ကိုင်ထားသည်။ သွေးစွန်းနေသည့် တစ္ဆေကျောင်းသားအင်္ကျီ ခပ်ပွပွကို
ဝတ်ဆင်ထားကာ သူ၏ပုံစံက ထက်မြက်ပြီး လွှမ်းမိုးသည့်ဟန်ပေါ်နေသည်။
စုဟန်တစ်ယောက် မလှမ်းမကမ်းက တောက်ပစွာ ဝင်လာသည့်
ဝမ်ယွီထုံကို ကြည့်ကာ စိတ်ပျက်မှုနှင့် စိတ်မကြည်သည့်ဟန် မျက်ဝန်းတွင် လျှပ်ပြေးသွားသည်။
ဒီမိန်းမ သူ့ Wechat အကောင့်ကို ဖျက်ပြီး သူ့ကို
ဂရုမစိုက်သလိုပုံဖမ်းနေတာပဲ။
ပါတီတွေတိုင်း ပေါ်မလာတတ်သည့် သူ့အကျင့်ရှိရာ
ယခု ည ပါတီ တက်လာတာကြားတာနဲ့ ဒီမိန်းမ တန်းပေါ်လာတော့တာပဲ။
ဒီလို အရင်က လှည့်ကွက်မျိုးကို သူ့အပေါ်သုံးချင်တာလားး။
ဝမ်ယွီထုံဆိုတဲ့ မိန်းမက သူချည်းအမှန် သွေးနားထင်ရောက်နေတဲ့ သူမျိုး။
"အစ်ကိုစုဟန် .. အစ်မဝမ်လည်း ရောက်နေတယ်
ဆိုတော့ ကျွန်မ အရင် ပြန်မှ ဖြစ်မယ် ထင်တယ်"
အိမ်စေပုံစံ ဟော်လိုဝင်း ဝတ်စုံဝတ်ထားသည့် လွီချန်းချန်းသည် ကျိုးပဲ့လွယ်သည့်ပုံစံဖြင့် သူမခေါင်းကို
ငုံ့ကာ လက်ချောင်းတွေကို ယှက်ရင်း ပြောလိုက်သည်။
အမှန်တော့ ဤကဲ့သို့ ချမ်းသာသည့်သူများ စုဝေးသည့်ပါတီပွဲတွင်
လွီချန်းချန်း ပေါ်မလာသင့်ပါ။ သို့သော် လတ်တလောကမှ သွမ့်မိသားစုပိုင် ကျိုးခိုင်းအင်တာတိန့်မန့်နှင့်
လွီချန်းချန်း စာချုပ်ချုပ်ထား၍ အဆက်အသွယ် ရစေရန် ပါတီဖိတ်စာ ရခဲ့ခြင်းဖြစ်သည်။
စုဟန် ရှန်ပိန်တစ်ငုံသောက်လိုက်ကာ နှာခေါင်းရှုံ့ရင်း
ပြောလိုက်သည်။ "ဘာလို့ သူ့ကို ဂရုစိုက်နေမှာလဲ"
နောက် ဝမ်ယွီထုံတစ်ယောက် သူတို့ရှိရာဘက်ကို ဦးတည်၍
လမ်းလျှောက်လာသည်ကို စုဟန်မြင်လိုက်ရသည်။
စုဟန် ခန္ဓာကိုယ် အနည်းငယ် တောင့်သွားမိကာ မျက်ခုံးများ
တွန့်ချိုးလာသည်။ ထို့နောက် သူ့လက်မှ ရှန်ပိန်ခွက်ကို တင်းတင်း ဆုပ်ကိုင်ထား၍ လက်ချောင်းတွင်
သွေးပင် မလျှောက်တော့ပဲ ဖြူဖွေးနေ၏။
လွီချန်းချန်းလည်း အနိုင်ကျင့်ခံရမည်စိုး၍ စုဟန် အနောက်ကို အနည်းငယ် ဆုတ်လိုက်သည်။
ပါတီအတွင်းရှိ လူတိုင်းကတော့ ပွဲကြီးပွဲကောင်းမြင်ရမည်
အထင်နှင့် စောင့်ကြည့်နေကြသည်။
"လာပါပြီဗျာ ဝမ်ယွီထုံ ဒီဘက်ကို လျှောက်လာနေပြီ"
"သူ့လက်မှာ ရှန်ပိန်ခွက်နဲ့ ဆိုတော့ ဒီနေ့
လွီချန်းချန်းကို ရှန်ပိန်နဲ့ ပက်မလို့လား"
"လွီချန်းချန်းလည်း သနားပါတယ်နော် ဒီလိုလူမျိုးနဲ့
တွေ့ရတယ်လို့"
"ဒါပေမယ့် အဲ့ဒိ လွီချန်းချန်းကလည်း ဆန်းကျယ်တာအေ။
သူများတောင် အရှက်မခွဲရသေးဘူး ကြိုသိနေတဲ့အလား အစ်ကို စုဟန်အနောက်မှာ ပုန်းနေတယ်လေ"
ဝမ်ယွီထုံ စုဟန်အနားရောက်ဖို့ သုံးပေလောက်အကွာမှာ
စုဟန်တစ်ယောက် ဝမ်ယွီထုံကို အနည်းငယ် ပြောဆိုလိုက်ဖို့ ပါးစပ်ကို ပြင်လိုက်သည်။
သို့သော် တစ်စက္ကန့်အတွင်းမှာပဲ ထိုအမျိုးသမီးသည်
သူ့ကို စောင်း၍ပင်မကြည့်ပဲ သူ့ကို လုံးဝ မသိသည့်အလား သူ့ဘေးမှ ဖြတ်လျှောက်သွားလေသည်။
စုဟန်မယုံကြည်နိုင်ပဲ ကြောင်အသွားမိကာ အချိုပွဲတန်းကို
ပြေးသွားသော ဝမ်ယွီထုံကို ကြည့်လိုက်သည်။ ဝမ်ယွီထုံကတော့ အချိုပွဲတန်းပေါ်မှာ တည်ခင်းထားသည့်
ဟော်လိုဝင်း ဖရုံသီးမီးအိမ်ပုံစံ လုပ်ထားသည့်ကိတ်မုန့်များကို စိတ်ဝင်တစားကြည့်နေ၏။
သူမ၏ ရှည်လျားကာ လှိုင်းကြီးကောင်နေသော ဆံကေသာကို
လက်တစ်ဖက်ဖြင့် ကိုင်ထားပုံက အနောက်ဘက်က ကြည့်လျင် နူးညံ့သိမ်မွေ့သည့်အလှတရားကို ဖော်ညွှန်းနေကာ
ကျောက်စိမ်းကဲ့သို့တောက်ပနေ၏။
စုဟန် အထင်အမြင်သေးသည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ကာ
ဝမ်ယွီထုံကို ပြန်လှည့်မကြည့်တော့ပေ။
ဝမ်ယွီထုံကတော့ ရွှေဖရုံသီးကိတ်ကိုစားရင်း အချိုပွဲတန်းပေါ်
အလှဆင်ထားသည့် ဟော်လိုဝင်းစတိုင် ရွှေဖရုံသီးမီးအိမ် အသေးစားလေးကို သဘောကျနေသည်။ ဒီမီးအိမ်လေးက
ချစ်စရာကောင်းလိုက်တာ ကျိုးရှောင်ယွီဆို မြင်တာနဲ့ သဘောကျမှာပဲ။ ထိုကဲ့သို့တွေးကာ အိမ်ပြန်ရောက်လျင်
ရှောင်ယွီလေးကို ပြရန် ဖုန်းထုတ်လိုက်ပြီး ဓာတ်ပုံ တစ်ချို့ရိုက်လိုက်သည်။
"ယွီထုံ မတွေ့ရတာကြာပြီနော် " ဝမ်ယွီထုံ သူမနောက်မှ အသံကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ
အနက်ရောင်ဘုန်းကြီးဝတ်စုံနှင့် သူမကို မက်မွန်သီးကဲ့သို့အပြုံးပြုံးပြနေသော အမျိုးသား
တစ်ဦးကို တွေ့လိုက်ရသည်။
"ဒီည အရမ်းလှနေတယ်နော်"
စနစ် - " ဒါ သွမ့်ရိပဲ။ သွမ့်မိသားစုရဲ့
အကြီးဆုံးသားး။ဒီဟော်လိုဝင်းပါတီစီစဉ်တဲ့သူပဲ"
ဝမ်ယွီထုံလည်း အလိုက်သင့် ယဉ်ကျေးစွာခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။
"ဟယ်လို အစ်ကိုသွမ့်"
"ဒီမီးအိမ်လေး ကြိုက်လို့လားး?" သွမ့်ရိ
မီးအိမ်လေးကို ကောက်ယူကာ ဝမ်ယွီထုံ လက်ထဲ ထည့်ပေးလိုက်သည်။ "ကြိုက်ရင် ယူသွားလိုက်လေ"
ဝမ်ယွီထုံ မျက်လုံး အရောင် တောက်ပသွားကာ မီးအိမ်ကို
အိတ်ထဲ ထာည့်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးပါ အစ်ကိုသွမ့် ဒီညပါတီ အပြင်အဆင်တွေက
အရမ်းလှပြီး အစားအသောက်တွေကလည်း အရမ်းအရသာရှိပါတယ်"
"ပါတီမှာ ပျော်လိုက်ပါဦး" သွမ့်ရိက ရှန်ပိန်ခွက်ကို မြောက်ကာ ဝမ်ယွီထုံ၏ ခွက်နှင့်အသာ
တိုက်လိုက်သည်။ ထို့နောက် ဝမ်ယွီထုံ ဘေးဘီကြည့်လိုက်ကာ မရည်ရွယ်ပဲ မေးခွန်း တစ်ခုမေးလိုက်သည်။
"ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ"
နောက်မှ သူ၏အကြည့်ထဲ အရိပ်အမြွက်တစ်ခု ဖျတ်ကနဲ
ပေါ်လာကာ "ဟုတ်ပြီလေ ပါတီမှာပျော်လိုက်ဦးနော် တစ်ခုခုလိုရင် အစ်ကို့ဆီလာခဲ့ပါ
" ဟု ပြန်ပြောလိုက်သည်။
ဝမ်ယွီထုံလည်း ပြုံးပြကာ "ဟုတ်ကဲ့ပါ အစ်ကိုသွမ့်
" ဟု ပြန်ပြောလိုက်သည်။
ဝမ်ယွီထုံ ရွှေဖရုံသီးပုံကိတ်စားပြီးနောက် ဟော်လိုဝင်းပါတီ၏
အစီအစဉ်တင်ဆက်သူက မိုက်ခရိုဖုန်းကိုင်ကာ တက်ကြွသည့်အသံဖြင့် ကြေညာ စကားပြောလာသည်။
"ကျွန်တော်တို့ရဲ့ ပထမဆုံးဂိမ်းကို စလိုက်ကြရအောင်...
ပါတီထဲ စဝင်လာတုန်းက လူတိုင်းကို သင်္ကေတ ပုံကတ်ကလေးတွေ
ဝန်ထမ်းတွေက ပေးထားပါတယ်။ ကိုယ့်မှာရှိတဲ့ ကတ်ကပုံနဲ့ကိုက်ညီတဲ့ ပုံကို ပါတီထဲက တစ်ခြားလူဆီမှာ
လိုက်ရှာပြီး အဲ့ဒိ သူနဲ့ ဒီည ကရမှာ ဖြစ်ပါတယ်။ ကိုယ်ရထားတဲ့ ကတ်တွေကို ပြောင်းလို့မရပါဘူး။
စည်းကမ်းကို မလိုက်နာရင်တော့ ဒီညနဲ့ အထူး ဟော်လိုဝင်းပါတီအထူးအပြစ်ပေးခြင်းကို ခံယူရမှာဖြစ်ပါတယ်"
လူတိုင်းသက်ပြင်းချနေစဉ် ဝမ်ယွီထုံ သူမကတ်ကိုကြည့်လိုက်ရာ
မြွေအမြီးနှင့် မှင်စာဘီလူးပုံဖြစ်နေသည်။
စနစ် -
" ဝိုးးး စိတ်ဝင်စားစရာပဲ ဒီညတော့ မင်းEx နဲ့ တွဲကရတော့မယ်"