Ch-3
Viewers 83


Unicode


စုချီယွဲ့က ထန်ယဲ့၏ အရှေ့စကားတစ်ဝက်ကို သဘောတူပါ၏။ ကျောင်းသားတွေဟာ သူတို့ရဲ့ စာလေ့လာမှုမှာ အမှန်တကယ် အာရုံစိုက်သင့်သည်။ 


အထူးသဖြင့် မူလပိုင်ရှင်လိုမျိုး အသိပညာညံ့ဖျင်းသူတွေဆိုရင်ပေါ့လေ။ သူက ကျိုးရှင်းယဲ့ဆီမှာ ပိုက်ဆံနှင့် ပစ္စည်းတွေကို ဘယ်လိုတောင်းရမလဲ၊ ချမ်းသာတဲ့သူတွေကို ဘယ်လိုမြူဆွယ်ရမလဲဆိုတာကိုပဲ တစ်နေကုန် တွေးတောကြံဆနေတတ်တာလေ။ အဲဒီတော့ သူရဲ့ကိုယ်ပိုင်စာလေ့လာမှုမှာ အာရုံစိုက်ဖို့ ဘယ်လိုလုပ်ပြီး အချိန်ရှိမှာတုန်းနော်။  


ထန်ယဲ့၏ ဒုတိယစကားတစ်ဝက်ကိုမူ အနာဂတ်မှာ ပိုကောင်းတဲ့ တစ်စုံတစ်ယောက်နှင့် သူ တွေ့လိမ့်မယ်ဆိုတာကိုတော့ သူမသိတဲ့အတွက် မေ့ထားလိုက်မယ်။ 


သူ အရင်ဆုံးလုပ်ရမှာက ဇာတ်ကြောင်းထဲက သွေဖယ်အောင် ထွက်ရမှာပဲ။ မဟုတ်ရင် ဘယ်တော့သေသွားမယ်ဆိုတာ သိလိုက်မှာမဟုတ်ဘူးလေနော်။ မူရင်းဇာတ်ကွက်က ဘယ်လောက်အစွမ်းထက်မလဲဆိုတာ ဘယ်သူသိနိုင်မလဲလေ


စုချီယွဲ့ : "ဟုတ်ကဲ့ ကျွန်တော် ကြိုးကြိုးစားစား စာလုပ်မှာပါ"  


ထန်ယဲ့ ခေါင်းညိတ်လိုက်ပြီးနောက် "ကျန်းချန်တက္ကသိုလ်ကိုမောင်း" လို့ ဒါရိုက်ဘာကို ပြောလိုက်၏။ 


စုချီယွဲ့သည် ထန်ယဲ့က တကယ့်ကို နူးညံ့သိမ်မွေ့ပြီး စာနာတတ်တယ်လို့ ပို၍ပို၍ ခံစားနေမိသည်ပင်။ ဒီတော့ Idolတွေက သူတို့ရဲ့ ပရိသတ်တွေကို ဒီလိုပုံစံနဲ့ ဂရုစိုက်ကြတာလား


မဟုတ်သေးဘူး၊ သူက ကျန်းချန်တက္ကသိုလ်က ကျောင်းသားတစ်ယောက်လို့ လုံးဝမပြောခဲ့ဘူးလေ။ သူ ကျန်းချန်တက္ကသိုလ်မှာ တက်နေတာလို့ ထန်ယဲ့က ဘယ်လိုသိတာလဲဟ


စုချီယွဲ့ သူ့နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး ခေါင်းအနည်းငယ် လှည့်ကြည့်လိုက်ရာ ထန်ယဲ့ အိပ်ပျော်နေပုံရတာကို တွေ့ရှိလိုက်ရ၏။ အခုတော့ သူ ဘာမေးခွန်းမှ ထပ်မေးလို့မရတော့ဘူးပေါ့။ 


စုချီယွဲ့ နေ့ခင်းဘက်တွင် အရမ်းအိပ်ထားခဲ့သည်ဖြစ်၍ ယခုအခါ လုံးဝအိပ်ငိုက်မနေတာကြောင့် ဖိုရမ်ကိုပဲ အကြမ်းဖျင်းလျှောက်ကြည့်နေလိုက်သည်။ 


သူ Weiboကို မဖတ်ချင်သလို hot searchရဲ့ စာရင်းတစ်ဝက်ဟာ ထန်ယဲ့က နေရာယူနေမယ်ဆိုတာ သိနေပြီးဖြစ်၏။ ထို့အပြင် ကျိုးရှင်းယဲ့အကြောင်းချည်းပဲ ပြည့်နေတဲ့ မူလပိုင်ရှင်ရဲ့ Weibo accကို သူ မသုံးချင်ပါပေ။ သူ ပြန်ရောက်တဲ့အခါမှ သူ့ကိုယ်ပိုင် Weibo acc ထပ်ဖွင့်လိုက်တော့မယ်။ 


ကျန်းချန်တက္ကသိုလ်၏ ဖိုရမ်အများစု၌ ထန်ယဲ့အကြောင်း ဆွေးနွေးနေကြလိမ့်မယ်လို့ စုချီယွဲ့ ထင်ထားခဲ့သော်လည်း ပထမစာမျက်နှာတွင် အလွန်hotနေတဲ့ ပို့စ်တစ်ခု ပေါ်လာလိမ့်မယ်လို့ သူမျှော်လင့်မထားမိခဲ့ပေ။ 


[ငါ့ရဲ့ ရှင်းယွဲ့ CP BEသွားပြီ [😭][😭][😭]] 


ပို့စ်ပိုင်ရှင်: ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရ ကျန်းချန်တက္ကသိုလ်က ငါတို့ရဲ့ အပြီးပြည့်စုံဆုံး CPဖြစ်တဲ့ ရှင်းယွဲ့ CPကလေ! ဒီညမှာ BEဖြစ်သွားပြီတဲ့! ငါ့နှလုံးသားလေး နာကျင်နေရပြီဟာ။ ဒီCPနောက် ငါလိုက်ခဲ့တာ သုံးနှစ်လောက်ရှိပြီကို၊ ငါ့ရဲ့ CPက အမြဲမှန်ကန်ခဲ့တာ။ မနေ့တုန်းက ငါ့ရဲ့ CPဟာ ပွဲခန်းမထဲမှာ ခွေးစာတွေကျဲနေတုန်းပဲကို၊ ဒါပေမဲ့ ဒီနေ့တော့ အဆုံးသတ်သွားပြီတဲ့။ သူတို့နှစ်ယောက်ကို ကျောင်းယူနီဖောင်းကနေ ဘွဲ့ဝတ်စုံယူနီဖောင်းအထိ အတူတူမြင်နိုင်လိမ့်မယ်လို့ ငါထင်ခဲ့ပေမယ့် ငါ့ရဲ့အိပ်မက်လေးကတော့ ကွဲကြေသွားရပြီပဲ။ ငါမေးချင်တာက ငါ့ရဲ့ ဝမ်းနည်းမှုတွေကို ဘယ်သူနားလည်ပေးနိုင်မလဲလို့


(BE = bad ending) 


1L: နင် ငါ့ကို နောက်နေတာလား? ဒီမနက်ကပဲ ကျိုးရှင်းယဲ့က စုချီယွဲ့အတွက် မွေးနေ့လက်ဆောင်ပေးဖို့ တစ်ခုခုသွားရွေးနေတာကို ငါ တွေ့လိုက်တယ်လေ... 


2L: ဘာပဲဖြစ်ဖြစ် ငါကတော့ ကျိုးရှင်းယဲ့က စုချီယွဲ့ နဲ့ လမ်းခွဲမယ်ဆိုတာ မယုံပါဘူးနော်။ ကျိုးရှင်းယဲ့က စုချီယွဲ့ကို ဘယ်လောက်ချစ်သလဲဆိုတာ လူတိုင်းမြင်နိုင်တာပဲလေ... 


3L: ငါကတော့ သုံးနှစ်ကြာကြိုက်ခဲ့ပြီးတဲ့နောက် ရပ်တန့်လိုက်ပြီလေ။ ဒါက ဝတ္ထုထဲက ဇာတ်ကွက်ဖြစ်ကောင်းဖြစ်နိုင်တယ်နော်... 


4L: ... 


အပေါ်ထပ်ရှိ လူများစွာဟာ ကျိုးရှင်းယဲ့နှင့် စုချီယွဲ့တို့ လမ်းခွဲလိုက်တယ်ဆိုတာကို မယုံကြည်ခဲ့ကြပေ။ OP(ပို့စ်ပိုင်ရှင်)က သူ့ထုတ်ပြန်ချက်ကို အတည်ပြုဖို့ ထွက်လာခဲ့သည်။ 


89L: OP - ငါကျိန်ရဲပါတယ်နော်၊ ကျိုးရှင်းယဲ့တို့ လမ်းခွဲလိုက်ကြပြီ။ မနက်ဖြန်ကျ သူတို့ အတူတူရှိနေခဲ့ရင် ငါ ပေါင်၃၀တက်ပါစေ... 


90L: OPက မိန်းကလေးလား? ဒါဆိုရင်တော့ ဒီသစ္စာစကားဟာ အဆိပ်သင့်လောက်အောင် ပြင်းတာပဲပေါ့။ ငါ နင့်ကို လေးစားပါတယ်


91L: ငါ Weiboကို ခဏလောက်သွားကြည့်လိုက်တော့ အခု သူတို့ လမ်းခွဲသွားတယ်ဆိုတာ ယုံမိသလိုလိုပဲ... 


92L: ငါ Weiboကို ဖတ်ပြီး ပြန်လာတဲ့အခါ ထင်ယောင်ထင်မှားဖြစ်မိသလိုပဲ။ ထန်ယဲ့က စုချီယွဲ့ကို မကြိုက်လောက်ပါဘူးနော် ဟုတ်တယ်မလား? သူ့အကြည့်တွေက အရမ်းချစ်မြတ်နိုးနေသလိုပဲ။ 


... 


130L: ကျိုးရှင်းယဲ့က လက်မှတ်တွေရဖို့ ကူညီပေးခဲ့တာလို့ ကြားမိတယ်။ ဒါက အချစ်ပြိုင်ဘက်လက်ထဲကို တွန်းပို့လိုက်တယ်ဆိုတဲ့သဘောလားဟေ့။ မညှာမတာရယ်မိလို့ ငါ့ကို ခွင့်လွှတ်ပေးကြပါ ဟားဟားဟား.... 


131L: ဒါပေမယ့် ထန်ယဲ့က စုချီယွဲ့ကို ချစ်မိသွားလိမ့်မယ်လို့ နင်တို့ တကယ်ယုံကြတာလား? ဝါရင့်ထန်ပရိတ်သတ်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ငါတို့မိသားစု ကောကောရဲ့ ကြိုးနီလေးက ယွဲ့လောင်သိုးမွှေးဘောင်းဘီရှည်ကို ဖန်တီးထားတာဖြစ်နိုင်တယ်လို့။ သူက ဘယ်သူနဲ့မှ ချစ်မိသွားလိမ့်မှာမဟုတ်ဘူး။ သူ့ပရိသတ်တစ်ယောက်အနေနဲ့ကတော့ အတူတူပါပဲ


132L: အပေါ်ထပ်ရေ ဒီလိုဆို ကျိုးရှင်းယဲ့က မနာလိုဖြစ်နေတာပဲ ဖြစ်ရမယ်... 


133L: ယောက်ျားတစ်ယောက်ရဲ့ မနာလိုမှုက အရမ်းမြန်မြန်ပဲ ရောက်လာတာပဲလေ။ နှစ်ယောက်သား ပြန်လည်သင့်မြတ်သွားဖို့ စောင့်မျှော်နေပါတယ်နော်... 


134L: ငါလည်း သင့်မြတ်စေချင်ပါတယ်ဟေ့... 


... 


မူလပိုင်ရှင်နှင့် ကျိုးရှင်းယဲ့တို့အကြောင်းကို လူတိုင်းဆွေးနွေးနေကြသည်အထိ ကျောင်းတွင် ဒီလောက်ရေပန်းစားမယ်မှန်း စုချီယွဲ့ မသိခဲ့ရိုးအမှန်ပင်။ 


သို့သော် ဒီOPက အရမ်းအစွမ်းထက်လှ၏။ သူတို့ အခုလေးတင် လမ်းခွဲလိုက်ရုံရှိသေး၊ ပို့စ်ကို မိနစ်ပိုင်းအတွင်းမှာ တက်လာတာပဲနော်... 


ထန်ယဲ့သည် သူ့ဘေးက စုချီယွဲ့ တိတ်ဆိတ်သွားသည်ကို သတိပြုမိသွား၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ အနှီကောင်လေးက မိုဘိုင်းလ်ဖုန်းပေါ်မှာ အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ 


သူ ရည်ရွယ်ချက်ရှိရှိ ခေါင်းလှည့်ကြည့်လိုက်တာ မဟုတ်သော်လည်း သူ့ဖုန်းပေါ်ရှိ ပို့စ်ကို တွေ့လိုက်ရသည်။ ဖိုရမ်ခေါင်းစဉ်မှာ ကြီးမားလွန်းနေသလို အနီရဲရဲ "hot" စကားလုံးမှာ ထင်ရှားနေလျက်။ 


ထန်ယဲ့ ပို့စ်အကြောင်းအရာကို ရုတ်တရက် သိချင်သွားမိ၍ သူ့ဖုန်းကို ထုတ်ကာ ဖိုရမ်ထဲသို့ ဝင်လိုက်၏။ 

မင်းတို့သိကြတဲ့အတိုင်းပါပဲ...  သူက ကျင်းချန်တက္ကသိုလ်မှာ တစ်နှစ်လောက် ပညာသင်ခဲ့တယ်လေ၊ ပြောရရင်တော့ သူက စုချီယွဲ့ ရဲ့ စီနီယာပဲပေါ့။ 


ထန်ယဲ့ ပို့စ်အောက်ရှိ ပြန်စာများကို အမြန်ကြည့်ရှုလိုက်ရာ... 


659L: ငါကတော့ သူတို့နှစ်ဦး ပြန်အဆင်ပြေမယ့် မျှော်လင့်ချက်ကို မတွေ့မိပေမယ့် ငါ့ရဲ့ CP အသစ်လေး "စုရှင်းထန်" အတွက်တော့ အကောင်းမြင်မိပါတယ်နော်... 


660L: "စုရှင်းထန်"ရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလားလို့


661L: စုချီယွဲ့နဲ့ ထန်ယဲ့တို့ရဲ့ နောက်ဆုံးအမည်တွေနဲ့ ဆက်စပ်နေတယ်လို့ ငါတော့ ထင်တာပဲ...  


662L: သူတို့ရဲ့ရုပ်ရည်ကိုကြည့်လိုက်ရုံနဲ့တင် ထန်ယဲ့နဲ့ စုချီယွဲ့တို့က အရမ်းလိုက်ဖက်နေလိုက်တာဟယ်


663L: ဒီည စုချီယွဲ့က ထန်ယဲ့ကားကိုစီးပြီး ကျောင်းပြန်လာမှာလို့ ငါကြားမိတယ်နော်။ သူတို့ဆက်ဆံရေးက အတည်မပြုရသေးဘူးလားဟ


66​4L: မကြာခင် CP ပရိသတ်တွေ ရှိလာတော့မှာလား? လာကြ လာကြ၊ ငါ အချိန်အကြာကြီး မဲပေးလို့ရမယ့် votingပို့စ်အသစ်တစ်ခု ဖွင့်လိုက်မယ်နော်၊ ကျေးဇူးပြုပြီးတော့ "ရှင်းယွဲ့" ဒါမှမဟုတ် "စုရှင်းထန်"ကို လာမဲပေးကြနော်


... 


ထန်ယဲ့ ဒီပို့စ်ကနေ ထွက်လိုက်ပြီး votingပို့စ်ကို ရှာကာ "စုရှင်းထန်"ကို ပြတ်ပြတ်သားသား ကလစ်လိုက်ပြီး သူ့ရဲ့ဖိုရမ်အကောင့်နာမည်ကို 'စုရှင်းထန်က အစစ်အမှန်ပဲ'ဆိုပြီး နာမည်ပြောင်းလိုက်သည်။ ထို့နောက် သူ ဖိုရမ်က ထွက်လိုက်ပြီး ဆက်အိပ်လိုက်တော့သည်။ 


စုချီယွဲ့ ပို့စ်ကို ဆက်ကြည့်နေရင်းမှ နောက်ဆုံးတွင် ဦးတည်ချက်ပြောင်းလဲသွားပြီဆိုတာကို သိလိုက်ရသည်။  


"စုရှင်းထန်"က ဘယ်ကနေဘယ်လို ပေါ်လာတာလဲဟ? သူလည်း ဖရဲသီးစားရန် စပ်စုလိုစွာဖြင့် votingပို့စ်ကို သွားကြည့်လိုက်ရာ "စုရှင်းထန်"ကို ၃၀%လောက် ရွေးချယ်ထားတာကို တွေ့ရှိလိုက်ရ၏။ 


စုချီယွဲ့သည် ဒီလူတွေက အတွေးလွန်နေတာပဲလို ပို၍ပို၍ ခံစားလာမိပေသည်။ သူနှင့်ထန်ယဲ့က လုံးဝကို ပြိုင်မျဉ်းနှစ်ကြောင်း ဖြစ်နေတာလေနော် ဟုတ်ပြီလား


စုချီယွဲ့ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ အနှီပြိုင်မျဉ်းက အိပ်ပျော်နေသေးဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။ စုချီယွဲ့က သူတို့မြင်ရအောင် ဓာတ်ပုံတစ်ပုံ အမှန်တကယ်ရိုက်ချင်ခဲ့သည်ပင်။ အနှီလူက အရမ်းသတိထားတတ်သူပင်၊ ကြည့်လေ သူတို့တောင် သူ့အဝတ်ထောင့်ကို ထိလို့မရဘူးလေ။ 


ရုတ်တရက် စုချီယွဲ့ ပုခုံးနစ်ဝင်သွားရကာ ထန်ယဲ့ခေါင်းဟာ သူ့ပုခုံးပေါ်မှာ မှီရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို တွေ့လိုက်ရ၏။ 


စုချီယွဲ့ မလှုပ်ရှားဝံ့တော့ပေ။ အင်းလေ မျှော်လင့်ထားတဲ့အတိုင်းပါပဲ... ငါတို့ရဲ့ အဝတ်ထောင့်တွေ ထိတာမဟုတ်ဘဲ ပုခုံးပေါ်မှာပဲ မှီနေရုံလေးပါပဲလေ... 


စုချီယွဲ့ သူ့ကိုယ်သူ ရုပ်တုတစ်ခုလိုမျိုး ပိုမိုခံစားလာရပြီး ထန်ယဲ့၏ လန်းဆန်းတဲ့ အသက်ရှုသံမှာ သူ့နှာခေါင်းထဲသို့ တည့်တည့်တိုးဝင်လာခဲ့သည်။ ယင်းမှာ အလွန်သန့်ရှင်းပြီး အနံ့အသက်ကောင်းမွန်လှသည်လေ။ 


စုချီယွဲ့က သူ့ခေါင်းကို အနည်းငယ်ရွှေ့လိုက်ရာ သူ့နားရွက်ဟာ ထန်ယဲ့ဆံပင်တွေနဲ့ ထိသွားတဲ့အခါ ယားယံသွားရသဖြင့် ထိတ်လန့်သွားရကာ အလျင်စလိုပြန်လှည့်လိုက်ရသည်။ 


နောက်ဆုံးတွင် ကားရပ်သွားခဲ့ပြီး ညမှောင်မှောင်ထဲတွင် "ကျင်းချန်တက္ကသိုလ်" ဆိုသော စကားလုံးမှာ အလွန်ဖမ်းစားဖွယ်ကောင်းနေလျက်။ ဒါရိုက်ဘာက နောက်ပြန်လှည့်ကြည့်ကာ စကားပြောတော့မည့်အချိန်တွင် စုချီယွဲ့က "ရှူး"ဆိုတဲ့ အမူအရာလုပ်ပြလိုက်သည်။ 


လူတွေရဲ့ အိပ်မက်ကို နှောင့်ယှက်တာ မကောင်းဘူးလေနော်။ ထို့ကြောင့် သူလည်း လိုက်ပို့ပေးခအဖြစ် ခဏလောက် ထန်ယဲ့ ခေါင်းအုံးအဖြစ် အလကားလုပ်ပေးနိုင်ပါတယ်နော်။  


xxx