အပိုင်း ၁၃၅
Viewers 24k

Chapter 135

 ငရုတ်​​ကောင်းပါ​သော မူး​ယစ်​စေသည့် ကြက်သား


ထ​န်​ချောင်း​ချောင်း ထိုဓါတ်ပုံကို လိုချင်​နေပြီး ရှန်းယွဲ့က သူမ​ပြောလိုက်လိုက်ချင်း သူမ၏ အ​တွေးများကို သိထားပြီးသားပင်။ တစ်ချိန်ချိန်တွင် သူမက ​သေချာ​ပေါက် ထိုပုံကို သုံးပြီး သူ့ကို ချိန်း​ခြောက်လိမ့်မည်ပင်။


ရှန်းယွဲ့က ပြုံးကာ ဆိုသည်။ "မင်းကို ​ပေးလို့လည်း ကိစ္စမရှိဘူး... ဒါ​ပေမယ့် အလကား​တော့ မ​ပေးနိုင်ဘူး"


ထန်​ချောင်း​ချောင်း: "ရှင်က​တော့​လေ တကယ်ပဲ လူ​တွေကို အဆုံးထိ အ​ရေခွံလိုက်နွှာတတ်တဲ့ အရင်းရှင်သူ​ဌေးဆိုးကြီးနဲ့ တူတူလာရတာလဲ... ဓါတ်ပုံ​ဟောင်း​လေးတစ်ပုံ​ပေးတာ ဘာများ ဖြစ်မှာမို့လဲ... ကျွန်မမှာ ရှင့်ရဲ့ အရင်တုန်းက ဓါတ်ပုံ​ဟောင်း​တွေ တစ်ပုံမှ မရှိတဲ့ဟာ" 


ရှန်းယွဲ့၏ နက်​မှောင်​နေ​သော မျက်လုံးများ လက်သွား​လေသည်။ သူက ရုတ်တရက်ပင် လှုပ်ရှားလိုက်ကာ ထန်​ချောင်း​ချောင်းကို စင်​ပေါ်တွင် ဖိထားလိုက်သည်။ ထို​နေရာ​လေးမှာ မူလကတည်းက သီးသန့်​နေရာ​လေး ဖြစ်ကာ ရုတ်တရက်ပင် ​လေထုက ပူပြင်းကာ ​ခြောက်​သွေ့လာ​တော့သည်။ 


ထန်​ချောင်း​ချောင်းက အထစ်ထစ်​အ​ငေါ့​ငေါ့ဖြင့်ပင် "ရှင်... ရှင်ဘာလုပ်ချင်​နေတာလဲ"


ရှန်းယွဲ့: "မင်း​ရော ဘယ်လိုထင်လို့လဲ..."


ထန်​ချောင်း​ချောင်း: "ရှင်ဒီလို လုပ်​နေမယ်ဆိုရင် တစ်​ယောက်​ယောက်ကို ​အော်​​ခေါ်လိုက်မှာ" 


ရှန်းယွဲ့: "လုပ်ကြည့်​လေ... မင်းလည်​​ချောင်း ကွဲသွားရင်​တောင် ဘယ်သူမှ လာမှာမဟုတ်ဘူး... ဒီ​နေရာမှာ မင်းအသံကို ဘယ်သူမှ မကြားနိုင်ဘူး"


ထန်​ချောင်း​ချောင်းက အမှန်တကယ်ပင် နှစ်ကြိုမ်မျှ ​အော်လိုက်ပါ​သေးသည်။ "လည်​ချောင်းကွဲပြီ... လည်​ချောင်းကွဲပြီ"


သူမ​အော်ပြီးသွားသည်နှင့် နှစ်ဦးသားက တစ်​ယောက်ကို တစ်​ယောက် ကြည့်ကာ ရုတ်တရက် ရယ်ချမိ​သွားတော့သည်။


ထန်​ချောင်း​ချောင်းက တီးတိုး​ပြောလိုက်သည်။ 


"ဒီလို ​ကျောင်းပစ္စည်းတွေရဲ့ အနားမှာ ရှိ​နေရတာ ​ကျောင်းသားနှစ်​ယောက်က ဒီ​နေ​ရာမှာ လာပုန်းပြီး တိတ်တိတ်​လေး ချိန်း​တွေ့​နေကြသလို ခံစားရတယ်"


ရှန်းယွဲ့က မျက်ခုံးပင့်လိုက်သည်၊


 "မင်းကိုကြည့်ရတာ အ​တွေ့အကြုံ အများကြီး ရှိပုံပဲ"


ထန်​ချောင်း​ချောင်း မျက်​တောင်ခတ်လိုက်သည်။ "ဘာလို့လဲ... သဝန်တို​နေတာလား"


ရှန်းယွဲ့က ရုတ်တရက်ပင် သူမ၏ ခါးတစ်ဝိုက် ​ပွေ့ဖက်လိုက်သည်။ 


"အရင်တုန်းက ကိစ္စ​တွေ​ကြောင့်နဲ့ ကိုယ်သဝန်တိုမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် မင်း အခု ကိုယ့်လက်​မောင်း​တွေထဲမှာ ​ရောက်​နေပြီပဲ"


"ရှင် အဆင်​ပြေလို့လား ချိုင်း​ထောက်မပါဘဲ ​သေချာ ရပ်နိုင်​ပြီလား" ထန်​ချောင်း​ချောင်းက အရွှန်း​ဖောက်လိုက်သည်။


ရှန်းယွဲ့က စကားမ​ပြောခင် သူမ၏ နှုတ်ခမ်း​လေးများကို နှစ်ကြိမ်မျှ ခပ်ဖွဖွနမ်းလိုက်သည် 


"မင်းစမ်းကြည့်ရင် သိလိမ့်မယ်"


ထန်​ချောင်း​ချောင်းက ပြုံးလိုက်​လေသည်။


 "တည်တည်ငြိမ်ငြိမ် မရပ်နိုင်​တော့တာ ကျွန်မပဲ"


ထို့​နောက်တွင် စတိုခန်း ကျဥ်းကျဥ်း​လေးထဲမှ လူနှစ်ဦးက စကား​ပြောခြင်းကို ရပ်တန့်လိုက်သည်။ မျက်နှာချင်းဆိုင်​နေကြ​သော အမျိုးသားနှင့် အမျိုးသမီးတို့၏ ပုံရိပ်က မှန်ဘီရို​လေးထက်တွင် ခပ်​ဖျော့​ဖျော့ ပုံရိပ်ထင်​နေ​ပေသည်။ 


၎င်းက ထန်​ချောင်း​ချောင်း ပထမဆုံးအကြိမ်ဖြင့် ရှန်းမိသားစုအိမ်​ဟောင်း၌ ညစာစားခြင်း ဖြစ်​ပေသည်။ မဒမ်ရှန်းက ကိုယ်တိုင် ချက်ပြုတ်လို​သော်လည်း ထန်​ချောင်း​ချောင်းက ​ဆေးရုံတက်​နေစဥ်အတွင်း မဒမ်ရှန်း၏ ​ဆေးဘက်ဝင် စွပ်ပြုတ်များ၏ နှိပ်စက်ခံရမှုပြီး​နောက် သူမ၏ အချက်အပြုတ် စ​ကေးကို အကြမ်းဖျဥ်း နားလည်ထားပြီ ဖြစ်သည်။ ဘယ်လိုလုပ် သူမကို ချက်ပြုတ်ခိုင်းလို့ ဖြစ်ပါ့မလဲ... ရှန်းယွဲ့သည်ပင် သူမကို တားလာခဲ့သည်။


"အ​မေ... မ​နှောင့်ယှက်နဲ့​လေ... အ​မေ့ရဲ့ အချက်အပြုတ် စ​ကေးကို ကိုယ်တိုင် သိ​နေတာပဲ မဟုတ်ဘူးလား"


ထန်​ချောင်း​ချောင်းက တိတ်တဆိတ် ဆွံ့အသွားရသည်။ ထို မသိတတ်​သောသားက သူအ​မေရင်းကိုပင် မျက်နှာသာ မ​ပေး​ပေ။


မဒမ်ရှန်းက ရှန်းယွဲ့၏ ​ကျောကို ရိုက်လိုက်သည်။


 "ပါးစပ်ဆိုးတဲ့​ကောင်​လေး... မင်းအ​မေရဲ့ စ​ကေးက အဲ့​​လောက်​တောင် ဆိုးလို့လား.... အရင်တစ်​ခေါက်တုန်းက မင်းပဲ ငါ့စွပ်ပြုတ်ကို ​ပျော်​ပျော်ကြီး ​သောက်ခဲ့တာပဲ မဟုတ်ဘူးလား"


ရှန်းယွဲ့က အမှန်ကို ​ပြော​နေဆဲပင်။


 "အဲ့ဒါက အ​​မေ အဲ့တာကို အကြာကြီး ပြုတ်ရတာ မလွယ်မှန်း ​တွေ့လိုက်ရလို့​လေ... အမှန်​တော့ အဲ့တာက တကယ်ကြီး ​သောက်ရဆိုးတာ"


'အညှာအတာ မဲ့လိုက်တာ'


ထန်​ချောင်း​ချောင်းက ရှန်းယွဲ့ကို ​လေးစားမှုအပြည့်ဖြင့် လက်မ​ထောင်ပြလိုက်သည်။


ရှန်းယွဲ့ ထိုစကားကို ​ပြောပြီးပြီးချင်းပင် မဒမ်ရှန်း၏ အကြိမ်​ပေါင်းများစွာ ရိုက်ပုတ်ခြင်းကို ခံလိုက်ရသည်။ 


"အွတ်... အွတ်" သူက ကျယ်​လောင်စွာ ​အော်ဟစ်လိုက်သည်။


ထန်​ချောင်း​ချောင်းက ပြုံးလိုက်သည်။ ရှန်းယွဲ့က မဒမ်ရှန်း​ရှေ့တွင် က​လေးတစ်​ယောက်သာ ဖြစ်သွားသည်။


သူမက အ​မေနှင့်သားကို ဆက်၍ ငြင်းခုံခိုင်းလိုက်ပြီး မီးဖို​ချောင်အတွင်းသို့ ​လျှောက်သွားလိုက်သည်။ သူမက ဟင်းပွဲများ ပြင်ဆင်​ပေး​​နေ​သော ထမင်းချက်ကို ခဏနားခိုင်းလိုက်ပြီး ​အေပရွန် ဝတ်ကာ ညစာစတင် ချက်ပြုတ်​တော့သည်။


သူမက ချက်ပြီး​သား ဟင်းနှစ်ပွဲ ယူလာခဲ့သည်။ ​သေချာစဥ်းစားပြီး​​နောက် သူမက ခြ​​​ေင်္သ့​ခေါင်း အသားလုံးနှပ်၊ ကြက်သွန်မြိတ် သိုးက​လေးအသား​ကြော်နှင့် ​ဆေးဘဲဥပါ​သော ရာသီစာ အသီးအရွက် ဟင်းချိုတို့ကို ပြုလုပ်ခဲ့သည်။


မဒမ်ရှန်းက သူမသားကို သင်ခန်းစာ​​ပေးပြီး​နောက် ထန်​ချောင်း​ချောင်းကို ကူညီရန် မီးဖို​ဆောင်အတွင်းသို့ ဝင်လာခဲ့သည်။


သူမက ငယ်စဥ်ကတည်းက အိမ်အလုပ်များနှင့် မထိ​တွေ့ခဲ့ရ​သော်လည်း သင်ယူလိုစိတ် ရှိခဲ့သည်။ သူမက ယခုမှစ၍ ထန်​​ချောင်း​ချောင်း မီးဖို​ချောင် အတွင်းသို့ ဝင်လိုက်သည်နှင့် သူမသည်လည်း ထပ်ကြပ်မကွာ လိုက်သွားမည်ဟု ဆုံးဖြတ်ချက်ချထားသည်။


'​သောက်​ကောင်​လေး... မင်းမျက်နှာကို အ​မေ ဖြတ်ရိုက်မှာ ​စောင့်​နေလိုက်'


ထန်​ချောင်း​ချောင်းက မဒမ်ရှန်း ဤသို့ ဆုံးဖြတ်ထားသည်ကို သိလိုက်ရ​သောအခါ သူမကို တစ်ဆင့်ချင်း သင်ကြား​ပေးလိုက်သည်။ သခင်မကြီးက အလွန်​​လေးနက်စွာ သင်ယူခဲ့ပြီး ​နောင်တစ်ခါ ပြန်လည်​လေ့လာရန်အတွက် လုပ်ငန်းစဥ်ကို မှတ်တမ်းယူရန် ဗီဒီယိုကင်မရာတစ်ခုကိုပါ ဝယ်ခဲ့လိုက်​သေးသည်။


မကြာခဏ ချက်ပြုတ်​လေ့ မရှိ​သော သခင်မကြီးကို မကြည့်ပါက သူမတွင် မြင့်မား​သော သင်ယူလိုစိတ် ရှိပေသည်။ ထန်​ချောင်း​ချောင်းသည်လည်း ဆရာတစ်​ယောက်အ​နေဖြင့် ထူးချွန်​​လှပေသည်။


မဒမ်ရှန်းက အသီးအရွက်များ ​ဆေး​နေပြီး ရုတ်တရက်ပင် သူမအနားသို့ လျှို့ဝှက်ဆန်းကြယ်စွာ ချဥ်းကပ်လာသည်။ 


"​ချောင်း​ချောင်း ခုနတုန်းက သူ့အခန်းထဲက ဓါတ်ပုံ​တွေ ​တွေ့ခဲ့လား"


ထန်​ချောင်း​ချောင်းက အံ့သြတကြီး ဖြစ်သွားသည်။ "အဲ့ဒါကို အ​မေ ထားထားတာလား"


"ဟမ့် ဟမ့်" မဒမ်ရှန်းက ​အောင်ပွဲခံ​နေပုံဖြင့် ပြုံးလိုက်သည်။ 


"အဲ့ဒီ ကြွက်စုတ်​လေးက ဓါတ်ပုံကို ဖျက်စီးလိုက်ပြီးပြီလို့ ထင်​နေတာ​လေ... ဒါ​ပေမယ့် ငါ အရင်ကတည်းက အဲ့ပုံကို ပြန်ယူထားတယ်ဆိုတာ သူမသိရှာဘူး"


ထန်​ချောင်း​ချောင်း: 'အိုဟိုး... ပိုရင့်တဲ့ ဂျင်း​တက်က ပိုစပ်ပါလား​ဟေ့'


"ရှန်းယွဲ့က ငယ်ကတည်းက ထူးဆန်းတဲ့ စိတ်အ​ခြေအ​နေရှိတဲ့ ​ကောင်​လေး​လေ... သူနဲ့ အသက်တူတဲ့ ​ဆော့ကစားရတာ ကြိုက်တဲ့ ​အခြား ကောင်​လေး​တွေနဲ့ မတူဘဲ ပြိုင်ပွဲ​တွေကိုပဲ စိတ်ဝင်စားခဲ့တာ​... ငါထင်တာ​တော့ သူက ​စော​စောစီးစီး အရွယ်​ရောက်တာ​တော့တာလားလို့...​နောက်ဆုံး​တော့ ဒီလိုမျိုး ထူးကဲတဲ့ ​ဖျော်ဖြေမှု ရှိလာ​ရော​လေ... ငါ့မှာ​​လေ စိတ်လှုပ်ရှားလွန်းလို့ အိပ်မ​ပျော်ခဲ့ဘူး... သူစကပ်ဝတ်ထား​တော့ ဘယ်​​လောက်​တောင် ချစ်စရာ​ကောင်းလိုက်လဲ... အဲ့တစ်ကြိမ်ပဲ ရှိခဲ့တာ စိတ်မ​ကောင်းစရာပဲ...​နောက်​တော့​​လေ သူက အသတ်ခံရမယ်ဆိုရင်​တောင် အဲ့လိုပွဲ​တွေ ဝင်ပါမှာ မဟုတ်​တော့ဘူး" မဒမ်ရှန်းက ဝမ်းနည်း​နေပုံပင်။


"ကျွန်မ ​တွေးကြည့်နိုင်ပါတယ်" ထန်​ချောင်း​ချောင်း ​ပြောလိုက်သည်။


မဒမ်ရှန်းက ဆိုသည်၊ "မင်းလက်ထဲ​ရော ​ရောက်ပြီးပြီလား... သူမ​ပေးရင် ငါ့မှာ ကူးထားတာ​တွေ အများကြီး ရှိ​သေးတယ်"


ထန်​ချောင်း​ချောင်း: '...ဘာလို့များ ​စော​စောကတည်းက မ​ပြောရတာလဲ... အဲ့ပုံ​ကြောင့် မဒမ့်ရဲ့ ပဲအနှစ်အဆာသွပ်လို သား​လေးရဲ့ အသားယူတာကို ခံလိုက်ရတာ​လေ'


မဒမ်ရှန်းက ​ပြောသည်၊ "အနာဂါတ်မှာ သူမင်းကို အနိုင်ကျင့်ရင် အဲ့ပုံကို သုံးပြီး ပြန်ချိန်း​ခြောက်လို့ရတယ်... ဘာပဲဖြစ်ဖြစ် အခု သူ့ကို အင်တာနက်မှာ နာမည်​ကျော်တစ်​ယောက်လို့ ယူဆလို့ရတာပဲ... သူမျက်နှာ မပျက်ရဖို့ မင်းကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး"'


ဒါ အ​မေ အစစ်ပဲ... အာ... ဘာအားမှမသုံးဘဲ သားဖြစ်သူကို တွင်းတူး​ပေး​နေတာ"


'ဒါ​ပေမယ့် ​အရမ်း​တော်တာပဲ'


ထန်​ချောင်း​ချောင်းက ပြန်​ပြောလိုက်သည်။ "တကယ်​တော့ ကျွန်မလည်း အဲ့လိုပဲ စဥ်းစား​နေတာ"


အမျိုးသမီးနှစ်​ယောက်က ချက်ချင်း ​ပျော်ရွှင်သွားကြ​သော်လည်း ဧည့်ခန်းတွင် ထိုင်​နေ​သော ရှန်းယွဲ့မှာ အ​ကြောင်းအရင်း မရှိဘဲ အကြိမ်​ပေါင်းများစွာ နှာ​​ချေ​နေခဲ့သည်။


မကြာမီ ညစာအဆင်သင့်ဖြစ်​ပေပြီ။


စားပွဲ​ပေါ်မှာ ဟင်းပွဲသုံးပွဲကို ထပ်​ပေါင်း၍ ငရုတ်​ကောင်းပါသည့် မူး​ယစ်​စေသော ကြက်သား၊ အစပ်နှစ်နှင့် အမဲသားတို့ပါ ပါ​သေးသည်။ ထိုဟင်းပွဲများက ပြုလုပ်ရန် အချိန်များစွာ ယူရသည့်အတွက် သူမက အိမ်မှာပြင်ဆင်ပြီးမှ ယူလာခဲ့သည်။


ငရုတ်​ကောင်းပါသည့် ယစ်ထုပ် ကြက်က ပြုလုပ်ရန် မရှုပ်​ထွေးပါ​ပေ။ အသားကို အရသာနှပ်ရန် အချိန်ယူရသည်​ကြောင့်သာ။ ငရုတ်​ကောင်းနှင့် ဆားကို အနံ့​လေး​မွေးလာသည်အထိ ​ခြောက်​သွေ့​သော ဒယ်အိုးထဲတွင် ​​​​လှော်ပြီး ကြက်သား​ပေါ်တွင် ညီညီညာညာ ဖြန့်ကာ တစ်ညလုံး နှပ်ထားရန် ​ရေခဲ​သေတ္တာထဲတွင် ထည့်ထားရသည်။ ထန်​ချောင်း​ချောင်းက နူးညံ့ပြီး အရသာရှိ​သော သူမ၏ ကိုယ်ပိုင်ကြက်များကို အသုံးပြုထားသည်။


တစ်နေ့လုံး အရသာနှပ်ပြီးသွား​သောအခါ ငရုတ်​ကောင်းနှင့် ဆားအရသာက ကြက်သားထဲသို့ စိမ့်ဝင်သွားသည်။ သူမက ၎င်းကို ​​သေချာ​ဆေး​ကြောပြီး ကြက်သွန်မြိတ်နှင့် ဂျင်းတို့ ပြုတ်ထား​သော ​ရေဆူဆူတွင် ထည့်ပြီး​နောက် အပူချိန်နိမ့်နိမ့်ဖြင့် ချက်ပြုတ်ရသည်၊ ထို့​နောက် သူမက ​ရေခဲ​ရေဖြင့် နှစ်ကြိမ်​ဆေး​လိုက်သည်။ ၎င်းက ကြက်သားကို တင်းတင်းရင်းရင်း ဖြစ်သွား​စေပြီး ခပ်ကြွပ်ကြွပ် ဖြစ်သွား​စေသည်။


ယစ်ထုပ်ကြက်သားဟု ​ခေါ်ခြင်း​ကြောင့် ၎င်းက သဘာဝကျကျပင် ဝိုင်ကို အသုံးပြုရန် လို​ပေသည်။ ထန်​​ချောင်း​ချောင်းက အ​ကောင်းဆုံး​သော ဟွာ​ထောင် ဝိုင်ကို သုံးကာ ကြက်တစ်​ကောင်လုံးကို ဝိုင်ထဲတွင် ဆယ့်နှစ်နာရီမျှ စိမ်ထားခဲ့သည်။


ဟွာ​ထောင်ဝိုင်ထဲတွင် စိမ်ထား​​သော ကြက်သားက လှပ​သော ​ရွှေ​ရောင်ရှိ​နေသည်။ အပိုင်း​လေးများ ခွဲလိုက်ပြီး ပန်းကန်​ပေါ်​နေရာချကာ လှီးထား​သော ကြက်သွန်စိမ်းများ ဖြူးလိုက်သည်နှင့် စားရန် အသင့်ဖြစ်​ပေပြီ။


မဒမ်ရှန်း ပထမဆုံးနှိုက်​သော ဟင်းပွဲမှာ ငရုတ်​ကောင်းပါ​​သည့် ယစ်ထုပ်ကြက်သားဖြစ်သည်။ သူမက ကြက်သားတစ်တုံးကို ​ကောက်ယူလိုက်ပြီး ဝိုင်၏ ကြွယ်ဝ​သော ရနံ့​လေးကိုပါ အနံ့ခံနိုင်​ပေသည်။ ကြက်အ​ရေခွံက ကြွပ်ရွ​သော်လည်း အထဲတွင် ပြည့်ဖြိုးကာ နူးညံ့ပြီး အဆီများသည်။ ဟွာ​ထောင်ဝိုင်၏ အနံ့အရသာက လုံးဝ စုပ်ယူခံလိုက်ရဟန်ပင်။ သူမ၏လျှာက ဆွဲ​ဆောင်ခံလိုက်ရပြီး လတ်ဆတ်ပြီး နူးညံ့​သော ငရုတ်​ကောင်းကဲ​နေသည့် အသားရည်က သူမလျှာ​ပေါ်ရှိ အဖု​လေးများကို ရုတ်တရက် နိုးထသွားရ​စေသည်။


"စား​ကောင်းလိုက်တာ" မဒမ်ရှန်းက အခြားအပိုင်းကို ယူရန် မ​စောင့်နိုင်​တော့​ပေ။


ရှန်းယွဲ့က မဒမ်ရှန်း ​အလွန်ပျော်ရွှင်စွာ စား​​သောက်​နေသည်ကို ​တွေ့လိုက်ပြီး​နောက် သူ့တူများကို မြန်မြန် လှုပ်ရှား​တော့သည်။ ထန်​ချောင်း​ချောင်းက အိမ်တွင် ထိုဟင်းကို ချက်ရန် တစ်​နေ့လုံး သုံးခဲ့ရပြီး မပြီးခင်တွင် သူ့ကို မြည်းစမ်းခွင့် မပြုခဲ့​ပေ။ ကြက်သားက သူ့စားချင်စိတ်ကို နှိုး​ဆော်​နေခဲ့ပြီး ယခုတွင်မူ သူစားရ​တော့မည် ဖြစ်သည်။


ထန်​ချောင်း​ချောင်းက ခြ​​ေင်္သ့​ခေါင်း အသားလုံးများဖြင့် စစားခဲ့သည်။ ဝက်သားအပြင် သူမက ​မြေစာဥ အတုံး​​လေးများ၊ မျှစ် အတုံး​လေးများကိုလည်း ထည့်ခဲ့​သေးသည်။ ​ခြေ​ေင်္သ့​ခေါင်း အသားလုံးက မကြီးမား​ပေ။ ဝက်သားကို သလဲသီး​စေ့အရွယ်သာ လှီးထားသည်ကြောင့် သိသိသာသာပင် အ​စေ့အဆန်များ ဝါး​ရသည့် အရသာ ရှိ​ပေသည်။ ​မြေစာဥနှင့် မျှစ်တို့က ကိုက်လိုက်သည့်အချိန်တွင် ကြွပ်ရွကာ စား​ကောင်းပြီး အတူတကွ စားလိုက်ပါက အလွန်အမင်း အရသာ ရှိသွား​စေသည်။


မဒမ်ရှန်းက ရာသီစာ အသီးအရွက်များ ပါသည့် ​ဆေးဘဲဥစွပ်ပြုတ်ကို တစ်ဇွန်းအပြည့် ခပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ​ပြောလိုက်သည်။ "အရင်တစ်​ခေါက်က မင်းလုပ်​ပေးတဲ့ ဘဲဥဆားနယ်က အရသာရှိ​ပေမယ့် ​ဆေးဘဲဥပါ လုပ်လာမယ်လို့ မထင်ထားဘူး"


ဥတစ်ခုလုံးက ခရမ်းညို​ရောင် ဖြစ်ပြီး ထင်းရှုးကိုင်းပုံ သလင်း​ကျောက်ပုံစံ​လေးဖြင့် ဖုံးထားသည်။ လှပ​သော အနုပညာလက်ရာ​လေးပင်။


​ဆေးဘဲဥကို ​အအေးစာများကို အလှဆင်၍လည်း​​ကောင်း အသီးအရွက်များဖြင့် ​ကြော်၍လည်း​ကောင်း စားသုံးနိုင်သည်။ ဒီတစ်ကြိမ်တွင် ထန်​ချောင်း​ချောင်းက လတ်ဆတ်​သော ရာသီစာ အသီးအရွက်များဖြင့် စွပ်ပြုတ်လုပ်ထားသည်။ အသီးအရွက်သက်သက် စွပ်ပြုတ်က ငြီး​ငွေ့ဖွယ်​ကောင်း​သော်လည်း ဥထည့်လိုက်​​သောအခါ ပြိုင်ဘက်ကင်း အရသာ ဖြစ်လာပြီး လူအများကို စားချင်စိတ်​ပေါ်လာ​စေသည်။


မဒမ်ရှန်းကဲ့သို့ ညအချိန်တွင် အစာနည်းနည်းသာ စားတတ်သူပင် ထမင်းနှစ်ပန်းကန် စားကုန်သွားသည်။ ​နောက်ဆုံးတွင် သူမက ထန်ချောင်း​ချောင်းကို ​ခေါ်ကာ အ​စော​ခြေရန် ခြံဝင်းထဲတွင် လမ်းပတ်​လျှောက်လိုက်ရသည်။


ထိုအိမ်တွင် မဒမ်ရှန်းနှင့် အ​စေခံတစ်စုသာ ​နေ​လေ့ရှိသည်။ ရှန်းအုပ်စု၏ ရုံးချုပ်က ချန်အန်းရိပ်သာလမ်းတွင် တည်ရှိသည်။ ရှန်းယွဲ့၏ အကြီးဆုံးအစ်ကိုနှင့် မရီးတို့သည်လည်း အနီးအနားတွင်သာ ​နေထိုင်ကြပြီး မဒမ်ရှန်းဆီသို့ အချိန်နှင့်အမျှ လာလည်​လေ့ရှိသည်။


Xxxxx