အခန်း(၂၀၄)
- လုံးဝ မယှဥ်နိုင်ခြင်း
ရှစ်ချင်းလျို့
အိမ်ပြန်ရောက်သည့်အချိန်မှာ ရှောင်ဟန်ကျန့်က အိမ်ပြန်ရောက်နှင့်နေပြီဖြစ်သည်။
သူက သူမ
ရေချိုးဖို့အတွက် လူတစ်ယောက်ဖြင့် ရေနွေးတည်ခိုင်းထားကာ အဝတ်အစားတွေလည်း ပြင်ခိုင်းထားပြီးပြီဖြစ်သည်။
ရှစ်ချင်းလျို့က
ဇိမ်ကျကျ ရေသွားချိုးခဲ့သည်။
ရေချိုးပေးပြီးနောက်
ရှောင်ဟန်ကျန့်က သူမ ဆံပင်ကိုခြောက်အောင်သုတ်ပေးခဲ့သည်။ ရှစ်ချင်းလျို့က ခေါင်းလှည့်ပြီး
ပိုပိုပြီးချောလှလာသည့် ရှောင်ဟန်ကျန့်ရဲ့ မျက်နှာကို လှည့်ကြည့်ခဲ့သည်။
သူမအတွက်တော့
သူမအတွက် မျက်စိအဖမ်းစားဆုံးလူဖြစ်သည်။
ရှောင်ဟန်ကျန့်က
ပြုံးကာ မေးခဲ့သည်။ "ဘာလို့ ဒီလိုကြည့်နေတာလဲ။"
သူ့ဇနီးက
သူ့ကို မျက်လုံးတောက်တောက်တွေဖြင့် ကြည့်နေတာကို သူသဘောကျသည်။
ရှစ်ချင်းလျို့က
သဘောထားကြီးစွာ ပြောခဲ့သည်။ "ကျန့်ကော သိပ်ချောလှလာလို့ ကြည့်တာပေါ့။"
ရှောင်ဟန်ကျန့်က
သူမကို လက်မောင်းထဲဆွဲဖက်ပြီး သူမရဲ့နား နားကပ်ကာ ပြုံးပြီး တီးတိုးလေး ပြောခဲ့သည်။
"သိပ်လှတဲ့မိန်းမကို လက်ထပ်ခဲ့တာကြောင့် ကိုယ်လည်း ပိုချောလှလာတာ နေမှာပေါ့။"
ရှစ်ချင်းလျို့က
သူ့လည်ပင်းကို ဖက်တွယ်ပြီး သူ့နှုတ်ခမ်းကို ထိကပ်ရုံ နမ်းလိုက်သည်။
"ဒီလိုလေး
ကြားရတာ သဘောကျတယ်။"
သူမ ခင်ပွန်းရဲ့
နှုတ်ခမ်းက နူးညံ့အိထွေးနေကာ အရသာရှိလှသည်။
ရှောင်ဟန်ကျန့်ရဲ့
မျက်လုံးက မည်းမှောင်သွားခဲ့သည်။ "ကိုယ်လည်း မင်းကို ဆုချမယ်။"
ထို့နောက်
သူက ခေါင်းငုံ့ချပြီး သူမရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်။
သူ့ဇနီးလေးရဲ့
နှုတ်ခမ်းက နူးညံ့ကာ အရသာရှိသည်။
ရှစ်ချင်းလျို့ရဲ့
မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။
သူမ ကမ္ဘာထဲကိုဝင်ဖို့
သူမ ခင်ပွန်းက အခွင့်အရေးယူလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။
သို့ပေမယ့်
မကြာခင်မှာလဲ သူမ ဘာမှမတွေးနိုင်တော့အောင် သူမ ခင်ပွန်းရဲ့ အနမ်းအောက်မှာ နစ်မြှုပ်သွားခဲ့သည်။
ခဏနေတော့
သူတို့နှစ်ယောက်က လူချင်းခွာလိုက်သည်။
ရှစ်ချင်းလျို့ရဲ့
မျက်နှာက နီရဲနေခဲ့သည်။ သူမက ခေါင်းကို ရှောင်ဟန်ကျန့်ရဲ့ ရင်ခွင်ထဲ မြှုပ်လိုက်ပြီး
ခါးကို ဆိတ်လိုက်သည်။ "လူဆိုးကောင်။"
ရှောင်ဟန်ကျန့်က
သူမကို ပွေ့ဖက်ပြီး ရယ်ခဲ့သည်။ "ဒါဆို ကြိုက်လား။"
ရှစ်ချင်းလျို့က သက်ပြင်းချခဲ့သည်။
ဒီလူက
တော်တော် ပရောပရည်လုပ်တတ်တာပဲ။
သူမက
ခေါင်းမော့ကာ သူ့ကို စိုက်ကြည့်ခဲ့သည်။ "ဒါပေါ့၊ ကြိုက်တယ်။"
သူက သူမရဲ့
နှုတ်ခမ်းကို ခပ်ဖွဖွလေး နမ်းလိုက်သည်။ "မဆိုးလှပါဘူး။"
ရှောင်ဟန်ကျန့်က
ခေါင်းငုံ့ပြီး သူမကို နမ်းခဲ့သည်။ "ဒါပဲလား၊ အရသာရှိမယ်လို့ထင်တယ်နော်။"
အကယ်၍
သူ့ရဲ့ စိတ်ထိန်းချုပ်နိုင်စွမ်းကြောင့်သာ မဟုတ်ပါက အခုဆိုရင် သူ့ကိုယ်သူ ထိန်းချုပ်လို့ရတော့မည်
မဟုတ်ပေ။
သူ့ဇနီးက
သူ့ကို တကယ် စနောက်နေတာ ဖြစ်သည်။
ရှစ်ချင်းလျို့က
သူ့ကို ထပ်ကြည့်ခဲ့သည်။ "အမှန်တိုင်း ပြောပြီး အမြဲ စိတ်အနှောင့်အယှက်ပေးတာပဲ။"
သူမရဲ့
မျက်နှာလေးက အလွန်ချစ်ဖို့ကောင်းသည်ဟု ရှောင်ဟန်ကျန့်က ခံစားရကာ သူမရဲ့ နှုတ်ခမ်းကို
နမ်းလိုက်သည်။ "မတတ်နိုင်ဘူး။ ကိုယ်က အမှန်အတိုင်း ပြောရတာပဲ ကြိုက်တယ်။"
ရှစ်ချင်းလျို့က
တခစ်ခစ်ရယ်ခဲ့သည်။ "အမှန်အတိုင်းပြောတာ ကောင်းပါတယ်၊ နောက်လည်း အမှန်အတိုင်း များများပြောပေး။"
ရှောင်ဟန်ကျန့်ရဲ့
မျက်လုံးက အပြုံးတွေဖြင့် ပြည့်နေခဲ့သည်။ "ကောင်းပြီ။"
ရှစ်ချင်းလျို့က
ရှောင်ဟန်ကျန့်ရဲ့ ပွေ့ဖက်မှုထဲ တိုးဝင်ခဲ့သည်။ "ဟုတ်သား၊ ဒီနေ့ ဒုတိယမင်းသားနဲ့
တွေ့ခဲ့တယ်၊ သူက ကျွန်မကို လှည့်စားဖို့ လုပ်ခဲ့သေးတယ်။"
သူမက
ဒီနေ့ ဘယ်လိုတွေကြုံတွေ့ခဲ့ရလည်းဆိုတာ သူမ ခင်ပွန်းကို ပြန်လည်ပြောပြခဲ့သည်။
ရှောင်ဟန်ကျန့်ရဲ့
မျက်လုံးက အေးစက်သွားခဲ့သည်။ "မင်းကယ်တာခံချင်လို့ သူက ဒဏ်ရာရချင်ယောင်ဆောင်ခဲ့တာလား။"
"ဟုတ်တယ်
ဒါပေမဲ့ ကျွန်မက သူနဲ့ ဝေးဝေးနေပြီး သူ့ကိုတောင် အကြိမ်အနည်းငယ် စိတ်အနှောင့်အယှက်ပေးခဲ့သေးတယ်။"
ရှစ်ချင်းလျို့က
လှောင်ပြောင်ခဲ့သည်။ "ကျွန်မမှာ ယောက်ျားရှိပြီးသားလေ၊ ဘာလို့
သူ့လို လူစိမ်းကို ကယ်ရမှာလဲ၊ မင်းသားတစ်ယောက်ဖြစ်တာနဲ့ ဘာလုပ်ရမှာလဲ။"
ရှီရုံရဲ့စကားကြားပြီးနောက်
ဒုတိယမင်းသားက သူ့အလှကို အသုံးချကာ သူမကို ဆွဲဆောင်ဖို့ လုပ်ခဲ့တာကို သိလိုက်လေသည်။
အကယ်၍
ဒုတိယမင်းသားသာ သူမကို လှည့်စားပြီး သူမရဲ့ ခင်ပွန်းကို သစ္စာဖောက်အောင် လုပ်ဖို့ဆိုရင်တော့
ဒီကိစ္စကို သူမေ့ပစ်ရလိမ့်မည်။
ရှောင်ဟန်ကျန့်က
ရှစ်ချင်းလျို့ကို တင်းတင်းဖက်လိုက်သည်။
သူ့ဇနီးလေးက
ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။
ဒုတိယမင်းသားက
အဆင့်အတန်းမြင့်သူ ဖြစ်သည်။
သူက ရုပ်ရည်ချောမောပြီး
လူတွေကို ဆွဲဆောင်နည်းကို သိသည်။
သူက မင်းစိုးရာဇာမိသားစုက
အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သူ အရင်ဘဝက ကြားခဲ့ဖူးသည်။
သူက ပြုံးကာ
ချီးကျူးခဲ့သည်။ "တစ်ချက်ကြည့်ရုံနဲ့ သူ့အကြံအစည်တွေကို မြင်နိုင်တဲ့အထိ ကိုယ့်မိန်းမက
သိပ်တော်တာပဲ။"
ရှစ်ချင်းလျို့က
ဂုဏ်ယူစွာ ခေါင်းမော့ခဲ့သည်။ "ဟုတ်တယ် ရှင့်မိန်းမက သိပ်မျက်စိလျင်တာ။"
သူမက
တခစ်ခစ်ရယ်ခဲ့သည်။ "ဒီမှာ မင်းသားရှိနေရင်တောင် ကျွန်မက ရှင့်ကို ကျန့်ကောလို့ခေါ်တာ
ပြောင်းမှာ မဟုတ်ဘူး။"
ရှောင်ဟန်ကျန့်က
ရှစ်ချင်းလျို့ရဲ့ မျက်နှာကို ပွတ်သပ်ခဲ့သည်။ "ကျေးဇူးတင်ပါတယ် မိန်းမ၊ မင်းက
အကောင်းဆုံးပဲ။"
ကြည့်ရတာ
ကောင်းကင်ဘုံက သူ့အပေါ်ကို အများကြီး အလိုလိုက်နေသေးပုံရသည်။
သူ့ကို
နောက်တစ်ခါ ပြန်စတင်ခွင့်ပေးရုံသာမက ဒီလို ဇနီးမျိုးကိုပါ တွေ့ဆုံခွင့်ပေးခဲ့သေးသည်။
ရှစ်ချင်းလျို့က
ဆက်လက်ကာ ပြက်ရယ်ပြုခဲ့သည်။ "ဒုတိယမင်းသားက မကောင်းတဲ့လူလို့ ရှီရုံက ပြောတယ်၊
အသွင်အပြင်ကနေ ခန့်မှန်းလို့ မရဘူး။"
ဒုတိယမင်းသား
ကြည့်လိုက်သည့်အခါ နူးညံ့ သိမ်မွေ့သည့် အသွင်ကို ရစေသည်။
ရှီရုံသာ
မပြောခဲ့ပါက သူက မကောင်းသည့်လူမှန်း သူမ သိမည် မဟုတ်ပေ။
သူ့ဇနီးလေး
ဒုတိယမင်းသားရဲ့ ရုပ်ရည်ဖြင့် ဆွဲဆောင်ခံလိုက်ရမှာစိုးတော့ ရှောင်ဟန်ကျန့်က အမြန်ပြောလိုက်သည်။
"သူက
ဟန်ဆောင်နေတာ၊ သူက တကယ့်ကို မကောင်းတြ့လူ၊ သူက တတိယမင်းသားရဲ့ ကြင်ယာတော်နဲ့ ကြိတ်ပုန်းခုတ်နေပြီး
သူ့အတွက်ဆို သိုသိုသိပ်သိပ်လေး အများကြီး လုပ်ပေးခဲ့တယ်၊ အနာဂတ်မှာ တတိယမင်းသားရဲ့
ကြင်ယာတော်က တတိယမင်းသားက ကုန်သည်တွေနဲ့ ပူးပေါင်းကြံစည်ပြီး မြို့တော်မှာ ဆားရောင်းတဲ့သက်သေကိုယူပြီး
ဒုတိယမင်းသားကို ပေးလိမ့်မယ်။"
ရှစ်ချင်းလျို့က
ကြက်သေသေသွားခဲ့သည်။ "အာ…၊ တော်တော်ရက်စက်တာပဲ။"
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "တတိယမင်းသားရဲ့ ကြင်ယာတော်က နန်းတော်ကို မဝင်ခင်ကတည်းက
ဒုတိယမင်းသားကို ကြိုက်ခဲ့တာလေ၊ ဒါပေမဲ့ ဒုတိယမင်းသားမှာက ပထမကြင်ယာတော် ရှိပြီးသား ဖြစ်နေတယ်၊ ဒါကြောင့် သူ့မိသားစုနောက်ခံနဲ့ ဒုတိယမင်းသားရဲ့
ဒုတိယကြင်ယာတော် မဖြစ်နိုင်ဘူး၊ တတိယမင်းသားကကျတော့ သူ့ကို သိပ်သဘောကျတာ၊ သူ့ကို ဘုရင်ကြီးဆီကနေ
တတိယမင်းသားက ကိုယ်တိုင်တောင်းခဲ့တာ၊ ဒါပေမဲ့ သူက အတင်းလက်ထပ်ပေးခံရတယ်လို့ ယုံကြည်နေတာ၊
တတိယမင်းသားရဲ့ အချစ်တွေကို လျစ်လျူရှုခဲ့တယ်၊ တတိယမင်းသားက နောက်ထပ် ကိုယ်လုပ်တော်ယူတာမျိုးတောင်
မရှိခဲ့ပေမယ့် သူကတော့ ဒုတိယမင်းသားကိုပဲ တမ်းတနေခဲ့တာ၊ သူက တတိယမင်းသားရဲ့ ကြင်ယာတော်ဆိုတဲ့အာဏာကို
သုံးပြီး ဒုတိယမင်းသားကို သဘောကျနေတဲ့ အမျိုးသမီးတွေကို ရှင်းထုတ်ခဲ့တယ်၊ ဒါကြောင့်
သူက သူ့မိသားစုရဲ့ အကျိုးအမြတ်နဲ့ ဒုတိယမင်းသားရဲ့ အကျိုးအမြတ်အတွက် ပူးပေါင်းခဲ့တယ်၊
ဥပဒေနဲ့ အမိန့်ကို အတင်းအကြပ်ပြုတဲ့အတွက်ကြောင့် တတိယမင်းသားက ဘုရင်ကြီးရဲ့ အပြစ်ပေးတာကို
ခံခဲ့ရတယ်၊ ဒါပေမဲ့ မပြီးသေးဘူး၊ အဲ့မိန်းမက တတိယမင်းသားက ရန်သူ့နိုင်ငံက
သူလျှိုတွေနဲ့ လျှို့ဝှက်ဆက်သွယ်နေပါတယ်ဆိုပြီး လုပ်ကြံပြောခဲ့တယ်၊ တတိယမင်းသားကို
သူကိုယ်တိုင်ပဲ ဖော်ထုတ်ခဲ့တာ၊ တတိယမင်းသားရဲ့ ဂုဏ်သတင်းက အပြင်းအထန် ထိခိုက်သွားပြီး
ဘုရင်ကြီးက သူ့ကို တော်ဝင်ဂူသင်္ချိုင်းစောင့်ဖို့ ပို့ပစ်လိုက်တော့တာပဲ။"
ရှစ်ချင်းလျို့က
ဆွံ့အနေခဲ့သည်။ "သူ့ကြင်ယာတော်က ဦးနှောက်မရှိဘူးပဲ၊ တကယ့် အဆိပ်အတောက်ပဲ။"
သူမက
မေးခဲ့သည်။ "သူလည်း ကောင်းကောင်း အဆုံးသတ်မသွားဘူးမလား။"
ဘုရင်ကြီးက
သူ့သားတော်ကို သဘောမကျရင်တောင် ထပ်မံ ကြံစည်ခံရဖို့ ခွင့်ပြုမည် မဟုတ်ပေ။
သူမက
ဒီကိစ္စတွေရဲ့ အဓိက သော့ချက် ဖြစ်သည်။
သူမက
ဘုရင်ကြီးရဲ့ သားတော်နှစ်ယောက်ကြားမှာ ခလောက်ဆန်ခဲ့ပြီး တစ်ယောက်ကိုလည်း အန္တရာယ်ပြုခဲ့သေးသည်။
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "သူ့ကိုလည်း ဘုရင်ကြီးက တတိယမင်းသားနဲ့အတူ တော်ဝင်ဂူသင်္ချိုင်းကို
စောင့်ဖို့ လိုက်သွားခိုင်းခဲ့တယ်၊ အဲ့နောက်ပိုင်း သူ့မိသားစုရဲ့
တရားမဝင်လာဘ်စားမှုပေါ်သွားပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်၊ ဒါပေမဲ့ သူတို့ မမှားခဲ့ဘူး၊
သူတို့က မကောင်းတာ လုပ်ခဲ့တာ၊ တတိယမင်းသားရဲ့ ကြင်ယာတော်ရဲ့ အဖေနဲ့ အစ်ကို နှစ်ယောက်က
သူ့ကို သိပ်အလိုက်ခဲ့တာ၊ သူက သူများကို အန္တရာယ်ပြုခဲ့တာတောင် အနောက်က အရှုပ်ကို လိုက်ရှင်းပေးခဲ့တယ်။"
ရှစ်ချင်းလျို့က
တောက်ခတ်လိုက်သည်။ "ဒါဟာ ကလေးကို အလိုလိုက်လွန်းလို့ဖြစ်ရတာ၊ ဒါပေမဲ့ တတိယမင်းသားရဲ့
အကြိုက်က နည်းနည်း ထူးဆန်းမနေဘူးလား။"
သူက ထိုသို့သော
အမျိုးသမီးကိုမှ ကြိုက်ခဲ့သည်။
ရှောင်ဟန်ကျန့်က
ရယ်ခဲ့သည်။ "တတိယမင်းသားက အရှင်မင်းကြီးရဲ့
ကြင်ယာတော်တွေထဲက တစ်ယောက်ရဲ့ သားလေ၊ သူက ငယ်ငယ်ကတည်းက အလိုလိုက်မခံခဲ့ရဘူး၊
မိန်းမစိုးနဲ့ နန်းတွင်းက အမျိုးသမီးတွေရဲ့ အနိုင်ကျင့်မှုကို မကြာခဏ ခံခဲ့ရတယ်၊ တတိယမင်းသားက
ကြင်ယာတော်ယူမယ့်သတင်းလည်းကြားကော အဲ့အမျိုးသမီးက တတိယမင်းသားကို
နွေးထွေးပြခဲ့တော့ တတိယမင်းသားက ထောင်ချောက်ထဲ ကျသွားခဲ့တာ။"
နွေးထွေးမှုဟူသည့်အရာကြောင့်
ဘဝကြီး အန္တရာယ်ပြုခံခဲ့ရလေသည်။
ထိုအရာက
စစ်မှန်သည့် နွေးထွေးမှု ဟုတ် မဟုတ်ကို သူသေချာမြင်ခဲ့ရသေးသည်။
ထိုဇာတ်ကြောင်းကို
တီဗီဇာတ်လမ်းတွဲတစ်ပုဒ် ဖန်တီးလို့ ရကြောင်း ရှစ်ချင်းလျို့က တွေးလိုက်လေသည်။
သူမက
မေးလိုက်သည်။ "တတိယမင်းသားရဲ့ ကြင်ယာတော်က ငယ်ငယ်ကတည်းက နန်းတော်ဝင်ခွင့်ရဖို့
ဘယ်လို လုပ်ခဲ့တာလဲ။"
ရှောင်ဟန်ကျန့်က
ပြန်ဖြေခဲ့သည်။ "သူ့အဒေါ်က ကိုယ်လုပ်တော်လေ၊ သူ့အဒေါ်က ကလေးမရှိဘူး၊ သူ တတိယမင်းသားနဲ့
လက်ထပ်ပြီးနောက် သူ့မိသားစုက တတိယမင်းသားကို ထောက်ခံပေးခဲ့ပေမယ့် သူက ဒုတိယမင်းသားဘက်
ပါသွားမယ်လို့ မထင်မိခဲ့ဘူးလေ။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။ "သိပြီ။"
ထို့နောက်
သူမက ပြောခဲ့သည်။ "တတိယမင်းသားက သူ့ကို သိပ်သဘောကျနေတော့ သူ့နွေးထွေးပေးမှုတွေက
သူ့အပေါ် ရောင်ခြည်လိုဖြာကျနေတာမလား။"
ရှောင်ဟန်ကျန့်က
ခပ်ဖွဖွရယ်ကာ ပြောခဲ့သည်။ "သူ့မိသားစုကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါပေမယ့် သူ့ကြင်ယာတော်ကိုတော့
တကယ်သဘောကျခဲ့တာပါ၊ မဟုတ်ရင် သူအချစ်ရဆုံးလူဆီက သစ္စာဖောက်ပြီး ကြံစည်ခံရမှာ မဟုတ်ဘူးလေ။"
အကယ်၍
သူမကိုသာ တကယ် သဘောမကျခဲ့ပါက သူမကို သတိမထားဘဲ နေပါ့မလား။
သူ ဒါကို
ကောင်းကောင်း နားလည်သည်။
ဘာပဲဖြစ်ဖြစ်
ဒီအကြောင်းတွေ သူဇနီးကို အကုန်ပြောပြနေတာဟာလည်း သူမကို ချစ်လို့ ဖြစ်သည်။
သူ့ဇနီးကတော့
တတိယမင်းသားရဲ့ ကြင်ယာတော်နှင့် လုံးဝ ကွဲပြားသည်။
သူတို့က
နှိုင်းယှဥ်လို့ မရပေ။
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ရက်အနည်းငယ်ကြာလို့ ပွဲကြည့်ပြီးရင် ရှာ့ရှီရွာကို
ပြန်ရအောင်၊ ကျွန်မတို့ ဒီမင်းသားတွေ ကြင်ယာတော်တွေဆီကနေ တတ်နိုင်သမျှ ဝေးဝေးနေရအောင်။"
ရှောင်ဟန်ကျန့်က
သဘောတူခဲ့သည်။ "ကောင်းပြီ။"
မကြာခင်က
မင်းသားအများစုက သဘောကောင်းချင်ယောင်ဆောင်ကာ လာရောနေကြတာကို သူစိတ်ပျက်လှပြီဖြစ်သည်။